Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဦးရွှေမန်း၏ ဝန်ထမ်းလစာတိုးရေး အဆို ဘဏ္ဍာရေးဝန်ကြီး ငြင်း

Wai PhyoeFebruary 17, 20121min71711

ချင်းမိုင် (မဇ္ဈိမ) ။       ။ နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးရန် သူရဦးရွှေမန်း၏ အဆိုကို ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်း က ငြင်းဆိုလိုက်ပြီး ဝေးလံခေါင်သီသည့် ဒေသများမှ ဝန်ထမ်းသုံးသောင်းကျော်ကိုသာ ဒေသတွင်း အသုံးစရိတ်
နှုန်းထားများ တိုးမြှင့်ပေးရန်ရှိသည်ဟု လွှတ်တော်တက် အမတ်များက ပြောသည်။

“ဝန်ကြီးကတော့ ပေးရမယ့်လူဆိုတော့ ငြင်းတာပေါ့ဗျာ။ သူက တခုပဲ ပြောတယ်ဗျ ဝေးလံသီခေါင်သော ဒေသများတွင် သွားရောက်လုပ်ကိုင်နေသော ဝန်ထမ်းများကိုတော့ ဒီနှစ်ထဲမှာ ရှိတယ်ပေါ့။ ဒီ ဦးရွှေမန်းတင်ပြတဲ့ ဝန်ထမ်းအားလုံး လစာတိုးဖို့ကိစ္စကတော့ ၂ဝ၁၃-၂ဝ၁၄ ကျမှပဲ စဉ်းစားပါရစေဆိုပြီး ပြောတယ်” ဟု လသာမြို့နယ်မှ
အောက်လွှတ်တော် အမတ် ဦးကြည်မြင့်က မဇ္ဈိမကို ပြောသည်။

ယခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးရန် ဖေဖေါ်ဝါရီလ ရ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင်
အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက  အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်မှ အတည်ပြုခဲ့ပြီးနောက် ကြာသပတေးနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးက တုန့်ပြန် ငြင်းဆိုလိုက်ခြင်း
ဖြစ်သည်။

လွှတ်တော်လုပ်ထုံးလုပ်နည်းအရ ဦးရွှေမန်း၏ အဆိုသည် ယခုကဲ့သို့ ဝန်ကြီး၏ ငြင်းဆိုမှုကြောင့် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် သို့မဟုတ် အဆိုရှင်မှ ပြန်လည်ရုပ်သိမ်းရန်သာ ရှိသည်ဟုလည်း ဦးကြည်မြင့်က
ပြောသည်။

ထို့အပြင် မဲခွဲဆုံးဖြတ်ပါက ဤအဆို အောင်မြင်နိုင်သည်ဟုလည်း “တောင်းတဲ့လူကတော့ မပိုင်ဘဲနဲ့ ဘယ်တောင်းမလဲ ဗျ။ နောက် ဒီဟာက ဖြစ်လည်း ဖြစ်သင့်တဲ့ဟာလေ။ ထောက်ခံမယ့်လူ များနိုင်တယ်။ ဖြစ်လာနိုင်တယ်” ဟု ဦးကြည်မြင့် က မဇ္ဈိမကို ပြောသည်။

သူရဦးရွှေမန်း၏ အဆိုတွင် “ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာနှင့်အညီ နေထိုင် စားသောက်နိုင်ဖို့နှင့် သန့်ရှင်းသော အစိုးရ၊
ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာဖို့နှင့် နိုင်ငံသားများ၊ ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့် ဘတ်ဂျတ် နှစ်အစတွင် မဖြစ်မနေ တိုးမြှင်‌့ပေးရေး” ဟု ပါရှိသည်။

ဦးရွှေမန်းက သူ၏ အဆိုတွင် နိုင်ငံဝန်ထမ်းများ လစာရရှိမှုနည်းပါးခြင်းကြောင့် အကျင့်ပျက် ခြစားမှုများ ဖြစ်ပေါ်နေ သည်ကို “ဝန်ထမ်းများကလည်း လုပ်ခ၊ လစာနည်းတာကို အကြောင်းပြုပြီး လက်ဖက်ရည်ဖိုး၊ အလှူငွေ၊ စာရွက် စာတမ်းကြေးများ တောင်းယူခြင်းနှင့် အခြား မလျော်ကန်သော  လာဘ်ပေးလာဘ်ယူ ဆန်သည့် ပြုမူဆောင်ရွက်
ခြင်းများကို နေရာအနှံ့ ဌာနအများစုလိုလိုပင် တခုမဟုတ်တခု ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတာကို  ဝမ်းနည်းစွာ ကြားသိနေရပါတယ်” ဟုလည်း ထည့်သွင်းပြောသွားသည်။

ဝန်ထမ်းများ လစာတိုးမြှင့်ပေးရေးနှင့် ပတ်သက်၍ ၂ဝ၁ဝ ခုနှစ် မတ်လ ၁၁ ရက်နေ့ အောက်လွှတ်တော် အစည်းအဝေးတွင်လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးမှုများအတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းကပင် “ဝန်ထမ်းလစာနှင့် အငြိမ်းစားလစာ တိုးမြှင့် ဆောင်ရွက်လိုသည့်အခါတိုင်း ငွေကြေး ဖေါင်းပွမှုနှုန်း၊
နိုင်ငံအတွင်း လှည့်ပတ် သုံးစွဲငွေ ပမာဏ၊ ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး စသည်တို့ကို ထည့်သွင်း တွက်ချက်ရပြီး ထိုအချက်များကို သုံးသပ်ကာ သင့်လျော်သော အချိန်တွင် ဆောင်ရွက်ပေးမည်” ဖြစ်ကြောင်းသာ
ပြောကြားသွားသည်။

ထိုနေ့ လွှတ်တော်ဆွေးနွေးပွဲတွင်လည်း လဲချားမြို့နယ် မဲဆန္ဒနယ်မှ စိုင်းမောင်တင်က ဝန်ထမ်းများ လာဘ်ပေးလာဘ် ယူမှုများ ရှိနေမှုအပေါ် ထောက်ပြပြောဆိုသွားပြီး ထိုပြဿနာများကို မည်သို့ ဖြေရှင်းရန်ရှိကြောင်းကိုလည်း ဝန်ကြီး ဦးလှထွန်းကို မေးမြန်းခဲ့သည်။

ဦးလှထွန်းက လာဘ်ပေးလာတ်ယူ ကိစ္စများ ဖြေရှင်းပေးနိုင်ရေးအတွက် လစာတိုးပေးသည့် နည်းလမ်းတခုတည်းဖြင့် လုံလောက်မည်မဟုတ်ဘဲ ဝန်ထမ်းများကို ပညာပေးခြင်း၊ အရေးယူခြင်းနှင့် ပြည်သူများမှ အသိပေးတိုင်ကြားနိုင်ရန် ဌာနများ သတ်မှတ်၍ အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည်ဟု ဖြေကြားသွားသည်။

ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍လည်း ယခုလ ရ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင် သူရဦးရွှေမန်းက “အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်သလို အူမတောင့်ပြီး သီလမစောင့်လျှင်တော့ သူ့တာဝန်ပဲဖြစ်ပြီး သူတို့တရားကို သူတို့စီရင်မှာဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။

နိုင်ငံ့ဝန်ထမ်းလစာများကို ၁၉၈၈ ခုနှစ်နောက်ပိုင်း ၁၉၈၉၊ ၁၉၉၃၊ ၂ဝဝဝ၊ ၂ဝဝ၆၊ ၂ဝ၁ဝ ခုနှစ်တို့တွင် အကြိမ်ကြိမ် တိုးမြှင့်ပေးခဲ့ပြီး ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ လစာတိုးမြှင့်မှု အမိန့်ကြော်ငြာစာအမှတ် (၁၈၄/၂ဝဝ၉) အရ အစိုးရဝန်ထမ်းအသီးသီးကို ကျပ် ၂ဝ,ဝဝဝ စီ တိုးမြှင့်ပေးခဲ့သည်။ အဆိုပါ လစာတိုးမြှင့်မှုမတိုင်ခင် ဝန်ထမ်းတဦး၏ လစာမှာ အနည်းဆုံး ၂ဝ,ဝဝဝ ကျပ်ဖြစ်သည်။

ယင်းအပြင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ၏ လစာကိုလည်း ၂၀၁၁ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့တွင် တိုးမြှင့်ပေးခဲ့သည်။ အဆိုပါ ကြေညာချက်အရ ဝန်ထမ်းများ အငြိမ်းစား ယူခဲ့သော နောက်ဆုံးရာထူး လစာအတိုင်း ရရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံရေး ပင်စင်စားများ၏ လစာမှာ ၁၁ဝ,ဝဝဝ ထက်ပိုနေပါက ၂၀,၀၀ဝ ထပ်မံမတိုးမြှင့်ဘဲ လက်ရှိအတိုင်း သာ ခံစားသွားရန် သတ်မှတ်ထားသည်။

11 comments

  • Thel Nu Aye

    February 17, 2012 at 1:46 pm

    အဲလိုဆိုရင်အခုတက်သွားတဲ့ကုန်ဈေးနှုန်းကိုဘယ်သူပြန်ချပေးမှာတုံး။ ပြောတော့လွယ်လိုက်ကြတာ။ တိုးရင်ကောင်းမယ်။ တိုးရင်မကောင်းဘူး။ စကားနပန်းများမှတ်နေကြလားမသိဘူး။

  • kanjosan

    February 17, 2012 at 2:33 pm

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်ကမူ ” ကျွန်တော်တို့က ပြည်သူ့ကိုယ်စားလှယ်။ ပြည်သူကိုကြည့်ရမှာပဲ။ ခုရနေတဲ့လစာနဲ့ကုန်ဈေးနှုန်းနဲ့က လုံးဝကိုသဘာဝမကျဘူး။ သဘာဝကျအောင် ပြုပြင်ပေးကြရမှာပဲ ” ဟု ပြောကြားသည်။

    ထို့ပြင် ၎င်းကလက်ရှိ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ရခြင်းမှာ အခွန်ကြပ်မတ် ကောက်ခံမှုအားနည်း၍ဖြစ်ကြောင်း၊ လက်ရှိအခွန်ဆောင်နေသည့် စာရင်းကု
    ိကြည့်ပါက အလယ်အလတ်ကုမ္ပဏီများမှ ပေးဆောင်သည့် အခွန်ငွေမှာများပြားပြီး ထူးကဲ့သို့ ကုမ္ပဏီကြီးများ၏
    အခွန်ငွေပေးဆောင်မှုမှာ ၎င်းတို့လုပ်ကိုင်နေသည့် လုပ်ငန်းများနှင့်နှိုင်းယှဉ်ပါက များစွာနည်းပါကြောင်း ပြောကြားသည်။

  • Wow

    February 17, 2012 at 3:26 pm

    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း တင်သွင်းသော နိုင်ငံ့ဝန်ထမ်းလစာများ လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစ၍ တိုးမြှင့်ပေးရေးအဆိုကို သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုအစိုးရက ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံထောင်ချီပြနိုင်ခြင်း၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် လက်မခံဘဲ ပယ်ချလိုက်ကြောင်း သိရှိရသည်။
    http://burma.irrawaddy.org/archives/6216

    ကျမတစ်ဦးတစ်ယောက်ထဲရဲ့အယူအဆကတော့ လခတိုးခြင်းဟာ၊ ဘတ်ဂျက်လိုငွေအတွက် ငွေစက္ကူသစ်ထုတ်ခြင်းတွေဟာ လူပြိန်းသာသာနည်းလမ်းတွေပါ။ ဝန်ထမ်းတွေလစာတိုးတိုင်း ငွေကြေးတွေသာဖောင်းပွ၊ ကုန်ဈေးနှုန်းကြီးလာတာသာရှိပြီး ဝန်ထမ်းတွေ အထူးတိုးပြီး ပြေလည်လာတာ မတွေ့ရပါ။

    ဒီလိုကိစ္စတွေကို စီးပွားရေးပညာရှင်များ၊ ကမ္ဘာ့ဘဏ်တို့ရဲ့ အကြံဉာဏ်နဲ့ အကောင်းဆုံးဖြေရှင်းချိန်တန်ပါပြီ။

  • ဆူး

    February 17, 2012 at 3:30 pm

    ကမာ္ဘရွှေဈေး မတက်ပဲ မြန်မာရွှေဈေး တက်တာ ဝန်ထမ်း လစာ တိုးတော့မှာ မိုလို့တဲ့..

    • windtalker

      February 17, 2012 at 8:42 pm

      ရွှေဈေးက ၈သိန်းထိ ရောက်မှာတဲ့ ။ ဆိုတော့က ဝယ်သာထားရော

  • kai

    February 17, 2012 at 3:35 pm

    လွှတ်တော်အဆိုကို.. အစိုးရကက်ဘိနက်ကငြင်းတာတော့ တမျိုးကြီးပဲ..။
    လွှတ်တော်က..(ပိုက်ဆံ)ထုတ်ပေးရမှာ(ဘက်ဂျက်ကိုင်ရမှာ)ကို.. အစိုးရကဘယ်လိုလုပ်ငြင်းသလည်းမသိ…
    ဗီတို သုံးလိုက်တာလား…။

    ဘဏ်ငွေကြေးစံနစ်ကြီးတွေကရော.. ဘယ်နေရာမှာရှိနေသလည်း သိချင်သား…။

  • Wow

    February 17, 2012 at 3:58 pm

    ပည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင် တင်သွင်းသည့် ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ကာ နိုင်ငံ့ဝန်ထမ်း လစာများ မဖြစ်မနေ တိုးမြှင့်ပေးရေး အဆိုကို သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စု အစိုးရက လက်မခံဘဲ ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

    ပြည်ထောင်စု အစိုးရသည် ပြည်တွင်း၌ ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ ထောင်ချီနိုင်ခြင်း၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း စသည့် အကြောင်းပြချက်များဖြင့် ဝန်ထမ်းလစာတိုးမြှင့်ရေး အဆိုကို ပယ်ချလိုက်ခြင်း ဖြစ်သည်။

    သူရ ဦးရွှေမန်း၏ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေးအဆိုအား ဖေဖော်ဝါရီ ရ ရက်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်အမတ်များအားလုံး တညီတညွတ်တည်း ထောက်ခံခဲ့ကြပြီး ၁၉၅၉ – ၁၉၆ဝ ခုနှစ်က နိုင်ငံ့ဝန်ထမ်းများ ရရှိသည့် လစာစရိတ်အတိုင်း ခံစားနိုင်ရန် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု အစိုးရကို တိုက်တွန်းခဲ့သည်။

    သို့ရာတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ပြည်သူ့လွှတ်တော်၏ တောင်းဆိုမှု အပေါ် သမ္မတ ဦးသိန်းစိန်ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက တုံ့ပြန်ရှင်းလင်းခဲ့ပြီး လာမည့် ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းလစာတိုးရန် မဖြစ်နိုင်ကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင်သာ ပြင်ဆင်လုပ်ဆောင်၍ ရနိုင်မည်ဖြစ်ကြောင်း ပြောဆို ငြင်းပယ်လိုက်သည်။

    “၁၉၅၉ – ၁၉၆ဝ ခုနှစ်က နိုင်ငံ့ဝန်ထမ်း လစာ တန်ဖိုးအတိုင်းရရှိအောင် တွက်ချက်ပေးရမယ်ဆိုရင် အဲဒီတုန်းက စပါးဈေးက တင်းတရာကို ၃၅ဝ ကျပ်၊ ဆန်တပြည် ၈၈ ပြား၊ ရွှေတကျပ်သားမှ ၂၇၂ ကျပ်ပဲ ရှိတယ်။ အဲဒီအချိန်က အနိမ့်ဆုံး မြို့ပြဝန်ထမ်း တဦးရဲ့ လစာက ၈၂ ကျပ်။ အဲဒီလစာနဲ့ ရွှေ ဝ. ၃ ကျပ်သား ဝယ်ယူနိုင်ပါတယ်။ ဒီနေ့ရွှေပေါက်ဈေးအရ ရွှေ ဝ. ၃ ကျပ်သား
    ဝယ်ဖို့ဆိုရင် ကျပ် ၂၁၀၀၀ဝ ကုန်ကျမှာဖြစ်လို့ အနိမ့်ဆုံး ဝန်ထမ်းလစာကို ကျပ် ၂၁၀၀၀ဝ အထိ ထားပေးဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၂၆၃ ခန့်ဖြစ်ပါတယ်” ဟု ဝန်ကြီးဦးလှထွန်းက ရှင်းပြသည်။

    လာမည့် ၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံ့ဝန်ထမ်းလစာ စုစုပေါင်း ကျပ် ၉၁၈. ၃၈၅ ဘီလီယံသုံးစွဲမည် ဖြစ်သော်လည်း ၁၉၅၉-၁၉၆ဝ ခုနှစ် တန်ဖိုးနှင့်အညီ လစာတိုးလျှင် ဘတ်ဂျက်ငွေလိုငွေပြမှု ကျပ်ဘီလီယံ ထောင်ချီ ဖြစ်ပေါ်မည်ဟု ၎င်းက ဆိုသည်။

    ၁၉၅၉ -၆ဝ ခုနှစ်တန်ဖိုးနှင့်အညီ လစာတိုးပေးမည်ဆိုပါက အနိမ့်ဆုံး မြို့ပြဝန်ထမ်းတဦး လစာ ကျပ် ၈၂၀၀ဝ မှ အမြင့်ဆုံး ကျပ် ၁၆ သိန်းအထိတိုးပေးရမည်ဖြစ်ကြောင်း၊ ထိုသို့တိုးပေးလိုက်ပါက နိုင်ငံ့ဝန်ထမ်းလစာနှင့်စရိတ် စုစုပေါင်း ကုန်ကျငွေ ကျပ် ၃၃၀၉. ၂၈၆ ဘီလီယံသုံးစွဲရမည် ဖြစ်သောကြောင့် လက်ရှိသုံးစွဲနေသော ကျပ် ၉၁၈.၃၈၅ ဘီလီယံထက် ၂၉၉၇.၉၀၁ ဘီလီယံ ပိုမိုကုန်ကျမည်ဖြစ်ကြောင်း၊ အငြိမ်းစား ဝန်ထမ်းလစာများပါ ထပ်မံတိုးရမည် ဖြစ်သောကြောင့် စုစုပေါင်း ၁၉၂၅.၂၈၂ ဘီလီယံ သုံးစွဲရမည် ဖြစ်ရာ လက်ရှိ သုံးစွဲနေသည့် ၃၃၅.၄၁၅ ဘီလီယံထက် ကျပ် ၁၅၈၉.၈၆ရ ဘီလီယံ ပိုကုန်ကျမည် ဖြစ်ကြောင်း၊ ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသည့် ဒေသများမှ အစိုးရဝန်ထမ်းများအတွက် လစာထပ်ဆောင်း ပေးရလျှင် ကျပ် ၁၂၉.၆၆၁ ဘီလီယံ ကုန်ကျမည် ဖြစ်သောကြောင့် ၁၀၇. ဝရ ဘီလီယံ ပိုမိုကုန်ကျဖြစ်ကြောင်း၊ ထို့ကြောင့် ဘတ်ဂျတ် လိုငွေပြမှု စုစုပေါင်း ကျပ် ၆၆၁၂.၇၂၈ ဘီလီယံ ဖြစ်လာမည်ဖြစ်ကြောင်း ဦးလှထွန်းက ရှင်းပြသည်။

    လက်ရှိလစာ နှုန်းထား၏ ၁၀ဝ ရာခိုင်နှုန်း လစာတိုးမြှင့်လျှင် ဘတ်ဂျက်လိုငွေပြမှု ကျပ်ဘီလီယံ ၃၇၈၇. ၂၂ရ ရှိမည်ဖြစ်၍ ၅ဝ ရာခိုင်နှုန်းသာ ဝန်ထမ်းလစာ တိုးမြှင့်ပေးလျှင် အစိုးရဘတ်ဂျက် လိုငွေပြမှု ၃၁၅၂. ၅၁၈ ဘီလီယံ ရှိမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်သည်။

    “လက်ရှိလစာရဲ့ ၁၀ဝ ရာခိုင်နှုန်း တွက်ချက်တိုးပေးရင် အနိမ့်ဆုံးလစာက ကျပ် ၇၀၀၀ဝ နဲ့ အမြင့်ဆုံးလစာက ၄၂၀၀၀ဝ ဖြစ်မယ်။ ဘတ်ဂျက်လိုငွေပြမှုက ကျပ် ၃၇၈၇.၂၂ရ ဘီလီယံဖြစ်ပြီး လိုငွေနဲ့ GDP အချိုးက ၇.၃ရ ရာခိုင်နှုန်း ဖြစ်မယ်။လစာရဲ့ ၅ဝ ရာခိုင်နှုန်းကို တွက်ချက်တိုးမြှင့်မယ် ဆိုရင် အနိမ့်ဆုံး ကျပ် ၅၂၅၀၀၊ အမြင့်ဆုံးလစာက ကျပ် ၃၁၅၀၀ဝ ဖြစ်မယ်။ လက်ရှိလစာထက် ၅ဝ ရာခိုင်နှုန်းပဲတိုးပေးမယ်ဆိုရင် ဘတ်ဂျက်လိုငွေပြမှုက ကျပ် ၃၁၅၂. ၅၈၁ ဘီလီယံဖြစ်တဲ့အတွက် လိုငွေနဲ့ GDP အချိုးက ၆.၁၄ ရာခိုင်နှုန်းဖြစ်ပါမယ်” ဟု ဦးလှထွန်းက ဆိုသည်။

    အစိုးရဝန်ထမ်းလစာ တိုးမြှင့်ပေးရာတွင် ပြည်ပမှ ငွေချေးယူ၍ တိုးပေးပါက ကြွေးမြီစရိတ် ထပ်မံ မြင့်တက်လာမည် ဖြစ်ပြီး ငွေစက္ကူ ရိုက်နှိပ်သုံးစွဲပါကလည်း ငွေကြေးဖောင်းပွမှုဖြစ်ကာ ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် တိုင်းပြည် စီးပွားရေး မတည်မငြိမ် ဖြစ်ကာ အခြေခံ လူတန်းစားများ ထိခိုက်နိုင်ကြောင်း ၎င်းက ပြောသည်။

    မြန်မာနိုင်ငံအနေနှင့် ပြည်ပနိုင်ငံများသို့ ပေးဆပ်ရန် ကြွေးမြီမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၂၃.၂၉၈ ရှိပြီး ယင်းအကြွေး အများစုမှာ ၁၉၈၈ ခုနှစ်မတိုင်မီက ချေးငွေများ ဖြစ်ကြောင်း၊ ယခုအခါ အစိုးရသစ်က အကြွေးကိစ္စနှင့် ပတ်သက်ပြီး ကြွေးရှင်များ ဖြစ်သည့် ဂျပန်နှင့် အီတလီနိုင်ငံများအား စတင်ညှိနှိုင်းနေပြီဖြစ်ကြောင်း သိရသည်။

    ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန်၊ ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ရန်နှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် ရင်းနှီးမြုပ်နှံနေရခြင်း တို့ကြောင့် လာမည့်နှစ်တွင်
    ဝန်ထမ်းလစာတိုးရန် လုံးဝ မဖြစ်နိုင်ကြောင်း၊ ဝန်ထမ်းလစာ တိုးမြှင့်ရေးအတွက် ပြည်တွင်းပြည်ပ ပညာရှင်များ ပါဝင်သော အဖွဲ့ ဖွဲ့စည်းကာ နည်းလမ်းများ ရှာရမည်ဖြစ်သည့်အပြင် ကြိုတင် ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းလစာ တိုးရန်ကိစ္စကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ကျမှသာ စတင်လုပ်ဆောင်သင့်ကြောင်း ဦးလှထွန်းက လွှတ်တော် ကိုယ်စားလှယ် များကို ရှင်းလင်းပြောဆိုသည်။

    အစိုးရ အဆက်ဆက်သည် ၁၉၄၈ ခုနှစ်မှ ယနေ့အထိ အစိုးရဝန်ထမ်းလစာ တိုးမြှင့်မှု ၉ ကြိမ် ပြုလုပ်ပေးခဲ့ပြီး ၁၉၇၂ ခုနှစ် အောက်တိုဘာလ၊ ၁၉၇၆ ခုနှစ် ဇူလိုင်လ၊ ၁၉၈၁ ခုနှစ် ဧပြီလ ၁ ရက်၊ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၁ ရက်၊ ၁၉၈၉ ခုနှစ် ဧပြီလ ၁ ရက်၊ ၁၉၉၃ ခုနှစ် ဧပြီလ ၁ ရက်၊ ၂၀၀ဝ ပြည့်နှစ် ဧပြီလ ၁ ရက်၊ ၂၀၀၆ ခုနှစ် ဧပြီလ ၁ ရက်နေ့၊ ၂၀၁ဝ ဧပြီလ ၁ ရက်နေ့ တို့တွင် ဝန်ထမ်းလစာ တိုးမြှင့်မှုများ ပြုလုပ်ခဲ့သည်ဟု အစိုးရ၏ တရားဝင် သတင်း ထုတ်ပြန်ချက်များအရ သိရသည်။

    http://burma.irrawaddy.org/archives/6238

  • သူရဦးရွှေမန်း၏ အဆိုတွင် “ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာနှင့်အညီ နေထိုင်
    စားသောက်နိုင်ဖို့နှင့် သန့်ရှင်းသော အစိုးရ၊ကောင်းမွန်သော အုပ်ချုပ်ရေး
    အမှန်တကယ် ဖြစ်လာဖို့နှင့် နိုင်ငံသားများ၊ ဝန်ထမ်းများ၏
    လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့် ဘတ်ဂျတ် နှစ်အစတွင်
    မဖြစ်မနေ တိုးမြှင်‌့ပေးရေး” ဟု ပါရှိသည်။
    ဒီနေရာမှာ ဝန်ထမ်းတွေရဲ ့အရည်အချင်းကိုတိုးဖို ့ကိစ္စမပါတာရင်နာပါတယ်။
    ဥပမာ-ကျောင်းဆရာတွေ၊ဆရာဝန်တွေ၊အင်ဂျင်နီယာတွေရဲ ့လျော့တိလျော့ရဲ
    အရည်အချင်းတွေကြောင့် ဆုံးရှုံးမှုတွေမနည်းတော့ဘူး။

  • mahar zaw

    February 17, 2012 at 7:48 pm

    လစာတိုးပေးတာလည်းကောင်းပါတယ် ဒါပေမယ် ့အခြေခံစားသောက်ကုန် ကိုအရင်
    ထိမ်းရမယ်ထင်တယ်။ လစာက ၁ဆတိုး ကုန်ဈေးနှုန်းက ၁ဝဆတိုးဆိုရင်လည်း
    ငွေကြေးဖောင်းပွပြီး ငွေတန်ဖိုးကျလာတာပဲအဖတ်တင်မယ်

  • unclegyi1974

    February 17, 2012 at 10:08 pm

    ဝန်ထမ်းတွေလစာတိုးပေးဖို့ကိုထောက်ခံပါတယ်
    ဒါပေသိအခုပြောအခုလုပ်လို့ရတဲ့အလုပ်မဟုတ်တာလည်းသေချာပါတယ်
    ဘာပြောပြောအချိန်တခုယူပြီးမှလုပ်လို့ဖြစ်မှာပါ
    ဝန်ထမ်းတွေဘက်ကလည်းကျွမ်းကျင်မှုအားထုတ်လုပ်ဆောင်မှုတွေလိုလာပါပြိီ
    လစာသာတိုးတယ်လုပ်ဆောင်ချက်တွေကဘာမှမထူးဖူးဆိုရင်လည်း….

  • the best

    February 17, 2012 at 11:04 pm

    ကမာ္ဘရွှေဈေး မတက်ပဲ မြန်မာရွှေဈေး တက်တာဟာ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးမတည်ငြိမ်မှုများ
    ဖြစ်ပေါ်လာနိုင်တာကြောင့် သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုအစိုးရက ဖြေရှင်းနိုင်မှသာ နိုင်ငံအတွက်
    နစ်နာ ဆုံးရှုံးမှု မကြုံတွေ့ နိုင် ပါ ။
    နောက်ဆက်တွဲ ပြဿနာကိုအများပြည်သူ ခံစားနေရလို့ပါ

Leave a Reply