Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပဒုမ္မာဆေးခဲ့သော အိမ်သာများ(၁)

padonmarFebruary 20, 20121min201844

ကိုဘလက်က အလုပ်ပေးထားတာ အိမ်သာတက်ရင်း သေသွားရတဲ့အကြောင်း ဖြေပေးဖို့။

ကျွန်မက အဲဒါလေး အကြွေးထားပြီး အိမ်သာ version တစ်ခုရေးချင်ပါတယ်။

တီချာနုက ကိုသစ်ရဲ့ post တစ်ခု မှာ မန့်တဲ့အထဲ

(ဒီစာရေးထားတာကြာတော့ နည်းနည်း အလှမ်းဝေးသွားပါတယ်)

အင်မတန်ပြည့်စုံတဲ့ လေဆိပ်ကအိမ်သာမှာတောင်

ဆိုတာလေးရေးသွားတော့ မကြာခင်ကရောက်ခဲ့တဲ့ လေဆိပ်အိမ်သာလေးသတိရမိပါတယ်။

ကျွန်မတူမလေး ပြန်လာတာကို သွားကြိုရင်း

အချိန်ကလည်းစောသေး၊ရာသီဥတုကလည်းအေးတော့

ဝိတ်လျှော့ဖို့ လေဆိပ်အိမ်သာကိုသွားမိပါတယ်။

(ဒီနေရာမှာကြုံလို့ ကိုပေါက်စကားလိုကြွယ်ပြရရင်

ကျွန်မက စားသောက်ဆိုင်အသစ်တစ်ခုခုသွားရရင်ဖြစ်စေ၊

မရောက်ဖူးတဲ့နေရာကို အကဲခပ်ချင်ရင်ဖြစ်စေ အိမ်သာကို သွားကြည့်လေ့ရှိပါတယ်။

ရှေ့မှာဘယ်လို ပန်းအိုးတွေ အလှပြထားပါစေ

အိမ်သာ သန့်သန့်လေးမှမရှိတဲ့ နေရာကို အထင်မကြီးချင်ပါဘူး။

( ဒီလိုရေးပြလို့ ကျွန်မကို အိမ်လည်ခေါ်ဖို့တော့ မတွန့်ကြနဲ့နော်၊မကြည့်စေချင်ရင် မကြည့်ပါဘူး):D

အိမ်သာက ကျွန်မစိတ်ထင် ၆ ခန်းလောက်ရှိမယ်။

အမျိုးသမီးတွေကလည်း စောင့်နေကြတာ အပြည့်ပါပဲ။

နိုင်ငံခြားသူတွေတောင်ပါသေး။

လူတွေက အလယ်က ၂ခန်းလောက်မှာပဲ တစ်ယောက်ပြီးတစ်ယောက် ဝင်နေကြတယ်၊

အဝက အိမ်သာနှစ်ခန်းက ပိတ်နေတာ တော်တော်နဲ့ လူထွက်မလာဘူး၊

ကျွန်မက အဲဒီ အခန်းရှေ့မှာ လူရှင်းတယ်ဆိုပြီး queue လုပ်နေတာ၊

၁ဝ မိနစ်လောက်ကြာတော့ လူရှိတာမှ ဟုတ်ရဲ့လားဆိုပြီး တံခါးခေါက်ကြည့်တယ်၊

အသံမကြားရဘူး

၊ဒါနဲ့လူရှိကြောင်းပြတဲ့ ခလုပ်အဝိုင်းလေး အနီမှာပြနေတာကို

အသာလေးလှည့်ပြီး ဖြည်းဖြည်းတွန်းကြည့်လိုက်တော့ အထဲမှာဘယ်သူမှ မရှိဘူး၊

အထဲတွန်းဝင်လိုက်တော့ အိမ်သာက squatting type

ဆောင့်ကြောင့်ထိုင်ရတဲ့ပုံစံ အိမ်သာခွက်ထဲလည်း

ကန်တော့ပါရဲ့ မစင်တွေပြည့်လို့၊တော်ပါသေးရဲ့

၊ခြေနင်းခုံတွေပေါ်မှာ မပေပေလို့ပဲ၊

ဒါနဲ့ ကျွန်မလည်း ကိုယ့်ကိစ္စ ကိုယ်ရှင်းပြီး ရေပန်းခလုပ်ကိုဆက်တိုက်နှိပ်ရင်း

အိမ်သာဆေးတဲ့ လုပ်ငန်းစရပါတော့တယ်။

ဒီအိမ်သာက လူထိုင်တဲ့နောက်မှာ sensor နဲ့ ရေ ဆွဲချတဲ့ပုံစံပါ။

တစ်ကြိမ်မှာ သူ့ သတ်မှတ်ထားတဲ့ ပုံမှန်အတိုင်းသာ ရေထွက်ကျတော့

ဒီအတိုင်းနဲ့ ရှိနေတဲ့ အညစ်အကြေးတွေက ကုန်မှာမဟုတ်ဘူး

၊ရေပန်းသုံးပြီးတော့သာ ဆေးရမှာပဲဆိုပြီး ဆေးကျောင်းသူ လုပ်ရပါတော့တယ်။

(ဒီနေရာမှာ စကားအတင်းစပ်ရရင်တော့ အခုဆိုရင် လေဆိပ်ဆိုတာ

ဟိုအရင်ကလို အထက်တန်းလွှာတွေသာ ကျင်လည်နိုင်တဲ့နေရာ မဟုတ်တော့ပါဘူး

၊ရွာက ဘဘတို့ ကြီးကြီးတို့ ဒွေးလေးတို့လည်း

မလေး၊စင်္ကာပူ၊ယူအေအီး အလုပ်သွားလုပ်တဲ့

တူ၊တူမ၊မြေး၊မြစ်တွေ ကြိုရင်းပို့ရင်း ဝင်ထွက်နိုင်တဲ့နေရာဖြစ်နေပါပြီ

ဆိုတော့ အများဆိုင်နေရာတွေမှာ မြန်မာလိုအသုံးပြုနည်း

အညွှန်းစာလေးတွေလည်း ချိတ်ကပ်ပေးသင့်တယ်လို့ မြင်ပါတယ်)

အိမ်သာကလည်းတော်တော်ကြာဆေးရပါတယ်

။ဆေးရင်းဆေးရင်းနဲ့ အတွေးအာရုံထဲ အတိတ်က ကျွန်မဆေးခဲ့ဖူးတဲ့ အိမ်သာတွေ အကြောင်း ဝင်လာပါတယ်။

44 comments

  • koaung

    February 20, 2012 at 5:33 am

    တကယ်ကိုတိုးတက်ဆဲနဲ့တိုးတက်နေတဲ့နိုင်ငံတွေမှာ လည်းပတ်သက်တဲ့အဆောက်အဦးတိုင်းမှာ ရှိတဲ့အိမ်သာများဟာအမြဲသန့်ပြန့်နေလေ့
    ရှိပါတယ် အိမ်တအိမ်ရဲ့သန့်ရှင်းမှုဟာအဲဒီရဲ့အိမ်သာကိုကြည့်တာနဲ့အိမ်ရှင်ရဲ့စိတ်နေစိတ်ထားနဲ့ ပြုမူနေထိုင်ပုံကို လေ့လာခန့်မှန်းလို့
    ရပါတယ် ဟုတ်ပါတယ် ဆရာမပဒုံမာသတိပေးသလိုပဲ သတိပေးစာကဒေါ့ကပ်သင့်ပါတယ်
    ဥပမာလေးတခုမြင်မိတာလေးရေးပါရစေ
    ယောက်ကျားလေးအပေါ့သွားတနေရာမှာ အရှေ့ခြေတလှမ်းတိုးခြင်းဖြင့်သန့်ရှင်းမှုကိုကူညီပါ တဲ့ စာဖတ်မိတိုင်းလဲလိုက်နာမိတယ်

    • Foreign Resident

      February 20, 2012 at 6:21 am

      ဟားဟားဟား
      ကိုအောင် ရေ
      ယောက်ကျားလေးတွေကို
      ရှေ့တစ်လှမ်းတိုးပြီး ဆီးသွား ခိုင်းတဲ့ စာသား ရဲ့ရှေ့မှာ ၊
      ” သင်ထင်ထားတာထက် ပို တို ပါသဖြင့် ”
      ( It is shorter than you think )
      ဆိုတဲ့ စာသားလေးလည်း ပါသေးတယ်လေ ။
      ဟားဟားဟား

      • koaung

        February 20, 2012 at 2:24 pm

        ကိုယ့်ဆရာရေတိကျလွန်းလှပါတယ်ဗျာ (လေးစားလျှက်) :mrgreen:

      • koaung

        February 20, 2012 at 4:38 pm

        ဪ ဆရာသူကြီးကပိုတိကျပါလားနော် 😀

      • ဆူး

        February 20, 2012 at 4:41 pm

        အမှန် ပြောတာ အဲဒီ စာတမ်းမျိုးတွေ မြင်ဖူးတယ်။ ဘာကို ဆိုလိုမှန်း ကို မသိခဲ့တာ.. အီဒီယမ် တခုခု ဖြစ်နေမယ်လို့ ထင်ထားခဲ့တာပါ။

  • Khin Latt

    February 20, 2012 at 6:12 am

    အစ်မရေ –
    အစ်မ စိတ်ဓာတ်ကိုတော့ လေးစားပြီးရင်းလေးစားရင်း ပါဘဲ။
    စိတ်နှလုံး ဖြူစင်တာ ကိုလဲ အစ်မ ဓာတ်ပုံ ကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။
    ကျွန်မ သာဆို ဒီအတိုင်း ထားခဲ့မလားဘဲ။ 😛
    အခုတော့ ရှေ့မှာ မော်ဒယ် လုပ်သူ ရှိခဲ့ပြီမို့ ကျွန်မ လဲ အမြင်မတော် ရင် ရှင်းပေးတတ်တဲ့ စိတ်ကောင်းမွေးကြည့် လိုက်ပါဦးမယ်။
    နောက်လာမဲ့ အိမ်သာ တိုက်ပွဲ များကိုလဲ စောင့်စားနေပါတယ်။

    ပြောရရင်တော့ ….
    တာဝန် ရှိသူများ တာဝန်ကို မကျေပြွန်မှု
    ထုံးစံအတိုင်း Supply နဲ့ Demand မမျှ မှု
    ပြည်သူများ ဗဟုသုတ နဲ မှု
    …… တို့ နဲ့ ဘဲ လုံးခြာလည် ရင်း …… 🙁

    PS – အစ်မ ပုံကို မြင်ယောင်မိပြီး မရီရက်ရီရက် နဲ့ ရီမိသွားပါသေးတယ်။(ခွေးလွှတ်ပါ) 😀

    • Thel Nu Aye

      February 20, 2012 at 2:51 pm

      ဟီဟိ။ ဟုတ်ပါ့အရီးလတ်ရေ။ ကျွန်မဆိုရင်တော့မဝင်တော့ပဲအပေါက်ကနေပြန် လှည့်မှာအသေချာပဲမို့ အန်တီပဒုံမာ့ပိုစ့်ဖတ်ပြီးရှက်မိပါကြောင်း။ နောင်ဆိုရင်တော့အန်တီပဒုံမာ လိုလုပ်နိုင်အောင်ကြိုးစားကြည့်ပါ့မယ်။ လမ်းပြပေးတဲ့အတွက်ကျေးဇူးပါ။

  • water-melon

    February 20, 2012 at 7:55 am

    ဦးဦးကြာရှင့်
    ဦးကြာရဲ့ စိတ်ဓာတ်ကို ဖရဲလေးစားသွားပါတယ်
    နိုင်ငံကြီးသားပီသတဲ့စိတ်ဓာတ်ဗျ
    အိမ်တစ်အိမ် ဆိုင်တစ်ဆိုင်မှာ ဘယ်လောက်သားနားသားနား အိမ်သာကြီးက စုတ်ပြတ်သတ်နေရင် အလွန်ကြည့်ရဆိုးပါတယ်။နိုင်ငံခြားသားတွေဝင်ထွက်နေတဲ့ဆိုင်တွေဆို အိမ်သာတွေကို စပါယ်ရှယ်ဆောက်သင့်ပါကြောင်း။
    ဦးကြာ အိမ်အလည်လာရင် ဖုန်းဆက်လိုက်နော့၊ အိမ်သာကြိုဆေးချိန်ရအောင်လို့ 😆

  • မမPadonmar ရေ…..
    ဘယ်နေရာမျိုးမှာမဆို၊ဘယ်အိမ်မှာမဆို အိမ်သာတွေရဲ ့ညစ်ပတ်မှုတွေက စိတ်ပျက်စရာပါ။
    ဒါတွေကို ကြည့်ရင် မသတီစရာပေါ့။ဒါပေမယ့် မမက ခုလိုမျိုး သန် ့ရှင်းအောင်လုပ်ပေးနိုင်ခဲ့တဲ့
    စိတ်ဓာတ်မျိုးက လေးစားအားကျစရာပါဗျာ။

  • K@oru

    February 20, 2012 at 8:29 am

    အားပေးသွားပါတယ်
    အန်ကယ်လ်ဒုံ (ဝါ) ဦးကြာ

    ဇဂါးအတင်းစပ်
    သများနဲ့ …မိတ်ချက်ပေးမယ်မလား ဟင်င်င်…
    ကနွန်းကြီး လွယ်ထားတဲ့ မြန်မာဆန်ဆန် …ညီလေး ချောချောလေးဒွေနဲ့လေ…

    😀

  • kyeemite

    February 20, 2012 at 9:10 am

    ဦးပုဒုံမာရေ..လေးစားပါတယ်ချင်..ဒါပေသိ တခုတွေးမိတာက..သန့်ရှင်းရေးဝန်ထမ်းရှိမယ်မှတ်တယ်
    အလုပ်တာဝန်မကျေတာဖြစ်ရမယ်..နိုင်ငံခြားကအိမ်သာတွေတောင် သန့်ရှင်ရေးဝန်ထမ်းထားပါတယ်..

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 20, 2012 at 9:15 am

    အိမ်သာဆိုတာလူတကာရဲ့ဝန်ကိုလျှော့ချပေးတဲ့နေရာဖြစ်တဲ့ အတွက် ကြာကြာတို့ဒီထက်ပိုရုပ်ရည်ကပိုလှမှာ
    ပါ။ မြန်မာ့လေဆိပ်ကအိမ်သာပြင်ဖို့နဲ့ဆေးဖို့ဘယ်အချိန်ရပါ့မလဲ ကိုသန်းထွဋ်ကြီးရိုက်လာတဲ့ သံတွဲက Photoမှာဆိုရင် အဲယားဘတ်စ်ကြီး သံတွဲလေဆိပ်ကို ကတ္တီပါနဲ့လမ်းခင်းထားတယ်မှတ်ပြီး ဝမ်းလျားမှောက်ဆင်းလို့ ဂုဏ်ပြုပွဲလုပ်နေကြရတာကိုး။ ကြာကြာတို့လဲသတိတော့ထားဗျ ဒီခေတ်ကြီးမှာ
    ကိုယ်ကစေတနာအမှန်နဲ့လုပ်ပေမယ့်တစ်ချို့တွေက ဝေဒနာထင်တတ်ကြတာများတယ်။
    တော်ကြာ ဒေါ်ကြာကြီးဟိုးတစ်နေ့က ကုသိုလ်ဖြစ်လုပ်ငန်းလုပ်သွားတာကျုပ်ဖြင့်အလုပ်ကိုပြုတ်ရော ဒီ့ထက်ပို
    ရုပ်ဆိုးပါစေဆိုပြီး သန့်ရှင်းရေးဝန်ထမ်းတွေကဆုတောင်းနေပါ့မယ်။ အန်တီကြာတို့ရဲ့စိတ်ဓါတ်ကိုတော့ အပြတ် လေးစားတယ်ဗျာ မြန်မာတစ်နိုင်ငံလုံးကအများသုံးတဲ့အိမ်သာတွေက ဝန်လျှော့ဖို့မဟုတ်ပဲ ဝန်ပိုလေး
    အောင်လုပ်ပေးနေတယ်လို့ကျွန်တော်လဲခံစားရတယ်ဗျ တစ်ခါတစ်လေများ မအောင့်နိုင်လို့အများသုံးအိမ်သာ
    သွားမိရင်သုံးလေးရက်တော့ ဝမ်းချုပ်သွားတယ်။ ညစ်ပတ်လွန်းတာပြောပါတယ်။ ကျွန်တော်တို့လည်း အန်တီကြာ့ကိုအတုယူပြီးနောက်အမြင်မတော်ရင် ဆေးနိုင်အောင်လို့ကြိုးစားပါမယ်ဗျာ ။ ဒါပေမယ့်တော်
    ကြာ ကျွန်တော်တို့ရွာသားတွေကိုစုပြီးမြန်မာနိုင်ငံအရပ်ရပ်က အများသုံးသန့်စင်ခန်းမှသန့်ရှင်းရေးပါမန့်နန့်
    ခန့်ရင် နိုင်ငံတော်ဘတ်ဂျတ်ကြီးသိပ်ထိခိုက်နေမှာစိုးလို့ တော်သေးပြီဗျ။
    လေးစားလျက်
    ရှမ်းပြည်သား(တောင်ပိုင်း)

  • htoosan

    February 20, 2012 at 9:18 am

    ကြံဖန်ကျေးဇူးတင်ရရင်တော့ နိုင်ငံခြားသား တိုးရစ်များကြောင့် မြန်မာ့ အိမ်သာများ အဆင့် အနည်းငယ်တိုးတက် လာတယ်လို့ ပြောရမှာပါဘဲ အန်တီရေ။
    ကျွန်တော်လဲ ခရီးသွားရင် ဘယ်ဆိုင်က အိမ်သာ သန့်တယ် ဆိုပြီး မှတ်ထားပြီး အဲ့ဒီ့ဆိုင်မှာသာ စားလေ့ရှိပါတယ် ။ လက်ရာ ညံ့ရင်တောင် သည်းခံနိုင်ပေမဲ့ အိမ်သာ မသန့် ရင် အတတ်နိုင်ဆုံးရှောင်ပါတယ် ။
    ဆေးပေးခဲ့တယ်ဆိုတာတော့ အလွန့် အလွန်ကို လေးစားပါတယ် ။ ကိုယ့်ဟာသာ ကိုယ်ပြောင်အောင် ပြန်ဆေးခဲ့ပေမဲ့ သူများဟာ ဆေးလောက်အောင်တော့ မတွေး မလုပ်ခဲ့ဘူး ပါ ။
    အရီးလတ်က နိုင်ငံခြားနေတာဆိုတော့ ဒါမျိုးတွေ့ ဖို့ အလွန်ခဲယဉ်းမှာပါ ..
    တစ်ဘက် ကပြန်ကြည့်တော့လည်း ဘိုထိုင်ပေါ်မှာတောင် မထိုင်တတ်သေးတဲ့ (-င်ချ မထိုင်ဘဲ ဆောင့်ကြောင့် တက်ထိုင်ကြတဲ့ ) ကျွန်တော်တို့ရဲ့ အခြေအနေ ။ ဘယ်ခလုပ် ကို နိုပ် (သို့) ဆွဲချ ပေးရမယ်ဆိုတာတောင် မသိနိုင်သေးတဲ့ အခြေအနေမှာ လုပ်ချင်ရင်တောင် မလုပ်တတ် ကြတာရယ် နဂို ညစ်ပါတ်တတ်တဲ့ အခံပါတာရယ် နဲ့ ပေါင်းလိုက်တော့ …..

  • Lwin Aung

    February 20, 2012 at 9:54 am

    All should do like you. Actually, people must clean my waste things myself.
    If not, it violates the others human right.

  • မိုက်ကယ်ဂျော်နီငပွ

    February 20, 2012 at 10:17 am

    ဝင်ဖောလ်းဦးမှ 😀
    ဘာဘဲဖြစ်ဖြစ်ပါ ဂျီးဒေါ်ကြီးပြုခဲ့တဲ့အမှု့ကိစ္စကတော့ အလွန်လေးစားထိုက်ပါတယ်ဗျာ
    လူတိုင်းလုပ်နိုင်ခဲပါတယ် ကျုပ်လည်း လုပ်ခဲ့ဘူးပါတယ်
    သဂျီးမင်းတြားကြီးရဲ့အလိုတော်တိုင်းဖြစ်သော မည်သူနှင့်မျှမတူသော အတွေးများနှင့်ပြောရမည်ဆိုလျှင်
    ဂျီးဒေါ်ကြီးတော်တော်စိတ်ထားမြင့်မြတ်တယ်ဘဲ ထပ်ပြောပါတယ်ဗျာ
    တစ်ခုလည်းရှိသေးတယ်ဗျ
    ဒီလိုကိစ္စတွေဖြစ်လာရင် ဒီလိုနေရာဌာနတွေကိုအဆိုပါပြဿနာတွေဖြစ်လာရင် တာဝန်ရှိသူကို
    ဖော်ထုတ်ဆောင်ရွက်စေဘို့က လည်း အလွန်အရေးကြီးလှတယ်ဆိုရမှာပါဘဲ
    ဂျီးဒေါ်ကြီးလို အကျိုးဆောင်တတ်သူတွေရှိတာကတော့ သပ်သပ်ပါ
    တာဝန်လစ်ဟင်းသူတွေကို အရေးယူဆောင်ရွက်ပေးဘို့လိုလိမ့်မယ်လည်းထင်ပါတယ်
    တစ်စုံတစ်ယောက်ပြောဘူးသလိုပါဘဲ အီးပါတဲ့နေရာတွေကိုလည်း အခကြေးငွေပေးတဲ့စနစ်
    လုပ်လိုက်မယ်ဆိုရင် သန့်ရှင်းမှု့နဲ့ အလုပ်ကိုင်တွေဖန်တီးမှာဖြစ်ပါတယ်
    ချီးတစ်ခါပါ လေးငါးဆယ်တန်ပါတယ်ဗျာ သတ္တိရှိလို့ သူများရွာမှာ ချီးလာပါတာ ဟုတ်ဘူးလား
    အခြားအရေးကြီးသောကိစ္စတစ်ခုက ပြည်သူ့နိတိကိစ္စလေးပါဘဲ
    အလကားဘဲဖြစ်ဖြစ် ပိုက်ဆံပေးတယ်ဘဲဖြစ်ဖြစ် ကျမ္မာ၍အသိဉဏ်ရှိသူတိုင်း
    ( အန်းနီးဝမ်း အဲဗရီးဝမ်း( မတ်စ်ထ်တူူဒူး ) )
    မိမိတို့၏ ချီးပါသေးပေါက်ကိစ္စများအပြီးမှာ မိမိတို့ကိုယ်တိုင် သန့်ရှင်းရမယ်ဆိုတဲ့
    အလွန်းသေးငယ်သောကိစ္စဖြစ်သော်လည်း အလွန်ကြီးကျယ်သော ကိစ္စကြီးကို
    မိမိတို့ကိုယ်တိုင် ပြုကျင့်ဆောင်ရွက်ကြရမှာဖြစ်တဲ့အကြောင်းလေးပါ
    ဖင်လှန်ပြီးတော့ဘဲချီးပါပါ မတ်တတ်ကြီးဘဲသေးပန်းပန်းပါ ကိုယ့်ကိစ္စကိုကိုယ်ရှင်းရမှာယနေ့လူ့မှု့ဝန်းကျင်ရဲ့
    ပုဂ္ဂလိကဆောင်တာတစ်ခုပါဘဲမဟုတ်ပါလား ဂျီးဒေါ်ကြီးရယ်
    နိုင်ငံတော်သမ္မတကြီးလည်း သူ့ကိစ္စသူရှင်းရတာပါဘဲ ဒီအကြောင်းကို ပြဿနာဖြစ်စေတာက
    အိမ်သာတစ်ခုမှာ လိုအပ်တဲ့ အထူးသဖြင့် ရေနှင့် အခြားဘာညာကွိကွများမရှိတာက
    ဆိုခဲ့ပြီးသလို သက်ဆိုင်သူများ၏ တာဝန်လစ်ဟင်းမှု့သာဖြစ်ပြီး ထိုသူများကို အရေးယူဆောင်ရွက်မှု့တစ်ခုပါ
    နိဂုံးဆိုခြင်တာကတော့ အချို့များမှာ အထက်ပါ ပြည်သူ့နိတိ အလွန်ခေါင်းပါးတာကိုတွေ့ရပါတယ်
    ဒီကိစ္စတွေတွက် သူတို့ကိုဒေါသွားခွီးလည်းအပိုဘဲဖြစ်မှာမို့ အဲ့သည်သူတွေကို အသိတရားများရလာစေဘို့
    ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေသင့်ပါပြီး
    တစ်ခုသော အီးပါတဲ့နေရာမှာ အောက်ပါစာတန်းလေးကိုရေးထိုးထားပြီး
    ကိုယ့်ကိစ္စကိုယ်ရှင်းတဲ့ နိုင်ငံကြီးသားတွေကို အသိမှတ်ပြုအပြန်အလှန်လေးစားပြတာလေးဟာလည်း
    အကျိုးသက်ရောက်မှု့တစ်ခုလို့ ခပ်တည်တည်လေး ဖောလ်းလိုက်ရပါတော့တယ် ဂျီးဒေါ်ရယ် 😀 😀 😀
    THANK YOU FOR KEEPING THIS AREA CLEAN
    ဓာတ်ပုံလေးပါ မှတ်တမ်းတင်ထားတာရှိပါတယ်
    ဒီအကြောင်းတွေကို ကျုပ်ရဲ့ ကိုယ့်ထမင်းကိုယ်စား ဘကြီးနွားငှားကျောင်းရေးလက်ကမ်းစာစောင်များ
    မှာ ထည့်သွင်းမည်ဖြစ်ပါကြောင်း။
    ကျီးကျီးကျယ်ကျယ် ခွင့်တော့ မတောင်းတော့ပါဘူး။

    • padonmar

      February 20, 2012 at 11:54 pm

      ပုပုက ချီးကျူးတာခံရတော့ ဘဝင်တောင်မြင့်ချင်လာပြီ။
      ကျွန်မ လူမမြင်ရတဲ့နေရာမှာ လုပ်ခဲ့တာ လူသိအောင် ကြွားတယ်လို့ မထင်ကြရင်ပဲ ကျေးဇူးတင်လှပါပြီ။

      နောက်ပြီး ဖြစ်နိုင်ရင် အများသုံး အခမဲ့ အိမ်သာတွေ စည်ပင်က များများဖွင့်ပေးနိုင်ရင်
      လမ်းဘေးမှာ ကိုပေါက်ရိုက်ပြတဲ့ စိမ်းလန်းစိုပြေရေးလုပ်တဲ့သူတွေ ပျောက်သွားမှာပါ။
      အခငွေပေးနေရရင် မပေးနိုင်တဲ့သူက လမ်းဘေးထိုင်သွားအုံးမှာပဲ။
      စည်ပင်က ရတဲ့ အခွန်တွေကို လမ်းပြင်ဖို့၊အမှိုက် စနစ်တကျသိမ်းဖို့ နဲ့ အခမဲ့အိမ်သာတွေ ဖွင့်ပေးဖို့ သုံးပေးသင့်ပါတယ်။

  • blackchaw

    February 20, 2012 at 10:26 am

    အစ်မရေ
    အကျင့်ကောင်းလေး တစ်ခုလို့ ခေါင်းစဉ်တတ်ပြီး
    ထုံးစံအတိုင်း
    လက်မလေးတစ်ချောင်း လေးလေးစားစား ထောင်ခဲ့ပါတယ်ဗျာ။
    အချိန်ရရင် အိမ်သာကြွေးလေးလည်း ဆပ်ပါဦး ခင်ဗျာ။
    ခင်တဲ့ –
    ဘလက်…။
    😀 😀 😀

  • ဆူး

    February 20, 2012 at 12:37 pm

    အများသုံး အိမ်သာမှာတော့ အဲလို မဆေး ဖူးသေးဘူး။
    ဘုန်းကြီးကျောင်းမှာ ဒေါ်ကျည်းတန် လို့ ခေါ်တဲ့ အမျိုးသမီးက ဆေးနေတာ တွေ့တဲ့အခါ စိတ်ထဲမှာ သူကို လေးစား အားကျမိတဲ့ စိတ်ဖြစ်မိတယ်။
    ဘုန်းကြီးကျောင်းမှာတော့ ဘရပ်နဲ့တော့ တိုက်ချွတ်ဆေးကြောတာတော့ မဟုတ်ပေမဲ့.. လူတွေ ခြေထောက်က ပါလာတဲ့ သဲ တွေ အပြင်မှာ ညစ်ပတ်သလို ဖြစ်နေတာတွေကိုတော့ ရေလောင်းပြီး တံမြက်စည်းလှဲဖူးတယ်။
    အများဆုံး အိမ်သာတွေမှာ ကိုယ်အသုံးပြုပြီးရင်တော့ ရေလောင်းပေးခဲ့တယ်။
    နောက်လူ အနံ အသက် မရှိစေအောင်လို့ပါ။
    ကိုယ့်အိမ်မှာတော့ ကောင်မလေးတွေ မရှိရင် ကိုယ်တိုင်ဆေးပါတယ်။ ညစ်ပတ်ရင် လုံးဝ သဘောမကျဘူး။ အနံ အသက် တွေ ထွက်နေတာကို လုံးဝ မကြိုက်ပါဘူး။ ဘေးနံရံ ကျောက်ပြား တွေပါ သန့်မှ သဘောကျတာလည်းပါတယ်.. အိမ်မှာက အိမ်သာ နဲ့ ရေချိုးခန်း တွဲလျက်ဆိုတော့ ပိုပြီး သန့်အောင် ထားရပါတဲ့ သဘော ဖြစ်နေတာပေါ့။ ကောင်မလေးတွေ ရှိတဲ့ အခါ ဆိုရင်တော့ ကိုယ်တိုင် မဆေးပါဘူး။
    ပြီးခဲ့တဲ့ အခေါက် ကျိုက်ထိးရိုးသွားတုန်းကတော့ တည်းတဲ့ အခန်းက ဘိုထိုင် ရေဆွဲက ပျက်သွားတော့ တယောက်ဝင်လိုက် ရေဆွဲ မရလို့ ပြန်ထွက်လာလိုက်လုပ်နေကြတာ.. ဆူး ဝင်တဲ့ အခါ တော်တော် နံ နေပြီ။ အနောက်က အဖုံးကြီး ဖွင့်ပြီး ရေဆွဲချ လိုက်တော့ ကျသွားတယ်။ နောက်တော့ တယောက် ဝင်လိုက် တခါ ရေဆွဲ ပေးလိုက်နဲ့ အဆင်မပြေတာနဲ့ အားလုံး ကို သင်ပေးထားလိုက်မှအဆင်ပြေသွားတယ်။
    အများသုံး အိမ်သာမှာ ဆေးကျောင်းသူ လုပ်ခဲ့တဲ့ အန်တီ စိတ်ဓါတ် ကို လေးစားပါတယ်။
    ဆူး ဆိုရင်တော့ ညစ်ပတ်နေရင် မဝင်ပဲ သန့်တဲ့ အထဲကို ဝင်ဖို့ပဲ ကြိုးစားမှာပါ။

    • KoNyeinChan

      February 20, 2012 at 4:18 pm

      ဥပမာပေး ကောင်းလှချည်လား ဆူး… 🙂

  • ကျနော်ကတော့ အဲလိုမျုိုးတွေ့လို့ ရေလဲအဆင်သင့်ရှိတယ်ဆိုရင်တော့ သူများအတွက်ပါပေါင်းလို့
    ဆောင်ရွက်ပေးခဲ့ပါတယ်။
    ကုသိုလ်တွေနောက်ဘဝတွေဆိုတာထက်
    နောက်လူလာရင်အဆင်ပြေစေဘို့ပေါ့။
    အတိအကျပြောရရင် ကျနော်ကရွံတတ်ပါတယ်။
    ဒါပေမယ့် ဒီတစ်ခုကတော့ မဖြစ်မနေသန့်ရှင်းရေးလုပ်ခဲ့ပါတယ်.
    ဒါက ကြုံလို့မဟုတ်ဘဲ ပဒုမ္မာနဲ့ရောပြီး ကြွယ်လိုက်တာပါ။

    • ဆူး

      February 20, 2012 at 1:17 pm

      ဆူး ကို ပြောတာလားလို့.. လန့်သွားတာပဲ.. အဟိ..

  • etone

    February 20, 2012 at 2:30 pm

    အန်တီပဒုံမ္မာရေ …..
    သမီးလည်း အဲ့ဒီ အကျင့်ရှိပါတယ် … ဆိုင်တစ်ဆိုင်ရောက်လျှင် … အိမ်သာကိုလေ့လာမိတာ .. အကျင့်တစ်ခုလို ဖြစ်နေတယ် … ။ အိမ်တွေမှာတော့ … မလေ့လာဖြစ်ဘူး … ။

    အန်တီပဒုံမ္မာက လူလှသလို … နှလုံးလှပါတယ် … ။ ကိုယ်သာဆို … သူများ အညစ်ကြေးဆေးပေးဖို့ မပြောနဲ့ .. မြင်ရတာပြန်လှည့်ထွက်ပြီး …အန်မိမှာပါပဲ… ။ တစ်ချို့တွေ … အရမ်း လက်လွတ်စပယ်နိုင်တယ် … ။ ကိုယ့်ကိစ္စကိုယ် မရှင်းကြဘူး … ။ လေ့လာမိရသလောက် … အိမ်သာလေးတွေက … အမျိုးမျိုးပဲ … ။တစ်ချို့ကလည်း .. ညစ်ပေမှာ စိုးလို့ .. ရေပေးမသုံးချင်ကြဘူး ..

    တစ်ချို့ အိမ်သာလေးတွေက ကြည့်လှပြီး … နေချင်စဖွယ်တောင်ကောင်းပါသေးတယ် … ။ အစာ မစားခင် .. အိမ်သာအရင်ဝင်လေ့လာတတ်တယ် … စားပြီးမှ လေ့လာလျှင် အန်ထွက်မှာ စိုးလို့ 😀

  • စိန်ပေါက်ပေါက်

    February 20, 2012 at 2:52 pm

    လေးစားပါတယ် အူးကြာ
    များတို ့ဆိုရင်တော့ ဝေါ့ ဆိုပြီး သန် ့တဲ့ဟာ သွားလိုက်မှာပဲ
    သူများညစ်ပတ်ထားတာတွေကို ရှင်းပေးခဲ့လို ့ရေလည်လေးစားတွားပြီ အူးကြာရေ
    ဘယာကြော်

  • NK

    February 20, 2012 at 3:03 pm

    ၊ရွာက ဘဘတို့ ကြီးကြီးတို့ ဒွေးလေးတို့လည်း

    မလေး၊စင်္ကာပူ၊ယူအေအီး အလုပ်သွားလုပ်တဲ့

    တူ၊တူမ၊မြေး၊မြစ်တွေ ကြိုရင်းပို့ရင်း ဝင်ထွက်နိုင်တဲ့နေရာဖြစ်နေပါပြီ

    ဆိုတော့ အများဆိုင်နေရာတွေမှာ မြန်မာလိုအသုံးပြုနည်း

    အညွှန်းစာလေးတွေလည်း ချိတ်ကပ်ပေးသင့်တယ်လို့ မြင်ပါတယ်”

    ွှအဓိကကတော့ လူတစ်ယောက်ရဲ့အကျင့်စရိုက်စိတ်ဓါတ်နဲ့ပဲဆိုင်မယ်ထင်ပါတယ်ဗျာ တောရယ် ရွာရယ ်မြို့ရယ်မဟုတ်ပါဘူး

  • ဆူး

    February 20, 2012 at 3:16 pm

    အခုမှ သတိရတယ်.. အိမ်သာနဲ့ ပတ်သတ်တဲ့ မကျေနပ်ချက်ပေါ့.
    အကို တယောက် ရှိတယ်.. သူ အိမ် ကို လာလို့ အိမ်သာ ထဲက ထွက်သွားရင် အနောက်က လိုက်ပြီး ရေပန်း နဲ့ လိုက် လောင်းရတယ်။ အသက်အရွယ်တွေက ပြောမကောင်း ဆို မကောင်း အိမ်မှာလည်း အိမ်ဖော် အပြည့်နဲ့ နေတာဆိုတော့ အသိတရား မရှိတော့ တော်တော် ခက်တယ်။ သေးပေါက်တာများ ကန်တော့ပါရဲ့နော်.. ပန်းခြံထဲမှာ မြက်ခင်းတွေ အကုန် ရေလောင်းတဲ့ ခေါင်းလည်နေတဲ့ ရေပန်းလိုများ ပေါက်သွားသလား အောက်မေ့ရတယ်။
    သူ ဝင်သွားပြီဆို အိမ်သာ နံရံတွေက အစ ရေ လိုက်လောင်းရတယ်။ ချက်ချင်း လောင်းတာ မဟုတ်ရင် အနံက စွဲသွားလို့ တော်တော် နဲ့ မပျောက်ဘူး။ ဘယ်တုန်းထဲက အောင်းထားတာလဲ ကို မသိဘူး.. တော်တာ် ရှုပ်တဲ့ လူကြီး.. ပြောရင်း ဆိုရင်းနဲ့ ဖုန်းက ဝင်လာသေးတယ်။ သူ့ အကြောင်း ဖောက်သည်ချတာ အာရုံရနေလား မသိဘူး။ ဟိဟိ.. အတင်း စကားစပ်ပြီး မကျေနပ်ချက် လာ ထုတ်တာပါ။

  • pooch

    February 20, 2012 at 3:44 pm

    ဒေါ်ဒေါ်ရေ တကယ်ကို လေးစားမိပါတယ် ။ ကျမစိတ်ကူးနဲ့တောင် မကြည့်ဖူးတာကို စိတ်သန့်သန့်နဲ့လုပ်ပေးနိုင်စွမ်းရှိလို့ပါ။

    ဒီလိုအများသုံးအိမ်သာသန့်ရှင်းရေးကတော့ တကယ်ကိုပဲ စည်းလေးကမ်းလေးနဲ့ ဝန်ထမ်းများ သန့်ရှင်းပေးဖို့လိုအပ်သလို ဒေါ်ဒေါ်ပြောတဲ့ မြန်မာစာညွှန်းလေးတွေ ထားပေးတာလည်း အလွန်သင့်တော်မယ်ထင်ပါတယ်။

  • ကြက်ဖင် ( အကယ်ဒမီ )

    February 20, 2012 at 3:54 pm

    ဒီအဒေါ်ကြီးတော်တော်အတယ်
    သူများပါထားတာတွေဆေးပေးတယ် အထည်းမှာပေနေရင် ဘေးနားမှာပါလိုက်ပေါ့ဗျ
    ဘာလို့ဆေးပေးရမှာလဲဗျ ကိုယ်ကဖွဲနုစားတာမှမဟုတ်တာ
    အပေါ်ကလူတွေလည်းဟာသဘဲ
    ထမင်းဆိုင်မှာ ထမင်းဝယ်စားတာ နောက်ဖေးပါတဲ့နေရာကိုစစ်ဆေးတယ်
    မသိရင် အိမ်သာထဲမှာ ထမင်းဝင်စားမှာကျနေတာဘဲ
    ကျုပ်တစ်သက်နဲ့တစ်ကိုယ် ထမင်းဆိုင်ဆိုတာ စားလို့ကောင်းလားမကောင်းလား ဒါဘဲတွေးတယ်

  • ငပွကြီး

    February 20, 2012 at 4:37 pm

    ဘာပဲပြောပြော ကျုပ်သာဆိုရင်အဲဒီလိုလုပ်နှိင်မယ်မထင်ဘူး
    လေးစားပါတယ် ရထား..ရထား..

  • ဘမျိုး ဘိုးတူ

    February 20, 2012 at 4:41 pm

    ကွယ် .. နံတတ်တဲ့ အမျိုးက နံမှာပဲ
    မွှေးလွန်းရင်လဲ နံတတ်တာ မျိုးရှိမှာ ပဲ
    နံတာကို သက်သာစေအောင် ဂရုစိုက်တာမျုးိလဲ ကောင်းတာပါပဲ
    ဝေါ့……………

  • နွယ်ပင်

    February 20, 2012 at 4:48 pm

    အန်တီပဒုံမ္မာရေ ….. တကယ်ပဲ လူကလည်းလှသလို စိတ်ထားကလည်း လှပါတယ် ..
    နွယ်ပင်ဆိုရင် အိမ်သာ ညစ်ပတ်ရင် မတက်ပဲ လှည့်ထွက်သွားမိမှာပဲ ..
    အခုတော့ အန်တီ့စာလေး ဖတ်ပြီး အသိတရားလေး ရသွားပါတယ် ..

  • sealion

    February 20, 2012 at 5:42 pm

    ကိုယ်နဲ ့မဆိုင်ပေမဲ ့ တာဝန်ယူတတ်တဲ ့စိတ်ဓါတ်ကို လေးစားပါတယ် အစ်မရေ.

  • ရွှေဘိုသား

    February 20, 2012 at 6:34 pm

    ဘုန်းကြီးကျောင်းမှာဆေးနေတာ ဒီစာဖတ်ပြီးမှ ပိုပီတိဖြစ်မိတယ်

  • weiwei

    February 20, 2012 at 8:05 pm

    အန်တီ့စိတ်ဓါတ်ကိုလေးစားပါတယ် …
    ကျွန်မသာဆိုရင် လှည့်ထွက်သွားမိမှာပဲ …
    နေ့တိုင်းအလုပ်ထဲမှာ တစ်နေကုန်နေရတဲ့ ကျွန်မအတွက် အခက်ခဲဆုံးအချိန်တွေက အိမ်သာသွားရတဲ့အချိန်များဖြစ်ပါတယ် … ရုံးမှာ အမျိုးသမီးဦးရေများပြီး တော်တော်လေးဟောင်းနေတဲ့ အိမ်သာ ၂ လုံးပဲ ရှိပါတယ် … သန့်ရှင်းရေးဝန်ထမ်းရှိပေမယ့် သန့်တယ်လို့လဲထင်ရပေမယ့် အနံ့အသက် မကောင်းဘူး … အန်တီ့လို သန့်ရှင်းရေးလုပ်ပေးလို့လဲ မရတဲ့အခြေအနေမို့ ဘယ်လိုလုပ်ရင် ကောင်းမလဲမသိဘူး … အနံ့က ညှီတီတီနဲ့ အန်ချင်စိတ်ပေါက်လွန်းလို့ …

  • ဦးဦးပါလေရာ

    February 20, 2012 at 10:48 pm

    အများဆိုင်ရာနေရာတွေရဲ့ အိမ်သာမသန့်ရှင်းတာကိုကြည့်ရုံနဲ့
    အဲဒီနိုင်ငံရဲ့ အုပ်ချုပ်မှု့ စီမံမှု့ယန္တယား ညံ့ဖျင်းပုံကို အကဲခတ်လို့ရပါတယ်။

    အိမ်သာသန့်ရှင်းစေချင်ရင် လွယ်လွယ်လေး
    သန့်ရှင်းရေးသမားကို ပိုက်ဆံများများပေးပြီးခန့်
    အဲဒီသန့်ရှင်းရေးသမား တကယ်သန့်အောင် လုပ်မလုပ်ကို စောင့်ကြည့်ဘို့ တယောက်ကို တာဝန်ပေး
    အိမ်သာသန့်ရှင်းသလား မသန့်ရှင်းဘူးလားဆိုတာကို ရှောင်တခင် အမြဲဝင်စစ်
    မသန့်ရှင်းရင်တာဝန်ရှိသူကိုဖြုတ်ပစ်၊ အပြစ်ပေး။
    လိုအပ်ချက်ကတခုထဲ….
    အုပ်ချုပ်သူက ဘာတခုပဲလုပ်လုပ် တကယ်အလုပ်ဖြစ်အောင်လုပ်ချင်စိတ်ရှိရမယ်။ အဲဒါဆိုပြီးပြီ။

    လူတွေကစည်းကမ်းမရှိလို့၊ စိတ်ဓါတ်ရေးရာညံ့ဖျင်းလို့၊ နိုင်ငံကြီးသားမပီသလို့ အမေရိကားမှာ စင်ကာပူမှာ ဒါမျိုးမရှိဘူးဆိုပြီးတော့ လျှောက်လက်ညှိုးထိုးနေလို့မရပါဘူး။
    အဲဒါတွေက တဖြေးဖြေးလုပ်ယူရမှာပါ။
    ပရိုင်းမိတ်ကနေ လူဖြစ်ဘို့ နှစ်နှစ်သန်းကြာတယ်။
    လူဖြစ်တော့ အသားငါးကို မီးနဲ့ဖုတ်စားတတ်ဘို့ နှစ်နှစ်သောင်းကြာတယ်။
    ကိုယ့်နိုင်ငံသားတွေအခြေအနေသိရင် ပြင်ယူဘို့ စိတ်ရှည်ရမယ်။
    မျိုးဆက်နဲ့ချီပြီးကြာနိုင်တယ်ဆိုတာ စိတ်ထဲကလက်ခံနိုင်ရမယ်။
    လောလောဆယ်မှာတော့ ဖြေရှင်းစရာကိစ္စကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရုံပါပဲ။
    ဥပမာ ဂျပန်မှာ ဓါတ်လှေခါး မောင်းပေးတဲ့သူမလိုပေမယ့် ဒီမှာတော့(ဓါတ်လှေခါးခလုပ်မပျက်ချင်ရင်) ဓါတ်လှေခါးမောင်း ခန့်ထားဘို့လိုသလိုပေါ့။

    • padonmar

      February 21, 2012 at 12:02 am

      “အိမ်သာသန့်ရှင်းစေချင်ရင် လွယ်လွယ်လေး
      သန့်ရှင်းရေးသမားကို ပိုက်ဆံများများပေးပြီးခန့်
      အဲဒီသန့်ရှင်းရေးသမား တကယ်သန့်အောင် လုပ်မလုပ်ကို စောင့်ကြည့်ဘို့ တယောက်ကို တာဝန်ပေး
      အိမ်သာသန့်ရှင်းသလား မသန့်ရှင်းဘူးလားဆိုတာကို ရှောင်တခင် အမြဲဝင်စစ်
      မသန့်ရှင်းရင်တာဝန်ရှိသူကိုဖြုတ်ပစ်၊ အပြစ်ပေး။”

      ဦးပါမန့်တဲ့အတိုင်း စင်္ကာပူမှာ လုပ်တယ်လို့ ကြားဖူးပါတယ်။
      သန့်ရှင်းရေးသမားက အိမ်သာမှာ ချိတ်ထားတဲ့ ကဒ်မှာ သန့်ရှင်းရေးလုပ်ပြီးတိုင်း သူ့အချိန်နဲ့သူ လက်မှတ်ထိုးရပါတယ်။
      ကြိုပြီး လက်မှတ်ထိုးထားလို့မရပါဘူး။
      QC လုပ်တဲ့သူက လက်မှတ်ရော တကယ်သန့်မသန့်ပါ စစ်ပါတယ်။
      အဲဒီမှာ နေရာတိုင်းမှာ သန့်ရှင်းတဲ့ အိမ်သာတွေ အလွယ်တကူဝင်လို့ရတာ စိတ်ချမ်းသာစရာပါပဲ။

  • ဦးဦးပါလေရာ

    February 20, 2012 at 10:55 pm

    ဒီသုံးလေးရက်ကို ဘာဖြစ်နေမှန်းမသိဘူး ကွန်မင့်ကိုပေးလို့မရတာ။ error တက်ပြီး ရပ်ရပ်သွားတယ်။ သူကြီးဆာဗာလား ကျုပ်ကွန်ပျူတာလား တခုခုပဲ။ အခုမှ အပေါ်ကကွန်မင့်လေးတက်သွားလို့ တော်တော်ဝမ်းသာတယ်။

    တကယ့်အဖြစ်အပျက်လေးတခုပြောမလို့ ….
    တခါက အများသုံးအိမ်သာတခုမှာ (မ အိမ်သာခန်းမှာ)
    စာတရွက် ကွန်ပျူတာစီပြီးကပ်ထားတယ်။
    အံမယ် … ပလပ်စတစ်တောင်လောင်းထားသေးတယ်။
    “ -ါသယ်မဟုတ်ရင် ရေလောင်းခဲ့” တဲ့

    အောက်မှာ နှုတ်ခမ်းနီနဲ့ လက်ရေးနဲ့ရေးသွားတယ်-
    “ဟုတ်တယ်”… တဲ့

    ကိုင်း … ဘာတတ်နိုင်သေးလဲ .. 😀

  • MaMa

    February 20, 2012 at 11:21 pm

    အိမ်မှာတော့ အိမ်သာဆေးတာကို အဖေက သူကိုယ်တိုင် စံနမူနာပြ လုပ်ပြခဲ့လို့ ငယ်ငယ်ကတည်းက အိမ်သာဆေးရတယ်။
    ဒါပေမယ့် အပြင်ရောက်ရင် တတ်နိုင်သလောက် အိမ်သာ မသွားဘူး။ စိတ်ညစ်လွန်းလို့။
    ဆေးဖို့ဆိုတာတော့ စဉ်းတောင် မစဉ်းစားခဲ့ဖူးဘူး။
    ခုတော့ ဘိုလို လုပ်ရမလဲ?????
    ရှေ့က လုပ်ပြတဲ့သူက လုပ်ပြသွားတော့ 😛

  • padonmar

    February 20, 2012 at 11:44 pm

    ပထမဆုံးပြောချင်တာ ကြယ်၂ပွင့်တွေ့ရတဲ့ မလတ်ကို CONGRATULATIONS!!!!! လုပ်ပါတယ်။
    (ကြယ် ၂ပွင့် ဘာလို့ရလဲ ဘာဖြစ်မလဲတော့ မသိဘူး၊ဆရာသစ်တုံးကလည်း တွေ့တယ်၊ဘာကြောင့်ပဲဖြစ်ဖြစ် ထူးထူးခြားခြားရတာဆိုတော့ ဝမ်းသာပါတယ်)
    နောက်တစ်ခု အရေးကြီးတာက ကျွန်မရေးတာ နည်းနည်းလိုသွားပါတယ်။သန့်ရှင်းရေးဝန်ထမ်း အားနည်းလို့ ညစ်ပတ်နေတာ မဟုတ်လောက်ပါဘူး။နောက်တကြိမ် လေဆိပ်ရောက်သွားတော့ လူကလည်း ရှင်းနေချိန် သန့်ရှင်းရေး အမျိုးသမီး ၃ ယောက် အဲဒီ အိမ်သာတွေ သန့်ရှင်းရေးလုပ်နေတာ တွေ့ခဲ့ရပါသေးတယ်။
    လူကြပ်ချိန် မသုံးစွဲတတ်သူများနဲ့ တွေ့သွားတာကြောင့် ဖြစ်ပါလိမ့်မယ်။
    departure အတွင်းက အိမ်သာတွေဆို သန့်ပြန့်နေပါတယ်။ရှိရမယ့် facility တော်တော် များများဖြည့်ပေးထားပါတယ်။
    အခု ကျွန်မတွေ့တဲ့နေရာက arrival နဲ့ departure ကြားမှာ ရှိတော့ လူသုံးများသလို မသုံးတတ်တာ အဓိက ဖြစ်မယ် ထင်ပါတယ်။
    သန့်ရှင်းသော အိမ်သာများမသုံးဖူးသေးသော ပြည်သူတွေမှာ ဘယ်လိုသုံးရမှန်း မသိသေးတာကို ပြောချင်ပါတယ်။
    သန့်တဲ့ အိမ်သာသုံးချင်ရင် ကိုယ်ကလည်း သန့်အောင်သုံးတတ်ဖို့လိုပါတယ်။
    ဒီမိုကရေစီ လိုချင်ရင် ကိုယ်ကလည်း ဒီမိုကရေစီ နဲ့ တန်တဲ့ စည်းကမ်းရှိရပါမယ်။

  • nature

    February 21, 2012 at 1:57 am

    နေ့စဉ် လေဆိပ်ကလေယာဉ်တွေ အဝင်အထွက်နဲ့ ရှိတဲ့အိမ်သာတွေ crowded ဖြစ်နေတဲ့အချိန်မှာ မလုံလောက်မှုဖြစ်နိုင်ပါတယ်။ arrival ကစောင့်ရတာကြာတတ်လို့ အိမ်သာက ပို အသုံးများမယ်ထင်ပါတယ်။

  • Ma Ei

    February 21, 2012 at 1:31 pm

    ပဒုံမ္မာရေ ….. လေးစားထိုက်တဲ့ စိတ်ထားရှင်ပါဘဲ..
    Ma Ei တော့ဆေးကျောင်းသူ လုပ်ဖို့ဝေး လို့ အပြင်ကိုပြေးထွက်မိမှာပါ..
    နောက်လူသုံးရင် သန့်ရှင်းစေချင်တဲ့ စေတနာလေး လှပလိုက်တာ..

  • padonmar

    February 24, 2012 at 2:11 am

    Swel Taw Ywet
    ရဲ့ ဖေဖေါ်ဝါရီလလယ်ပိုင်း ဂေဇက် ရေစီးကြောင်း၌ ကူးခတ်ကြည့်ခြင်း မှာ ရေးတာလေးကောင်းလို့ ကူးတင်ပေးလိုက်ပါတယ်။
    တကယ်ကောင်းအောင်ပြင်ချင်တဲ့သူများ တပေါင်းတည်းဖတ်နိုင်ကြအောင်ပါ။

    Toilet Checking ဆိုတာ ကျနော်တို့အတွက် ဦးစားပေးရတဲ့ လုပ်ငန်းတစ်ခုပါ။ (သီးသန့် check list နဲ့ မနက်တစ်ခါ၊ ညတစ်ခါ Report တက်ပေးရပါတယ်။ )

    ဒီမှာ တစ်ခုကောင်းတာက Toilet တိုင်းမှာ Stand by သန့်ရှင်းရေး ဝန်ထမ်း ရှိနေတာပါ။ (Lady toilet ဆို lady cleaner)။ Public toilet တွေ တစ်ခုခု ချို့ယွင်းရင် သိနိုင်ဘို့ လမ်းကြောင်း (၃) ခု ထားပါတယ်။

    (၁) သန့်ရှင်းရေးက တွေ့ရင် သူ့ supervisor ကတဆင့် ကျနော်တို့ဆီကို သတင်းပို့ရတယ်။ ပျက်တာကို သတင်းမပို့ဘဲ မနေရဲဘူး။ (ဥပမာ ရေမလာလို့ ညစ်ပတ်သွားရင် သူဘဲသန့်ရှင်းရေးလုပ်ရမှာလေ)

    (၂) Toilet Area တာဝန်ကျ Security ကလည်း သူ့ supervisor ကတဆင့် ကျနော်တို့ဆီကို သတင်းပို့ပေးတယ်။ (User complain တက်ရင်လည်း သူပဲ အရင်ဆုံး ရှင်းရမှာလေ)

    (၃) ကျနော်တို့ ကိုယ်တိုင်လည်း တနေ့ကို အနည်းဆုံး ၃ ခေါက် (နေ့ ၂၊ ည ၁) ကိုယ်တိုင်သွားစစ်ပြီး သက်ဆိုင်ရာ Log book/ check list မှာ မှတ်တမ်းရေး သတင်းပို့ရတယ်။ တကယ်မစစ်ဘဲ စစ်တယ်လို့ ရေးရဲရင် ရေးကြည့်လေ.. ဘာမှ မဖြစ်ရင်တော့ ဘာမှ မဖြစ်ဘူးဘဲ။ တစ်ခုခု ပြသနာဖြစ်ခဲ့ရင် ရေးထားတဲ့ log book/ check list ကအချိန်နဲ့ CCTV record နဲ့ တိုက်ပြီး စစ်တော့တာ။ “Time is money. ” မဟုတ်ဘူး “ Time is safety. ” ဖြစ်နေတာ။ အသေးစိတ်ဝင်မစစ်ချင်ရင်တောင် ရောက်အောင်သွားပြီး သန့်ရှင်းရေးဝန်ထမ်း၊ Security ဆီက အခြေအနေစုံစမ်း “အားလုံးကောင်းပါသည်” ဆိုတာ သေချာနေအောင်လုပ်ရတာပါ။ အိမ်သာရေမကျတာမျိုး၊ လက်ကိုင်ရေပန်း ပေါက်/ပျက် တာမျိုး အစားထိုးလဲလှယ်ရမယ့် ကိစ္စလေးတွေကို အရန်ပစ္စည်း အဆင်သင့်ရှိနေရင် ကိုယ်တိုင်ဘဲ လဲလှယ်ပြုပြင်ပေးဖြစ်ပါတယ်။ တကယ်လို့ ဖြစ်တာက ညဘက်ကြီး လိုမျိုး သုံးစွဲသူမရှိတဲ့အချိန် (သို့) အရန်ပစ္စည်း အဆင်သင့်မရှိတဲ့အချိန်မျိုးဆိုရင်တော့ အဲဒီ့ toilet အကန့်လေးကို ရေဘားပိတ်ပြီး အပြင်က lock ချထားခဲ့ရတယ်။ တံခါးမှာလည်း “ out of service” လို သတိပေးစာကပ်ပေးထားခဲ့ရတယ်။ သုံးစွဲမယ့်သူတွေ သိနိုင်အောင်ကော၊ နောက်နေ့ ပြင်ဆင်ရေးအဖွဲ့တွေ ရောက်လာရင် အလွယ်တကူ သိနိုင်အောင်ပါ။

    မမ ပဒုမ္မာ post ထဲကအတိုင်း ဒီမှာ ဖြစ်ခဲ့မယ် ဆိုရင်တော့ (၁) တာဝန်ကျ သန့်ရှင်းရေး ဝန်ထမ်း မိခင်နိုင်ငံကို ပြန်လွှတ်တာ ခံရပါလိမ့်မယ်။ (၂) တာဝန်ကျ ကျနော်တို့တွေ အနည်းဆုံး warning letter ရပါလိမ့်မယ်။ CCTV နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်လို့ တကယ်မစစ်ဘဲ လိမ်ပြီး “ Everything’s OK.” လို့ ရေးခဲ့တာ ပေါ်သွားရင် သူလည်း အရေးယူခံ ရမှာဘဲလေ။ ( မိခင်နိုင်ငံကို ပြန်လွှတ်တာမျိုးပေါ့)။

  • padonmar

    February 25, 2012 at 7:55 pm

    ကျွန်မ စာလုံးပေါင်း သတ်ပုံမှားပြီး sensor ကို censor ရေးမိလို့ ပြင်လိုက်ပါပြီ။
    ခွေးလွှတ်ကြပါ။

Leave a Reply