Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်ုပ်နှင့် မဟာအိမ်သာစွန့်စားခန်း

ကြောင်ဝတုတ်February 21, 20121min79631

အန်တီပဒုမ္မာနဲ့ အိတုန်းတို့ရဲ့ စာကိုဖတ်ပြီးတဲ့နောက်မှာ ကျွန်တော်ကိုယ်တွေ့ အိမ်သာနဲ့ပတ်သက်တဲ့ စွန့်စားခန်းကြီးတစ်ခုကို သတိရပြီး အိမ်သာအကြောင်းဓာတ်ကျနေတဲ့ သူငယ်ချင်းတွေအတွက် အမှတ်တရ ရေးလိုက်မိပါတယ်…

Base on True Story ပေါ့နော်…

ကျွန်တော် (၁၀)တန်းအောင်ပြီးလို့ မျက်စိလည်လမ်းမှားပြီး GTI ကိုတက်တဲ့အချိန်…

ကျွန်တော့သူငယ်ချင်းတွေအများကြီးထဲမှာ ကျွန်တော့ကို ညီအစ်ကိုအရင်းလိုချစ်တဲ့ ပလောင်လူမျိုးသူငယ်ချင်း တစ်ယောက်ရှိပါတယ်…

နယ်ကနေပြီး ကျောင်းလာတက်တဲ့သူဖြစ်တဲ့အတွက် ငွေရေးကြေးရေးအခက်အခဲရော၊ ပေါင်းသင်းဆက်ဆံရေး၊ သွားရေးလာရေးအခက်အခဲပါရှိတဲ့သူ့ကို ကျွန်တော်ကသွားလေရာခေါ်သွား…သူငယ်ချင်းအပေါင်းအသင်းများ လာအောင်…

အစစအရာရာကူညီခဲ့လို့ သူကလဲကျွန်တော့်ကို ညီအစ်ကိုအရင်းအလားချစ်ခင်ပြီး တပူးပူးတတွဲ တွဲပေါ့…

ကျောင်းမှာ သေသေဝပ်ဝပ်နဲ့ စာကြိုးစားတဲ့အထဲမှာသူပါပေမယ့်…စာထက်စိတ်ဝင်စားတာကို အလေးပေးတတ် တဲ့ကျွန်တော့်ကို သူစကားသံဝဲဝဲနဲ့ ဆုံးမဖို့ကြိုးစားတာလဲ အကြိမ်ပေါင်းမနဲပေါ့…

အဲဒီလို ဆုံးမမှုကို မနာခံတဲ့ကျွန်တော်က စာမေးပွဲကျပြီး ကျောင်းထွက်လိုက်ရပေမယ့်…သူကတော့ သူတတ်တဲ့ ပညာနဲ့သူ့ရွာကို ပြန်ပြီးအလုပ်ကျွေးပြုစုနေလေရဲ့…ရွာနီးချုပ်စပ်က ဆိုင်ကယ်တွေပြင်ပြီးပေါ့လေ…

အလုပ်ကိစ္စနဲ့ လွိုင်ကော်သွားဖြစ်တော့ ကျွန်တော်ဝင်တွေ့ခဲ့ပါသေးတယ်…

ကျွန်တော် ဒုတိယနှစ်စာမေးပွဲကို ဂုဏ်ထူး(၂)ဘာသာနဲ့ ကျပြီးတဲ့နောက်…

ဂုဏ်ထူး(၂)ဘာသာနဲ့ကျတယ်ဆိုလို့ စိတ်ဝင်စားမယ်ဆိုရင်ပြောပြပါမယ်…

ကျွန်တော်က တလွဲကောင်ဗျ…GTI တက်တော့ Applies Mechanic နဲ့ Drawing ဘာသာရပ် (၂)မျိုးကို ကျွန်တော်အရမ်းခိုက်ပြီး…ကျန်တဲ့ဘာသာတွေကို စိတ်မဝင်စားတာအမှန်…

အဲဒီ (၂)ဘာသာရဲ့ စာသင်ချိန်တိုင်း ကျွန်တော်ရှိပြီး…ဆရာနဲ့ ဆရာမက စာတော်တဲ့ကျောင်းသားလို့ သတ်မှတ်ပေမယ့်

ကျန်ဆရာဆရာမတွေရဲ့ ဩဘာပေးမှုကတော့ အတိုင်းထက်အလွန်ပဲ…

နောက်ဆုံး စာမေးပွဲဖြေတော့ (၂)ဘာသာဂုဏ်ထူးထွက်ပြီး…ကျန်တဲ့ဘာသာတွေအားလုံးဆွဲတင်မရအောင် ကျခဲ့တဲ့အဖြစ်ပါ…

အဲဒီတော့ နောက်နှစ်စာသင်နှစ်မှာ ကျောင်းပြန်တက်ဖို့ ကျွန်တော်စိတ်မပါတော့သလို ကျောင်းထွက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တော့…ကျွန်တော့သူငယ်ချင်း ပလောင်လေးက ကျောင်းပိတ်လို့သူရွာအပြန် လိုက်လည်ဖို့ ဖိတ်တယ်…ဖိတ်တယ်ဆိုတာထက် နောက်နှစ်မတွေ့ရမယ့် သူငယ်ချင်းကို ရွာကို အလည် အတင်းခေါ်တယ်ဆို ပိုမှန်တာပေါ့…

အဲဒီလို ကျွန်တော့်ကို ခင်တာ…

အဲဒီလိုနဲ့ ရှမ်းတောင်ပိုင်းမှာ အမြင့်ဆုံးဖြစ်တဲ့ ပင်လောင်းမြို့နယ်ထဲက သူငယ်ချင်းရွာကိုအလည်အပတ်လိုက်ဖို့ ကံကြမ္မာက ဖန်လာတော့တယ်..

ပင်လောင်းမြို့ကနေပြီးတော့ မြင်းလှည်းနဲ့ တစ်နာရီခန့်သွားပြီး စိုက်ခင်းတွေဖြတ်ပြီး တစ်နာရီလောက်လမ်းလျှောက်မှ

အိမ်ခြေ အလုံး (၂၀)လောက်ရှိတဲ့ရွာကြီးတစ်ရွာကိုရောက်ပါတယ်…သူငယ်ချင်းရဲ့ဇာတိချက်ကြွေမွေးရပ်မြေပေါ့…

အိမ်ကိုရောက်တော့ သူ့အမေနဲ့ အဖေကပညာမတတ်ပါဘူး…တောင်ယာလုပ်ပါတယ်…အဖေကတော့ သေစာရှင်စာဖတ်တတ်ပြီး

မျှော်မြင်တတ်တယ်လေ…တစ်ယောက်ထဲရှိတဲ့သားကို မြို့ပို့ပြီး ကျောင်းထားပေးမယ်…သူတို့ဘဝက တကယ်တော့မလွယ်ပေဘူး…

ရွာလေးရဲ့နာမည်ကို မေ့တေ့တေ့ဖြစ်နေပေမယ့်…ရွာလေးရဲ့ရာသီဥတုက အမြဲအေးနေပြီး တောင်ခြေနားမှာဖြစ်နေပြန်တော့

နေရောင်ကို မနက်ပိုင်းခဏလောက်သာရပြီး…ကျန်တဲ့အချိန်တွေမှာ နေရိပ်ပြီးအေးနေတဲ့ဒေသလေးဖြစ်ပါတယ်…

ပလောင်လူမျိုးများ အများစုနေထိုင်တယ်လို့သိရပြီး…တောင်ယာစိုက်တဲ့အလုပ်နဲ့ အသက်မွေးကြပြီး၊ သီးနှံအလွန်တရာဖြစ်ထွန်းတဲ့ဒေသပေါ့… လက်ဘက်ပင်ကြိုက်တတ်တဲ့ရာသီဥတုမျိုးလို့လဲပြောကြသေးတယ်…

တောင်ကြီးကနေထွက်တာနောက်ကျတော့ ကျွန်တော်တို့ ရွာရောက်ချိန်ကညနေပိုင်း(၅)နာရီလောက်ဖြစ်နေပါပြီ…

ခဏနား စမ်းရေအေးအေးလေးချိုးပြီး၊ ခေါင်ရည် နွေးနွေးလေးနဲ့ သူငယ်ချင်းအမေချက်ပေးတဲ့ ရှမ်းဆန်စေးစေးထမင်းနဲ့ ဝက်သားဟင်းကို ကျွန်တော်တစ်သက်မမေ့ပါဘူး…မောလဲမော ဆာလဲဆာဆိုတော့ တော်တော်စားဝင်သွားတယ်…

အသားငါးရှားတော့ အသီးအရွက်ချည်းနေ့တိုင်းစားနေရတဲ့မိသားစု၊ သားငယ်အိမ်အပြန်မှာ အသားဟင်းနဲ့ အတူပါလာသူသူငယ်ချင်းကျွန်တော့ ကို ကျွေးချင်တဲ့စိတ်နဲ့တစ်ပတ်လောက်ကြိုပြီး စီစဉ်ရတယ်လို့ သိရတော့…စိတ်မကောင်းဖြစ်မိသွားတယ်…

(၅)ရက်တစ်ဈေးကို သွားနိုင်ရင်သွား၊ မသွားနိုင်ရင် ရွာထဲမှာ ဝက်ပေါ်ပြီးရောင်းမှ အသားစားရတဲ့လူတွေပါ…

တစ်အိမ်အိမ်ကများ ဝက်ပေါ်လို့ကတော့ တစ်ရွာလုံးဝက်သားချည်းချက်ကြတာဗျ… အင်တာနက်ဆိုတာ ဘာမှန်းမသိ၊ တယ်လီဖုန်းဆိုတာမရှိပေမယ့်   စေတနာနဲ့ရိုးသားမှုကတော့ ပြည့်စုံပါတယ်ဗျာ….

နောက်ထူးခြားတာတစ်ခုက အိမ်က ခြေတံရှည်အိမ်… ၆ပေအမြင့်လောက်ရှိတယ်…

လှေကားက သေတပ်ထားတာမဟုတ်ပါဘူး…

၈လက်မခန့်ရှိတဲ့ သစ်သားလုံးကို အထစ်လေးတွေထွင်းပြီး ဝင်ပေါက်မှ ချိတ်တင်ရုံတင်ထားပါတယ်…

ညပိုင်း အိပ်ချိန်ကျမှ အဲဒီသစ်သားထွင်းလှေကားကို ကန်ချပြီး အိပ်ရပါတယ်…တံခါးသော့ခတ်စရာမလိုပါ…

မနက်မိုးလင်းရင်ဖြင့် အိမ်မှာရှိတဲ့လူတစ်ယောက်ယောက်က အိမ်အောက်ကိုခုန်ချ၊ ကန်ချထားတဲ့လှေကားကို ပြန်တပ်ပေးပြီး ကျန်တဲ့လူတွေဆင်းစေပါတယ်…အိမ်သော့ခတ်နီးတစ်မျိုးပေါ့…

အိမ်လေးအကြောင်းကိုဆက်ပြောပါမယ်…

တောင်ယာခုတ်ရင်းရတဲ့သစ်နဲ့ဆောက်ထားတဲ့ သစ်သားအိမ်၊ အမိုးကတော့ အင်ဖက်မိုးပေါ…ခြေတံရှည်အမျိုးအစားပါ…

အိမ်အောက်ခြေကို ဝါးနဲ့ရက်ထားတဲ့ ထရံကြဲကြီးပတ်ထားတယ်…

ညဘက်တုန်းက အသံကြားလို့ မေးတော့ သူငယ်ချင်းက တိရစာ္ဆန်တွေမွေးတာတဲ့…ရွာဓလေ့လို့လဲပြောသေးတယ်…

အခန်းဖွဲ့စည်းပုံကတော့…

လှေကားကနေတက်ရင် မီးဖိုချောင်ကိုအရင်ရောက်ပါတယ်…ပြီးမှ အလယ်လမ်းအတိုင်လျှောက်သွားရင် ဘယ်ညာ အိပ်ခန်း(၂)ခန်း၊ ပြီးတာနဲ့ နောက်ဘက်ကို ပေ၂ဝလောက်လျှောက်သွားမှ အိမ်သာကိုရောက်ပါတယ်…

ဧည့်ခန်းမရှိသလို မီးဖိုချောင်၊ ထမင်းစားခန်းနဲ့ ဧည့်ခန်းဟာ တစ်ခန်းထည်း အဆင်ပြေသလိုသုံးကြတာပေါ့…

ရေချိုးတာကတော့ တောင်ကျရေရှိတဲ့နေရာကိုသွားပြီး ရာသီဥတုအေးအေးမှာအပြေးလေးချိုးကြရတာပေါ့…

ညဘက်အိပ်တော့လဲ ကြမ်းကြားကြဲကြဲလေးက လေတိုးရင် အသဲခိုက်အောင်အေးပါတယ်…

ပြသနာက မိုးလင်းမှစတာပါ…

မနက်မိုးလင်းတော့ တောင်ယာခုတ်ကို သူငယ်ချင်းအဖေနဲ့အမေက မနက်အစောကြီးကတည်းကထွက်သွားပြီ

သူငယ်ချင်းကလဲ ကျွန်တော်စားဖို့ ရွာထဲကို ကြက်ဥသွားရှာတဲ့အချိန်…ကျွန်တော် အိပ်ယာနိုးလာပါတယ်…

ကျွန်တော့အကျင့်က အိပ်ယာနိုးတာနဲ့ မျက်နှာမသစ်သေးပဲ တန်းပြီး အိမ်သာထဲဝင်တတ်ပါတယ်…

အဲဒီတော့ ကျွန်တော်လဲ သူပြထားတဲ့ အိမ်သာထဲကို အသင့်ပါလာတဲ့ အိမ်သာသုံးစက္ကူလေးကိုင်ပြီးဝင်သွား…

အိမ်သာက ရေလောင်းအိမ်သာ…ဒါပေမယ့် အိမ်သာခွက်မရှိဘူး၊ ကြမ်းခင်းကိုအပေါက်ဖောက်ထားတာ…

အောက်မှာလဲ အညစ်အကျေးမရှိပဲ သန့်နေတယ်…အသစ်မို့ထင်ပါတယ်…

ကျွန်တော်လဲ စောင့်ကြောင့်ထိုင်ပြီး အားရပါးရစွန့်ထုတ်လိုက်ရော…

အောက်က..ဝုန်းဝုန်းဆိုတဲ့အသံကြားလို့ ငုံ့ကြည့်လိုက်တော့… အောက်က ကိုယ့်ကိုမော့ကြည့်နေတဲ့မျက်နှာတစ်ခု..

ဟိုက်…ဝက်တွေ…စုစုပေါင်း (၃)ကောင်…

ကျွန်တော့ စွန့်ပစ်ပစ္စည်းကို နတ်သုဒ္ဓါလို ဒင်းတို့က မျှော်နေကျတယ်…

သူတို့ကို မြင်လိုက်တော့…ကျွန်တော့်စိတ်က စွန့်ပစ်ဖို့ တွန့်သွားသလို…ထွက်ရမယ့်ကောင်ကလဲ မထွက်တော့ဘူး တင်းခံနေတယ်…

ထွက်ရမယ့်ကောင်က မထွက်၊ မထွက်တော့ အောက်ကကောင်တွေက ရှေ့လက်ကလေးမြှောက်ပြီး တောင်းခံ

သူတို့မြင်တော့ကိုယ်က ပိုမထွက်… နောက်ပြီးတော့ စိတ်မရှည်လို့ ခုန်ပြီးဟတ်လိုက်မှဖြင့် လူညွှန့်တုံးရချည်ရဲ့ဆိုပြီး

သန့်ရှင်းရေးမြန်မြန်လုပ် အိမ်သာမှထွက်ခဲ့ပါတယ်…နောက်တစ်နေ့ပြန်လာတဲ့အထိ အစားကိုလျော့စား၊ ဝမ်းကိုအောင့်ထားပြီး အိမ်ပြန်ရောက်မှပဲ…အားရပါးရ အပူအပင်ကင်းကင်း အိမ်သာတက်ခြင်းအမှုကို ပြုပါတော့တယ်…

မဆီမဆိုင်စဉ်းစားမိလိုက်တာက ရောက်ရောက်ခြင်းစားခဲ့တဲ့ ဝက်သားဟင်းကရော…အဲဒီအထဲက ဝက်မဖြစ်နိုင်ဘူးလားပေါ့….

အိမ်သာနှင့်ဝက်မြင်တိုင်း ကြောင်ဝတုတ်ကိုသတိရကြသည်…

 

ခင်တဲ့-

ကြောင်ဝတုတ်

၂၀၁၂၊ ဖေဖော်ဝါရီလ

31 comments

  • memeseku

    February 21, 2012 at 12:03 pm

    ခင်လို့ဝင်မန့်လိုက်ဦးမယ်နော်….ဘာမှမဆိုင်တဲ.အဖြစ်လေးပါ… အိမ်သာနဲ.တော.ပတ်သတ်တယ် ကျနော်ကျောင်းသာဘဝ(GTC frist year )တုန်းကပေါ့ တိုင်းရင်းသားကျေးရွာမှာသူငယ်ချင်းတွေနဲ.လျောက်လည်ကြတယ်ဗျာ ..အပေါ့သွားချင်တော.အိမ်သာရှာတယ်ပေါ့ဗျာ ခဏနေတော့အိမ်သာတွေ့တယ်..အိမ်သာကတဆောင်တည်း..သူများအိမ်သာလို ..ကျားမမရှိဘူး…ဒါနဲ.အိမ်သာစောင်.ဝန်ထမ်းလဲဘယ်ရောက်နေမှန်းမသိတော.ဝင်သွားပြီးပြန်ထွက်လာလို်က်တာ… အဝလဲရောက်ရော ..ကောင်မလေးသုံးယောက်ကကျနော့ကိုပြုံးပြီးကြည်.နေကြတယ်…အိမ်သာဝန်ထမ်းအန်တီကြီးပါပါတယ်… နောက်တော့မှဘေးကိုပတ်ကြည်.လိုက်တော. ကျားအိမ်သာကကပ်လျက်ဘေးမှာ… ဘေးကကြည်.ရင်လုံးဝကိုမမြင်ရတာပါ…. ကျနော်ဝင်သွားတာကဆေးပျက်ပြီးစာလုံးမပေါ်တဲ.မအိမ်သာဗျ….နောက်သိရတာက…အဒေါ်ကြီးကကျနော်ဝင်သွားတာ မြင်လိုက်တော့ကောင်မလေးတွေလိုက်မဝင်မိအောင်တားထားတာဆိုပဲ ရှက်လိုက်တာပြောမနေနဲ.တောဗျာ…အသာလေးလစ်ပြေးလာရတယ်…နောက်မှတ်သွားရောပဲ ….

  • စိန်ပေါက်ပေါက်

    February 21, 2012 at 12:18 pm

    ထွိန်..!
    များတော့ ဝက်သားငတ်တော့မယ်ထင်ပါ့..
    တိုက်တိုက်ဆိုင်ဆိုင် မိန်းမကို ဝက်တားချက်ခိုင်းထားတာ ဝက်ကြော်လေးဆွဲရမဲ့ချိန်ရောက်မှ
    ဒါကြီးဖတ်မိတာ..တေပါဘီတော့…တေဘာဘီတော့..ဟမငေး အရပ်ကဒို ့ရဲ့
    တော်တော်ဆိုးတဲ့ ကြောင်တုတ်ကြီး..အောင်မငီး

    စကားမစပ်
    ဟိုအပေါ်ကတစ်ယောက်က တမင်တကာ မှားဝင်တွားဒါဟုတ်ဘူးရားဟင် 🙄

  • Thel Nu Aye

    February 21, 2012 at 12:29 pm

    အိမ်သာဆိုလို့ကျွန်မဆရာတခါပြောဖူးတာသတိရသွားတယ်။ သူ့ရဲ့ Thesis အတွက်နာဂတောင်တန်းမှာ သွားလုပ်ရတယ်တဲ့။ ၁၉၈ဝ ပတ်ဝန်းကျင်လောက်ကပေါ့။ အင်မတန်ဗဟုသုတခေါင်းပါးနေချိန်ပေါ့။ ဆရာရောက်တော့အိမ်သာမရှိပါဘူး။ သူကအိမ်သာလုပ်သင့်ကြောင်းပြောတော့နာဂရွာလူကြီး က ဘာပြော လဲဆိုတော့ “ ဆရာရယ်။ -ျီးများဘာလို့လှောင်ထားမှာလဲ။ သူ့မှာလဲသူ့ဟာသူလွတ်လွတ် လပ်လပ်နေပါစေ။ မလှောင်ကောင်းပါဘူး“ လို့ပြောတယ်တဲ့။ -ျီးလွတ်လပ်ခွင့်ပေါ့လေ။ အဲဒါနဲ့ဘယ် သွားရမှာတုန်း ဆိုတော့ ရွာပြင်ထွက်။ ခြုံတွေမှပေါလို့လို့ပြောပြီး တတောင်လောက်ရှိတဲ့ ဝါးလုံး တိုလေးပေး လိုက်ပါတယ် တဲ့။ ဆရာကလဲမေးမနေတော့ပဲအရေးပေါ် အခြေအနေ ဆိုတော့ပြေး သွားပြီးလူလွတ်တဲ့ခြုံ ( ခြုံတွေမှာ ဆရာ့လို လူတွေရှိတယ်တဲ့ ) မှာဝင်ထိုင်လိုက်တယ် ဆိုရင် ပဲ ပြေးချလာလိုက်တာ သံစုံအော်ပြီးတော့တဲ့။ ဝက်တွေနဲ့ဘဲတွေ။ သူတို့ကလူထိုင်လိုက်တာ နဲ့သိတယ်တဲ့။ အဲဒါနဲ့ဆရာလဲသဘောပေါက်ပြီး ကပ်လာသမျှကောင်ဆော်သကွာဆိုပြီး ဝါးလုံးတိုနဲ့ကိတ်စ မပြီးခင် အရပ်လေး မျက်နှာလှည့်ဆော်နေရတာတဲ့။ နောက်မှမြန်မြန်ပြေးပြီးပြန် လှည့်ကြည့်လိုက်တော့ ပွဲတော်တည်နေကြဆိုပဲ။ နာဂတောင်တန်းပေါ်ကရွာကလေးတရွာပေါ့။ အခုတော့လဲအိမ်သာတွေ ဘာတွေနဲ့ ဖြစ်ကုန်ပြီတဲ့။

  • htoosan

    February 21, 2012 at 1:09 pm

    စိန်ပေါက်ပေါက် အီး တဗြန်းဗြန်းပန်းရာမှ ဓါတ်သက်လိုက်ကာ ယခု တစ်ပါတ် အိမ်သာ ဓါတ်ကျပါသည် ။
    အိမ်သာ အတွေ့အကြုံများ အမြန်ရေးကြလော့….
    ကျွုန်ပ်လည်း ခေတ်နောက်မကျစေရန် ပါဝင်ရေးသားရပါက ငယ်ငယ် ဘဝ နယ်မှ ဖိုးဖိုး ဖွားဖွား တို့၏ အိမ်သွားလည်ရာတွင် ခဏ ခဏ အိမ်သာ ဝင်ပါကြောင်း ။ အကြောင်းမှာ အိမ်သာမှာ ရေကန် ထဲတွင် ဆောက်ထားပြီး ရေထဲသို့ တိုက်ရိုက်ရောက်ကာ ရေထဲမှ ငါးများ (ငါးကျည်းဟုထင်ပါသည်)မှ ပလုံ ပလုံ အသံကြားသည် နှင့် ပြေးလာပြီး သုံးဆောင် သည် ကို အားပါးတရ ရူစားလိုသောကြောင့် ဗိုက် မနာသော်လည်း ထမင်းအိုးထဲမှ ထမင်းများ နိုက်နိုက်သွားပြီး အိမ်သာမှ ပစ်ချကာ ကုသိုလ်လုပ်မိသောကြောင့် ထမင်းစားချိန် ထမင်းများပျောက်နေသောကြောင့် ဖွားဖွားတို့ အတွက် အဖြေရှာမရသော ပုစ္ဆာ တစ်ပုဒ်ဖြစ်သွားပါကြောင်း ။ အနှီလျို့ဝှက်ချက်ကြီးအား ယခုမှ ဂေဇက်တွင် ဖွင့်ဟဝန်ခံရပါကြောင်း ။

  • Moe Z

    February 21, 2012 at 1:11 pm

    ပို့စ်ရော ကွန်မန့်တွေကိုရော ကျော်ပြီးမန့်သွားတယ်နော်
    နေ့လည်စာစားပြီးမှ ပြန်ဖတ်မယ် 😀

    • နှူးဘာဂိုဏ်းချုပ်

      February 21, 2012 at 1:39 pm

      ဒါရှို စားမြုံ့ပြန်မယ် လို့ ခေါ်ရမပေါ့နော် …
      😛

  • FattyCat

    February 21, 2012 at 1:14 pm

    သွားပြီ….
    ဝက်သားဟင်းနဲ့ ငါးကျည်းကျော် စိန်ပေါက်ပေါက် အိမ်ရောက်ရင်စားရမယ့်ဟင်း….
    ဟီးဟီး

  • Shwe Tike Soe

    February 21, 2012 at 1:24 pm

    အော် ဝက်သံသရာ ဆိုတာ ဒါပါလား.. ကိုကြောင်ဖက်က ဝက်သားစား မစင်ထုတ် ထုတ်တဲ့မစင် ဝက်ကပြန်စား စားတဲ့ဝက်ကို ကိုကြောင်ဖက်က ပြန်စား…….. အင်း တကယ်သေသေချာချာ ဆက်ဆက်တွေးကြည့်တော့ ကိုကြောင်ဖက်က…….. အင်းးးးးးးးးးးးးးးးးးးးးး ဟိဟိ 😀

  • water-melon

    February 21, 2012 at 1:31 pm

    တော်သေးတာပေါ့
    ဝက်က ခုန်ပြီး ဖွားဖက်တော်မကိုက်လို့
    ဒီနေ့က စပြီး ဝက်သားရှောင်ပြီ ဒုတ်ထိုးဘဲစားတော့မယ်
    ရွာထဲမှာ အိမ်သာ ပရော်ဖက်ဆာတွေပေါ်လာပြီ 😀

  • နွယ်ပင်

    February 21, 2012 at 1:38 pm

    ကိုကြောင်ဝတုတ်တို့ကတော့ ရေးလဲရေးတက်ပ
    ဖတ်ရင်းနဲ့ကို မျက်လုံးထဲ မြင်နေရလောက်အောင်ပါကိုပဲ
    ဒါနဲ့ဒီနေ့ ဟင်းဘူးထဲ ထည့်လာမိတာက ဝက်သားဟင်း
    တကယ်ပဲနော် ထမင်းမစားခင် ဒီပိုစ့်မှ အရင် ဝင်ဖတ်မိလေခြင်း ……….. 🙁

  • နှူးဘာဂိုဏ်းချုပ်

    February 21, 2012 at 1:44 pm

    ကိုကြောင်ဝတုတ် …ကိုထူးဆန်း နဲ့ ဖြစ်ရပ်ဆင်တူ ….ပြောပြမယ်ဗျ…
    အင်းလေးဖောင်တော်ဦး ဘုရားနားက အိမ်သာတွေလေဗျာ..
    အောက်မှာ ရွှေငါးလေးဒွေ ….

    အဲ့ မတူတဲ့အမြင် လက်ထွယ် သင်းကင်း နဲ့ မန့်ရရင်
    အနှီ ရေချို အလှမွေးငါးမျိုးစိတ် တွေကို ပိုပီးသုသေသန လုပ်သင့်တယ်ဗျ..
    မတိမ်ကော မပျောက်ကွယ်ခင်…

    ရေပုတ်သင်ကတော့ ထားပါတော့
    ရွှေစာရေး လို့ခေါ်တဲ့ မြန်မာ့မျိုးရင်း အလှမွေးငါးတော့ ယပက်လက် နဲ့ မလေးကို
    တင်ပို့တာ ကြားဖူးရဲ့ ….(သူတို့မျိုးရင်းလုပ်ပစ်လိုက်ရင် …ဘိုင်အို အင်ဂျင်နီယားရင်းနဲ့
    မျိုးသစ်တွေစပ် ပြီး ကမာ္ဘ့ဈေးကွက် ကိုဖြန့်လိုက်ရင်)
    သွားဘီဗျို့ …ကျုပ်တို့

    အော်.. …
    မာကတ်တာများ မကောင်းတာ …အိမ်သာတက်တာတောင် အကောင်ပလောင် ရောင်းစားဖို့
    အတွေးကဝင်တယ် …..တော်သေးဘီ

    ခင်တဲ့
    ဂီ

  • kotun winlatt

    February 21, 2012 at 1:52 pm

    အင်းးးးမန်းးးးဂေ..ဇက်မှာ …
    အိမ်သာဒွေခေတ်ထနေဘာလားးးဟယ်….
    အိမ်သာဆိုလို့ ဝင်ဖောလိုက်ဦးးးးးမယ်…
    ကျနော်တို့ ဘက်က ဂဒူးတစ်ယောက်
    စာသင်ကျောင်းကိစ္စနဲ့ ရန်ကုန်ရောက်ပီးး လူဂျီးးးတစ်ယောက်အိမ်မှာ
    တည်းရသတဲ့… မနက် အိမ်သာတက်တော့
    သူပြောလိုက်တဲ့ စကားးးက
    အာလားးးးလားးးး ခီများးးတို့ဆီက အိမ်သာက ကျုပ်တို့ အိမ်ဂ
    ဧည့်ခန်းထက်တောင် သာနေဘာလားးးဒဲ့ ခင်ဗျ….။

  • နှူးဘာဂိုဏ်းချုပ်

    February 21, 2012 at 1:57 pm

    ကျုပ်ကတော့ ဇိမ်ဖုံးဂျီးဆိုတော့ ဆူရှီဘဲ စားနေတော့…
    မစားဘူးပါဘူး …စိတ်ဝင်စားတဲ့ ရွာသူား ရှိရင်တော့ …
    ရွာပြန်လက်ဆောင် ဝယ်လာခဲ့ပါ့မယ် …

    😀
    http://www.dailytech.com/Japanese+Make+Delicious+Nourishing+Steaks+From+Human+Feces/article21932.htm

  • Khaing Khaing

    February 21, 2012 at 2:18 pm

    ဟီး ဟီး ရီရတယ် …. ရင်တွေတောင်တုန်သွားတယ် ကိုယ်လည်းအဲလိုဆိုရင်ဒုက္ခပဲ ကိုကြောင်ဖက်ရေ ထွက် ချင်တာကို မထွက်အောင်ထိန်းထားတာ တော်တော်သတ္တိကောင်းတာပဲ တောတစ်တောတောထဲကိုဝင်တိုးပေ့ါ နောက်တစ်ခုက ကိုကြောင်ဖက်လုံးဝမလုပ်ခဲ့ဖူးဆိုတာမယုံဘူး အဲလောက်ထိအကြာကြီးအောင့်ထားရင် လမ်းမှာပဲ ဗုံးကွဲနိုင်တယ်….

  • thuyazaw21451

    February 21, 2012 at 2:33 pm

    ဟဲ့ ကြောင်ဖက် နင် ဒါဆို အီးတန်းလန်းကြီးနဲ့ အိမ်ပြန်တာပေါ့ ဟုတ်ရား……….. နင် ဝက်သားကျတော့ စားပီးတော့…….. ဝကိုကျတော့ ပြန်မကျွေးဘူး……….လူဆိုး……..အို ဘာတဲ့ ဒဿ…….ကျွန်မဖင်စိပ်တာဘယ်သူတဲ့လဲကျွန်မဖင်စိပ်တာဘယ်သူတဲ့လဲ…… ကြောင်ဖက် ကြောင်ဖက်

  • MaMa

    February 21, 2012 at 2:51 pm

    အိမ်သာနဲ့ မဆိုင်တဲ့ အိမ်တံခါး သော့ခတ်နည်းကို စိတ်ဝင်စားလို့ မေးကြည့်ရဦးမယ်။
    လှေကားကို ကန်ချတာလား၊ ဒါမှ မဟုတ် လှေကားကို ဆွဲတင်ထားတာလား။
    ငယ်ငယ်က တောက ကရင်ရွာတွေကို သွားလည်ဖူးတယ်။
    အဲဒီလိုပဲ လှေကားအရှင်တွေနဲ့။ ညအိပ်ရင် လှေကားကို ဆွဲတင်ထားလိုက်ကြတယ်။
    လှေကားကို ကန်ချထားတာဆိုရင် အပြင်လူက ကိုယ့်အိမ်ကို ဝင်ဖို့ လွယ်ပြီး၊
    ကိုယ်က အပြင်ထွက်ဖို့ ပိုခက်နေမှာပေ့ါ။

  • etone

    February 21, 2012 at 2:52 pm

    ကိုကြောင်ဖက်ရဲ့ … အတွေ့ကြုံကို .. ဝါးလုံးကွဲ ရယ်မိပါတယ် … ။ တော်သေးတယ် ..ဒီကိုယ်လုံးနဲ့ .. အိမ်သာ မကျိုးတာပဲ … 😆

    ဝက်တွေ .. အဲ့ဒါစားတာတော့ သိတယ် … အဲ့ဒီလိုကြီးတော့ မကြုံဖူးဘူး .. သို့သော် .. ရွာဘက်မှာ ဆိုလောက်တွေပါ တွေ့ဖူးတယ် .. အဲ့ဒါတွေ မြင်ရလျှင် အန်ချင်တယ် .. တစ်နေ့လုံးဘာမှ စားလို့ မရဘူး … ။

  • FattyCat

    February 21, 2012 at 2:57 pm

    မမရေ-
    လှေကားက ကန်ချတာပါ…
    မနက်ကျမှ တစ်ယောက်က ခုန်ဆင်းပြီးတော့ ပြန်ထောင်ပေးတာလေ…
    ၆ပေလောက်မြင့်တာ..ဘာမှမထူးဘူး ခုန်ချလို့ရတယ်…

    • etone

      February 21, 2012 at 3:10 pm

      လွင်မိုး ခရီးသွားနေသည် အစီစဉ်မှာ ကြည့်ရတုန်းကတော့..လှေခါးကိုအပေါ်ကို ဆွဲတင်ထားရတာ … ညဘက် အဲ့လို အိပ်ပါသတဲ့ .. နောက်ပြီး .. စပါးကျီရဲ့ ထောက်တိုင်ကိုသံပုံးစွပ်ထားတယ် .. ပိုးမွှားတဲ့ လာလျှင် … အဲ့ဒီပုံးထဲဝင်သွားပြီး အိမ်ပေါ် အလွယ်တကူမတက်နိုင်အောင်တဲ့ … ။ 😛

  • ဆူး

    February 21, 2012 at 3:23 pm

    ကြောင်ဝတုတ် း ဝက်သား ချား
    ဝက် း ကြောင်ဝတုတ် အီးအီး ချား
    ဝက် း ကြောင်ဝတုတ်
    ကြောင်ဝတုတ် အီးအီး ချား း ဝက်သား ချား

    အဲ ချုပ်ကုန်ပြီ။ ဘယ်လို ဖြစ်တာလဲ မသိဘူး.. သချာင်္ မတွက်တာ ကြာတော့ အချိုး မချ တတ်တော့ဘူး

  • memeseku

    February 21, 2012 at 4:50 pm

    စိန်မျောက်မျောက်…. နင်တော့နာတော့မယ်… မှားဝင်စရာလား … မိရင်အသတ်ခံရနို်င်တယ်.. ဒါနို်င်ငံတော်ပုန်ကန်မှူထက်အပြစ်ကြီးတယ်… နောက်စရာလား…

  • မိုက်ကယ်ဂျော်နီငပွ

    February 21, 2012 at 6:36 pm

    အင်းးးးးး
    ခင်ဗျားတို့ပြောတာတွေကိုနားထောင်ပြီး ဒီရွာထဲ ကျုပ်တစ်ယောက်ထဲ တောသားစစ်ပုံရတယ်
    ကြံဖန်ပြီးဂုဏ်ယူတယ်ဗျာ 😀
    ကျုပ်ခပ်ငယ်ငယ်အရွယ်ကတော့ အိမ်ဘေးဝါးရုံအောက်မှာ ဒီလိုဘဲ ချီးထိုင်းပါတာဘဲ
    ကျုပ်မှတ်မိသလောက်ကတော့ ကျုပ်ချီးထိုင်ပါနေရင် ကျုပ်အနောက်ကနေ
    ကျုပ်ပါတဲ့ချီးစားတာ ကျုပ်အိမ်ကခွေးဘဲ
    ကျုပ်တို့ရွာကခွေးတွေက ချီးမစားရရင်ခေါင်းကိုက်တတ်တယ်လို့ပြောကြတာဘဲ
    ခွေးတွေက ချီးခပ်ပျော့ပျော့လေးကိုကြိုက်တယ်ဗျ
    မာနေရင် သူလည်း ဝက်အူချောင်းကြီးကိုက်ရသလို မနိမ့်ဘူးဗျ
    ချီးပျော့နေရင်တော့ ပလပ်ပလပ်နဲ့ အတော်ကလေးမြိန်ရှာတယ်
    တစ်ခါတစ်လေခွေးမစားရင်လည်း ကြက်တွေစားတာဘဲ
    ကြက်တွေမစားရင်လည်း ချီးပုံက လောက်ထိုးပြီး သပိတ်လွယ်ငှက်လို့ခေါ်တဲ့ ငှက်တစ်မျိုးက
    အဲ့သည်ချီးပုံထဲက ပိုးတွေကိုစားတာဘဲ
    ချီးသံသယာကိုပြောရရင်တော့ ရှည်သပေါ့ဗျာ
    နည်းနည်းလေး ထုတ်နှုတ်ပြရရင်တော့ 😀 ကြက်နာကျလို့သေတဲ့ကြက်တွေကို ချက်စားပြီးချီးပါ
    အဲ့သည်ချီးကို ကြက်ကပြန်စား ကြက်နာကူးတယ်ဗျ
    နောက်အရွယ်ကလေး ရလာတော့ အိမ်နောက်လယ်ကွင်းစပ်သွားရတာပေါ့ဗျာ
    အဲ့သည်လယ်ကွင်းစပ် တောထဲမှာပါတဲ့ချီးတွေကတော့ ခွေးတွေရော ဝက်တွေရော ကြက်တွေရော
    ငှက်တွေရော အိုဗျာ စုံလိုက်သမှ ရှည်လိုက်တဲ့ ချီးသံသယာ
    ဒါ က ကော်မန့်ဖြစ်လို့ အကျဉ်းချုပ်လိုက်တာ
    စိတ်ရှိလက်ရှိ စာဖွဲ့ပြလိုက်ရရင် ရွာရောက်တိုင်း ချီးပါခြင်တယ်ဖြစ်သွားမယ်

    • Harumoto

      February 21, 2012 at 9:44 pm

      ကျုပ်ငယ်ငယ်ကတော့ ခွေးက ထွက်ပီးတာစားရုံမကဘူး
      မထွက်သေးထာကိုပါ လှမ်းလှမ်းလျှက်လို့ ခဏခဏ
      ထပြေးရဘူးတာ မှတ်မိသေးတယ်။ း)

      • မိုက်ကယ်ဂျော်နီငပွ

        February 21, 2012 at 10:57 pm

        ဟုတ်တယ်ဗျ
        တစ်ခါတစ်လေ နှစ်ကောင်ဆုံလို့
        ဖိုက်တင်ချကြတဲ့အခါလည်း ရှိသဗျ

  • ယနေ့မှစ၍ ကျွန်ုပ်သည် ချက်ထားသော ဝက်သားဟင်းအား စားသုံးခြင်းကို ပါဏုပေတံ ရာသက်ပန် စွန့်လွှတ်လိုက်ပါ၏ … ။
    ကျွန်ုပ်အား သာဓုခေါ်မည့်သူများ အနေဖြင့် ကိုကြောင်ဝတုတ်ကိုသာလျှင် သာဓုခေါ်ကြပါကုန် … ။
    သာဓု သာဓု သာဓု … ကျွန်ုပ်မှ ကိုကြောင်ဝတုတ်အား ပထမဆုံး သာဓုခေါ်သွားပါ၏ … 😀 😀

  • pooch

    February 21, 2012 at 8:04 pm

    တော်ပြီ ဝက်သားရော ကြက်သားရော ငါးရော မစားတော့ဘူး ။ 😆
    ဝက်သားဒုတ်ထိုးကိုလည်း ရာသက်ပန်စွန့်လွှတ်လိုက်တော့မယ်။

  • ဦးဦးပါလေရာ

    February 22, 2012 at 1:05 am

    အဲတာကို ဂျပန်ကတောင် ပဲပုပ်ခြောက်လိုလုပ်ပြီး စားဘို့တီထွင်တယ်မဟုတ်လား။
    တွေးကြည့်ရင် ရွံစရာကောင်းပေမယ့်
    တကယ်လက်တွေ့မှာတော့ အစာသံသရာဆိုတာ ဒီလိုလည်ပတ်တာပါပဲ။
    ကုလား၊တရုတ်၊ဂျပန်တွေ အရင်ခေတ်တုန်းက အီအီးတွေကို ဒီအတိုင်းမစွန့်ပစ်ဘူး
    ကျင်းထဲမှာအပုပ်ခံထားပြီး (ဘက်တီးရီးယားတွေရဲ့ချေဖျက်တာခံထားပြီး)
    ဟင်းသီးဟင်းရွက်စိုက်ခင်းတွေကို ခပ်လောင်းတယ်။
    ပြီးတော့ အဲဒီဟင်းသီးဟင်းရွက်တွေကို ရေဆေးပြီး ပြန်စားတာပါပဲ။

    ကျုပ်ကိုယ်တိုင်လဲ ပဲခူးတိုင်းထဲက (ဝေးဝေးလံလံမဟုတ်) ရွာတရွာမှာ
    ကိုကြောင်ဝတုတ်လိုပဲ ကြုံဘူးတယ်။
    ကွာတာက ကျုပ်ဝင်ရတဲ့အိမ်သာက ၂ ပေလောက်ပဲ (ဝက်အရပ်လွတ်ရုံ)မြင့်တယ်။
    ကမန်းကတန်းထွက်ပြေးရတာပေါ့ …..

  • Khin Latt

    February 22, 2012 at 4:58 am

    ကြောင်ဝရယ်
    ဟိုတစ်ခါ ရဟတ်ယာဉ် ပေါ်က ကျသလို အောက်ကို ကျ သွားရင်တော့။
    တောမှာ တိရိစ္ဆ္ဆာန် တွေ အတွက် “အစာ ဘီးဇနက်” ကို စဉ်းစားရင်တော့ ဒီရွာထဲ က သူငယ်လေး စိန်ပေါက် အတော်အလုပ်ဖြစ်မယ်။
    ဟိုပြေး ၊ ဒီပြေး နဲ့ ခမျာ နားရမယ်တောင် မထင်ဘူး။
    ဘီလီယံနာ ဖြစ်လမ်း မြင်တယ်။

    မမ ပြောသလို ဘဲ အရီး လဲ စဉ်းစားမိတယ်။
    လှေခါးက အောက်မှာ ထားတော့ အောက်က သူခိုး က အဲဒီ လှေခါးကို အလွယ်ယူသုံးပြီး တက်လာမှာပေါ့ဟယ်။
    ဟုတ်ရဲ့ လား။ နဲနဲလေးပြန်ရီကော လုပ်ကြည့်ပါဦး။ 😉

    • Thel Nu Aye

      February 22, 2012 at 8:42 am

      အရီးလတ်ရဲ့အရင်တုန်းက ရှမ်းရွာတွေမှာသူခိုးမရှိဘူးသိလား။ အံ့ဩဖို့ကောင်းတယ်။ အပြင် သွားရင်သော့ခတ်ဖို့မလိုဘူး။ တံခါးလေးစေ့ရုံစေ့ထားခဲ့လို့ရတယ်။ ခရီးသွားရင်လဲမွေး ထား တဲ့ဘဲတွေကြက်တွေကိုအိမ်နားကမွေးပေးထားတာပြန်လာရင်အကောင်တောင်တိုးနေသေးတယ်။ ရှမ်းတွေကသူတိုရဲ့ရိုးသားမှု့ကိုတော်တော်ဂုဏ်ယူတာ။ ရှမ်းထမင်းဆိုင်တွေဆိုလဲပုံစားတွေဆိုရင် ဟင်းတွေကြိုက်တာထဲ့ယူသွား၊ စားချင်တဲ့နေရာမှာသွားစား၊ ပြီးရင်ပန်းကန်နဲ့ပိုက်ဆံသေသေ ချာချာပြန်လာပေးတယ်။ ကျွန်မတို့အောက်ပြည်ဆိုရင်တော့ပြေးပြီပေါ့ရှင်။ သူတို့ရဲ့ဂုဏ်တမျိုးပေါ့။

Leave a Reply