ဒီနေ့ ကလိ မိသမျှ

ကျနော်က အင်တာနက်ပေါ်မှာ ကလိနေရတာကို အလွန် ဝါသနာပါတဲ့ လူတစ်ယောက်ပါ။ ဒီနေ့လည်း ကျနော် ပို့စ်တင်မယ်လုပ်ရင်းနဲ့ ပို့စ် Editor ကို ကလိနေမိတယ်။ အဲဒီမှာတင် ကျနော် ကလိမိတာတွေကို ပို့စ်အဖြစ် တင်လိုက်မယ် ဆိုပြီး အခု ပို့စ်လေးကို တင်လိုက်ပါတယ်။ ဒီနေ့ ကျနော် ကလိ မိသမျှ ကတော့ ……………

ပထမဆုံး Gazette မှာ Login ဝင်လိုက်တယ်။ ဒီတော့ Dashboard ကို ရောက်သွားတာပေါ့။ ပို့စ် အသစ်တင်မယ် ဆိုတော့ Posts ခေါင်းစဉ်အောက်က Add New ကို နှိပ်လိုက်တယ်။

ဒါကတော့ Login ဝင်လိုက်ရင် ပေါ်လာမယ့် Admin Dashboard ပါ
ပို့စ် အသစ်တင်မယ်ဆိုရင် ဒီနေရာတွေကို နှိပ်ရမှာပါ

ပေါ်လာပါပြီ။ ရိုးရိုးလေးပါပဲ။ အပေါ်က Box ထဲကို ခေါင်းစဉ် ရိုက်ထည့်တယ်။ နောက်တော့ အောက်က Box ကြီးထဲမှာ ပေါက်ကရစာတွေ ရေးတယ်။ အဲဒီမှာ ကိုယ့်စာကို Style လေး ထည့်ချင်တာနဲ့ အပေါ်က icon တွေကို ကြည့်မိတယ်။ အဲဒီမှာ အဲဒီ icon လေးတွေရဲ့ အသုံးပြုမှုကို ကလိချင်မိသွားခဲ့တယ်။ ဒါနဲ့ icon လေးတွေကို တစ်ခုချင်း လျောက်ပြီး ကလိတယ် ပေါ့ဗျာ။ ဟောဒီမှာ ပုံလေးတွေနဲ့ လုပ်ထားပါတယ်။

ဒါကတော့ ခေါင်းစဉ် ထည့်ရမယ့် နေရာနဲ့ စာကိုယ် ထည့်ရမယ့် နေရာတွေပါ
ဒါကတော့ ပထမ icon လေး သုံးခုနဲ့ အသုံးဝင်ပုံတွေပါ။ အဲ ... စာကို select မှတ်ပြီးမှ အဲဒီ icon (သို့) button လေးတွေကို နှိပ်ရမှာနော်။
ဒါကတော့ ဒုတိယ သုံးခုကို ကလိကြည့်မိတာ ... ။
ဒါလေး သုံးခုကတော့ စာတွေကို ဟိုဘက်ပို့၊ ဒီဘက်ပို့ လုပ်တဲ့အခါ အသုံးဝင်တယ်။ Microsoft Word လိုပေါ့။
Link တွေ ထည့်ချင်တဲ့အခါ၊ ဖြုတ်ချင်တဲ့အခါ ဒီနှစ်ခုကို သတိရပါ။
ဒါလေးတွေကတော့ ဒီလိုပါ။
စာလုံး အကြီး၊ အသေးနဲ့ စတိုင်ပုံစံလေးတွေ။
စာလုံးလေးတွေကို မျဉ်းတားချင်ရင်၊ အရောင်ခြယ်ချင်ရင် ဒါလေးတွေကို သုံးနိုင်ပါတယ်။
ဒါကတော့ စာတွေကို copy ယူပြီး paste ချတဲ့နေရာမှာ သုံးနိုင်ပါတယ်။
ဒါကိုတော့ စာချည်းသက်သက် copy ယူတာ မဟုတ်တော့ဘူး၊ သူက Link တွေရော စာလုံးရဲ့ စတိုင်တွေကိုပါ တစ်ပါတည်း ပါတယ်။
ဒီနှစ်ခုကိုတော့ စာရဲ့ စတိုင်တွေကို ပြန်ဖျက်ဖို့နဲ့၊ Special Character လေးတွေ ထည့်ချင်တဲ့အခါ သုံးနိုင်ပါတယ်။
စာတွေကို Indent တွန်းဖို့အတွက်၊ Undo ပြန်လုပ်ဖို့အတွက် ဒါလေးတွေကို သုံးပါတယ်။ နောက်ဆုံးက Help ထဲမှာတော့ Hot Keys တနည်းအားဖြင့် Short Keys တွေ ရှိတယ်။
ပုံလေးတွေ တင်ချင်တဲ့အခါ ဒါလေးကို သုံးပါ။
ဒါကတော့ ကွန်ပျူတာထဲက ပုံတွေကို တင်ချင်ရင် ပုံထည့်ရမယ့် နေရာလေးပါ။
အင်တာနက်ပေါ်မှာ ရှိပြီးသား ပုံတွေကို တင်ချင်ရင်တော့ ဒီလိုလေးတင်ပါ။
ဒါကတော့ ကျနော်တို့ ဂေဇက်မှာ ရှိပြီးသား ပုံတွေကို တင်ချင်တဲ့အခါ သုံးနိုင်ပါတယ်။
ဒါကတော့ ပုံလေးတွေ upload ပြီးသွားရင် ပေါ်လာတဲ့အခါ ပြောင်းနိုင်တာလေးတွေပါ။

 

*ဖြည့်စွက် ……

_______________________________________________

ကိုယ် ထည့်ထားတဲ့ပုံပေါ်ကို ကလစ်နှိပ်လိုက်ရင် icon လေး နှစ်ခု ပေါ်လာတယ်။ ဘယ်ဘက်က ပုံရဲ့ ဆိုက်တွေဘာတွေကို ပြင်ဖို့၊ ညာဘက်က ပုံကို ပြန်ဖျက်ဖို့

 

ဒါက ပုံကို ပြင်တဲ့ icon လေးကို နှိပ်လိုက်ရင် ပေါ်လာမယ့်ပုံ၊ ဒီနေရာမှာ ပုံတွေကို ဆိုက် ပြန်ပြောင်းနိုင်တယ်
Admin Page (Dashboard) ထဲက All Posts ထဲမှာရှိတဲ့ ပို့စ် ခေါင်းစဉ်တစ်ခုခုပေါ်ကို mouse လေး တင်လိုက်တာနဲ့ ဟောဒီလိုလေးတွေ ပေါ်လာခဲ့ရင် အဲဒီလိုပဲလို့ မှတ်ပါ 😀
Post က ပျောက်မသွားဘဲ Publish နေရာမှာ Update လို့ ပေါ်နေခဲ့ရင် ဟောဒီလို မှတ်ပါ

_______________________________________________

ဒါတွေကတော့ ဒီနေ့ ကျနော် ကလိ မိသမျှပါ။ အဟဲ … စာရေးရမှာ ပျင်းလို့ ပုံတွေအားကိုးနဲ့ပဲ ချဲလိုက်ပါတယ်နော် ….. ။

အားလုံးကို ကျေးဇူးတင်ပါတယ် … ။

ခင်မင်စွာဖြင့်
အံစာတုံး

72 comments

  • Diamond Key

    February 22, 2012 at 2:53 pm

    စတင်အသုံးပြုသူတွေအတွက် အလွန်အကျိုးရှိတဲ့ လေ့လာစရာ ပို့စ်ပါဗျာ။ ကျွန်တော်တို့ ရွာထဲစဝင်တုန်းကဆို Test တွေလျှောက်လုပ်လိုက်ရတာ။ 😀

  • စိန်ပေါက်ပေါက်

    February 22, 2012 at 2:57 pm

    ဟိုက်စ်..
    ဂွတ်သဟ..ရှယ်ဘဲ..ဆလန်ပဲ..အနုစိတ်ရှင်းပြထားတာ..

    များလဲ ပို ့စ် မတင်တာကြာလို ့ မေ့တောင်မေ့နေပြီ.
    မသိတာတွေများကြီးမိုလို ့ နင့်ဟာလေး Bookmark လုပ်ထားဦးမှ…
    ကောင်းလေစွတဂါး…
    ဘဲထီးတိုင်းကျူး

  • နှူးဘာဂိုဏ်းချုပ်

    February 22, 2012 at 2:59 pm

    အဲဗား စတစ်ကီ တင်ထားရမယ့် နောက်ထပ် ပိုစ့်တခုပါဗျို့…
    အားပေးသွားပါသည် …..။

    ခင်တဲ့ဂီ

  • Harumoto

    February 22, 2012 at 3:15 pm

    ကျွန်တော်မသိသေးတာ အတော်များများ သိလိုက်ရပါတယ်။
    ကျေးဇူး တင်ပါတယ်ခင်ဗျား။
    video file တွေကော တင်လို့ ရပါသလားခင်ဗျား။

  • water-melon

    February 22, 2012 at 3:23 pm

    ကျေးဇူး မကြီအံရေ
    နောက်လည်း အိုင်တီနဲ့ပက်သက်တာတွေတင်ပေးပါအုန်း
    ရေတီတော့မတင်နဲ့ကြောက်လို့
    print လုပ်ပြီးယူသွားတယ်ရှင့်။

    • စိန်ပေါက်ပေါက်

      February 22, 2012 at 3:25 pm

      မုန် ့တီတော့ တင်ပါစေဟဲ့
      မုန် ့တီက နှာကိုပွင့်စေသတဲ့

      • တိန် …
        မုန့်တီတော့ တင်မလားဟဲ့ …
        မုန့်တီဆို နာ့ဟာနာ စားမှာပေါ့ …
        အဲ … ပိုက်ပိုက်နဲ့တော့ ရောင်းတယ်ဟဲ့ …
        တစ်ပွဲ .. ၅၀ဝ ရှယ်မုန့်တီ … 😀

  • mg mg

    February 22, 2012 at 3:23 pm

    အဲဒီအကြောင်းအရာတွေကိုသိချင်တာ(ယားနေတာပဲ)၊အယားပျောက်လို့ ကျေးဇူးဥပကာရပါ။

  • ကိုစိန်သော့ – ကျနော်လည်း လျောက်ကလိနေတာဗျ၊ အဲ … ယောင်ပြီးတော့ publish ကို မနှိပ်မိအောင် သတိနဲ့ ကလိလိုက်ရဗျာ။

    စိန်ပေါက်ပေါက် – နင်က နာ့ဟာလေး ဆိုတာ ဘာကို ကြောတာတုံး၊ ဟင်း .. ရှင်းရှင်းပြောနော် .. 😀

    နျူးဘာဂိုဏ်းချုပ် – ကိုဂီရေ … ကျေးဇူးပါ လို့ပဲ ပြောလိုက်ပါတယ်နော့ …

    Harumoto – Video file ကတော့ တင်လို့ ရပါတယ်ဗျာ … ။ သဂျီးကိုတော့ အရင် မေးဦးဗျ … ။ ဗျို့ … သဂျီး .. ။ ဒီမှာ Harumoto က video file တွေရော တင်လို့ ရလားတဲ့ … 😀

    water-melon – ကောင်မ လုပ်ပြီး ယူသွားတယ်ဆိုတာ ယောက်ျားစကားအေ့ … ။ ညည်းက .. ပြောတော့ဘူးအေ .. ။

    mgmg – နောက်တစ်ခါ ခွေးလီးယားသီး မကိုင်မိစေနဲ့နော် … ။ ယားတတ်တယ်ကွဲ့ … 😀

  • winkyawaung

    February 22, 2012 at 4:06 pm

    ကျွန်တော်စသုံးလဲ မတတ်ဘူး။ ယခုလဲ မကျွမ်းကျင်သေးပါဘူး။ ပညာယူထားလိုက်ပါတယ်နော်။

    • ဟုတ်ကဲ့ … ကိုဝင်းကျော်ရေ …
      ကျနော် ကလိမိတာတွေကို ဝေမျှတာပါ …
      ခင်ဗျားလည်း ကလိကြည့်ပေါ့ဗျာ …
      အဲ … တစ်ခုခုဖြစ်ရင်တော့ ကျနော်ကတော့ သိဝူးနော် …
      သို့ပေသိ ကိစ္စရှိပါဘူး … ။ သဂျီး တိုင်တည်လိုက်ပေါ့ … 😀

  • kyeemite

    February 22, 2012 at 4:26 pm

    ကောင်မ..ဒီလိုတော့လဲအတော်သားဂလား…ကျေးဇူးပါ အံဇာမရေ့..များလဲ မိစိန်ပေါက်လို
    နင့်ဟာလေး Bookmark လုပ်ထားဦးမှ…

    • ဘုတ်မက် ဆိုတော့ စုပ်ကပ် …
      နာ့ဟာလေး ဘုတ်မက် လုပ်ထားမယ် ဆိုတော့ … ဟီဟိ
      ကြောတော့ဘူးနော် … မိကြီးမိုက် ..
      😀

  • ဆူး

    February 22, 2012 at 5:16 pm

    စိတ်ရှည်ရှည်နဲ့ လုပ်ပေးထားတာပဲ.. ချီးကျူးပါတယ်။

    • မမဆူးရေ …
      ကျနော့်ခေါင်း မိုးကောင်းကင်နဲ့ ပြေးဆောင့်မိသွားသလားပဲ …
      မမဆူးက ချီးကျူးပါတယ်ဆိုလို့လေ … 😀
      ကျေးဇူးပါ …

  • nozomi

    February 22, 2012 at 6:00 pm

    ကျေးဇူးတော့ တင်ပါတယ် ဗျာ ဒါပေမဲ့ အပြည့်မတင်နိုင်သေးဘူး
    ပုံတွေက ဘယ်နှစ်ပုံ တင်ထားလဲ မသိဘူး တစ်ပုံပဲ မြင်ရတယ်
    နောက်လဲ ဒါမျိုးလေးတွေ ဆက်တင်ပေးပါဦး

    ဒီနေ့ ကျွန်တော့ ပို့စ် မှာဗျာ ပုံလေး တစ်ပုံ ထည့်ချင်တာ Insert/upload ဆိုတာ နှိပ်လို့ကို လုံးဝ မရဘူး
    ဘယ်လို လုပ်ရမလဲ သိသူများ ပြောပေးကြပါဦး
    အခက်အခဲ ရှိလို့ သူကြီး ဆီ လှမ်းအကူအညီတောင်းတာ
    မိန်းမခိုင်းတာတွေ လုပ်နေရလို့ထင်တယ် ဖြတ်ပိုင်းပြန်မလာဘူးဖြစ်နေတယ်
    ဒီသူကြီး တော့ ဒီဘဝ နေနှင့်ဦးပေါ့ ဗျာ
    နောက်ဘဝ ကြမှ ယောက္ခမတော်ပြီး နှိပ်စက်ပစ်လိုက်ဦးမယ်

    • ကိုနိုဇိုမီရေ …
      ကျုပ်တို့ သဂျီးကို ယောင်လို့များ ယောက္ခမ တော်လို့ စိတ်မကူးလေနဲ့ဗျို့ …
      သဂျီးတူမ ယူမယ် တကဲကဲလုပ်နေတဲ့ ပေါက်ဖော်တောင် အခု … ဟိုဒင်းဟိုဟာ ဖြစ်သွားပြီဗျို့ … (ဒီစာသား ပေါက်ဖော် မမြင်ပါစေနဲ့ဗျား … 😀 )
      __________
      ကျနော် တင်ထားတဲ့ ပုံတွေထဲမှာ ပို့စ်ထဲ ပုံထည့်တဲ့ ပုံလေးလည်း ပါတယ် ခင်ဗျ။
      ပုံတွေတောင် အကုန်မမြင်ရလောက်အောင် ကွန်မကောင်းရင်တော့ ပုံမတင်နဲ့ဗျို့ ….. ။ Loading ကနေ ရှေ့ဆက်တက်မှာကို ဟုတ်ဘူးဗျ။

  • ချာလီဂဇက်ဒလဝမ်

    February 22, 2012 at 6:04 pm

    အခုမှ အားလုံးရှင်းသွားတော့တယ် ကလိချက်က တန်ဖိုးရှိပါပေ့ ။
    သများတို့လို ဟိုမရောက် ဒီမရောက် အသုံးမတည့်သူ အဖို့ တန်ဖိုးကြီးပါပေ့။
    ကျေးချူး တင်ပါလယ်ချင့် ။

    • သများကလည်း ကျေးချူး ပြန်တင်ပါလယ်ချင့် … ။
      သများရဲ့ ပို့စ်ကြောင့် အကျိုးရှိမယ်ဆိုရင် အများကြီး ဝမ်းသာပါလယ်ချင့် … ။
      😀

    • လေးပေါက်က ကလိ ဆိုလို့ ကလိမှာနော် …
      ပြီးမှ အပြစ်မတင်နဲ့နော် … 😀
      နောက်ပီး ….
      ပေါက်ဖော်တို့၊ ဗြဲသီးတို့ ၊ ကြီးမိုက်တို့ရဲ့ . နှာခေါင်းတွေ၊ နားတွေ .. စတဲ့စတဲ့ အပေါက်တွေကို ကလိဖို့ လည်း ကျန်သေးသလားလို့ဗျို့ …. 😀

    • ကိုနာဂရေ …
      ကျနော် တစ်မနက်လုံး ကလိထားရသမျှ ကိုနာဂတို့အတွက် လက်ဆောင် ဆိုတော့ ကျနော်လည်း အများကြီး ဝမ်းသာရပါတယ်ဗျာ … ။
      ကျေးဇူးပါ … ။

  • windtalker

    February 22, 2012 at 8:34 pm

    ဘိုတုံး ကောင်းမှု နဲ ့မှ အခုမှဘဲ သေချာသိရသဗျာ ။
    လုပ်တော့ လိုက်မလုပ်တော့ပါဘူးဗျာ ။
    ကျုပ် က လှေသူကြီး ရိုးရိုးထိုး မျိုးကလား

  • Thel Nu Aye

    February 22, 2012 at 8:45 pm

    မမအံရေကျေးဇူးကြီးပါပေ့။ အားလုံးသိသွားပြီ။ အခုတော့သိပြီမင်းကိုကိုယ်——————။

    ကျေးဇူးတင်သည်လို့ပြောမလို့ပါ။

  • pu ma

    February 22, 2012 at 8:55 pm

    ကျေးဇူးတင်ပါတယ်တီတီအံ့
    အမြဲတင်ထားပေးဖို့သူကြီးကိုပြောပါ
    တို့တွေကအခုမှအသစ်ဆိုတော့မမှတ်မိသေးဘူးတော့

  • Khin Latt

    February 23, 2012 at 3:17 am

    သိချင်တာတွေရော၊ မသိသေးတာတွေရော သိလိုက်ရလို့ ကြိုးစားအားထုတ်ပြီး မျှဝေတာလေးကို ဆလုရိုက် သွားပါတယ်။
    ကျေးဇူးလဲ အများကြီးကို တကယ်ကြီးကို တင်ပါတယ်။

  • ba gyi

    February 23, 2012 at 12:29 pm

    ကိုအံစာတုံးကြီး၊စေတနာပါပါ့ဗျား၊
    ကလိတတ်တဲ့ဝါသနာမသေးသကိုး၊
    ဒါကြောင့်လည်းနှံ့စပ်တာနေမှာ
    ကျေးဇူးဗျာ ကျနော်လည်းစုံအောင် မကလိဘူးသေးတော့၊ ခူးပြီးခပ်ပြီးရတွားဘီ။

  • etone

    February 23, 2012 at 2:51 pm

    ကိုအန်စာတုံးရေ .. အကျိုးပြုစာလေးပါပဲ .. .တစ်ချို့ command တွေက ကိုယ်မသိတာတွေတောင် ပါနေသေးပါလားနော် … အသစ်တွေအတွက် .. ဒီလိုပို့စ်လေးတွေ များများရှိနေသင့်ပါတယ် … ။

  • Tin Tin

    February 23, 2012 at 5:32 pm

    ကိုအံစာတုံးရေ ..
    ကျမက မန်ဘာအသစ်ပါ၊ စာဖတ်ပရိတ်အနေနဲ့တော့ကြာပါပြီ။
    အခုလို အသုံးပြုပုံ instructions တွေကိုအသေးစိတ် သိရလို့ကျေးဇူးအများကြီးတင်ပါတယ်
    ဒီ blog မှာတင်သမျှမန်ဘာအားလုံးရဲ့ post and comments အားလုံးကိုအမြဲတမ်း ဖတ်ဖြစ်ပါတယ်။
    updated information နှင့် ဗဟုသုတ အမျိုးမျိုးရတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။
    အားလုံးက စည်းလုံးပြီး ပျော်ပျော်ပါးပါးနဲ့စာတွေရေးကြတော့ ဝင်ဖတ်လိုက်တာနဲ့ ကိုယ်တိုင်ပါပျော်ရပါတယ်။
    ဒါကြောင့်လည်းမန်ဘာဝင်ဖြစ်သွားတာပါ.
    ဆက်ပြီးအားပေးနေမယ်နော်…….

  • padonmar

    February 23, 2012 at 10:35 pm

    အနန္တ စကြဝဠာ ကျေးဇူးပါ။
    အန်တီတို့မှာ ကိုယ့်Post လေး လှအောင် စမ်းတဝါးဝါးနဲ့ ကိုယ့်သူမေးသူ့ကိုယ်မေး တင်နေရတာ။
    ကဲ ဒါကြည့်ပြီး စမ်းအုံးမယ်။

  • MaMa

    February 23, 2012 at 11:01 pm

    သိသင့်သလောက်တော့ သိရပြီ။
    ထပ်သိချင်သေးတာက….
    ကွန်ပြူတာဟာ အထီးလား အမလား ဆိုသလို….
    အံဇာတုံးဟာ………. 😆

  • surmi

    February 24, 2012 at 12:21 am

    ကျုပ်ကစာတောင်ဖြောင်.အောင်မနည်းရိုက်နေရတော. …
    မောင်ရင်ပြောမှဘဲသိတော.တယ် ။တော်တော်လေ.လာမှုကောင်းတာဘဲ ။
    လိုက်ကလိနိုင်တဲ.ညဏ်စွမ်းတော.မရှိဘူးမောင်ရင်ရေ ……။ဗဟုသုတပေါ.။

  • ကိုပေ … မသဲနုအေး … pu ma … အရီးလတ် …. ဘကြီး …. မအိတုံ … တင်တင် ….
    အန်တီ ပဒုမ္မာ … မမ … surmi ………
    အားလုံးကို ကျေးဇူးတင်ကြောင်းပါ ခင်ဗျာ ……… ။
    ________________________
    မမရေ ….
    အံစာတုံးက အစိုပါဗျ …။ ဒါနဲ့ တိုးတိုးလေးတော့ ပြောလိုက်ရဦးမယ် ..
    ဟို .. ပေါက်ဖော်၊ ဗြဲသီး၊ ကြီးမိုက် တို့ကတော့ ဟိုဒင်းတွေဗျို့ … (အနားနား ကပ်ပြောသော လေသံတိုးတိုးဖြင့်)
    😀

  • kai

    March 1, 2012 at 12:11 pm

    ဖတ်ပါ၊..မှတ်ပါ၊..ပြီးမှတင်ပါ..မှာ အမှတ် (၃)အနေနဲ့ထည့်လိုက်ပါတယ်..
    ဆြာစိန်ပေါက်ပေါက်ရဲ့ဟာလေးအောက်မှာပါ…။

    အခုလိုပညာမျှဝေတဲ့အတွက်.. သာဓုပါနော..။ 🙂

  • kyeemite

    March 1, 2012 at 1:38 pm

    အံဇာမရေ..ခုမှဘဲတကယ်ရှင်သွားတယ်တော့..နို့ များတို့ကသိမှသိဘဲ..ဟာဗျဲ..ဟာဗျဲ..
    မနေ့ကပို့စ်တင်တော့မှ..တွေ့ရတော့..တော်တော်ကြောင်သွားတာ…အင်တာနက်ဆိုင်
    ကိုတောင်စိတ်ထဲကကြိတ်ဆဲပစ်ခဲ့သေးတယ်တော့..သူတို့ဆိုင်ကစက်တွေကြောင့်မှတ်လို့…
    မမရေ ….
    အံစာတုံးက အစိုပါဗျ …။ ဒါနဲ့ တိုးတိုးလေးတော့ ပြောလိုက်ရဦးမယ် ..
    ဟို .. ပေါက်ဖော်၊ ဗြဲသီး၊ ကြီးမိုက် တို့ကတော့ ဟိုဒင်းတွေဗျို့ … (အနားနား ကပ်ပြောသော လေသံတိုးတိုးဖြင့်)
    😀
    အယုတ်တမာအံဇာမ..ချီးကျူးကောင်းနေတုံး ဖေါက်လာဘီ..
    တော်ဘီ..ချီးမကျူးတော့ဘူး..ချီးဘဲကျွေးတော့မယ်..

  • ငပွကြီး

    March 6, 2012 at 4:39 pm

    ကိုအံ့ရေ ကျုပ်လဲ ဓါတ်ပုံတင်ချင်လို့ အဲဒီအတိုင်းလုပ်တာ မရဘူးဖြစ်နေတယ်
    ပုံအောက်မှာ ဘယ်လိုစာရေးရတယ် အားလုံးပြီးရင် ဘာကိုနိပ်ရတယ် နဲနဲသင်ပေးပါဦး
    လေးစားစွာဖြင့် —-တပည့် ငပွ

    • “… 1. ပုံလေးတွေ တင်ချင်တဲ့အခါ ဒါလေးကို သုံးပါ။
      2. ဒါကတော့ ကွန်ပျူတာထဲက ပုံတွေကို တင်ချင်ရင် ပုံထည့်ရမယ့် နေရာလေးပါ။ …”

      အထက်က ပုံ ၂ ပုံကို ကြည့်ပါဗျာ။ ပြီးတော့ Select Files ကနေ ပုံရွေးပြီးသွားရင် သူက auto အက်ပလုပ် တင်ပါလိမ့်မယ်။ ၁၀ဝ ရာခိုင်နှုန်း ပြည့်သွားရင် အဲဒီ ဒေါ့တက် ပြထားတဲ့ ဘောက်စ်ကြီး အောက်မှာ ကိုယ်တင်တဲ့ ပုံရဲ့ နမူနာနဲ့တကွ အချက်အလက်တွေကို ပြပါလိမ့်မယ်။ (ကွန် နှေးနေရင်တော့ ၁၀ဝ ပြည့်ဖို့ နည်းနည်း စောင့်ရတယ်)
      ပုံအောက်မှာ စာထည့်ချင်ရင်တော့ Caption ဆိုတဲ့ နေရာမှာ ထည့်ပါဗျာ … ။
      အားလုံးပြီးရင်တော့ Insert into post ဆိုတာလေးကို နှိပ်လိုက်ပါ
      (ဒါကတော့ ပုံလေးတွေ upload ပြီးသွားရင် ပေါ်လာတဲ့အခါ ပြောင်းနိုင်တာလေးတွေပါ။) ဒီပုံလေးမှာ သွားကြည့်နိုင်ပါတယ် ….။

      အခက်အခဲ ထပ်ဖြစ်နေခဲ့ရင်လည်း ပြောပေါ့ဗျာ။ ရွာသား အချင်းချင်းပဲ ကူညီပေးရမှာပေါ့ … ။ ဟုတ်ဖူးလား …။
      😀

  • မွန်မွန်

    March 6, 2012 at 5:03 pm

    တစ်ခုလောက်သိချင်ပါတယ်။
    ကိုယ်ကွန်မန့်ပေးထားတဲ့ ပို့စ်တွေအကုန်လုံးကို ပြန်ရှာချင်တယ်ဆိုရင် ဘယ်က ရှာရမလဲဟင်။
    cube points မှာလည်း အကုန်မတွေ့လို့…
    ကိုယ့်ကွန်မန့်အောက်မှာ ဘယ်သူတွေဘာတွေထပ်ပြောထားလဲဆိုတာ သိချင်လို့ပါ။

    • မွန်မွန်ရေ …
      ကိုယ့် ကွန်မန့်တွေကို ပြန်ရှာချင်တယ် ဆိုရင်တော့ Admin ရဲ့ Dashboard ကို သွားပါ …
      အဲဒီမှာ ဘယ်ဘက်အခြမ်းက Comments ကို နှိပ်ပါ …
      အဲဒီမှာ Comments တွေ အများကြီး ပေါ်လာပါလိမ့်မယ် …
      ညာဖက် ထိပ်နားက Search Comments ဆိုတာလေးရဲ့ ဘေးနားက box ထဲမှာ “မွန်မွန်” ဆိုတာ ထည့်ရိုက်ပြီး Enter သာ ခေါက်လိုက်ပါ …
      ဒါဆို မွန်မွန် မန့်ခဲ့တာတွေ အများစု ကို တွေ့နိုင်ပါလိမ့်မယ်ဗျာ ….
      တစ်မျက်နှာချင်း သွားကြည့်ဖို့အတွက်တော့ ညာဖက် အောက်ဆုံးနားက page ကူးတဲ့ ဟာလေးတွေနဲ့တာ သွားကြည့်ပါတော့လို့ ……….
      _______________________________________________
      Ginny ရေ …
      အကျိုးရှိမယ်ဆိုရင် ရေးရကျိုး၊ ကလိရကျိုး နပ်ပါပြီလို့ …
      ကျေးကျေးပါ …
      ___________________________________________

      ခင်တဲ့ … အံစာတုံး

  • ginny

    March 6, 2012 at 5:30 pm

    အားပါးပါး! အရမ်းကိုအကျိုးရှိတဲ့ပို့စ်ပါ။ ဖတ်ပါ၊..မှတ်ပါ၊..ပြီးမှတင်ပါ..မှာ အမှတ် (၃) အနေနဲ့ ထည့်ပေးတဲ့ သူကြီးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

  • ငပွကြီး

    March 6, 2012 at 10:37 pm

    တိုးရှဲ့ ရှီးဖေါ့ တပည့်စမ်းကြည့်လိုက်ဦးမယ်

  • ငပွကြီး

    March 8, 2012 at 9:51 pm

    ကိုကိုအံ့ (ဖါးတာ) တင်ပြီးသားပို့စ် ကိုပြန်ဖျက်လို့ရပါသလား ရရင်လဲနည်းနာလေး သင်ပေးပါခင်ဗျာ…

    • တိုတိုပွ ရေ …
      တင်ပီးသား ပို့စ်ကို ဖျက်ဖို့ကတော့ …
      သဂျီးမင်း ကိုသာ တိုင်တည်ရမှာ ဖြစ်ကြောင်းရယ်ပါ …..
      အကြံပြုချင်တာကတော့ တင်ပီးပို့စ် ပြန်ဖျက်ပစ်ဖို့ထက် ပို့စ်မတင်ခင် သေချာစဉ်းစားပီး လုပ်တာက အကောင်းဆုံး ပါလို့ ….

      ခင်တဲ့ … အံစာတုံး

  • unclegyi1974

    March 8, 2012 at 10:52 pm

    ကောင်းလေစွဒကာ
    ဘတို့လိုဟိုရောက်ဒီရောက်တွေအတွက်အကျိုးရှိလေစွ

  • Ko Hla Myo Swe

    May 1, 2012 at 4:59 pm

    ကိုအံဇာတုံးရဲ့ Post ကို ဖတ်မိတာ နောက်ကျလေချင်းဗျာ။
    ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။
    မနက်ဖြန် ကလိမိသမျှလေးရောရှိရင် တင်ပေးပါအုံးခင်ဗျာ။

  • johnphyo paing

    June 18, 2012 at 12:46 pm

    ဒီလိုစိတ်ရှည်ရှည်နဲ ့ကလိပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါပဲ
    ကျွန်တော်တို ့လိုနောင်လာနောက်သားတွေပညာရတဲ ့အတွက်
    နောက်လည်းများများကလိပေးနိုင်ပါစေလို ့ချီးကျူးထောပနာပြုလိုက်ပါတယ် ကိုကြီးအံရေ

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 10:56 am

    ကိုမဟာအန်စာတုံး..ရေ
    အမလေး..မောလိုက်တာ နာမည်ခေါ်ရတာကလဲ…
    ခုလိုစိတ်ရှည်ရှည်နဲ့…..
    တင်ပြပေးထားတဲ့ အတွက်…
    ကျေးကျေးပါနော်…
    မိုက်လေး.. လည်းကလိကြည့်လိုက်ဦးမယ်…
    ဟီးးးးးးးးးး

  • ခပ်မိုက်မိုက် ကောင်မလေး

    June 28, 2012 at 11:25 am

    URL မှာ….
    မိုက်လေး….ပုံထည့်လို့မရဘူးဖြစ်နေတယ်…
    ဘာကြောင့်ဆိုတာ ပြောပေးပါဦးနော်….
    မိုက်လေး….တစ်ခုခုများမှားနေလို့လား…
    ကိုမဟာအန်စာတုံး ပြောထားတဲ့အတိုင်း…
    တစ်ဆင့်ချင်းလုပ်တာပါပဲ….
    မရဘူးလေ…….
    ဘယ်လိုလုပ်ရမလဲဟင်….
    ဘယ်လိုလုပ်ရမလဲ……????????????????????

    • မစ္စတာ တောက်တဲ့

      June 28, 2012 at 5:04 pm

      ဂနေ့ဒေါ့ ..
      အချိန် မရတော့လို့ ..
      မြန်မာနဲ့ တောင်ကိုရီးယားပွဲ အမီ ပြေးလိုက်ဦးမယ် ..
      နောက်တော့မှ ပြောမယ်နော့ ..

      ငစိန်ဗိုက်ရေ ..
      နာ့အစား ညည်းပဲ ဖြေပေးလိုက်ပါနော့ …
      ပလိစ် ….. အဟိ .. ဂွိ

  • candle .

    August 13, 2012 at 9:27 am

    I don’t know how to use ” TAG ”.
    How to put comma .
    PLS , explain me… hope soon as reply …many thank !!

    • မဟာရာဇာ အံစာတုံး

      August 13, 2012 at 10:04 am

      ပို့စ် တင်တဲ့ နေရာရဲ့ ညာဖက် အခြမ်းမှာ Tag ဆိုတာ ရှိပါတယ် ..
      Catagories ရဲ့ အောက်မှာပေါ့ ..
      အဲ့ဒီထဲမှာ ကိုယ့်ပို့စ်နဲ့ ပတ်သက်တဲ့ Tag ကို ရေးထည့်ပြီး Add ကိုသာ နှိပ်လိုက်ပါ။
      အကယ်၍ ကိုယ်က tag တစ်ခုထက် ပိုထည့်ချင်ရင်တော့ဖြင့် tag တစ်ခုနဲ့ တစ်ခုကြားမှာ ကော်မာလေး ခံပြီးသာ ထည့်လိုက်ပါ
      မရှင်းသေးရင်လည်း ပြောပေါ့ဗျာ ..
      ကျနော် နားလည်သလောက်တော့ဖြင့် ပြောပြသွားပါမယ် ..

      • candle .

        August 13, 2012 at 10:41 am

        I clear now .If I want to know something let me ask …PLS…
        Thank you so much !!

        • candle .

          August 24, 2012 at 8:06 am

          ကိုရာဇာ..
          point ဆိုတာဘာလဲ..
          point ရတော့ဘာလုပ်ရတာလဲ..
          candle က အခုမှရွာထဲ ရောက်တာဆိုတော့ သိပ်မသိသေးဘူး..
          ပို ့စ်တင်ချင်လွန်းလို ့မြန်မာစာကိုတစ်ရက်ထဲနဲ ့ရအောင်ကျင့်ပြီး…အဲ့ဒီပို ့စ်ကို သုံး နာရီကြာအောင်ရိုက်ခဲ့ရတယ်…
          ပြီးတော့ ကိုရာဇာ ဆီမှာ tag ထည့်နည်း အကူအညီ တောင်းပြီးမှတင်ခဲ့ရတာ…
          အခုလဲကူညီပါအုံးနော်….

        • ဖိုးအောင်ထွန်း

          August 24, 2012 at 8:53 am

          ဟုတ်ကဲ့ ..
          Point ဆိုတာ အလွယ်ပြောရရင် ပိုက်ဆံပါပဲ ..
          အဲ့ဒီ ပွိုင့်တစ်သိန်းပြည့်တဲ့အခါ သဂျီးက အမေဒစ်ကန်ကနေ ပိုက်ပိုက် လွှဲပေးပါလိမ့်မယ် ..
          ပို့စ်တစ်ခုတင်ရင် ပွိုင့် ၃ဝ ရပါတယ် ..
          သူများပို့စ်မှာ ကွန်မန့် တစ်ခါပေးရင် ၁၅ ကျပ် ရပါတယ် ..
          နှစ်ခါ ထပ်ပေးရင်တော့ အဲ့လောက် ရတော့ပါဘူး ..
          ဒါကြောင့် ကိုယ်ပို့စ်တင်လို့ပဲဖြစ်ဖြစ်၊ ကွန်မန့်ပေးလိုက်လို့ပဲဖြစ်ဖြစ်
          ပွိုင့်တိုးလာပါလိမ့်မယ် ခင်ဗျာ ..

Leave a Reply