Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘယ်ဘက်လက်နဲ့ရိုက်တဲ့ပုံပြင်

 

 

 

thuyazaw21451 ရဲ  “့မြန်မာမလေးများနှင့် အဝတ်အစား အနေအထိုင် အသွားအလာ” ကိုဖတ်မိပြီး

pazflor က  “ပြောမဆုံးမဲ့ ဇာတ်လမ်းတစ်ပုဒ်-၁”  ကို ရေးပါတယ်။

“pazflor”  ရဲ့  “ ပြောမဆုံးမဲ့ ဇာတ်လမ်းတစ်ပုဒ်-၁ ”  Post မှာ ဝင်မန့်ရင်း ရှည်သွားလို့

Foreign Resident  က “စဉ်းစားကြစေလိုပါတယ် ( ၁၂ ) ”  ကို ရေးပါတယ်။

(https://myanmargazette.net/104405/creative-writing/my-thinking-different)

“အမျိုးသမီးတွေရဲ့ လိင်မှု့ဆိုင်ရာ လွတ်လပ်ခွင့်”   ပေါ့။

 

ကျုပ်လဲပဲ ကိုဖေါရင်းရဲ့ “စဉ်းစားကြစေလိုပါတယ် ( ၁၂ ) ” ကို ဝင်မန့်ချင်တာနဲ့

အောက်ကစာလေးရေးမိတာ ရှည်သွားပြန်တယ်။

ချစ်စွာသောရွာသူရွာသားများ သည်းခံပြီး ဆွမ်းကြီးလောင်းကြပါ…..

အဲလေ.. အားပေးကြပါလို့ …..။

 

ဆိုတော့ …..

မိန်းကလေးတွေလဲ ကိုယ့်ဘဝကိုယ်ပိုင်တယ်၊ ကိုယ့်ခန္ဓာကိုယ်ပိုင်တယ်

မိန်းကလေးက သူ့ရဲ့ အရွယ်အလျောက်

( ဒီ အရွယ်လေးပဲ အကောင်းဆုံး ခံစားလို့ ရတာကိုး ) ကာမဂုဏ် အရသာကို အကြိမ်ကြိမ် အခါခါ ခံစားလိုစိတ်ရှိတာ ၊

အဲဒီ မိန်းကလေး ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ပါ ၊ တနည်းပြောရရင် သူ့ရဲ့ အခြေခံ လူ့အခွင့်အရေးပါ ။

ဆိုတာကို ဦးပါလေရာလဲ  သဘောတူပါသဗျာ…

ယောက်ျား လဲ လူပဲ ကာမဂုဏ် ခံစားချင်မှာပဲ ။မိန်းမ လဲ လူပဲ ကာမဂုဏ် ခံစားချင်မှာပဲ ။

လူ လူ ချင်း တန်းတူ အခွင့် အရေး ပေးရမှာပဲ…………..

ယောက်ျား အများစုကြီး ရဲ့ အပျိုစင် ကိုမှ တန်ဖိုးထားတဲ့ အကျင့်ဆိုး ကြီးဟာ အမျိုးသမီး တွေရဲ့ တန်းတူညီမျှစွာ ကာမဂုဏ် ခံစားခွင့်ကိုသွယ်ဝိုက်ပြီး ချုပ်ချယ်ရာ ရောက်တယ် …………..

ဆိုတာကိုလဲ ဦးပါလေရာက လက်ခံပါတယ်။

တရားမျှတ တဲ့ အတွေးအခေါ်တွေ လူ့အသိုင်းအဝိုင်းတိုင်းမှာ ချောင်မရှိ ကြားမရှိ ချွင်းးချက်မရှိ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားနေရင် သိပ်ကောင်းမှာပါ။

 

ခက်တာက –

ခက်နေတာက –

အဲဒါကို တချို့အသိုင်းအဝိုင်းကြားမှာ တချို့ဒေသတွေမှာ  အများစုလက်ခံနိုင်တဲ့အခြေအနေ မရောက်သေးပါဘူး။

အဲဒီ တချို့အသိုင်းအဝိုင်းတွေထဲမှာ မြန်မာ့လူမှု့အသိုင်းအဝိုင်းပါနေပါတယ်။

အဲဒီ တချို့ဒေသတွေထဲမှာ မြန်မာနိုင်ငံပါနေပါတယ်။

ဒီလိုဆိုတော့ မြန်မာပြည်ကမိန်းကလေးတွေ ကံဆိုးတာပေါ့နော်။

မတတ်နိုင်ဘူးလေ၊ ဒါက လက်ရှိ အရှိတရားပဲ…

ဒီနိုင်ငံမှာလူဖြစ်၊ ဒီနိုင်ငံမှာ ကြီးပြင်း၊ အချိန်တန်ရင် ဒီနိုင်ငံကယောက်ျားကိုယူပြီး၊ ဒီနိုင်ငံသူ မိန်းမကြီးကို ယောက္ခမတော်ရမယ်ဆိုရင်တော့ အဲဒီလက်ရှိအရှိတရားခပ်ဆိုးဆိုးကြီးကို အောင့်အီးလက်ခံရမှာပါပဲ။

အဲဒီတော့ မိန်းကလေးဘက်ကချေပမယ်ဆိုပါတော့။

ကျွန်မကတော့ …. ရတယ် …. အေးဆေးပဲ….။ ကျွန်မယူမယ့် အမျိုးသားက အပျိုမစစ်လဲတန်ဘိုးထားတယ်။ လက်ခံတယ်။ နားလည်မှု့ရှိတယ်။  ….. ဆိုပါတော့…

ကောင်းပါပြီ ..

ဒီနိုင်ငံ ဒီအသိုင်းအဝိုင်း ဒီတဖက်စောင်းနင်းအရိုးစွဲသတ်မှတ်မှု့တွေကြားမှာ..

အဲသည် သကောင့်သားရဲ့ နားလည်မှု့က ဘယ်လောက်ကြာမှာလဲ၊ ဘယ်လောက်သေချာမလဲ။

တနေ့ …

မူးလာတဲ့တနေ့ …. သတိပြန်မရဘူးလို့  အစပြန်မဖေါ်ဘူးလို့  ဘယ်လိုအာမခံချက်ရှိမှာလဲ……..

 

ကျုပ်မှာ ခင်မင်ရတဲ့သူငယ်ချင်းတယောက်ရှိပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က သူဟာ လုပ်ငန်းတခုရဲ့ အကြီးအကဲတယောက်ပါ။

သူက သူ့ဝန်ထမ်းတွေကို တလတခါဆိုသလို အစည်းအဝေးလုပ်ပြီး လုပ်ငန်းလိုအပ်ချက်တွေပြောရင်း…

(ကျူရှင်ဆရာဟောင်းပီပီ) ဆုံးမဩဝါဒပေးတာလေးတွေလဲလုပ်တတ်တယ်။

တခါတော့ သူ့အလုပ်က မိန်းကလေးဝန်ထမ်းတွေ ရည်းစားများတာနဲ့ပတ်သက်ပြီး ဆုံးမချင်လို့

ပုံပြင်လေးတပုဒ်ပြောပြသတဲ့….။ ပုံပြင်လေးရဲ့နာမည်က –

“ ဘယ်ဘက်လက်နဲ့ရိုက်တဲ့ပုံပြင် ”    ……..တဲ့ ….

xxxxxxxxxx

…..အဲဒါ မိန်းကလေးတွေကလဲ သတိထားရမှာက မမေ့လျှော့ရမှာက ကိုယ်လုပ်ခဲ့သမျှတွေဟာ မှတ်မိသူရှိနေရင် အဲဒါ ကိုယ့်သမိုင်းဖြစ်သွားတော့တာပဲ…။ တယောက်မှမမှတ်မိပဲ အားလုံးမေ့သွားကြတယ်ဆိုရင်ကောင်းတာပေါ့။ ဒီလိုမဟုတ်ပဲ မူးရင် ပြန်သတိရတတ်တဲ့လူမျိုးနဲ့ ယူမိရင် တသက်လုံး အဖတ်ဆည်မရဖြစ်တတ်တယ်။

ငါငယ်ငယ်တုန်းက အဖြစ်လေးတခု သတိရလို့ပြောပြမယ်။

အဲဒီခေတ်တုန်းက မိန်းကလေးတွေကို သူ့ရည်းစားက လက်လေးကိုင်တာ ပါးလေးနမ်းတာကအစ တော်တော်အရေးထား အလေးထားတဲ့ခေတ်ပေါ့။ ဒီခေတ်အနေနဲ့တော့ အလကားဆိုပေမယ့် ဟိုခေတ်ကတော့ တော်တော်အလေးထားတဲ့ ကိစ္စတမျိုးပါ။ အဲဒါကတော့ အခုဆက်ပြောမှာကို သိပ်သဘောမပေါက်မှာစိုးလို့ ကြိုခံပြီးပြောထားတာ…။

အဲဒါ.. ငါတို့က ခပ်ငယ်ငယ် .. ဆယ့်လေးနှစ် ဆယ့်ငါးနှစ်သားတွေပေါ့။ ညဦးပိုင်းဆို မြို့လည် ကားဂိတ်ဘက်ထွက်ပြီး သစ်ပင်ကြီးအောက်ထိုင်ပြီး စုဖွဲ့ကြတာပေါ့။ ကားဂိတ်ဘေးသစ်ပင်ကြီးကို ပတ်လည်ဝိုင်းပြီး သစ်သားတွေနဲ့ စင်ထိုးသလိုလုပ်ထားတာ။ သိပ်ထိုင်လို့ကောင်းတာ…။

အဲဒီမှာ ငါ့တို့တသိုက်နဲ့ တော်တော်အဖွဲ့ကျတဲ့ လူကြီးတယောက်ရှိတယ်။ ကိုချိုကြီးလို့ခေါ်တယ်။ အရက်သမားကြီး…..။ ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့် ခါးကိုင်းကိုင်း အသားညိုညို ကတုံးဆံတောက်နဲ့။

သူနေတာက မြို့စွန် ချောင်းကမ်းဘေးမှာ တဲထိုးနေတာ။ နေ့ဘက်ဆို ဈေးထဲမှာ ကုန်ပို့ ကားဂိတ်တင် ဘောက်လုပ်၊ ညနေစောင်းတော့အိမ်ပြန်ရေချိုးထမင်းစားပြီးရင် မြို့ထဲဘက်ပြန်ထွက် ၊ ငါတို့လိုလူငယ်တွေနဲ့ နောက်လားပြောင်လားလုပ်၊ တခါတလေ ရောက်တတ်ရာရာအကြောင်းတွေပြော၊ အရက်လေးတခွက်ထွက်သောက်လိုက်၊ ပြန်လာပြီးလေပစ်လိုက်နဲ့ပေါ့…။

တနေ့တော့ ညဦးပိုင်းအထိ သူပေါ်မလာဘူး။ ငါတို့သူငယ်ချင်းတွေလဲ ရှစ်နာရီခွဲကာနီးလောက်မှာ လူစုခွဲပြီး အိမ်ပြန်ကြဘို့လုပ်တာပေါ့။ အဲဒီတုန်းမှ ကိုချိုကြီးရောက်ချလာတယ်။

အရက်တွေလဲတော်တော်မူးလာတာ။ ပြီးတော့ ဘယ်ဘက်လက်မှာလဲ ပတ်တီးကြီးစီးထားသေးတယ်။

အဲဒါနဲ့ ငါတို့ကလဲ ဝိုင်းမေးတာပေါ့… ။

ကိုချိုကြီးဘာဖြစ်လာတာလဲ… ။ ရန်ဖြစ်လာတာလား…။ လိမ့်ကျလို့လား… ။ ဘာ..ညာ.. ပေါ့…။

အဲဒီတော့သူက သူ့မိန်းမနဲ့ရန်ဖြစ်လာတာလို့ပြောတယ်။

“…ငါလဲ ဒီကောင်မကို ပါးပိတ်ရိုက်ပစ်တာ။ မင်းတို့လဲ သိတဲ့အတိုင်း..။ ငါကဘယ်သိပ်မသန်ဘူး။ ပြီးတော့ မူးကလဲမူး ..  စိတ်ကလဲဆိုးနေတော့… အားကုန်ပိတ်ရိုက်ပစ်တာ … သူ့ပါးကိုမထိပဲ အိမ်တိုင်ကိုရိုက်မိလို့ လက်တော်တော်နာသွားတာကွ..”

“ခင်ဗျား… ဗျာ..။နာစေချင်လို့ရိုက်မှဖြင့် ကိုယ်သန်တဲ့ ညာဘက်လက်နဲ့ ရိုက်ရောပေါ့ဗျ။ ဘာလို့ ဘယ်ဘက်လက်နဲ့ ရိုက်ရတာလဲ ” လို့ ငါကမေးတော့….

“ဒီလို..ကွ။ ငါကဒီကောင်မကို ရိုက်ရင် ညာဘက်ပါးကိုပဲရိုက်တယ်။ ညာဘက်ပါးကို မျက်နှာချင်းဆိုင်ရိုက်ရင် ဘယ်ဘက်လက်နဲ့ပဲ ရိုက်ရတာပေါ့။” ….လို့ဖြေတယ်။

ငါကဆက်ပြီး “ ခင်ဗျားကြီး အလကားဗျာ။ ပါးရိုက်တာ ဘက်ရွေးနေရသေးတယ်။ ဘယ်ပါးရိုက်ရိုက် နာရင်ပြီးရောမဟုတ်လား..” လို့ အထွန့်တက်တော့  ကိုချိုကြီးပြန်ပြောတာက…………….

“ဒီလို.. ကွ။ ဒီကောင်မက ငါနဲ့မရခင် ရည်းစားထားဘူးတယ်။

သူ့ရည်းစားနဲ့ ချောင်းကမ်းပါးနားက ကုက္ကိုပင်ကြီးအောက်မှာ ချိန်းချိန်းတွေ့ပြီး စကားပြောတာ…. ။

တခါက သူ့ရည်းစားက သူ့ပါးကို ဖက်နမ်းဖူးတယ်.. ။

သူတို့ကထိုင်ရင် ယောက်ျားကညာ မိန်းမကဘယ်မှာဆိုတော့..

သူ့ရည်းစားကနမ်းထားတာ သူ့ညာဘက်ပါးပဲဖြစ်ရမှာပေါ့။

ဒါကြောင့် ငါမူးလာလို့  ဒီကောင်မကိုရိုက်တိုင်း သူ့ရည်းစားနမ်းဖူးတဲ့ ညာဘက်ပါးကိုချည်းရွေးပြီး ဘယ်ဘက်လက်နဲ့ရိုက်တာ…… မှတ်ကရော……”

 

xxxxxxxxxxxxx

ကျုပ်သူငယ်ချင်းကတော့ အကယ့်အဖြစ်အပျက်လို့ပြောပါတယ်။

ဒါပေမယ့်…. စကားပုံအရှိသား မဟုတ်လား….

မယုံရင်  ပုံပြင်မှတ် ….တဲ့ ……..။        ။

45 comments

  • ဦးဦးပါလေရာ

    February 28, 2012 at 12:16 am

    စာဖတ်သူများကို ကြိုတောင်းပန်ချင်တာက အပေါ်ကစာလေးတထွာလောက်ကို draft ဖြစ်ဘို့ တစ်နာရီလောက်ကြာတယ်။ ပြီးတော့ စာနေစာထား ပြန်ပြင်လို့မရတော့ပါဘူး။ ဒါကြောင့် စိတ်ပေါက်ပေါက်နဲ့ ဒီအတိုင်းပဲ publish လုပ်လိုက်မိပါတယ်။
    ဆော ဆော ပါ ဘော်ဘော်တို့ ရေ ………………

  • pazflor

    February 28, 2012 at 4:58 am

    အားပေးသွားပါတယ်ခင်ဗျာ၊

    • ဦးဦးပါလေရာ

      February 28, 2012 at 12:29 pm

      pazflor ရဲ့ ပိုစ့်တုန်းက ဝင်မန့်တာ ကော်နက်ရှင်ကြောင့် တက်မလာလို့
      ဒီပိုစ့်မှာ စုပြီးပြောတယ်သဘောထားပါဗျား…

  • စံနှုန်း အယူအဆ အမြင် အတွေးခြင်းကွာတာကို သွားပြီ ညီချင် တူချင်လို့ မရတာကတော့အမှန်ပါ.။
    လူလောကမှာ ရှိသမျှလူအားလုံးရဲ့ အမြင်အတွေးတွေက သေချာစဉ်းစားကြည့်ရင် မျက်မမြင်ဆင်စမ်းပါဘဲ။

    • ဦးဦးပါလေရာ

      February 28, 2012 at 12:11 pm

      ကိုပေါက်ရေ
      ကိုယ့်အရပ်နဲ့ ကိုယ့်ဇတ် ဆိုသမို့လား ခင်ဗျာ..
      ကျွန်တော်တော့ မြန်မာအမျိုးသမီးတွေကို ကိုယ့်ဇတ်သာနိုင်အောင်“က”စေချင်တာပါပဲ..

  • htoosan

    February 28, 2012 at 10:06 am

    ဦးဦးပါလေရာ .. ဒီခေတ်ကြီး ကျတော့ ဘယ်နေရာတွေ ရိုက်ရမလဲခင်ဗျ.. ဘယ်ပါး ညာပါး ပြီးတော့ .. ပါးးးးးအဲ အဲ းးးးးးးးအဲ းးးးးးးးး 😀 😀

    • ဦးဦးပါလေရာ

      February 28, 2012 at 12:13 pm

      ကိုထူးဆန်းရဲ့
      ဒီမူးပြီးရိုက်တဲ့စရိုက်မျိုးများ အခုခေတ်ကျန်သေးရင်
      လက်စားချေစရာနေရာတွေ များလွန်းလို့ လက်မလည်မှာစိုးရသေး.. 😛

  • kyeemite

    February 28, 2012 at 10:55 am

    မှန်တယ်ကိုထူးစံရေ..ဒီခေတ်ကြီးကျတော့…တကိုယ်လုံးကိုင်ဆောင့်မှ ရမယ်ထင်ရဲ့..ဟီး..
    ကျုပ်မူးလာရင်တော့..မဒမ်ပေါက်ရဲ့ ရင်ဘတ်ကြီးဆောင့်ကန်တာ…ဟဲဟဲ..

    • ဦးဦးပါလေရာ

      February 28, 2012 at 12:16 pm

      ကိုကျီးမိုက်
      သိပ်ရွေးမနေနဲ့၊ တကိုယ်လုံး ခြုံမိအောင် ဖက်သာလုံး(နပမ်း)လိုက်တော့ 😛 😛

  • nozomi

    February 28, 2012 at 11:34 am

    ပို့စ်လေးကို သဘောတူပါတယ်
    ရှေးထုံးလဲ မပယ်နဲ့ ဈေးသုံးလဲမကြွယ်နဲ့ ဆိုတာလိုပေါ့
    အကုန်လက်မခံနိုင်တော့ရင်တောင် လက်ခံသင့်တာတွေကိုတော့ ငြင်းပယ်လို့ မရသေးပါဘူး

    ဦးပါလေရာကလဲ
    ပေါက်ဖော်တို့ ဆို မူးလာလို့ ရန်ဖြစ်ရင် သူ့ကောင်မလေးပါးကို ဘယ်ပြန်ညာပြန်ရိုက်တာ ဗျ
    အမလေး လေး မကြည့်ရဲဘူး
    ကျွန်တော်တို့က အမြင်မတော်လို့ မလုပ်ပါနဲ့ကွာ တားရတယ်

    အဲ နောက်နေ့ သူ အမူးပြေတော့မှ ညက အားရပါးရ ရိုက်ထားလို့ ပွနေတဲ့ တိုးပတ်ပုဝါတွေ လိုက်သိမ်းရတာ နဲတာမဟုတ်ဘူး

    • ဦးဦးပါလေရာ

      February 28, 2012 at 12:27 pm

      အဲဒါကြောင့်ဖြစ်မယ် ကိုနိုဇိုမီရဲ့
      စိန်ပေါက်ပေါက်တယောက် တဖြေးဖြေးလက်ယဉ်လာတာ
      အလှဖန်တီးရှင်တောင်ဖြစ်တော့မယ် 😀 😀

  • အမလေးဗျာ….ရှားပါးပါလားနော်။ရိုက်မယ့်ပါးတောင်ရွေးရိုက်ရတယ်လို ့။
    တိုင်ကိုရိုက်မယ်တယ်ဆိုတော့ အုတ်တိုင်ဆိုပိုကောင်း။ပိုနာပေါ့။ဟီးးး

    • ဦးဦးပါလေရာ

      February 28, 2012 at 12:33 pm

      အဲတာက သူ့အပြောတော့ အဖုအထစ်တွေနဲ့ မျောတိုင်မို့
      သိပ်တော့မသက်သာလှဘူးထင်တယ် ။

  • blackchaw

    February 28, 2012 at 12:12 pm

    ကိုပါလေရာရေ။
    ဖတ်သွားပါတယ်။ ဆိုလိုတာကိုလည်း နားလည်သွားပါတယ်။
    အပြင်မှာတွေ့တဲ့အခါ အဲဒီအကြောင်းလေး
    ဆွေးနွေးကြရအောင်ပါ။
    😀

    • ဦးဦးပါလေရာ

      February 28, 2012 at 12:37 pm

      ကိုဘလက်ရေ
      ကျုပ်ပြဿနာက ညနေစောင်းရင်
      ကိုဘလက်ရဲ့ ချိုပေါ့ကျကို မျှော်ရော….. 🙂

  • နွေဦး

    February 28, 2012 at 12:51 pm

    ခြေနဲ့ ကန်ရမဲ့ ကိစ္စ ဖြစ်နေတော့
    ဘယ်ခြေနဲ့ ကန်ရမလား
    ညာခြေနဲ့ ကန်ရမလား
    ဝိုက်ကန်လို့တော့ မထိဘူးထင်တယ်..းP

  • Patriot

    February 28, 2012 at 1:14 pm

    ဟုတ်ပါတယ်။ ကျွန်တော့ သူငယ်ချင်း တစ်ရောက် လဲအဲဒီအတိုင်းပဲ ညားကာစ အချိန်မှာမွှန် နေလို့ဘာမှ မပြောပေမယ့်။ နောက်ပိုင်း နှစ်ကြာလာတော့ သူ့မိန်းမ နဲ့ရန်ဖြစ်တဲ့ အခါကြရင် သူ့မိန်းမရဲ့ အရင်တွဲ ခဲ့တဲ့လူတွေ အကြောင်း ပြန်ပြန်ပြော ပြီး သူ့မိန်းမ ကိုပြသနာ ရှာတော့ တာပဲ။ ဘေးကကြားရ တဲ့လူ တောင် သူ့မိန်းမ အတွက်စိတ်မကောင်းဘူး။

    • ဦးဦးပါလေရာ

      February 28, 2012 at 10:11 pm

      ရှားရှားပါးပါး ဝင်လာပြီး မန့်တာ ကျေးဇူးပါဗျာ…
      တချို့လူတွေ ဒီလိုတရားမျှတမှု့ကင်းမဲ့နေတာ စိတ်မကောင်းစရာပါ
      တော်သေးတာက ဒီခေတ်လူငယ်စုံတွဲတွေကြည့်တော့ မိန်းမကိုနိုင်တဲ့ယောက်ျား တော်တော်နည်းလာတယ်။
      နောက်မျိုးဆက်မှာ ပိုမျှတလာတယ်ထင်တာပါပဲ…

  • ရွာစားကျော်

    February 28, 2012 at 2:13 pm


    အိမ်က ရွာစားကတော်ကြီးက ကျုပ်ကို စိတ်ဆိုးတိုင်း
    ဘယ်နဲ့ရော၊ ညာနဲ့ရော တကိုယ်လုံးနေရာမလပ် ထုလိုက်နှက်လိုက်တာ
    ဒီပုံပြင်ဖတ်မှပဲ သဘောပေါက်တော့တယ်
    ဒါ့ကြောင့်ကိုး.. 🙄 😆

  • etone

    February 28, 2012 at 4:24 pm

    ဦးဦးပါလေရာလေ .. ဘယာကြော်ပါဗျို့ …. ။အားပေးထောက်ခံပါတယ် … ။ ခံစားချက်လည်း ထပ်တူကျပါတယ် ။
    ဘယ်လိုပဲ ပွင့်လင်း လွတ်လပ် အမြင်ကျယ်ပါတယ်ပြောပြော …. ကိုယ့်သမီး ၊ ကိုယ့်မိန်းမ ၊ကိုယ့်ချစ်သူကို … ဘာဖြစ်ဖြစ်နားလည်ပေးမယ့်လူဆိုတာက ခပ်ရှားရှားရယ် … ။ ခဏတာတော့ … နားလည်ချင်ယောင်ဆောင်ချင်ဆောင်မှာပေါ့ .. နောက်တော့မှ … ဘယ်လက်နဲ့ ရိုက်သလို ဖြစ်နေတော့မှာပဲ … ။ အဘ FR ရေးကတည်းက ကော့မန့်ပေးမလို့ပါပဲ … အကြောင်းအမျိုးမျိုးကြောင့် … သူ့ပို့စ်အောက်မရေးဖြစ်ခဲ့ဘူး … ။

    သမရိုးကျပဲ တွေးကြပါစို့နော် … ဘယ်သူမဆို … မိမိတို့မြတ်နိုးတဲ့ အရာတစ်ခုအပေါ် တပ်မက်ကြတာ ..သဘာဝပါ … ။ မိမိပိုင်ဆိုင်ထားတာလေ .. သူတပါး ပယောဂကြောင့် ပွန်းပဲ့ ထိရှသွားမယ်ဆို သဘောထားကြီကြီးနဲ့ ဖြစ်လေ့ဖြစ်ထရှိတာပါ .. လူ့အခွင့်ရေးပါ … လွတ်လပ်ခွင့်ပါ … ဆိုတာတွေ .. အော်နိုင်ပါတော့မလား စဉ်းစားစရာပါပဲ … ။
    ဥပမာ .. ကိုယ်အရမ်းကြိုက်လွန်းလို့ ဝယ်လာတဲ့ အကျီ င်္လေး .. ချုပ်ရိုးပြဲနေတာ ….. ပေါက်နေတာ ၊ ကြယ်သီး ပြုတ်နေတာမျိုးတွေ့တဲ့အခါ …. ဖြစ်တတ်ပါတယ်လို ့ .. တွေးပြီး … စိတ်ထဲ ဘာမှ မခံစားရတဲ့ လူရှိမလားနော် … ။ ဒီနေရာမှာ .. မြန်မာ့ရှေးရိုးစွဲတာနဲ့ မနှိုင်းဘူးနော် … ..ကိုုယ်အမြတ်တနိုးထားတဲ့ အရာနဲ့ပဲ နှိုင်းပါတယ် …. ။

    ကျွန်မကတော့ … ဒီနေရာမှာ .. လူအများစု လက်ခံထားသလိုပဲ … ဒီကိစ္စကို … လစ်လျူရှုစရာကိစ္စလို့မမြင်ပဲ … သား အမိ ၊မောင်နှမ ဆုံးမရမယ့် .. ကိစ္စလို့ပဲ မြင်မိပါတော့တယ် … ။
    ပိုးကိုက်တဲ့ပန်း ..ဘယ်လောက်လှလှ …. ပိုးပေါက်မပါတာကိုပဲ ရွေးဝယ်ကြတာ … ရှေးရိုးစွဲလို့မဟုတ်ဘူးဆိုတာလေး …မြင်သာစေချင်လို့ပါ … ။ 😎

    • ဦးဦးပါလေရာ

      February 28, 2012 at 10:21 pm

      အိတုန်ရေ-
      အကျယ်ကြီးပြောရရင် များကုန်မှာစိုးလို့…
      အချက်တခုက … ယောက်ျားချင်းကလဲ ပြစ်ချက်ရှိတဲ့မိန်းမကိုရထားတဲ့ ယောက်ျားကို ခနဲ့တတ် လှောင်တတ် မျက်စိတမျိုးနဲ့ကြည့်တတ်တယ်။ ဒါက ဒီနိုင်ငံက အမြင်ကတ်စရာကောင်းတဲ့ အကျင့်ဆိုးတွေထဲက တခုပဲ။
      ဒီလိုအလှောင်ခံရတဲ့ ယောက်ျားက အရင်ကဘာမှမဖြစ်တောင် အခုတော့ နာတော့တာပေါ့။
      အဲဒီတော့ ဟိုကောင်တွေကိုတော့ ဆွဲမထိုးခဲ့ပဲ အိမ်ကျမှ ပြန်မဲတာမျိုးတွေလဲ အများသား….

  • bluerose

    February 28, 2012 at 4:50 pm

    ခွင့်မလွှတ်နိုင်ရင်လည်းအစကတည်းကမယူပါနဲ့လား
    ယူပြီးမှသူများသားသမီးကိုရိုက်လားနှက်လားနဲ့တော့မကောင်းပါဘူးနော်

    • ဦးဦးပါလေရာ

      February 28, 2012 at 10:26 pm

      bluerose ပြောတာမှန်တယ်
      ဒီလို ယူပြီးမှ သူများသားသမီးကို အပြစ်မရှာသင့်ဘူး
      အဲဒါ မမှန်ဘူး၊ မတရားဘူး၊
      ဒါပေမယ့်ဗျာ ..
      အဲဒါမျိုးက ဒီနိုင်ငံမှာ ရှိနေသေးတယ်။ အဲဒါဆိုးတာပဲ..။

  • kai

    February 28, 2012 at 4:55 pm

    အပျိုစစ်သလားအမေးခံရတဲ့.. မိန်းမများကလည်း.. လူပျိုစစ်ကြသလား.. ပြန်မေးဖို့ကောင်းတယ်…
    တန်းတူပေါ့…။

    သတ္တဝါမှာရှိတဲ့.. မျိုးပွားအင်္ဂါတခုကို… အသုံးပြုထားခြင်းမရှိရဘူးလို့..စကားလုပ် ပြောနေကြတဲ့.. ကျားကျားမမတွေ.. စကား..နောင်ဆယ်စုနှစ် ၃-၄ခုလောက်ဆို… ရယ်စရာအဖြစ်ပြောနေကြမှာ..
    …ရယ်စရာ…. 😆

    • nozomi

      February 28, 2012 at 6:17 pm

      သတ္တဝါမှာရှိတဲ့.. မျိုးပွားအင်္ဂါတခုကို… အသုံးပြုထားခြင်းမရှိရဘူးလို့..စကားလုပ် ပြောနေကြတဲ့.. ကျားကျားမမတွေ.. စကား..နောင်ဆယ်စုနှစ် ၃-၄ခုလောက်ဆို… ရယ်စရာအဖြစ်ပြောနေကြမှာ..

      သူကြီး ပြောတဲ့ အတိုင်း ဖြစ်နိုင်ပါတယ် တောင် မဟုတ်ဘူး တကယ်ကို ဖြစ်မှာပါ သူကြီးရေ
      ဒါပေမဲ့ သူကြီးပြောသလို နောင် နှစ် ၃၊၄ဝ မှ နော်
      အခု မဟုတ်သေးဘူး သူကြီးရဲ့

      အခု မြန်မာပြည်က လူငယ်တွေကိုတော့ ဆင်ခြင်တာ ထိန်းသိမ်းတာ ပိုကောင်းပါတယ်လို့ပဲ ပြောပါရစေ ခင်ဗျာ

      ငယ်ငယ်ဖတ်ခဲ့ဘူးတာလေး တစ်ခု ရေးသူက ဦးဖိုးကျား လို့ထင်တယ်( စကားလုံး အတိအကျတော့ မမှတ်မိတော့ဘူး မှတ်မိသလို ရေးကြည့်မယ်နော် )

      ရထားပေါ်မှာ ပညာဝန် ရယ် တက္ကသိုလ်ကျောင်းသားရယ် တောသားကြီးရယ် ခရီးအတူသွားကြတော့ တက္ကသိုလ်ကျောင်းသားက တောသားကြီးဆောင်ထားတဲ့ အဆောင်ကို ကြည့်ပြီးတော့ ၊ ဒီ ခေတ် ဒီအခါ မျိုးမှာ ဒီအဆောင်တွေ ဆောင်တယ်ဆိုတာ အဓိပ္ပါယ် မရှိဘူး ကိုယ့်ကျိုးစားမှုနဲ့သာ အောင်မြင်အောင် လုပ်နိုင်မှာ ဒီ အဆောင်ကြောင့် အောင်မြင်တာ မဟုတ်ဘူး လို့ အထင်သေးတဲ့ ပုံနဲ့ ဝင်ပြောတယ် တက္ကသိုလ်က ပညာတတ်ကြီး ဆိုတော့ တောသားကြီးလဲ ဘာမှ ပြန်မပြောနိုင်ဘူး မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်နေရတာပေါ့
      ( တစ်ခါတစ်လေ သူကြီးနဲ့ ကျွန်တော်တို့လို ဖြစ်ချင်ဖြစ်နေမှာပေါ့)
      ပညာဝန်က တက္ကသိုလ်ကျောင်းသားကို ဝင် ပြောတာ က .. မင်း ပြောတာ မှန်ပေမဲ့ သူတို့ဘဝ သူတို့အတွေ့အကြုံ နဲ့ ဒီ အဆောင်ကို ဆောင်ထားတာ၊ ဒီ အဆောင် အပေါ်မှာ ထားတဲ့ သူတို့ရဲ့ ယုံကြည်မှု ကြောင့် သူတို့ လုပ်တဲ့ အလုပ်အပေါ်မှာ အကျိုးဖြစ်ပါတယ် တဲ့

      သူကြီး ပြောတာတွေ အမှန် ဆိုတာ လက်ခံ ပါတယ် သူကြီးရယ်
      ဒါပေမဲ့ ဒီနေ့ ဒီ အခြေအနေမျိုးမှာတော့ မြန်မာ့ ယဉ်ကျေးမှုလို့ မြန်မာတွေ လက်ခံထားတဲ့အတိုင်း ကျင့်သုံးတာက မြန်မာပြည်က မြန်မာတွေ အတွက် အကျိုး ရှိတယ်လို့ ယုံကြည်နေကြတာမို့ ဒီ အတိုင်းပဲ ကျင့်သုံးကြပါစေ ..

      • nozomi

        February 28, 2012 at 6:34 pm

        သူကြီး ရေ ကျွန်တော့မှာ မှားသွားမှာ စိုးလို့ အတိအကျလေး ပြောချင်တာနဲ့ လိုက်ရှာကြည့်တော့
        ရွာထဲမှာတင် တွေ့ပြီ ဗျို့ ကျွန်တော်ရေးတာ သူ့ မူရင်းနဲ့တော့ ကွဲပေမဲ့ ဆိုလိုရင်းကတော့ တူပါတယ်
        စိတ်ဝင်စားသူများ ဖတ်နိုင်အောင်ပါ
        http://myanmargazette.net/31941/creative-writing/short-story

        တစ်ခုပဲ ရေးတဲ့သူက creative-writing/short-story ဆိုတာတော့ နဲနဲလွဲနေသလားလို့
        ဦးဖိုးကျားကြီး ကိုယ်တိုင်တင်တာ ဆိုရင်တော့ ပြောတတ်ဘူး

    • ဦးဦးပါလေရာ

      February 28, 2012 at 10:33 pm

      သူကြီးရေ –
      ကျုပ်ကိုယ်တိုင်တော့ ဒီကိစ္စမှာ သူကြီးနဲ့လဲ သဘောတူပါတယ်။
      ကိုဖေါရင်းရဲ့ “စဉ်းစားကြစေလိုပါတယ် ( ၁၂ ) ” က သဘောထားကိုလဲ
      သဘောတူပါတယ်။ ဒီပိုစ့် အစမှာ ဆိုထားသလိုပါပဲ.။

      ဒါပေမယ့်
      ဒီကိစ္စမှာ ဆိုင်ရာလူမှု့အသိုင်းအဝိုင်းရဲ့ အများစုက သဘောတူဘို့ အရေးတကြီးလိုပါတယ်။
      ဆိုတော့ …. ကျုပ်တို့က နဲနဲစောနေသေးထင်ပါ့ဗျာ …….. 🙁

  • ba gyi

    February 28, 2012 at 5:42 pm

    ကိုယ့်နိုင်ငံ၊ကိုယ့်ရေမြေ၊ကိုယ့်သဘာဝနဲ့ ၊ကိုတွေလက်ခံနိုင်တာဟာ ကိုယ့်စံဖြစ်မှာပါပဲ။
    အခြေခံအခွင့်အရေးဆိုတာတော့ ကျားဖြစ်စေ၊မဖြစ်စေရှိကြရမှာပါ။
    တစ်ခါတစ်ရံမှာကိုယ်အတွက်အခွင့်အရေးဟာ သူများထိခိုက်တာမျိုးမဖြစ်ရမှာဖြစ်သလို၊ကိုယ့်အတွက် ပါထိ ခိုက်စေတာမျိုးလည်းမဖြစ်သင့်ပါခင်ဗျား။
    အထူးသဖြင့် လိုင်ကိစ္စတွေ မှာ၊ လူဟာ အသိဉာဏ်ရှိတယ်ဆိုတဲ့အတွက်၊ လူ့အခွင့်အရေးဆိုတာလည်း
    အဲသည်အသိဉာဏ်နဲ့မကင်းလွတ်ဘို့တော့လိုမှာပါပဲ ။ အားလုံးကိုလေးစားလျှက်။

    • ဦးဦးပါလေရာ

      February 28, 2012 at 10:39 pm

      “…တစ်ခါတစ်ရံမှာကိုယ်အတွက်အခွင့်အရေးဟာ သူများထိခိုက်တာမျိုးမဖြစ်ရမှာဖြစ်သလို၊ကိုယ့်အတွက် ပါထိ ခိုက်စေတာမျိုးလည်းမဖြစ်သင့်ပါခင်ဗျား။..”

      အဲဒါ အဖြေပါဗျား…
      တကယ်လို့ အခြေအနေအရ မိမိရဲ့လွတ်လပ်ခွင့်ကို ထိန်းချုပ်စောင့်စည်း ရတယ်ဆိုရင်လဲ – အဲဒါတကယ်တော့ ကိုယ့်အကျိုးအတွက်ပါပဲ။

  • aye.kk

    February 28, 2012 at 8:04 pm

    အရက်မူးမှကျွဲခိုးပေါ်တဲ့..
    အပုတ်အနာကအတိတ်ကံကသတ်မှတ်ထားပြီးသားပါဘဲ။
    ရိုက်တဲ့သူများဝဋ်လည်လိမ့်မည်သတိထား။

    • ဦးဦးပါလေရာ

      February 28, 2012 at 10:43 pm

      မိန်းမကိုရိုက်တယ်ဆိုတာကတော့ ဒီခေတ်တော့တော်တော်ရှားသွားပါပြီ။
      အဲဒီအပြုအမူဟာ ပြုလုပ်သူရဲ့ သဘောထားသေးသိမ်မှု့နဲ့ ရိုင်းစိုင်းမှု့ကို မြင်သာစေပါတယ်။
      အဲလိုလူမျိုးက ဒီဘဝမှာတင် ဝဋ်လည်မှာပါဗျာ…။

  • padonmar

    February 29, 2012 at 12:02 am

    ဗိုလ်ထီးကတော့ ကိုယ့်အချစ်နဲ့အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်တဲ့။
    မြန်မာ့ယဉ်ကျေးမှုနဲ့တော့ မအပ်စပ်သေးပါဘူး။

  • ကြောင်ကြီး

    February 29, 2012 at 10:55 am

    ဒီခေတ်ကြီးမှာ ရည်းစားထားဖူးရင် ပါးတင်မကတာ သေချာသဗျို့….ဒီတော့ ဟိုအကောင် ဘာလုပ်သွားခဲ့သလဲ..စုံစမ်းပြီးတော့ သူ့ထက်မက…ပြောတော့ဘူး….ကိုယ့်ဟာကိုယ် ဆက်တွေးကြည့်…. :mrgreen:

  • htet way

    February 29, 2012 at 6:59 pm

    ိဘယ်လက်နဲ့ ရိုက်တဲ့ ပုံပြင်တွေ ဒီမှာ ဒုနဲ့ဒေပါ။
    ဦးဦးပါလေရာက ရည်ရွယ်ချက်ရောက်အောင်ပို့ဆောင်တတ်ပါ ပလေတယ်။
    ရှု့ထောင့်တွေ ခံယူချက်တွေနဲ့ ဆိုင်ပါတယ်။
    အချစ်ဆိုတဲ့ ကိစ္စမှာ သဝန်တိုတာတွေရှိပါတယ် သိင်္ဃသူ့ သမီးကျောက်စာမှာ
    တော့ သဘောထားကြီးကြောင်း ပြသတာတွေ့ရပါတယ်
    အချင်းချင်း အမျက်အအီ တစေ့မရှိ ချစ်သောမျက်စိဖြင့် ရှု့ကြည့်ကြစေ၏..
    မြန်မာယဉ်ကျးမူမှာတော့ ဟီရိဩတ္တပ္ပ အရှက်တရား အကြောက်တရားတွေရှိနေတော့ ….
    I think , therefore I am.အရစ်စတိုရယ်ရဲ့ philosophyကငါတွေးနေတယ် ဒါကြောင့်ငါရှိနေတယ် ထဲကလို စဉ်းစားစေလိုတယ်
    ဒါကြောင့်စဉ်စားတယ် ။
    ဦးဦးပါလေရာ တစ်ယောက်ကျန်းမာပါစေ။ စာတွေဆက်လက် မပြတ်ရေးနိုင်ပါစေဗျား။

  • ဦးဦးပါလေရာ

    February 29, 2012 at 10:41 pm

    မပဒုမ္မာရေ-
    ကိုထီးရဲ့အဲသည်သီချင်းလေးက ကျွန်တော်တို့ အဆောင်ကျောင်းသားဘဝမှာ နွားသီချင်းလို့ချစ်စနိုးနောက်ပြောင်အမည်ပေးတဲ့ သီချင်းတွေထဲက နံပါတ်နှစ်ပေါ့။ 😛

    ဆိုလို့တော့ကောင်းပါတယ်ဗျာ … 😛

    • kyeemite

      February 3, 2014 at 11:22 am

      နောက်တစ်ပုဒ်က “မောင့်တပါတ်နွမ်း” နဲ့တူရဲ့ 😀

  • ဦးဦးပါလေရာ

    February 29, 2012 at 10:49 pm

    ကိုကြောင်ကြီးရေ-
    ဒီခေတ်တော့ ဘာမှမစုံစမ်းတာ ကောင်းပါတယ်ဗျာ။ ထမင်းစားပျက်မှာစိုးရတယ် ……. 😀 😀

    ကိုထက်ဝေးရေ-
    လူမှု့အသိုင်းအဝိုင်း အမျိုးမျိုးရဲ့ ခံယူချက် ခံစားချက်တွေကလဲ အမျိုးမျိုးအစားစား ကွဲပြားနေတတ်တာကိုး။
    စကားမစပ်-
    အပေါ်ကကွန်မင့်တွေကို တခုချင်း reply လုပ်နေတာ မျက်စိနောက်စရာဖြစ်တော့မှာပဲ။
    တကယ်တော့ ကွန်နက်ရှင်အရမ်းဆိုးနေတာနဲ့ ကွန်မင့်တိုတိုလေးတွေ ဖြတ်ဖြတ်ပြီး တဦးစီဆီ reply ရတာဗျာ။

  • အင်းဗျာ…..
    လင်နဲ ့မယားလျှာနဲ ့သွား
    ကျောနာအောင်ရိုက်မှ အသည်းနာအောင်ချစ်တယ်လို ့လဲ
    ပြောကြပြန်ရောဗျို ့။အိမ်တွင်းအကြမ်းဖက်မှုကတော့ မ
    ကျူးလွန်တာ အကောင်းဆုံးလို ့မြင်မိတယ် ဦးပါလေရာရေ။

  • windtalker

    March 1, 2012 at 2:39 pm

    ခပ်စပ်စပ်လေး တစ်ချက် နှစ်ချက် ရိုက်ပေးသင့်ပါကြောင်း ။
    အမည်မသိ ရှေးကျမ်းစာ တစ်စောင်မှ ကူးယူ ဖော်ပြအပ်ပါသည် ။

  • စောဝေတင့် (ပုဂံ)

    March 5, 2012 at 1:56 pm

    ဦးဦး ပါလေရာ ကြီးရေ………..
    ကျွန်တော် တို့ ဦးလေးပါလေရာ ဆိုနေ နေတာက
    ကာမဘုံ နော်
    ကာမဂုဏ်အာရုံကိုတော့
    လူတိုင်ခံစားချင်မှာပဲလေ
    ဗြဟ္မဘုံလည်း မဟုတ်ဘူး
    နိဗ္ဗာန်ဘုံ လည်း မဟုတ်လေတော့ ခက်တယ်ဗျာ……..
    လောကလူသာပဲဗျာ………
    ဟုတ်တယ်နော်

  • ရာမည

    February 2, 2014 at 10:01 am

    ကူးယူဖေါ်ပြခွင့်ပြုပါခင်ဗျာ

    • ဦးဦးပါလေရာ

      February 3, 2014 at 6:31 am

      ကိုရာမည ပြန်တူးလိုက်လို့ ခပ်မေ့မေ့ရှိရာက သတိပြန်ရသွားတယ်..

      သဘောရှိ …. ဗျာ..
      :mrgreen:

  • ဒညင်းဝက်

    February 4, 2014 at 11:49 am

    အဟိ..
    ဦးပါရေးထားတဲ ့ အယူအဆတွေနဲ ့..
    တူညားတွေ ပြောကြဆိုကြတာကိုပဲ.. ဖတ်သွားပါတယ်. .။

    ကိုယ်တိုင်တော့..ဘာမှ ဝင်မပြောတတ်။
    ကိုယ်က ခလေးကိုးးးး

    😆

Leave a Reply