အဆာပြေ..Basic needs..
တစ်နေ့သောအခါက တစ်ညနေခင်းပေါ့…ကျွန်တော်လည်းရန်ကုန်ကမိဘတွေဆီ
ပြန်လာခိုက်မင်္ဂလာဒုံ ဝါယာလက်ကားဂိတ်မှာပျင်းပျင်းရှိတာနဲ့ ကွမ်းတစ်ယာဝါးရင်း ထိုင်ငေးနေခဲ့မိတယ်…ဒီအချိန်မှာဘဲ..ကျွန်တော့အနီးမှာ တွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ…
ကားစောင့်နေတဲ့ ပုံနဲ့သားအမိနှစ်ယောက်ကိုသတိပြုမိခဲ့တဲ့ အတွက်…
ဒီဘဝသရုပ်ဖေါ် ဇတ်ထုတ်ကလေးတစ်ခုဖြစ်ပေါ်လာခဲ့ရပါတယ်… ခံစားရလွန်းလို့
တတ်သလောက်မှတ်သလောက် အရေးအသားလေးနဲ့ မှတ်တမ်းတင်ခဲ့မိပါတယ်…
“အဆာပြေ”
၉၊၂၉၊၅၁၊ ဘတ်စ်ကား တစ်စီးပြီးတစ်စီးသာဝင်လာတယ်..အကိုတစ်ယောက်မပါလာဘူး…
ကြည့်ရင်းကြည့်ရင်း မစိန်မ ဝမ်းနည်းလာတယ်..ဘေးကိုကြည့်မိတော့လဲ ခုံတန်းပေါ်ထိုင်ပြီး
ဘိန်းမုန့်ကို ဝါးရင်းငိုနေတဲ့ သမီးလေး”ရတနာ”ကိုမကြည့်ရက်စရာ တွေ့ရပြန်တယ်..ဘိန်းမုန့်
က မနက်အစောကြီးကတည်းကကျန်တာမို့ တော်တော်ခြောက်နေလေတော့ သမီးခမျာ မနဲဝါး
နေပုံရပါတယ်..ဗိုက်ဆာလွန်းလို့သာ သမီးလေးက အားခဲပြီးဝါးနေတာပါ..အရသာတွေ့ပုံတော့
မပေါ်ပါဘူး..ဟော..ဟော..ပြောရင်းဆိုရင်းလေလင် ၂၉ ကားတစ်စီးဆိုက်လာပြီ အကိုတော့
ပါတန်ကောင်းပါရဲ့..ခုနစ်နာရီတောင်ခွဲလောက်ရောပေါ့..အင်း..လူတွေတော့ပြည့်ကြပ်လို့ပဲ
ဗိုက်ထဲကဆာလောင်လို့မြည်ဟည်းနေတဲ့ အသံတွေတောင် တဒင်္ဂ တိတ်သွားသလိုပဲ..အော်..
သမီးလဲ ကားသံကြားလို့ထင်ပါရဲ့..ဘိန်းမုန့်လက်ကျန်ကို အသာကိုင်ထားရင်း ကားကိုစူးစူး
စိုက်စိုက်ကြည့်နေလေရဲ့..ဟော..ဟော..ဟုတ်ပါပြီ..အစ်ကိုမှအစ်ကိုပါ..မနက်ကဝတ်သွားတဲ့
ပုဆိုးအနက်ကွက်ကလေးနဲ့ သတ္တုထမင်းချိုင့်လေးဆွဲလို့ ဆင်းလာတယ်..သမီး..ထထ.ဖေကြီး
လာပြီ..လာ.လာ.၊ အစ်ကိုပေးပေး ထမင်းချိုင့်ညီမကိုပေး..အော်..အစ်ကိုရယ်..ဘာလို့ဒီလော
က်တောင်ဒေါသကြီးနေရတာလဲ..ညီမ အစ်ကိုပြောတာမှတ်ထားပါတယ်..ဒီသမီးက အဆာပြေ
အဖေ့ကို ကားဂိတ်က သွားကြိုရအောင်ဆိုပြီး ငိုနေလို့ပါ..
‘တော်ကွာ..တော်တော့..မင်းဘာမှပြောမနေနဲ့..ငါမင်းကိုအတန်တန်ပြောတယ်..ကားဂိတ်ကိုမလာနဲ့လို့..ကြည့်စမ်း..မင်းထဘီ အဖာတစ်ရာနဲ့..ဒါငါ့ကိုစော်ကားတာ..ငါသိက္ခာမကျ ကျအောင် မင်းလုပ်တာ..လူတွေကဘာထင်မလဲ..ဒီကောင်သောက်သုံးမကျလို့ မိန်းမနဲ့ ကလေး သူတောင်းစားရုပ်ပေါက်နေတာလို့ ငါ့ကိုပြောတာ မင်းခံချင်တယ်ပေါ့..ဟုတ်လား…
မင်းမှဗိုက်ရှိတာမဟုတ်ဘူးကွ..ငါလည်းဗိုက်ဆာတာပဲ..ဆာလည်း..အိမ်ကစောင့်ပေါ့..တောက်…’
‘အစ်ကိုရယ်..မနက်က အစ်ကိုသွားတော့ ကျန်ခဲ့တဲ့ထမင်းလေးကို သမီးကို အကုန်ကျွေး
လိုက်တာပါ..လက်ထဲလဲ ငွေနှစ်ကျပ်ပဲကျန်တယ်..ဒါနဲ့ဘိန်းမုန့်၁ကျပ်ဖိုးဝယ်ပြီး ညီမအာသာဖြေလိုက်ပါတယ်..အစ်ကို့ကိုမနက်က ဘယာကျော်နှစ်ခုထဲနဲ့ ထမင်းချိုင့်ထည့်ပေး
လိုက်ရတာလည်း စိတ်မကောင်းပါဘူး..အစ်ကိုပင်ပန်းမယ်..ပိုဆာမယ်ဆိုတာ ညီမသိပါတယ် အစ်ကိုရယ်..ဒါကြောင့်ထမင်းကို သမီးအတွက်ပဲချန်ပြီး ကျန်တာအကိုု့ချိုင့်ထဲ ဖိသိပ်ထည့်ပေးလိုက်တာပါ..နေ့လည်ရောက်ပြန်တော့..သမီးကဆာပြီး.ငိုပြန်ရော..ဒါနဲ့ငါးမူးတန်ဘိန်းမုန့်နှစ်ခုထပ်ဝယ်ပြီး..သမီးကိုတစ်ခုကျွေး..တစ်ခုကိုညနေသမီးဆာလို့တောင်းရင် ကျွေးနိုင်အောင် ထားခဲ့ပါတယ်..ဒါပေမယ့်အစ်ကိုရယ်..သမီးလည်းညနေစောင်းတော့ ထမင်းစားချင်တာပေါ့ ဘိန်းမုန့်ကျန်တာကျွေးတော့လည်းမစား တအားကို ငိုနေတော့တာပဲ
ဒါနဲ့..သမီးရယ်ဖေကြီးလာရင် ထမင်းစားရမှာပါလို့ ချော့တော့..ဒါဆိုဖေကြီးကိုသွားကြိုမယ်ဆို
ပြီး ငိုပြန်ရော..ပထမတော့ အစ်ကိုမှာတဲ့ စကားကို သတိရပြီး သမီးကိုမသွားဖို့ ချော့ပါသေး
တယ်..ဒါပေမယ့် သမီးက တအားငိုတော့ သနားလွန်းတာနဲ့ သူလဲစိတ်ပြေလက်ပြောက်လေဆို
ပြီး ချော့မော့..ဘိန်းမုန့်တစ်ခုကျွေး..ကားဂိတ်လာထိုင်နေတာပါ အစ်ကို..ကားဂိတ်ရောက်မှဝင်
လာတဲ့ကားတွေကို ဖေကြီးပါလားလို့ ကြည့်ရင်းအငိုတိတ်ပြီး ဘိန်းမုန့်လေးကို ကိုက်ကိုက်စား
ရှာတာပါ..’
‘ဟေ့..တော်ကွာ..တော်..တော်…ရော့..ဒီနေ့ ငါ့လုပ်ခ ၁၅ိ/-ကျပ်..မင်းဝယ်ချင်တာသာကြည့်
ဝယ်ခဲ့..လာ…သမီး..ဖေကြီးတို့ သွားနှင့်မယ်နော်..မေကြီးထမင်းဝယ်လာလိမ့်မယ်..’
သမီးကိုကောက်ချီပြီး ထွက်သွားတဲ့ အစ်ကို့ကျောပြင်ကို တစ်လှည့်..လက်ထဲက
အစ်ကိုပေးခဲ့တဲ့ ဆယ့်ငါးကျပ်တန် ခပ်နွမ်းနွမ်းလေးကို တစ်လှည့်ကြည့်ရင်း မစိန်မ ငိုင်နေမိတယ်..အော်..ငါ့ကိုသာ ဆူငေါက်သွားတာ..အစ်ကို့မျက်လုံးအိမ်မှာလဲ မျက်ရည်အ
ပြည့်နဲ့ပါလား..ငါဒီညနေ စါနဲ့ မနက်အစ်ကို့ ထမင်းချိုင့် အတွက် ဘာဝယ်သွားရင်ကောင်းမလဲ.
..
ကြီးမိုက်
၈၊၂၊၁၉၉၁။
တော်တော်သနားသွားကြပါသလားခင်ဗျာ…
နဲနဲလောက်ချန်ထားပေးဘို့ မေတ္တာရပ်ခံပါရစေ…
တခြားကြောင့် မဟုတ်ပါဘူး..ကြီးမိုက်(အဲ့တုံးကတော့လူလိမ်မာလေးပါ)်
ကပိုသနားစရာကောင်းနေလို့ပါ…
အင်း..
သူများကိုသာစာနာတွေးနဲ့သနားနေမိတာ…ကိုယ့်ကိုယ်ကိုပြန်ကြည့်တော့
လည်း..ထမင်းမဝတဲ့ အဆာပြေ အရာရှိငယ်တစ်ယောက်ပါ…အဲဒီတုန်းက
ကျွန်တော်က အစိုးရဋ္ဌာနမှာ ဦးစီအရာရှိ(၁၂၅ဝကျပ်စား)တစ်ယောက်ပါ။
မိဘအိမ်ကိုမထောက်ပံ့ နိုင်တဲ့အပြင် ကိုယ်တောင်ထမင်းအနိုင်နိုင်ပါ။
ဒါနဲ့ဘဲ ဒီခံစားမှု့စာစုလေးကိုရေးပီး နောက်သုံးနှစ်လောက်အကြာမှာ..အစိုးရအလုပ်ကနှုတ်ထွက်ခဲ့ပါတယ်…
6 comments
kyeemite
March 1, 2012 at 4:06 am
ကွန်နက်ရှင်ဒုက္ခပေးလို့ ပို့စ်တင်ရတာ တော်တော်ဒုက္ခ ရောက်ပါတယ်…
တစ်ခုခုမှားနေရင်..သဂျီးမင်းေ၇..ကူပြင်ပေးပါအုံး..
kyeemite
March 1, 2012 at 4:10 am
သဂျီးမင်းခင်ဗျား..ကွန်နက်ရှင် အခက်အခဲကြောင့်ပို့စ်တွေထပ်နေပါက အပိုတွေကို
ဖျက်ပေးစေလိုပါကြောင်း..
လေးစားလျှက်..
ကြီးမိုက်။
နွေဦး
March 1, 2012 at 3:07 pm
ကြာလှပီးတုန်းက ဒီစာကို တခါ ဖတ်မိတယ်.
ဘယ်မှာဆိုတာ မမှတ်မိပေမဲ့
ရင်ထဲအရမ်းခံစားခဲ့ရ လို့ သိနေတယ်..
အခုထပ်ဖတ်လဲ ထပ်ပီးခံစားရတယ်ဗျာ..
ဒီနေ့တော့ post တွေက အရမ်းခံစားနေရတယ်
နဂို အလွမ်းဓါတ်ခံကြောင့်လား…
ထပ်မခံစားနိုင်တော့ဘူး…ဘီယာဆိုင်ပြေးဘီဗျို့….
ကြောင်ကြီး
March 2, 2012 at 10:12 am
အဲဒီအခြေအနေနဲ့ ခလေးမယူသင့်ဘူး…။
MaMa
March 2, 2012 at 5:29 pm
အင်းးးးးးး ပြောရမယ်ဆိုရင်
ကလေး မယူသင့်သေးတဲ့အပြင်
အိမ်ရှင်မကရော ဘာအလုပ်မှ မလုပ်ဘူးလား။
ငယ်ရွယ်တဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ လူတစ်ယောက်အနေနဲ့
မိသားစု စားဝတ်နေရေးအတွက် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီသင့်တယ်။
venus lay
March 3, 2012 at 6:01 pm
မစိန်မကသနားပါတယ်နော်..သူ့ယောက်ျားကိုတော်တော်ချစ်တာပဲ