လွမ်းစိတ်
လေကလေးက တဖြူးဖြူး
စိတ်ကူးလေးက တလွင့်လွင့်
ဟိုး…ပင်မြင်ဆီက
နွေဥဩတေးသီသံ
ကြားရပြန်တော့
စိတ်ထဲမှာ အလိုမကျနဲ့
(ဘာကြောင့်ရယ်မသိ)
လွမ်းနေမိ၏။ ။
လေကလေးက တဖြူးဖြူး
စိတ်ကူးလေးက တလွင့်လွင့်
ဟိုး…ပင်မြင်ဆီက
နွေဥဩတေးသီသံ
ကြားရပြန်တော့
စိတ်ထဲမှာ အလိုမကျနဲ့
(ဘာကြောင့်ရယ်မသိ)
လွမ်းနေမိ၏။ ။
10 comments
htet way
March 5, 2012 at 6:12 pm
လွမ်းတယ်လား…..
အော်လွမ်းတယ်တဲ့ ရွာစားရေ
လွမ်းတယ်ဆိုတာ ဘယ်အရာကိုခေါ်ပါသလဲ မောင့်ဘုရားကိုပြောစမ်းပါ
နှမတော်လေးရယ်။
(ရွှေမန်းတင်မောင်၏ နှစ်ပါးသီချင်းက လှတယ်ဆိုတာဘယ်အရာကိုခေါ်ပါသလဲ
မောင့်ဘုရားကိုပြောစမ်းပါ နှမတော်လေးရယ်။) ကို တုပြောခြင်းဖြစ်ပါကြောင်း။
ကျွန်ပ်စကားမဟုတ်ပါ။
alinsett
March 5, 2012 at 6:22 pm
ငှက်ကလေး တေးဆိုသံကို ကျွန်တော်..ကြားလိုက်ရပါတယ် ။
ကျွန်တော်လည်း…အလွမ်း ဓါတ်ခံ.ရှိခဲ ့သူ မို ့…လွမ်းလွမ်း ဆွတ်ဆွတ်..ဖြစ်သွားပါရဲ ့။
ကဗျာလေးက တိုပေမယ့် ထိမိတဲ ့ စကားလုံးလေးတွေ.ကြောင့်……
အသက်ဝင် .နေပါတယ် ။
နောက်လည်း….ဒီလို ကဗျာလေးတွေ.ကို.စောင့်မျှော် နေပါ့မယ် ။
မဟာရာဇာ အံစာတုံး
March 5, 2012 at 7:11 pm
ကျနော်လည်း …
အမမွန်ရဲ့ ကဗျာတိုလေးကို ဖတ်ရှု ခံစားသွားပါတယ် ခင်ဗျာ …
ကျနော် ပြောတတ်သလောက် ဆိုရင် … ဆံနွယ်တွေ လေထဲ လွင့်နေတယ်လို့ ခံစားရချိန်၊ မျက်နှာကို လေအေးလေးက လာကစားတဲ့ အချိန်မျိုးမှာ ရင်ထဲမှာ အေးချမ်းနေမိသလို၊ တစ်ခုခုကိုလည်း လွမ်းမိနေတတ်ပါတယ်လို့ …………
ခင်တဲ့ … အံစာတုံး
aye.kk
March 5, 2012 at 7:44 pm
ချစ်ပြီးမှဝေး..
လွမ်းတေးသီဆို..
နွေကိုကြိုတဲ့..
ပင်ပျိုထက်က..
ဥဩငယ်ရယ်..
ဘယ်ဆီဘယ်မှာ..
ဘယ်ဝယ်မသိ..
မချိရင်မှာ..
တမ်းတပါရင်း..
ွဲခါခါကြေကွဲ..
ရင်ထဲမှာလေ..
လွမ်းစိတ်တွေကူး..
နွေဦးကိုဖြင့်..ငံ့လင့်နေ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 5, 2012 at 8:01 pm
ဆရာထက်ရယ်ကိုအံစာတုံးရယ်ကိုအလင်းစက်ရယ်ပြောထားပြီးပြီဆိုတော့
ကျနော်လဲ လွမ်းသွားပါတယ်ဗျာ။
windtalker
March 5, 2012 at 8:28 pm
ဟေမာနေဝင်း သီချင်းစာသား ကို သာ ပြေးမြင်မိပါ၏
“ ဒီအချိန်ဆို လွမ်းဒယ်…… အချစ်ဆုံး သိလား အချစ်ဆုံး သိလား ”
ခပ် KING ကင်း
March 5, 2012 at 8:56 pm
လွမ်းစိတ်နဲ့
မှန်းကြိတ်လိုက်တာ
အခုတော့
ဂျပုမော့နေပြီ
😆
(မှတ်ချက်။ အကျယ်ပြန်မရှင်းပြပါ)
windtalker
March 5, 2012 at 9:05 pm
အကျဉ်းလောက် ဆိုလဲ အဆင်ပြေပါတယ် ။
ဘယ်ဆိုင်မှာ မော့နေတာလဲ ခင်ဂျ ။
ရှမ်းပြည်သား (တောင်ပိုင်း)
March 5, 2012 at 10:44 pm
ကျွန်တော်ကပိုလွမ်းတယ်ဗျ။
ဒီအချိန်ဆို စာရေးသူရဲ့နာမည်နဲ့တူတဲ့မိန်းကလေးတစ်ယောက်
ကျွန်တော့်အသည်းခွဲသွားတာ တစ်နှစ်ပြည့်ရောပေါ့……
လွမ်းတယ်
လွမ်းတယ်
လွမ်းတယ်။
စာရေးသူရဲ့နာမည်ကိုမြင်တိုင်းလွမ်းတယ်…..
ဒီအချိန်ရောက်ရင်လည်းလွမ်းတယ်……..
ဒီကဗျာလေးကိုဖတ်မိတာလည်းလွမ်းတယ်။
အသည်းခွဲသွားတဲ့ မမကြီးကိုလည်းလွမ်းတယ်။ ခုဆိုတစ်ခြားသူရင်မှာပျော်နေရောပေ့ါ…….
အီးဟီး…..ငိုတောင်ငိုချင်လာပြီ ဘယ်ဒူလာချော့မှာလဲ…….
စာရေးသူမမွန်မွန်ရေ…….အီးဟီး…..လွမ်းပါတယ်ဆိုမှပဲ။
မွန်မွန်
March 6, 2012 at 1:59 pm
အဲ..
မွန်မွန် ရေးတုန်းက အဲဒီလောက်မလွမ်းဘူး…တူဒို့ပြောမှ ငိုတောင်ငိုချင်လာပြီ…
aye.kk ရှင်… ကွန်မန့်ကဗျာလေးအတွက် ကျေးဇူးပါ။
ရှမ်းပြည်သားရေ..မငိုပါနဲ့ဟာ…မျက်ရည်မကျကောင်းဘူးဟ.. (စတာနော်)..