Philadelphia စမ်းသပ်ချက် (အပိုင်း- ၃) – ဘာသာပြန်သူ – ခင်မမမျိုး
Philadelphia စမ်းသပ်ချက် (အပိုင်း- ၃)
ကျွန်မကို အဖိုးက ကောင်းမွန်တဲ့ အကြံဉာဏ်တွေကို အမြဲတမ်း ပေးလေ့ရှိပါတယ်။ ကျွန်မရဲ့ ပရောဂျက်ကို အကောင်းဆုံး စတင်နိုင်ဖို့ ဘာတွေ လုပ်သင့်တယ်ဆိုတာ သူက ရှင်းပြပေးပါတယ်။
“ အဲလစ်။ မင်းသတိထားဖို့က မင်းရဲ့ အထက်တန်းကျောင်းက ဆရာတွေဟာ သချင်္ာနဲ့ ပတ်သက်လာရင် မင်းလောက် အဆင့်မြင့်မြင့် မသင်ထားဖူးဘူး ဆိုတာပဲ။ မင်းရဲ့ ပရောဂျက်ကို ရှင်းလင်းတင်ပြတဲ့အခါ ကလေးတွေကို ရှင်းပြသလို သီအိုရီသဘောတရားတွေကိုပါ ရှင်းပြဖို့ လိုလိမ့်မယ်။ အိုင်းစတိုင်းရဲ့ Unified Field Theory ကနေ စပြီး ရှင်းပြဖို့ လိုလိမ့်မယ်”
“ ဘယ်ကနေ စရမလဲ”
ကျွန်မ ချက်ချင်း ပြန်မေးလိုက်ပါတယ်။ ကျွန်မရဲ့ ပရောဂျက်ထဲမှာ အဖိုး ပါဝင်ပတ်သက် လာတာကိုလဲ အရမ်းဝမ်းသာမိပါတယ်။
“လျှပ်စစ်ဓာတ်အားထွက်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ မင်းသိတယ်မဟုတ်လား”
အဖိုးက မေးပါတယ်။
လျှပ်စစ်ဓာတ်အားထွက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မသေချာ သိပါတယ်။ မူလတန်း ကျောင်းမှာတုန်းက တခြားကလေးတွေက အရုပ်ကားလေးတွေနဲ့ ကြမ်းပြင်ပေါ်မှာ ဆော့နေချိန်မှာ ကျွန်မကတော့ အီလက်ထရစ် မော်တာ တပ်ဆင်ထားတဲ့ ထရပ်ကားလေးတွေကို ဆောက်လုပ်နေခဲ့ပါပြီ။ ကျွန်မ ခြောက်နှစ်သမီးမှာ အဖိုးက electrical assembly kit ကို လက်ဆောင်ပေးပါတယ်။ တပတ်အတွင်းမှာတင် ကျွန်မ ကျွမ်းကျင်သွားခဲ့ပါတယ်။
ကျောင်းမှာတုန်းက တခြားကလေးတွေက ကျွန်မကို အနည်းငယ် ထူးခြားတယ်လို့ ထင်မြင်ကြတာကို ကျွန်မသိပါတယ်။ ဒါပေမယ့်လဲ ကျွန်မတီထွင်ထားတဲ့ gadgets လေးတွေကိုတော့ သူတို့ ကြိုက်ကြပါတယ်။ တချို့ဆရာ၊ ဆရာမတွေနဲ့တော့ ကျွန်မမှာ ပြဿနာ ရှိပါတယ်။ တခါတုန်းက Miss Markham ဆိုတဲ့ ဆရာမက ကျွန်မကို မေးပါတယ်။ “ကစားခန်းထဲမှာ အရုပ်မတွေနဲ့ ကစားနေရတာ မင်းအတွက် ပိုပြီး ပျော်စရာ မကောင်းနိုင်ဘူးလား အဲလစ် “ တဲ့။ အဲဒီအချိန်မှာ ကျွန်မ ပထမဆုံး အရွဲ့စတိုက်ဖူးတာ ထင်ပါရဲ့။ “ကျွန်မကို ပြောနေတာလား” လို့ ပြန်မေးလိုက်ပါတယ်။ ဒီအချိန်ကစပြီး ကျွန်မနဲ့ အဲဒီဆရာမနဲ့ သိပ်ပြီး အဆင်မပြေခဲ့ပါဘူး။
ဒီတော့ ခြုံပြောရရင် ကျွန်မ လျှပ်စစ်ဓာတ်အား အကြောင်းကို ကောင်းကောင်းသိပါတယ်။
ဝါယာကြိုးခွေ၊ လျှပ်စစ်ဓာတ်အားနဲ့ သံလိုက်စွမ်းအင်တွေ အကြောင်းကို အဖိုးကို ကျွန်မပြန်ပြောပြလိုက်ပါတယ်။
အဖိုးက စိတ်ရှည်စွာနဲ့ နားထောင်ပြီး “လျှပ်စစ်ဓာတ်အားနဲ့ သံလိုက်စွမ်းအင်တွေဟာ တခုနဲ့ တခု ဆက်စပ်နေတယ်။ တခုကို ပြောင်းလဲရင် နောက်တခုကိုလဲ ပြောင်းလဲနိုင်တယ်။ ဒါဟာ Unified Fields ပ ဲ” လို ့မှတ်ချက်ပေးပါတယ်။
“ ဒါပေမယ့် ဒါဟာ အိုင်းစတိုင်းရဲ့ Unified Fields Theory မဟုတ်ဘူး မဟုတ်လား”
အဖိုးက ခေါင်းခါပြပါတယ်။
“ အိုင်းစတိုင်းရဲ့ Unified Fields Theory က နောက်ထပ်တခုကို ဖြည့်ထားတယ်။ Gravity (ကမ္ဘာမြေဆွဲငင်အား) လေ။ မင်းဒါကို သိတယ် မဟုတ်လား”
Gravity နဲ့ ပတ်သက်ပြီး ပထမဆုံးသင်ခန်းစာကို ကျွန်မ မှတ်မိပါသေးတယ်။ ကျွန်မ ခုနစ်နှစ်သမီးလောက်တုန်းက ခြံနောက်မှာ ဘောလုံးပုတ်တမ်းကစားနေတုန်း အဖိုးက ကျွန်မရဲ့ ဘောလုံးကို လာယူပြီး၊ သေချာကြည့်ဖို့ ပြောပါတယ်။ အဖိုးက လက်ထဲကနေ ဘောလုံးကို လွှတ်ချလိုက်ပါတယ်။ ဘောလုံးက အတန်ကြာ bouncing ဖြစ်နေပြီးမှ မြေကြီးပေါ်ကို ကျသွားပါတယ်။ ဒါက ဘာကြောင့်ဖြစ်လဲဆိုတာ သိလားလို့ အဖိုးက မေးပါတယ်။
ကျွန်မက “ ကားတစီးမှာ ဓာတ်ဆီကုန်သွားတဲ့အခါ ရပ်သွားသလိုပဲ ဘောလုံးလဲ bouncing မဖြစ်တော့ပဲ ရပ်သွားတာ “ လို့ ပြောပါတယ်။
အဖိုးက ခေါင်းခါပြီး
“ မဟုတ်ဘူး။ ဒါကို Gravity က လုပ်တာ။ Gravity ဆိုတာ မမြင်နိုင်တဲ့ အားတခုပဲ။ အရာအားလုံးကို ဆွဲချနိုင်တဲ့ အင်မတန်ကြီးမားသော လက်ကြီးလို့ ထင်မြင်ယူဆထားနိုင်တယ် “ လို့ ဆိုပါတယ်။
ဒီဥပမာကြီးကတော့ ကြောက်စရာကောင်းပါတယ်။ မမြင်နိုင်တဲ့ လက်ကြီးက ကျွန်မကို ဆွဲချနေတဲ့ဆိုတဲ့ အတွေးက နောက်တပတ်လောက်အထိ ကျွန်မကို ချောက်လှန့်နေခဲ့ပါတယ်။
အဖိုးက ဘောလုံးကို အသုံးပြုပြီး ကမ္ဘာကြီးပေါ်မှာ လူတွေ နေထိုင်လို့ ရတဲ့ အကြောင်းရင်းတွေကို ရှင်းပြပါတယ်။ ဒီနောက်ပိုင်းမှာ အိပ်ယာပေါ်မှာ လဲလျောင်းပြီး၊ လေထဲမှာ ပျံဝဲနိုင်ဖို့ အချိန်ပေါင်းများစွာ ကျွန်မကြိုးစားကြည့်ခဲ့ပါတယ်။ ကျွန်မသေချာကြိုးစားရင် gravity ကို ကျွန်မအနိုင်ရပြီး၊ ကမ္ဘာအနှံ့ ပျံဝဲနိုင်မယ်လို့ ကျွန်မထင်နေခဲ့ပါတယ်။
ဒါပေမယ့် ကျွန်မ ဘယ်လောက်ပဲကြိုးစားကြိုးစား၊ လေထဲမှာ ပျံဝဲဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ gravity ကို ကျွန်မရဲ့ ရန်သူလို့ ခံစားလာမိပါတယ်။ အဖိုးကို ပြောပြတော့ “ မင်းမှန်ပါတယ် “ လို့ အဖြေပေးပါတယ်။
“ အချိန်တော်တော်များများမှာတော့ gravity ဟာ တို့တတွေရဲ့ မိတ်ဆွေပဲ။ ဒါပေမယ့် သူဟာ တို့တတွေရဲ့ ရန်သူလဲ ဖြစ်နေတယ်လို့ ဆိုနိုင်တယ်။ ကမ္ဘာမြေကြီးကနေ ထွက်ခွာပြီး၊ ကြယ်တွေဆီကို သွားလို့ မရအောင် သူက လုပ်ထားတယ်လေ”
“ အဖိုးက ကြယ်တွေဆီကို သွားကြည့်ချင်လို့လား”
“ စူးစမ်းလေ့လာချင်စိတ် အနည်းငယ်ရှိတဲ့ ဘယ်လူသားမဆို ကမ္ဘာ့အပြင်ဘက်မှာ ဘာတွေ ရှိလဲဆိုတာ သိချင်ကြတာပဲ။ တခြားဂြိုလ်တွေအကြောင်း၊ တခြားလူသားတွေအကြောင်းကိုပေါ့”
ဒီအကြောင်းတွေ ပြောကြတဲ့ ခုနစ်နှစ်သမီးအရွယ်ကစပြီး တနေ့မှာတော့ ကြယ်တွေဆီကို ရောက်အောင်သွားချင်တယ်လို့ ကျွန်မစဉ်းစားမိပါတယ်။ ဒီလိုနဲ့ အသက်အနည်းငယ်ရလာတော့ အထက်မှာ ဆိုခဲ့တဲ့အတိုင်း အဖိုးက အိုင်းစတိုင်းသီအိုရီကို ရှင်းပြလာခဲ့ပါပြီ။ နောက်ပိုင်းမှာ အိုင်းစတိုင်းသီအိုရီနဲ့ ပတ်သက်ပြီး အကြိမ်ပေါင်းများစွာ ကျွန်မတို့ ဆွေးနွေးခဲ့ကြပါတယ်။ ခု- ကျွန်မရဲ့ ကျောင်းပရောဂျက်စလာပြန်တော့လဲ ဒီလို ရှုပ်ထွေးနက်နဲတဲ့ သဘောတရားတွေကို စာသင်ခန်းနဲ့ ဆရာတွေကို ဘယ်လို ရှင်းလင်းတင်ပြသင့်တယ်ဆိုတာ အဖိုးက သင်ကြားပေးပါတယ်။ သဘောတရားတွေအားလုံးကို ရှင်းလင်းလွယ်ကူအောင် အဖိုးက ပြုလုပ်ပေးခဲ့ပါတယ်။
“ အိုင်းစတိုင်းက ကမ္ဘာမြေဆွဲငင်အားဟာ လျှပ်စစ်ဓာတ်အား၊ သံလိုက်စွမ်းအင်တို့နဲ့ ဆက်စပ်နေတယ်လို့ ဆိုခဲ့တယ်။ ဒီ fields သုံးခုလုံးက ဆက်စပ်နေတယ်။ unified ဖြစ်နေတယ်။ ဒါက ဘာကို ဆိုလိုချင်တာလဲ”
အဖိုးကို ခေါင်းညိတ်ပြပြီး နေဝင်တာကို ကျွန်မ ကြည့်လိုက်မိပါတယ်။ မကြာခင်ဆိုရင် ခရမ်းရောင် ကောင်းကင်မှာ ကြယ်လေးတွေ ပေါ်လာတော့မှာပါ။
“ လျှပ်စစ်ဓာတ်အား ပြောင်းလဲမှုတွေ ဖြစ်တဲ့အခါတိုင်းမှာ သံလိုက်စွမ်းအင်အပြောင်းအလဲတွေလဲ ဖြစ်တယ်။ ဒီအခါမှာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကိုလဲ ပြောင်းလဲမှုတွေ ဖြစ်စေနိုင်တယ်။ တခုကို သက်ရောက်မှု မရှိစေပဲ တခုကို ပြောင်းလဲလို့ မရနိုင်ဘူး။ တို့တတွေက လျှပ်စစ်ဓာတ်အားကို ပြောင်းလဲနိုင်တယ်။ ဒါဆိုရင် ကမ္ဘာ့ဆွဲငင်အားကိုလဲ ထိန်းချုပ်နိုင်ရမှာပေါ့”
“ ဒါဆို ဘာကြောင့် ဘယ်သူမှ မလုပ်ကြသေးတာလဲ”
“ ဘယ်သူမှ မလုပ်သေးဘူးလို့ ဘယ်သူပြောလဲ”
ကျွန်မရဲ့ အမေးကို အဖိုးက လေးလေးနက်နက် ပြန်မေးလိုက်ပါတယ်။
“ ဒါဆို စစ်အတွင်းတုန်းက ဒါတွေကို အိုင်းစတိုင်း လုပ်ခဲ့တာလား”
“ ဒါပဲပေါ့။ သူက Naval Defence Research Committee မှာ တခြားဂျာမန် ပရော်ဖက်ဆာ တယောက်ကို တွေ့ဖို့ လာခဲ့တယ်။ အဲဒီ ဂျာမန် ပရော်ဖက်ဆာ နာမည်က Ladenburg တဲ့။ နာဇီတွေကို မုန်းတီးလို့ အမေရိကန်ကို ကူဖို့ လာခဲ့သူ တယောက်ပဲ။ သူက မိုင်းနဲ့ တော်ပီဒိုတွေမှာ တကယ့်ကျွမ်းကျင်ပညာရှင်တယောက်ပဲ။ Ladenburg ဟာ ဂျာမန်မိုင်းတွေနဲ့ U-boat တော်ပီဒိုတွေရဲ့ အန္တရာယ်တွေကနေ အမေရိကန် သင်္ဘောတွေကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေခဲ့တယ်ဆိုတာ အားလုံးသိခဲ့ကြတယ်။ တကယ်လို့များ အိုင်းစတိုင်းရဲ့ Unified Force Field ကသာ သင်္ဘောကြီးကို ဝန်းရံထားခဲ့မယ် ဆိုရင် “
ကျွန်မစဉ်းစားကြည့်လိုက်မိပါတယ်။
“ ကြီးမားတဲ့ သံလိုက်စွမ်းအင်နဲ့ များပြားတဲ့ လျှပ်စစ်ဓာတ်အားတွေသာ ရှိမယ်ဆိုရင် anti-gravity ကို ဖန်တီးကောင်းဖန်တီးနိုင်လိမ့်မယ်”
အဖိုးရဲ့ စကားအဆုံးမှာ တင်းနစ်ဘောလုံးကို ကောက်ပြီး၊ ပုတ်လိုက်မိပါတယ်။
“ ဒီဘောလုံးကို ကမ္ဘာမြေဆွဲငင်အားက ကြမ်းပြင်ပေါ်ကို ဆွဲငင်သလိုပဲ၊ တော်ပီဒိုကိုလဲ သင်္ဘောက ဆွဲငင်တယ်ဆိုပါစို့။ ကြမ်းပြင်ကို anti-gravity နဲ့ ကာကွယ်ထားနိုင်မယ်ဆိုရင် ဘောလုံးဟာ ကြမ်းပြင်ကို မထိခင် ပြန်ကန်ပြီး ခုန်တက်လာနိုင်တယ်။ ဒီလိုပဲ တော်ပီဒိုကလဲ သင်္ဘောကို မထိပဲ ပြန်ကန်ထွက်သွားနိုင်တယ်”
“အမှန်ပဲ”
ကျွန်မရဲ့ စကားကို အဖိုးက ထောက်ခံပါတယ်။
“ဒါပေမယ့် သူတို့တွေ တကယ်ပဲ သင်္ဘောနဲ့ စမ်းသပ်ခဲ့ကြတာလား။ စမ်းသပ်ခဲ့ရင်လဲ ဒီစမ်းသပ်ချက်ဟာ အောင်မြင်ခဲ့မှာ မဟုတ်ဘူး။ အောင်မြင်ခဲ့ရင် ဒီလို Force Field မျိုးကို ဒီကနေ့ သုံးနေကြလိမ့်မယ်”
“ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လုံးဝ မအောင်မြင်ခဲ့တာတော့လဲ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ သူတို့ မျှော်မှန်းသလို မဖြစ်ခဲ့တာလဲ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူတို့ မျှော်မှန်းခဲ့တာထက် ပိုသွားခဲ့တာလဲ ဖြစ်နိုင်တယ် “
“ ဆက်ပြောပါ”
ကျွန်မ တိုက်တွန်းလိုက်မိတယ်။
“ တကယ်လို့ သူတို့တွေက anti-gravity စမ်းသပ်ချက်လုပ်ချင်ပြီဆိုပါစို့။ သင်္ဘောကြီးနဲ့ risk မယူခင်မှာ ပထမဆုံး model နဲ့ စမ်းကြည့်ကြမှာ သေချာတယ် “
“ ဒါက သဘာဝကျတယ်”
ကျွန်မထောက်ခံလိုက်ပါတယ်။
“ အဖိုးထင်တာကတော့ သူတို့တွေ model နဲ့ စမ်းသပ်ချိန်မှာ force field ရဲ့ တခြားသက်ရောက်မှုတွေကိုလဲ တွေ့ခဲ့ကြပုံပေါ်တယ်။ anti-gravity တခုတည်းတင်မကပဲ စစ်ပွဲမှာအသုံးပြုရင် ပါဝါအလွန်ကြီးမယ့် အရာတခုကိုပေါ့ “
“Invisibility ကို ဆိုလိုတာလား။ ဒါဆို စစ်သဘောင်္အစစ်ကြီး ပျောက်ကွယ်သွားတယ်လို့ အဖိုးပြောခဲ့တာဟာ သေသေချာချာ၊ လေးလေးနက်နက် ပြောတာပေါ့”
“ ဒီကိစ္စကြီးဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားတွေ အများကြီးရှိပါတယ်။ ပြီးတော့ ဒီလိုဖြစ်လာဖို့အတွက် အဖိုးကိုယ်တိုင်လဲ အစအဆုံး မသိပဲ တထောင့်တနေရာကနေ ပါဝင်ကူညီခဲ့ရတယ်”
(ဆက်လက်ဖော်ပြပါမည်)
ရေးသားသူ- Terry Deary
စာအုပ်အမည်- The Philadelphia Experiment
စာအုပ်အမျိုးအစား- လူငယ်စာပေ
ဘာသာပြန်သူ – ခင်မမမျိုး (၀၅၊ ဝ၃၊ ၂၀၁၂)
8 comments
inz@ghi
March 7, 2012 at 12:10 pm
တဖြည်းဖြည်းတော့ ဇာတ်ရှိန် မြင့်လာပီပေါ့ …
အားပေးသွားပါတယ်ဗျို့
စကားမစပ်
ဗျို့ သဂျီး .. ပန်းသီးရဲ့ ငါအပြားကြီး-၃
ဒီနေ့ထွက်မယ်ဆို …
ထွက်ရင် လင့်ခ်လေးဘာလေး ပေးသနားပါချင့်. …
သများ ကို ဂျာပုတွေ အိုင်ပက်ဒို အိုင်ပက်ဒို နဲ့ …
သံချပ်လာလာတိုက်နေလို့ ….. spec: လေး ဖတ်ပီး သမ မလို့
(အရီးလတ်မတွေ့ပါစေနဲ့..)
😀
Khin Latt
March 8, 2012 at 4:59 am
ဂီဂီ ရေ
အရီးမြင်တယ်ဟေ့။ အိုင်ပီ သရီး ကြီး ကို ယူ မပြေးနဲ့။
ကိုယ့်မှာတော့ ဘာ အိုင် မှမရှိပါဘူး။ 🙄
အလုပ်ကလူတွေ မှာတော့ ဘယ်သူ ဦး မလဲကြည့်ဦးမယ်။
ရုံးမှာ ဝိုင်ဖိုင် ချင်ရင် ကိုယ့်ဆီ ကို အရင်လာဆက် ရမှာလေ။ ငှဲ၊ ငှဲ၊ ငှဲ။ 😉
inz@ghi
March 8, 2012 at 7:02 am
အော် ..ရယ်. …
ဂယ်ထွက်လာဘီပေါ့ …
ဘောဇိကို ကျပ်ပေးပြီး ၁ပြားလောက်တော့ ဝယ်ပွတ်ဦးမှ ….
😀
အရဂါး စတာ …ဘာ…
GPU ကွက်ကိုး ဖြစ်သွားတော့ ပုံထွက်ပိုမြင့်လာသည်ပေါ့ …
နည်းနည်းပိုထူ ပိုလေးသွားတာ မဆိုစလောက်မို့ ခွင့်လွှတ်နိုင်သည်ပေါ့…
နိုးဖလက်ရှ် နိုးတက်ဘလက် သမားတွေ အတွက်တော့ စိတ်ပျက်စရာပေါ့…
ဂိမ်းမင်း သမားတွေအတွက်တော့ မတ်တပ်ထ လက်ခုတ်တီးပေတော့ပေါ့…
နဗီးဒီးယား နဲ့ ဆိုနီ ကို ဒါရိုက် ချဲလင့်ချ် တယ်ပေါ့ …
ရေးမယ့် လူတွေပဲ သနားတော့တယ် အရီးရယ်….
တခြား spec မတိုးဘဲ …ဂျီပီယူ ပဲ တိုးတော့…
ဂျီပီယူဘေ့စ်အင်ဂျင် ထိုင်မယ်ဆိုရင် ………..
အင်း …….
(ဆေးသောက်ဦးမှ…)
ဒက်ဂလောက် ..ဒက်ဂလောက် ..
kai
March 8, 2012 at 7:06 am
ရေဒီယိုထဲ..မနက်ထဲက… ထွက်ရန်.. ၂နာရီအလို..တနာရီအလို.. လုပ်နေတာ..
အမြင်တောင်ကပ်တယ်..
ခုတော့လည်း… 😆
inz@ghi
March 8, 2012 at 7:22 am
အာဟိ….
http://en.wikipedia.org/wiki/Ultrabook
ဟောဒါလေးဒွေ လာဘီနော….
နှစ်ကုန်ရင် အပျော့-၈ နဲ့ မောင်းမှာ …ဟောဒါလေးဒွေက..
ဒက်စတွက်-လက်ပကျွတ်-တက်ဘလွတ် အားလုံးအားလုံးအတွက်
ARM & x86 အာခီတက္ကချာ အားလုံး အားလုံးအတွက် …
မားကတ္တပလေ့ ဆိုတဲ့ အပ္ပလီကေးရှင်း စတိုးနဲ့ စကိုင်းဒွိုက် ဆိုတဲ့ တိမ်က
အိုင်ကျုံးနဲ့ အိုင်ကလောက် ကို လက်ရည်ညီ ယှဉ်နိုင်သွားပီပေါ့…
အဲ့ … စက်ရုပ်၄.ဝ လည်း ရှိသေးတယ်နော….
သူကျတော့ ၈ဝတန်ကနေ ၁၅၀ဝတန်ထိ ကြိုက်တာ ရွေး ….
အဟေးဟေးဟေး….
အော်…..
ပန်းသီး …ပန်းသီး ….
ချမ်းပီး ဖို့ နီးသထက် နီးလာပီပေါ့ကွယ် ….
😀
windtalker
March 7, 2012 at 12:47 pm
ဆိုနီဂိမ်းစက်(ပလေးစတေးရှင်း1)ပေါ်ကာစက “ command & conqueror ” စစ်တိုက်ရတဲ့ စတျာတက်ဂျီး ဂိမ်းထဲမှာ ပါတဲ့ ၊ အချိန်ယန္တရား ကို အိုင်းစတိုင်း တို ့တစ်ကယ် ဖော်ထုတ်နိုင်ခဲ့တာပေါ့နော် ။ ဟုတ်လားဗျ သူဂျီး ။
ဦးဦးပါလေရာ
March 7, 2012 at 2:41 pm
အိုင်းစတိုင်း ကိုကြိုက်တာတခုက
သူဘာတွေးတွေး ရိုးရိုးလေးတွေးတယ်
အဲဒါကပဲ အားလုံးကို ကျော်တက်သွားတဲ့ အဓိကအကြောင်းဖြစ်နေတော့တာ..။
Khin Latt
March 8, 2012 at 4:58 am
အိုင်စတိုင်း က atomic bomb ကို သူထွင်ခဲ့တာဟာ သူ့ဘဝမှာ အမှားတစ်ခု ကိုကျူးလွန်ခဲ့သလို ခံစားခဲ့ရတယ် လို့ပြောတယ်လို့ ကြားဘူးသလားလို့။ 😀