“ကဗျာထဲမှာ…”
စိတ်တံခါးကို ဖွင့်ဖို့
သော့ရှိတယ်။
ခေတ်ကြေးမုံ အလင်းဟပ်မဲ့
ပြဒါးရှိတယ်။
နှစ်ဘက်မြင် ဒိုင်မေးရှင်း
လက်ခုပ်သံရှိတယ်။
အစဆွဲလျှင် အထုံးပြေမဲ့
ကြိုးတစ်ချောင်းရှိတယ်။
အလင်္ကာဆေးခြယ် ရသထုပ်ပိုး
ကုန်ပစ္စည်းရှိတယ်။
ခြေရာခံသူ ကွင်းဆက်မိအောင်
သဲလွန်စရှိတယ်။
ဆိုင်းဘုတ်ချိတ် ကလောင်နာမည်
နိဂုံးမှာရှိတယ်။
စေပိုင်ထွဋ်(ပုသိမ်)
13 comments
မဟာရာဇာ အံစာတုံး
March 8, 2012 at 8:34 pm
ကိုစေပိုင် …
အခုမှ ပြန်ပေါ်လာတယ်နော့ …
ကိုစေပိုင်ရဲ့ ကဗျာလေးကို ဖတ်သွားတယ်ဗျို့ ……..
စေပိုင်ထွဋ် (ပုသိမ်)
March 9, 2012 at 10:56 am
အဟီး ပျောက်တဲ့အခါ ပျောက်ပြီး
ပေါ်တဲ့အခါလည်း မနားတမ်း ပေါ်တာပေါ့ အဟီး
မှတ်မိနေတဲ့အတွက်လည်း ရှဲ့ရှဲ့ပါ
htet way
March 9, 2012 at 10:11 am
ကောင်းတယ် အားပေးတယ် ကြိုက်တယ်
စေပိုင်ထွဋ် (ပုသိမ်)
March 9, 2012 at 10:59 am
စာဖတ်သူရဲ့ အားပေးမှုဟာ
သဲကန္တာရမှာ အိုအေစစ်တွေ့ရသလိုပဲ
ဝမ်းမြောက်ဖွယ် ကောင်းပေစွ
ကျေးဇူးတင်ပါတယ်
Khaing Khaing
March 9, 2012 at 11:50 am
ဝင်စားသွားပါတယ် စေပိုင် ….. စိတ်ကိုဖွင့်ဖို့သော့က ဦးခိုင်ရဲ့သော့ပါ….ပြန်ပေး……….
စေပိုင်ထွဋ် (ပုသိမ်)
March 9, 2012 at 11:55 am
ပေးဘူး
အကြွေး မဆပ်လို့ သော့သိမ်းထားတာ ဘာဖြစ်လဲ
မကျေနပ်ရင်
ပိုက်ဆံ မြန်မြန်လာဆပ် အဟိ
Khaing Khaing
March 9, 2012 at 12:11 pm
မိစေ နာက နင့်ကဗျာလေးကိုဖတ်မိပါတယ် နင့်က နာ့သော့ကိုလည်းသိမ်းတယ် အကြွေးလည်းတောင်းတယ် နာကအကျွေးဆို ဆွမ်းကျွေးတောင်မလိုက်ဘူး မှတ်ထား…
စေပိုင်ထွဋ် (ပုသိမ်)
March 9, 2012 at 12:14 pm
လာကြွားမနေနဲ့
ပိုက်ပိုက်ပြတ်တိုင်း အလှူအိမ်မှာ ဖိနပ်အလစ်သုတ်တာ ဘူလဲ
ခိခိ
သွပ်ပြား အဲ သူများက တနားလို့ ပိုက်ဆံချေးပါတယ်
ခုကျတော့ ပိုက်ဆံပြန်မဆပ်ချင်လို့ ဉာဏ်များနေတယ် ဟွန်း
သူကြီးနဲ့ တိုင်လိုက်မယ် ခိခိ
သူရဇော်
March 9, 2012 at 12:48 pm
အလဲ့ ကဗျာလေးက အဆိုးဘူးပဲ……..ကောင်းသား……..တောင်မ ဒါမျိုးလဲဖြစ်တာပဲအေ့
စေပိုင်ထွဋ် (ပုသိမ်)
March 9, 2012 at 1:02 pm
မီးတို့က ဒါမျိုးနဲ့ ရွာရိုး လျှောက်နေကျလေ
သိတယ် မဟုတ်လား
ငှဲငှဲ
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 9, 2012 at 12:56 pm
ကိုစေပိုင်ထွဋ်ရဲ ့2Dကိုဝင်ဖတ်သွားပါ၏။
3D ခေတ်စားပေမယ့် 2Dလဲ နောက်မကျ
သေးပါဘူး။ဟီးးးး
စေပိုင်ထွဋ် (ပုသိမ်)
March 9, 2012 at 1:03 pm
နှစ်ဘက်မြင်လို့ သုံးတာက
ရေးသူနဲ့ ဖတ်သူကို ဆိုလိုတာပါဗျာ
သုံးဘက်မြင်ဆို တစ်မျိုးပြောင်းသွားမယ်လေ
ဒါကြောင့် ကီးကိုက်အောင် ညှိလိုက်တာပါဗျာ
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 9, 2012 at 2:08 pm
ဟုတ်ကဲ့ပါဗျား။