Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း -၄)

kaiMarch 13, 20121min53011

Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း -၄)

တဖြည်းဖြည်းနဲ့ နေမင်းကြီးက ပျောက်ကွယ်သွားပါပြီ။ ဒါပေမယ့် ကောင်းကင်မှာတော့ အလင်းရောင် ဖျော့ဖျော့လေး ရှိနေပါသေးတယ်။ လေပြေလေးကလဲ ညင်ညင်သာသာလေး တိုက်ခတ်နေဆဲပါ။ ကျွန်မတို့ မြေးအဖိုးနှစ်ယောက်ကတော့ စကားကောင်းနေခဲ့ကြပါတယ်။

” အဲဒီနေ့က နံနက် (၈) နာရီလောက် အချိန်မှာ အဖိုးရဲ့ ရုံးခန်းထဲကနေ တယ်လီဖုန်းနဲ့ ကွန်ပြူတာကို ဆက်သွယ်နေခဲ့တယ်”

“ (၁၉၄၃) ခုနှစ်မှာ ကွန်ပြူတာ ရှိနေပြီလား”

အဖိုးရဲ့ စကားအဆုံးမှာ ကျွန်မ လှမ်းမေးလိုက်ပါတယ်။

” ကွန်ပြူတာဆိုတာ ရှုပ်ထွေးနက်နဲတဲ့ သချင်္ာပုစာ္ဆတွေကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ဖြေရှင်းပေးဖို့ လေ့ကျင့်သင်ကြားပေးထားတဲ့ လူပုဂ္ဂိုလ်တွေကို ပြောတဲ့ စကားဝှက်ပါ။ မင်းရဲ့ အခန်းထဲမှာ ရှိနေတဲ့ တီဗွီဖန်သားပြင်တပ်ထားတဲ့ ပလပ်စတစ် သေတ္တာကို ဆိုလိုတာ မဟုတ်ဘူး။ ဒါက ထားပါတော့။ ဒီလို ကွန်ပြူတာနဲ့ စကားပြောနေတုန်း အဖိုးရဲ့ဘော့စ် Dr. Anstrom က ကော်ရီဒါပြတင်းပေါက်ကနေ စကားပြောချင်တယ်လို့ လှမ်းပြီး အချက်ပြပါတယ်။ သူပြောတာက ကော်မတီခန်းထဲမှာ အစည်းအဝေးရှိနေပြီး၊ သူတို့မှာလဲ ကွန်ပြူတာ တခုလိုနေတယ်တဲ့။ ဒီဌာနတခုလုံးမှာ အဖိုးက အတော်ဆုံးဖြစ်တာရယ်၊ ဘာမှပြန်မပြောပဲ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းတတ်တယ်လို့ ယုံကြည်တာရယ်ကြောင့် အဖိုးကို ကွန်ပြူတာအနေနဲ့ အလုပ်လုပ်ခိုင်းတာ”

” အဖိုးက ဘာတွေကို တွက်ချက်ရတာလဲ”

ကျွန်မ စိတ်အားထက်သန်စွာ မေးလိုက်ပါတယ်။

အဖိုးက အားလျော့နေတဲ့ လက်ကလေးကို အသာဝှေ့ယမ်းရင်း

” ခဏလေး၊ ခဏလေး။ အဖိုးပြောပြမယ်လေ။ ပထမဆုံးနဲ့ အရေးကြီးဆုံးက အဖိုးတွက်ချက်ရမယ့် ကိန်းဂဏန်းတွေပဲ။ ဒါတွေကို တွန့်လိမ်ကောက်ကွေးနေတဲ့ လက်ရေးတွေနဲ့ ရေးထားတယ်။ ဒီလို လက်ရေးမျိုးနဲ့ လူတယောက်ကိုပဲ အဖိုးတွေ့ခဲ့ဖူးတယ်။ အဲဒါက Albert Einsteinပဲ”

” ကော်မတီထဲမှာ Dr. Einstein ကိုယ်တိုင် ရှိမနေတာ အဖိုးသိတယ်။ ဒါပေမယ့် ကော်မတီ အစည်းအဝေးမှာ စဉ်းစားဖို့ ဒါတွေကို ရေးပေးထားတာ ဖြစ်လိမ့်မယ်။ စိတ်ဝင်စားဖို့ ကောင်းတာက Unified Field Theory တခုတည်းနဲ့ ဆက်စပ်တဲ့ တွက်ချက်မှုတွေ မဟုတ်ပဲ သင်္ဘောကို ဝန်းရံပေးထားနိုင်တဲ့ force field နဲ့ ပတ်သက်တဲ့ တွက်ချက်မှုတွေပဲ။ ဒါပေမယ့် ဒီ force field က တော်ပီဒိုတွေကိုတင် ပြန်ကန်ထုတ်နိုင်တာ မဟုတ်ပဲ အလင်းကိုပါ deflect လုပ်ပစ်လိုက်နိုင်တယ်”

” အလင်းကို ကွေးညွတ်လို့ မရနိုင်ပါဘူး”

ဒီလို ကျွန်မက ပြောတော့ အဖိုးက ဘာမှမပြောပါဘူး။ ကျွန်မကို အဲဒီနေရာမှာပဲ ဆက်နေဖို့ အချက်ပြပြီး၊ အိမ်ထဲကို ခဏ ပြန်ဝင်သွားပါတယ်။ ပြန်ထွက်လာတော့ အဖိုးလက်ထဲမှာ ဖန်ခွက်လေးတခုပါလာပါတယ်။ ဖန်ခွက်ထဲမှာ ရေအပြည့်ထည့်ထားပြီး ပိုက်လေးလဲ တပ်ထားပါတယ်။

အဖိုးက ဖန်ခွက်လေးကို မြှောက်ကိုင်လိုက်ပြီး ဘာမြင်လဲ လို့ မေးပါတယ်။

ကျွန်မက အသိဉာဏ်မဲ့စွာနဲ့ ရေဖန်ခွက်ထဲက ပိုက်လေးကို မြင်တယ်လို့ ပြောလိုက်ပါတယ်။

“ဒါဆိုရင် အဲဒီပိုက်လေးရဲ့ ပုံသဏ္ဍာန်ကကော”လို့ အဖိုးက ဆက်မေးပါတယ်။

ဒီတော့မှပဲ ကျွန်မ သက်ပြင်းချလိုက်မိပါတယ်။ အဖိုးဘာကို ဆိုလိုချင်လဲဆိုတာ ကျွန်မ သဘောပေါက်သွားပါပြီ။ ပိုက်လေးက ဖြောင့်တန်းနေပေမယ့် ရေထဲရောက်သွားတဲ့အခါ ကောက်ကွေးနေသလို သဏ္ဍာန်ထွက်နေပါတယ်။ အဖိုးက ပြောပြတော့

“အမှန်ပဲ အဲလစ်။ ပိုက်လေးက ဖြောင့်တန်းနေပေမယ့် လွှတ်ထုတ်လိုက်တဲ့ အလင်းတန်းတွေကို ရေက ကောက်ကွေးပစ်လိုက်တာပဲ။ တကယ်လို့ force field က gravity ကို twist လုပ်နိုင်တယ်ဆိုရင်၊ အလင်းတန်းတွေကိုလဲ twist လုပ်နိုင်မှာ အမှန်ပဲ။ ဘာလို့လဲဆိုတော့ ရေဖန်ခွက်တခုကတောင် အလင်းကို twist လုပ်နိုင်တယ် မဟုတ်လား”

” ဒါဆို သင်္ဘောကြီးက တကယ်ပျောက်သွားတာ မဟုတ်ဘူးပေါ့။ ရှိနေရဲ့သားနဲ့ မမြင်ရတာပေါ့။ ပင်လယ်ကိုတော့ မြင်နေရမယ်။ သင်္ဘောတကယ် ရှိနေမယ့်နေရာကိုတော့ မတွေ့နိုင်ဘူး။ ဒီလိုဆို သင်္ဘောကို ဘယ်နေရာမှာ တွေ့နိုင်မှာလဲ”

အဖိုးက ပခုံးကို တွန့်လိုက်ပါတယ်။

” တနေရာရာမှာပေါ့။ ခန့်မှန်းကြည့်တာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တော်ပီဒိုတရာလောက်ကို ပစ်လိုက်ရင်တောင် သင်္ဘောကို မထိနိုင်တော့ဘူးလေ။ ဘာကြောင့်လဲဆို မြင်ရတဲ့နေရာမှာ တကယ့်သင်္ဘောကမှ ရှိမနေတာပဲ။ တီဗွီဖန်သားပြင်ပေါ်က ပုံရိပ်တွေလိုပဲပေါ့။ တီဗွီပေါ်မှာ ပေါ်တဲ့ အဖိုးရဲ့ ပုံကို သေနတ်နဲ့ ပစ်လဲ အဖိုးရဲ့ ကိုယ်ပေါ်မှာ အရာတောင် ထင်မှာမှ မဟုတ်တာ။ တီဗွီတသန်းကို ကျည်ဆံတသန်းနဲ့ ပစ်လဲ ဘာမှ ထူးမှာ မဟုတ်ဘူးလေ”

” အံဩဖွယ်ရာပဲ။ ဒါဟာ လက်နက်အသစ်အဆန်းပဲပေါ့။ ဒါပေမယ့် အလုပ်တကယ်ဖြစ်ခဲ့ရဲ့လား”

” ဒါက ဒေါ်လာတသန်းတန်တဲ့ မေးခွန်းပဲ”

အဖိုးကပြောပြီး၊ လက်နှစ်ဘက်ကို အကျယ်ကြီး ဆန့်တန်းလိုက်ပါတယ်။

ကျွန်မက အဖိုးရဲ့ လက်ကို မှတ်စုစာအုပ်နဲ့ လှမ်းရိုက်ပြီး

“အဖိုးဒီလိုနဲ့ ကျွန်မကို ထားခဲ့လို့ မရဘူးနော်” လို့ စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါတယ်။

” ဒီဇာတ်လမ်းမှာ ဇာတ်သိမ်းခန်းတော့ ရှိရမှာပေါ့။ ကျွန်မထင်ထားတာက သင်္ဘောကြီး ပျောက်ကွယ်သွားတယ်လို့ပဲ ထင်ထားတာ”

” ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး သတင်းအစအနတချို့ ပေါက်ကြားမလာခင် အချိန်အထိတော့ ဒီလိုပဲ ထင်ထားခဲ့တာပဲ။ ဒါပေမယ့် ပေါက်ကြားလာချိန်မှာတော့ အဖိုးလဲ စိတ်ဝင်တစားနဲ့ သတင်းအစနောက် လိုက်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ Naval Defence Research Committee မှာ အဖိုးလုပ်ခဲ့တဲ့ အလုပ်တွေနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်နေတာကြောင့်ပဲ”

” ဒါဆိုရင် အဖိုးရဲ့ တွက်ချက်မှုတွေကနေ ဘာတွေ ဆက်ဖြစ်သွားလဲဆိုတာ အဖိုးတကယ် မသိခဲ့ရဘူးပေါ့”

ကျွန်မ ဆက်မေးလိုက်မိပါတယ်။

“အဖိုးရဲ့ တွက်ချက်မှုတွေကို Dr. Anstrom ကို ပြန်ပေးလိုက်တယ်။ သူက ကျေးဇူးတင်စကားတောင် ပြောမသွားပါဘူး။ အစည်းအဝေးခန်းထဲကို ပြန်ဝင်သွားပြီး၊ အခန်းတံခါးကို ပိတ်လိုက်တယ်။ ဒီကတည်းက ဘာမှ ဆက်ပြီး မကြားရတော့ဘူး”

” ဘယ်သူကမှ ဘာမှ ဆက်မပြောဘူးလား။ ကျွန်မသာဆိုရင် စစ်ကြီးပြီးသွားလို့ ဒီကိစ္စက လျှို့ဝှက် မဟုတ်တော့ချိန်မှာ သတင်းနဲ့ စာနယ်ဇင်းတွေကို ပြောပြမှာပဲ”

အဖိုးက ကုလားထိုင်မှာ ထိုင်ချလိုက်ပြန်ပါတယ်။ ကောင်းကင်ပေါ်က ကြယ်တွေကို စိုက်ကြည့်နေရင်း

” မပြောဘူး” လို့ တိုးတိုးလေး ဖြေလိုက်ပါတယ်။ သူ့အသံက လျှို့ဝှက်နက်နဲမှုတွေ ပြည့်နှက်နေတဲ့ ပျော့တော့တော့ အသံလေးနဲ့ပါ။

ဒီလို အသံလေးနဲ့ အဖိုးစကားပြောတာကို ကျွန်မတခါမှ မကြားဖူးပါဘူး။

” ပျောက်ဆုံးသွားတဲ့ စစ်သင်္ဘောကြီးနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ပြောသူတချို့တော့ ရှိခဲ့ဖူးပါတယ်။ စကားမစပ် အဲဒီစစ်သင်္ဘောကြီး နာမည်က USS Eldridge တဲ့။ နောက်ပြီး ဒီပရောဂျက်နာမည်ကတော့ Philadelphia စမ်းသပ်ချက်ပေါ့”

” ဒါဆို အဖိုးကော ဘာလို့ မပြောတာလဲ။ သတင်းစာတွေက အဖိုးကို ပိုက်ဆံပေးမှာပေါ့”

အဖိုးက သက်ပြင်းချလိုက်ပါတယ်။

” ဘာကြောင့်လဲဆိုတော့ Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်ပြီး ပထမဦးဆုံး စပြောခဲ့တဲ့လူက ထူးခြားဆန်းကြယ်စွာ သေဆုံးခဲ့လို့ပေါ့”

“သူအသတ်ခံလိုက်ရတာလား”

ကျွန်မ မေးခွန်းမေးရင်း အသက်ပြင်းပြင်းရှုလိုက်မိပါတယ်။ စိတ်ထဲမှာတော့ ပန်းခြံထဲက နံရံတွေရဲ့ အရိပ်တွေကြားထဲမှာ အရိပ်တွေ ထပ်ရှိနေသလားလို့ စဉ်းစားလိုက်မိတယ်။

ကျွန်မရဲ့ မေးခွန်းကို အဖိုးက တိုက်ရိုက်မဖြေပါဘူး။

“ Albert Einstein ဟာ တကယ်ထူးချွန်ထက်မြက်တဲ့ လူတယောက်ပါ။ တခါက သူပြောဖူးတယ်။ အောင်မြင်မှုဆိုတာ ညီမျှခြင်းတခုပဲတဲ့။ တကယ့်လို့ A ဟာ အောင်မြင်မှုဖြစ်ပြီး A= x+ y+ z ဆိုပါစို့။ x ဆိုတာက အလုပ်ဖြစ်ပြီး၊ y ဆိုတာက အနားယူတာ၊ ကစားတာပေါ့။ z ဆိုတာကတော့ ပါးစပ်ကို ပိတ်ထားတာပဲ”

သူက ကျွန်မကို လှမ်းကြည့်လိုက်ပါတယ်။ ပြီးတော့ ဆက်ပြောတယ်။

” တချို့လူတွေက ဘဝမှာ မအောင်မြင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီမှာ z မရှိဘူးလေ။ ဘယ်လိုအချိန်မျိုးမှာ ပါးစပ်ကို ပိတ်ထားသင့်သလဲဆိုတာ သူတို့ မသိကြဘူး”

” အခုလို နှစ်ပေါင်းငါးဆယ်ကြာပြီးချိန်ကျမှ Philadelphia Experiment အကြောင်း ပြောတာကိုကော ဘယ်သူတွေက မပြောစေချင်ကြတာလဲ”

” ဥပဒေစိုးမိုးရေးလုပ်နေသူတွေတော့ မဟုတ်ဘူး။ FBI မဖြစ်နိုင်ဘူး။ ဒါပေမယ့် စပိုင်တွေကတော့ ပြောစေချင်မှာ မဟုတ်ဘူး။ မသိနိုင်ဘူးလေ”

” ဘာကြောင့်လဲ”

” အဖိုးထင်တာကတော့ ဖြစ်နိုင်ချေနှစ်မျိုးရှိတယ်”

အဖိုးက ညင်သာစွာ ပြောပါတယ်။

” ပထမ တမျိုးက ဒီကိစ္စတွေဟာ ကြောက်မက်ဖွယ်ကောင်းလိုက်အောင် မှားယွင်းသွားခဲ့ပြီး၊ သိပ္ပံပညာရှင်တွေက ရေတပ်သားတွေကို သတ်လိုက်တယ်ဆိုတဲ့ ဖြစ်ရပ်ကို လူတွေ မသိအောင် အစိုးရက ဖုံးကွယ်ချင်လို့ ပဲ”

“နောက်ထပ်ဖြစ်နိုင်ချေကကော”

“ဒီစမ်းသပ်ချက်ဟာ အောင်မြင်လုနီးနီးဖြစ်ခဲ့တာမို့ လျှို့ဝှက်ထားချင်လို့ပဲ။ ခုချိန်မှာ သိပ္ပံပညာရှင် တယောက်ယောက်ဟာ invisibility ၊ ဒါမှ မဟုတ် anti-gravity နဲ့ ပတ်သက်ပြီး တစုံတရာ လုပ်နေခဲ့မယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ ရန်သူတွေကို ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာ မသိစေချင်လို့ နေမှာပေါ့”

အဖိုးက သက်ပြင်းချလိုက်ပါတယ်။

“ဒါနဲ့ ပတ်သက်တဲ့ ပရောဂျက်လုပ်ဖို့ အိုင်ဒီယာကို မေ့ပစ်လိုက်စမ်းပါ”

အဖိုးက ရုတ်ခြည်းပြောလိုက်ပါတယ်။

ဒါပေမယ့် ကျွန်မက လွယ်လွယ်နဲ့ အရှုံးမပေးချင်ပါဘူး။

” အဖိုးပြောတဲ့ ပျောက်ဆုံးသွားတဲ့ သင်္ဘောကြီးဆိုတာကို အဖိုးကိုယ်တိုင် မြင်ခဲ့ဖူးလား”

“မမြင်ဖူးဘူး။ အဖိုးက ချက်ချင်းအဖြေပေးပါတယ်”

” နောက်မှ ဒါနဲ့ပတ်သက်တဲ့ ပုံပြင်တွေ ထွက်လာတာ။ သက်သေတွေပြောတာကေတော့ USS Eldridge ကြီးက ပျောက်သွားပေမယ့် ရေပြင်မှာ သူ့အရိပ်ကြီးပေါ်နေခဲ့တယ်တဲ့။ ဒါကိုလဲ နားလည်ပေးလို့ ရပါတယ်။ တခြား ဆန်းကြယ်တဲ့ ကောလဟလတွေလဲ ရှိသေးတယ်”

“ကောလဟလတွေလား”

“ဒီထက် မပိုနိုင်ပါဘူး။ ထူးခြားတဲ့ ဖြစ်ရပ်ဆန်းတွေပါ။ အဖိုးတောင် ဒါတွေကို ယုံလား၊ မယုံဘူးလားဆိုတာ ကိုယ့်ဘာသာကိုယ် မသေချာဘူး”

ဆက်မပြောခင်မှာ အဖိုးက ခေတ္တငြိမ်သက်နေပါတယ်။

“သူတို့ဆိုလိုတာကတော့ USS Eldridge သင်္ဘောကြီးက Philadelphia သင်္ဘောကျင်းက ပျောက်ကွယ်သွားပြီး၊ သိပ်မကြာခင်မှာပဲ Virginia, Norfolk က ဆိပ်ကမ်းမှာ ပြန်ပေါ်လာတယ်တဲ့။ ကီလိုမီတာရာပေါင်းများစွာကို မျက်စိတမှိတ်အတွင်းမှာ ခရီးသွားခဲ့တယ် ဆိုတဲ့ သဘောပေါ့”

” ဒါဆိုရင် Philadelphia စမ်းသပ်ချက်ဆိုတာ anti-gravity ဖြစ်နိုင်သလို၊ invisibility ဖြစ်နိုင်သလို၊ teleportation matter လဲ ဖြစ်နိုင်တယ်လို့ ဆိုလိုတာလား။ ဘာကောကျန်သေးလဲ”

“တခြားမှတ်တမ်းတွေလဲ ရှိသေးတယ်”

အဖိုးက ဖြည်းဖြည်းချင်း ဆက်ပြောပါတယ်။

“ force field က သာမန် time-space continuum ကို ဖောက်ထွက်နိုင်ခဲ့တယ်တဲ့။ ဒါကြောင့် စက္ကန့်အနည်းငယ်အတွင်းမှာ နှစ်နေရာမှာ ပေါ်လာခဲ့တာပဲ။ ဒါဟာ စကြဝဠာထဲကို ဖြတ်သန်းသွားလာ နိုင်ဖို့အတွက် gateway လဲ ဖြစ်တယ်။ တချို့ဆိုကြတာကတော့ ရေတပ်သားတွေဟာ ကမ္ဘာမြေကို ဝင်လာတဲ့ ဂြိုလ်သားခရီးသည်တွေနဲ့လဲ တွေ့ဆုံခဲ့ကြတယ် ဆိုပဲ”

ကျွန်မ မယုံနိုင်စွာနဲ့ ကိုယ့်မျက်လုံးကိုယ် ပြန်ပွတ်လိုက်မိပါတယ်။

” အလွန်သေးငယ်တဲ့ အစိမ်းရောင်လူလေးတွေလား”

” မဟုတ်သေးပါဘူး။ အညိုရောင်လူလေးတွေလား။ အဟုတ်ပဲလား”

ကောင်းကင်ပေါ်က ကြယ်လေးတွေကို ကျွန်မ စိုက်ကြည့်လိုက်မိပါတယ်။

“ anti-gravity အတွေးအခေါ်တွေက ဆက်ပြီး စူးစမ်းလေ့လာသင့်တဲ့ အကြောင်းအရာတွေပါ။ အလင်းရောင်ကိုလဲ ကောက်ကွေးအောင် လုပ်လို့ ရနိုင်တယ်။ ကျန်တာတွေကတော့ အဖြူ၊ အမဲ ရုပ်ရှင်ထဲကလိုပဲ ရိုးရိုးရှင်းရှင်းလေးတွေပါ။ ဒီ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းနိုင်ဖို့ လူတယောက်ဟာ အသတ်ခံခဲ့ရသတဲ့လား။ ဒါဆို သတ်ခံရသူက ဘယ်သူလဲ အဖိုး။ ဘယ်သူက Philadelphia စမ်းသပ်ချက်အကြောင်းကို ပြောလိုက်တာလဲ”

အဖိုးက လှည့်ပြီး အိမ်ထဲဝင်သွားပါတယ်။

” ဒါက နောက်ထပ် ဇာတ်လမ်းတခုပဲ၊ အဲလစ်။ နောက်ထပ်အချိန်တခုအတွက် နောက်ဇာတ်လမ်းတပုဒ်ပေါ့။ ခုတော့ ညစာစားချိန်ရောက်ပြီ”

(ဆက်လက်ဖော်ပြပါမည်)

ရေးသားသူ- Terry Deary

စာအုပ်အမည်- The Philadelphia Experiment

စာအုပ်ထုတ်ဝေသည့်နှစ်- (၁၉၉၆) ခုနှစ်

စာအုပ်အမျိုးအစား- လူငယ်စာပေ

ဘာသာပြန်သူ – ခင်မမမျိုး (၁၂၊ ဝ၃၊ ၂၀၁၂)

11 comments

  • inz@ghi

    March 13, 2012 at 10:19 am

    တချို့လူတွေက ဘဝမှာ မအောင်မြင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီမှာ z မရှိဘူးလေ။

    အာဟိ…
    ကိုရင်အီးတီ တို့ ကိုရင်စီသွပ် တို့ မြင်ရင် ဘာပြောမလဲ သိချင်ထှာ….
    😀

  • yaungchikha

    March 13, 2012 at 11:10 am

    ပိုက်လေးက ဖြောင့်တန်းနေပေမယ့် ရေထဲရောက်သွားတဲ့အခါ ကောက်ကွေးနေသလို သဏ္ဍာန်ထွက်နေပါတယ်။
    အပိုင်း (၅) စောင့်မျှော်နေပါသည်….

  • FattyCat

    March 13, 2012 at 11:58 am

    အင်း….မျှော်နေတယ်နော်…အပိုင်း(၅)

  • inz@ghi

    March 13, 2012 at 12:11 pm

    အင်း ….
    အဲ့ဒါ မှော်ပညာခည ….
    သိပ္ပံနည်းကျ တွက်ချက် ရယူထားတဲ့မှော်ပညာ …
    မက်ဒီဗယ်လ် အေ့ဂျ်တုန်းက လွန်စွာ ထွန်းကားခဲ့တဲ့ ….
    ခေဲးအိုစ့်မှော် အနွယ်စုမှာ စတာ့လ်သ် ဆိုတဲ့ ပညာ တကယ်ပဲ ပါဝင်ပါတယ်ဗျာ…
    ကိုယ်ပျောက်တာပေါ့ …ဥရောပတခွင် ပြဲပြဲစင်တဲ့ သိဖ့် (အော်) ရိန်းဂျား ဆိုတဲ့
    မှော်ပညာသယ်တွေရဲ့ ရှေးဟောင်းပညာ အစစ်ပေါ့ဗျာ ….
    ဂျစ်ပစီတွေ လက်ဆင့်ကမ်းထားမယ် ဆိုနိုင်သေးရဲ့…

    အဲ့ …အိမ်းစတိန်း ကြီးဟာ အနှီ စတဲ့လ်သ် ပညာနဲ့
    အော်ဒါမက်ဂျစ်အနွယ်ဝင် ထယ်လီပေါ့ထ် ပညာ ကို
    ပေါင်းစပ် အသုံးချခဲ့တယ်လို့ပဲ ဆိုချင်ရဲ့ ….

    ထယ်လီပေါ့ထ် ပညာ ကို ရှေးရှေးတုန်းက မြို့စား နယ်စားကြီးတွေ
    မြို့ သိမ်းတိုက်ပွဲတွေမှာ သုံးခဲ့တဲ့ တောင်းန်ဂိတ် မဟာဗျူဟာ ဖြစ်တော့သကိုးဗျာ..

    အသေးစိတ်ပြောရရင်တော့ စာလေးမှာ မို့ သဂျီး သာ ပီအမ်ပို့ မေးကြပါတော့ဗျာ..

    တကယ်တော့ ဒီဆိုက်ကြီးတည်ထောင်ထားတဲ့ သဂျီးလိုပဲ …
    ကျုပ်ဟာလည်း ကျုပ်ဟာလည်း ….

    ဒါတွေမပြောချင်ပါဘူးလေ…..

    ခင်တဲ့
    ဂီ

    • kai

      March 14, 2012 at 4:06 am

      ဒေဗစ်ကော့ပါဖီးလ်ကတော့.. အဆန်းတွေချည်းလုပ်ပြသွားတာ.. 😆
      နောက်.. ယူရီဂယ်လာ..

      ဂျူးဇာတိနွယ်တွေချည်းပဲ….
      အိုင်စတိုင်းရောပေါ့…

      • Khin Latt

        March 14, 2012 at 5:00 am

        စတီဗင် စပီးဘဂု (Steven Spielberg) ကြီး ကို လဲ ပြစ်မထားပါနဲ့။
        ဒီလို သူမတူအောင် မှော်ရိုက်ချက်များ ကတော့။ သူလဲ ဂျူး ဘဲ ဟုတ်????? 😎
        တမလွန်ရောက် iCEO ကြီး မပါတာ စိတ်မကောင်းဘူး။
        Post နဲ့ မဆိုင်ဘဲ မန့်လို့ ဝမ်းနည်းပါတယ် သူကြီးမင်း။ 😥

  • Wow

    March 13, 2012 at 2:05 pm

    ဖတ်လို့ကောင်းတယ် သဂျီးရဲ့

  • ဦးဦးပါလေရာ

    March 13, 2012 at 2:25 pm

    ကြားဘူးတာတော့ အဲဒီသင်္ဘောကြီး မြင်ကွင်းက ပျောက်သွားတဲ့အချိန်လောက်မှာပဲ မိုင်၄၀ဝလောက်အကွာမှာ အခြားသင်္ဘောတစင်းက သမုဒ္ဒရာအလည်မှာ အဲဒီသင်္ဘောကြီးကို လှမ်းမြင်ခဲ့လို့ မှတ်တမ်းရေးသွင်းခဲ့တယ် ဆိုလားပဲ…။
    အံ့ဩဘွယ်ပေါ့နော…။
    ဒါပေမယ့် တမျိုးစဉ်းစားကြည့်ရင်-
    အဲဒီအကြောင်းတွေ ပေါ်ထွက်လာတာက ၁၉၅ဝကျော်နှစ်များမှာလို့ ထင်တာပါပဲ။
    စစ်အေးခေတ် အရှိန်ရစပြုနေချိန်ပေါ့။
    ဆိုဗီယက်ခေါင်းဆောင်တွေကို စိတ်ရှုပ်ထွေးပြီး အလုပ်များအောင် အလုပ်ပေးလိုက်တာလားမှမသိ……။
    ပြောလို့မရဘူး.. အန်ကယ်ဆမ်ကြီးက ဉာဏ်များတယ်။
    သမ္မတရေဂင် စတားဝါးကို အတည်ကြီးလိုလိုလုပ်ပြီး
    အာလူးလက်နက်နဲ့ စစ်အေးပြိုင်ပွဲကြီးမှာ အနိုင်ယူလိုက်သလိုပေါ့….။
    (ကျုပ်ကတော့ အဲလိုပဲထင်တယ်..)
    (အခုတော့ တရုတ်ကြီးက မုန်လာဥလက်နက်နဲ့ သူ့ကိုစားရိတ်ထောင်းပြီး မွဲအောင်လုပ်ဦးမလားမသိဘူး။ ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့…။ အနိစ္စ… ဒုက္ခ… အနတ္တ…)

  • Khin Latt

    March 14, 2012 at 3:48 am

    ဖတ်လို့ ကောင်းနေတုန်း ရပ်ရပ် သွားတာ ဆိုးတယ်။ 😕
    အားလုံးပြီး မှ တစ်ခေါက် ပြန်ပေါင်းဖတ်ရမှာဘဲ။
    ဘာဘဲ ဖြစ်ဖြစ် ဒီလို စာမျိုးကို ဝေမျှ ပေးတာ သင်းခရုပါ သူကြီးမင်း ရှင့်။

  • aye.kk

    March 14, 2012 at 7:11 am

    postအတွက်ကျေးဇူးပါပဲသူကြီး..
    စိတ်ဝင်စားဖွယ်ရာအလွန်ကောင်းပါသည်။

  • intro

    March 14, 2012 at 4:23 pm

    စိတ်ဝင်စားဖို့ အရမ်းကောင်းတယ်ဗျာ… စာအုပ်ကို ရှာဝယ်ရင် ကောင်းမယ်နဲ့ တူတယ်

Leave a Reply