ကျွနုုပ်နှင့် မြင်အပ်မမြင်အပ်နှစ်ရပ်များစွာ
နာဂစ်အလွန်…
ပြန်လည်ထူထောင်ရေးလုုပ်ငန်းတွေလုုပ်နေတဲ့အချိန်…
ဘုိုကလေးမြို့ကိုု အလုုပ်ကိစ္စနဲ့ ခဏခဏသွားရတယ်…တစ်လကိုု အနည်းဆုုံး တစ်ခေါက်ပေါ့…
ဘိုုကလေးမြို့ ရုုံးခွဲမပိတ်မချင်း၊ တစ်နှစ်ခွဲလောက်ပေါ့…
မိုုင်(၆၀)လောက်ရှိတဲ့ခရီးကုို မော်တော်ကား (Off Road) နဲ့တောင် ၅နာရီလောက် အချိန်ယူပြီးသွားရလောက်အောင် လမ်းတွေကလဲဆိုုး…မိုုးတွေကလဲရွာ…နေကလဲကြဲကြဲတောက်ပူတဲ့အချိန်တွေမှာလဲ အချိန်အခါမရွေး ကျွန်တော်တိုု့ သွားခဲ့တယ်…
ဒီနေရာမှာ ကျွန်တော့်အကျင့်တစ်ခုုပြောပြပါဦးမယ်…အကျင့်ဆိုုးလိုု့တော့ ကျွန်တော်ထင်တာပဲ…
ရာသီဥတုုကလဲပူ…အလုုပ်တွေကလဲများတဲ့အချိန်ဆိုုတော့ နေ့ခင်းဘက်မှာ ချွေးတစ်ဒီးဒီးနဲ့ အလုုပ်လုုပ်ရတော့ ညနေရုုံးဆင်းရင် လူကိုုယ်မှာ ချွေးတွေဖုုန်တွေနဲ့ စေးကပ်ကပ်ဖြစ်နေတတ်တယ်…
ရေချိုးပြန်တော့လဲ မြစ်ရေမိုု့ ကြည်လင်ကြည်လင်လင်သိပ်မရှိပဲဖြစ်နေတော့ ရေချိုးရတာလဲမဝသလိုုပေါ့…
ပတ်ဝန်းကျင်ရာသီဥတုုက ပူတာမိုု့၊ တစ်နေ့လုုံး ပင်ပင်ပန်းပန်းအလုုပ်လုုပ်ရပေမယ့် ကျွန်တော်ညအိပ်ရင်တော့ ကောင်းကောင်းအိပ်ချင်တယ်…
အစိုုးရကပေးတဲ့ မီးက ညနေ(၆)နာရီကနေပြီးတော့ ည (၉ )နာရီအထိပဲရတော့ ညပိုုင်းမှာ ကိုုယ်ပိုုင်မီးစက်နဲ့ အဲယားကွန်းလေးဖွင့်ပေးတဲ့ တည်းခိုုခန်းလေးကိုု ရှာပြီး အသဲအသန် Booking လုုပ်ရတာပေါ့…
ကျွန်တော့်အကြောင်းသိတဲ့ နယ်ရုုံးက အဖွဲ့တွေကလဲ ကျွန်တော့အတွက် သေချာစီစဉ်ပေးပါတယ်…ကျွန်တော့ကြောင့်သူတိုု့ ကရိကထများခဲ့ပါတယ်…
နယ်ရုုံးမှာ အတူတူတာဝန်ထမ်းခဲ့တဲ့အဖွဲ့တွေကိုုလဲ မှတ်မှတ်ရရ ဒီကနေ ကျေးဇူးတင်လိုုက်ပါတယ်…
အခုုရေးပြမယ့်အကြောင်းအရာလေးကတော့ ကျွန်တော်တိုု့ ဘိုုကလေးရုုံးခွဲပိတ်ခါနီး (၃)လလောက်အလိုုမှာ
အင်တာနက်ကိစ္စတစ်ခုုနဲ့ ဆိုုင်းမဆင့်ဘုုံမဆင့် ဘိုုကလေးကိုု ကျွန်တော်ရောက်ခဲ့တယ်…
ပြသနာက ကျွန်တော်တည်းနေကျ တည်းခိုုခန်းက အခန်းပြည့်နေလိုု့ ရုုံးကလူတွေလဲ အဲယားကွန်းလေးရတဲ့တည်းခိုုခန်းကိုု ရှာပေးပါတယ်…
နောက်ဆုုံးတော့ တည်းရမယ့်တည်းခိုုခန်းကိုုရသွားတယ်ဆိုုပါတော့…ကျွန်တော်လဲ အဝတ်ထုုပ်ကိုု ချပြီး ရုုံးမှာအလုုပ်တန်းလုုပ်ရပါတယ်…
တစ်နေ့လုုံး ပြသနာရှင်းလိုုက်ပြီး နောက်ဆုုံးညနေ (၆)နာရီထိုုးလောက်မှကိစ္စတွေပြီးတော့ လိုုတဲ့ပစ္စည်းကိုု ကျွန်တော်နဲ့ပါလာတဲ့တစ်ယောက်က ရန်ကုုန်မှာပြန်ယူဖုို့ စိတ်အားထက်သန်နေတယ်…ကျွန်တော်က နောက်တစ်နေ့မှသွားစေချင်ပေမယ့်…နောက်ဆုုံးသူ့ကိုု ကျွန်တော် ရန်ကုုန်ပြန်ခွင့် ပေးလိုုက်ရတယ်…
ဘိုုကလေးမှာ GSM ကလဲ မမိလေတော့… တည်းခိုုခန်းက ဖုုန်းနဲ့ပဲ အဆက်အသွယ်လုုပ်ဖိုု့ စီစဉ်လိုုက်တယ်…
ညနေပိုုင်း ရေမိုုးချိုးပြီး ထမင်းထွက်စား၊ ဘီယာလေးဘာလေးသောက်ပြီးတော့…ည(၉ )နာရီလောက်မှာ ကျွန်တော်တည်းခိုုခန်းပြန်ပြီးအနားယူပါတယ်…
တည်းခိုုခန်းမှာ ကျွန်တော်နေရတဲ့အခန်းက အပေါ်ထပ် ဘယ်ဘက်ထောင့်ဆုုံးအခန်းလေး…အပေါ်ထပ်မှာတည်းတဲ့သူ တစ်ယောက်မှမရှိတော့ နားအေးပါးအေးရှိတယ်ဆိုုပြီး သဘောကျမိတယ်…ကံဆိုုးတာကတော့ မီးမလာဘူးဗျာ…မီးမလာတော့ အဲယားကွန်းမရဘူးပေါ့…
ည (၁၁)နာရီလောက်ကျတော့ တည်းခိုုခန်းကကောင်းလေးတံခါးလာခေါက်ပါတယ်…ဖုုန်းလာလိုု့တဲ့…ရန်ကုုန်ကိုုပြန်သွားတဲ့သူက ပြန်ရောက်တဲ့အကြောင်းသတင်းပိုု့တော့ ကျွန်တော်လဲ အောက်ထပ်ဆင်းပြီးစကားပြောတယ်…
ပြန်တက်လာပြီးတော့ အိပ်ယာပေါ်မှာလှဲပြီး အိပ်ဖိုု့ ကြိုးစားနေတုုန်း အခန်းတံခါးလာခေါက်ပါတယ်…
တည်းခိုုခန်းက ကောင်လေးအမှတ်နဲ့…ကျွန်တော်လဲ ဓာတ်မီးလေးယူပြီး တံခါးဖွင့်ပေးလိုုက်တယ်…
တံခါးဝမှာတစ်ယောက်မှမရှိဘူး…ဒါနဲ့ ကျွန်တော်လဲ တံခါးပြန်ပိတ်ပြီး အိပ်ဖိုု့ ကုုတင်ပေါ်ပြန်တက်တယ်…
ကုုတင်က နှစ်ယောက်အိပ်ကုုတင်…
အိပ်ပျော်ခါနီးအချိန်မှာ ကျွန်တော် အဝတ်ဟောင်းတွေထည့်ထားတဲ့ ကျွတ်ကျွတ်အိတ်ကိုု ကြွက်လိုုလိုု မွှေသံကြားရရော…
ကုုတင်ခြေရင်းက ခုုံလေးပေါ်မှာ ကျွန်တော်က အဝတ်ဟောင်းအထုုတ်ရယ်…ဆေးလိပ်ဘူးရယ်…ရေချိုးဆပ်ပြာရည်ဘူး…ခေါင်းလျှော်ရည်ဘူး တင်ထားတာကိုုး…
ငါ့အဝတ်တွေကုုန်ပါပြီဆိုုတဲ့အသိနဲ့ ဓာတ်မီးထိုုးကြည့်တော့ ကြွက်အရိပ်အယောင်လဲမတွေ့ဘူး…
အဲဒါနဲ့ ပြန်အိပ်ဖိုု့ခေါင်းလဲချရော…ကျွန်တော့မျက်နှာပေါ်ကိုု ဆေးလိပ်ဘူးကျလာတယ်…
ပြသနာကစပြီ….
ခဏနေတော့ ရေချိုးဆပ်ပြာဘူး….
ခဏနေတော့ ခေါင်းလျှော်ရည်ဘူး…
တစ်ခုုစီနဲ့ ကျွန်တော့ကိုု ပစ်ပေါက်တော့တာပဲ….မြင်အပ်၊ မမြင်အပ်တဲ့သူပေါ့…
အချိန်က (၁၂)နာရီထိုုးနေပြီ…တခြားတည်းခိုုးခန်းပြောင်းဖိုု့လဲမဖြစ်နိုုင်သလိုု…တခြားအခန်းပြောင်းနေဖိုု့လည်း ကျွန်တော့်အဖိုု့မထူးတော့ဘူး
ကျွန်တော် စကားတစ်ခွန်းပြောလုိုက်တယ်…” ငါဒီနေ့ တစ်ညပဲအိပ်မှာ မင်းကိုုလဲငါ မနှောက်ယှက်ဘူး…ငါ့ကိုုလဲ မင်းမနှောက်ယှက်နဲ့” လိုု့ပြောပြီး
iPod ကိုုနားကြပ်တပ်…အသံအကျယ်ကြီးဖွင့်ပြီး မရမကကြိုးစားအိပ်ပါတယ်…အိပ်လိုုက်ပါတယ်…
ကုုတင်ပေါ်လာပြီး တူတူအိပ်နေမှာစိုုးလိုု့ ကုုတင်ကိုု ကန့်လန့်ကြီးအိပ်ပြီး မိုုးလင်းတဲ့အထိ မျက်စိမှိတ် နေလိုုက်တယ်…
မိုုးလင်းတော့လဲ မျက်လုုံးဖွင့်ကြည့်ရမှာကြောက်ကြောက်နဲ့ အသာလေးဖွင့်ကြည့် ဘေးဘယ်ညာဘာမှမရှိမှ အိပ်ယာထ၊ မျက်နှာသစ်ပြီး တည်းခိုုခန်းအပြင်က ခုုံတန်းလျားလေးမှာ ထွက်ထိုုင်ရင်း လာခေါ်မယ့်ကားကိုု စောင့်ပါတယ်…
အဲဒီနေ့ ညနေပဲ ရန်ကုုန်ကိုု မဖြစ်ဖြစ်အောင်ပြန်ခဲ့တယ်…နောက်တစ်ခါ ဘယ်ကိစ္စပဲရှိရှိ…အဲဒီလိုု တစ်ယောက်ထဲအိပ်ရမှာစိုုးလိုု့ အဖော်ထည့်ပေးတဲ့ တည်းခိုုခန်းကိုုတော့ ရှောင်လိုုက်ဖို့ ဆုုံးဖြတ်လိုုက်တယ်….
အော်…
လောကမှာ မြင်အပ်…မမြင်အပ်နှစ်ရပ်များစွာဆိုုတာ တကယ်ရှိပါလားနော်….
ခင်တဲ့-
ကြောင်ဝတုုတ်
၂၀၁၂၊ မတ်လ
35 comments
သူရဇော်
March 13, 2012 at 11:01 am
အော အသင်လူသား ကျွန်ုပ်တူတူ အိပ်ချင်တာကို အိပ်လို့မရအောင် ကန့်လန့်အိပ်တယ်ပေါ့လေ……. ဒါကြောင့် အသင့်အား ကျွန်ုပ်ပစ်ပေါက်ရခြင်းဖြစ်ပေသည်……….
သူရဇော်
March 13, 2012 at 11:03 am
နာသာဆို ရှုရှုနဲ့ပန်းမှာ……….. နင်က အဖော်လေးဘာလေးခေါ်အိပ်ပေါ့ဟဲ့…….ကြောက်တတ်ရင်……
Shwe Tike Soe
March 13, 2012 at 11:03 am
အောင်မာ ကိုယ်ဟာကို တစ်ယောက်ထဲမအိပ်ချင်တာနဲ. သူဟာသူနေတဲ့သရဲ သွား တရားခံရှာနေပြန်ပါပြီ…
ယုံပေါင်တော်…. ရှင့်အကြောင့်ဖြင့် အံတိုနေပေါ့…
ဒါနဲ. သရဲက အထီးလား အစ်မလား ဟင်….
မှော်ဆရာ
March 13, 2012 at 11:06 am
သူရဲက အမ …
ဖက်တီးကက် ပုဆိုးဝတ်အိပ်လို့
သူရဲမက အသဲယားပြီး ခေါင်းလျှော်ရည်ဘူးနဲ့ ဆော်တာ …
Shwe Tike Soe
March 13, 2012 at 1:50 pm
အေးပေါ့လေ သူက လဲ ညညဆို ထောင်ထောင်အိပ်တာ ကို (ဒူး ကိုပြောတာနော် ဟိဟိဟ 😛 )
ဒါများဗျာ သရဲမနဲ. သရဲရွှင်တဲ့နှစ်ပါးခွင်လေး က ခဲ့ပြီးရော နော… ညံ့တဲ့ ကိုကြက်ဖောင်ဗျာ..
water-melon
March 13, 2012 at 6:32 pm
အမဆိုတော့ ညည်းက ဘာလုပ်ချင်လို့လဲ
တောင်မ အုပ်ထိန်းသူကြီး တစ်ယောက်လုံးထားပြီ
မပြောချင်ဘူး
ယောက်ျားတွေများ တယ်ခက်လှချိလား 😀
ဆူး
March 13, 2012 at 11:07 am
မမြင်အပ်တဲ့ သူက အထီး မဟုတ်ပဲ အမ ဖြစ်နေလို့ နေမှာပေါ့။ ရှင်အခု ထွက်သွား ခု ထွက်သွား ဆိုပြီး တွေ့ကရာနဲ့ ကောက်ပေါက်နေတာ ဖြစ်မယ်။
ဆူး
March 13, 2012 at 11:08 am
အထီးဖြစ်သော် ဂုတ်ခွစီးပြီး လည်ပင်းညှစ်မယ် ထင်တယ်။
inz@ghi
March 13, 2012 at 11:09 am
အဲ့ဒါ ခေဲးအိုစ့် တွေနေမှာဗျ…
လိုက်ဖ် နဲ့ နေးချား က ဒါမိုး ..မလုပ်တတ်ဘူး …
ဟယ်လူစီနေးရှင်း အာ့ထ်တွေပါဗျာ ..သိပ်တော့ မမြင့်ပါဘူး…
ဒီထက် နည်းနည်း ပိုမြင့်ရင်တော့ …မာမိတ် တွေဘာတွေဖန်ဆင်းတဲ့အဆင့်ဗျို့…
အင်း ….
ဒါတွေ ပြောသာပြောရတယ်. .. သိပ်ပြောချင်တာမဟုတ်ဝူးရယ်…
တကယ်တော့ ကျုပ်ဟာလည်း…
ထားပါတော့လေ……
ခင်တဲ့
ဂီ
FattyCat
March 13, 2012 at 11:15 am
ဖြစ်မှဖြစ်ရလေ….
အထီးအမတော့ သိဘူးကွယ်….
မြင်အပ်၊ မမြင်အပ်ပါဆိုမှ…တော်ကြာ မြင်ရတော့မှ ရုပ်ပျက်ဆင်းပျက်၊ မြင်မကောင်းရှုမကောင်းဖြစ်နေရင်…
Thel Nu Aye
March 13, 2012 at 1:52 pm
အင်းနာဂစ်သရဲဆိုတော့ပွနေမှာတော့သေချာတယ်။
မဟာရာဇာ အံစာတုံး
March 13, 2012 at 11:24 am
သူ့နေရာမှာ နာချိုလို့ကတော့ …
ထောင်ပြေးမိမှာပဲ ..
😀
Shwe Tike Soe
March 13, 2012 at 1:52 pm
ထောင်ပြေး ရင်တော့ ဟို သရဲမ က လွှတ်မှာတောင် ဟုတ်တော့ဘူး ကိုကို တုုံး ကိုကို တုံး ဆိုပြီး ဆွဲထားမှာ
အဲဒီထောင်နေတဲ့ ဟာကို (ဆံပင်) 😀
မဟာရာဇာ အံစာတုံး
March 13, 2012 at 7:52 pm
တော်ဒေးဒယ် …
ထောင်နေတဲ့ ဟာက ဆံပင် မို့ …
နို့မဟုတ်ရင် သရဲမတော့ လွယ်ဘူးရယ် … 😀
သရဲမရေ .. အပေါ်က လူဂျီးက သရဲလည်း အလွတ်ပေးမယ့်ပုံ ပေါ်ဘူးဂျ ..
သူလာရင် သတိထား နေနော် ..
ယောင်မှားလို့များ သွားမစလေနဲ့ …..
😀
etone
March 13, 2012 at 11:48 am
အဲ ..ကိုယ်ကြောင်ဝတုတ်ရေ …. ။ အဲ့ဒီလိုကြီး ကြုံခဲ့တာလား .. ဟိုဟာနဲ့ပေါက် … ဒီဟာနဲ့ပေါက်နဲ့လား …. အစ်ကို့ရဲ့ ကိုယ်ခန္ဓာအားကိုးနဲ့ …. အဲ့ဒီအခန်းထဲ … ဆက်အိပ်ခဲ့တယ်တဲ့လား .. ဟိဟိ … ။
ညီမတို့သာ .. အဲ့လိုပေါ်တင်ကြီး .. အပစ်ခံရလို့ကတော့… ဖိနပ်တောင်မပါပဲ ..ရန်ကုန်ပြန်ရောက်သွားမယ်ထင်တယ် … 😀
ပရလောကသားတွေ .. ရှိကောင်းရှိပါတယ် .. တစ်ခါတစ်လေ အမျှလိုချင်လို့ ခြောက်လန့်တာမျိုး ရှိပေမယ့် .. အခုလို လူကို ထိခိုက်အောင်လုပ်တာကတော့ .. သက်သက်… နှောက်ယှက်တာပဲ .. လက်ဝှေ့ချင်း ယှဉ်ထိုးခဲ့ရမှာ … ။ ဟိဟိ .. ဒါနဲ့ ..ချွေးအရမ်းထွက်တတ်မှန်းတော့ .. သိပါတယ် … ပြီးခဲ့တဲ့ … အလှူတုန်းက … ချွေးတွေ ထွက်တာ .. သင်္ကြန် ရေပက်ခံပြီး ပြန်လာသလား မှတ်ရတယ် 😀
jujuma
March 13, 2012 at 12:36 pm
အမလေးနော်..ပြန်ပေါက်လိုက်ပါလား ..သူပေါက်ကိုယ်ပေါက်ပေါ့..
ပျော်စရာကြီးနေမှာ..ဟိဟိ
juma လည်းတစ်ခါ ကြုံဖူးတယ်…အသိတစ်ယောက် နာရေးသွားတာ..
ရက်လည်တဲ့ညနေပေ့ါ.. သေတဲ့သူ တင်ထားတဲ့ စင်ကို ဘုန်းကြီးကျောင်းက လာယူတဲ့အချိန်ပေ့ါ..
အိမ်ရှေ့မှာ ခုံနဲ့ ထိုင်ပီး တစ်ယောက်တည်းစာဖတ်နေတာ နောက်မှာကလည်းသစ်ပုံပဲရှိတယ် ကြွက်တောင် လျှောက်လို့မရဘူး..အဲဒါကို ခြေသံကြားရတာလှည့်ကြည့်တော့လည်း ဘာမမရှိဘူး…. အင်း သိတော့သိလိုက်ပီ..ဒါသူပဲပေါ့.. ဘယ်ရမလဲ ပြရင်တော့ ကြည့်ကို ကြည့်လိုက်မှာဆိုပီး အေးဆေးပေါ့
တဖြည်းဖြည်းနဲ့ ခြေသံက ကိုယ့်နားကပ်လာတယ်..နဲနဲတော့ ဖြုံသွားတယ်..ရသေးတယ် ကြည့်မယ်ပေါ့ .. ခဏလဲကြာရော ဘယ်ဘက်လက်က ဖြန်းကနဲ့ ဖြစ်သွားပီး အေးသွားတယ် လူကိုဝင်တိုးသွားတာဗျာ… သူတို့ရဲ့ အသားတွေက အေးစက်နေတယ်လို့ကြားဖူးတာ တကယ်ကို ကိုယ့်တွေ့ပါပဲ ………………….. အနံ့တွေရော အရိပ်ပါတွေ့လာရတော့ ဟဲဟဲ ပြေးရတော့တာပေါ့ ကျွန်ုပ်လဲ လူသားပဲဆိုတော့ .. တစ်ကိုယ်လုံးသာပြလိုက်ရင် အသက်ပါ လွင့်သွားနိုင်တယ်ဗျ..
တကယ်တကယ်ကို ရှိတဲ့ ဝိညာဉ် တွေပါ …
Thel Nu Aye
March 13, 2012 at 1:51 pm
မှန်ပါ့။ ဦးလေးဆုံးတုန်းက အသုဘချတော့လိုက်မသွားဘူး။ ချခါနီးအချိန်မှာပြော လိုက်တာ အောင် မယ်လေးလာတောင်နှုတ်ဆက်ဖေါ်မရဘူး ဆိုတော့ ခဏနေတော့ ရောက်လာတော့တာပဲ။ ဘာပြောကောင်းမလဲတ အိမ်လုံးပိုဗျောင်းဆန်သွားတာပဲ။ သူတို့က ဖက်ဖက်ကက် ပြောသလို အပေါက်သန်တွေလား မသိဘူး။ တွေ့ရာလွှင့်ပြစ်တာ။ အိမ်မှာပွသွားတာပဲ။ နောက်ဆုံးပြန်တော့ ဆိုနှင်လိုက်မှရပ်သွားတော့တာ။ ရီနေရတယ်။ ပစ်စည်း တွေလိုက်ဖမ်းနေရတာ။ ရှေ့ကဖမ်းနောက်ကပစ်နဲ့။ ကလိလဲထိုးသွားသေးတယ်။
Khaing Khaing
March 13, 2012 at 12:48 pm
အင်…ထင်တာကတော့ ကိုကြောင်ဖက် သူဆီကတစ်ခုခုယူထားလားမသိဘူး… သူကအဲဒါကိုလိုက်ရှာတာ နေမှာပေ့ါ… မတွေ့လို့ဆိပ်ဇိုးပြီး ပစ်ပေါက်တာနေမှာ…….. အဟိ..အဟိ
FattyCat
March 13, 2012 at 12:56 pm
အခိုင်လုပ်မှပဲ အမှုကပိုကြီးနေပြန်ပါပြီကွယ်…
ကျွန်တော် ဘာမှယူမထားပါဘူးကွယ်…
သူရှိမှန်းသိသိကြီးနဲ့ ထွက်ပြေးလို့အခွင့်မသာတဲ့အခြေအနေမို့လို့ ကျိတ်မှိတ်ပြီးနေခဲ့ရတာ…
နောက်တစ်ခု မှန်ထဲက သရဲအကြောင်းရေးပေးမယ်နော်…
Base on True Story…
Khaing Khaing
March 13, 2012 at 1:36 pm
မှန်ထဲကသရဲ ဟုတ်လား….. ဒါဆိုကိုဖက်အကြောင်း ကိုဖက်ပြောမှာပဲဖြစ်မယ်…. အချင်းချင်း တွေပဲ ဥပဒီဘယ်လောက်ကောင်းတယ်ဆိုတာသိပါတယ် ….. အများသိအောင်ကြေငြာချင်ရင်တော့ ရေးစေသတည်း ….. အဟီး ဟီး ဟီး……
Thel Nu Aye
March 13, 2012 at 1:46 pm
ဟယ်ဖက်ဖက်ကက်ရယ်။ နှစ်ယောက်အိပ်ကုတင်ကြီးမှာတယောက်ထဲအိပ်နေတော့စိတ်ဆိုးမှာပေါ့။ ခေါ်အိပ်လိုက်တာမဟုတ်ဘူး။ သူလဲအိပ်ချင်ရှာမှာပေါ့။ ဒါ့ထက်ကန့်လန့်ကြီးအိပ်နေတော့တက်များဖိထားသေးလား။
Phaung Phaung
March 13, 2012 at 1:52 pm
အမလေး.. တယ်သိတ္တိကောင်းတဲ့ ဦးဖက်တီးပါလား… တော်ကြာ ခြေထောက်လာဆွဲလိုက်၊ ခေါင်းလာဆွဲ
လိုက်လုပ်နေမှဖြင့်…. ဒါတောင်မိုးလင်းအောင်အိပ်ခဲ့သေးတယ်….အိပ်ကောပျော်ရဲ့လားဟင်…
Ma Ei
March 13, 2012 at 2:18 pm
တချို့ယောက်ျားလေးတွေသရဲပိုကြောက်ကြတယ်…
ဦးလေးတစ်ယောက်ကိုနောက်ပြီးသရဲခြောက်တာ…
သစ်ပင်ကိုကြိုးနဲ့ကြိုတင်ချည်ထားပြီး ညဖက်အပြင်ထွက်တဲ့အချိန်
အဲ့ဒီကြိုးကိုဆွဲလှုပ်ပြီး ခြောက်ကြတာ…ကြိုးကိုမြင်ရသားနဲ့
အကြောက်လွန်ပြီးစကားမေးတောင်မရတော့လိုဆရာဝန်ခေါ်လိုက်ရတယ်…
ဘာပြောကောင်းမလဲအမေ့ဝါးခြမ်းပြားစာမိတာပေါ့…
FattyCat
March 13, 2012 at 2:25 pm
ပေါင်ပေါင်ရေ…
အံကျိတ်ပြီး…သီချင်းအကျယ်ကြီးဖွင့်အိပ်တာ…အိပ်ပျော်မယ်လိုု့ထင်လားဟင်…
အပေါ့သွားချင်တာတောင်…မနက်အထိအောင့်ထားတာ…ဟီးဟီး
မင်းပြောတဲ့ သတ္တိကောင်းတဲ့လူပေါ့ကွာ…
ဦးဦးပါလေရာ
March 13, 2012 at 2:36 pm
ကိုဖက်ကက်ရေ-
ဒီတခါထပ်ကြုံရင် ကိုဇာဂနာရဲ့နည်းလေးကိုသုံး…
မျက်နှာတည်တည်ထားပြီး “ကြံ့ဖွံ့ပါတီဝင်မလား..” လို့ သရဲကိုမေးလိုက်… 😀
ကျုပ်ကတော့ အမှန်တကယ် သရဲကြောက်တတ်တာ…
တခါတော့ ညဖက် ခပ်မှောင်မှောင်နေရာမှာ တယောက်ထဲရောက်နေတုန်း
အသံကြားသလိုလို အနံ့ရသလိုလိုနဲ့ သရိုးသရီဖြစ်လာလို့ ဒီလိုအော်ပြောလိုက်ရတယ်-
“ ဟေ့… ဟေ့… ငါက အစကတည်းကကြောက်ပြီးသားနော်… မင်းတို့အလုပ်ရှုပ်မခံနဲ့တော…….” လို့ 😛
ကြောင်ကြီး
March 13, 2012 at 5:25 pm
သဂျီးပြောတော့ ရှိဘူးဆို…. 🙄
mg mg
March 13, 2012 at 9:10 pm
ဖက်တီး ဆိုတော့ ဖီးတက်မယ်ထင်လားမသိ၊ ညံ့ပါ့ ထိပ်စည်းလေး နောက်ပိတ်လေးတောင်းခဲ့ရောပေါ့
kotun winlatt
March 13, 2012 at 9:52 pm
ထိပ်စည်းပေးလို့ ရှူးတောင် မနက်ရောက်မှ ပေါက်ရပါတယ်တဲ့ဆို..
နောက်ပိတ်တော့ ပေးမပေးသေချာမသိပါ…
ဦးကက်ရေ နောက်ရော ပိတ်ပေးလိုက်သေးလားခင်ည….။
ချစ်ရင်ထူးနှစ်
March 13, 2012 at 10:09 pm
ကြောင်ဝ ဝတုတ်တုတ်
အဲဒါမျိုးတွေက တစ်ကယ်ရှိတာဗျ..
မယုံတဲ့လူက ပြည်သူ့ဆေးရုံတွေကို တစ်ရက်လောက် သွားအိပ်ကြည့်လိုက်ပါ..
တစ်ည လောက်အိပ်နိုင်ရင် လူတော်ပဲဗျို့
ဆေးရုံ ဝန်ထမ်းတွေတောင် တစ်ယောက်တည်း ဘယ်တော့မှ မအိပ်ဘူး
အဲဒါကတော့ တစ်ကယ်…
MaMa
March 13, 2012 at 11:04 pm
နာဂစ်ဆိုတော့ အစိမ်းသေ သေသွားတဲ့သူတွေ အများကြီးဆိုတော့ကာ…..
လာကူညီပေးတဲ့ ဖက်တီးကက်ကို သူ့တို့ဘာသာနဲ့ ကျေးဇူးတင်ကြောင်း ပြတာ ဖြစ်လိမ့်မယ်။
surmi
March 13, 2012 at 11:51 pm
ဒီလိုလုပ်ပါလား ….
ဒီတစ်ခါတွေ.ရင် ပိုက်ဆံချေးလိုက် ဒါမှမဟုတ် နှစ်လုံးထီဂဏန်းတောင်းလိုက် …..
Khin Latt
March 14, 2012 at 3:30 am
ကြောင်ဝ လေးရေ
သူရို့ က ပါဝါ ပေါ်လိုက်ပြီး အတော်လေး သဘာရင့်မှ ပစ္စည်းတွေ ကို ကိုင်နိုင် ပေါက်နိုင်တာကလား။
အမယ် …. ဒီ အတိုင်းလဲ လွယ်လွယ် ရမယ် မထင်နဲ့ ။ ဆရာ့ ဆရာ နဲ့ ကျင့်ရတာနော်။
မင်း ရဲ့ မြင်အပ်မမြင်အပ် ကလဲ တော်တော်ပါဝါမြင့် အောင် ကျင့်ထားပုံရတယ်။ 🙄
မပြောမရှိနဲ့။ အရီးလဲ မြင်ဘူးတယ်။
ဒီမီမိုး ပါတဲ့ သရဲ Ghost ရုပ်ရှင် ထဲမှာ။
ခင်လို့ စတာ။ ချိတ်ချိုးနဲ့။ 😉
FattyCat
March 14, 2012 at 9:06 am
ထွန်းဝင်းလတ်ရေ-
နောက်ပိတ်တော့မပေးသွားဘူး…သေချာတယ်…
မနက်ကျမှ ရှူးရှူးသွားပေါက်ရတာဆိုုတော့…ထိပ်စည်းပဲပေးတယ်ပေါ့ဗျ….
မမရေ-
သူကျေးဇူးတင်ကြောင်းပြပုုံကြီးကလဲ ဟိုုဟာနဲ့ပေါက်…ဒီဟာနဲ့ပေါက်တဲ့လားကွယ်…
တစ်ခုုခုုတော့လွဲနေပြီထင်ပါ့….ဟီး
အရီးလတ်ရေ-
Ghost ကားအပြင် ကျွန်တော်ကြိုက်တဲ့ သရဲကားတစ်ကားရှိသေးတယ်…
The Sixth Sense မင်းသားကတော့ Bruce Willis အဆဲကြမ်းတဲ့မင်းသားကြီးပေါ့..
ထပ်ပြီး ပြောရရင် Demi Moore ရဲ့ အမျိုးသားဆိုုလဲ မမှားဘူးပေါ့နော်…
သူတိုု့ (၂)ယောက်ရိုုက်ခဲ့တဲ့ သရဲကား (၂)ကားလုုံးကိုု ကြိုက်တယ်…
ခင်တဲ့-
ကြောင်ဝတုုတ်
Mon Kit
March 14, 2012 at 9:59 am
တစ်ယောက်ထဲ ပျင်းမှာစိုးလို့ အဖေါ်လာလုပ်ပေးတာ နေမှာပေါ့ကွယ်………..
Rose Minn
March 14, 2012 at 11:06 am
အော်မြင်အပ်မမြင်အပ်ဆိုတာ တကယ်ရှိတာကို မမြင်ဖူးတဲ့သူ။ အယုံကြည်မရှိတဲ့သူတွေ တဲ့တဲ့တိုးမှ ကိုယ်တွေ့ဖြစ်တာမျိုးပေါ့။ ကိုယ်တွေ့ရှိမှ ယုံတာမျိုးဆိုတော့။ ဘဝမှာ အတွေ့ကြုံ သစ်အနေနဲ့တဲ့တဲ့တိုးကြပါစေ။ အဲဒါမှ မအိ ရဲ့ ဦးလေးလို အကြောက်လွန်ပြီး ဆရာဝန်ခေါ်ရမှာ……..ဟီးဟီး မှတ်ကရော