ကျွန်ုုပ်နှင့် တမလွန်တံခါးဖွင့်မိခြင်း
နာဂစ်အပြီး ပြန်လည်ထူထောင်ရေးလုုပ်နေတဲ့အချိန်…
IT Department မရှိတဲ့ အဖွဲ့အစည်းတစ်ခုုက ကျွန်တော့်ကိုု နည်းပညာနဲ့ပတ်သက်ပြီး အကူအညီပေးဖိုု့ သူတိုု့ရုုံးခွဲစိုုက်ရာ လပ္ဗတ္တာမြို့ ကိုု လာခဲ့ဖုို့ဖိတ်ခေါ်ပါတယ်…
နဂိုုကမှ ခြေထောက်မှာ ဗွေပါတဲ့လူဆိုုတော့ ခရီးသွားရမယ်ဆိုုရင်…ချက်ချင်းအထုုပ်ဆွဲပြီး သွားချင်တဲ့ကောင်မိုု့…ဖိတ်ခေါ်မှုကိုု လက်ခံပြီး
နောက်တစ်နေ့ညနေ ကားနဲ့ လပ္ဗတ္တာမြို့ ကိုု လိုုက်ပါခဲ့ပါတယ်…ကားပေါ်မှာ တစ်ညအိပ်ပြီး မနက်(၆)နာရီခန့်မှာ လပ္ဗတ္တာမြို့ ကိုုရောက်ပြီး…
အဖွဲ့အစည်းရဲ့ ယောင်္ကျားလေးအဆောင်မှာ နေရပါတယ်…
ရန်ကုုန်ကနေ ကျွန်တော်နဲ့အတူတူ Assistant ကောင်လေးတစ်ယောက်ပါလာတယ်…
ကျွန်တော်တိုု့ နေရတဲ့အဆောင်ကနှစ်ထပ်ဆောင်… အပေါ်ထက်မှာ အရာရှိတွေနေကျပြီး…အောက်ထပ်မှာ Field Staff Officer တွေနေကျတယ်…
Field Staff Officer တော်တော်များများက ရန်ကုုန်နဲ့ အခြားနယ်က လာတဲ့လူတွေဖြစ်ပြီးတော့ Operation လုုပ်တဲ့ Staff တွေကိုုတော့ နယ်ခံလူတွေခန့်ထားတယ်…
အဆောင်အပေါ်ထပ်မှာတော့ ရန်ကုုန်ကနေလာပြီးနေကြတဲ့ Department Head တွေနေကျတာပေါ့…
အဆောင်အောက်ထပ်နောက်ဖက်မှာ ထမင်းစားခန်းနဲ့ မီးဖိုုချောင်ရှိသလိုု အိမ်သာတစ်ခန်း၊ ရေချိုးခန်းတစ်ခန်းလဲရှိတယ်…
အဆောင်ခြံဝန်းထဲမှာ နောက်ထပ် လေးလုုံးတွဲအိမ်သာကိုုတော့ အဖွဲ့အစည်းက ငှားပြီးတဲ့နောက်ပိုုင်း နေထိုုင်တဲ့လူတွေများတော့ လုုံလောက်အောင်ထပ်ပြီး ဆောက်ထားပေးတာပါ..
အဲဒီအဆောင်ရဲ့ထူးခြားချက်က ၁၉၃ဝပြည့်နှစ်က ဆောက်ထားတာဆိုုတော့ အခုုအချိန်နဲ့တွက်ရင် အနှစ်(၈၀)ကျော်သက်တန်းရှိပြီး ကျွန်းတိုုင်းလုုံးတွေထောက်မပြီးဆောက်ထားတဲ့ အဆောက်အဦးတစ်ခုုပါ…
ပိုုပြီးထူးခြားစေတဲ့အချက်က မီးဖိုုချောင်နဲ့ ရေချိုးခန်း အိမ်သာကြားမှာ မီးခံငွေတိုုက်ရှိနေတာရယ်…
အိမ်ရှေ့ခန်းကနေ နောက်ဖေးမီးဖိုုချောင်ကိုု ဝင်လိုုက်တာနဲ့ လူတစ်ပိုုင်းကောင်းကောင်းမြင်နိုုင်တဲ့ မှန်တစ်ချပ်ကိုု နံရံမှာ မြှုပ်တပ်ထားတာရယ်ပါ…
မှန်ကတော့ ပြဒါးပျယ်နေပြီ…သိပ်ပြီး သဲသဲကွဲကွဲ မမြင်ရဘူး…
ကျွန်တော်တိုု့လဲ အဆောင်ရောက်ရောက်ချင်း ရေမိုုးချိုးပြီး ခဏအနားယူပါတယ်…အဲဒီလိုုအနားယူနေတုုန်း ကျွန်တော်က မီးခံငွေတိုုက်ကိုု စိတ်ဝင်စားမိတယ်…ကျွန်တော်တိုု့အသက်အရွယ်နဲ့မမြင်ဖူးတဲ့အရာတစ်ခုုလဲဖြစ်နေတော့ ကျွန်တော် ဖွင့်ကြည့်မိတယ်…
မီးခံတိုုက်ထဲမှာ အမျိုးသမီးငယ်လေးတွေဝတ်တဲ့ အကျင်္ ီ၊ လုုံချည်တွေအပြင်၊ လုူငယ်ပိုုင်းတွေဝတ်တဲ့ ပုုဆိုုး၊ ဂျင်းဘောင်းဘီနဲ့ တီရှပ်လေးတွေတွေ့တယ်…
မီးခံတိုုက်ထဲမှာ အဝတ်အစားတွေထည့်ထားတာကိုု မြင်တော့နဲနဲတော့ထူးဆန်းတယ်လိုု့စိတ်ထဲတွေးလိုုက်တယ်…
ခဏလောက်နားပြီး အလုုပ်တွေသွားလုုပ်ဖြစ်တယ်…ညနေပိုုင်း မင်းစားပြီးနောက် အဆောင်ကိုုပြန်လာကြတယ်…
လပ္ဗတ္တာမှာ ကျွန်တော်တိုု့ ၂ညအိပ်လောက်ထပ်အိပ်ရဦးမယ်လိုု့တွေးနေတုုန်း Field ထဲကနေ လူတွေပြန်လာကြတယ်…
သူတိုု့ပြန်လာတော့ အားလုုံးလူ (၁၀)ယောက်…
ခြင်ထောင်တွေ၊ စောင်တွေ မလောက်တော့ဘူးဖြစ်သွားတယ်…အဆောင်မှာရှိနေပြီးသားသူတွေလဲ စီစဉ်ပေးရတော့တာပေါ့…
သူတိုု့ခမြာ ရာသီဥတုုဆိုုးလိုု့ သွားမယ့်ရွာကိုု ဆက်မသွားတော့ပဲ ဆုိုင်းမဆင့်ဗုုံမဆင့်ပြန်ချလာတော့ အကုုန်လွဲကုုန်ပြီး အဆင်ပြေအောင်စီစဉ်ရတော့တာပေါ့..
ကျွန်တော်တိုု့ကလဲ ၃ယောက်ဖြစ်နေတော့…အပိုုဖျာနဲ့ ခေါင်းအုုံးတွေလဲကြိုထုုတ်မထားတော့ (၂)စုုံပဲအပိုုဆိုုလိုု့ရှိတယ်…
တစ်ယောက်စာနေရာလိုုနေပြန်ရော…အဲဒါနဲ့ ကျွန်တော်နဲ့ပါလာတဲ့ Assistant ကောင်လေးကတစ်ယောက်ကိုု သူနဲ့အတူတူ အိပ်ဖိုု့လက်ခံလိုုက်တယ်…
ကျွန်တော်က အိပ်ရင်ဟောက်တတ်တော့ သူက ကျွန်တော်နဲ့လာမအိပ်ပဲနဲ့ ပြန်လာတဲ့လူတွေထဲက စကားမပြောပဲအေးအေးနေတဲ့ ကောင်လေးကိုု သူနဲ့လာအိပ်ဖိုု့ ပြောတယ်…
အိမ်ထောင့်လေးမှာ ခြေပြစ်လက်ပြစ်ထိုုင်နေတဲ့ အဲဒီကောင်လေးက အသာတကြည်ခေါင်းညှိတ်ပြလိုု့ သူတိုု့ ခြင်ထောင်တစ်ခုုထဲ ဝင်အိပ်ကြတယ်…
ကောင်လေးလဲ ပင်ပန်းတင်ထင်တယ်…ခြေလက်တောင်မဆေးဘူး တန်းအိပ်တော့တာပဲ…
ပြသနာက ည(၃)နာရီလောက်မှာစတော့တာပဲ…
နောက်ဖက်မီးဖိုုချောင်နဲ့ အရှေ့ဘက် အိပ်တဲ့နေရာအကူးမှာ ကျွန်တော်တိုု့နဲ့ အပေါ်ထပ်မှာ အတူတူနေတဲ့တစ်ယောက်က အသံနက်ကြီးနဲ့
လာကြပါဦးလိုု့ အော်လိုုက်တဲ့အသံကိုုကြားရတယ်…
တိတ်ဆိတ်နေတဲ့အချိန်…ကြားလိုုက်တော့ တစ်ဆောင်လုုံးထလိုုက်တော့ မှန်ရှေ့မှာ ရပ်နေတဲ့တစ်ယောက်က တော်တော်ကြောက်လန့်နေတဲ့ပုုံစံနဲ့ ဘာပြောလဲဆိုုတော့ အကျီ င်္လိမ္မော်ရောင်ဝတ်ထားတဲ့ ကောင်လေးတစ်ယောက်က ၁၂နှစ်အရွယ်လောက်ရှိတဲ့ ကလေးမလေးကိုု လက်ဆွဲပြီး မှန်ထဲကိုု ဝင်သွားတယ်တဲ့….
တစ်ယောက်ထဲ သေချာမြင်လိုုက်ရတော့ အတော်လန့်သွားရှာတယ်ထင်ပါ့…
အဲဒါနဲ့ သူ့လန့်နေတဲ့လူကိုု ရေတွေဘာတွေတိုုက်ရင်းမေးနေတုုန်း…ကျွန်တော်နဲ့အတူတူပါလာတဲ့ Assistant ကောင်လေးက မျက်စိပျက်မျက်နှာပျက်နဲ့
ဘာမေးလိုုက်လဲဆိုုတော့ “အစ်ကိုုတိုု့ Field ထဲက ဘယ်နှစ်ယောက်ပြန်လာလဲ”တဲ့…
Field Staff တွေအားလုုံး ဖြေလိုုက်တာက ” ကိုုးယောက်”တဲ့
အဲဒါဆိုု ကျွန်တော်တိုု့ တွေ့လိုုက်တဲ့ ဆယ်ယောက်မြောက်တစ်ယောက်က အရင်ကတည်းကရှိနေတာလား…သူတိုု့နဲ့လိုုက်လာတာလား…
ကျွန်တော့ Assistant ကောင်လေးနဲ့ အတူတူအိပ်တဲ့ကောင်လေး လိမ္မော်ရောင်တီရှပ်လေးဝတ်ထားတာကိုု ကျွန်တော်လဲတွေ့လိုုက်တယ်…
အဲဒါဆိုု မှန်ထဲဝင်သွားတာ…
နောက်နေ့ကျတော့ အိမ်ရှင်တွေကိုု ခေါ်ပြီး အကျိုးအကြောင်းမေးကြည့်ပါတယ်…
အိမ်ရှင်အဖွားကြီး ငိုုပြီးပြောတာက သူ့မြေး(၂)ယောက် (အသက်နှစ်ဆယ်အရွယ်ကောင်လေးနဲ့ ဆယ့်နှစ်နှစ်အရွယ်ကောင်မလေး)တိုု့က ငါးပိ၊ ငါးခြောက်လုုပ်ငန်းကိုု လုုပ်ပါတယ်…
နာဂစ်ဖြစ်တဲ့ရက်မှာ ရွာမှာ အကြွေးသွားသိမ်းရင်း ကွယ်လွန်သွားတယ်လိုု့ပြောပါတယ်…နာဂစ်မှာ သူတိုု့ အရင်းအနီးတွေလဲ ကုုန်သွားတယ်လိုု့ပြောသလိုု
သူတိုု့အဝတ်တွေကိုု မီးခံအုုတ်တိုုက်ထဲကိုုထည့်ထားတယ်လိုု့ပြောပါတယ်…အဲဒီအုုတ်တိုုက်ဖွင့်တိုုင်း သူတိုု့လူတွေကိုု ကိုုယ်ထင်ပြတတ်တယ်လိုု့လဲ ပြောရှာပါတယ်…
အိမ်ငှားခလေးနဲ့စားနေရတဲ့ သက်ကြီးရွယ်အိုုဖြစ်လိုု့ အိမ်မငှားရမှာစိုုးလိုု့ ဒီအကြောင်းကိုုမပြောတာပါလိုု့ ငိုုရင်းတောင်းပန်ရှာတယ်…
ကျွန်တော်တိုု့လဲ အဖွားကိုုသနားတာနဲ့ ဘုုန်းကြီးပင့် ပရိတ်ရွတ်ပေးရင်း…အဲဒီအိမ်ကိုုဆက်ငှားပြီး အခုုထက်အထိနေထိုုင်ကြတယ်လိုု့ သိရတယ်…
တံခါးဖွင့်တဲ့တရားခံက ကျွန်တော်ပေါ့နော်…
တကယ်တော့ မှန်ထဲကိုု ဝင်သွားတဲ့သူတွေက မြင်အပ်မမြင်အပ်နှစ်ရပ်များစွာထဲပါခဲ့ပေမယ့်…
ကျွန်တော်အပါအဝင် နောက်ထပ်လူတော်တော်များများ မြင်ခဲ့တဲ့ တမလွန်မှလာသူတစ်ယောက်ကတော့ဖြင့်…လူပုုံမှန်တွေလိုုပါပဲ…
ကျွန်တော့် Assistant ကောင်လေးကတော့ နောက်နေ့ကစပြီး အဆောင်ကိုုပြန်မလာပဲ ရုုံးမှာပဲနိုုင်ငံခြားသားကိုုခွင့်တောင်းပြီး အိပ်ပါတော့တယ်…
ကျွန်တော်လဲ ပြန်ရောက်တဲ့အထိ မီးခံတံခါးမဖွင့်တော့သလိုု…အဆောင်မှာ တစ်ယောက်မှမရှိရင် အဆောင်ထဲမဝင်ပဲ အပြင်မှာလူစုုံတဲ့အထိ ထိုုင်စောင့်ပါတော့တယ်…
တကယ်တော့ တမလွန်တံခါးကိုုဖွင့်ခဲ့သူက ကျွန်တော်ဗျ…
ခင်တဲ့-
ကြောင်ဝတုုတ်
မတ်လ၊ ၂၀၁၂
14 comments
kaung kin pyar
March 14, 2012 at 5:01 pm
ကိုကြီးကြောင် ထီပေါက်သွားခြင်းပေါ့…..
water-melon
March 14, 2012 at 5:05 pm
ကိုဖတ်ကြောင် သွားရအောင်
စိတ်ဝင်စားတယ် မမြင်ရတဲ့ နာမ်လောကကို
အံဇာရေ ညည်းရောစိတ်ဝင်စားလား
ကြီးမိုက်ရေ လိုက်မလား
သွားရအောင်
FattyCat
March 14, 2012 at 5:09 pm
နင့်ဟာနင်သွား မန်းဂဇက်က နေပြန်တမ်းဖတ်ပေးမယ်…
မိဖြဲ နင်နဲ့ မန်းဂဇက် သက်ဆိုုင်မှုမရှိတော့ပါ…သင်သွားလိုုရာသိုု့သွားနိုုင်ပြီ…
water-melon
March 14, 2012 at 5:50 pm
ဟွန့်မရဘူး
သူများကို ဖွင့်ပြီးမှတော့ တာဝန်ယူရမှာပေါ့
ညည်းကိုလာခြောက်မယ် ငြဲ ငြဲ ငြဲ ငြဲ ငြဲ
ကိုရင်မောင်
March 14, 2012 at 9:25 pm
ဖရဲမ သွားချင်တာလိုက်တော့ပို့သင့်တာပေါ့
ကြောင်ဝတုတ်ရဲ့ဟိုကျမှမှန်ထဲဝင်ယင်သူ့ပါခေါ်သွားလို့မှာခဲ့…..
ဆူး
March 14, 2012 at 5:12 pm
စပ်စုတဲ့ အကျိုးရလာဒ်ပေါ့.. မကြည့်အပ်တာ ဖွင့်ကြည့်လိုက်လို့ တွေ့သွားတာ ဖြစ်မယ်။
ငွေတိုက်ထဲမှာ မြွေတွေ ထည့်ထားရင်တော့ သွားပြီ..
kotun winlatt
March 14, 2012 at 6:38 pm
တံခါးတွေ …
လျှောက်လျှောက်မဖွင့်နဲ့နော်….ဟဲဟဲ..။
padonmar
March 15, 2012 at 12:06 am
ဖက်ဖက်ကက်
ဒါဆို assisstant ကောင်လေးက သရဲနဲ့တူတူ အိပ်မိတာပေါ့။
ညနေက field ထဲက ပြန်လာတဲ့လူတွေက ကိုယ့်လူမဟုတ်မှန်းမသိကြဘူးလား။
သူ့လူလိုလို ကိုယ့်လူလိုလို ပုံမှားရိုက်သွားတာပေါ့နော်။
FattyCat
March 15, 2012 at 8:53 am
ဟုတ်တယ် အန်တီပဒုမ္မာရေ…
တူတူလာအိပ်သွားတာ…ပြသနာဖြစ်ပြီး သေချာပြန်မေးကြည့်တော့ (၃)ယောက်လောက်ပဲ သူထိုင်နေတာကို မြင်တာ…
Field ထဲက ပင်ပင်ပန်းပန်းပြန်လာတော့ နားဖို့ အိပ်ဖို့ပဲ ဆန္ဒစောနေကျတော့ သတိမထားမိတာ…
လူ ၃ဝကျော်နဲ့ သူက အတူူတူနေနေတာနော်…
နောက်ပိုင်း ပြန်ကြားတာတွေရှိသေးတယ်…
အဆောင်မှာကျန်ခဲ့တဲ့တစ်ယောက်ကို ညကျတော့ လာဖက်ထားတာလှုပ်မရဘူးလို့တဲ့…
အခုတော့ ဘယ်လိုနေလဲမသိဘူး…
မှန်ထဲကို ခဏခဏဝင်သွားတာကိုတော့ တွေ့ရတုန်းပဲတဲ့…
Mon Kit
March 15, 2012 at 9:33 am
စိတ်ဝင်စားစရာကြီး…
သူရို့အဝတ်အစားတွေ ဘာလို့ သိမ်းထားသေးလဲ သိဝူးနော်…
ကြောင်ကြီး
March 15, 2012 at 10:50 am
ဓဂျီးက ယုံဖူးဒဲ့…
ဆူး
March 15, 2012 at 1:01 pm
မီလျှံ ဘစ်ဇနပ်… လက်လွတ်လို့ မဖြစ်ဘူး။
Moe Z
March 15, 2012 at 1:13 pm
မိုက်တယ်ဗျို့ သရဲကမှန်ထဲဝင်သွားတာ ရုပ်ရှင်ထဲမှာပဲမြင်ဖူးတယ်
ဗီဒီယို မရလိုက်ရတာနာတာပဲ 🙁
blackchaw
March 15, 2012 at 8:39 pm
ဖက်တီးကက် ။
အားပေးဖတ်ရှုသွားပါတယ်။
အဲဒီဇာတ်လမ်းလေး ရုပ်ရှင်ရိုက်ဖို့ ဝယ်ချင်တယ်။
သူရဲကားရိုက်ချင်လို့။
သရုပ်ဆောင်ဒါရိုက်တာ ဘလက်ချော က သူရဲမင်းသားပေါ့။