မရေရာတဲ့နေ့တစ်နေ့ကို
မပျော်မွေ့တဲ့ အချိန်များနဲ့
ခြောက်ခန်းမသွားစေချင်…
ကော်ဖီတစ်ခွက်နဲ့
သက်ပြင်းအခါခါချ
ကုန်ဆုံးသွားတဲ့ကာလတွေကို
နှမြောမိတယ်…..
မရေရာတဲ့ ခြေလှမ်းတွေက
ကမ္ဘာမြေကို နမ်းရှိုက်ရင်း
တွယ်ရာမဲ့တဲ့ဘဝတွေမို့
ဘယ်ဆီဘယ်ဝယ်ထိ
လေလွင့်နေမယ်ဆိုတာ
ငါ့ကို ငါ မသိသေးပါတကား….။
Post Views: 430
7 comments
မဟာရာဇာ အံစာတုံး
March 14, 2012 at 3:35 pm
ဘယ်လို ♫ ဖြေရမလဲ ♫ ပေါ့ပါးခြင်းနဲ့ ♪ ဘဝ ♫
ဘယ်ကို သွားမလဲ ♫ အတိအကျ မသိတဲ့ ♪ ခရီးသည် တစ်ဦးရဲ့ ♫ ညနေများ ♪ ♫ ♫ ♪
ကိုလေးဖြူရဲ့ လေလွင့်သူ သီချင်းလေးကို ညည်းရင်း အားပေးသွားတယ်နော့ ….
htet way
March 14, 2012 at 4:56 pm
မရေရာလို့
ဝေဒနာနဲ့ ရေး ဆရာမလေးအတွေး…….။
မရေရာအတွေ့ခက် နေ့ရက်ကြာရှည်
ပွင့်သစ်တို့တဝေဝေ …ပွင့်ကြွေတို့ တဖွေးဖွေး…။
လေလွင့်မယ်ကြံကာရှိကာမှ
ကြွေးဆပ်စရာကျန်သေးတာမို့ …
(ကျွန်တော်လေ)
လယ်ရောင်းဖို့ ဝယ်သူရှာမိတယ်
ကိုဘလက်ရေ
ပွဲစားလုပ်ပေး။
manawphyulay
March 15, 2012 at 10:26 am
ပွဲစားခ ဘယ်လောက်ပေးမှာလဲ ဟဲဟဲ… 😛
ခပ် KING ကင်း
March 14, 2012 at 10:44 pm
မရေရာ
အသေချာ
ဝေဒနာ
ဖြေစရာ
ဖွေရှာ
နေမှာ
😆
kotun winlatt
March 14, 2012 at 10:50 pm
ငါ့ကိုယ်ငါလည်း မသိသေးပါလား….
မသိခြင်းတွေ စီတန်းရင်း
နေ့တွေကုန်ခမ်း…
အဲ့တာဟာ…
အလွမ်းဆိုရင်..
ဒီအခန်းကို ဒီမှာတင်ရပ်…
ဟဲဟဲ….
ကဗျာဖတ်ပီး ကဗျာရေးကြည့်လိုက်တာ…။
snow white
March 19, 2012 at 3:54 pm
ကော်ဖီကြိုက် တဲ့အကြောင်းလေးပါကဗျာထဲထည့်ရေးလိုက်တယ်ပေါ့လေ
awra-cho
March 19, 2012 at 4:11 pm
ywa thu ka chaw eat/ hla eat/ kyiate eat/ da byal/