ချို ပေါ့ ကျ (၅)

black chawMarch 14, 20122min53852

စီယာတိုင်မပါတဲ့ ကားလေး မောင်းနှင်ခြင်း

ကြိုပြောထားမယ်နော်၊
ကျွန်တော် သောကြာသားမဟုတ်ပါဘူး။
ဟေးဟေး စကားကြော ရှည်နေရင် နည်းနည်းတော့ ခွင့်လွှတ်။
ဇွန်စီ ကြော်ငြာထဲက ခိုင်သင်းကြည် ပစ်ပြသွားတဲ့ တင်လေးနဲ့ စလိုက်ရအောင်ဗျို့။
ပြောမယ့်သာပြောရတာ၊ အဲဒီ ဇွန်စီ ကြော်ငြာမှာ ပစ်ပြသွားတဲ့ ခိုင်သင်းကြည် တင်လေးတွေကို ပြန်မြင်ယောင်ကြည့်လိုက်စမ်းပါ ကျောင်းဒကာ။ (ဆရာမကြီးတို့ အစ်မ ပဒုမ္မာတို့ ရွာသူတွေ ကန်တော့ပါဗျာ)

အို လိမ္မော်သီးလေးလို ဇွန်စီ ဟာ တကယ်ကိုကောင်း…

ဆိုပြီး တင်လေးကို ပစ်ပစ် ပြသွားတာလေ။
ဘယ်လိုမှ လင်စိတ်သားစိတ်မပေါက်စေတဲ့ ဆွဲဆောင်မှု မရှိသော (တစ်နည်း ဆက်ဆီ မဖြစ်သော) တင်ပစ်မှုကြီး :mrgreen: တစ်ခုလို့သာ ခေါင်းစဉ်တတ်လိုက်ချင်တော့တယ်ဗျာ။ ကျွန်တော်တော့ အဲဒီတုန်းက ကြည့်ခဲ့တုန်းကလည်း လင်စိတ်သားစိတ်မပေါ်ခဲ့တာ အမှန်ပါ။ အခုပြန်စဉ်းစားကြည့်လိုက်တော့ လည်း ဒီဖီလင်အတိုင်းပါပဲ။ ရယ်ချင်နေတဲ့ စိတ်က ပိုများနေခဲ့တယ်လို့ သတိရမိတယ်။ ဆိုလိုတာက မိန်းကလေးတွေ တင်ပစ်ပစ်ပြတိုင်း ဆွဲဆောင်မှု ရှိတာမဟုတ်ဘူးလို့ ဆိုချင်တာပါ။ စကားလမ်းကြောင်းတွေတော့ ချော်ကုန်ပြန်ပြီဗျို့။ ကျွန်တော် သောကြာသား မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ ၂၀၀ရ လောက်က အကြီးအကျယ် ပေါက်ခဲ့တဲ့ 10 Sec ဗီစီဒီ သီချင်းခွေ ထဲက သီချင်းလေးတစ်ပုဒ်အကြောင်း ဆက်လိုက်ဦးမယ်ဗျာ။ သီချင်းလေးရဲ့နာမည်က နမော်နမဲ့ တဲ့။ တေးဆိုက ခေတ္တဩစတေးလျရောက် ကချင်မလေး ရေဗက္ကာဝင်း။ Live Show ပုံစံနဲ့ ရိုက်ထားတဲ့ အဲဒီသီချင်းကိုတော့ ကျွန်တော် အကြိုက်တွေ့မိတယ်ဆိုတာ ဝန်ခံပါတယ်။ ရေးတာရော ဆိုတာရော တီးတာရော အကုန်ခိုက်ခဲ့တဲ့ R&B သီချင်းလေးပေါ့။
ဟေးဟေး ကျန်ခဲ့တော့မလို့ အဆိုတော်မလေးရဲ့ သီချင်းဆိုရင်း လုပ်ပြသွားတဲ့ ပါဖေါမန့်လေးတွေကိုပါ အကြိုက်တွေ့ ခဲ့တယ်ဆိုတာလေး။

ဘယ်လိုအချိန်ကများ ဒီရင်ထဲ ချစ်မိသွားတာလဲ
တော်တော်ကြာပြီပေါ့ မြင်မြင်ခြင်း ချစ်မိသွားတာပဲ …

အဲဒီနေရာလောက်အရောက်မှာ ရေဗက္ကာဝင်းလေးကလည်း သူ့တင်လေးကို ဝိုက်ဝိုက်ပြီး ပစ်ပစ်ပြသွားခဲ့ဘူးပါတယ် ကျောင်းဒကာ။ ပြောရင်းနဲ့ ရေတောင် ဆာလာပြီ၊ ခိုင်သင်းကြည် ကြော်ငြာခဲ့တဲ့ ဇွန်စီလေး တစ်လုံးလောက် ငုံဦးမှ။ အာဟိ…။ :mrgreen: အဲဒီ အမှုကိုတော့ ခုနက ခိုင်သင်းကြည်အမှုနဲ့ ဆန့်ကျင်ဖက် အမှုလို့သာ ခေါင်းစဉ်တတ်လိုက်တော့ ဗျို့။ မယုံရင် ကိုယ်တိုင်ခံစားကြည့်ပေါ့ဗျာ။ ငြင်းစရာမဟုတ်ပါဘူး။ မဒမ်ဘလက်ရှေ့မှာတော့ ဟာ ရိုင်းလိုက်တာ ဘာညာပေါ့… စိတ်ထဲကတော့ လေးဖြူအသံကြီးနဲ့ မိုက်တယ်ကွာပေါ့။ ထားပါတော့…။ အခုမှ လိုရင်းက လာမှာ။ :mrgreen:
အဲဒီ နမော်နမဲ့ သီချင်းကိုရေးတဲ့သူက ကိုရွှေခေါ် ရွှေဂျော်ဂျော် ဆိုတဲ့ မန်းသားကြီးဗျ။ သူ့အရွယ်ကြီးနဲ့ ဒီလိုစာသားတွေပါတဲ့ ဒီလိုသီချင်းမျိုးကို ရေးနိုင်ခဲ့တာ အံ့ဩမိပါတယ်။ သီချင်းကလည်း ကိုယ်ပိုင်သံစဉ် စစ်စစ်တဲ့နော် ကျောင်းဒကာ။ သေသွားမယ် ဘာမှတ်နေလဲ…။ လိုရင်းကို ရောက်ပါတော့မယ်ဗျ။ စကားခံထားပြီးသားကို။ ကျွန်တော် သောကြာသားမဟုတ်ပါဘူးလို့…။
အဲဒီ ကိုရွှေ ကြီး ဂီတလောကထဲကိုစဝင်လာတာ ပါချီပါချဲ့တော့ မဟုတ်ဘူးဗျ။ ပဉ္စဂံတေးစု ဆိုတဲ့ ငါးယောက်တွဲစီးရီးတစ်ခု ထွက်ခဲ့ဘူးတယ်။ ထူးအိမ်သင်၊အောင်ရင်၊ စိုင်းထီးဆိုင်၊ ခိုင်ထူး နဲ့ စိုးလွင်လွင်တို့ တစ်ယောက်သုံးပုဒ်နှုန်းနဲ့ ဝိုင်းဆိုကြခဲ့ကြတာပေါ့။ အော် အခုတော့ ထူးအိမ်သင် ရယ် စိုးလွင်လွင်ရယ် စိုင်းထီးဆိုင်ရယ် မရှိရှာကြတော့ဘူး။ သင်္ခါရ သင်္ခါရ ။ ထားလိုက်ပါဗျာ အဲဒီ သင်္ခါရကြီးက စိတ်ညစ်ဖို့ကောင်းပါတယ်။ အဲဒီ ပဉ္စဂံတေးစု ထဲမှာ ထူးအိမ်သင် ဆိုခဲ့တဲ့ သီချင်းတွေက ကိုရွှေကြီး ရေးခဲ့တဲ့ သီချင်းတွေချည့် ပါဗျာ။ လိုရင်းရောက်ကာနီးနေပါပြီခင်ဗျာ။ ထိုင်ခုံလေးတွေ ခါးပတ်ပတ်ထားပေးကြပါ…ဟေးဟေး။ အဲဒီစီးရီးထဲက ကိုယ့်ရဲ့ညများ ဆိုတဲ့ သီချင်းလေးတစ်ပုဒ် ကို ဆွဲယူလိုက်ကြရအောင်ဗျာ။

မင်းသမီးလုပ်ပါ အချစ်ကလေးရယ်
အကောင်းဆုံးမင်းသား ရွေးလိုက်မယ် ကိုယ်ပါပဲလေ
အို သိတ်ချစ်ကြသတဲ့ ဇာတ်လမ်းလေးကလည်း ကောင်း
စီယာတိုင်မပါတဲ့ ကားလေး မောင်းသလိုပဲ..
ချစ်မိရင်မလွယ်ပါဘူးကွယ်
အိုး အချစ်ရယ် ဘယ်နှယ့်လုပ်မလဲ
ကိုယ်နေ့နဲ့ညတွေ မှားမှားနေတယ် ဝိုးဝို..

ကိုရွှေကြီး ရေးချက်တွေကိုလည်း ကြည့်ဦး ကျောင်းဒကာ။ မင်းသမီးလုပ်ပါ အချစ်ကလေးရယ် တဲ့။ အကောင်းဆုံးမင်းသားကလည်း သူပါပဲတဲ့။ သိတ်ချစ်ကြသတဲ့ ဇာတ်လမ်းလေးကလည်း ကောင်း သတဲ့။ စီယာတိုင် မပါတဲ့ ကားလေးမောင်းသလိုပဲ တဲ့။ ဇာတ်ညွှန်းပါ ကိုယ်တိုင်ဝင်ရေးတော့မယ့်ပုံပဲ။ လွှတ်နုနေလိုက်တာဗျာ။
ကဲ လိုရင်းကိုရောက်ပြီ။ အဲဒီ စီယာတိုင်မပါတဲ့ ကားလေးမောင်းသလိုပဲ ကိုရောက်ဖို့ စကားကြောတွေရှည်နေခဲ့တာပါ ကျောင်းဒကာ။ ကျွန်တော်တို့ မန်းဂဇက်မှာ စာရေးနေကြတာလည်း စီယာတိုင်မပါတဲ့ ကားလေး မောင်းနေကြတာနဲ့ မတူဘူးလားဗျ။ အသေးစိတ်တော့ ရှင်းပြမနေတော့ဘူး။ မန္တလေး ဂဇက်မှာ ကျွန်တော်တို့ ခင်ဗျားတို့ စာတွေရေးနေကြတယ်။ စာတွေဖတ်နေကြတယ်။ ကွန်းမန့်တွေအပြန်အလှန် ရေးနေကြတယ်။ ဘယ်အယ်ဒီတာကမှ တည်းဖြတ်ခြင်းမရှိဘူး။ ရွာပိုင် သူကြီးကလည်း စည်းကမ်းတင်းကျပ်ပေးပါလို့တောင် ရွာသူားတွေက ပြန်တောင်းဆိုနေရတဲ့အထိ လွတ်လပ်ခွင့်ပေးထားတဲ့ နေရာ။ အဲဒါလေးကို ကျွန်တော်က ကိုရွှေကြီး စကားလုံး ခဏငှားပြီး ခေါင်းစဉ်လေး ပေးချင်တာပါ။ စီယာတိုင်မပါတဲ့ ကားလေး မောင်းနှင်ခြင်း လို့။ ဘယ်လိုလဲ ကျောင်းဒကာ။ ကြိုက်ရဲ့လားဗျ ကျွန်တော်ပေးတဲ့ ခေါင်းစဉ်လေး။
ပြီးပါပြီဗျ။ ဒီလောက်လေကြောမရှည်ပါဘူး။ ကြိုပြောထားသားနဲ့…။ ကျွန်တော် သောကြာသားမဟုတ်ပါဘူး ဆို။
မောင်း ဆရာရေ မောင်း နောက်ကားလိုက်လာပြီ…။

၂၀၁၂ မတ်လ ထုတ် ရနံ့သစ် မဂ္ဂဇင်းထဲက ကိုမင်းကိုနိုင်ရဲ့ တာရာမင်းဝေ အမှတ်တရ ကဗျာလေး ဖတ်ကြည့်စေချင်တယ်ဗျာ။ ကဗျာ နာမည်လေးက ကြယ်ကြွေသတို့သား တဲ့။ တာရာမင်းဝေ ပရိသတ်တွေအတွက်ရော တာရာမင်းဝေ ပရိသတ်တစ်ယောက်ဖြစ်တဲ့ ကိုအလင်းဆက်အတွက်ရော အလွမ်းပြေပေါ့။

ကြယ်ကြွေ သတို့သား
သူငယ်ချင်း
မင်းဟာ
ယုံကြည်ရာကို ရင်သွေးလိုလည်း မွေးခဲ့တယ်…
သူငယ်ချင်း
မင်းဟာ
ဒဏ်ရာတွေကို ဆီမီးလိုလည်း ထွန်းခဲ့တယ်…
သူငယ်ချင်း မင်းဟာ
ကိုယ့်ဒဏ်ရာ ကိုယ့်လျှာနဲ့သပ်
နေတတ်ခဲ့ပြီပဲ
သူငယ်ချင်း မင်းဟာ
ကိုယ့်အရိုးကိုယ်အပ်လုပ်သွေး
ကိုယ့်ဝတ်စုံကိုယ်ချုပ်ဝတ်ပြ
ကျကျနန လှပခဲ့ပြီးပြီပဲ
သွားနှင့်သူငယ်ချင်း
ကြယ်အစင်းစင်း ကြွေနေတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို ကုစားဖို့
ငါတို့နေရစ်ခဲ့ဦးမယ်
သွားနှင့်သူငယ်ချင်း
နေအစင်းစင်းပူနေတဲ့
ကမ္ဘာမြေရဲ့လောင်ရာတွေကို
လက်ဖဝါးတွေနဲ့ကာကွယ်ဖို့
ငါတို့နေရစ်ခဲ့ဦးမယ်
သွားနှင့်သူငယ်ချင်း
ကမ္ဘာမြေရဲ့ မာတိကာစာရင်းမှာ
မင်းသီချင်းတွေကိုသွင်းဖို့
ငါတို့နေရစ်ခဲ့ဦးမယ်
သွားနှင့်သူငယ်ချင်း
ကျောင်းနံရံတစ်ဝိုက်
ဒေါင်းအလံပြန်စိုက်မည့်တစ်နေ့
ငါတို့….။

ဒီကဗျာလေးကိုဖတ်ပြီး ကိုမင်းကိုနိုင်ရဲ့ ကဗျာရေးလက်ဟာ နှယ်နှယ်ရရမဟုတ်ဘူးဆိုတာ မတ်တပ်ရပ်ပြီး အသိအမှတ်ပြုလိုက်စမ်းပါ ကျောင်းဒကာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားရှာတဲ့ တာရာမင်းဝေ ကို အလွမ်းပိုစေခဲ့တဲ့ ကဗျာလေးအဖြစ် ချိုပေါ့ကျ ထဲမှာ ထည့်ဖျော်ခွင့်ပြုပါ ကိုမင်းကိုနိုင်ခင်ဗျား…။
တစ်လက်စထဲ တာရာမင်းဝေ ကို ဂုဏ်ပြုတဲ့အနေနဲ့ သင်းကွဲသူများ – ၂ ဆိုတဲ့ တာရာမင်းဝေရဲ့ကဗျာလေး ဖေါ်ပြပေးခွင့်ပြုပါ။

သင်းကွဲသူများ – ၂
နှုတ်ဆက်ကြရအောင် အချစ်ရယ်
တို့ရဲ့ အတွေးအခေါ်က လင်းညိုခဲ့ပြီမို့လား
ကျောခိုင်းသွားကြရတယ်ဆိုပေမယ့်
တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)
ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ
စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက
မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ်
ခုတော့ ကိုယ်တစ်ယောက်တည်း
အေးလေ… မင်းလည်း တစ်ယောက်တည်းပါပဲ
ကဲ… ခွဲကြစို့
နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်…။

ကဲ ကိုရွှေဘုန်းရေ ရောက်လေရာ ဘဝမှာ ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး ရဲ့ ပန်းလက်ဖဝါးမှာ ပါးအပ်ပိုင်ခွင့်ရှိတဲ့ ကောင်လေးဖြစ်ပါစေဆိုလို့ ချိုပေါ့ကျ ထဲကနေ ဆုတောင်းပေး လိုက်ပါတယ် ဗျာ.။

ကိုမင်းကိုနိုင် ပထမဦးဆုံး ပြည်ပခရီးစဉ် သွားရောက်မည် (News Watch)

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဟာ ကနေဒါအခြေစိုက် Right & Democracy အဖွဲ့ကပေးအပ်သော ဂျွန်ဟန်ဖရီဆုအား လက်ခံရယူရန် ဖိတ်ကြားခံထားရပါသတဲ့။ နိုင်ငံကူးလက်မှတ်ကိစ္စများ အဆင်ပြေပါက သွားရောက်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ခရီးစဉ်ဟာ တစ်ပတ်တာကြာမြင့်မည်ဖြစ်ပြီး အသွားအပြန်နှင့် နေထိုင်စရိတ်ကို ဖိတ်ကြား သည့်ဘက်မှ ကျခံသွားမည်လို့ သိရပါတယ်ကျောင်းဒကာ။

သီဟသုဓမ္မမဏိဇောတဓရ အကယ်ဒမီ ခန့်စည်သူ

ထုံးစံအတိုင်း သာဓု ခေါ်စရာသတင်းလေး တစ်ခုအကြောင်းပြောကြရအောင်ပါ။
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူ တစ်ယောက် သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့ကို ရရှိခဲ့ပါသတဲ့ဗျာ။
၂၀၀၈ ခုနှစ်တုန်းကလည်း သုဓမ္မမဏိဇောတဓရ ဘွဲ့ကို ရရှိခဲ့ပြီး အခု ၂၀၁၂ ခုနှစ်မှာတော့ သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့ကို ထပ်မံ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဘာပဲ ပြောပြော နာမည်သုံးလုံးနဲ့ ပရိသတ်ကို ဒုတ်ပြခဲပြ ပြခဲ့တဲ့ မင်းသား နဲ့ ယှဉ်လိုက်ရင် ခန့်စည်သူ ရဲ့ အခုလို ဘွဲ့ ရရှိမှုဟာ သာဓုခေါ်စရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ် ။ ကဲ ခေါ်ပြီဗျို့ ကျောင်းဒကာ။
သာဓု သာဓု သာဓု ပါ ကိုရင် ခန့်စည်သူခင်ဗျား။
အင်း ကိုရင်စည်သူကိုတောင် သတိရသွားပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ အဖွဲ့ဝင်အဖြစ် လျှောက်လွှာတင်ခဲ့တဲ့ ရဲတိုက် (အလင်းတန်း)

ကျွန်တော်တို့ ရွာသား အင်ဇာဂီ ရဲ့ ကလုန်းလို့တောင်ထင်ရတဲ့ သရုပ်ဆောင်ရဲတိုက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီဝင်အဖြစ် လျှောက်လွှာတင်ခဲ့ပါတယ်တဲ့ ကျောင်းဒကာ။ မူရင်းသတင်းလေး နည်းနည်း ဖတ်ကြည့်ပါနော့။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ မတ်လ ၁ ရက်က ရှမ်းပြည်နယ် ဟဲဟိုး၊ အောင်ပန်း၊ ကလောမြို့များကို နိုင်ငံစည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့မှုကို ရဲတိုက်က ပြည်သူတစ်ယောက်အနေနဲ့ ကြိုဆိုခဲ့ပါတယ်။ “ကျွန်တော်က အဲဒီနယ်မှာမွေးတဲ့ သူတစ်ယောက်အနေနဲ့ ကြိုသွားနှင့်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့တာပါ။ ကျွန်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာဝင်ဖို့ လျှောက်လွှာတင်ထားတယ်။ အဖွဲ့ဝင်အဖြစ်လက်မခံသေးပါဘူး။ ဒီခရီးစဉ်မှာ ကျွန်တော့်အပေါ် တုံ့ပြန်မှုဆိုတာကို သတိမထားမိပါဘူး။ ဒါပေမယ့် ရှမ်းပြည်နယ်ကသူတွေ အားလုံးပျော်ရွှင်နေကြတယ်။ ကျွန်တော့်ဘဝတစ်လျှောက် ဖြတ်သန်းလာမှုတစ်လျှောက်မှာ ဒီလိုမျိုးတွေ မကြုံဖူးတော့ ကျွန်တော့်အတွက် အတွေ့အကြုံသစ်တွေချည်းပါပဲ” လို့ ရဲတိုက်က ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

ဒီမင်းသားငယ်လေးရဲ့ ပရဟိတ သတင်းလေးတွေလည်း ကြိုကြားကြိုကြား ဖတ်ခဲ့ဘူးမှာပါ။ ဖေါင်ဒေးရှင်းတောင် ထောင်ထားသေး ဆိုလား။ ပရဟိတစိတ် ရှိတဲ့ မင်းသားငယ် တစ်ယောက်ရဲ့ ပြတ်သားတဲ့ ရွေးခြယ်မှု မှန်ကန်ပါစေလို့ ဆုတောင်းပေးရအောင်။ ရဲတိုက်နဲ့ တော်တော်တူတဲ့ ဂီဂီ ရဲ့ ရဲတိုက်ရဲ့ရွေးခြယ်မှုအပေါ် အမြင်လေးကိုလည်း သိခွင့်ရရင်တော့ သိချင်မိသားဗျ။ အော် ဘာရယ်မဟုတ်ပါဘူးဗျာ။
အဖြူထည်ကြီးလား မာယာလေလား ဆိုတာမျိုးလေး ပေါ့။ မည်သို့ပင်ဆိုစေကာမူ ရဲတိုက် ရဲ့ ရွေးခြယ်မှုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတာလေး သတင်းပေးတာပါကျောင်းဒကာ။

ဒေါက်တာ သံသာဝင်း ရေးတဲ့ အမျိုးသမီးတွေရှေ့ထွက် သီချင်းအကြောင်း (ပေါ်ပြူလာ)

အမေက အောင်မြင်တဲ့ သီချင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုခဲ့တဲ့ တေးရေးတေးဆို ဒေါ်နွဲ့ယဉ်ဝင်း။ အစ်ကိုကGhostrider တေးဂီတအဖွဲ့ရဲ့ပဲ့ကိုင်ရှင် တေးရေးတေးဆိုမျိုးမျိုး။ သူမကိုယ်တိုင်ကလည်း အောင်မြင်တဲ့အဆိုတော်။ အခု ဟော့ဖြစ်နေတဲ့ အမျိုးသမီးတွေ ရှေ့ထွက် သီချင်းကို ရေးသားသီဆိုလိုက်နိုင်ပြီဆိုတော့ တေးရေးတေးဆို သံသာဝင်း။ သိတ်မကြာသေးခင်အချိန်က ပါရဂူဘွဲ့ကို လက်ခံရယူထားသူဆိုတော့
သူမရဲ့ ဂုဏ်ပုဒ်အပြည့်အစုံက တေးရေးတေးဆို ဒေါက်တာ သံသာဝင်း ပါ ခင်ဗျာ။
ပြောချင်ရာပြောကြ၊ ဒေါက်တာ က တစ်ပြားမှ မလျှော့ပေးဘူး ကျောင်းဒကာ။ သီချင်းတွေကို ခင်ဗျားသိတ်စိတ်မဝင်စားဘူး ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီသီချင်းလေးကတော့ ထူးခြားနေလို့ ချိုပေါ့ကျ ထဲ ထည့်လိုက်ရတာပါ။ ဒေါင်းလုဒ်ဆွဲပြီး နားထောင်ကြည့်ဗျာ။
http://www.sawkyawoo.com/2012/02/blog-post_1515.html
အထူးသဖြင့် မိန်းကလေးတွေကို နားထောင်ခိုင်းပါ ကျောင်းဒကာ။
ဒီသီချင်းလေး ဖြစ်ပေါ်လာပုံကို တေးရေးတေးဆို ဒေါက်တာ သံသာဝင်း က ဒီလိုရှင်းပြပါတယ်တဲ့ဗျာ။

အန်တီစုနဲ့ အစ်မတို့ ဂီတ အနုပညာရှင်တွေ တွေ့ဆုံကြတုန်းက အန်တီစုက သူဖြစ်စေချင်တဲ့ သီချင်းပုံစံလေးတွေပြော တယ်။ အဲဒီမှာ အန်တီစုက အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ သီချင်းကိုလည်း ရေးစေချင်တယ်လို့ ပြောတယ်။ အဲဒီတုန်းကတော့ တေးရေးဆရာကြီးတွေရေးတဲ့ အခါ အစ်မတို့ ဝင်ဆိုပေးမယ်ပေါ့။ ဒါပေမယ့် အစ်မရဲ့ ခေါင်းထဲမှာတော့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ရေးချင်တာ တော်တော် ကြာနေပါပြီ။ နဂိုတည်းက အတွေးက ရှိပြီးဖြစ်တဲ့အတွက် အစ်မရဲ့ ခေါင်းထဲကို သီချင်းစာသားတွေက ဒီအတိုင်းဖြစ်ပေါ်လာတယ်။ ဒါနဲ့ပဲ အစ်မက သီချင်းအကြမ်းလေးလုပ်ဖြစ်ရင်းနဲ့ ဒီသီချင်းလေး ဖြစ်ပေါ်လာတာပါ။ ပထမက ဒီသီချင်းကို တစ်ယောက်နှစ်ယောက်ပဲ ဆိုမယ်ပေါ့။ နောက်စဉ်းစားကြတော့ ဒီသီချင်းကို အမျိုးသမီးတွေအားလုံး ပေါင်းပြီးဆိုလိုက်ရင် ပိုကောင်းမယ်ထင်လို့ပါ။ အဲဒါနဲ့ သူငယ်ချင်းတွေကို အကူအညီတောင်း လိုက်တော့ အားလုံးကလည်း ၂ ခါမပြောရဘူး။ ချက်ခြင်းကိုပဲ ဆိုပေးမယ်လို့ ပြောကြတယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ သီချင်းကလည်း မြန်မာပြည်မှာ နည်းနည်း ရှားတယ်။ အန်တီစုကတော့ ကိုယ့်ရဲ့တိုင်းပြည်မှာ ရှိနေတဲ့ အတုယူစရာအကောင်းဆုံး စံပြ အမျိုးသမီးပေါ့။

ဖေဖေါ်ဝါရီ ၂၉ ကမှ အွန်လိုင်းပေါ် စတင်လိုက်တဲ့ သီချင်းပါ ကျောင်းဒကာ။ အခုတော့ ပေါက်နေပါပြီတဲ့။
ကဲ သူများတွေပြောရင် မသိသေးဘူး မဖြစ်ရအောင် ဒို့ရွာသူတွေ ဒီသီချင်းလေးကို နားထောင်ဖြစ်အောင်နားထောင်ထားကြ ဗျာ။ ပြောမယ့်သာ ပြောရတာပါ။ ဒို့ရွာသူတွေက အမြဲတမ်း ရှေ့မှာချည်းပါပဲ။ မန်းဂဇက်ရဲ့ ပထမဆုံးအလှူကိုပဲကြည့် ရွာသူ အီးတုန်းက ကြောက်ရွံ့နောက်တွန့်နေတဲ့ မိန်းကလေးမျိုးမဟုတ်ဘူးဆိုတာ ဦးဆောင်မှုနဲ့ သက်သေပြခဲ့ပြီးပါပြီ။ အခု မေဒေးနေ့ အလှူကိုလည်း ကြည့် ဦးဆောင်မယ့်သူက ရွာတော်ရှင်ဖွားဆူးတဲ့၊ ပန်းတနော် မမတဲ့။ အဲဒါကြောင့်ပြောတာ ဒေါက်တာသံသာဝင်း က အခုမှ မိန်းကလေးတွေ ရှေ့ထွက်ဖို့ နှိုးဆော်နေတာ။ မန်းဂဇက်က ရွာသူတွေက ရှေ့ရောက်နေတာကြာပေါ့။ သီချင်းကိုတော့ လေးစားမှုပေးတဲ့အနေနဲ့ တင်ပေးလိုက်ပါတယ် ဒေါက်တာသံသာဝင်းခင်ဗျား။
နည်းနည်းမှကို မလျှော့ဘူးဗျို့ ကျောင်းဒကာ။ အော်မေ့တော့မလို့ ဒို့ရွာသူ မပဒုမ္မာဆိုတာလည်း ဒေါက်တာပဒုမ္မာ ပေပဲဗျ။ နည်းနည်းမှကို မလျှော့ပေးနဲ့ အစ်မရေ။ ဟေးဟေး…။ :mrgreen:

ကြော်ငြာမင်းသား လေးဖြူ (နံနက်ခင်း)

ကိုလေး လို့ ချစ်စနိုးခေါ်ကြတဲ့ လေးဖြူကြီးရဲ့ အောင်မြင်မှုကို ထိန်းထားနိုင်ပုံက မန်ချက်စတာယူနိုက်တက် နဲ့ ဖာဂူဆန်တို့ ပရီးမီးယားလိဂ် မှာ ကြီးစိုးနေသလိုကြီးကို ဖြစ်နေခဲ့တာပါ ကျောင်းဒကာ။ အဲဒီ လေးဖြူကြီးကို ဒါရိုက်တာသိန်းဟန် (ဖီးနစ်) က မော်ဒယ် စိုင်းစည်တွမ်ခမ်း(သူကလည်း ဆရာဝန် မော်ဒယ်နော် ဘာမှတ်နေလဲ)၊ နန်းသူဇာတို့နဲ့တွဲပြီး Vita Cap အားဆေးကြော်ငြာ ရိုက်ခဲ့ပါသတဲ့။ လေးဖြူနဲ့ ကြော်ငြာ ရိုက်ဖြစ်တဲ့အကြောင်းကို ဒါရိုက်တာက ဒီလိုပြောပါသတဲ့ဗျာ။

ဒီဆေးက အလုပ်ပင်ပန်းတဲ့သူတွေ၊ စိတ်အာရုံနှစ်ပြီး အလုပ်လုပ်ရတဲ့သူတွေအတွက် အသုံးတည့်တဲ့ ဆေးပါ။ အဲဒီတော့ သရုပ်ဆောင်ရွေးတဲ့အခါ တကယ့်ခွန်အားနဲ့ Force နဲ့ စိတ်အာရုံနဲ့ နှစ်မြုပ်ပြီးလုပ်ရတဲ့လူမျိုးကို ရွေးချယ်မှာဆိုတော့ မင်းသားတွေနဲ့လည်း ရိုက်ခဲ့ပြီးပြီဆိုတော့ တေးသံရှင်ပိုင်းက ကိုလေးဖြူကို ရွေးလိုက်တာပါ။ ကိုလေးဖြူကို အိုက်တင်လုပ်ခိုင်းတာမျိုးမဟုတ်ဘဲ သူ့ရဲ့သဘာဝကို ဖေါ်ထုတ်ပြီးရိုက်တာပါ။ မင်းသားတစ်ယောက်မဟုတ်တဲ့အတွက် မင်းသားလိုပင်ပန်းပြတဲ့အိုက်တင်မျိုးထက်စာရင် သူ့နဂိုပုံစံအတိုင်း သဘာဝပုံစံကိုပဲ ရိုက်ပါတယ်။

လေးဖြူနဲ့ဗျူးထားတာလေးတွေထဲက တောင်ကြီးသင်္ကြန်အကြောင်းပြောထားတာလေး နည်းနည်း လောက် ဆွဲထုတ်ပေးလိုက်ပါရစေ။

မေး – ကိုလေးဖြူတို့ရဲ့ တောင်ကြီးသင်္ကြန်ရဲ့ ထူးခြားချက် ကိုလည်း ပြောပြပါဦး။
ဖြေ – ကျွန်တော်တို့ တောင်ကြီးသင်္ကြန်က တခြားသင်္ကြန်တွေနဲ့ လုံးဝမတူဘူး။ ဖွဲ့စည်းပုံကအစ ထူးခြားပါတယ်။ တောင်ကြီးသင်္ကြန်က ကျွန်တော်တို့ကို ငှားပြီဆိုရင် ပုဂ္ဂလိက ကုမ္ပဏီတွေက ငှားတာမဟုတ်ဘူး။ မြို့မိမြို့ဖ တွေက စုပြီးငှားကြတာပါ။ အဲဒီမှာကတည်းက ထူးခြားတာ။ ပြီးတော့ ဖျော်ဖြေတဲ့အချိန်မတူဘူး။ ရန်ကုန်မန္တလေးတွေမှာဆိုရင် မနက်တစ်ကြိမ် ခဏနားပြီး ညနေတစ်ကြိမ် တစ်နေ့နှစ်ကြိမ်ဖျော်ဖြေရတယ်။ တောင်ကြီးမှာလည်း တစ်နေ့နှစ်ကြိမ်ဆိုပေမယ့် သူက ဘယ်လိုအဆင်ပြေသလဲဆိုတော့ မနက်ပိုင်းကို ဝအောင်အိပ်လို့ရတယ်။ နေ့လယ် ၂ နာရီလောက်မှ စပြီး ဆိုရတယ်။ ညနေ ၅ နာရီလောက်မှာနားပြီး ညစာ စားကြတယ်။ ည ၈နာရီခွဲလောက်မှာ စင်ပေါ်ပြန်တက်ပြီး ဆိုလိုက်တာ၊ ည ၁၁ နာရီလောက်မှာ ပြီးသွားတယ်။ သီချင်းဆိုရတဲ့ အဓိကအချိန်က ညပိုင်းဖြစ်တော့ အလင်းရောင်လည်း မရှိတော့ဘူး။ ရေပက်တဲ့ကိစ္စလည်း မရှိတော့ဘူးဆိုတော့ မြို့နေပရိသတ်တွေကို ၄ ရက်လုံး ၈ ပွဲ အားပါးတရ ဖျော်ဖြေလို့ရပါတယ်။ တောင်ကြီးဝန်းကျင်က ပရိသတ်တွေကလည်း ထမင်းချိုင့်တွေနဲ့ လာကြည့်ကြတာလည်း ထူးခြားပါတယ်။ အပြည့်အလျှံပါပဲ။ တောင်ကြီးတောင်ကြီးက ကိုယ့်မြို့ဖြစ်၊ အဆိုတော်တွေကလည်း တောင်ကြီးသားတွေများတော့၊ ကိုယ့်မြို့သားတွေကို ပြန်ဖျော်ဖြေရတာ အရမ်းကို ကျက်သရေရှိပါတယ်။ ပျော်စရာလည်းကောင်းတယ်။

လေးဖြူကြီးက သူတို့အဖွဲ့ ဒီနှစ်သင်္ကြန်မှာ ဂရန်းရွိုင်ရယ်အစီအစဉ်နဲ့ မျှော်စင်ကျွန်းမှာ ရှိနေပါမယ်တဲ့။ ကဲ လေးဖြူပရိသတ်တွေ သင်္ကြန် ဘယ်မှ မသွားပဲ မျှော်စင်ကျွန်းကိုသာ ချီတက်ကြပေတော့။ လေးဖြူကိုချစ်လို့ဆိုပြီး သင်္ကြန်မှာ အရက်တွေလည်း စွတ်သောက်မနေကြနဲ့ဗျ။ ရာသီဥတု က ပူပါဘိသနဲ့။

ဆွေမျိုးအလိုမရှိ (နံနက်ခင်း)

ဆွေမျိုးတွေရဲ့ဒဏ်ကို တော်တော် ခံစားထားရပုံပါပဲ။ နေအိမ်အဝင်မှာ စာကိုကပ်ထား တာကိုကြည့်ပေါ့ဗျာ။ တွံတေးသိန်းတန်နဲ့ ဒေါ်ချစ်စံပယ် တို့ရဲ့ သမီး ရွှေရည်သိန်းတန်နဲ့ ခင်ပွန်း ကောင်းသန့်ဟိန်း တို့ရဲ့ အိမ်မှာ ဒီစာကိုကပ်ထားတာနဲ့ ပတ်သက်ပြီး

“နှစ်ဖက်ဆွေမျိုးတွေထဲမှာ ကောင်းတာရှိသလို၊ ကူညီထောက်ပံ့ပေးကြတာ ရှိတယ်။ တချို့ကျတော့လည်း ရလိုမှုတစ်ခုနဲ့ တစ်ဖက်သားကို မငဲ့ဘဲ ဒုက္ခပေးချင်ကြတာ အများကြီး ကြုံတွေ့ရပါတယ်။ ဒီစာတမ်းကို ရေးလို့ စိတ်ဆိုးပြီးမလာကြတာလည်း ရှိပါတယ်။ သမီးတို့ဘဝစတဲ့အချိန်မှာ ထပ်ပြီးဝန်မပိချင်လို့ ခုလိုရေးရတာပါ”

လို့ ပြောပါတယ်တဲ့။ အော် ဆွေမျိုး ဆွေမျိုး … ။ အဲဒီဆွေမျိုးတွေကို မီးဒုတ်ပဲဗျို့…။

ဥက္ကာဦးသာရဲ့ မားကက်တင်း (နံနက်ခင်း)

နေဆန်းရဲ့ ညီမကိုယူလို့ အဲလက်စ်က နေဆန်းရဲ့ ယောက်ဖပါ။ အဲဒီအဲလက်စ်ရဲ့ ညီမ အဆိုတော်ရှင်ဖုန်း ကို ဥက္ကာဦးသာကြီးက ယူပြန်တော့ ကိုဥက္ကာနဲ့ အဲလက်စ် က ယောက်ဖတော်ပြန်ပါတယ်။ အော်ကိုဥက္ကာ ကိုဥက္ကာ သူမို့ လုပ်ရက်လေတယ်။ လေးဇီးကလပ် ဝိုင်း နဲ့ ခွဲပြီး သရီးပလပ်စ် ဝိုင်းကို ထောင်လိုက်တာပြောပါတယ်။
အခုလည်း ကြည့်။ အဲဒီ ရှင်ဖုန်းက အဲဒီလူကြီး ဥက္ကာဦးသာအတွက် မီးဖိုချောင်ဝင်ရရှာသတဲ့။ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ထားရမယ့် ကလေးမလေးကို သူမို့ ခိုင်းရက်တာပြောပါတယ်။ အကြင်နာနည်းလွန်းလှသူကြီးပေါ့ဗျာ။ အံမယ် ဒီလူကြီးရဲ့ မားကက်တင်းကလည်း သိတ်တော့ ခေလှတာမဟုတ်ဘူးဗျ။ ဖတ်ကြည့်ဗျာ။

ကိုဥက္ကာကတော့ ရှင်ဖုန်း ဘာပဲ ချက်ကျွေးကျွေး ကောင်းတယ်၊ သိပ်ကောင်းတာပဲ၊ အရမ်းကောင်းတယ်လို့သာ ပြောပါတယ်

တဲ့ ကျောင်းဒကာ။ ကောင်းလိုက်တဲ့ မားကက်တင်း။ ဥက္ကာဦးသာ ၏ မားကက်တင်းမာယာများပေါ့ဗျာ။ ဟေးဟေး..။
အပြင်စာတွေ စားလာတာတော့ ကလေးမလေးက မသိရှာဘူး။ အိမ်ရောက်မှ မိန်းမချက်တာ အကုန်ကောင်းတဲ့။ လူဆိုး…။

ရဲဘော်သုံးကျိပ် အကြောင်းရုပ်ရှင်ရိုက်ချင်တဲ့ မောင်မျိုးမင်း (နံနက်ခင်း)

ဒါရိုက်တာမောင်မျိုးမင်းနဲ့ နံနက်ခင်းနဲ့ အင်တာဗျူးက အရှည်ကြီးပါ။ ဒီမေးခွန်းလေးနဲ့ ဒီအဖြေလေး ရွေးထုတ်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြဗျာ။

ပွင့်လင်းလာတဲ့ ကာလမှာ ဒါရိုက်တာ ဦးမီးပွားက ၁၉၈၈ အရေးတော်ပုံလို ကားမျိုးရိုက်ဖို့ စိတ်ကူးရနေပါပြီ။ အစ်ကိုရော ဘယ်လိုဇာတ်မျိုးနဲ့ ဒီမိုကရေစီခေတ်ဦးကို ကြိုဆိုမှာပါလဲ။
ကိုမီးပွားရိုက်မယ့် ၁၉၈၈ အရေးတော်ပုံလို ကားမျိုးရိုက်ဖြစ်ရင် သူရိုက်တာကို ဘေးက တတ်နိုင်သလောက် ဝိုင်းကူပေးမယ်။ ကျွန်တော်က ဘယ်လိုဇာတ်မျိုးရိုက်ချင်လဲဆိုတော့ အရင်ကလည်း ပြောဖူးပါတယ်။ လွတ်လွတ်လပ်လပ် ဖြစ်သွားရင် ရဲဘော်သုံးကျိပ်အကြောင်း ရိုက်ချင်တယ်လို့။

ကဲ ကျောင်းဒကာ။ ဒါရိုက်တာမီးပွားရဲ့ ၁၉၈၈ အရေးတော်ပုံ ဇာတ်ကားကြီး မကြာမီ လာမည် မျှော်….။
ဒါရိုက်တာ မောင်မျိုးမင်း ရဲ့ ရင်တွင်းဖြစ် ရဲဘော်သုံးကျိပ် ဇာတ်ကားကြီး မကြာမီ လာမည် မျှော်….။

မီးသတ်ဖို့သွားတဲ့ မီးသတ်ကားမှောက်လို့ မီးသတ်တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး (မြနန္ဒာ)

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မဈေးမီးလောင်တာကို သွားရောက်ငြှိမ်းသတ်တဲ့ ဝန်းသို မီးသတ်တပ်ဖွဲ့ရဲ့ မီးသတ်ကား တိမ်မှောက်လို့ မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်တဲ့။
အော် မီးတွေ မီးတွေ လောင်လိုက်ရင်လည်း ဈေးတွေချည်းပဲ။ ဒီကြားထဲ မီးသတ်ကားက မှောက်ရသေး။ အန္တရာယ်ကင်းအောင် စီမံကြပါ ဆရာတို့ရေ။
ကောင်းတာပဲ ဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ် အားလုံးဟာ စီမံခန့်ခွဲသူတွေမှာ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်လေးရှိရင် သိတ်ကောင်းပါတယ်ဗျာ။

ဈေးချိုဈေးပွဲတော် သဘောမတူသူတွေ ရှိပေမယ့် ကျင်းပရေး ရက်သတ်မှတ် (မြနန္ဒာ)

မူရင်းသတင်းလေးကို သာ ဖတ်ကြည့်တော့ ကျောင်းဒကာ။
ဈေးချိုဈေးပွဲတော်ကို သဘောမတူသူတွေ ရှိတဲ့ကြားက မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန က ကြီးမှူးပြီး ဧပြီလ ၄ရက်ကနေ ၈ ရက်အထိ ၅ ရက်တိုင်တိုင်ကျင်းပမယ်လို့ သိရပါတယ်။
ပွဲတော် ကျင်းပဖို့ သဘောမတူသူတွေရဲ့ အသံကိုလည်း ဖတ်ကြည့်ဦးဗျ။

ဘာပဲဖြစ်ဖြစ် ဒီဈေးပွဲတော်ကို တားရမယ်။ ကျွန်မတို့ တစ်နှစ်လုံး အောင်းထားရတဲ့ ပစ္စည်းတွေကို ဒီအချိန်လေးမှ ထုတ်ရောင်းရတာ။ အေရုံတစ်ခုလုံးကတော့ ပွဲတော်ကို လုံးဝသဘောမတူဘူး။ အဓိကက ဈေးချိုဝန်းကျင်မှာ မလုပ်စေချင်တာပဲ

အထည်ဆိုင်ပိုင်ရှင် တစ်ဦး ပြောထားတာလေးလည်း ဖတ်ကြည့်ပါဗျာ။

အန်တီတို့က ဒီဈေးပွဲတော် မကျင်းပဖို့ အရင်မြို့တော်ဝန်ကို စာတင်ထားပါတယ်။ အခု မြို့တော်ဝန်အသစ်ပြောင်းသွားတော့ နောက်ထပ်စာတင်ရမယ်လို့ထင်တယ်။ ကျန်တဲ့သူတွေက ခဏတော့ စောင့်ကြည့်ပေးပါ။ မြို့တော်ဝန်အပြောင်းအလဲမှာ စိတ်အနှောက်အယှက်ဖြစ်လိမ့်မယ်လို့ ပြောကြတယ်။ အန်တီကတော့ အဲလို မထင်ဘူး။ စိတ်အနှောက်အယှက်ဖြစ်စရာလည်း မလိုဘူးလေ။ ဒီမြို့တော်ဝန်ဆိုတဲ့ နေရာကို တာဝန်ယူတယ်ဆိုကတည်းက အန်တီတို့က အခက်အခဲတွေ မပြေလည်တာတွေကို သိအောင်တင်ပြရမယ်။ အရင်တင်ထားတဲ့ စာက အရင်မြို့တော်ဝန်ကို နာမည်တပ်ထားတဲ့အတွက် အခုမြို့တော်ဝန်ကြီးလည်းဖတ်ရမယ် မထင်ပါဘူး။ အဲဒီတော့ ဒီကိစ္စကို အရင်မြို့တော်ဝန်အနေနဲ့ မှတ်ချက်တစ်ခုခုမှာသော်လည်းကောင်း၊ ဈေးဌာနက ပုဂ္ဂိုလ်တစ်ဦးဦးကိုသော်လည်းကောင်း မှတ်ချက်လေးရေးပေးချင် ရေးပေးခဲ့လိမ့်မယ်လို့ ထင်မိပါတယ်။ လိုအပ်တယ်ဆိုရင်တော့ အခု မြို့တော်ဝန်ကြီးဆီကို ထပ်တင်ဦးမှာပါ။ အန်တီတို့က ၉ လပိုင်း ၂ ရက်နေ့မှာ အရင်မြို့တော်ဝန်နာမည်နဲ့ သီးသန့်တင်လိုက်တာပါ။ အန်တီတို့ ဈေးသည်တွေဘက်ကတော့ အရင်မြို့တော်ဝန်က ဘာမှာခဲ့လဲ ဆိုတာကိုပဲ စောင့်မျှော်နေကြတယ်။ အခု မြို့တော်ဝန်အနေနဲ့ ဒီဈေးချိုတော်ကို ကွင်းဆင်းလေ့လာဖို့ အထိတော့ မမျှော်လင့်ပါဘူးကွယ်။
တချို့ကလည်း ပြောပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကြီး ရှိနေတဲ့အတွက် ဧပြီလတစ်ရက်ရဲ့ ရှေ့တစ်ပတ်နဲ့ ဧပြီလ တစ်ရက်ရဲ့ နောက်တစ်ပတ်ကို ပွဲမိန့်မပေးပါဘူးလို့ ကြားပါတယ်။ ဘယ်မြို့တော်ဝန်ကြီးကမှ ဈေးပွဲတော်လုပ်ပါလို့ မပြောခဲ့ပါဘူး။ သို့သော် အန်တီတို့ ခံစားနေရတဲ့ ခံစားချက်လေးတွေကို တင်ပြမှ မြို့တော်ဝန်ကြီးက သိမှာကိုး။ အဲဒီတော့ မြို့တော်ဝန်ကြီးလည်း ကြားမှာပါ။ အသစ်တက်လာတဲ့ မြို့တော်ဝန်အနေနဲ့ အမျှတဆုံး ဘက်မလိုက်ဘဲနဲ့ ဟိုဘက်က ဈေးအကျိုးတော်ဆောင်က ပွဲတော်ဘာကြောင့် ကျင်းပချင်တယ်ဆိုတာရယ် ဈေးသူဈေးသားတွေက ဘာကြောင့် ကန့်ကွက်ရတယ်ဆိုတာရယ်ကို မြို့တော်ဝန်ကြီးအနေနဲ့ သိသင့်ပါတယ်။

ကဲ ဒီ ဈေးချိုဈေးပွဲတော် ကိစ္စက စိတ်ဝင်စားစရာကောင်းနေပါပြီ ကျောင်းဒကာ။
ဈေးအကျိုးတော်ဆောင်တွေက ပွဲတော်ကျင်းပချင်ပါသတဲ့။ ဈေးသူဈေးသားတွေက ကန့်ကွက်နေကြပါသတဲ့။ မည်သို့ပင်ဆိုစေကာမူ ပွဲတော်ကိုတော့ ဧပြီ ၄ ရက်ကနေ ဂ ရက်အထိ ကျင်းပမယ်ဆိုပြီး ရက်သတ်မှတ်လိုက်ပါသတဲ့။ ဟေးဟေး မယ်ပုချ်တို့ မန်းသူတွေများ နီးစပ်ကြရင် ပြောကြပါဦးဗျ။ ဈေးချိုဈေးပွဲတော် ဘာလို့ လုပ်ချင်ကြပြီး ဘာလို့ ကန့်ကွက်နေကြတယ်ဆိုတာလေး။ မြို့တော်ဝန်ကြီးရဲ့ ဆုံးဖြတ်နိုင်စွမ်းကို ဒီကိစ္စမှာ လေ့လာကြတာပေါ့။
မန်းဂဇက်က ရွာသူရွာသားတွေက စောင့်ကြည့်နေတယ်ဆိုတာလေးတော့ မေ့မထားကြနဲ့ပေါ့ဗျာ။

ချစ်စနိုးဦးပြောတဲ့ အပျိုစင်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ (WOMEN’S WORLD)

ချစ်စနိုးဦး လေး ပြောသွားတာတဲ့ဗျာ။ ဖတ်ကြည့်ပါ။

လူဆိုတာ အချစ်မရှိဘူးလို့ မဆိုလိုဘူး။ နေရာအပြည့်ကြီးတော့ မဟုတ်ဘူးပေါ့။ ဘဝရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့တော့ အချစ်ဆိုတာ နေရာပေးကြမှာပဲ။ လောလောဆယ်ကိုယ်က အနုပညာအလုပ်ကိုပဲ စိတ်ထဲထည့်ထားတဲ့ အတွက် အချစ်ဆိုတာဘဝရဲ့ ဦးစားပေးရမယ့် အထဲမှာမပါဘူး။ အပျိုစင်ဘဝကို မြတ်နိုးတဲ့အတွက် ကိုယ့်ဘက်က အမှားမရှိအောင်နေတယ်။ ကိုယ့်ကို ဘေးအမြင်နဲ့ ပရိသတ်အထင်သေးအောင် မနေဘူး။ ကိုယ့်ရဲ့တန်ဘိုးက ကိုယ့်ဘဝရဲ့ ကိုယ်ကျင့်တရားပေါ်မှာပဲရှိတယ်။

ချစ်စနိုးဦးလေးက အပျိုစင်ဘဝကို မြတ်နိုးပါသတဲ့ ကျောင်းဒကာ။ အမှားမရှိအောင်လည်း နေပါသတဲ့။ ဟမ်း… ကောင်းမှကောင်း။

ခိုင်နှင်းဝေရဲ့ မိန်းမသားချင်း ပြောချင်တဲ့စကား (WOMEN’S WORLD)

လှဆဲ ချောဆဲ ချစ်စရာကောင်းဆဲ ခိုင်နှင်းဝေကြီး ရဲ့ မိန်းမသားချင်းပြောချင်တဲ့စကားလေးကို ရွာသူတွေ ဖတ်ဖို့ ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။ ယောက်ျားများ မဖတ်ရပေါ့ဗျာ။

မိန်းမသားချင်း ပြောစရာဆိုတာကလည်း အရာရာကို တစ်ဖက်သတ် မခိုင်မပြောပါဘူး။ ယောက်ျားလေးတွေပဲ မကောင်းတာတော့ မဟုတ်ပါဘူး။ မိန်းကလေးတွေမှာလည်း ချို့ယွင်းချက်တွေ အများကြီးပါ။ ငယ်ရွယ်သူတွေအနေနဲ့ အချစ်ကို အပျော်မသတ်မှတ်ဖို့နဲ့ အိမ်ထောင်သည်ယောက်ျားတွေကို မချစ်မိကြဖို့ လိုပါတယ်။ ကိုယ့်ဘဝကောင်းဖို့အတွက် အိမ်ထောင်သည်တွေကို မချစ်ဘဲ ဘဝအာမခံချက်ရှိတဲ့ လွတ်လပ်သော လူတော်လူကောင်းတစ်ယောက်ကို ရွေးချယ်ကြပါလို့။

ခိုင်နှင်းဝေကြီးရဲ့ ဘဝနဲ့ ရင်းသော ပညာပေးစကားလေးတွေက မိန်းကလေးငယ်တွေအတွက် အင်မတန် တန်ဘိုးရှိပါတယ်။ ကျေးဇူးပါ ခင်ဗျာ။

သန္တာလှိုင် အင်တာဗျူး (WOMEN’S WORLD)

အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ရနေပြီဖြစ်တဲ့ သန္တာလှိုင်နဲ့ အင်တာဗျူးထဲက ဖတ်ချင့်စရာအမေးအဖြေ အနည်းငယ်ကို ဖေါ်ပြပေးပါရစေ။

အစ်မရဲ့ personality က အရမ်းကောင်းတယ်နော်။ အိမ်ထောင်သည် တစ်ယောက်ဖြစ်သလို မိခင်လည်းဖြစ်တဲ့အစ်မက အပျိုလေးနဲ့မခြား လှပနုပျိုနေရတဲ့ လျှို့ဝှက်ချက်နဲ့ ကျင့်စဉ်လေးကို WOMEN’S WORLD အမျိုးသမီးထုအတွက် လက်ဆင့်ကမ်းပေးပါဦး။
ငယ်တုန်းတော့ လူတိုင်းလှကြတာပဲလေ နော့။ အဲဒီအလှအပကို ကိုယ့်ကိုယ်ကို လှပါတယ်လို့ ယုံကြည်ပြီး တန်ဖိုးထားပြီး ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ လေးစားစရာပါ။ အခုနောက်ပိုင်း ဘာဖြစ်လာသလဲဆိုတော့ အရင်တုန်းကလို ကောင်မလေး ငယ်ငယ်ချောချောလေးတွေတွေ့ရင် မျက်လုံးက လိုက်မကြည့်မိတော့ဘူး။ အသက် ၅ဝ ကျော်အရွယ် အမျိုးသမီးတွေထဲက လှလှပပမြင်ရင် အလိုလို နှစ်ခါပြန်လှည့်ကြည့်မိတာ ကိုယ့်ကိုယ်ကို သတိထားမိတယ်။ လျှို့ဝှက်ချက်ကတော့ ရှင်းရှင်းလေးပါ။ စိတ်ပျိုကိုယ်နုတဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ လှတယ်ဆိုတာကို လက်ခံ ယုံကြည်ထားလိုက်ရင် ကိုယ့်ကိုကြည့်နေတဲ့ တခြားသူတွေကလည်း ဒီလိုပဲ မြင်မှာပဲ။
လူမျိုးခြားနဲ့ အိမ်ထောင်ကျပြီး နိုင်ငံခြားကို လိုက်သွားခဲ့တယ်။ အဲဒီလို သတ္တိတွေဖြစ်ပေါ်ခဲ့တာဟာ အချစ်ကြောင့်လို့ ပြောလို့ ရလား။
မဟုတ်ပါဘူး။ ယောက်ျားလိုချင်လွန်းလို့ပါလို့ ပြောထားပြီးပြီလေ။ ဟားဟားဟား နောက်တာနော်။

ကျွန်တော်တို့ ရွာသူတွေ ဖတ်ဖို့ ပါ ကျောင်းဒကာ။

ကျွန်တော် လူကက်ဆက် (Messenger)

ဒီဆောင်းပါးကို ရေးသူက ပန်းချီထိန်လင်း ပါ။ ပြီးခဲ့တဲ့ နှစ်ပတ်ဆက်တိုက် Messenger ဂျာနယ်မှာ အခန်းဆက်ပါခဲ့တဲ့ သမိုင်းတန်ဘိုးကြီးမားလှတဲ့ ဆောင်းပါးရှည်ကြီးပါ။ တောခိုသွားကြတဲ့ ကိုထွန်းအောင်ကျော်အပါအဝင် ကျောင်းသားခေါင်းဆောင်တွေ ကို ထောက်လှမ်းရေးတွေပါလို့ စွတ်စွဲနှိတ်စက် ညှင်းပမ်း သတ်ဖြတ်ခဲ့ပုံတွေ ပြန်ရေးပြထားတာပါ။ အခွင့်သင့်ခဲ့ရင် ဆောင်းပါးကြီးတစ်ခုလုံး ဖေါ်ပြပေးနိုင်အောင် ကြိုးစားနေပါတယ် ကျောင်းဒကာ။ အခုကတော့ ဆောင်းပါးထဲက အမြည်းလေးနည်းနည်းလောက် တင်ပြပေးချင်တာပါ။

မြေပေါ်မှာ ငုတ်လေးငုတ်ရိုက်ပြီးတော့ ပက်လက်လှန်ပြီး လက်ရောခြေထောက်ကိုပါ တုပ်ပြီးတော့မှ ဝမ်းဗိုက်ပေါ်မှာ “ရင်ပေါင်ကြမ်း” စကိုခင်းပြီး မီးဖိုခဲ့တယ်လို့ ထောက်လှမ်းရေး စစ်ကြောရေးတာဝန်ခံ တပ်ကြပ်ကြီးသန်းဇော်က ကျွန်တော်တို့ကို လာပြောလို့သိရတာပါ။ နောက်တော့ ဖနောင့်ကနေ သံချောင်းကိုမီးတို့ပြီး ရိုက်ထည့်ပါတယ်။ ဒီလောက်အထိသွေးအေးအေးနဲ့ ရက်ရက်စက်စက်လုပ်လို့သာ ကိုထွန်းအောင်ကျော်ဟာ သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ပြောခဲ့ရတာဖြစ်ပါတယ်။

ဒါလေးက ကိုထွန်းအောင်ကျော် ထောက်လှမ်းရေးပါလို့ ဝန်ခံအောင် နှိတ်စက်ကြပုံတွေပါ။
ကိုထွန်းအောင်ကျော်ဟာ အနုပညာသမားတစ်ယောက်ဖြစ်တဲ့အကြောင်းလေးကိုလည်း ဖတ်ကြည့်ပါ။

ကိုထွန်းအောင်ကျော်ရဲ့ သီချင်းတွေအကြောင်းဒီလောက်ဖွဲ့နွဲ့နေရတာကအကြောင်းရှိသဗျ။ သူဆိုတဲ့ပုံက တကယ့်အဆိုတော်တစ်ယောက်လို ဆိုနိုင်သလို တစ်လုံးတစ်လေယိုင်သွားတာ တိမ်းသွားတာမျိုးကို မရှိပါဘူး။ ဂစ်တာနဲ့ ကီးဘုတ်နှစ်မျိုးကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်သလို အနောက်တိုင်းဂီတသင်္ကေတကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းတယ်လို့ သိရပါတယ်။ သီချင်းတစ်ပုဒ်ကို ဖွင့်နားထောင်ပြီး သင်္ကေတကို တိုက်ရိုက်နောက်က လိုက်ရေးနိုင်သဗျ။ ဒါကြောင့်လည်း အေဘီ အဖွဲ့က ရဲဘော်၊ ရဲမေတိုင်းက အစ်ကိုကြီး တစ်ယောက်လို ချစ်ကြတာပါ။
ကျွန်တော် အံ့ဩတာကတော့ အင်မတန်စရိုက်ကြမ်းတဲ့ တာတီးဆိုတဲ့ လုံခြုံရေးတာဝန်ကျတဲ့လူက တခြားလူတွေလစ်ရင် သူ့ဆီကို ဂစ်တာကို ဝှက်ယူလာပြီး အစ်ကိုကြီးတစ်ပုဒ်လောက်တီးပြပါလို့ ယဉ်ယဉ်ကျေးကျေး တောင်းဆိုတာမျိုးတွေ့ဖူးလို့ပါ။ ကိုထွန်းအောင်ကျော် ဂစ်တာကို စိတ်ကြိုက်ကြိုးညှိပြီး တာတီးအတွက် စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ” သီချင်းကို တီးပြတဲ့နေ့ကိုတော့ မေ့မရနိုင်တော့ပါဘူး။ ကျွန်တော်တို့အပေါ် အဆဲအဆိုအကန်အကြောက် နာမည်ကြီးတဲ့ တာတီးတစ်ယောက် စကားမပြောနိုင်ဘဲ ငြိမ်နေပြီး တော်တော်ကြာမှ “ကျေးဇူးပါပဲ အစ်ကိုကြီးရာ” လို့ ပြောသွားတာ ကြားရတော့ တကယ့်ကို အံ့ဩမိပါတယ်။

ဥက္ကဌ ကိုအောင်နိုင်ကိုယ်တိုင် ကိုထွန်းအောင်ကျော် သီချင်းကို တောင်းဆိုဘူးတာလေးလည်း ဖတ်ရတယ်ဗျ။

ကိုထွန်းအောင်ကျော်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို ဂစ်တာနဲ့ တီးတာကို တစ်ကြိမ်မှာတော့ တစ်ကြိမ်မှာတော့ ကျွန်တော်တို့ နားထောင်ခွင့်ရခဲ့ဘူးပါတယ်။ အဲဒါ အသတ်မခံရမီ ရက်ပိုင်းအလိုကပါ။ ဒီလို စပါယ်ရှယ် ဂစ်တာနဲ့ ဆိုပြတာကို နားထောင်ခွင့်ရတာက နားထောင်ချင်တယ်လို့ တောင်းဆိုတဲ့သူက ဥက္ကဌလုပ်တဲ့ ကိုအောင်နိုင်ဖြစ်လို့ပါ။ ကျွန်တော်တို့အားလုံး အစ်ကိုကြီးက တစ်ခုခုများ ပြန်ပြောလိုက်လေမလား နားကိုအသားကုန်စွင့်ထားကြပါတယ်။ ခဏနေတော့ အစ်ကိုကြီး ဂစ်တာလက်ခတ်သံ ညက်ညက်လေး ထွက်လာပါတယ်။ တိုးလျသော်လည်း ခွန်အားရှိတဲ့ သူ့အသံကို ဒီနေ့ထိ နားထဲက မထွက်ပါဘူး။
“အိုး ခေါင်းမှာစည်းတဲ့ ဖဲကြိုးဝါတွေ တစ်ပုံကြီး အများကြီး အများကြီး တွေ့တယ်”

ဆောရီးဗျာ သောကြာသားမဟုတ်ပဲ စကားတွေကဝေ့နေတော့ လိုရင်းမရောက်ဘူးဖြစ်နေတယ်။ ဆောင်းပါး ခေါင်းစဉ်ပေးထားတဲ့ လူကက်ဆက် ဆိုတာလေးရဲ့ အဓိပ္ပာယ်လေး ရှင်းပြချင်တာပါ။ တောခိုကျောင်းသားတွေထဲက ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသားတွေကို ဥက္ကဌတို့ ရင်းမှူးတို့ ခွဲမှူးတို့ ထောက်လှမ်းရေးမှူးတို့ စသည်ဖြင့်ပေါ့ဗျာ မူးလာတဲ့အခါ ကက်ဆက်ဖွင့်သလို သီချင်းဆိုပြီး ဖျော်ဖြေခိုင်းကြတာ ကို ဆိုလိုတာပါ။ ဆောင်းပါး အစအဆုံးဖတ်ချင်ရင် တင်ပေးပါ့မယ်။ အဲဒီကျမှ အသေးစိတ်ဖတ်ကြပေါ့နော့။

ကိုထွန်းအောင်ကျော်အပါအဝင်ကျောင်းသားခေါင်းဆောင်များသတ်ဖြတ်ခံရမှုအပေါ် ကိုကိုကြီး ရဲ့ မှတ်ချက် (Messenger)

အင်ထရိုဝင်မနေတော့ပါဘူးဗျာ။ မူရင်းကိုသာ ဖတ်ကြည့်ကြပါ။

အဓိက သေတဲ့လူက သေပြီးသွားပြီ။ သေတဲ့လူက ပြန်မရှင်တော့ဘူး။ ဒါပေမယ့် ဖြစ်ရပ်အမှန်ကတော့ အမှန်အတိုင်း ပေါ်ပေါက်စေချင်တယ်။ ဒါ ကျွန်တော်တို့အားလုံးရဲ့ ဆန္ဒပါ။ ကျဆုံးသွားတဲ့ လူတွေက မြေပေါ်မှာ ရှိစဉ်ကတည်းက လက်တွဲခဲ့ဘူးတဲ့ လူတွေ၊ သူတို့က ကျောင်းသားလှုပ်ရှားမှုမှာ တကယ်ဦးဆောင်ပါဝင်ခဲ့သူ တွေ။ အဓိကက ဘာကြောင့်ဖြစ်လဲဆိုတော့ ပိတ်ဆို့ထားတဲ့ ကာလတစ်ခုမှာ သူ့ကိုယ်မယုံ၊ ကိုယ့်သူမယုံနဲ့ သံသယတွေနဲ့ အလုပ်တူ လုပ်နေသူချင်း တူတာတောင် ဘယ်သူက ထောက်လှမ်းရေးဖြစ်နိုင်တယ်လို့။ ဘယ်သူက သတင်းပေးဖြစ်နိုင်တယ်လို့ ဆိုတဲ့ဟာကို မြေပေါ်မှာပဲ တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ကြတယ်။ တောတွင်းမှာ လက်နက်ကိုင်တဲ့ အခြေအနေမှာဆိုတော့ ပိုဆိုးတာပေါ့။ သံသယရဲ့ ဓါးစာခံတွေ သားကောင်တွေဖြစ်သွားတယ်။ ပိတ်ဆို့ထားတဲ့ စံနစ်ဆိုးကြီးတစ်ခုကြောင့်မို့လို့ စတေးခံလိုက်ရတဲ့ သားကောင်တွေအဖြစ်နဲ့ ကျွန်တော်တို့ မြင်တယ်။ ဒီလောက်ကြီးကျယ်တဲ့ ပြသနာကြီးဟာ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သူတွေအနေနဲ့ ဖြေရှင်းရမှာ အမှန်ပဲ။ ဒါသူတို့ တာဝန်ယူရမှာ။ ကျွန်တော်တို့ မြင်တာတော့ သူတို့က ကျောင်းသားတွေပဲလေ။ လူတွေပါ ဒီလောက် ဆိုးဆိုးဝါးဝါးခံစားခဲ့ကြရပြီးပြီ။ သေဆုံးခဲ့ကြရပြီးပြီ။ နောက်ပိုင်းမှာ ဖေါက်ပြန်လို့ ထောက်လှမ်းရေးမို့လို့ ဖြစ်ပါတယ်ဆိုတဲ့ နိုင်ငံရေးအရ ထပ်ပြီး လုပ်ကြံခံရတာကိုတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်။ အဓကတော့ ဒီလောက် အကျယ်တဝင့် ဖြစ်ဖို့တောင် မလိုဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နင့်နင့်နည်းနည်း ခံစားခဲ့ကြရတဲ့ လူတွေက၊ ဒီလူတွေက ထောက်လှမ်းရေးမဟုတ်ဘူး။ ခေတ်ကာလအခြေအနေမှာ မှားယွင်းမှုဖြစ်ခဲ့တယ်။ အဲဒီအတွက် သူတို့တွေဟာ စတေးခံခဲ့ကြရတယ်ဆိုတာလောက် အသိအမှတ်ပြုခဲ့ရင်တောင်မှ သူနဲ့ ရင်းနှီးတဲ့ သူတွေ အားလုံးက နည်းနည်းသက်သာမယ့်၊ စိတ်ခံစားမှု ဖြေလျော့မယ့် သဘောရှိတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ဟာ ဘယ်သူ့ဘက်ကပဲ ဖြစ်ဖြစ် ဒီကိစ္စဟာ မှန်မှန်ကန်ကန်တော့ ဖေါ်ထုတ်ဖို့လိုတယ်။ ဒီလူတွေဟာ ခေတ်ဆိုး စံနစ်ဆိုးတစ်ခုတည်းမှာ သူတို့ ဓါးစာခံဖြစ်ခဲ့ကြတယ်။ အဲဒါကို ပေါ်လွင်ဖို့လိုတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လူလည်းသေသေး၊ နာမည်လည်းသေ၊ နိုင်ငံရေးလည်း အသတ်ခံတဲ့ ဟာမျိုးက အသတ်ခံရတာထက်ပိုဆိုးတယ်။ အဲဒါမျိုးက မဖြစ်သင့်ဘူးလို့ မြင်တယ်။
ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် ဘယ်သူ့ဘယ်သူကိုမှ နစ်နာတာ ထိခိုက်တာကို မလိုလားဘူး။ အဓိကက အဖြစ်အမှန်ပေါ်ပေါက်ဖို့ပဲ။ ပေါ်ပေါက်ဖို့က လူ့အဖွဲ့အစည်းမှာ ကျွန်တော်တို့က တချို့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေနဲ့ ပတ်သက်ပြီးတာတောင်မှ ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့် ဒါတွေက မေ့ပစ်ဖို့တော့ မဟုတ်ဘူးဆိုတဲ့ Forgive လုပ်နိုင်တယ်။ Forget လုပ်လို့မရဘူး။ ဒါတွေက သမိုင်းမှာ ဒါတွေ ဖြစ်ခဲ့တယ် ဆိုတာတော့ မှတ်တမ်းမှတ်ရာတွေ ကျန်ခဲ့ဖို့ ကြိုးစားနေတယ်။ အားလုံးက ဆန္ဒရှိတယ်။ ကိုယ့်ဘက်မှာ ဖြစ်နေတဲ့ ဟာကျမှ ဒါကြီးကို ဖုံးကွယ်ပစ်လိုက်ဖို့ မဖြစ်သင့်ဘူး။ ကိုယ်တွေ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ရဲရဲရင့်ရင့် ဖေါ်ထုတ်တာမျိုး၊ တာဝန်ယူတာမျိုးတော့ ကိုယ်က နမူနာ ဖြစ်သင့်တယ်လို့ မြင်တယ်။

အဲဒါပဲဗျာ။ ဝင်ပွားရလောက်အောင် ဉာဏ်မမီလို့ ကိုယ်တိုင်ဖတ်ပြီး ကိုယ်တိုင်တွေးပေတော့ ကျောင်းဒကာ။ နေဦးဗျို့ ဒီသတင်းက ဒီမှာတင် မပြီးသေးဘူးဗျ။ နောက်တစ်ပုဒ် ဆက်ဖတ်ဘို့ လိုလိမ့်ဦးမယ်။

ကျောင်းသားခေါင်းဆောင်များ သတ်ဖြတ်ခံရမှုကို တစ်နှစ်အတွင်း စုံစမ်းဖေါ်ထုတ်သွားမည်ဟု ABSDF ပြော (Messenger)

မူရင်းသတင်းကိုသာ ဖတ်ပေတော့ဗျို့။

၁၉၉၂ ခုနှစ်က မြန်မာနိုင်ငံမြောက်ပိုင်း ကျောင်းသားတပ်မတော်တွင် ဖြစ်ပျက်ခဲ့သော သတ်ဖြတ်မှု၊ သွေးထွက်သံယိုဖြစ်မှုအပါအဝင် ယင်းကိစ္စနှင့် ဆက်နွယ်ပတ်သက်ခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ အဖြစ်မှန်ကို စုံစမ်းခြင်း၊ အချက်အလက်စုဆောင်းခြင်းနှင့် အစီရင်ခံစာရေးသားခြင်း ကို ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ် ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က ယခုလ ရ ရက်တွင် ထုတ်ပြန်ကြေညာသည်။
“အမှန်တကယ် နစ်နာခံရသူတွေ ရှိနိုင်ပါတယ်။ တကယ်တမ်းနစ်နာခဲ့ရတဲ့ လူတွေအတွက် ABSDF က တစ်စုံတစ်ရာ ပြန်လုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ သူတို့တွေအတွက် အမှန်တရားကို ဖေါ်ထုတ်ပေးရမယ်။ သူတို့တွေအတွက် တရားမျှတမှုကို ဖေါ်ထုတ်ပေးရပါမယ်”
ဟု အမှန်တရားနှင့် တရားမျှတမှုဖေါ်ထုတ်ရေးအလုပ်အဖွဲ့မှ တာဝန်ခံ ညှိနှိုင်းရေးမှူး ကိုကျော်ကျော်လင်းက ပြောသည်။
၁၉၉၂ ခုနှစ် သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့စဉ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်၊ (မြောက်ပိုင်း) ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဦးရော်နယ်အောင်နိုင်က အဖြစ်မှန်များ ပေါ်ပေါက်လာရေးအတွက် အလုပ်အဖွဲ့နှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။
“မေးမြန်းဖို့ လိုအပ်လို့ ခေါ်ရင်သွားမှာပါ။ ကျွန်တော်တို့ ဖုံးကွယ်ခဲ့တာ၊ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ လွဲချော်ပြီး လုပ်ခဲ့တာ ဘာမှ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ကဲ ဒီလောက်ဆိုရင် ကိုထွန်းအောင်ကျော်နဲ့ ကျောင်းသားခေါင်းဆောင်တွေ အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး နည်းနည်းတော့ ဇာတ်ရည်လည်လောက်ပြီမို့ ဒီလောက်နဲ့ပဲ တော်ကြစို့ ကျောင်းဒကာ။

မိတ္ထီလာ NLD က ဒေါ်မြင့်မြင့်အေးကို တရားစွဲခြင်း (Messenger)

မိတ္ထီလာ မဲဆန္ဒနယ် က သတင်းလေးတစ်ပုဒ်ပြောပြချင်ပါတယ် ကျောင်းဒကာ။
အမတ်နေရာက တစ်နေရာ၊ ပြိုင်ကြမှာက ၃ ယောက်။ ပြိုင်ကြမယ့်သူတွေက ပြည်ခိုင်ဖြိုး က ၁ ယောက်။ NLD က တစ်ယောက်၊ NLD က ခွဲထွက်ပြီး တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်မှာက ၁ ယောက်။ ဟေးဟေး။ မြန်မာတွေ၊ မြန်မာတွေ စမှ မစရသေးဘူး အကွဲအပြဲတွေက စနေကြပြီဗျာ။
ဒီကြားထဲ ပြည်ခိုင်ဖြိုးက လွှတ်တော်ကိုယ်စားလှယ်ကို ပြိုင်ကြမယ့် NLD က ဦးဝင်းထိန်က တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်မယ့် ဒေါ်မြင့်မြင့်အေး ကို တရားစွဲသတဲ့ဗျာ။ ဒီ ဒေါ်မြင့်မြင့်အေး ဆိုတာကလည်း NLD က ခွဲထွက်သွားတာတဲ့။ ကဲ … ဘယ်လိုလုပ်ကြမလဲ။ ပြည်သူလူထုရဲ့ ဆန္ဒမဲတွေကို စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ ရယူနိုင်အောင် ကြိုးစားနေကြရမယ့်အချိန်မျိုးကျမှ အချင်းချင်း တရားစွဲတာတွေ ဘာတွေဖြစ်ကုန်တာကတော့ တကယ်စိတ်ကုန်စရာကောင်းပါတယ် ကျောင်းဒကာ။ အဲဒီတော့ NLD ရဲ့ မိတ္ထီလာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းထိန် ကို မေးထားတာလေး အရင်ဖတ်ကြည့်ဗျာ။

ဒေါ်မြင့်မြင့်အေး ကို ဘာကြောင့် တရားစွဲမှာလဲ
ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ဦးသိန်းအောင်က NLD ဒုတိယဥက္ကဌဆိုပြီး အောင်နိုင်ရေး အစည်းအဝေးခေါ်တယ်။ အဲဒီအစည်းအဝေးက ဒေါ်မြင့်မြင့်အေး အောင်နိုင်ရေးအစည်းအဝေးဖြစ်တယ်။ အဲဒီခေါ်တဲ့ အခါမှာ NLD ဒုတိယဥက္ကဌ ရာထူးရေးပြီးခေါ်တယ်။ ဒါဟာ ဥပဒေနဲ့ မညီညွတ်လို့ မြို့နယ်ကော်မရှင်ကို ကန့်ကွက်စာတင်တယ်။ မြို့နယ်ကော်မရှင်ကနေ ဗဟိုကော်မရှင်ကို စာတင်တယ်။ ဗဟိုကော်မရှင်က တကယ်တန်း မှန်ကန်တယ်ဆိုရင် တရားစွဲဆိုပါလို့ စာပြန်လာတယ်။ ရှေ့နေနဲ့တိုင်ပင်ပြီးတော့ ဦးသိန်းအောင်ကော၊ ဒေါ်မြင့်မြင့်အေးပါ NLD နာမည်သုံးတဲ့အတွက် ဥပဒေနဲ့ မညီဘူးဆိုပြီး တရားရုံးကနေ တနင်္လာနေ့မှာ ဦးတိုက်လျှောက်ထားမယ်။
လျှောက်ထားတဲ့ ရည်ရွယ်ချက်က NLD ပါတီအယောင်ဆောင်တယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ ဆန့်ကျင်တယ်။ NLD ပါတီကို ဆက်ပြီးသုံးနေတယ်ဆိုပြီး တရားရုံးကိုဦးတိုက်လျှောက်မယ်။ ရည်ရွယ်ချက်ကတော့ သူတို့မှာ အပြစ်ရှိတယ်ဆိုတဲ့ သဘောပဲ။ ဒေါ်မြင့်မြင့်အေးက ၂၀၀၂ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့တွဲပြီး ရိုက်ထားတဲ့ ဓါတ်ပုံနဲ့ နယ်တွေကိုဖြန့်တယ်။ NLD နဲ့ အတူတူပါပဲဆိုပြီး စည်းရုံးတယ်။ NLD က ရွေးကောက်ပွဲမှာ နှစ်ယောက်ဝင်မယ်၊ ဦးဝင်းထိန်က ဗဟိုကလာတယ်။ ဒေါ်မြင့်မြင့်အေးက မြို့နယ်က ဝင်မယ်လို့ပြောတယ်။ လူတွေကို မလိမ့်တပတ်နဲ့ စည်းရုံးတယ်လို့ ပြောသံကြားတယ်။ အဲဒါတွေက သက်သေပြဖို့ ခက်တဲ့အတွက် ခိုင်မာတဲ့ စာရွက်စာတမ်းနဲ့ တင်ပြပြီး တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်။ ဒါကြောင့် ဒေါ်မြင့်မြင့်အေးကို တရားရုံးက ဦးတိုက်လျှောက် တရားစွဲမှာ ဖြစ်တယ်။

ဒါကတော့ တရားလို ဦးဝင်းထိန် ပြောထားတာပါ ကျောင်းဒကာ။
တရားစွဲခံရတဲ့ ဒေါ်မြင့်မြင့်အေး ပြောတာလေးလည်း ဖတ်ခွင့်ပြုဦးမှ တရားမျှတမှာမို့ ရော့ ဖတ်ပေတော့ဗျာ။

NLD ပါတီက တရားစွဲမယ်ဆိုတဲ့ ကိစ္စကို ဒေါ်မြင့်မြင့်အေး ဘယ်လိုသဘောထားလဲ။
အဲဒီကိစ္စ ကျွန်မ ဘာမှ မသိဘူး။ ဇရပ်ကုန်းက ကိစ္စလို့သိရတယ်။ ကျွန်မ ဇရပ်ကုန်းမသွားဘူး။ ဇရပ်ကုန်းက ဦးဘကြည်ဆိုတာလည်း ဦးလေးသိန်းအောင် သွားတာ။ ကျွန်မစိတ်ထဲမှာ ဘယ်လိုမှ မခံစားရပါဘူး။ ကျွန်မ စိတ်လည်း မဆိုးဘူး။ စိတ်မဆိုးဘူးဆိုတာ ကျွန်မ လုပ်သင့်လုပ်ထိုက်တာ လုပ်နေတဲ့အခါမှာ သူတို့ထဲမှာ အနှောက်အယှက်ပေးလိုတဲ့ ဆန္ဒရှိချင်ရှိမယ်။ ကျွန်မစိတ်ထဲမှာတော့ သူတို့အနှောက်အယှက်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ဥပဒေလမ်းကြောင်းအတိုင်း အမှန်အတိုင်းဖြစ်သွားမယ်လို့ ယုံကြည်တယ်။ ကျွန်မဘာမှ ပြစ်မှု အမှား လုပ်မထားတဲ့အတွက် ကျွန်မ မစိုးရိမ်ဘူး။ သူတို့ ပြောတာ ဘာပုဒ်မ မှန်းမသိဘူး။ ထင်ယောင်ထင်မှားလုပ်တယ်လို့ သူတို့ဘက်က သံသယရှိမယ်ဆိုရင်လည်း ကျွန်မဘက်က ဖြေရှင်းသွားဖို့ အဆင်သင့်ရှိပါတယ်။ ထင်ယောင်ထင်မှားလုံးဝမလုပ်ဘူး။ အဲဒီတော့ ကျွန်မနဲ့လုံးဝမပတ်သက်ဘူး။ ကျွန်မတစ်ယောက်တည်းပဲ စွဲတယ်လို့ တူမတွေပြောလို့ ပြန်ကြားတယ်။ အဲဒါ ပြသနာ မရှိဘူးလို့ ထင်ပါတယ်။

NLD ကိုယ်စားလှယ် ဦးဝင်းထိန်ဆိုတာ ၁၉၇၆ မှ ဗိုလ်ကြီးအုန်းကျော်မြင့်ကိစ္စနဲ့ တပ်မတော်မှ အငြိမ်းစားပေးခဲ့တဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။
ဘာပဲပြောပြောပါ။
အဓိက ပြိုင်ရမယ့်ပါတီကြီးက ပြည်ခိုင်ဖြိုးပါ။ အခုတော့ ပြည်ခိုင်ဖြိုးနဲ့ မပြိုင်ရသေးခင်က … အားကုန်နေကြရင် မဖြစ်သေးဘူးဗျို့။
သဘောထားကြီးကြပါ၊ စုစည်းညီညွတ်ကြပါလို့ မသိနားမလည်တဲ့ ကျွန်တော်က ဘေးထိုင်ဘိုင်ကျပြီး ဘုဝင်ပြောလိုက်ပါတယ် ကျောင်းဒကာ။

ရပ်ကွက် ၁၁ ခုစာ မြေကွက်များ ပြန်လည်သိမ်းယူမှုကြီး (Messenger)

နိုင်ငံတော်က ပြည်သူလူထုအပေါ် ကလေးကစားသလို လုပ်သွားတဲ့ ကိစ္စတစ်ခုအကြောင်းပြောပြမယ်ဗျာ။ ဗဟုသုတလေးရအောင် ငြိမ်ငြိမ် ထိုင်နားထောင်ကြပါ။ ကဲ… ဖတ်ကြည့်ရအောင်။ အနှစ်နှစ်ဆယ်နီးပါးကြာမှ မြေကွက်တွေ ပြန်သိမ်းတာကို တတ်ထားတဲ့ ခေါင်းစဉ်ကိုလည်း ကြည့်ပါဦး။

ခေတ်မီ စက်မှုလယ်ယာ စံပြအထူး စိုက်ပျိုးရေးဇုန်အဖြစ် နိုင်ငံတော်မှ ဖေါ်ထုတ်ဆောင်ရွက်သည့် စီမံကိန်းဧရိယာအတွင်း အဆိုပါရပ်ကွက်များပါဝင်နေသောကြောင့် မြေကွက်ချထားပေးမှုများကို ပယ်ဖျက်၍ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ မူလပေးသွင်းခဲ့သည့် မြေကွက်တန်ဘိုးမြေများကို ပြန်လည်ထုတ်ပေးမည်ဟု မတ်လ ရ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် တရားဝင်ကြေညာထားသည်။
“ကျွန်မငွေသွင်းတုန်းက ၁၉၉၄ ခုနှစ်၊ ငွေကျပ်နှစ်သောင်းကို အရစ်ကျ သွင်းခဲ့ရတာပါ။ အခု နှစ်နှစ်ဆယ်နီးပါး ကြာမှ ငွေကျပ် နှစ်သောင်းပြန်ပေးမယ်ဆိုတာကတော့ မတရားပါဘူး။ ကျွန်မတို့ကို မြေကွက်ချပေးခဲ့တုန်းက ဝန်ထမ်းတွေကို ချီးမြှင့်တယ်လို့ ပြောခဲ့တာပါ။” ဟု ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်တွင် လက်ထောက်ညွှန်ကြားရေးမှူးအထိ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“အနှစ်နှစ်ဆယ် နီးပါးလောက် ရင်းနှီးမြှုတ်နှံမှု လုပ်ထားတာလေးတော့ ပါသွားပြီ။ အသက်တွေလည်းကြီးနေပြီ။ အိုစာမင်းစာလေးဆိုပြီး ချန်ထားတာ။ အခုတော့ အိုစာ မဖြစ်ပဲ မင်းစာ ဖြစ်သွားပြီ ဟု အသက် ၇ဝ ခန့်အရွယ်ရှိ အငြိမ်းစား ဝန်ထမ်း အမျိုးသားကြီးတစ်ဦးက ပြောသည်။

ဒီကိစ္စကြီးကတော့ မတရားလုပ်ရာကျလွန်းတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဘယ့်နှယ့် ၁၉၉၄ ခုနှစ်လောက်က သွင်းဈေး ၂၀၀၀ဝ ကျပ်သွင်းထားတာကို အခု ၂၀၁၂ ကျမှ ရော့နင်တို့ ပိုက်ဆံ နှစ်သောင်း။ ပေး ငါတို့မြေကွက် ပြန်ပေး။ လုပ်တာ ဘာသဘောလဲဗျာ။ ကဲ အဲဒါဆို။ ကျွန်တော်တို့ ပြည်သူတွေကလည်း GSM တစ်လုံး ၁၅ သိန်းနဲ့ ငှားသုံးတာ ရော့ခင်ဗျားတို့ ဖုန်းကဒ် ပြန်ယူ။ ပေး ကျွန်တော်တို့ ငွေ ၁၅ သိန်းလုပ်လို့ ရမလား။ အေးလေ ရှင်တို့က ရဲတွေပဲ ။ လုပ်ကျပေါ့ ။
မြန်မာနိုင်ငံမှာ မြေလွတ်မြေရိုင်းတွေ ဒီလောက်ပေါနေတာ။
ခေတ်မီ စက်မှုလယ်ယာ စံပြအထူး စိုက်ပျိုးရေးဇုန်အဖြစ် နိုင်ငံတော်မှ ဖေါ်ထုတ်ဆောင်ရွက်သည့် စီမံကိန်းလုပ်စရာ မြေက ဒီလောက်ရှားနေပြီလား။ ဒယ်အိုးနော် ဟေ့လူတွေ ဒယ်အိုး။ ဝဋ် ဆိုတာ ဘဝမကူးဘူး ခင်ဗျ။ မကြောက်ကြရင်လုပ်ပေါ့ဗျာ။ မြေကွက်ပိုင်ရှင် အငြိမ်းစားဝန်ထမ်းတွေခင်ဗျာလည်း နောက်ဆုံးတော့ သမ္မတကြီးဦးသိန်းစိန်ပဲ အားကိုးရာ ရှိတော့တာပေါ့ဗျာ။ စုပေါင်းလက်မှတ်ထိုးကြပြီး ဦးသိန်းစိန်ကြီးဆီ တက်ကြမယ်ဆိုပါတယ် ကျောင်းဒကာ။
ကဲ အန်တီကြီးတို့ အန်ကယ်ကြီးတို့ ဘာမှမပူကြနဲ့၊ လူလိုသိပြီး လူလိုနားလည်တဲ့ ကျွန်တော်တို့ သမ္မတကြီး ရှိပါသေးတယ်ဗျာ။ ခဏလေးစောင့်လိုက်ပါ။ သမ္မတကြီးကတော့ ဒီလို မတရားတဲ့ကိစ္စမျိုးလုပ်ဖို့ အားပေးမယ်မထင်ပါဘူး။ ခင်ဗျာ။ အော် စောင့်ကြည့်နေပါတယ်ပေါ့နော်။ ဟုတ်ကဲ့။ စောင့်ကြည့်ပါခင်ဗျာ။ သမ္မတကြီးရဲ့ လူသားဆန်တဲ့ ဆုံးဖြတ်ချက်ကို အန်တီကြီးတို့ အန်ကယ်ကြီးတို့ မကြာခင် တွေ့ရမှာပါ ခင်ဗျ။ ဟေးဟေး ။
အော် ဒုက္ခ ဒုက္ခ။

ဘုရားစောင့်ရှောက်လို့ ရန်ကုန်ပြန်ရောက်ခဲ့တာပါ (Sports Center)

ဘရူနိုင်း ဘုရင့်ဖလားပွဲဝင် မြန်မာလက်ရွေးစင် ကွင်းလယ်ကစားသမား ဒေးဗစ်ထန်း ဟာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ AFC Cup ပြိုင်ပွဲအတွက် ဘရူနိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ရာမှာ အခက်အခဲတွေ ကြုံခဲ့ရပါတယ်တဲ့ ကျောင်းဒကာ။ တာဝန်ရှိတဲ့သူတွေက တည်းခိုဘို့ ဟိုတယ်စီစဉ်ပေးထားခြင်းမရှိတာကြောင့် အရေးကြီးရင် သွေးနီးကြတယ် ဆိုတဲ့စကားလို မလေးရှား ဟောလီးဒေး ဟိုတယ်မှ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၅ ယောက်နေတဲ့ အခန်းလေးမှာ နေခဲ့ရပါတယ်တဲ့။ ညစာကိုလည်း မြန်မာအလုပ်သမားများက ကျွေးမွေးဧည့်ခံခဲ့ပါသတဲ့။ ဟိုတယ်ကားပါကင် က အခန်းလေးမှာပါဗျာ။ ကျေးဇူးသိတတ်တဲ့ ဒေးဗစ်ထန်းလေးက ခုလို ပြောရှာပါတယ်ဗျာ။

မလေးရှားမှာ ဒုက္ခရောက်နေစဉ်တုန်းက ကူညီခဲ့တဲ့ မြန်မာအလုပ်သမားတွေကို ကျေးဇူးတင်ပါတယ်။ တစ်ချိန်ချိန်မှာ မလေးရှားပြန်ရောက်ခဲ့လို့ရှိရင် ကျွန်တော်သူတို့အားလုံးကို သွားတွေ့ပြီး ကျေးဇူးပြန်ဆပ်သွားမှာပါ။ သူတို့ရဲ့ လိပ်စာနဲ့ ဖုန်းနံပတ်တွေ အကုန်လုံး ကျွန်တော် မှတ်လာပါတယ်။

အမေးအဖြေတွေကိုတော့ အကုန်မဖေါ်ပြပေးတော့ပဲ အရေးကြီးတဲ့ တစ်ခုလောက် ဖတ်ကြည့်ဗျာ။

လက်ရွေးစင် ကစားသမား တစ်ယောက်အနေနဲ့ အခုလို မျက်နှာလွဲ ခဲပစ်လုပ်ခံရတဲ့အပေါ်မှာ ဘယ်လိုခံစားရသလဲ။
ခံစားရတာပေါ့ဗျာ။ တစ်ခါမှ ကျွန်တော် အဲဒီလိုမျိုး မကြုံဖူးဘူး။ ကစားသမားတစ်ယောက်အနေနဲ့ ဒီလိုမျိုး မဖြစ်သင့်ဘူးလို့ထင်တယ်။ ဒီလိုမျိုး ရန်ကုန်ပြန်ရောက်လာတာ ဘုရား စောင့်ရှောက်လို့ပါ။

တဲ့။ အော် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဖြစ်ရတဲ့ဘဝကလည်း မလွယ်ပါလား ကျောင်းဒကာ။ ဘုရားသာ မစောင့်ရှောက်ရင် သေချာတယ်၊ ငါထင်တာ သေချာတယ် ဆိုတဲ့ လူရွှင်တော်တွေရဲ့ ပျက်လုံးလိုဖြစ်နေပြီဗျာ။ ဘယ်သူ့မှာ တာဝန်ရှိသလဲ မပြောတတ်ပေမယ့် ဟိုလူကြီးရေးတဲ့ ဟိုသီချင်းကိုပဲ အော်အော်ပြီး ဆိုလိုက်ချင်တယ်ဗျို့။

ဒို့ မြန်မာ ဂုဏ်ဆောင်အားကစားသမားများသည်
အမိ နိုင်ငံတော်ကို ကျေးဇူးဆပ်ရမည်
မျိုးဆက်သစ်တို့ အားမာန်ဝင့်ကာချီ….
ဘယ်.. ညာ.. ဘယ်..ညာ…။

လှည်းတန်းခုံးကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်း စပြီ (မြို့တော်သတင်း)

ဝေ့မနေတော့ဘူးဗျာ။ လိုရင်းကိုသာ ရေးလိုက်တော့မယ်။ သိပြီးပြီဆိုရင်လည်း ကျော်ဖတ်သွားကြပါဗျာ။

နဝတ ခေတ်ကတည်းက ဆောက်မယ်ဆောက်မယ်နဲ့ သတင်းကြီးခဲ့ပြီး အခုအချိန်အထိမဆောက်ဖြစ်သေးတဲ့ လှည်းတန်းခုံးကျော်တံတားကြီးကို မတ်လ ၁၂ ရက် က စတင်ဆောက်လုပ်ပြီ ဖြစ်ပါတယ်တဲ့။

လှည်းတန်း ခုံးကျော်တံတား ကို ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက တာဝန်ယူတည်ဆောက်မှာ ဖြစ်ပါတယ်။
တံတားပုံစံထုတ်ခြင်းနှင့် ဒီဇိုင်းရေးဆွဲခြင်းအား အမေရိကန် နည်းပညာကိုအခြေခံ၍ (Tylin International Pte, Ltd, Singapore) မှ ရေးဆွဲပြီး၊ ယဉ်ကြောသွားလာမှုအများဆုံး သွားလာသောလုပ်ငန်းများကို အင်္ဂလန်နည်းပညာအခြေခံသော (Traffic Engineering ကုမ္ပဏီ) မှ ဆောင်ရွက်ပေးပါတယ်။
တံတားအမျိုးအစားမှာ သံမဏိ၊ သံယက်မနှင့် သံကူကွန်ကရစ်တို့ဖြင့် တည်ဆောက်မည်။
တံတားအရှည်မှာ ၂၄၆၆ ပေ။
တံတား လူသွားလမ်းအကျယ်မှာ တစ်ဖက်လျှင် နိုင်ငံတကာအဆင့်မီ ၄ ပေစီထားသွားမည်။
စုစုပေါင်းအကျယ် ၅ဝပေ နှင့် ၈ လက်မ ရှိမည်။
ခုံးကျော်တံတားတည်ဆောက်ပြီး တံတားအောက်ခြေကင်းလွတ်အမြင့်မှာ ၁၈ပေ ထားရှိပြီး ယဉ်တစ်စီးခြင်း ခွင့်ပြုအလေးချိန် တန် ၆ဝ ခံနိုင်ကြောင်းနှင့် တည်ဆောက်မည့်ကာလ ၄ လခန့် မှန်းထားပါတယ်။
လှည်းတန်းခုံးကျော်တံတားတည်ဆောက်တဲ့နေရာမှာ ပြည်လမ်းတစ်ခုတည်းကိုသာ တံတားထိုးပြီး အင်းစိန်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ လှည်းတန်းလမ်းတို့သည် ယခင်ပုံစံအတိုင်း ရှိနေမည်ဖြစ်သည်။

အဲဒါလေးဗျာ။

52 comments

  • ခိုင်ပစ်ကို ဟာသလုပ်ပြီး၊
    ဝင်းပစ်ကို သဘောကျတော်မူပါတဲ့ …
    ဦးဘလက်ချော ခင်ဗျာ … 😀

    ကျန်တဲ့ဟာတွေတော့ ကျနော် သိပ်မသိပါဘူး၊ ဒါပေမယ့် မန်ယူမှာ ဖာဂူဆန် ရှိနေသရွှေ့ ဇယား ထိပ်ဆုံးနေရာဟာ သူတို့အတွက် တောင်းတိုင်း မပြည့်တဲ့ ဆုတစ်ခု မဟုတ်ပါဘူးဗျာ ..
    ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံ အဖြေဟာ ရင်ခုန်စရာ ဖြစ်နေပါပြီ …

    ပဲခူးက ရွှေမော်ဓော ဘုရားကြီးရဲ့ ဒါ့ပုံက ဦးဘလက်နဲ့ တွေ့မှ ပိုရသမြောက်သွားသလားပဲ …
    ဒုတိယ ပုံလေးကိုတော့ အကြိုက်ဆုံး .. မိုးလေးက ညို့ညို့ … ငှက်လေးတောင် ပါသေး .. ဟေးဟေး (ဦးဘလက် ရီသံ) 😀

    ကျနော် လာသောက် သွားတယ်နော် ….. 😀

    • ချစ်တတ်သူ

      March 17, 2012 at 7:53 pm

      ခိုင်သင်းကြည်တင်ပစ်တုံးက ခံစားလို့ရသေးတယ်
      အခု မိုးဟေကိုနဲ့ အေသင်ချိုဆွေကမှရွံစရာကောင်းတာ
      ဘာတဲ့ …အိုးအိုး ဂွတ်တဲ.လေ..Birthday ကြော်ငြာမှာလေ
      အိုးစုတ်တွေကိုများကြောငြာနေတာ..

  • amatmin

    March 14, 2012 at 3:53 pm

    ကိုဘလက်ရဲ့ စီယာတိုင်မပါတဲ့ ကားလေးကို လက်ဖက်ရည်လေးသောက်ရင်း ထိုင်စီးသွားပါတယ် ..
    သတင်းတွေက စုံလွန်းတော့ ဘာဆို ဘာမှပြောတတ်တော့ဘူးဗျာ..
    ဒါပေမဲ့ ကိုမင်းကိုနိုင် နဲ့ မန်ယူကိုတော့ လက်ခုပ်တီးအားပေးပါ၏..
    ပြီးတော့ ထုံးစံအတိုင်း လက်ဘက်ရည်ဖိုး လက်မလေးတချောင်းပေါ့.. 🙂

  • ရွာစားကျော်

    March 14, 2012 at 3:59 pm

    tea ဝင်ဆွဲသွားပါတယ် ဘဘဘလက်ရေ
    တေးရေးတေးဆို ဒေါက်တာ သံသာဝင်းရဲ့ သီချင်းလေး
    အပြေးနားထောင်လိုက်ဦးမယ်..

  • MaMa

    March 14, 2012 at 4:06 pm

    ကော်ဖီခါးခါး မဟုတ်ပဲ…….
    ရသစုံကော်ဖီ ဖြစ်နေပြီ။
    ကျောင်းဒကာလို့ ဖတ်လိုက်ရတိုင်း……
    တီးတိုင်း ပိုင်ရှင်ကို နေရာတကာမှာ လိုက်ကြပ်တတ်တဲ့ ကိုမှိုကိုပဲ မြင်နေမိတယ်။ :mrgreen:
    ဘွဲ့ ပေး လို့ ကျေးဇူးးးးးးးးးး အထူးးးးးးးးးးးးးးး

  • kyeemite

    March 14, 2012 at 4:09 pm

    ကိုဘလက်ချော..ဒီတစ်ခေါက်လဘက်ရည်ချိန်ကစော
    အကုန်မသောက်နိုင်သေးလို့..နောက်မှတစ်ခေါက်ထပ်သောက်မယ်..

  • weiwei

    March 14, 2012 at 4:38 pm

    ဒီတစ်ပတ် လက်ဖက်ရည်နဲနဲပြင်းတယ် … သောက်ပြီး ရင်တုန်သွားတယ် …
    ပန်းနုရောင်ခြသေ့င်္ကြီးက ချောတယ်နော် …. 😛

  • pooch

    March 14, 2012 at 4:44 pm

    ကိုဘလက်ရေ ကျောင်းသားတပ်မတော်မှာ ဖြစ်ခဲ့တဲ့ အကြောင်းတွေကို အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ သေတဲ့သူတွေ ပြန်မရှင်နိုင်ပေမဲ့ သမိုင်းတခုကို အမှန်အတိုင်း ကျန်ခဲ့အောင် လုပ်ပေးစေချင်ပါတယ်။

    လက်ဖက်ရည် သိပ်မကြိုက်ပေမဲ့ ကိုဘလက်ရဲ့ လက်ဖက်ရည်နဲ့တွေ့မှ အရသာကောင်းမှန်းသိသွားတော့တယ်။

  • FattyCat

    March 14, 2012 at 5:03 pm

    ဦးဘလက်ရဲ့ လက်ဘက်ရည်က တိုုင်ကီထင်တယ်…
    သောက်လိုုက်တာ ဗိုုက်ထဲမှာ တင်းသွားတာပဲ…
    ကျေးဇူးဗျား….အစစအရာရာ

  • htet way

    March 14, 2012 at 5:17 pm

    ကိုဘလက်ဗျာ
    ကောင်းအောင် ခေါင်းဆောင်ထားလေသလား
    သိပ်ကြိုက်တယ်ဗျာ။ရသစုံတယ်
    ကျုပ်မှာ အပျိုစင်ဘဝကို ….ချစ်စနိုးဦးစကား မျက်ရည်ကျအောင်ရယ်မောထောက်ခံ။
    နောက် .ကျောင်းသားခေါင်းဆောင်ကိုထွန်းအောင်ကျော်….
    နာကျင်ကြေကွဲရသဗျာ။
    ပန်းတနော် အလှူကိုလည်း ထောက်ခံသဗျာ။
    ကဲ ခင်ဗျားရဲ့ အားထုတ်ချက် ကျုပ်က လေးစားစွာ သေချာဖတ်ခဲ့ ခံစားခဲ့တယ်ဗျာ။
    နေအုံး ဘယ်လို တင်ပါးဝိုက်တာလည်း ကျူပ်တို့ သမာဓိပျက်အောင်တော့ မလုပ်နဲ့ မလုပ်နဲ့
    မော်ဒန်ကဗျာနှစ်ပုဒ်ကိုပြန်ဖတ်ပြီး..ရင်တုန်သလို အသက်ရှုကြပ်သလိုလို ဖြစ်သွားပါတယ်။
    ကိုဘလက်ကျန်းမာပါစေ။
    ( စာကြွင်း) ခင်ဗျား စစ်ကိုင်းလမ်း ဆိုပြမယ့် အကြွေးရှိသေးတယ်နော်)

    • MaMa

      March 14, 2012 at 6:58 pm

      နားထောင်ချင်ရင် ပန်းတနော် အလှူကို ကြွခဲ့ပါ ဆရာထက်ရေ။
      လမ်းခရီးမှာ ကိုချောနှင့် ဝါသနာတူသူများက ဖျော်ဖြေရေး အစီအစဉ်အဖြစ် ဧည့်ခံဖြစ်ကြလိမ့်မယ် ထင်တယ်။

  • လင်းဝေ

    March 14, 2012 at 5:20 pm

    အလှု့ရှင် ဘုရားဒကာ တရားမထောက်တော့ပါဘူး ဆိုပေမယ့် ဓမ္မမိတ်ဆွေတွေအချင်းချင်းဆိုတော့ မှားတာလေးမြင်မိရင် ဒိဌိမဖြစ်စေချင်လို့ နည်းနည်းတော့ ထောက်မယ်နော်။
    ရေဗက္ကာ လှုပ်တာတော့ မိုက်သလားမမေးနဲ့၊ ကိုယ်လည်းကြည့်မိပြီးမှ သူ့အဖေက ကိုယ်နဲ့ ကျောင်းမှာ အဝင်အထွက်ဆုံဖူးတယ်။ ဓမ္မမိတ်ဆွေတွေပဲဆိုပါတော့ဗျာ။(သူ့အဖေကတော့ ကိုယ့်ထက်အသက်အများကြီး ကြီးပါကြောင်း)။ အဲဒီမှ သူက ဘာကချင်သွေးမှ မပါဘူးဆိုပဲ။ ကိုရွှေကတော့ နုသလားမမေးနဲ့ ဒါတောင် နှုတ်ကြမ်းအာကြမ်း မိန်းမနဲ့ရသွားလို့ ( !@##$%!# ) ။ နောက် စစ်ကိုင်းဈေးမီးလောင်တာမဟုတ်ဘူးဗျ။(ဖွ လွဲပါစေ) ကသာဈေးမီးလောင်တာ ဝန်းသိုက ကား မှောက်တာဗျ။ မီးသတ်ကားတွေမှာ ရေအလေးချိန်နောက်က ပါလာတော့ အပြင်းမောင်းတဲ့အခါ အကွေ့တွေမှာ ဒီလို မှောက်တတ်တာပေါ့။ မီးသတ်ကားကို ရေမပါပဲမောင်းလာပြီး မီးလောင်ပြင်ရောက်မှ နီးရာ ရေငုတ်ကထည့်ရတာ သီအိုရီပဲ ဒါပေမယ့် ရေငုတ်မရှိတဲ့တိုင်းပြည်မှာ ရေမပါလာတဲ့မီးသတ်ကားကို မြန်မာလူထုက ဝိုင်းသမတတ်တော့….။ ဖိုးသံချောင်းတို့ မြောက်ပိုင်းကိစ္စကတော့ အရှင်းကြီးပါဗျာ။ ဒလံတွေက ဝင်ပြီး မွှေခဲ့တာနေမှာပေါ့။ အဲဒီ ဒလံတွေ အခုတော့ အဖေပျောက်ပြီး အပြီး ဝင်ပူးနေကြတယ်ထင်ပါရဲ့။ အလှူ့ဒကာ လက်ဘက်ရည်ဆရာကြီး လျှောက်လျှောက်ပြောမနေနဲ့ တရားစွဲခံရမယ်။ ဗွက်ဂျာနယ်ကိုတော့ အဲဒီသတင်းဖွလို့ ဆိုပြီး သတ္တုတွင်း က တရားစွဲမယ်တဲ့နော်။ မန်းဂေနဲ့ ဒကာဘလက်ပါ အမှုတွဲခံသွားရမယ်။ ကြည့်လုပ်။ နောက်ဆုံး တရားဝင်ထောက်ချင်စိတ်အဖြစ်ဆုံးကတော့ ရွှေမော်ဓောဘုရားက ခြင်္သေ့ပါဗျာ။ ဓါတ်ပုံကိုခံစားရလို့မဟုတ်ဘူးဗျ။ အဲဒီ ခြင်္သေ့ကို လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ဘယ်အရောင်ဘယ်လိုသုတ်လို့ ညွှန်ကြားခဲ့ဖူးလို့ပါ။ အခုသုတ်ထားတာက လည်ပတ်ရွှေရောင်တွေကို အနီပတ်ထားတာ ဆေးမကောင်းလို့ ကြာတော့ ပန်းရောင်ဖြစ်ပြီး ဆေးပျံ့နေတာနေမှာပေါ့လေ။ ခြင်္သေ့တစ်ကောင်တစ်ကောင် ဆေးကုန်တာမနည်းဘူး။ ခိုတဲ့သူလည်း ခိုမှာပေါ့လေ။ ကိုယ်တွေ့မှာတော့ ဆေးတွေကုန်လို့ များလှချည်လား မှတ်ချက်ချမိတဲ့သူကို ပြန်ကြားတာစေတာက ခြင်္သေ့ကိုဆေးသုတ်နေတာ ကြွက်ကိုသုတ်နေတာမဟုတ်ဘူးဆိုပဲ။
    ဘာပဲဖြစ်ဖြစ် အလှု့ဒကာရေ အားလုံးထုတ်နှုတ်ပြတာကောင်းပါသဗျား။ ဓမ္မသာလာမှာ ကပ္ပိယကြီးရယ် ကိုရင်လေးရယ်နဲ့အတူ တွေ့ကြသေးတာပေါ့။

  • kotun winlatt

    March 14, 2012 at 6:06 pm

    ကိုဘလက်ရေ …
    ညနေပိုင်း ချိုပေါကျလေး ဝင်ဆွဲသွားတယ်…
    ကော်ဖီမှုန့်များရောသွားသလားးမသိဘူးဗျ..
    ရင်တုန် ပန်းတုန်ပဲ..
    ဒါနဲ့ ပြောရဦးမယ်ဗျ…
    စစ်ကိုင်းမြို့မဈေး မီးလောင်တာ ဟုတ်ဘူးနော်..
    ကသာမြို့မဈေး မီးလောင်လို့ ဝန်းသို မီးသတ်သမားနှစ်ယောက်
    သေဆုံးသွားရတာပါ.. တော်ကြာ မမှန်သတင်းဖော်ပြမှုနဲ့
    ကိုဘလက်ကို တရားစွဲနေမှာစိုးလို့ပါ..
    ဒါတွေကလည်း ခေတ်စားနေတယ်မဟုတ်လားဗျ….
    ဆက်ဆွဲပါဦး..ချိုပေါ့ကျရေ.. အဲလေ..
    ကိုဘလက်ရေ ….။

  • ခပ် KING ကင်း

    March 14, 2012 at 7:43 pm

    မရောက်တာကြာပေမယ့်
    ပေါ့စိမ့်တော့ လာသောက်သွားပါ၏
    ကိုဘလက်၏ သတိထားမိသော စကားဆိုပြီး
    စာရေးစဉ်တောအတွင်း သတိထားမိသော စကားလေးများဆိုတဲ့ကဏ္ဍလေးလဲ သုံးဆောင်ချင်မိပါ၏
    လေးစားစွာဖြင့်
    ညီငယ် မင်းကောင်

  • windtalker

    March 14, 2012 at 8:09 pm

    ကဲ တံတားဒါယိကာ
    သတင်းတော့ ရပြီ ၊ ပုလင်းဘဲကျန်တော့တယ်
    ဒီတစ်ခါ အုတ်ကျစ်ကျော်အေး ကို ရောက်မှ
    မြစိမ်းရောင် ရွာစား နဲ ့ပို ့မယ်ဗျ ။

  • ဦးဦးပါလေရာ

    March 14, 2012 at 9:00 pm

    စကားဝိုင်းကကောင်းတော့
    ဈေးပွဲတော်တွေကိစ္စလဲ တခွန်းလောက်တော့ ဝင်ထောက်ချင်သေးရဲ့။
    ဈေးတွေမှာဈေးသည်တွေကို အခွန်အခ အရပ်ရပ်ကောက်ပြီးသားဖြစ်ပါရက်နဲ့
    ဌာနဝင်ငွေ မဆိုစလောက်လေးရဘို့၊ ဌာန တာဝန်ရှိသူတွေမျိုးမျိုးမြက်မြက်ရဘို့
    ဈေးသည်တွေကိုချနင်း(သတ်)ပြီး
    ဈေးတွေနားမှာ ဈေးပွဲတော်တွေလုပ်တာ
    ဘယ်လိုစိတ်ဓါတ်စိတ်ထားမျိုးမှန်း ပြည်သူတွေ နားလည်ကြရပါတယ်။
    ကိုယ့်အိတ်ထဲ ပိုက်ဆံဝင်ရင်ပြီးရော-
    ဘယ်သူ့နစ်နာနာမနာနာ၊ ဘယ်ကျင့်ဝတ် ပျက်ပျက်မပျက်ပျက်… လို့သဘောထားသူတွေ
    အစိုးရဌာနများမှ ပပျောက်ပါစေလို့သာ………။

  • ဦးဦးပါလေရာ

    March 14, 2012 at 9:14 pm

    ကိုဘလက်ရေ-
    တောင်ဒဂုံမြေကွက်တွေကိစ္စကြားရတော့
    ဒီလောက် ကိုယ်ချင်းမစာတဲ့လူတွေ ရှိသေးတယ်ဆိုတာ
    ဒီလောက်တရားမဲ့တဲ့သူတွေ ရှိသေးတယ်ဆိုတာ
    မယုံနိုင်အောင်ဖြစ်မိပါတယ်..။

    အစကတည်းက မူလဒေသခံတွေရဲ့ဘဝတွေကို မျက်နှာလွှဲခဲပစ်စတေးပြီး
    မြို့ကွက်တွေဖေါ်၊
    ပြီးတော့ လူနေ မြို့ရွာအင်္ဂါရပ်တွေဖြစ်တဲ့
    မြေဖို့တာ၊ မြေနိမ့်မြင့်ညှိတာ၊ ရေဆင်းမြောင်းတွေ တည်ဆောက်တာ
    ရေဆိုးထုတ်စံနစ်၊ လမ်း၊ တံတား၊ စတာတွေ တည်ဆောက်တာ ဘာတခုမှမလုပ်ပဲ
    စာရွက်ပေါ်မျဉ်းဆွဲပြီး မျက်နှာလွှဲခဲပစ် ချထားပေးခဲ့တယ်။
    အခုတခါ ဆယ်စုနှစ်နှစ်ခုနီးပါးကြာမှ တည်ငြိမ်တဲ့ဘဝတွေကိုထပ်စတေးပြီး
    အထူးစိုက်ပျိုးရေး စီမံကိန်းလုပ်ဦးမတဲ့….
    အထူးစိုက်ပျိုးရေးစီမံကိန်းကြီးနှစ်ခါလည်လောက်မှာ
    စက်မှု့ဇုံ၊ ဘာဇုံ ညာဇုံ အသံပေးပြီး
    အကွက်ရိုက်ရောင်းဦးမှာလား…. လို့ကြိုနိမိတ်မဖတ်တော့ပါဘူး…။

    လုပ်စားလို့ကို မပြီးနိုင်တော့ဘူးလားဗျာ…. 🙁

  • ဦးဦးပါလေရာ

    March 14, 2012 at 9:19 pm

    ကိုဘလက်ရေ-
    ဘုရားစောင့်တဲ့ ပန်းရောင်ခြင်္သေ့ကြီးက တော်တော်လှသဗျာ..။
    ဖက်နမ်းလို့မမီအောင် တော်တော်ကြီးလို့ တော်သေးတာပေါ့…… 😛

  • padonmar

    March 15, 2012 at 1:52 am

    ကိုဘလက်
    ချိုပေါ့ကျက နည်းနည်းပြင်းလာပြီ။
    ကော်ဖီခါးခါးနဲ့ လက်ဖက်ရည်ရော(တိုက်တိုက်က စင်္ကာပူခေါ်တယ်တဲ့) ဖြစ်နေပြီထင်တယ်။
    ကြယ်ကြွေသတို့သားက တာရာမင်းဝေနာရေး မင်းကိုနိုင် အထဲတစ်ခေါက်မရောက်ခင် ရေးခဲ့တာထင်ပါတယ်။
    ၂၀၁၂ မှာပြန်ဆန်းသစ်ပေးထားတာပေါ့။
    သံသာဝင်းလေးတော့ နားထောင်ကြည့်အုံးမယ်။
    ဇွန်စီ ခိုင်သင်းကြည်ကတော့ လှုပ်ရှားမှုတွေရဲ့ အစဆိုတော့ မလှုပ်တတ်သေးလို့နေမှာပါ။
    ဘုရားဒကာ ဘလက်က ပဲခူးရောက်သွားသေးတာကိုး။
    မဒမ်နဲ့ အတူ ပန်းတနော် အလှူ လိုက်ဖြစ်အောင် ကြိုးစားနော်။
    အိမ်သာအကြွေး ကတော့ ဂျာနယ်တစ်ခုမှာ အဲဒီကိစ္စဖြေထားတာတွေ့လိုက်မိတယ်။ဒါကြောင့် သူများဝင်ဆပ်ပေးသွားပြီလို့ သဘောထားလိုက်တော့နော။

  • Khin Latt

    March 15, 2012 at 5:01 am

    ကဘချောရေ
    မျှော်ရတာ တန်ပါပေတယ်။
    ချိုပေါ့ကျ လေးတင်မ က မုန့်မျိုးစုံကိုပါ တနင့်တပိုး စားရတော့တာပါဘဲ။
    ကိုယ်သန်ရာ ကို မှတ်ချက် ပေးရရင်တော့ ……..

    (၁) တင်လှုပ်ခြင်း/ တင်ပစ်ခြင်း
    တင်လှုပ် ကြော်ငြာ ကတော့ ကိုယ်မမြင်ရလို့ မသိဘူး။ အင်တာနက် မှာတွေ့ တဲ့ မော်ဒယ်ပုံတွေ အများစုကတော့ ကော့ကံကား တွေလို့ ပြောရမှာဘဲ။
    အရင်တုန်း က မြန်မာ မင်းသမီးကြီး တွေ ရဲ့ စတိုင် မှာလဲ တင်အလှ ကို အပြတ်ပြကြတာ ကလား။
    ရှေး အနောက်တိုင်း မင်းသမီး ပုံစံတွေကို တော့ မသိဘူး။
    အခု တီဗွီ မှာ ကြည့်ကြည့် နေတယ် အမေဒီကန် Next Top Model တို့၊ အင်္ဂလိပ် Next Top Model တို့လို ပြိုင်ပွဲတွေ မှာတော့ ဓာတ်ပုံရိုက်လို့ တင်ပစ် ပြီး ပို့စ် အပြတ်ပေး နေ လို့ ကတော့ ပြုတ်ပြီဘဲ။
    နောက်ပြီး အိုဗာအိုက်တင်နဲ့ နှုတ်ခမ်းကြီး တွေ စုထော်ပြီး ထား ရင်လဲ ဒိုင်တွေရဲ့ အဟားခံရတယ်။ သူတို့ က သဘာဝ ဟန်ပန် မျက်နှာပေး ကိုဘဲ လိုချင်တာ။
    မြန်မာပြည်က မော်ဒယ် တွေ နိုင်ငံတကာဝင်ဖို့ မှန်းရင် အဲလို ပုံစံတွေ က အလုပ်မဖြစ် တာ ကို သိဖို့ကောင်းတယ်။
    မြန်မာပြည်က မော်ဒယ် တစ်ချို့ဆို ကြည့်ရတာ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလေးတွေ။
    ကော့ကံကား ပုံစံမျိုးမဟုတ်ဘဲ သေသေချာချာ ကျင့်ပေးလိုက် နိုင်ရင် အောင်မြင်ကြမှာ။
    မော်ဒယ် ဆို တင်ပစ် ရမယ်။ နှုတ်ခမ်းကြီးတွေ ထော် ထား ရမယ်လို့ ဘယ်သူကများ အကျိုးပြုပေးခဲ့လဲမသိ?

    (၂) စတီယာတိုင် မပါတဲ့ ကားလေး
    အမ်း ပဉ္စဂံတေးစု က ဝယ်စုထားတဲ့ စိတ်ကြိုက် ကက်ဆက်ခွေ ထဲ က တစ်ခွေပေါ့။
    အခုတောင်ရှိသေး။ စနေနေ့မှ ပြန်ရှာပြီး ဖွင့်နားထောင်ဦးမယ်။ လွမ်းသွားလို့။
    ကဘချော ပြောတာ သဘောပေါက်ပါ၏။
    တကယ်တော့ စတီယာတိုင် မပါတာမှန်ပါတယ်။
    ဒါပေသည့် အဲဒီ စတီယာတိုင် မပါတဲ့ နောက်မှာ သာမာန်မမြင်နိုင်တဲ့ ထိန်းချုပ် ရှိတာကိုမသိကြလို့ပါ။
    စီစီတီဗွီ လိုပေါ့။ ကိုယ်ကမမြင်ဘဲ လုပ်ချင်ရာလုပ်နေတာဟာ ကင်မရာထဲမှာ ရှိနေပါတယ်။
    မလိုလို့ မပြတာဖြစ်ချင်ဖြစ်မယ်။ မှတ်တမ်းကဝင်နေပြီးဘဲ။
    ဒါလေးကို သတိပြု ကြဖို့၊ သတိလေးထားဖို့ လိုတာပါ။
    လှပ သိမ်မွေ့တဲ့ သတိပေးချက်လေးပါဘဲ ကဘချောရေ။
    ဒါထက် ဘူသူ့ကားက နောက်ကလိုက်လာတာလဲ။ လက်နက်ကြီး ထုတ်သုံးလိုက်ကြ မလား။

    (၃) ရဲတိုက်
    အဟမ်း … အဟမ်း … အဟမ်း ….
    ပြောရရင် အဲဒီ ရဲတိုက် ဆိုတာက ထူးချွန်ဆုပေးပွဲမှာ လယ်သာအစနဲ့တိုက်ပုံချုပ် ဝတ် လာတဲ့ သူငယ်လေး မဟုတ်လား။
    သူ့ကြည့်ရတာလဲ ဈေးရောင်းတတ်တဲ့ ပုံဘဲ။ သို့သော် ဒီလို ပူတဲ့ ပြည်မှာ လယ်သာ ကြီး ကြော်ငြာ တာကတော့ လွဲချက်ဘဲ။
    ဟဲဟိုး မှာ လဲသူ့ပုံတွေ တွေ့တော့ ကျွန်မရဲ့ ချစ်သော တူတော်လေး ဂီဂီ နဲ့ တကယ်ဘဲ ဆင်မဆင် အတော်ကြည့်လိုက်ရတယ်။
    သူက မျက်နှာ ဝိုင်းဝိုင်း၊ မောင်ဂီ က မျက်နှာရှည်ရှည် လေးထင်ပါ့။
    မောင်ဂီရဲ့ အရီး ကျွန်မ ကတော့ ကိုယ့်တူတော်လေးကို ကီးနူးဂိ လို့အမည်ပြောင်းပေးမလို့ တွေးနေတာ။ ကီးနူးရိဗ် နဲ့ မတူပေဘူးလား။ (ကိုယ့်ဟာကိုယ် အဲလို ထင်လား မောင်ဂီ) 😆
    အခု အိုသွားတဲ့ ရုပ်တော့ မဟုတ်ပါဘူး။ ငယ်တုန်းကပုံကို ပြောတာပါ။
    လက်ပကျွတ် လေးကြွချိန်မို့ ဒီစကား နဲ့ စိတ်ချမ်းသာစေပြီး မောင်ဂီ တစ်ယောက် မြောက် စေသတည်း။
    (ကီးနူးရိဗ် ကို ကြိုက်ခဲ့ရင်ပေါ့။ 😉 )
    ရဲတိုက်အကြောင်းကို ပြန်ဆက်ရရင် သူ့ကြည့်ရတာ ဒေါ်အောင်ဆန်းစုကြည် ကို အားပေးတာ တကယ်စိတ်ပါလို့လို့ မှန်းမိတာပါဘဲ။
    လူငယ်လဲ လူငယ် ဆိုတော့ သူလုပ်ချင်ရာ အပြင် လုပ်သင့်တာလုပ်တာလို့ ထင်ပါတယ်။
    ကျွန်မကတော့ သူအဲလိုလုပ်တာ အားပေးပါတယ်။
    နောက်တစ်ခါ လယ်သာတိုက်ပုံ ကို မဝတ်တော့ဖို့ ကိုလဲ တိုက်တွန်းလိုက်ပါတယ်။

    (၄) အမျိုးသမီးတွေ ရှေ့ထွက် သီချင်း
    အမျိုးသမီးတွေ ရှေ့ထွက် သီချင်းကို Facebook ထဲ မှာ သိသိခြင်းကို တင်လိုက်ပါတယ်။
    ကျွန်မ အနေနဲ့ ကတော့ ပထမဆုံး နားထောင်ရခြင်း ဖြစ်ပြီး အလွန်အားရမိပါတယ်။
    ကျွန်မ ဝန်းကျင်မှ သူများ လဲ အဲဒီ သီချင်းကို ဝိုင်းပြီး လိုက်ကြ၊ ရှယ်ကြပါတယ်။ သူတို့လဲ နားထောင်ပြီးပုံ မရကြဘူး။ ကျွန်မက Youtube link ကို ရှာတင်လိုက်တာပါ။
    ဒီလိုဝေမျှ ပေးလို့ ရယ်၊ ကျွန်မတို့ အမျိုးသမီးတွေ ဘက်က ရပ်ပေးတာရယ် တွေကြောင့် ကဘချောကို အလွန်တရာမှ ကျေးဇူးတင်ပြီး လေးလဲလေးစားပါတယ်။
    ကဘချော ပြောတာကို ထောက်ခံပါတယ်။
    ရွာသူ တွေဟာ ဒီရွာတည်စ ကထဲ က ကို အများမြင်သာအောင်ကို ထက်ထက်မြက်မြက် ရှိကြတာ ကျွန်မ သတိထားမိပါတယ်။
    သူတို့ ရေးတဲ့ စာတွေမှာ လူသားချင်း စာနာ ထောက်ထားမှု တွေပါတယ်။ အားပေးမှု တွေပါတယ်။ ဒီအချက်က အမျိုးသားတွေထက် သိသာစွာ အားသာတဲ့ အချက်ပါဘဲ။
    ဒီအတွက် ကျွန်မ သူတို့ ကိုယ်စားဂုဏ်ယူပါတယ်။
    ကျွန်မလဲ သူတို့နဲ့ ရွာအညီအမ တွေ ဖြစ်လိုက်ရတာကို ပျော်ရွှင် ကျေနပ်လို့ မဆုံးပါဘူး။
    ဒါဟာ မှန်သောစကားပါ။ 😀

    (၅) သန္တာလှိုင်နဲ့ အင်တာဗျူး
    နောက်ကြုံရင် သူ့ရှေ့ ကဖြတ် လျှောက်ကြည့်လိုက်ဦးမယ်။ အဟိ

    (၆) ပန်းနုရောင်ခြသေ့င်္ တွေ ကိုကြည့်ရင်း ကိုယ့်ရွာကို အတော်လွမ်းသွားပါကြောင်း ပြောရင်း ရပ်လိုက်ပါပြီ။

    မနေ့ကဖတ်ခဲ့တဲ့ သူကြီး ရဲ့ အဲလစ် ရဲ့ အဖိုး ရဲ့ ပြောတဲ့ အိုင်းစတိုင်းရဲ့ “အောင်မြင်မှု ဖော်မြူလာ ထဲက တစ်ခု z ဆိုတာကတော့ ပါးစပ်ကို ပိတ်ထားတာပဲ” ဆိုတာကို သတိရ လိုက်တာမို့ပါ။ 😉

    ခြောက်ခွက်မြောက် ကို စပြီး ချဉ်ခြင်းတပ် နေပါပြီ ကဘချော ရေ့။
    မြန်မြန်လေးဗျိုး …. 🙂

    • inz@ghi

      March 15, 2012 at 6:34 am

      ဘယ့်နှယ့် ရေခဲတိုက် ကသများနဲ့ တူရပါသလဲကွယ်….
      စိတ်ထိခယက်တွားဘီ ….
      ခင်မ်တက်ခ် (kimura_takuya)လောက်ဆို တော်သေး..အာဟိ..

      သများနဲ့ အပြင်မှာ ၃ခါလောက်ဆုံဖူးတယ် ချင့် …
      တူလား …သများ ပုခုံးလောက်ပဲရှိတယ် …အဟတ် …ဂျာပုလေး..

      အရီးလတ်ရေ…
      သများမျက်နှာ တတောင်ေလောက်ရှည်တာ ဟုတ်ပါတယ်ချင့်..
      ဒါပေသိ …ကီယာနူး ရိဗ် တော့ မီလုပ်ပါနဲ့ချင့်…
      ဒီရွာထဲမယ် .. အိုက်ဒလို ဂေး အာ့ထစ်စ် တွေကိုမှ
      ရွေးအားပေးတဲ့ …. မောင်လေးမိုးဂုတ်ဆိုလား ဘာဆိုလားက
      သများကို မီးဒုတ်ရှို့ပါ့မယ်ချင့် ……။
      😀

      အောင်မယ်ငီး … ကြောက်ထှာ …ခုတောင် ဘာဘီကျု လုပ်စားမယ်ပြောဦးမလားပဲ..
      ဒက်ဂလုပ်….ဒက်ဂလုပ်….

    • Moe Z

      March 15, 2012 at 11:53 am

      အရီးရေ ကီနူးဂိမဟုတ်ဘူး ကီလားလေးဂိ
      သူ့ကိုယ်သူအရပ်ရှည်ကြောင်းကြွားတာကိုပဲ စိမ်းပေးသွားတဲ့သူကရှိသေး အံ့ပါ့
      မြန်မာစကားပုံတစ်ခုရှိတယ် ဘာကောင်းတော့ ဘာလှဆိုလား 😆

      ဘဘ ဘလက်ရေ လက်ဖက်ရည်မကြိုက်လို့ ကော်ဖီလို့သဘောထားပြီး
      သောက်သွားတယ် မုန့်တွေကလည်းစုံပါ့ နေ့လည်စာတော့လွတ်ပြီ 😀

      • inz@ghi

        March 15, 2012 at 12:07 pm

        တွေ့တယ်မလား အရီး …
        မောင်လေးမိုးဂုတ်က … တူ အားပေးတဲ့ ဂေးအာ့ထစ်စ် တွေထိရင်
        မရဘာဘူးရှို….

        အော်….ရယ်…
        မောင်လေးမိုးဂုတ်..
        အဝှာမကောင်းလို့ အဝှာ မလှမှာ တွေးမိပြီး သနားထှာကွယ်…
        ထုံးစံအတိုင်း ပေါ့ နော… စီးနေကျ ၆လက်မဒေါက်လေးပါ
        ထည့် ချ လိုက်လေ …. စုစုပေါင်း ၅ပေ၂လောက် ဖြစ်သွားတာပေါ့…သွပ်သွပ်…
        😛

        အရပ်တိုတာ ၆လက်မဒေါက်နဲ့ ဖြေရှင်းလို့ ရပေမယ့်…
        အသက်တိုတာတော့ မကောင်းဘူးကွယ့် …..
        အသက်ကိုဉာဏ်စောင့်ပါတယ် ခေးရယ်.. အစာကို အချိန်နဲ့ အချိန်စားပါ..
        ဘာဘီကျု လည်းလျှော့စားပါ အူမဂျီးကင်ဆာ ဖြစ်တတ်သကွဲ့….

        ပုံ
        အင်အင်း မပါနိုင်တဲ့ရောဂါ နဲ့ ..ဂျေပီလေး ….စောစောစီးစီး ကြွသွားမှာ ..စိတ်ပူနေတဲ့
        ကီနူးဂီ့ဗ်

        • Khin Latt

          March 16, 2012 at 4:35 am

          မင်း က သိပ်စိတ်မှန်ပုံ မရဘူး တူတော်လေး။
          တော်ကြာ အရီးတော် ကတစ်ခုခု ပြောလိုက် ရင် “ဟို pixel က တွေးရင် ဘယ်လို တကယ် မြင်ရင် ဘယ်ပုံ နဲ့” ဆိုပြီး Post တစ်ခု ဖြစ်သွားဦးမယ်။
          ဒီတော့ ဒီနေရာမှာ အိုင်းစတိုင်းကြီး ရဲ့ပါးစပ်ပိတ်ထား တဲ့ ဇီ နည်းကိုဘဲ သုံးတော့မယ်။
          မပြောတော့ဘူး။ မပြောတော့ဘူး။ ပြောကို မပြောချင်တော့ဘူး။ 😉

          စိတ်အထိခိုက် တွားနဲ့နော်။ ခင်လို့ စတာ။
          လက်ပကျွတ် အသစ်မရသေးသ၍ ဒီရက်မှာ သိပ်ပြောလို့ မဖြစ်ဘူး။ 😀

  • inz@ghi

    March 15, 2012 at 8:17 am

    တင်ပစ်မှု ….
    မပြောလိုပါဘူးဂျာ …
    ပစ်နိုင်သူတွေ ပစ်ကြဘာစေ…
    စကားမစပ် ရဲဘက်ကဝင်း လေးက
    ဩဇီရောက်သွားပလားဗျာ….
    အော်…ရယ်..
    ဘိရုမာ ဆယ်လစ်ဗျစ်တီတွေ ခုနောက်ပိုင်း
    အော်ဇီ ကို အတော် မျက်စိကျပုံရတယ် …အဟတ်…..
    http://www.xe.com/ucc/convert/?Amount=1&From=AUD&To=USD
    အော်ဇီ ၁ဒေါ်လာက ကန် ၁ဒေါ်လာ ထက် တန်ဖိုးရှိတာနဲ့များ ဆိုင်မလားမသိ…

    ဆြာ ရွှေဂျော်ဂျော်ကို ကျနော် အလွန်နှစ်သက်ပါတယ်ဗျာ…
    နောက်ထပ် ကျနော် နှစ်သက်တဲ့ တေးရေး ၁ယောက် ပြောပါဆိုရင်..
    ကိုငဲ သီးချင်းကောင်းလေးတွေ ရေးစပ်ခဲ့တဲ့ …ကဗျာဆြာ သော်ဒီဝေပါပဲ…

    ကိုဘလက်ရေ မတူးချင်ဘူးလားဗျ…. တေးရေးနဲ့ တေးဆို တွေကြား အစပ်အဟပ်လေးတွေ
    ဦးလွှမ်းမိုး-ဆူး
    ကိုညီထွဋ်-ကိုထွေး
    ကိုလေး-ကေအေတီ
    ကိုငဲ-သော်ဒီဝေ
    ဝိုင်ဝိုင်း-ကိုမြင့်မိုး..
    ဇော်ပိုင်-ငယ်ဆူးသစ်
    အော်ကရာ(ငယ်ဆူး)-ထွန်းခဏ်
    အများကြီး ရှိသေးရဲ့နော….

    ကိုမင်းကိုနိုင် ကိုတော့ ….မျက်နှာကိုကြည့်ယုံနဲ့တင်
    နွေးထွေးတဲ့ ရင်ဘတ်ကို မြင်တွေ့ရသူမို့ လေးစားကြည်ညိုပြီးသားပါဗျာ…

    ခန့်စည်သူ ဘာဘွဲ့ရတာတော့ စိတ်မဝင်စားဘူးဗျ…
    စိတ်ဝင်စားတာ …ပြည်သူပေးတဲ့ အော်စကာရတဲ့ ဝိုင်းပဲ ….

    ဟိုရေခဲတိုက်ဆိုတဲ့ ကောင်နဲ့တော့ မတူပါရဇေနဲ့ဗျာ…
    အနုပညာရှင် ဆိုရာဝယ် …ဆန်း ဆိုတာ အတော်လေး အခရာ ကျသကိုးဗျို့…
    ဒီငတိကို ကျနော် စသိတာ ၂၀၀၂ ကမာ္ဘ့ဖလား တဝိုက်လောက်ထွက်တဲ့
    လိုက်ဗ်စတိုင်လ် မဂ္ဂဇင်း ရန်ကုန် ဖက်ရှင် ဆိုတဲ့ကဏ္ဍပေါ့ဗျာ…..
    ဒါ့ပုံ မော်ဒလယ် ဆိုပါတော့…
    အော်. …ရယ်…
    ၁ဝနှစ်တောင် ကြာခဲ့ပြီတမုံ့ ….
    သူ့ခမျာ..ဒီအနေအထားတခု ရောက်ဖို့ ၁ဝနှစ်တောင် ပေးဆပ် ဖြတ်သန်းခဲ့ပြီးပါပကော..
    ဒီငတိထောင်တဲ့ ဖောင်ဒေးရှင်း ဆိုတာ ..လေလွင့်လူငယ်ဖောင်ဒေးရှင်းဗျို့….
    ခေါင်းစဉ်က ဆင်ဆာ မလွတ်လို့ ရေးခွင့်မရဘူး မှတ်တယ်….. (အော်ရယ် …ဦးဖွတ်ကျားရယ်…)
    အရွယ်နဲ့ မလိုက်အောင် လေးစားစရာကောင်းတဲ့ ဂျာပုလေးမို့….
    ဘာ ဘာသာ…ဘာလူမျိုး .. ဘာကိုးကွယ် …ဘာဝါဒ သမား …
    မေးစရာမလိုအောင် ကြည်ညိုပြီးသားပါဗျို့ ….
    ဟုတ်တယ်လေ သူရောကျနော်ပါ မြန်မာနိုင်ငံသား မဟုတ်ပါလားဗျာ…

    သံသာဝင်း ကိစ္စတော့ မသိဘူးဗျ…
    သူ့ အသံကို သိပ်မကြိုက်လို့ သူ့သီချင်း နားမထောင်ဖြစ်တာလည်း များပါရဲ့….
    အမျိုးသမီးတွေကို နေရာပိုပေးလာကြတာတော့ မတ်တပ်ရပ် လက်ခုတ်တီးပါရဲ့ဗျာ…
    ဖြစ်သင့်ပါတယ်…

    ကိုလေး အင်တာဗျူး ကတော့ မှတ်ချက်ပေးစရာ မရှိကြောင်းရယ်ပါ…
    (အန် …နင်က မရှိလည်း ရေးတာပဲလား … အာဟိ)

    မောင်မျိုးမင်း(ရေတွင်းပျက်) အဲ့လေ …(ရင်တွင်းဖြစ်)
    ဘာလဲကွာ ….. ဗိုလ်ချုပ်အကြောင်း ပဲ အရင် ပီပြင်အောင်
    ရိုက်ကြပါဦး …တခြားဟာဒွေ နောက်မှလုပ်ကြပါ…
    ခွီးတဲ့မှ ဘဲ …ညည်းတို့ဟာ…. ၃ကျိတ်တွေ ရှစ်ရှစ်တွေ …နောက်မှပြော..
    ကိုယ့်အဖေအကြောင်း ကိုယ် အရင် ပီပြင်အောင် ချယ်မှုန်း …
    ဒါဗျဲ…

    ဆွေမျိုး ကိစ္စကတော့
    ချဉ်ထှာအေ ….
    ထုံးစံအတိုင်း…

    ဈေးချိုပွဲတော် ကိစ္စကတော့ ဉာဏ်မမီပါကြောင်း..

    ချစ်စနိုးဦး ကိုတော့ ….အဟမ်း ….
    မပြောဒေါ့ဘာဘူးဂျာ …
    အော်…. ၂၀၀၃ ကို လွမ်းသား ….လိပ်ခုံးမှာလေ…ဂိုက်တာ ၃ချောင်းနဲ့လေ…
    ဘာမှမီဟုတ်တော့ဘာဘူးဂျာ… ဒက်ဂလောက် ဒက်ဂလောက်…

    ခိုင်နှင်းဝေ နဲ့ သန္ဒာလှိုင် ကိုတော့ တားတားတို့အရွယ်ဝတ် မဟုတ်လို့
    အားမပေးပါကြောင်း ….

    နိုင်ငံရေး ကိစ္စတွေကိုတော့ ဖတ်ရှုသွားပါကြောင်း..
    နိုးကွန်းမန့် ဖြစ်ပါကြောင်း…

    မြေကွက်ကိစ္စကတော့ မီးဒုတ်ဗျို့….
    ၉၄ ငွေ၂သောင်း ဘယ်လောက်တန်သလဲမသိပေမယ့်
    သေချာတာတော့ ရွှေဈေး ၁သိန်း မကျော်သေးတာပဲ ….
    မြေဆိုတာ ရွှေထက် အတက်ကြမ်းတာမို့ ….
    အင်ဖလေးမ်ရှင်းနဲ့သာ ဇယားဆွဲကြည့်မယ်ဆို ….အင်း …
    စကားမစပ် ကိုသစ်ကို လွမ်းထှာဗျာ…

    ဒေးဗစ်ထန်းရေ ….
    စိတ်မကောင်းဖြစ်ရတယ်ကွယ်….
    ဒါမျိုးတွေ နောက်မကြုံပါစေနဲ့နော…
    ဆုတောင်းပေးသွားပါတယ်ဗျ…

    ဆောက်လုပ်ရေး ကိစ္စ
    ၄လနဲ့အပြီး ဆိုဗျ…
    မမီရင် တောင်းပန်မယ်ဆိုဗျ….
    အဟတ်အဟတ်…..
    ဟုတ်ကဲ့ ..တောင်းလည်း မပန်ပါနဲ့ ဇကောလည်း မရွက်ပါနဲ့…
    ကျုပ်တို့ ၄လ ဆိုတဲ့အချိန် ကန့်သတ်ချက်ကြီးလည်း မထားပါဘူး..
    ကောင်းအောင်လုပ်ကြတာပဲဗျာ ….. သင့်တင့်တဲ့
    အချိန်ကာလလေး တခုအတွင်းပြီးရင် ပြီးတာပါပဲ ….
    နေ့ချင်းညချင်း စလုံးနဲ့ တူဖို့လည်း မပြောပါဘူး …
    ကိုယ့်အိုးကိုယ့်ဆန်ပေါ့ဗျာ ….

    ဗွက် မီဒီယာ ကို တရားစွဲမယ်တဲ့ …
    အဟတ်….
    လုပ်ကြ လုပ်ကြ …ကိုယ့်လူတို့ …
    သတ်ကြ သတ်ကြ …
    စကားမစပ် …
    အမေပြောတော့ ဂလိုဆို…
    http://mizzimaburmese.com/news/inside-burma/9112-2012-03-14-17-12-45.html
    ချဉ်ထှာအေ….

    အင်း နိဂျုံးလေး ဂုတ် ဦးမှ…
    တနေ့က ကျုပ်တို့ စီအီးအို အနားယူသွားလို့
    (ကျုပ်တို့တော ပြောင်းလို့) ဘိုင့်ဘိုင် ပါတီလေး လုပ်တယ်ဗျ…
    နှုတ်ဆက်စကား အနေနဲ့ ဘိုးတော် က ၁ခွန်းပဲပြောသွားလေရဲ့….
    အိုင်လက်ဗ်ယူ တဲ့…..
    (ဘိုကြည့်လေသံငှားပြောရရင်)
    အနှီ အိုင်လက်ဖြူ က အတော် အရေးကြီးတာကလား ….
    ချစ်ဖို့ လိုပြီခည …. ချစ်မှ ယုံမယ် ယုံမှ ကိုးစားမယ်…
    ဘစ်ဇနက်ဆိုတာ ယုံကြည်မှု နားလည်မှု ကို အခြေခံ
    တည်ဆောက်မှ မြဲမယ် မဟုတ်လားဗျာ ….
    အော်…..
    ကိုယ့်လူမျိုးအချင်းချင်း မချစ်ကြတဲ့ သူတွေ ဒီတရားတွေနာစေချင်ထှာ…
    အမေကလည်း မေတ္တာထားပါတယ်…. အဘိုးကလည်း မေတ္တာထားခဲ့ပါတယ်..
    ဆြာကြီး ဒဂုန်တာရာ ကလည်း ရန်သူမရှိပါဘူးတဲ့ …ခင်ဗျားတို့ကျုပ်တို့
    သိပ်ချစ်ကြတဲ့ ကိုငှက်ကလည်း ချစ်ခြင်းအားဖြင့် တဲ့ …

    ဟုတ်ကဲ့ …ချစ်ပါတယ်ဗျာ..
    ခင်တဲ့
    ဂီ

    • Khaing Khaing

      March 16, 2012 at 1:52 pm

      လေးလေးဘလက်ရေ…. လက်ဖက်ရည်တိုက်တာကျေးကျေးပါ မီးမီးက လက်ဖက်ရည်ကော်ဖီ မကြိုက်ပါဘူး …. ဒါပေမယ့် လေးလေးတိုက်တာဆိုတော့ နည်းနည်းပါးပါးဝင်သောက်သွားတယ် မုန့်တွေအများကြီးခံစားထားတယ် ရင်တုန်မှာစိုးလို့ ……….

      ၁. ခါသင်ကြည် အဲ ခိုင်သင်းကြည် အဲကြော်ငြာမှာစပြီး သူနံမည်လေးတက်လာသလားလို့ပါ ….
      ၂. ရေဗက္ကာဝင်းရဲ့ (နမော်နမဲ့) သိပ်ကိုကြိုက်ခဲ့ရတဲ့သီချင်းလေးပေ့ါ ….. Love is accident ….
      အဲနေရာလေးမှာ အဆိုနဲ့ အိုင်တင်တစ်အားမိတယ်…..
      ၃. ဆရာတာရာမင်းဝေ ရဲ့ သင်းကွဲသူများ – ၂ ကဗျာ အရမ်းကောင်းတယ်ချင့် ….
      ၄. အော် တိုတိုဂီ အကြောင်းပါလာပြန်ပေ့ါလေ အဲဟုတ်ပါဘူး ရဲတိုက် နှလုံးသားထဲကရဲတိုက် အကြောင်းပါလား …. ရဲတိုက်ကိုမကြိုက်ပါဘူး သူက အောက်ခြေကနေတက်လာတဲ့မင်းသားတဲ့ ငကြောင်မင်းသားလို့လည်းခေါ်ချင်တယ် …. သူနဲ့ ဟိုကြောင်ဖွေးဖွေးနဲ့ ရိုက်တဲ့ကြော်ငြာတစ်ခုဆို ခေါင်းလျှော်ရည်တောင် ဝယ်လျှော်ချင်စိတ်မရှိဘူး ဆံပင်တွေက ဂြိုဟ်တုကေနဲ့လေ….. ဂီက ရဲတိုက်နဲ့တူသလို အာဇာနည်နဲ့တူသလိုပါပဲ …. ဒါပေမယ့် ဂီကရဲတိုက်ထက်တော့ ပိုပြီး ………..Kit Kit
      တိုတိုဂီ မြန်မာလိုဖတ်လို့ရတဲ့နေရာမှာ တစ်ခါတည်းပြောမယ်နော် …. ဟိုအကြောင်းကိုလာပြောပြီး ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ မီးမီးက အင်္ဂလိပ်လိုမကျွမ်းသလို မြန်ဂလိ တွေလည်းသိပ်မဖတ်တတ်ဘူး …. မပြောချင်ရင်လည်းလာမစနဲ့ … မီးမီးက တိုတိုဂီအကြောင်းကိုလိုက်မစုံစမ်းအားဘူး ပြောချင်ရင်ရှင်းရှင်းပြော… ဒါပဲ …. တိုတိုဂီကို ရဲတိုက်နဲ့တူတယ်လို့ ပြောတဲ့သူတွေများပါစေ….
      ၅. သံသာဝင်း သူနဲ့ကငယ်ငယ်ကရေကူးသင်တန်းတက်တုန်းကတော့ တွေ့ဖူးတယ် သူ့အသံကိုလူတော်တော်များက မကြိုက်ကြဘူး သတ္တိတော့ရှိသား သူနဲ့အဆိုတော်ကောင်လေးပေါ်တင်တွဲနေတာလေ…. မီးမီးဆိုသူများအကျကြီး ……..
      6. ဟယ်…. လေးဖြူက ဒီနှစ်ရန်ကုန်မှာလား …. သူရန်ကုန်မှာရှိရင် စိတ်ထဲပျော်သလိုပဲ သူတို့အဖွဲ့ တောင်ကြီးတက်ဖျော်ဖြေရင် ရန်ကုန်သင်္ကြန်က ဟာတာတာကြီးဖြစ်သလိုခံရတယ်…
      ၇. ရွှေရည်သိန်းတန်အိမ်မှာ အဲသလိုရေးထားရင် မီးမီးတို့အိမ်မှာ ဒီလိုရေးထားတယ် ဒါကမီးမီးကိုယ်တိုင်စဉ်းစားပြီးရေးထားတာနော် ”ကျွန်ုပ်ဒုက္ခရောက်ခဲ့စဉ် သင်ဘာကူညီခဲ့ပါသလဲ…. ကျွန်ုပ်အားကူညီခဲ့သော သင့်ကို ပြန်လည်ကူညီနိုင်အောင် ကျွန်ုပ်ကြိုးစားမည်” ကောင်းစားချိန်မှာ လာပြီးချေးငှားမယ့် ဆွေမျိုးမိတ်ဆွေများအတွက်ပါ….
      ၈. ချစ်စနိုးဦး သူကအဲလိုပြောတယ် ဟုတ်လား…. အဟိ… အဟိ….

      လေးလေးမီးမီးစိတ်ဝင်စားတာတွေပဲ ကောက်နုတ်ဖတ်သွားတယ် …. နိုင်ငံရေးကျတော့လည်း သိပ်မဝေဖန်တတ်ဘူး……

      ခင်မင်ရင်းနှီးစွာဖြင့်
      Khaing Khaing

  • ကြောင်ကြီး

    March 15, 2012 at 10:34 am

    ရွာထဲမှာ ကြောင်ကြီးဖင်လှုပ် လျောက်ပြလိုက်တာ ရွာသူအပေါင်းက ဗဲရီးဆက်စီဆိုပဲ..။ အော်မေ့ဂိုဏ်းဆြာကြီးတွေတောင် ပါလိုက်သေး… ဖြစ်နေဒါ ဖြစ်နေဒါ…..

  • inz@ghi

    March 15, 2012 at 12:17 pm

    ပြောရဦးမယ် ဘဘဘလက်ရေ…

    ခုတလောဗျာ …
    ဆံပင်ဘုတ်သိုက်နဲ့ အရပ်ပုပုဂင်တိုတို
    အသားဝါဖျော့ဖျော့ လူရိုင်းမလေး တစ်ယောက်က
    ကျုပ်ကို ဘာဘီကျု လုပ်စားဖို့ ဓါးနဲ့လိုက်တယ်လို့ချည်း
    အိပ်မက်မက်နေသကိုး…..
    ကြောက်ထှာ ….

    အရဂါးစတာ ..
    လာမယ့်စနေ (၂၀၁၂။၃။၁၇) နာဂိုယာ သွားဘီဗျို့…..
    ဘယ်ဆီဘယ်ဝယ်ရောက်နေတယ် မသိတဲ့ ကိုသစ်ကြီးကို
    တွေ့ဖြစ်အောင် သွားတွေ့မယ် မှတ်တာပဲ ….

    တွေ့မယ်သာပြောရတယ်…လိပ်စာတွေ ဖုန်းနံပါတ်တွေ သိဝူးရယ်…
    အွန်လိုင်းတွေ့ရင် မေးထားပေးပါဦးနော…

    ခင်တဲ့
    ကီနူးဂီ့ဗ်

  • ဆူး

    March 15, 2012 at 12:58 pm

    သောကြာသား မဟုတ်တာ သေချာရင် ဘာနေ့သားလဲလို့ မှတ်သားထားချင်လို့ပါ။
    တော်တော် အချိန်ပေးဖတ်ရ.. အဲ အချိန်တော်တော် ယူပြီး ရေးထားတာပဲနော်။

  • chel gyi

    March 15, 2012 at 2:23 pm

    ဘုရင့်နောင် လမ်းဆုံ မှာလည်း ခုံးကျော်တံတား စီမံကိန်းစနေပြီဗျ…..FMI trading နဲ့အကျိူးတူ

  • blackchaw

    March 15, 2012 at 2:35 pm

    @ အံစာတုံး ;
    လဖက်ရည်လာသောက်သွားတာ ကျေးဇူးပါ အံစာတုံးရေ။
    နောက်လည်း လာသောက်လှည့်ပါ နော့။ :mrgreen:

    @ amatmin ;
    ထုံးစံအတိုင်း လက်မလေးတစ်ချောင်းထောင်သွားတာ
    ကျေးဇူးပါ ညီလေး အမတ်မင်းရေ။ :mrgreen:

    @ ရွာစားကျော် ;
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ရွာစားကျော်ရေ့…။ :mrgreen:

    @ MaMa ;
    ပန်းတနော်မမ အတွက် ကော်ဖီခါးခါး ပေါ့ဗျာ။
    ဒီ့ထက်ပိုစုံအောင်အားထုတ်ထားပေမယ့်
    ဖတ်သူတွေ ပျင်းမှာစိုးတာနဲ့ တော်တော် များများ ဖြတ်ချထားခဲ့တာပါ။
    သတင်းနဲ့ ဆိုင်တဲ့ ဓါတ်ပုံလေးတွေပါ တင်နိုင်အောင် ကြိုးစားနေပါတယ်။ :mrgreen:

  • chel gyi

    March 15, 2012 at 2:40 pm

    စီမံကိန်းဧရိယာနဲ့ မလွတ်လို့ တိုက်ခန်းတော်တော်များများ ဖယ်ပေးရမှာတဲ့ ……..ဆိတ်ညစ်နေကြတယ်ဗျို့

  • blackchaw

    March 15, 2012 at 2:45 pm

    @ kyee mite ;
    အေးအေးဆေးဆေး ဖတ်ပါ ကိုကြီးမိုက်ရေ။
    တစ်ခါတည်းတော့ ဒီလောက် အများကြီး ဘယ်ဖတ်ချင်ပါ့မလဲ။
    ကိုယ်ချင်းစာပါတယ်။
    ခေါင်းစဉ်လေးတွေကြည့်ပြီး စိတ်ဝင်စားတာကို ဝင်ဖတ်တာ အကောင်းဆုံးပါဗျာ။
    :mrgreen:

    @ weiwei ;
    ဒီတစ်ခေါက် ပေါ့ပ် သတင်း နည်းသွားတယ်ဗျာ။
    တတ်နိုင်သလောက် မျှဖတ်နိုင်အောင် ကြိုးစားနေပါတယ်။
    ဟုတ်ပါတယ်၊ ပဲခူးရွှေမော်ဓေါက ခြသေ့င်္ကြီးတွေက
    တခြားဘုရားတွေရဲ့ ခြသေ့င်္တွေနဲ့ မတူပဲ
    ပိုသစ်လွင်ပြီး ပိုကြည့်လို့ကောင်းတယ်လို့ ထင်ရပါတယ်။ :mrgreen:

    @ pooch ;
    ကျေးဇူးပါ ပုချ်ရေ။ ပို့စ်မတင်တာ ကြာနေပြီလားလို့။
    ရေးပါဦးဗျ။ ပရိသတ်တွေက တောင်းဆိုနေကြပြီ။ :mrgreen:

    @ FattyCat ;
    အစစအရာရာအတွက် ကိုယ်ကလည်း ကျေးဇူးပြန်တင်ပါတယ် ညီလေးရေ။
    :mrgreen:

  • blackchaw

    March 15, 2012 at 3:01 pm

    @ လင်းဝေ ;
    ကျေးဇူးပါ ကိုလင်းဝေကျော်ရေ။
    ဂျပန် မသွားခင် ဘီယာလေး သောက်ကြဦးစို့…။
    ဘီယာသောက်ရင်းနဲ့မှ လူကြီးမင်းတွေရဲ့
    သောက်ချိုးမပြေမှုတွေကို တစ်တစ်ခွခွ ဆဲရင်းဆိုရင်း ဆွေးနွေးကြတာပေါ့။
    ဒီထဲပါတဲ့ သတင်းတွေက မြန်မာပြည်မှာ တရားဝင်ထုတ်ဝေခဲ့ပြီးတဲ့
    ဂျာနယ်တွေ သတင်းစာတွေထဲက သတင်းတွေပါခင်ဗျာ။
    တတ်နိုင်သလောက်တော့ မူရင်းအတိုင်းမဖေါ်ပြပဲ ကိုယ်ပိုင်အာဘော်လေးပါအောင်
    အားထုတ်ထားပါတယ်။
    သတ္ထုတွင်းက ဗွိုက်စ် ကို တရားစွဲမယ်ဆိုရင် မြို့တော်သတင်းစာကိုလည်း တရားစွဲရလိမ့်မယ်ဗျ။
    ဒီတစ်ပတ် ကျွန်တော် ခရီးသွားနေလို့ ဗွိုက်စ် ဂျာနယ် မဝယ်ဖြစ်လိုက်ဘူး။
    အဲဒါကြောင့် ဗွိုက်စ်ထဲမှာ အဲဒီသတင်းလေး ပါတာ မသိလိုက်ပေမယ့်
    ကားပျက်လို့ သွားပြင်တဲ့ ဝပ်ရှော့မှာ တွေ့တဲ့ မြို့တော်သတင်းစာ ထဲမှာ ဒီသတင်းကို
    တွေ့လို့ သတင်းစာကို တောင်းလာပြီး ပြန်ရေးပေးလိုက်တာပါ။
    နောက်တစ်ပုဒ်အမှားဖြစ်တဲ့ စစ်ကိုင်းမြို့မဈေးကလည်း
    အော်ရီဂျင်နယ် ဂျာနယ်က ကို မှားထားတာဗျ။
    အဲဒီတော့ ဂျာနယ်ဖတ်ရေးတဲ့ ကျွန်တော် မပြင်တော့ဘူးဗျာ။
    တော်တော်ဆိုးတဲ့လူတွေ ကသာဈေးကိုတောင် စစ်ကိုင်းဈေးဖြစ်အောင်ရေးကြတယ်။
    နေဦး တွေ့တော့မှ ….။ :mrgreen:

  • blackchaw

    March 15, 2012 at 3:08 pm

    @ Htet way ;

    သယ်ဆောင်ရန် အိတ်လည်းပြင် ယဉ်မြန်ကိုစီး
    ခရီးထွက်ဖို့တို့လာနေပြီလေ…..

    ပန်းတနော် ခရီးထွက်တော့မှ ဆိုပြမယ်ဗျာ။
    ခိုင်ထူးဆိုသလို နှာသံလေးနဲ့ ကြိုက်လား…။
    စိုးလွင်လွင်ဆိုသလို အာခေါင်သံလေးနဲ့ ကြိုက်လား…။
    ဆို… ပြ …ဦး…. မှာ။ :mrgreen:

    @ kotunwinlatt ;
    ကျေးဇူးပါ ကိုထွန်းဝင်းလတ်ရေ။ အဲဒီသတင်းက ဂျာနယ်ထဲမှာကို မှားနေတာဗျ။
    သေချာပြန်ကြည့်ပြီး ပြင်သင့်ရင် ပြင်ပေးပါ့မယ်ဗျာ။ ပြောပြပေးတာကျေးဇူးပါ။
    :mrgreen:

    @ King ;
    ညီလေးရေ။ တတ်နိုင်သလောက် ရသအစုံပါအောင်ကိုယ်ကြိုးစားနေပါတယ်။
    ညီလေးက ပေါ့စိမ့်ကြိုက်တော့လည်း ပေါ့စိမ့်ပေါ့။
    :mrgreen:

    @ windtalker ;
    မြစိမ်းရောင်ရွာစားနဲ့ ပို့မယ်ဆိုတာ Green Label ကိုပြောတာလားဟင်င်င်င် ? :mrgreen:

  • blackchaw

    March 15, 2012 at 3:15 pm

    @ ကိုပါလေရာ ;
    ဈေးချို ဈေးပွဲတော် ကိစ္စကတော့ ဈေးသည်တွေကို
    ပြန်သတ်သလိုဖြစ်နေတယ်ဆိုတာ သေချာပါတယ်ဗျာ။
    သူတို့ ရောင်းအားမြှင့်ရမယ့်အချိန်ကျမှ သူတို့ကိုသတ်သလို
    ဈေးပွဲတော်လုပ်တာ မလုပ်သင့်ပါဘူး။ အေးလေ သူတို့က ရဲတွေကိုး…။
    စိုက်ပျိုးရေးစီမံကိန်းကိစ္စကလည်း
    ကျွန်တော်တို့ နိုင်ငံလောက်မြေလွတ်မြေရိုင်း ပေါတာ ဘယ်မှာ ရှိမလဲဗျာ။
    ဖေါ်ထုတ်ပြီး လုပ်ပါလေ့။ ဘယ်နှယ့်သူများမျက်ရည်ပေါက်ကြီးငယ်ကျမှ
    လုပ်ရမယ့်အလုပ်မျိုးကို သူတို့မို့ လုပ်ရက်ကြတယ်။ အေးလေး သူတို့ကလည်း ရဲတွေပဲကိုး။
    ရွှေမော်ဓေါက ခြင်္သေ့နှစ်ကောင်ရဲ့ ဥပဓိရုပ်ကတော့
    တကယ်ကောင်းတာပါ။ သတိမထားမိကြတာလေးတစ်ခုပြောဦးမယ်ဗျာ။
    ခြင်္သေ့နှစ်ကောင်ရဲ့ ပါးစပ်ထဲမှာ ကိုယ်တော်အရုပ်လေးတစ်ရုပ်တွေ့တယ်ဗျ။ ပြန်ကြည့်ကြည့်ပါ။
    :mrgreen:

  • kai

    March 15, 2012 at 3:29 pm

    ကိုထိန်လင်းရေးတာကနေ.. အဲဒီမြောက်ပိုင်းအေဘီဖြစ်ခဲ့တာတွေ.. ပြန်ပေါ်ကုန်ပြီး.. တကမ္ဘာလုံးက မြန်မာတွေလှုပ်လှုပ်ရှားရှားဖြစ်သွားတာပေါ့..
    သူစရေးတာက.. “ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က” တဲ့..
    နောက်မှ.. “ကျွန်တော် လူကက်ဆက် “ထွက်လာတာ…

    အဲဒါတွေထွက်ပြီး မေးလ်တွေထဲ.. ဆဲကြ..တိုက်ကြ..ရိကြ..ထိကြနဲ့..စာပလူတွေပျံနေတာပဲ..။

    အဲ.. သူ့(ပန်းချီထိန်လင်း)မှာ.. ဝက်ဘ်ဆိုက်ရှိတယ်..။ အဲ.. သူတို့ဆိုပါတော့..။ အနုပညာဝါသနာပါသူတွေစုထောင်ထားတာတဲ့..။
    http://www.kaungkin.com/

  • blackchaw

    March 15, 2012 at 3:40 pm

    @ မပဒုမ္မာ ;
    အစ်မရေ။ ပဲခူး တင် မဟုတ်ဘူးခင်ဗျ။
    ကျိုက်ထီးရိုးအထိရောက်ခဲ့တာပါ။
    မဒမ်ဘလက်ကတော့ ပန်းတနော်ကို လိုက်နိုင်လိမ့်မယ် မထင်ဘူး ခင်ဗျာ။
    လဖက်ရည် နည်းနည်း ပျင်းသွားတာ သတိပြုမိပါတယ်။
    အကျရည် လျှော့ထည့်နိုင်အောင် ကြိုးစားပါမယ်ခင်ဗျာ။
    :mrgreen:

    @ MoeZ ;
    လဖက်ရည်ဆိုင်မှာ ကော်ဖီဝင်သောက်သွားတာ ကျေးဇူးပါ မိုးစက်ရေ။
    :mrgreen:

    @ ကြောင်ကြီး ;
    ကိုကြောင်ကြီး တင်လေးကို မမြင်ဘူးသေးတော့ ဆက်စီဖြစ်မဖြစ်
    မပြောနိုင်သေးဘူးဗျို့။
    အို လိမ္မော်သီးလေးလို ဇွန်စီ ဟာတကယ်ကိုကောင်း
    ဆိုပြီး တင်လေး ပစ်ပစ် ပြရင်တော့ ….
    :mrgreen:

    @ ဆူး ;
    သောကြာသားမှ စကားများတယ်လို့ မြန်မာတွေက သတ်မှတ်နေကြလို့
    သောကြာသားမဟုတ်ဘူးလို့ ပြောလိုက်တာပါ။
    အမှန်ကတော့ ကျွန်တော် ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး ရေးထားတဲ့ ပို့စ်ပါ။
    သေချာတာတစ်ခုကတော့ ကျွန်တော့် တိုက်ပင် စပိဒ် က အံ့ဩဘွယ်ကောင်းလောက်အောင်
    တိုးတက်လာခဲ့တယ်ဗျာ။
    ကြိုပြောထားတယ်နော်။ ကျွန်တော် သောကြာသားမဟုတ်ပါဘူးလို့……..။ :mrgreen:

    @ chel gyi ;
    အော် နောက်ထပ် မျက်ရည်ကျရဦးမယ့်သူတွေ ရှိနေသေးတယ်ပေါ့နော်။ :mrgreen:

  • blackchaw

    March 15, 2012 at 4:05 pm

    @ Khin Latt ;
    အစ်မရေ။ မျှော်ရတာတန်တယ်ဆိုလို့
    ရေးရကျိုးနပ်ပါတယ်ခင်ဗျာ။ စိတ်ရှည်လက်ရှည်ပေးတတ်တဲ့
    ကွန်းမန့်လေးတွေအတွက် ကျေးဇူးပါ အစ်မရေ။ :mrgreen:
    ၆ ခွက်မြောက်ကို ကျွန်တော်လည်း စဖျော်နေပါပြီ အစ်မရေ။
    :mrgreen:

    @ ဂီဂီ ;
    နာဂိုယာရောက်ရင် ကိုသစ်ကို
    ရှာဖြစ်အောင် ရှာပါဗျာ။
    ဒီမတ်လထဲမှာ ရန်ကုန်ကိုလာမယ်ပြောပြီး လုံးဝပျောက်နေပါတယ်။
    မရောက်သေးတာလား။ ရောက်သွားပြီးပြီလား။ သိချင်နေပါတယ်။
    တေးရေးနဲ့ တေးဆို အတွဲတွေ အတွက်ဆို
    ကိုညီထွဋ်နဲ့တွဲရမယ့် တေးရေးက ကိုမင်းချစ်သူကြီးကလွဲလို့
    ဘယ်သူမှ မဖြစ်နိုင်ပါဘူး ဂီဂီရေ။

    သူဘယ်မှာလဲ သတိရနေတယ်
    တစ်ခါတစ်လေတော့လည်း လွမ်းမိပါတယ်
    ပြီးဆုံးခဲ့ အဖြစ်အပျက်တို့ အသစ်ဖြစ်ဖို့
    မလွယ်ကူတာမှန်ပေမယ့်……………..

    ဆိုတဲ့ ရည်းဇားဦးဇာတ်လမ်း ကနေ
    ဂန္တဝင်စိမ်းတို့
    ကန္တာရခရီးသည်တို့
    ဒါဟာအချစ်တဲ့လားတို့
    ကိုယ်ကတော့ ကိုမင်းချစ်သူရေးတဲ့ ကိုညီထွဋ် သီချင်းတွေက
    ကိုညီထွဋ် ရဲ့ အောင်မြင်မှုကို ပိုခန့်ညားခဲ့စေခဲ့သလားလို့။
    ဘာပဲဖြစ်ဖြစ် နာဂိုယာရောက်ရင် ကိုသစ်ကိုရှာဖြစ်အောင်ရှာပါ။
    ကိုယ့်မိတ်ဆွေကြီးတစ်ယောက်လည်း ဂျပန်လာဖို့ရှိတယ်ဗျာ။
    သူ့ကိုလည်း ဂျပန်ရေချိုးနည်းလေးဘာလေး သင်ပေးလိုက်ပါဦး။
    သူက ရိုးရှာတယ်။ :mrgreen:

    @ kai ;
    သူကြီးရေ။
    Kaungkin Magazine လင့်လေးအတွက်ကျေးဇူးပါဗျာ။
    အဲဒီကိစ္စလေးတွေ အကြောင်း သူကြီးသိထားတာလေးတွေကိုလည်း
    ပြောပြပါဦးဗျာ။ ဗဟုသုတ ရတာပေါ့။ :mrgreen:

    • kai

      March 15, 2012 at 11:52 pm

      ဗကပတွေရိုးမမှာဖြစ်သွားတာထက် ပိုဆိုးတယ်ထင်မိတယ်..
      အောက်က လင့်ခ်မှာ သွားဖတ်ကြည့်ပါ..။ စံနစ်တကျ..မှတ်တမ်း လုပ်နေပုံရပါတယ်..။

      http://88daun88.blogspot.com/
      စိစစ်ဝေဖန်ဖို့ကတော့ ..ပို့စ်သပ်သပ်တင်မှရမယ်..။

  • blackchaw

    March 15, 2012 at 4:31 pm

    ပန်းချီထိန်လင်းရေးတဲ့ ကျွန်တော် လူကက်ဆက် ဆောင်းပါးကို
    သူကြီးပေးထားတဲ့ လင့်
    http://www.kaungkin.com/
    မှာ သွားဖတ်နိုင်ပါတယ်ခင်ဗျာ။
    ဖတ်ကြည့်ထားတော့လည်း မအဘူးပေါ့ခင်ဗျာ။
    http://www.kaungkin.com/index.php?option=com_content&view=article&id=676:2011-12-25-22-46-42&catid=37:2009-04-17-01-30-25&Itemid=64
    မှာလည်း ဖတ်နိုင်ပါတယ်ခင်ဗျာ။
    အချိန်လေးနည်းနည်းပေးပြီး ဖတ်သင့်တယ်လို့ အကြံပေးပါရစေ။

    • MaMa

      March 16, 2012 at 6:16 am

      “ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က” ဆိုတဲ့စာကို ဖိုရမ်မှာတွေ့တုန်းက ဘာမှန်းမသိပဲ ဝင်ဖတ်ကြည့်ပြီးကာမှ တော်တော်စိတ်ဆင်းရဲသွားတယ်။
      အခုပေးတဲ့ လင့်ခ်တွေကို ဖတ်လည်း ဖတ်ချင်တယ်။
      ဖတ်လည်း မဖတ်ချင်ဘူး။ 🙁

  • blackchaw

    March 15, 2012 at 8:00 pm

    ကိုလင်းဝေကျော်နဲ့ ကိုထွန်းဝင်းလတ် ခင်ဗျား
    ကျွန်တော် အသက်ကြီးလာပြီဆိုတာ ဒီနေ့ ဝန်ခံလိုက်ရပါပြီ။
    ဟုတ်ပါတယ်။ ကျွန်တော့် အမှားပါ။
    စစ်ကိုင်း မြို့မဈေး မဟုတ်ပါ။ ကသာမြို့မဈေးပါ။
    ရေးတဲ့လူက စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မဈေးလို့ရေးတာကို
    ဖတ်ပြီးပြန်ရေးတဲ့လူက မမြင်မစမ်းနဲ့ ကသာ ကျန်နေခဲ့တာပါ။
    ပြင်လည်းပြင်ပြီးပါပြီ။
    ခွင့်လွှတ်ကြပါဗျာ။ ကျေးဇူးပါ။ :mrgreen:

  • yaungchikha

    March 16, 2012 at 12:08 pm

    ဦးဘလက်ရဲ့ လက်ဖက်ရည်က တော်တော်ကိုစုံတာပဲ၊ နောက်ထပ်ရေးမယ့် ၆ ကိုလည်းမျှော်နေပါတယ်နော်..

  • Mr. MarGa

    March 16, 2012 at 8:25 pm

    ကဲ ဆိုင်ရှင်ကြီးရေ
    နောက်တစ်ခေါက် လာသောက်ပါတယ်။
    ဒီတစ်ခါ အပြင်းလေးဆိုတော့ နည်းနည်းထိတယ်ဗျ
    နောက်တစ်ခါတော့ မပြင်းမပျော့လေး လုပ်ပါဗျာ

    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ့ပြည်)

  • blackchaw

    March 16, 2012 at 10:13 pm

    @ yaungchikha ;
    လဖက်ရည်ဝင်သောက်သွားတာကျေးဇူးပါ ရောင်ခြည်ခရေ။
    နောက်လည်း ကြုံရင် ဝင်သောက်ပါခင်ဗျာ။
    :mrgreen:

    @ ငှက်ကလေး ;
    အားရပါးရ သောက်သွားတဲ့ အသံကြားလိုက်ရတာ ဝမ်းသာပါတယ်။
    နောက်လည်း အချိန်မရွေးဝင်သောက်နိုင်ပါတယ်ဗျာ။
    :mrgreen:

    @ Mr. Mar Ga ;
    နောက်တစ်ခါ ကိုမာဃ ကြီးအကြိုက်ဖျော်ပေးပါ့မယ် ခင်ဗျာ။
    :mrgreen:

  • blackchaw

    March 17, 2012 at 6:33 pm

    သူကြီးခင်ဗျာ။
    ဒီပို့စ်က တစ်ဝက်လောက်ပဲ ဖွင့်လို့ရပါတယ်ခင်ဗျာ။
    Edit This Page ကိုနှိတ်ပြီး ပြန်ဝင်ကြည့်တော့လည်း
    တစ်ဝက်လောက်ပဲ ရှိပါတော့တယ်ခင်ဗျာ။
    ပြန်ကြည့်ကြည့်ပေးပါဦးခင်ဗျာ။

    • kai

      March 18, 2012 at 6:30 am

      အဲဒီ”တောင်ကြီးဓ ဆိုတဲ့နေရာမှာဆုံးနေတာပဲတွေ့ရတယ်..။
      ဘာဖြစ်သွားတာလည်း မသိ..
      < blockquote> အဲဒီ ကုဒ်က ..တခုခုဖြစ်သွားတာလို့ ထင်တာပဲ..။
      အပိတ်ထည့်ပေးလိုက်တယ်..။ < / blockquote>

      စာဆက်ရှိသေးရင်.. တင်ကြည့်ပါလား..
      မရရင်.. ကော်မန့်နဲ့ပဲတင်ပေးပါနော…

  • anewgenerationbone

    March 19, 2012 at 12:23 am

    သိပ်ကောင်းတဲ့ ပိုစ့်လေးပါဗျာ
    ဒါနဲ့
    အစ်ကို blackchaw က ဘောင်းဘီ ( ခါးဆိုဒ် ) ဘာနံပါတ်ဝတ်ပါသလဲခင်ဗျ ???

Leave a Reply