ပရုပ်လုံးလေးတွေကို ကယ်ကြရအောင်
မနေ့က မုံရွာကမိတ်ဆွေတစ်ယောက် ရန်ကုန်ကိုအလုပ်ကိစ္စနဲ့လာရင်း
ကျွန်မဆီကို လက်ဆောင်ပေးအလည်ရောက်လာပါတယ်။
အလုပ်အကိုင်တွေ အဆင်ပြေရဲ့လားလို့နှုတ်ခွန်းဆက်တော့
ဆရာမရေ အခုထိတော့ ဖုတ်လှိုက်ဖုတ်လှိုက်ပါဘဲ၊
မကြာခင်တော့ လုံးပါးပါးပြီး ရပ်တော့ မယ်ထင်ပါရဲ့လို့ပြောလာပါတယ်။
မိတ်ဆွေက မုံရွာမှာ ဂွမ်းဖတ်စက်နဲ့ မုံရွာစောင်ယက္ကန်းလုပ်ငန်းလုပ်တာပါ။
အထည်ချုပ် စက်ရုံတွေ အလုပ်ကောင်းစဉ်က ကုန်ကြမ်းဖြစ်တဲ့ ဖြတ်စညှပ်စတွေကလည်း ဈေးပေါပေါနဲ့ များများဝယ်လို့ရ၊
မြန်မာပြည်ထဲကလည်း ကျေးလက်တွေမှာ ဒီမုံရွာစောင်တွေအသုံးများ၊ အိနိ္ဒယ ဘက်ကိုတောင် ပို့ခဲ့ရပါတယ်။
အခုတော့ အထည်ချုပ်စက်ရုံအရေအတွက် လျော့သလို ကုန်ကြမ်းကလည်းလျော့လာ တယ်။
ရှားပါးတော့ ဈေးကလည်းပိုပေးရပါတယ်။
လေးပြီးကြမ်းတဲ့ မုံရွာချည်စောင်တွေနေရာမှာ ပေါ့ပြီးလှပတဲ့ တရုတ်စောင်၊ကိုရီးယားစောင် ဆိုတာတွေက အစားထိုးလာပါတယ်။
ဈေးချင်းကလည်း သိပ်မကွာတော့ ပြည်တွင်းရော အိန္ဒိယကိုပါ မထိုးဖောက်နိုင်တော့ပါဘူး။
စားသုံးသူတွေကိုလည်း ပြည်တွင်းဖြစ်ကိုအားပေးပါလို့ ဇွတ်ကြီးပြောလို့မရနိုင်ပါဘူး။
ဟိုအရင် အင်္ဂလိပ်ခေတ်က ဆရာကြီးသိန်းဖေမြင့်တောင်မှ သူ့အမေကို ပင်နီဖျင်ကြမ်းဝတ်ဖို့ ဆွဲဆာင်လို့မှမရခဲ့တာ။
သခင်ပေါက်စဖြစ်တဲ့ သားက ဝတ်ခိုင်းတဲ့ ဖျင်ကြမ်းကို နင်တို့ဖျင်ကြမ်းကြီး မဝတ်နိုင်ပါဘူး၊အိုက်ကအိုက်နဲ့ဆိုပြီး ပဒုမ္မာပိတ်ပါးလေးပဲ ဝတ်တယ်တဲ့လေ။
ဒါပေမယ့် ဒီလိုတစ်ပိုင်တစ်နိုင် ရိုးရာထည်လေးတွေဟာ ရပ်ရွာကလူတွေလည်း အလုပ် အကိုင်ရ၊
ကိုယ့်ယဉ်ကျေးမှု လက်ရာလေးတွေလည်းဖြစ်ဆိုတော့ ပျောက်ကွယ်ဖို့မကောင်းဘူး လို့မြင်ပါတယ်။
ဒီလုပ်ငန်းရှင်တွေဖက်ကလည်း ရှေးရိုးအတိုင်းထိုင်မနေဘဲ ဘယ်လိုလက်ရာကိုဆန်းသစ် မယ်၊
Quality ကောင်းအောင်ဘယ်လိုလုပ်မယ်ဆိုတာ စဉ်းစားသင့်ပါပြီ။
အခုတစ်လောဝမ်းသာစရာမြင်နေရတာ မြန်မာမိန်းကလေးတွေ တော်တော်များများ ချည်ထည်အင်္ကျ ီလုံချည်လေးတွေဝတ်လာကြတာပါ။
အင်္ကျ ီတွေကရင်ဖုံးလေးတွေလည်းပါ၊ ခေတ်ဆန်တဲ့ ဒီဇိုင်းလေးတွေလည်းရှိနဲ့ မရိုးအောင်လှနေပါတယ်။
အမေစုဝတ်ပြနေတာက အဓိကပေါ့။
မော်ဒယ်တွေကလည်း လှအောင်ဝတ်ပြကြပါတယ်။
ပိတ်သား၊ ဆိုးဆေး၊ ဒီဇိုင်းစတဲ့ Quality ပိုင်းတွေလည်းတိုးတက်လာ၊
ဈေးနှုန်းကလည်းသင့်တင့်ဆိုတော့ လူလတ်တန်းစားတော်တော်များများရဲ့ ကိုယ်ပေါ်မှာတွေ့ရ တာဝမ်းသာစရာပါဘဲ။
အစိုးရပိုင်းကလည်း ရိုးရာထည်လုပ်ငန်းတွေကို Subsidize ပေးသင့်ပါတယ်။
Tax Exemption ပေးတာ၊ နည်းပညာပံ့ပိုးပေးတာက အစပေါ့။
နောက်ပြီး နောက်ပေါက်ကနေ ဝင်နေလို့ အစစအရာရာ သက်သာပြီးဈေးလျှော့ရောင်းနိုင်တဲ့ ပြည်ပပစ္စည်းတွေကိုလည်း ထိန်းချုပ်ပေးသင့်ပါတယ်။
ဈေးကွာ ရင် ပစ္စည်းအကြိုက်ကတော့ စားသုံးသူက သူ့ဖာသာရွေးချယ်သွားပါလိမ့်မယ်။
မိတ်ဆွေနဲ့စကားပြောရင်း သူ့ဆီက သဘောကျစရာအချက်ကလေးလည်းတွေ့ရပါတယ်။
သူတို့မုံရွာကစောင်လုပ်ငန်းရှင်တွေ အသင်းလေးဖွဲ့ထားပြီး ကုန်ကြမ်းဝယ်ဖို့ အသင်းသားတွေ အလှည့်ကျ ရန်ကုန်လာပါတယ်။
ရလာတဲ့ကုန်ကြမ်းကို စားရိတ်တွေ တွက်ချက်ပြီးရင် အသင်းသား တွေ အညီအမျှ ခွဲဝေယူကြပါတယ်တဲ့။
စားအတူတူ၊ ငတ်အတူတူဆိုတဲ့ သဘောပါဘဲ။
ရန်ကုန်ကို ကုန်ကြမ်းရှာလာတဲ့အခါမှာ အထည်ချုပ်အသင်းဥက္ကဌက အထည်ချုပ်စက်ရုံတွေကို
ဖြတ်စညှပ်စများ ရောင်းချပေးဖို့ ကူညီပြီးပြောပေးပါတယ်တဲ့။ သူတို့ရဲ့ညီညွတ်တဲ့ စိတ်ဓာတ် လေးကိုချီးကျူးရပါတယ်။
တရုတ်ကလည်း ဒီဖြတ်စညှပ်စတွေ ဝယ်ချင်ပါတယ်။ဘာသုံးမယ်တော့မသိဘူးပေါ့။
ဒါပေမယ့် ရိုးရာလုပ်ငန်းတွေကို ကာကွယ်ပေးတဲ့အနေနဲ့ တရုတ်ဝယ်လက်တွေကို မရောင်းကြဖို့ တိုက်တွန်းထားပါတယ်။
ဒီလို ရိုးရာလုပ်ငန်းလေးတွေ မပျောက်မပျက်ရအောင် ကျွန်မတို့ နိုင်တဲ့ဖက်ကနေ နည်းလမ်းရှာပြီး ဝိုင်းဝန်းကုညီကြပါစို့လား။
79 comments
padonmar
March 19, 2012 at 3:22 am
ဒီလိုမျိုး လုံးပါးပါးပြီး ပျောက်ရတော့မယ့် လုပ်ငန်းတွေ အများကြီး ဖြစ်နေပါပြီ။
ရှိတဲ့ မြေကွက်ရောင်းစားပြီး ထိုင်စားနေတာမှ သက်သာမယ်လို့ တွေးတဲ့သူတွေလည်း တွေးနေကြပါပြီ။
ကြားဖြတ် ရွေးကောက်ပွဲပြီးတဲ့ လွှတ်တော် ကျရင်တော့
ဒို့ လူမျိုး ဒို့ လုပ်ငန်း ဒို့ ရိုးရာတွေကို ထည့် စဉ်းစားပေးကြမယ်လို့ မျှော်မှန်းပါတယ်။
ရွာထဲမှာ အထည်ချုပ်လုပ်ငန်းကျွမ်းကျင်တွေလည်း များတယ်လို့ သိထားပါတယ်။
လောလောဆယ် ပျားတုပ်နေရှာတဲ့ တုံမမ၊
ရွာထဲက ပျောက်နေတဲ့ တန်ပြန်ထောက်လှမ်းရေး ဘီလူးကြီး၊
ကင်မချီ ခွင်ခွင်၊
တုံမမနဲ့ ဖိုက်တင်ပလေးခဲ့တဲ့ မမကြီးတို့ အုပ်စု စတဲ့သူတွေလည်း ကိုယ့်စက်ရုံတွေကို စည်းရုံးပေးကြစေချင်ပါတယ်။
မုံရွာသမားသာမက ပြည်တွင်းလုပ်ငန်းလေးတွေကို ဖြစ်နိုင်ရင် ဦးစားပေးကြဖို့ပါ။
Khin Latt
March 19, 2012 at 3:52 am
အစ်မ ပဒုမ္မာ –
မအိပ်သေးဘဲ နဲ့ကို စာရေးပြီး Post တင်နေတာထင်တယ်။
အဲဒီမှာ အစောကြီးမှ တကဲ့ အစောကြီး ရှိသေးတယ်။
နိုးပြီ ဆိုရင်လဲ Good Morning ပါ။
အခုမှ အိပ်မှာ ဆိုရင်လဲ Good Night ပါ။ 🙂
padonmar
March 19, 2012 at 8:19 am
မလတ်ရေ
အဲဒီအချိန်က Good Night ပါ။
ရွာလည်ချိန်က ည အိမ်ပြန်ရောက်မှဆိုတော့ Post တင်ချိန်က သက်ကြီးခေါင်းချချိန် ကျော်ပြီပေါ့။
အခု Good Morning ပါ။
အလုပ်မသွားခင် နှုတ်ဆက်ပါတယ်။
windtalker
March 20, 2012 at 8:02 pm
ဘလီးဂျူး ဘလူးဂျီး တစ်ယောက်ခင်ဗျာ ။ ခြင်္သေ့မြို ့မှာ သွားရောင် ဝမ်းကြောင်းနေပါပြီ ဖြစ်ပါကြောင်း ၊ သတင်းပို ့သ ခဲ့ပါသည် ။
Khin Latt
March 19, 2012 at 3:48 am
အစ်မပဒုမ္မာ ရေ
နယ်ဖက်က စီးပွါးရေး လုပ်သူတွေမှာ အများစုက အချင်းချင်း စည်းရုံးတယ်။ စည်းစောင့်ပြီး ရိုးသားရိုင်းပင်းကြတယ်။
အခုတော့ မပြောတတ်ဘူးပေါ့။ အရင် ကျွန်မ ရဲ့ အဖိုးအဖွား တွေလဲ ကိုယ်ပိုင်လုပ်ငန်း လေးတွေ လုပ်တာမို့ သိရတာပါ။ အစိုးရက ပံ့ပိုးဖို့ မပြောနဲ့ ကိုယ့် လုပ်ငန်း ကို ကိုယ့်ဟာကိုယ်တောင် လွတ်လွတ် လပ်လပ် မလုပ်နိုင်ဘဲ ဟိုဟာကန့်သတ်၊ ဒီဟာချုပ်ချယ် နဲ့ ဆိုတော့ကာ နောက်ပိုင်း သူတို့လဲ လုံးပါးပါး သွားတဲ့ ပရုပ်လုံး လေးတွေထဲ ပါသွားခဲ့ တယ်။
ကျွန်မ တို့တိုင်းပြည်မှာ နည်းပညာက ဘက်ပေါင်းစုံ နောက်ကျ နေတာပါ။
တကယ်တော့ နည်းပညာ ကို လူတွေက မလိုက်နိုင်လို့၊ မလုပ်ချင်လို့ မဟုတ် တာ သေချာပါတယ်။
နည်းပညာရှာခွင့် တွေကို အားမပေးတဲ့အပြင် ပိတ်ထားခံ ရလို့ပါ။
လူနည်းစု ကသာ လက်ဝါးကြီးအုပ်ပြီး ကိုယ့်ဆိုင်ရာတွေ အတွက်သာ နည်းပညာပံ့ပိုး နေကြတာ မဟုတ်လား။
စိုက်ပျိုးရေးမှာ၊ မွေးမြူရေးမှာ၊ စက်မှုလက်မှု လုပ်ငန်းတွေမှာ ကျွန်မတို့ နိုင်ငံက လူတွေဟာ ခေတ်မှီ နည်းပညာ နဲ့ လုပ်ကိုင်ချင်စိတ်လဲ ရှိကြပါတယ်။
အဲဒါလေးတွေ ကို အများအတွက် ပံ့ပိုးပေးလိုက်နိုင်ရင် နိုင်ငံ မှာ လုပ်စရာ ဈေးကွက်တွေ အများကြီးပါဘဲ။
အလုပ်လက်မဲ့ ပြသနာ လဲ အထိုက်အလျောက် ပပျောက်မယ်။ သူများဆီက တင်သွင်းစရာ မလိုတော့ဘူး။
ကိုယ်က အပြင် ကို တောင် ရောင်းနိုင်မယ်။
ဒီမှာ ဆိုရင် အဝတ်တွေ က မိတ်အင်ချိုင်းနား တင်မက မိတ်အင်ဗီယက်နံ တွေတောင် ရှိလာပါပြီ။
မိတ်အင်မြန်မာ ဆိုတာကိုလဲ မကြာခင် တွေ့ရနိုင်ကောင်းပါရဲ့ လို့ မျှော်လင့်ချင်ပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိလူတွေ သိဖို့၊ ကြားဖို့၊ ပြည်သူတွေ အတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ ဒီလို Post လေးတွေ မီဒီယာ ကောင်းကောင်း လေးတွေက အရေးပါလာပါပြီ။
ဒီ Post လေးအတွက် ကျေးဇူးပါ အစ်မ ပဒုမ္မာရှင့်။
padonmar
March 20, 2012 at 11:40 pm
မလတ်ရေ
ကျွန်မ ပြောပြချင်တဲ့ထဲမှာ အဲဒီ မုံရွာသားတွေရဲ့ ညီညွတ်မှုလေး လည်းပါပါတယ်။ တော်တော်ကို ချစ်ဖို့ကောင်းတဲ့ စနစ်လေးပါ။ဒါကြောင့်လည်း သူတို့ကို ဆက်လက်ထိန်းသိမ်း ရပ်တည်သွားစေချင်တဲ့ စိတ်စေတနာဖြစ်မိပါတယ်။
ဒီတိုင်းပြည်ထဲကလူတွေကို တန်းတူလုပ်ပိုင်ခွင့်လေးတွေ ပေးကြည့်စေချင်ပါတယ်။
padonmar
March 19, 2012 at 8:23 am
မလတ် စိတ်ဝင်တစား မန့်ပေးတာ ကျေးဇူးပါ။
အရင် မီးခိုးတိတ်လုလုစက်ရုံတုံးကလည်း ဒီလို အလုပ်မျိုးတွေ အကြောင်းရေးမိတယ်။
ဂီတို့လေနဲ့ပြောရရင် စိုးမိတယ်၊စိုးရိမ်မိတယ်ပေါ့။
Made In Myanmar တွေတော့ election result ကောင်းရင် လာတော့မယ်ထင်ပါရဲ့။
MaMa
March 19, 2012 at 8:45 am
ယှဉ်ပြိုင်နိုင်ဖို့ အခွင့်အရေးတွေ ပေါ်လာတဲ့အခါမှာ …
ယှဉ်ပြိုင်နိုင်ဖို့ စွမ်းရည်တွေရှိဖို့လည်း …..
ကြိုးစားရဦးမှာပါ။
padonmar
March 20, 2012 at 11:46 pm
မမရေ
ယှဉ်ပြိုင်ဖို့အခွင့်အရေး မပေါ်သေးတဲ့ လောလောဆယ်တော့ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အရည်အချင်းဖြည့်တင်းထားရုံပဲ တတ်နိုင်ပါတယ်။
koaung
March 19, 2012 at 8:39 am
အေးဗျာတနွယ်ငင်တစဉ်ပါ ဆိုသလိုပါဘဲဗျာ လူတိုင်းကိုလဲသာယာဝပြောစေချင်သလို တိုင်းပြည်ကိုလဲထိပ်တန်းကိုရောက်ချင်စေစမ်းပါဘိ သို့သော် လူကောင်းထက်လူဆိုးတွေ
များနေတဲ့ အုက်ချုက်နေတဲ့ နေရာကြီးကဘာလုဎ်လုဎ် လက်ခံနိုင် တင့်တယ်နိုင်ပါ့မလားဗျာ
padonmar
March 20, 2012 at 11:51 pm
ကိုအောင်
အခု ကိုအောင်တို့ ရွာအလှူအတွက် အားဖြည့်ပေးတာမျိုး၊အကြံကောင်းတွေပေးတာမျိုး
ဒီလိုပဲ ပြည်တွင်းအားနဲ့ ပြည်ပအားပေါင်းရင် သူများတွေ တိုင်းပြည် တိုးတက်တာကို မမှီရင်တောင်မှ အထိုက်အလျောက်တော့ အရင်ထက် ပို လှပသာယာလာမယ်လို့မျှှော်လင့်ပါတယ်။
(ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုတဲ့ သူတို့လက်သုံးကြီးကို လည်း ဖျက်စေချင်ပါပြီ)
kyeemite
March 19, 2012 at 9:10 am
အထည်ချုပ်စက်ရုံတွေအလုပ်အော်ဒါ နည်းလာတယ်လို့တော့
ကြားပါတယ်..တိတိကျကျတော့မသိပါ…ဖြတ်စညှတ်စအမှိုက်က
ရန်ကုန်ကဝယ်လက်တွေကိုဘဲရောင်းကြတာများတယ်..
အဲဒီဝယ်လက်တွေက ကိုယ်တိုင်ပြန်သုံးတာတော့မဟုတ်ပါ..
တဆင့်ပြန်ရောင်ကြတာပါ..များသောအားဖြင့်တော့
စက်ရုံပိုင်ရှင်နဲ့ ပလဲနံပသင့်သူတွေကို နှစ်ချုပ်နဲ့ပေးထားတာများပါတယ်
အခြားလူကိုဖေါက်ပြီးရောင်းလေ့မရှိပါဘူး…ကျွန်တော်သိသလောက်ပါ..
အဓိကကဈေးနှုံးပြသနာပါ..တရုတ်တို့ အိန္တိယတို့ကဝင်နေတဲ့
ပစ္စည်းတွေက ဦးပုဒုံမာပြောသလို“နောက်ပေါက်ကနေ ဝင်နေလို့ အစစအရာရာ သက်သာပြီးဈေးလျှော့ရောင်းနိုင်တဲ့ ပြည်ပပစ္စည်းတွေကိုလည်း ထိန်းချုပ်ပေးသင့်ပါတယ်။”
padonmar
March 21, 2012 at 12:06 am
ကိုကြီးမိုက်
အထည်ချုပ်စက်ရုံဆိုတာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အတွက် မရှိမဖြစ်ပါ။
အရင်းအနှီး ကြီးကြီးမားမားမလိုပဲ ကိုယ့်တိုင်းပြည်က မိန်းကလေးတွေ အတွက် လုံခြုံစိတ်ချရတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တာမို့ နိုင်ငံတကာမှာတော့ အစိုးရကကို subsidize လုပ်ပေးကြပါတယ်။
sanction ဖြစ်ပြီးတဲ့နောက် ပိတ်သွားတဲ့ စက်ရုံတွေ မနည်းဘူးပေါ့။
တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲပြီးရင် sanction lift လုပ်ပေးပါက ပြည်တွင်းလုပ်အားတွေ ပြည်ပမစီးဆင်းတော့တဲ့ အခြေအနေ ပြန်ရောက်လာနိုင်ပါတယ်။
By Product ဖြတ်စညှပ်စတွေက ဖြစ်လာမယ့် အလုပ်အကိုင်တွေလည်း ပြန်လည် ဖွံ့ဖြိုးလာမှာပေါ့။
kaung kin pyar
March 19, 2012 at 9:12 am
မြန်မာပြည်ရာသီဥတုနဲ့ကိုက်တဲ့၊ ခုလို နွေရာသီမှာ ဝတ်ဖို့ အဆင်ပြေတဲ့ ရိုးရာချည်ထည်လေးတွေကို မြန်မာမိန်းခလေးတွေ အားပေးသင့်ပါတယ်။ ခုလဲ ချည်ထည်အကျီင်္လေးတွေဝတ်ပြီး ရိုးရိုးလေးနဲ့ လှနေတဲ့ မြန်မာမိန်းခလေးတွေကို တွေ့နေရပါပြီ။ ဒီဇိုင်းတွေလဲ အမျိုးမျိုး ချုပ်နိုင်တာမို့ မြန်မာချည်ထည်ဟာလဲ နောင်ဆို ပွဲတိုးတဲ့ အဝတ်အဆင်ဖြစ်လာဖို့ မျှော်လင့်ပါတယ်။
padonmar
March 21, 2012 at 12:09 am
ကောင်းကင်ပြာရေ
ပြည်တွင်းဖြစ် ချည်ထည် အားပေးတဲ့အတွက် ကျေးဇူးပါ။
ခင်မောငိတိုးကတော့ “ရိုးရိုးလေးသာဝတ်ခဲ့ပါ၊အေးမြလို”့ တဲ့
ကြောင်ကြီး
March 19, 2012 at 9:18 am
အာဆီယံဈေးကွက် ဖြစ်လာတော့မယ်မို့ ပြည်တွင်းဈေးကွက်မှာ ကိုယ့်အချင်းချင်းသာမက နိုင်ငံခြားဖြစ်တွေနဲ့ပါ ပြိုင်ရတော့မယ်။ ဒင်းတို့နဲ့ပြိုင်ဖို့ မြန်မာပြည်လုပ် ကုန်ချောကောင်းကောင်း ရှိပြီလား..။ ဈေးနှုန်းနဲ့ အရည်အသွေး နှစ်ခုစလုံး ယှဉ်နိုင်မှ တော်ကာကြမယ်။ နိုင်ငံခြားကုမ္မဏီတွေက ထုနဲ့ထည်နဲ့ထုတ်ရောင်းတာ၊ သူတို့မှာ အမာခံဈေးကွက် အခြားဒေသများမှာ ရှိပြီးသား။ ပိုလျှံနေတဲ့ စက်ပစ္စည်း၊ အရင်းအနှီးများနဲ့ အစွန်းထွက်အမြတ်ရဖို့ ဝင်လာတဲ့အချိန်မှာ မြန်မာတွေက ကနဦးစားရိတ်ကြေဖို့ ဘဏ်တိုးဆပ်ဖို့ ရုန်းကန်ရတော့မယ်။ အစိုးမရကလည်း သူဘတ်ဂျတ်လိုငွေနဲ့သူ လုံးချာလိုက်နေဒါ၊ ဖြစ်ဖြစ်မြောက်မြောက် အားကိုးနိုင်မည်မထင်။ ပေးလဲ ကြံ့ဖွတ်က ဝင်ရှုပ်အုံးမယ်၊ ဘဘဂျီးက ဝင်အုပ်အုံးမယ်၊ ပွဲစားက ဝင်ခုတ်အုံးမယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အခုကြုံနေရတဲ့ စီးပွား၊ လူမှု၊ နိုင်ငံရေး၊ ပတ်ဝန်းကျင် အထွေထွေ ပြသနာတွေဟာ အကြောင်းကနဦး ဖြစ်နေတာမဟုတ်ဘူး၊ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က လုပ်ခဲ့တဲ့ ပေါ်လစီအမှားတွေဒဏ်ကို ခံနေရတဲ့ အကျိုးဆက်တွေ။ ပြင်ဖို့ အတော်လွန်နေပြီ။ အကောင်းဆုံးက လိုက်ပြင်နေတာထက် အမှားကို သင်ခန်းစာယူပြီး အမှန်ပေါ်လစီတခု အမြန်ဆုံးချမှတ်ဖို့ပါ။
မလုပ်နိုင်ရင်တော့ ပြည်တွင်းဖြစ် တိုက်ဂါးဘီယာလောက်နဲ့ ပြီးသွားလိမ့်မယ်။ ဒီတော့ ရှိသမျှ ထုတ်ရောင်း ခုတ်ရောင်း တူးရောင်း ဖော်ရောင်းစားဂျပါ။ ကုန်သွားတော့လည်း အမေလိကန် သဂျီးပြောသလို ဒေါ်လာတသိန်းလောက်ပြနိုင်ရင် နိုင်ငံထဲပေးဝင်လိုက်။ တောထဲတောင်ထဲမှာ မြန်မာနိုင်ငံတော်ကြီးကို ပြန်လည်ထူထောင်ကြပါ..။
padonmar
March 21, 2012 at 12:13 am
ဦးကြောင်ကြီး ကရုဏာဒေါသောနဲ့ ထောက်ပြတဲ့အတိုင်းပါပဲ။
ပေါ်လစီအမှန်အမြန်ရဖို့ transparency လည်းလိုပါတယ်။
စိတ်ရင်းစေတနာမှန် ရှိရင် လမ်းမှန်ပေါ်ရောက်ဖို့ မခဲယဉ်းဘူးလို့ ယုံကြည်ပါတယ်။
pooch
March 19, 2012 at 10:52 am
အဲ့ဒီနောက်ပေါက်က နေ ဝင်တဲ့ပစ္စည်းတွေက အရမ်းကို များပါတယ် ဒေါ်ဒေါ်
ဒီလို ရိုးရာလုပ်ငန်းလေးတွေကိုသာမက ပြည်တွင်းစက်မှုလုပ်ငန်းတွေကိုပါ အကြီးအကျယ် ခြိမ်းခြောက်လာတာပါ။ ခုလိုကာလမှာတောင် အနိုင်နိုင်ကြိုးပမ်းနေရတာ နောက်များဆိုရင်တော့ ဘဝတွေ ပျက်သွားနိုင်ပါတယ်။
အခုက စိုးရိမ်ရေမှတ်ပါ 🙁
အဲ့ဒီနောက်ပေါက်က ဝင်တဲ့ ဟာတွေကို အခွန်စည်းကြပ်သင့်ပါတယ်။ ပြည်တွင်းကိုလည်း တဖက်က သူများတန်းတူ ယှဉ်ပြိုင်နိုင်အောင် ကြိုးစားပေးစေချင်ပါတယ်။ နိုင်ငံတော်ကလည်း သူနိုင်တာလုပ်ပေး ပြည်တွင်းက သူတွေကလည်း ကြိုးစား ။ ကိုယ်နိုင်တာ ကိုယ်ထမ်းကြစေချင်ပါတယ်။ နောက်ပိုင်းပြိုင်နိုင်လို့ ပြိုင်လာနိုင်ရင်လည်း ကိုယ့်ပြည်တွင်းကို ပိုပြီး ဦးစားပေးစေချင်ပါတယ်။
ပြီးနောက်တခုက အရီးပြောသလို ခုချိန်ထိတိုင်အောင်ကို သူတို့က ပြည်တွင်းလုပ်ငန်းလေးများကို နည်းမျိုးစုံ အကြောင်းအရာပေါင်းစုံ နဲ့ကန့်သတ်ထားတဲ့အပြင် နှိပ်စက်ကြပါသေးတယ်။ အားပေးဖို့ နည်းပညာထောက်ပံ့ပေးဖို့ဆိုတာ အဝေးကြီး အဝေးကြီးမှာပါ။ ဒီအကြောင်းတွေကို ပြောရင် ရင်ဘတ်ထဲကထိအောင်တောင် အောင့်အောင့်လာပါတယ် ဒေါ်ဒေါ်။
ဟိုဟာကြောင့် ဒီဟာဖြစ် ဒီဟာကြောင့် ဟိုဟာဖြစ်နဲ့ အားလုံးကို ဆွဲချသွားတာပါ။
ကျမတို့ မျှော်နေတဲ့ နည်းမှန်လမ်းမှန်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ဒေါ်ဒေါ်ရယ် ကျမဖြင့် ဘယ်လိုမျှော်လင့်ရမှန်းကို မသိတော့ပါဘူး။ ခုထိအောင်ကို ကျမတို့ဆီကို ဘာဆို ဘာတခုမှ လှည့်မကြည့်သေးပါဘူး။ 🙁
padonmar
March 21, 2012 at 12:21 am
မယ်ပုရေ
အားမလျှော့ပါနဲ့ ၊
ဒို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ။
စားသုံးသူတွေကို ပြည်တွင်းဖြစ်ဦးစားပေးပါ ထိုင်အော်နေလို့မရပါဘူး။
အရည်အချင်းရှိမှ သုံးကြပါလိမ့်မယ်။
ကိုယ့်အရည်အချင်းပြည့်မီအောင် လေ့လာနေရမှာ ကိုယ့်တာဝန်ပါ။
လောလောဆယ်တော့ ဒို့တွေ ရေထဲမှာ ငုပ်နေရတဲ့ အချိန်ပေါ့။အသက်လေး အောင့်ပြီးနေရပါတယ်။
ကိုယ့်ကိုကိုယ် အရည်အချင်းဖြည့် အားမွေးထားရမှာပေါ့။
ပုလဲလုံး လက်ထဲဆုပ်မိတဲ့ တစ်ချိန်မှာ ရေပေါ်တက်ပြီး အသက်ဝဝရှူကြပါစို့။
snow white
March 19, 2012 at 2:56 pm
တို့ကတော့ပြည်တွင့်ဖြစ်ကိုအားပေးပါတယ် ပြင်းတွင့်ဖြစ်ချည်လေးကို လည်းကြိုက်နှစ်သက်ပါတယ်နော်
padonmar
March 21, 2012 at 12:28 am
မနှင်းဖြူရေ
ပြည်တွင်းဖြစ်ချည်ထည် အားပေးတဲ့ နောက်တစ်ယောက် တိုးပြန်တာပေါ့။သာဓုပါ။
ဖားသက်ပြင်း
March 19, 2012 at 3:24 pm
အော်ဝီနိဒ် အစ်စ် ဂျပ်စ် အ လစ်တဲလ် မားကတ္တင်း …
😀
ပြန်လာပါ့မယ် ပြန်ပွားပါဦးမယ်….
padonmar
March 21, 2012 at 12:28 am
ဂီဂီရဲ့ မားကက်တင်းကလည်း မပေါ်လာ အတော်ကြာပါလား။
cobra
March 19, 2012 at 3:33 pm
ချည်သားကနိုင်ငံခြားသားတော်တော်များများတောင်ကြိုက်ကြပါတယ်။
padonmar
March 21, 2012 at 12:30 am
ကိုမြွေဟောက်
ချည်ထည်ဖက်ရှင်အစ ဒေါ်စုက လို့တောင် ပြောလို့ရပါတယ်လို့ ကြုံရင်ပြောပေးပါနော်။
(ဘယ်သူ့ကိုဆိုတာ သိတယ်မဟုတ်လား)
Thel Nu Aye
March 19, 2012 at 3:44 pm
ကျွန်မနယ်မြို့လေးတမြို့မှာနေတုန်းက မြို့စွန်လေးတွေမှာ ခြင်ထောင်ဇာကိုလက်ယက္ကန်းနဲ့ခတ်တယ်။ မြို့ထဲမှာကျတော့စက်ယက္ကန်းနဲ့ယက်တယ်။ မိသားစုစီးပွားရေးပေါ့။ ယက္ကန်းပိုင်ရှင်မြို့မျက်နှာဖုံးတွေပေါ့။ ကျွန်မငယ်ငယ်တုန်းကပေါ့။ နောက် အရေးအခင်းပြီးလို့ ဈေးကွက်စီးပွားရေးဖြစ်လာတဲ့အချိန်မှာ တရုတ်က ဇာခြင်ထောင်အပါးတွေဝင်လာတယ်။ သူတို့ကပါးတယ်။ လျှော်ရလဲမခက်ဘူး။ ဈေးလဲချိုတယ်ဆိုပြီးတော့ ယက္ကန်းကျပိတ်ခြင်ထောင်တွေနေရာမှာ အစားထိုးဝင်လာလိုက်တာ။ နောက်ဆုံးအဲဒီ ယက္ကန်းစက်ပိုင်ရှင်တွေ က ယက္ကန်းစက်တွေကိုဖြုတ်လိုက်ရတဲ့အထိပါပဲ။ ဘယ်လိုမှမယှဉ်နိုင်ပဲနာလန်ကိုမထူနိုင်အောင်စီးပွားပျက် သွား ကြရတယ်။ အန်တီကြာပြောသလိုပဲသူတို့လဲပရုတ်လုံးလိုလုံးပါးပါးသွားကြရရှာတယ်။
padonmar
March 21, 2012 at 12:35 am
သည်းနုအေးရေ
အဲဒီလို ပရုပ်လုံးတွေ အများကြီးကနေ တစ်ပြည်လုံးဖြစ်တော့မယ်။
စိုးမိပါတယ်ကွယ်။
manawphyulay
March 19, 2012 at 3:56 pm
မနောကတော့ မြန်မာ့ရိုးရာ ပစ္စည်းတွေနဲ့ ရိုးရာအလိုက် ပစ္စည်းလေးတွေကို တန်ဖိုးနည်းတယ် များတယ်သဘောမထားဘူး သဘောကျတယ် ဝယ်ပြီး သိမ်းဆည်းထားတတ်ပါတယ်။ ပြည်တွင်းမှာလုပ်ပြီးပြည်တွင်းမှာပဲ ဖြန့်ဝေသွားမယ်ဆိုရင် အလွန်ကောင်းပါတယ်။ ခုကတော့ ပြည်တွင်းလုပ်ပြီးပြည်ပပို့နေတော့ ပြည်တွင်းက သုံးမယ့်သူတွေ မမြင်ရတာတွေ အများကြီး ရှိနေသေးပါတယ်။ ပပျောက်စေချင်ပါတယ်။
padonmar
March 21, 2012 at 12:38 am
ပြည်တွင်းလုပ်ပြီး ပြည်ပပို့နိုင်ရင် နိုင်ငံခြားက ငွေ ကိုယ့်ထဲစီးဝင်တာလေ။
အားပေးရမှာမနောရဲ့။
အခုက ပြောင်းပြန်ဖြစ်နေလို့ ။
ကိုယ့်ဆီက ငွေတွေနဲ့ အဖိုးတန်တွေက ကုန်ကြမ်းအဖြစ်ထွက်။
သူများဆီက ကုန်ချောကို ဈေးပေးဝယ်နေရတာ။
blackchaw
March 19, 2012 at 4:34 pm
အစ်မရေ။
မွန်မြတ်တဲ့ ရည်ရွယ်ချက်ပါတဲ့ ပို့စ်လေးကို
လက်မလေးတစ်ချောင်းထောင်ပြီး လေးလေးစားစား ဖတ်သွားပါတယ်။
ပြန်လာဦးမယ်ဆိုတဲ့ ဂီဂီ ရဲ့ မားကက်တင်းကိစ္စလေး စောင့်ဖတ်ပါရစေခင်ဗျာ။
ကျေးဇူးပါ။
padonmar
March 21, 2012 at 12:40 am
ဘလက်ဆရာ
ဖတ်ရုံပဲလား၊
အားရင်တော့ သိတာတွေ ပွားပေးပါအုံး။
laypai
March 19, 2012 at 4:38 pm
( အစိုးရပိုင်းကလည်း ရိုးရာထည်လုပ်ငန်းတွေကို Subsidize ပေးသင့်ပါတယ်။
Tax Exemption ပေးတာ၊ နည်းပညာပံ့ပိုးပေးတာက အစပေါ့။ )
မြန်မာထည် ကို အရမ်း သဘော ကျရတာ က ချည် စစ်တာကြောင့်ပဲ။
ဖြစ်နိုင်ရင် နိုင်ငံတော်က အများကြီး အားပေအားမြောက် လုပ်ပေးရမှာ ပါ။
နှစ်စဉ် ဆိုကရေးတီး ရဲ့ မြန်မာ့ အနုပညာ တိမ်ကော ပပျောက်မှု မရှိအောင် ရည်ရွယ်ချက် နဲ့ လုပ်သလို ပေါ့။
သိသလောက် ပြော ကြည့် ရမယ် ဆို ရင် ပုဆိုးကတော့ ဈေး နှုန်း နဲ့ အတော်အသင့် အရည်အသွေး ကို ရနိုင်တယ်။
မာစရွိက် ကောင်းကောင်း ဆိုရင်တောင် ၆၀၀ဝ ဝန်းကျင်မှာ ရှိနေသေးတယ် နော်။
ပိုးတွဲ တို့ ချိတ်တို့ ဆိုင် ရင်တော့ သောင်း မကျော် ရင် မရဘူး။
သာမန်တန်းဝင် ရှပ်အကျင်္ ီ နဲ့ ပုဆိုး တစ်စုံ ဆိုရင် ၂ ပုလင်း လောက်မှ………။
အမျိုးသမီး ဝတ် ကတော့ သိ ကို မသိလို့ မပြောတာ နော်။
padonmar
March 21, 2012 at 12:51 am
လေပြေရေ
မြန်မာဝတ်စုံ အမျိုးသမီးဝတ် ဈေးမကြီးတာတွေအကြောင်းရေးဖူးပါတယ်။
http://myanmargazette.net/91875/creative-writing
ဖတ်ကြည့်ပါနော်။
နတ်ဆိုးလေး
March 19, 2012 at 7:40 pm
မြန်မာ အဝတ်အထည်တွေပြန့်ပွားအောင် သရုပ်ဆောင်တွေကလဲ ဝိုင်းဝန်းကူညီကြရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ သူတို့ တွေ ဝတ်ပြနိုင်ရင် ပြည်သူလူထုကလဲ အနည်းနဲ့ အများ ကတော့ လိုက်ဝတ်ကြမယ် လို့ထင်ပါတယ်။ အတိုတွေ အဟိုက်တွေ ဝတ်ပြပြီး သရုပ်ဆောင်ကပြမဲ့ အစား ချည်ဝမ်းဆက်လေးတွေ ဝတ်ပြီး သရုပ်ဆောင်ရင် ပြည်သူတွေကလည်း လိုက်ပြီး ဝတ်ဆင်ကြမယ်လို့ ယုံကြည်ပါတယ်။
padonmar
March 21, 2012 at 12:54 am
နတ်ဆိုးလေးရေ
သက်မွန်မြင့်ကလေး အကယ်ဒမီပွဲ ဝတ်ပြသွားတယ်လေ။
ဒေါ်စုလည်း ဝတ်ပြနေပါတယ်။
ပြည်သူတွေလည်း လိုက်ဝတ်နေပါတယ်။
မော်ဒယ်တွေ သရုပ်ဆောင်တွေပါ မြန်မာဝတ်စုံကို မြတ်မြတ်နိုးနိုးဝတ်ပြကြရင် အတိုင်းထက်အလွန် ပေါ့နော်။
weiwei
March 19, 2012 at 7:56 pm
ဈေးကွက်စီးပွားရေးအရ ဒီလိုပြသနာတွေကတော့ ဘယ်လိုမှ ရှောင်လွဲလို့ရမှာ မဟုတ်ပါဘူး … စက်ရုံသေးသေးလေးကို စက်ရုံကြီးကြီးက ဝါးမြိုသွားမယ် .. လုပ်ငန်းသေးသေးကို လုပ်ငန်းကြီးကြီးက ဝါးမြိုတယ် … ကျွန်မတို့မိသားစုမှာတောင်မှ မီးခိုးတိတ်သွားခဲ့ရတဲ့ အတွေ့အကြုံ တော်တော်များများရှိခဲ့တယ်.. ဥပမာလေးတစ်ခု ထုတ်ပြောရရင် ကျွန်မတို့အရင်တုန်းက ကြက်စာကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချပါတယ် … ငါးခြောက်ဖွဲ၊ ပုဇွန်ခြောက်ဖွဲ၊ ပြောင်း စတာတွေကို ကိုယ်တိုင်စက်နဲ့ကြိတ်ပြီးမှ အစာရောစပ်ပြီး တစ်မြို့နယ်လုံးကို ဖြန့်ဝေတယ် … အခုတော့ စီပီပေါ်လာပြီး ကုမ္ပဏီက ကြက်ပေါက်စနဲ့ အစာရောပြီးသားကိုပါ တစ်ခါထဲတွဲရောင်းတယ် … တစ်မြို့နယ်လုံးကလဲ စီပီပဲ အလွယ်တကူဝယ်သုံးတော့ ကျွန်မတို့လုပ်ငန်းလဲ ပြုတ်ပါလေရော …
နောက်ထပ် လုပ်ငန်းသေးတွေလဲ ဒီလိုနဲ့ပဲ ပြုတ်ခဲ့တာပါပဲ … ကံကောင်းနေသေးတာတစ်ခုက မြေကြီးနေရာတွေကတော့ ကြာလေဈေးတက်လေဆိုတော့ တောင့်ခံနိုင်သေးတာပေါ့ …
padonmar
March 21, 2012 at 1:00 am
ဝေဝေရေ
မြေကြီးကလည်းစိတ်မနိုင်တဲ့ တစ်နေ့ ရောင်းမိတော့မယ်။
အခုတောင် တညင်ဖက်ကမြေတွေ ဈေးတက်တယ်ဆို၊
ဦးပါလေရာ ရေးတာဖတ်ရတယ်။
ကြာရင် ဒို့တွေ ထိုင်စား၊အတိုးပေးစားနဲ့ တုံးကုန်တော့မယ်။
စိုးမိတယ်ကွယ်။
weiwei
March 21, 2012 at 10:01 am
တကယ်ပါပဲ အန်တီရေ … လုပ်ချင်တိုင်းလုပ်လို့မရတာတွေများလာတော့ ဒီအတိုင်းလေးပဲ ထိုင်စားချင်လာပါတော့တယ် …
ထိုင်နေရင်အကောင်းသား ထသွားမှကျိုးမှန်းသိ ဆိုတဲ့ စကားပုံကလဲ ကွက်တိမှန်ခဲ့တာတွေ ရှိခဲ့သေးတာကိုး …
ဒါပေမယ့် ဂေဇက်မှာစာရေးစာဖတ်တဲ့ အကျိုးကျေးဇူးကြောင့် ကျွန်မအနေနဲ့တော့ ထိုင်စားချင်တဲ့စိတ် မရှိတော့ပါကြောင်းနဲ့ ပရုတ်လုံးမဖြစ်အောင် ကြိုးစားချင်စိတ်များ ပေါက်လာပါကြောင်း ဂီဂီ့ရဲ့ မားကတ်တင်းတွေကို အားကျပြီး အလုပ်လုပ်ချင်စိတ်များ တဖွားဖွားပေါ်လာပါကြောင်း … ဂေဇက်ကိုကျေးဇူးတင်ပါကြောင်း စကားအတင်းစပ်ပြီး ဒီမှာမန့်လိုက်ပါတယ် ..
ကိုပေါက်(မန္တလေး)
March 19, 2012 at 9:50 pm
လက်မူ့လုပ်ငန်းရှင်လေးတွေမှာတကယ်ကြုံရတဲ့အခက်အခဲက ဈေးကွက် မယှဉ်နိုင်တာပါ။
ကုန်ကြမ်းဈေးကြီးအလုပ်သမား လုပ်ခ နောက်လျှပ်စစ်မီးမလာတော့ မီးစက်ဘိုး အခွန်အခ
အပြင်ကလာတဲ့ကောင်က ခိုးသွင်းတော့ ကိုယ့်ထက်သက်သာ
အဲဒီမှာ ဒုက္ခများတာပါဘဲ မမာရေ
padonmar
March 21, 2012 at 1:03 am
ဒုက္ခတွေကတော့ အထွေထွေပါ ကိုပေါက်ရေ။
ဒုက္ခတစ်ခုလောက်လျော့ရင် သက်သာမလားလို့ ခဲလေးတွေ ပစ်နေရတာပါ။
ဦးဦးပါလေရာ
March 19, 2012 at 11:50 pm
ကျွန်တော်ကတော့ အစောကြီးကတည်းက လုံးပါးပါး အငွေ့ပျံသွားတဲ့ ပရုပ်လုံးစာရင်းထဲမှာ ပါခဲ့တာပါ။ ဒီတသက် ဘယ်တော့မှ ကုန်ထုတ်လုပ်ငန်းမလုပ်တော့ပါဘူး… လို့ကို စိတ်ဆုံးဖြတ်ခဲ့မိတဲ့အထိပါ။
ပြည်တွင်းမှာ ကုန်ထုတ်လုပ်ငန်းလေးတွေ လုပ်ကိုင်ရပ်တည်ဘို့ အခက်အခဲတွေကလဲများလှပါတယ်။
နေရာအခက်အခဲ၊ ပို့ဆောင်ရေးအခက်အခဲ၊
နည်းပညာ၊ စက်ကရိယာ၊ ကျွမ်းကျင်ဝန်ထမ်း၊
ရေ၊ မီး၊ ရေဆိုးထုတ်စံနစ်၊ အမှိုက်စွန့်စံနစ်၊
ဈေးကွက်၊ ဖြန့်ဖြူးရေး၊
အခွန်အတုတ်တွေ၊ အတောင်းအရမ်းတွေ၊ တရားမဲ့ ကောက်ခံငွေတွေ၊
လိုင်စင်၊ ပါမစ်၊ ခွင့်ပြုချက် အခက်အခဲတွေ ၊ ဥပဒေကြောင်းဆိုင်ရာအခက်အခဲတွေ……
ပြောရရင် ပြီးတော့မယ်လဲ မထင်ပါဘူး မပဒုမ္မာရေ…
ဒါတွေကို စေ့စေ့စပ်စပ် နားလည်တဲ့သူတွေရဲ့အသံကို နားထောင်ပေးမယ့်
စံနစ်တခုခုကိုပဲ မျှော်လင့်မိပါတယ်။
“လိုအပ်သည်များကို ညွှန်ကြား” ဘို့ပဲတတ်တဲ့ သူတွေလက်ထဲမှာတော့….
padonmar
March 21, 2012 at 1:04 am
ဦးဦးပါက အတွေ့အကြုံများပါတယ်။စာရေးလည်းကောင်းတယ်။
အဲဒီ စိတ်ဆုံးဖြတ်တဲ့ အကြောင်းလေး ဝေမျှပါအုံး။
kai
March 20, 2012 at 6:14 am
ဆန်ရှင်က..Made In Myanmar ဖြစ်နိုင်မှုကိုတားထားတာလို့ထင်မိတယ်..။
ကမ္ဘာ့အကြီးဆုံးဈေးကွက်တွေရဲ့.. ဝယ်လိုမှုကိုမရမှတော့.. ဖွံ့ဖြိုးဆဲနိုင်ငံဟာ.. နလံမထူနိုင်ပါဘူး..
ကမ္ဘာက.. ဖွံ့ဖြိုးဆဲနိုင်ငံတွေကို.. သွင်းကုန်တချိူ့လိူင်းတွေမှာ.. အထူးအခွင့်အရေးပေးရပါတယ်..
ဆိုတော့..
ယူအက်စ်နဲ့ ဥရောပဆီကုန်သွင်းမယ်ဆို.. တရုတ်ကသွင်းကုန်ကို.. မြန်မာက ကွာလတီမယှဉ်နိုင်ပေမဲ့.. ယူအက်စ်ထဲကုန်သွင်းတာမှာ.. မြန်မာကို.. သွင်းကုန်ကိုတာ import quotas ဆိုတာ..ပေးတယ်..
သွင်းကုန်ကို ပမာဏတခုနဲ့ခွင့်ပြုတဲ့..လိုင်စင်ပေါ့.. အဲဒီထဲ.. အခွန်တွေလျှော့တာ..ကင်းလွတ်တာ.. စသဖြင့်အထူးအခွင့်အရေးတွေရတယ်..။
နည်းပညာထောက်ပံ့တာ.. စံနှုန်းဝင်အောင် ကူညီပေးတာ.. စတာတွေလည်းရတယ်..။
အဲဒီလိုင်စင်က.. အရောင်းအဝယ်လုပ်လို့လည်းရတယ်..
ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကောင်းရင်.. ယူအက်စ်က ဆန်ရှင်ကိုလျှော့ပေးပါလိမ့်မယ်…။
စမတ်ဆန်ရှင်( တဦးချင်းစီကို ရည်ရွယ်ပိတ်ဆို့ထားတာ) ကိုတော့.. အချိန်အတိုင်းအတာတခုထိ.. ဆက်ထားပေးမယ်လို့ထင်တယ်..။
ထားလည်း ထားသင့်တယ်..။ 😆
ဒါပေမဲ့..ဆန်ရှင်ဟာ. ဥပဒေဖြစ်တာမို့..ချက်ချင်းဖျက်သိမ်းလို့မရပါဘူး..
နှစ်အတိုင်းအတာတခု.. ခေတ္တဆိုင်းငံ့ပေးထားတာပဲဖြစ်မယ်ထင်တယ်.
အချိန်မရွေးပြန်တင်လိုက်လို့ ရပါလိမ့်မယ်…။
ဒါလေးလည်း သတိထားကြစေလိုတာပါ…။ ❗
=
ဒါပေမဲ့..
မြန်မာဟာ.. အခြေခံဓလေ့ယဉ်ကျေးမှုကို.. မြှင့်တင်ပြီး.ဂငယ်ကွေ့ ပြုပြင်ပြောင်းလဲရေးလုပ်ရမှာက.. အရေးတကြီးလုပ်ရမှာလို့ထင်တယ်..။
ဒါကိုအရင်မလုပ်ရင်.. လုပ်ငန်းသေး-ကြိးတွေဘယ်တော့မှမတက်လာဘူး..
နိုင်ငံခြားသားနဲ့.. လူမျိုးခြားတွေလက်ထဲ..ရောက်ကုန်လိမ့်မယ်..။
ယဉ်ကျေးမှု..ဓလေ့..ဘာသာရေးအစွန်းရောက်တာက.. တိုင်းပြည်မတိုးတက်စေဘူး..
မြေကြီးထဲက.. ဒေါ်လာတွေထွက်နေတဲ့.. အရှေ့အလယ်ပိုင်းရေနံနိုင်ငံတွေကြည့်ပေါ့..
အဲဒီလောက်ကြီးရနေတာတောင်..
လူအများစုကြီး….. ဘာဖြစ်နေတယ်.. …လိုက်လို့..။
padonmar
March 21, 2012 at 1:14 am
sanction အရင်က quota ကြောင့် တရုတ်က မြန်မာကို မယှဉ်နိုင်ခဲ့တာပါ။
အခုလည်း ဂျပန်ဆို မြန်မာပြည်ကလာရင် (အာဆီယံက) အခွန်လျှော့ပေးပါတယ်။
ဆန်ရှင်က လွှတ်တောင်မလွှတ်သေးဘူး။ပြန်တင်နိုင်တာ သတိထားရမယ်ဆိုတော့
အဲဒီ sanction မရှိတဲ့ အရသာလေးသိအောင် လူတွေကို ပေးမြည်းကြည့်မှ ပြန်မတင်အောင် စောင့်ရှောက်ကြပါလိမ့်မယ်။
အခုကတော့ ကွန်နက်ရှင် မကောင်းတာနဲ့ အသားကျနေတဲ့လူတွေလိုပဲ
ကောင်းတယ်ဆိုတာ ဘာမှန်းတောင် မသိတော့ပါဘူး။
ဒီလိုလေးနေလည်းပြီးနေတာပါပဲလို့ ထင်နေတဲ့သူတွေလည်းရှိကြပါလိမ့်မယ်။
Foreign Resident
March 20, 2012 at 6:45 am
အဘ နဲနဲ ပြောချင်တာလေးတွေပါ ။
၁ ။
” နောက်ပေါက်ကနေ ဝင်နေလို့ အစစအရာရာ သက်သာပြီးဈေးလျှော့ရောင်းနိုင်တဲ့
ပြည်ပပစ္စည်းတွေကိုလည်း ထိန်းချုပ်ပေးသင့်ပါတယ် ”
နိုင်ငံခြားက Import ဝင်လာတဲ့ ပစ္စည်းတွေကို
အခွန် မှန်မှန်ကန်ကန် ဆောင်စေတဲ့အထိကတော့ လက်ခံပါတယ် ။
ပြည်တွင်းဖြစ်ကို အခွန် နှင့် အကာအကွယ်ပေးလို့ မလွယ်တော့ပါဘူး ။
အဲဒီ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး Idea တွေက အလုပ်မဖြစ်တော့ပါဘူး ။
ဥပမာ ။ ။ Asean Free Trade Area ( AFTA ) သဘောတူညီချက် Agreement တွေအရ
၂၀၁၅ ( အထင် ) နောက်ဆုံး ထားပြီး Asean နိုင်ငံ တွေက Tariff အခွန်အခတွေကို
လုံးဝ မရှိတော့တဲ့ အထိ ၊ ဒါမှမဟုတ် အရမ်း နည်းတဲ့ အထိ လျော့ချပေးရတော့မှာပါ ။
၂ ။
ပြည်တွင်းဖြစ်ကို တကယ် အကာအကွယ်ပေးချင်ရင်တော့
အစိုးရမှ ငွေကြေး နည်းပညာ ထောက်ပံ့ပေးတဲ့
Subsidize စံနစ် နှင့်တော့ ကာကွယ် ပေးလို့ ရပါအုန်းမယ် ။
ဒါတောင် သိပ်ကြာကြာရတော့မယ် မထင် ။
၃ ။
မျိုးချစ် စိတ် လည်း မကယ်နိုင်လောက်ပါဘူး ။
ဟိုးအရင်က တရုတ် မုန်းတီးရေးသမားတွေ ပြောခဲ့တဲ့
” တရုတ် ပစ္စည်း မသုံးစွဲရေး ” လှုံ့ဆော်သံတွေ ကြားမိတော့ အဘ ပြုံးမိပါသေးတယ် ။
” အော် ငမွဲ တွေကများ ဈေးပေါတဲ့ တရုတ် ပစ္စည်း မသုံးလို့
ဘာပစ္စည်း တွေများ သုံးချင် သုံးနိုင် အုန်းမှာ မို့လို့လဲလို့ ”
တရုတ်ကြီးက မြန်မာ နိုင်ငံ နှင့် ထိုက်တန်တဲ့ ( ထိုက်တန်တဲ့ )
ပေါချောင်ညံ့ ( ညံ့ ) လေးတွေ ထုတ်ပေးနေလို့သာ ။
နို့မို့ရင် မြန်မာ လူမျိုးတွေ လံကွတ်တီတောင် အလျဉ်မှီဖို့ မသေချာ ။
၄ ။
ဒီကြားထဲ မပြုတ်ရုံတမယ် အသေအကြေ ရုန်းကန်နေရတဲ့
ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေကို ၊
ဂုတ်သွေးစုတ် အရင်းရှင် ဆိုတဲ့ မျက်မှန်စိမ်း ကြီးတပ်ကြည့်ကြတဲ့ ၊
ပညာမတတ်တဲ့ အတွေးအခေါ်အောက်နေတဲ့ ငဒူ တွေကလည်း တမှောင့် ။
၅ ။
နောက်ဆုံးမတော့ ” Survival of Fittest ” ပါပဲ ။
အသင့်တော်ဆုံး သူသာ ရှင်သန် ကျန်ခဲ့မှာပါ ။
အရည်အချင်း ညံ့ဖျင်းတဲ့ လုပ်ငန်းတွေ ပြုတ်သွားမှာပါပဲ ။
ဘယ်လိုပဲ အသေအကျေ ကာကွယ် ကာကွယ် ရေရှည်မှာ
အရည်အချင်း ညံ့ဖျင်း ရင် တော့ ပြုတ်မှာပါပဲ ။
Tariff အခွန်အခတွေ နှင့် အစိုးရ အထောက်အပံ့ Subsidize တွေ
ကလည်း ခဏတာ ပဲ ကာကွယ်နိုင်တော့မှာ ပါ ။
အရည်အချင်း မြင့်တက်အောင်သာ အမြန်ဆုံး လုပ်ကြပါ နိုင်ငံသားတို့ရေ ။
ချမ်းသာလာရင် ဂျာမဏီ ကား နှင့် ပြင်သစ် ရေမွှေး သုံးကြတာပေါ့ ။
ကြောင်ကြီး
March 21, 2012 at 8:17 am
survival first ဆိုတာ အယင်က ပြောဂျာတာပါ။ ၂၀၀၈ ဘဏ္ဍာရေးဈေးကွက် ပြိုလဲမှုလည်းဖြစ်ရော အဲဒီစကားပြောခဲ့တဲ့ အရင်းရှင်အစစ်ဆုံးဆိုတဲ့ အမေရိကန်အစိုးရလည်း ပြိုလုပြိုခင် အကောင်ကြီးတွေကို ဝင်ကယ်ခဲ့ရပါတယ်။ အာမခံကုမ္မဏီကြီး AIG နဲ့ Bank of America ဆိုတာ အန်ကယ်ဆမ်ကယ်ခဲ့လို့ ရှင်ကျန်ခဲ့တာပါ။ ဈေးကွက်စီးပွားရေး သီအိုရီနဲ့ဆို မှားပါတယ်။ ဝေဖန်သူများကလည်း ဒင်းတို့စားတုန်းကတော့ တဖြဲနဖြဲဝါးဂျ မျိုဂျဆို့ဂျပြီး ဒေဝါလီခံရမယ်ဆိုမှ ပြည်သူတွေရဲ့ အခွန်တွေနဲ့ဝင်ဆယ်ရသလား ပြောဂျတယ်။ အစိုးရဖက်ကလည်း ဝင်မကယ်ရင် တနွယ်ဝင် တစင်ပါသလို အကုန်လုံးပြိုလဲမယ်လို့ ဆင်ခြေပေးတယ်။ ဘယ်သူမှန် မှား ကို နောင်ဆယ်နှစ်အထိ သိဖို့မလွယ်ပါဘူး။ ပညာရှင်များ ရှေရှည်မှာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ သေချာတာတော့ သူဌေးကြီးတွေ ခွေးမဖြစ်သွားခဲ့ဘူး။ အရင်းရှင်စနစ် ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ အစိုးရဝင်ရောက် စွက်ဖက်မှုက သူတို့စည်းစိမ်ဥစ္စာများကို ကယ်ပေးခဲ့တယ်။ သူတို့လို ကံမကောင်းရှာတဲ့ အစောပိုင်းသားကောင် ကော်ပိုရေးရှင်းကြီးအချို့ကြတော့ ဒေဝါလီခံခဲ့ရတယ်။
developing country တိုင်းမှာ ကိုယ်ကျိုးစီးပွားကာကွယ်တဲ့ ပုံစံအမျိုးမျိုး ရှိနေဆဲပါ။ တရုတ်ကြီးရဲ့ ကုန်သွယ်မှုရှင်းတမ်း အလွန်အကျွံ ပိုငွေပြမှုကို ရိုးရိုးသားသား ထင်သလား။ ပြည်ပ သွင်းကုန်အများအပြားကို ပိတ်ဆို့ထားပါတယ်။ ကုန်ပစ္စည်းဆိုလို့ အမာထည်ပဲ သွားမမြင်နဲ့နော်၊ စိတ်ကူးခံစားမှု ဖန်တီးမှု စွမ်းအားနဲ့ ထုတ်လုပ်တဲ့အရာတွေလည်း ကုန်ပစ္စည်းထဲပါတယ်။ ဥပမာ – တလောက အမေရိကန် ဒုသမတလားမသိဘူး တရုတ်ပြည်သွားတော့ ပြည်တွင်းရုပ်ရှင်ဈေးကွက် ဖွင့်ပေးဖို့ သဘောတူချက်ရတယ်ပြောတယ်။ တကယ်ဖြစ်ဖို့ ဘယ်လောက်စောင့်ရအုံးမလဲ မသိသေးဘူး။
အခုအချိန်မှာဆိုရင် အစိုးရဝင်ရောက်ထိန်းကြောင်းမှုကို ငြင်းနိုင်သူ အတော်ရှားသွားပြီ။ ဘယ်အတိုင်းအတာ ဆိုတာပဲ ကျန်တော့မယ်ထင်တယ်။ အားလုံးတည်ငြိမ်သွားတဲ့အခါကြတော့လည်း ဖြစ်ခဲ့တာတွေမေ့လိုက်ကြ မေ့ချင်ယောင်ဆောင်လိုက်ကြပြီး အထိန်းကွပ်မဲ့ သွားကြပါအုံးမယ်။ သမိုင်းဆိုတာ ဒီလိုပဲ လုံးလိုက်ပြားလိုက်နဲ့ လည်နေပါတယ်။
padonmar
March 20, 2012 at 8:20 am
စိတ်ဝင်တစားဆွေးနွေးပေးကြတဲ့သူတွေရော
စတစ်ကီ လုပ်ပေးထားတဲ့ သူကြီးကိုရော ကျေးကျေးပါ။
မအားသေးလို့ အေးဆေးမှ ပြန်ဆွေးနွေးပေးပါမယ်။
၂၀၁၅ AFTA ကျရင် လှိုင်းလုံးကြီးလို စီးဝင်မယ့် ကိုယ့်ထက်လည်းသာနေသူတွေကို ပြန်ဖိုက်နိုင်ဖို့
ပြင်ဆင်ချိန် ၃ နှစ်ရပါတယ်။
စိတ်ကိုလည်းပြင် ရုပ်လည်းပြင်ကြဖို့လိုနေပါပြီ။
ပြင်ရမယ့်စိတ်က ပြီးပြီးရောလုပ်တတ်တဲ့ စိတ်ဓာတ်
ပုဇွန်ခေါင်းထဲခဲထိုးပြီးပို့တာမျိုး၊
ပြတော့ quality တစ်မျိုး ၊ဈေးတက်သွားတော့ တစ်မျိုး ဒါပဲရှိတယ် ဒါပဲရမယ်ဆိုတာတွေ ၊
Inspection Company တွေကလည်း မြန်မာ့နည်းမြန်မာ့ဟန်တွေ ဖြစ်ကုန်တာမျိုး၊
ကိုယ့်ဖက်ကပြင်ကြဖို့ပါ။
အစိုးရပိုင်းကတော့ နိုင်ငံတကာမှာလည်း ရိုးရာလုပ်ငန်းတွေ အကာအကွယ်ပေးတဲ့ စနစ်တွေရှိပါတယ်။
ပြန်လာမယ့်ဂီဂီကိုမျှော်နေပါတယ်။
yaungchikha
March 20, 2012 at 11:55 am
အိမ်နားမှာတော့ အရင်က သင်္ကန်းဆေးဆိုးတဲ့ ဆိုင်လေးတွေရှိတယ်၊ အခုတော့ ကုန်ကြမ်းမရတော့ မလုပ်ပဲ ပိတ်ကုန်ကြတယ်၊ တရုတ်တို့ ယိုးဒယားဘက်ကဝင်တဲ့ ပိတ်စတွေကိုပဲ သုံးတာတွေ့ရတော့တယ်..
ဆူး
March 20, 2012 at 2:22 pm
ပိတ်ဆေးဆိုးတဲ့ လုပ်ငန်း ရှိပါသေးတယ်။
အသေးစားတွေ ပျောက်ကွယ်သွားတာပါ။
Khaing Khaing
March 20, 2012 at 12:21 pm
အပေါ်မှာ သူများတွေ မန့်တာတော့မဖတ်ဖြစ်ဘူး …. အန်တီပုဒုမ္မာရေ သမီးကတော့ မြန်မာ့ရိုးရာ ချည်ထည် စစ်စစ်ဆိုသိပ်ကြိုက်တယ် ဈေးကလည်းကြီးတယ်နော် မြန်မာပြည်ထုတ်ဆိုပေသည့် အထင်သေးလို့မရပါဘူး ဖျာတောင် ပိုက်ဖျာနဲ့ နှီးဖျာဆို သမီးကတော့ နှီဖျာပေါ်မှာပဲအိပ်ချင်တယ် မွေ့ယာနဲ့အိပ်လည်း နှီးဖျာလေးခံအိပ်ရင် အေးတယ်လို့ခံစားရတယ် ….
ဆူး
March 20, 2012 at 2:26 pm
အခုတလော မြင်နေရတဲ့ ဈေးကွက် တခုကို ပြောချင်တယ်။
မြန်မာပြည် အလယ်ပိုင်းပဲ သွားသွား အောက်ပိုင်းပဲ သွားသွား တလမ်းလုံး မြင်ရတာကတော့ ဝါးပင်တွေချည်းပါပဲ..
တရုတ်ပြည်က ဝါးနဲ့ လုပ်ထားတဲ့ အခင်းပြားတွေ သွင်းတဲ့ လူက သွင်းသလို ဝယ်တဲ့ လူကလည်း ဝယ်နေကြတာ ဈေးကွက်တော်တော် ဖောက်နိုင်နေပြီ။
မြန်မာပြည်မှာ ဒီလောက်ပေါ တဲ့ ဝါးတွေကို သူလို သေသပ်တဲ့ လက်ရာနဲ့ ထုတ်မယ်ဆိုရင် ထုတ်နိုင်မယ်လို့ ထင်ပါတယ်။
သူ့ဈေးနဲ့တော့မရနိုင်ဘူး။
ဘာဖြစ်လို့လဲ.. ဘာဖြစ်လို့လဲ..
သူတို့လောက်ပဲ ဝါးမပေါ လုပ်အားခ မပေါလို့ပဲ ဖြစ်လေမလား မပြောတတ်တော့ဘူး။
surmi
March 20, 2012 at 11:02 pm
ဒေါ်ဆူးရေ ….အဲဒီဝါးက အရင်ကထက်စာရင် ဆယ်ပုံတစ်ပုံလောက်ဘဲကျန်တော.တာ
တောသူတောင်သားတွေအတွက်တော. ဝါးက အသက်ပဲဗျ ။ ကျုပ်ကတောနေဘူးလို.သိတာ
ဒါနဲ. အစ်မ ပဒုမ္မာရေ …..
ပရုပ်လုံးဖြစ်တဲ.အထဲမှာ ဝန်ထမ်းကိစ္စလည်းထည်.သင်.သဗျ ။ လုပ်ငန်းအသေးတွေဆိုတာ
ဝန်ထမ်းလစာကို ချင်.ချိန်ပြီးပေးကြတာဆိုတော. အခွင်.အလမ်းတွေ ရပိုင်ခွင်.တွေမှာ
လုပ်ငန်းကြီးတွေကိုမယှဉ်နိုင်ဘူး ။ ဝန်ထမ်းတွေဘက်ကလည်း လုပ်ငန်းသေးတွေပေါ်မှာ
ယုံကြည်မှုကအားနဲတယ် ။ဒါလဲဖြစ်သင်.ပါတယ် ….ဘယ်တော.ပြုတ်မှန်းမှမသိနိုင်တာ
ဆိုတော. …… သုံးလတစ်ခါ လေးလတစ်ခါလောက် အသစ်ခန်.နေရတယ် ။ သူတို.ကြည်.တော.
လည်းဘယ်မှာမှ မမြဲဘူး ၊ကောင်းနိုးကောင်းနိုးနဲ. အလုပ်တွေ ပြောင်းလုပ်နေကြတာ …..
( ဝန်ထမ်းဆိုသည်မှာ ပညာရှင်ဝန်ထမ်းမဟုတ်ပါ ၊ အခြေခံဝန်ထမ်းများကိုဆိုလိုပါသည်)
padonmar
March 21, 2012 at 1:35 am
ကိုဆာမိ
စဉ်းစားအားဖြည့်ပေးတာ ကျေးဇူးပါ။
လုပ်ငန်းသေးတွေက အခုဆိုရင်တော့ ခရိုနီတွေရဲ့ အလုပ်တွေက ရတဲ့ ရပိုင်ခွင့်နဲ့ လစာကို ကျန်တဲ့သူတွေ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။အဲဒီတော့ ယှဉ်ကြည့်ရင်းနဲ့ အလုပ်တွေ ခုန်ကုန်ကြတာလည်းပါပါတယ်။
ပညာရှင်တွေကျပြန်တော့လည်း နိုင်ငံခြားနဲ့ ဝင်ငွေ တစ်ခြားစီဆိုတော့ Brain Drain,Skilled Labour Drain ကရှိနေအုံးမှာပါပဲ။
ကိုယ်ပိုင်အလုပ်ဆိုရင်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထိန်းနေရတာပါပဲ။
padonmar
March 21, 2012 at 1:28 am
ရောင်ခြည်ခ၊အခိုင်၊ရွာတော်ရှင်
သင်္ကန်းဆေးဆိုးတာတော့ ပိတ်ဆေးဆိုးတဲ့ လုပ်ငန်းတွေထဲကတစ်ခုထင်ပါရဲ့။
ဆူးသိပါလိမ့်မယ်။
သူတို့လောက် လုပ်အားခ မပေါတာတော့၊တရုတ်တွေရဲ့ individual production rate သိပ်ကောင်းပါတယ်။သူတို့က အလုပ်လုပ်ရင် စကားမပြော၊မုန့်မစား၊ရေမသောက်၊ သေးမပေါက် ဆိုတာလိုလုပ်ကြပါတယ်။
ဒို့ဆီကလူတွေက တစ်နာရီလောက် လုပ်မိရင် ရေထသောက်ရတာနဲ့၊ညကကြည့်တဲ့ ကိုရီးယားကားအကြောင်းပြောရတာနဲ့။မှားကုန်လို့ ပြန်ဖျက်ရတာနဲ့။
ဝါးနဲ့လုပ်တဲ့ တောင်းလေးတွေ နိုင်ငံခြားကလိုချင်တဲ့ အကြောင်း အိတုန်တင်တာတွေ့ဖူးတယ်။
ဘာဆက်ဖြစ်တယ်တော့မသိဘူး။
မြန်မာပြည်မှာ quality control system တော်တော်ကို အရေးတကြီးကို လိုနေပါတယ်။
အစပဲကောင်းပြီး အနှောင်းမသေချာတာ ဒို့ စရိုက်ဖြစ်နေပါတယ်။
အဲဒီတော့ အလုပ်အပ်မယ့်သူက စိတ်မချ၊ဈေးမပေးချင်၊ဌာနဆိုင်ရာတွေမှာ ကြန့်ကြာတဲ့ အချိန်တွေကများ၊တစ်ယောက်လမ်းထွင်ပြီးမှ ဒီလမ်းပေါ်ပဲစုပြုံလျှောက်ကြ။
အဲဒီ အကျင့်ဆိုးတွေ ပြင်ကြပါစို့။
Foreign Resident
March 21, 2012 at 4:24 am
” တရုတ်တွေ ရဲ့ individual production rate သိပ်ကောင်းပါတယ်။
သူတို့က အလုပ်လုပ်ရင် စကားမပြော ၊ မုန့်မစား ၊ ရေမသောက် ၊ သေးမပေါက် ဆိုတာလို လုပ်ကြပါတယ်။
ဒို့ဆီကလူတွေက တစ်နာရီလောက် လုပ်မိရင် ရေထသောက်ရတာနဲ့ ၊
ညကကြည့်တဲ့ ကိုရီးယားကားအကြောင်းပြောရတာနဲ့ ။ မှားကုန်လို့ ပြန်ဖျက်ရတာနဲ့ ”
ဟုတ်ပါတယ် မပဒုမ္မာ ရေ ။
အဲဒီ အကြောင်းတွေကို လုပ်ငန်းရှင်တွေ ဆီက မကြာခဏ ကြားရပါတယ် ။
အဲဒီ အကြောင်း ရေးချင်ပေမယ့် ၊ ရေးရင် အဆဲခံရမှာ စိုးလို့ ။
မှန်တာပြောရရင် မြန်မာလူမျိုးတွေဟာ တရုတ်လူမျိုးတွေနှင့် ယှဉ်ရင်
လစာချင်း တူရင် ( လစာချင်း တူရင် ) တရုတ်လူမျိုးတွေလောက်
ရေရှည် အလုပ်ကြမ်း မလုပ်နိုင်ဘူး ဆိုတာ တွေ့ရတယ် ။
ဒါကြောင့် မြန်မာပြည်လာတဲ့ တရုတ် ကုမ္ပဏီ တွေက
ဈေးကြီးပေးပြီး တရုတ် အလုပ်သမားတွေ ခေါ်သုံးနေရတာတဲ့ ။
ပထမ မြန်မာ ရွာသားတွေ ခေါ်သုံးကြည့်သေးတယ် ။
အလုပ်ပင်ပန်းရင် မြန်မာ ရွာသားတွေက အကုန် ထွက်ပြေးကြတယ်တဲ့ ။
kai
March 21, 2012 at 4:48 am
😆 😆 😆 😆
တရုတ်ပြည်ရောက် မြန်မာများ ရာနှင့်ချီ အဖမ်းခံရ
တရုတ်မြန်မာနယ်စပ်တွင် ရဲအရာရှိတဦး နှင့် အမျိုးသမီးတဦး အသတ်ခံရပြီးနောက် တရုတ်အာဏာပိုင်တို့က ပြီးခဲ့သည့်တပတ်အတွင်း ရာနှင့်ချီသော မြန်မာပြည်သားများကို ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
လူသတ်မှုကျူးလွန်သူဟု ယူဆရသူ မြန်မာပြည်သား တချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး၊ မတ်လ ၁၂ ရက်နေ့မှ စတင်သည့် ရွှေလီမြို့ နှင့် ကျယ်ခေါင်မြို့ ဖမ်းဆီးမှုများကြောင့် ၇၀ဝ ဝန်းကျင်အထိ အထိန်းသိမ်းခံခဲ့ရသည်ဟု တရုတ်-မြန်မာ နယ်စပ် အရေး လေ့လာ စောင့်ကြည့်နေသူ ဦးအောင်ကျော်ဇောက ဧရာဝတီကို ပြောသည်။“မြန်မာနိုင်ငံသားတွေ မှန်သမျှ လိုက်ဖမ်းနေတယ်၊ လူကောင်းရော၊ လူဆိုးရော တယောက်မှ အလွှတ်မပေးဘူး၊ အကုန် ဖမ်းပြီး ထောင်ထဲ တန်းပို့တယ်” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။
ထိုဒေသတွင် မြန်မာပြည်သား သုံးသောင်းကျော်ရှိပြီး စက်ရုံ၊ အလုပ်ရုံ၊ ဈေးဆိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေသူများ၊ ကုန်သည်ပွဲစားများ ဖြစ်သည်ဟု ဦးအောင် ကျော်ဇောက ပြောသည်။ မြန်မာပြည်သားများ လုယက်ခံရမှု၊ မတော်တဆမှု၊ ထိခိုက် ဒဏ်ရာရ သေဆုံးမှု တို့ ရှိခဲ့သည့်တိုင် တရုတ် အာဏာပိုင်တို့က အရေးယူ ဆောင်ရွက်ပေးခြင်း မတွေ့ရကြောင်း သူက ရှင်းပြသည်။ http://burma.irrawaddy.org/archives/7403
Foreign Resident
March 21, 2012 at 10:19 am
သူကြီးရေ ပြောရအုန်းမယ် ။
အဲဒီ မြန်မာလူမျိုးပဲ နိုင်ငံခြားမှာ / နိုင်ငံခြားသား လက်အောက်မှာ ဆိုရင်
အသေအကြေ ပြဲကားပြီး မသေရုံတမယ် လုပ်ကြတယ် ။ တစ်ခွန်းမှ မလှန်ဘူး ။
အဲဒီ မြန်မာလူမျိုးပဲ မြန်မာ နိုင်ငံမှာ / မြန်မာ နိုင်ငံသား လက်အောက်မှာ ဆိုရင်
ဘေးကလူမြှောက်ပေးတာ နှင့် Peer Pressure ပေါ့လေ ၊
ဒီလောက် လုပ်စရာ မလိုပါဘူးကွ ၊ လူလိုခိုင်းပါကွ တို့ ။
ဒီလောက်ခိုင်းရအောင် ဒင်းက ဘာကောင်လဲ တို့ နှင့် ၊
ခို ရုံတင် မကဘူး ။ ခိုး ပါ ခိုး လာတာ ။
ချဉ်ထှာအေ….
ဖားသက်ပြင်း
March 21, 2012 at 7:33 am
ဝှိုက်ကော်လာဒွေရော စမ်းဦးမလား အဘရယ်….
အသည်းဒွေနာလွန်းလို့…ဘာ…
:'(
padonmar
March 23, 2012 at 3:00 am
အဘရေ
တရုတ်ထက ် ဂျပန်တွေက ပို ပြီး အလုပ်ဇွဲကောင်းတာလည်း လက်တွေ့မြင်ဖူးပါတယ်။
သူတို့နဲ့ ချိန်းရင် အချိန် ဘယ်တော့မှ နောက်မကျ၊စောတောင်ရောက်ကြတယ်။
meeting တစ်ခုလုပ်တာ မနက် ၉ နာရီကနေ နေ့လည် ၂ နာရီထိ အဖြေမထွက်မချင်း မုန့်မစား ၊ ရေမသောက် ၊ သေးမပေါက်
ထိုင်ဆွေးနွေးကြပါတယ်။
နောက်ချီးကျူးစရာတစ်ခုက ကိုယ်သုံးရမယ့် stationery ကအစ laptop,camera မကျန် လိုအပ်တာလေးတွေ အကုန် တစ်ပါတည်းယူလာကြတာပါ။ခဲတံခဲဖျက်တောင် သယ်လာပါတယ်။
ဟိုတလောက မြေအရောင်းအဝယ်စာချုပ်ချုပ်တော့ တစ်ဖက်ကပါလာတဲ့ ရှေ့နေမလေးဟာ စာချုပ်ရေးစရာ ဘောပင်တောင်မပါလာရှာဘူး။ဘောပင်လေးပေးပါအုံး၊correction pen လေးပေးပါအုံးနဲ့ အလုပ်လုပ်သွားလေရဲ့။ချိန်းတဲ့အချိန်ထက်လည်း နောက်ကျမှရောက်တယ်။
ဘယ်လိုများ ကြီးပွားကြပါ့မလဲ။
ဒို့ရွှေ့မြန်မာတွေ ကိုယ့်အားနည်းချက် ကိုယ်သိရင် ပြင်ကြဖို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေကြရတယ် ဆိုတာ သဘောပေါက်ပေးကြစေချင်ပါရဲ့။
Foreign Resident
March 21, 2012 at 5:10 am
အဘ တို့ မိသားစု ( တရုတ် ) တွေလဲ
ငယ်ဘဝကို အောက်ခြေက စခဲ့ကြတာပါကွယ် ။
( ချဉ်ရည်ဟင်း နှင့် ကြက်ဥကြော် နှင့် ထမင်း မစားလို့ ရိုက်ပြီးတောင် အကျွေးခံခဲ့ရတယ် )
တရုတ် နှင့် မြန်မာ အဓိက ကွာတာ နဲနဲပဲ ရှိပါတယ် ။
( ရွာနေ ပြည်ထိုင် တရုတ် ကိုပြောတာပါ ၊ အခုမှဝင်လာတဲ့ နယ်ခြား တရုတ်တော့ မသိဘူး )
၁ ။ အလုပ်ကို နှစ်ရှည်လများ ကြာတဲ့ထိ ကြိုးကြိုးစားစား လုပ်တာ ။
၂ ။ မျိုးရိုးရဲ့ နာမည် တစ်လုံး နှင့် ဂုဏ်သိက္ခာ ကို တန်ဖိုးထားတာ ။
၃ ။ အောက်သက်ကျေတာ ။ လူ့အောက်ကျို့ရဲတာ ။
၄ ။ မနာလို ဝန်တိုစိတ် နဲတာ ။
၅ ။ စည်းလုံး ညီညွတ်တာ ။
အဘ သေချာတာ တစ်ခုကတော့ ။
အခုနေ လမ်းဘေးက မွေးကင်းစ ကလေးပေါက်စလေး တစ်ယောက်ကို ၊
အဘ တို့ တရုတ် မိသားစုထဲ ခေါ်ပြီး လေ့ကျင့်ပေးလိုက်ရင် ၊
အဲဒီ ကလေးလေးဟာ ကြီးလာရင် ချမ်းသာမှာ သေချာပါတယ် ။
( အနဲဆုံး အသင့်အတင့် တော့ ) ချမ်းသာမှာ သေချာပါတယ် ။
ရိုးရိုးသားသား နှင့် ချမ်းသာ အောင် လုပ်ယူလို့ရပါတယ် ။
သေချာပါတယ် ။
padonmar
March 23, 2012 at 3:04 am
အဘဖော
တရုတ်တွေ မနာလိုဝန်တိုစိတ်နည်းတယ်တော့ မပြောနဲ့။မထောက်ခံဘူး။
အဲဒီစိတ်ရှိကြလို့ကို အပြိုင်အဆိုင်ကြိုးစားကြတာ။
မှန်တဲ့ကြိုးစားမှုလည်းရှိ ၊မမှန်တာတွေလည်းရှိပေါ့။
ဖားသက်ပြင်း
March 21, 2012 at 7:25 am
အဘဖော နဲ့ သဂျီး ပြောတာလေးတွေပဲ ပြောချင်တာပါဂျာ…
မောင်ဂီ့ က ဘာများ ပြောရဦးပါအံ့နည်း ….။
အဲ့ .. တခုလေးတော့ဖြင့် ကျန်သေးသလိုပဲ ….။
တခါက မိုက်ကယ်သဂျိုင်ခီး နဲ့ မောင်ဂီ့ ပြောဖူးတဲ့ စောင်းကိစ္စလေး…
သဂျီးက အော်တိုကတ်နဲ့ စောင်းပုံတူ လုပ်ရောင်းမယ်ပေါ့…..
အင်း …..souvenir ဆိုပါတော့ … အဲ့သည့်ဘက် သွားလို့ရသေးသဗျ…
ဆော်ဗီးနား တွေဆိုရင် လူတွေက ၂ခု ခွင့်လွှတ် တတ်ကြတယ်…
၁။ ကွာလတီ ….
ဆော်ဗီးနား တစ်ခုကို ကွာလတီ မပြည့်ဘူး တို့ ဘာတို့ ခနလေးနဲ့ ပျက်တယ်ဘာညာ
ပြောလေ့မရှိကြပါဘူး
၂။ ဈေး …
တန်ရာတန်ကြေးထက်တောင် ပို ရောင်းလို့ ရသေးရဲ့ဗျာ….
ဒီ၂ခု ခွင့်လွှတ်ခံထိဖို့ ဆော်ဗီးနား မှာ တာဝန် ၂ခု တော့ ရှိလေရဲ့…
အဲ့ဒါကတော့
၁။ ယူနစ်ခ် ဖြစ်ရမယ်… ဘယ်မှာမှ မရဘူး ..ဒီမှာဘဲ ရတဲ့ပစ္စည်း ဆိုတာမျိုး
unique ဖြစ်ရမယ်. ..။ဖွား စော စကားငှားပြောရရင်တော့ အတုမရှိ ။ အတူမရှိပေါ့…။
၂။ ကြော်ငြာ တတ်ရမယ် …ထိုးဖောက်ရမယ်. ..မားကတ္တင်း အစ်ရှူးစ် ဆိုပါတော့ ..။
လူသိအောင်လုပ်ရမယ်ပေါ့ဗျာ …။
ဆိုတော့ သည်၂ခု ဖော်ဆောင်နိုင်ရင်ဖြင့် …အသက်ရှူချောင်မှာ ဖြစ်ပါကြောင်း….။
သို့သော် မမှန်သည်များကိုလည်း ပယ်သင့်ပါကြောင်း …ဆပ္ပလိုင်းချိန်းမှာ ထိပ်ဆုံး
ကုန်ကြမ်း က စက်ရုံထုတ် လေလွင့် ဆိုက်ဒ် ပရောဒတ်ဖြစ်နေတာ သိပ် မမိုက်ပါကြောင်း..
😀
ပြောမယ့်သာ ပြောရတယ် မိန်းစတွင်းမ်းထဲ မနေဘဲဆော်ဗီနားအဖြစ် ပြောင်းလဲ ရပ်တည်ဖို့ဆိုတာ
အသည်းနာ စရာကောင်းပါကြောင်း …။
ဖြစ်နိုင်ရင် မိန်းစတွမ်င်းထဲ သာ နေစေလိုပါကြောင်း ….။
အစ်မအေးကေ ဆိုခဲ့သလို …လိုကယ်လ် အက်စ်အမ်အီး တွေသေကုန်တာကတော့
အဖြေရှာဖို့ လိုပါကြောင်း ….တူရာစုတဲ့ လွပ်လပ်သောလိုကယ်လ် အက်စ်အမ်အီး အဖွဲ့အစည်း
တွေ လိုအပ်မယ် ထင်ပါကြောင်း … (လက်ဂျစ်စ်လေးရှင်းပိုင်းကိုတောင်းဆိုစရာများ ပါတာ
တကြောင်းနဲ့… စပက်စီးဖစ်ခ် ပရော်ဖက်ရှင်နယ်လဇင် ပါတာမို့ ..ဉာဏ်မမီကြောင်း..)
ဟိုတလောလေးကပဲ ..ဖန်ချက် စက်ရုံတွေ ပိတ်ပစ်ရတာ တွေ့တော့ စိတ်မကောင်းဖြစ်
မိပါသေးကြောင်း ….။မဆီမဆိုင် သင်္ကြန်ဆော့တဲ့ ရေထွက်အောင် လက်နဲ့ညှစ်ရတဲ့
ပလတ်စတစ် အရုပ်တွေ သွားမြင်ပါကြောင်း …။ လွန်ခဲ့တဲ့ အနှစ် ၅ဝကလည်း ဒါပဲ
၃ဝကလည်း ဒါပဲ ယနေ့ထိလည်း ဒါပဲ ဖြစ်တဲ့အတွက် … ယနေ့မှာ ကျေးလက်ကိုသာ
ပို့ ရတာ မျက်မြင်ဖြစ်ကြောင်း …မြို့နေကလေးများ … ယပက်လက်နဲ့ ချီးနားမှ လာသော
ဗြွတ်များ သာ ကစားကြကြောင်း … အဘဖောပြောတဲ့ …ဖစ်စ်တက်စ် ဝယ်လ် ဆာဗိုက်ဗ်ပဲ
ဖြစ်လာကြောင်း…..။ အင်နိုဗိတ်မလုပ် မားကတ္တင်းမလုပ်လို့ …သေကုန်တာဖြစ်ကြောင်း..
ရေးရင်းရေးရင်း ချဉ်လာပါကြောင်း ..။ သများလည်း ဘာမှ မတတ်နိုင်ပါကြောင်း…။
နောက်ဆုံးတခုကတော့ စတိုရီ မိတ်ကင်း ဖြစ်ကြောင်း ….
မြန်မာဗားရှင်း ဘာဘီဂဲလ် လိုမျိုး…မြန်မာဗာရှင်း နင်းဂရော လိုမျိုး လုပ်သင့်ပါကြောင်း…
ဥပမာ ထွေးညို(တိုက်ဆိုင်မှုရှိရင်သည်းခံပါ) ဆို တောသူ လုံမပျိုေလေးမှန်း လူတိုင်းသိကြောင်း
အနှီ အင်းမေ့ချ်ကို ပုံဖော် ဆို ဘယ်သူမှ ပုံဖော်ထားတာ မရှိကြောင်း….
(ကျုပ်တို့လူမျိုး သည်ဘက် အလွန်အင်မတန် အားနည်း၏)
ထိုသို့ ပုံဖော်သင့်ကြောင်း …. ထို အင်းမေ့ချ်မှတဆင့် ကွန်မျူနီကိတ် လုပ်သင့်ကြောင်း…
ပုဂံရောက် အမှတ်တရဆိုပြီး ဆူလွယ်နပ်လွယ်တီရှပ်သာ ကကြီးခခွေး
တံဆိပ်ရိုက်ရောင်းကြောင်း.. အမှန်အကန် ပုဂံထွက် အထည်တွေကို ပရိုမုတ်လုပ်သင့်ကြောင်း….
ရေးရင်း ထပ်မံ ချဉ်လာပါကြောင်း….။
ကစားစရာ အရုပ်က စပြောရလျင် … ပဲခူး ဘုရားစောင်းတန်းလည်း ဒီ ဗန္ဓုလ ခါးမောက်..
ဒီ ဝါးဓါး … ပုဂံ ဘုရားစောင်းတန်းလည်း ဒီ ဗန္ဓုလ ခါးမောက်.. ဒီ ဝါးဓါး …။
ကျန်စစ်သား တို့ လဂွမ်းအိမ်တို့ စိတ်ထိခယက်မှာ ဖြစ်ကြောင်း ….။
ကျန်စစ်သားလှံ လဂွမ်းအိမ် အဲမောင်း ..ဒါမျိုးတွေ ပုံဖော် ဒီဖိုင်းလုပ် ပုံစံသွင်း
ရောင်းချသင့်ကြောင်း …. ၃နိုင်ငံဒဏ္ဍာရီမှ .. ကွမ်းရီ ဓါးပြား ၊ ကျန်းဖေးလှံတံနှင့်
လျိုပေ့ ဓါး တီလုပ်ကြီး အကုန်ဒီဖိုင်း လုပ်ထားတာ ကို အတုယူစေကြောင်း….
ဖိုးဝရုပ် ၊ ဇီးကွက်ရုပ် အဆုံး …နှစ်၃ဝလောက်အတွင်း ထူးခြားတဲ့ ပြောင်းလဲမှု
မတွေ့ရကြောင်း …. (မြို့နေ ဘယ်ကလေးမှလည်း ဒါတွေ မဆော့တော့ကြောင်း…)
လောလောဆယ်တော့ ဘယ်လိုရပ်တည်နေလဲ မသိကြောင်း ….. တဖြည်းဖြည်း
နား ကားကား လာ နိုင်ကြောင်း …..။
ကျုပ်တို့လူမျိုးများ ဈေးမရောင်းတတ်တာပြောပါတယ်….။
ငယ်ငယ်က မီလိုက်ပါသေးတယ်… ရန်ကုန်စကော့ဈေး ..ဈေးစစ်နိုင်မှတော်ကာကျ ဘာညာ..
အဲ့နောက် ရှိသေးရဲ့ …ဆိုင်မှာ ဆိုင်းဘုတ်ချိတ်တာ ..တခွန်းဆိုင် တဲ့ …. ဘာပစ္စည်းမှဈေး
မကပ်ထားတာ .. ..ရောင်းသူစိတ်ကြိုက်ပေါ့ …အဟတ်. ..ပါးစပ်ထဲရှိတဲ့ဈေးပြောတာ…
ဝယ်ချင်ဝယ် မဝယ်ချင်နေ … အထက်စီးနဲ့ ဈေးရောင်းစားတာ…..
စူပါမားကတ်တွေ ပလာဇာတွေ ..ဒီပါ့မန့်စတိုးတွေ ပေါ်လာတာနဲ့ အမျှ အနှီဆိုင်တွေ
နား ကား ကုန်ကြောင်း….။ ငယ်ငယ်ကနဲ့များကွာပ…စကော့ဈေးရယ်…. အဟတ်..ခုတော့
နိုင်ငံခြားသားဧည့်သည်လောက် ခေါ်ပြရတဲ့ နေရာလောက်ဖြစ်နေပါပကော….။
(ထိပ်ဆုံးကပြောသလို သူတောင် ဆော်ဗီးနား လောက် ရောင်းရတော့တာနော…..)
ဒါတောင် အဲ့မှာဝယ်တဲ့ဈေးက လေဆိပ်က (ပျမ်းမျှ ဈေးများလေ့ရှိတဲ့ ဆော်ဗီးနားဆိုင်ထက်ဈေး
ကြီးလို့) နောက်ဘယ်တော့မှ မသွား တော့ဘူးကွ …အော်ပြီး ပြန်တဲ့ နိုင်ငံခြားသား…. မျက်စိ
တပ်အပ် ကို မြင်ဖူးပါကြောင်း…။ အနှီဆိုင်ရှင်ကတော့ ဒီဂျာပု ဘာမှ သိတာမဟုတ်ဘူး…
တင်ရိုက်ပလိုက်တာ ..ချိုထှာအေ …ဆိုပြီး ..သဘောကျနေမှာဖြစ်ကြောင်း…..
အနှီ တခါဆက်ဆံ ဆယ်သက်လန် ဈေးရောင်းနည်းတွေနဲ့ကတော့ နားကား မှာဖြစ်ကြောင်း..
ထပ်မံ၍ ချဉ်လာပါကြောင်း ….။
သူများ ကောင်းလွန်းတာ ထက် ကိုယ် ပိန်းလွန်းတာကြောင်း ပရုတ်လုံး ဖြစ်ရတာဖြစ်ကြောင်း
အော်…. ပညာရှိစကားများ ဆယ်စုနှစ်ချီတာတောင် မှန်တုန်းရယ်….
ဘစ်ဇနက်စ်မှာ ၂ခုပဲ ရှိတယ်တဲ့ … အင်နိုဗေးရှင်း ရယ် မားကတ္တင်းရယ်တဲ့ …..
တိန်…
ခေတ်ကောင်းခဲ့တုန်းကလည်း အဲ့သည့်၂ခုလုံး လုပ်မှမလုပ်ခဲ့ဘဲ …ကွယ်…
ချဉ်ထှာအေ….
😀
Foreign Resident
March 21, 2012 at 10:03 am
ဂီဂီ ရဲ့
အဲဒီ နိုင်ငံခြားသားကြီးက ဒီအတိုင်းငြိမ်ပြီးပြန်သွားတာ မဟုတ်ဘူးဗျ ။
ဟိုတစ်ခါ ကို htoosan ပြောခဲ့တဲ့ ခရီးသွား Internet Web Page ပေါ်ရောက်တော့
အတိအကျ Detail ကို ပြန် ဖွ တော့တာဗျ ။
အဲဒီတော့မှ တခါဆက်ဆံ ဆယ်သက်လန် တင်မကတော့ပဲ ၊
တစ်ယောက်ဆက်ဆံ ဆယ်ယောက်လန် ပါထပ်ဖြစ်တာလေ ။
ကိုယ်တွေထက်လည်လို့ အသိအမြင်ရှိလို့
ကမာ္ဘပါတ်နေတဲ့ နိုင်ငံခြားသားတွေကိုများ အချဉ်မှတ်လို့ ။
By the way,
ကမာ္ဘပါတ်နေတဲ့ နိုင်ငံခြားသားတွေကို သနားကြပါအုန်း ။
မြန်မာပြည် လာလည်စရိတ် ဟာ ၊ ယိုးဒယားကို သွားလည်စရိတ် ထက် ၊
အနဲဆုံး နှစ်ဆ လောက် ပိုများပါတယ် ။
ကုန်ဈေးနှုန်း ၊ အခွန်အခ ၊ အစစ အရာရာ ၊
မြန်မာပြည်က ယိုးဒယားထက် ဈေးကြီးလွန်းတာပါ ။
သူတို့ခမျာ မြန်မာပြည် လာချင်လွန်းလို့သာ မနဲ စုဆောင်းပြီး လာရရှာတာပါ ။
htoosan
March 21, 2012 at 11:35 am
အဟိ .. နောက်ထပ် တွန်းပို့လေး .. http://www.tripadvisor.com/ShowTopic-g294190-i9408-k5253523-Buying_Rubies_in_Myanmar-Myanmar.html
hoppers Beware!!! DO NOT go to a jewelry shop called MIN THIHA located at No.2 Pyay Road, 6 mile, 10-quarter, Hiaing township, Yangon, Myanmar (Burma).
Many tour guides bring visitors to purchase rubies and other precious stones and jewelry at this supposed upscale shop. The shop claims that their rubies are stones from Myanmar (Burma) and are natural, non-heat treated stones with no filling. The shop is also willing to provide a receipt to you and put in writing describing the purity of their stones.
HOWEVER, after the purchase of a ruby ring from the shop for about US$1,000.00, I went to Stalwart Gem Laboratory, recommended by the Myanmar Government’s Myanmar Gems Museum to confirm the purity of the ruby. The laboratory results were quick (less than 30 mins) and inexpensive (between US$2.00 – $10.00)
To my disappointment, the Gems Laboratory confirmed that the ruby was actually an African, heat-treated ruby with glass filling that is probably worth about US$2.00!
Based on our journey and experience in Myanmar (Burma), all the rubies are heat-treated and from the Mongshu mine, and not the Mogok mine.
မိမိကိုယ်ကိုကောင်းအောင် ကြိုးစားမည် ။ မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်။
မိမိ သည် အတော် အရေးကြီးပါသည် ။ 😀
htoosan
March 21, 2012 at 12:01 pm
အန်တီပဒုမ္မာ ရေ. ဘဖောနောက်လိုက်လိုက်တဲ့ အတွက် ဘေးနဲနဲရောက်သွားပါတယ် ။ ခွင့်လွှတ်ပါ ။
ပရုပ်လုံးတွေ ထိန်းသိမ်းဖို့ ပရုပ်လုံးလေးတွေ ကိုယ်တိုင်မှာလည်း တာဝန်များ ရှိကြောင်းလည်းထင်မြင်ယူဆ မိလို့ပါ။
Foreign Resident
March 21, 2012 at 12:03 pm
ကို htoosan ကလဲ ဘာလို့ မြန်မာလို ပြန်မပေးတာလဲ ။
US ၂ ဒေါ်လာတန် ကို US ၁၀၀ဝ နှင့် ရောင်းလို့တဲ ။
မြန်မာ လူမျိုးတွေရဲ့ ရိုးသားမှု ကတော့ သွားပါပြီကွယ် ။
padonmar
March 23, 2012 at 3:34 am
တူမလေးတွေ အင်းလေးထဲသွားလည်တော့
ငွေဆွဲကြိုးတွေ handchain လေးတွေ ဝယ်လာကြတယ်။
ခြင်းလုံးလေးတွေပုံပါတဲ့ ဆွဲကြိုးလေးကို အင်းလေးမှာ သုံးသောင်း မနည်းဆစ်ဝယ်ခဲ့ရတယ်။
ရန်ကုန်ရောက်တော့ စကော့ဈေးထဲမေးကြည့်ရုံမှာတင် နှစ်သောင်းပဲပြောလို့ တဖွဖွပြောမဆုံးတော့ဘူး၊
အမရပူရ နဲ့အင်းလေးမှာ ဈေးကြီးပေးရတဲ့ ချည်လုံချည်တွေက စကော့ဈေးမှာ ပိုသက်သာနေတယ်။
ဆိုလိုတာက စကော့ဈေး အလယ်တန်းက ဆိုင်တွေကလည်း တိုးရစ်တွေ ကို ဈေးတင်ရောင်းသလို တိုးရစ်အလာများတဲ့ နယ်တွေကလည်း ဒီလိုပဲ လုပ်နေကြပါတယ်။
သူများတိုင်းပြည်တွေမှာလည်း ဒီလိုပါပဲ။ နိုင်ငံခြားသားဆိုရင်ဈေးနှုန်းမှန် မသိတဲ့အတွက် ဈေးတင်လို့ရတယ်ထင်ကြပါတယ်။
မသွားဖူးတဲ့နယ်မှာ ကားငှား ဆိုက်ကားငှားရင် ဈေးတင်သလိုပေါ့။
ဒါဟာ လူ့သဘာဝပါ။မကောင်းတဲ့စရိုက်ဖြစ်ပေမယ့်
မြန်မာတွေတစ်မျိုးတည်းရဲ့ အားနည်းချက်မဟုတ်ပါကြောင်း။
padonmar
March 23, 2012 at 3:08 am
မာကက်တာဂီ
sovenir နဲ့ လုပ်စားဖို့ လမ်းကြောင်းအကြံလေးပေးတာ ကျေးကျေး။
စက်ရုံထုတ် လေလွင့် ဆိုက်ဒ် ပရောဒတ်ဖြစ်နေတာ သိပ် မမိုက်ပါကြောင်း..
😀 ဒါတော့ မပြောနဲ့လေဟယ်။
ကမာ္ဘကြီးကိုကယ်တင်ဖို့ စက္ကူတွေ ပလပ်စတစ်တွေ recycle လုပ်ရမယ်တောင်ပြောနေကြသေးတာ။
etone
March 21, 2012 at 9:30 am
အန်တီပဒုံမ္မာရေ … ကြယ်ငါးလေးတွေကို တတ်နိုင်သလောက် ကောက်ပစ်ပေးဖို့ ကြိုးစားနေတဲ့လူအဖြစ် …လေးစားမိပါတယ် ။ 🙂
ပြည်တွင်းဖြစ်လုပ်ငန်းလေးတွေ .. တဖြည်းဖြည်းလျော့နည်းလာတာ ဈေးကွက်ထိုးဖောက်မှုအားနည်းလာတာရယ် ၊ ကုန်ကြမ်းခက်ခဲလာတာရယ် ၊ လည်ပတ်မှုအားလျော့နည်းလာတာရယ် ၊ ကွာလတီ ထိန်းသိမ်းနိုင်မှု အားနည်းလာတာရယ် ၊ ဖန်တီးတီထွင်နိုင်မှု အားနည်းတာရယ် ၊ စက်ပစ္စည်းနဲ့ လေဘာ ချာချ်နဲ့ တခြား ဗာရီရ စရိတ်တွေ တက်လာတာရယ်ကြောင့်လို့ ထင်မိပါတယ် …. ။
တစ်ချို့ ထုတ်ကုန်တွေဆို ကိုယ့်နိုင်ငံမှာ ရှိပါလျှက်နိုင်ငံခြားက အင်ပို့လုပ်လာတာကိုပဲ လွယ်လွယ်ဝယ်သုံးဖြစ်တာ … ဈေးနှုန်းကွာခြားချက်နဲ့ ကွာလတီတွေကြောင့်လို့ထင်တယ် … ။ ကိုယ်တည်ထောင်ခဲ့တဲ့ အလုပ်တစ်ခု ပျက်ဆီးသွားမယ် ဆိုလျှင် … အတော်ခံရခက်မှာပါ … ဒီတော့ .. ကောင်းကောင်းမွန်မွန်လည်ပတ်နိုင်ဖို့ … ထိန်းသိမ်းဖို့ လိုလာပြီပေါ့ … ။
ထိန်းသိမ်းဖို့ဆိုလျှင်တော့ … လုပ်ငန်းအလိုက် … လုပ်ဆောင်တာခြင်းကွာခြားမယ် ၊ ထိန်းသိမ်းပုံခြင်း ကွာခြားမယ်လို့တော့ ထင်ပါတယ် … ။ ကုန်ကြမ်းရှာတဲ့ နေရာမှာလည်း … ဆပ်ပလိုင်ယာတစ်ခုတည်းကိုမဟုတ်ပဲ … နေရာဒေသအမျိုးမျိုးထိ … အသက်သာဆုံးနဲ့ ဝန်ဆောင်မှုအကောင်းဆုံး ၊ ကွာလတီမနိမ့်တဲ့ ဆပ်ပလိုင်ယာမျိုးရှာထားသင့်ပါတယ် … ။ ကုန်ကြမ်းပြတ်လပ်မှုမရှိစေအောင် .. ဆပ်ပလိုင်ယာဦးရေ များများခွဲထားဖို့ပါ … ။ နောက်ပြီး .. ဈေးကွက်ချဲ ့ထွင်မှုနဲ့ ကြော်ငြာအားကလည်း အရေးကြီးပါတယ် … ။ ဒီကြားထဲ ကွာလတီလေးကလည်း ထိန်းထားရဦးမယ် … ။တရုတ်ဈေးကွက်ထဲက ပစ္စည်းများလို … ထုတ်ကုန်များများ လည်ပတ်ပြီး ..ပစ္စည်းတစ်ခုချင်းစီရဲ့အပေါ် အမြတ်စွန်း… အနည်းဆုံးပဲယူကာ .. ပစ္စည်းများများထုတ်ပြီး … ရပ်တည်နေကြတာပါ … ။ ဒါကြောင့်လည်း ..ဒီမှာ သုံးရာတန်ပစ္စည်းကို .. သူတို့က တစ်ရာနဲ့ရောင်းနိုင်တာ … ။ ဈေးကွက်ကို ဆွဲဆောင်ဖို့က .. ကုန်ပစ္စည်း အပြင်ဆင်သေသပ်မှုနဲ့ … ကျနစွာထုတ်ပိုးတတ်မှုကလည်း .. အရေးပါသေးပါတယ် .. ။ အန်တီရေ .. စာနဲ့ရော စကားနဲ့ရော ဈေးကွက်ထိန်းသိမ်းဖို့က ပြောရတာ.. ဒီလောက်ကြီး မခက်ပေမယ့် … တကယ့် နှဖူးတွေ့ ဒူးတွေ့ .. လုပ်ရတဲ့ လူတွေခမျာတော့ … တစ်ခုခု ဆုံးဖြတ်ဖို့အရေ .. အလွန်ခက်ခဲမှာပါပဲ … ။စာရွက်ထဲမှာတင်မဟုတ်ပဲ .. အပြင်မှာ … ငွေတွေ ၊ လုပ်အားတွေ ၊ အချိန်တွေ ….. တကယ်ရင်းခဲ့ကြရတာကိုး … ။
ဟီးဟီး .. နောက်ဆုံးကျတော့လည်း … နည်းတွေ ၊ဗျူဟာတွေ ဘယ်လိုပဲ ရှိခဲ့ရှိခဲ့ … ကြုံတွေ့ရတဲ့ လက်တစ်လော ပြသနာကို … ဖြေရှင်းဖို့ … မီးစင်ကြည့်ကရတော့တာပါပဲ .. ဟိုကွေ့ရောက်လျှင် ဟိုတက်နဲ့လှော် .. ဒီကွေ့ရောက်လျှင်ဒီတက်နဲ့လျှော်ရတော့တာပါပဲ … ။ 🙂
padonmar
March 23, 2012 at 3:12 am
တုံတုံရေ
တရုတ်ရဲ့ mass production ဆိုတာ တကယ့်ကို ကြောက်ဖို့ကောင်းတဲ့ competitor ပါပဲ။
minn zaw
March 21, 2012 at 10:10 am
Comment တွေကတော့ အားရစရာပါ။ကျွန်တော့ အမြင်ပြောရရင်တော့ ပြဿနာ အများစုက
ဝံသာနု စိတ်ဓါတ် စိတ်သုန်းမှု အပေါ်အခြေခံတယ်လို့ မြင်ပါတယ်။ MG ရွာသားတွေ အနေနဲ့
ဝံသာနုစိတ်ဓါတ် ပြန်လည်နိုးထ လာအောင် ဝိုင်းဝန်း ကြရအောင်ပါ။
Swal Taw Ywet
March 21, 2012 at 11:06 pm
Yes,I totally agreed, brother.
Please let me copy from my post — .ဖေဖေါ်ဝါရီ (၁၃) မှသည် ဇူလိုင် (၁၉)ဆီသို့”
ဘက်စုံ ချွတ်ခြုံ ကျနေတဲ့ တိုင်းပြည်တစ်ပြည်ကို လမ်းကြောင်းပြောင်း ပြန်လည်တည်ဆောက်ယူရာမှာ အရေးကြီးဆုံး လိုအပ်တာက
“ စိတ်ဓါတ် ” ပါ။
ကျနော်မြင်နေတဲ့ ကိုးကွယ်ရာကတော့ “အောင်ဆန်ုးစိတ်ဓါတ် ” ပါပဲ။
ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ပြန်လည်ထုတ်ဝေသင့်ပါပြီ။
ပိတ်ထားခဲ့၊ ပိတ်ထားဆဲ အာဇာနည်ဗိမ္မာန် ကိုလည်း အများပြည်သူအတွက် ပြန်ဖွင့်ပေးသင့်ပါပြီ။
Let’s try our best for our mother land.
With respect,
Swal Taw Ywet.
ဆူး
March 21, 2012 at 11:12 am
အန်တီ ပဒုံမာ ပြောတဲ့ အထဲမှာ ဝါးနဲ့ လုပ်တဲ့ လုပ်ငန်း ကိစ္စ ဆွေးနွေးတော့လည်း နောက်ဆုံးတော့ မိအေး ဇတ်လမ်း ရောက်သွားတယ်။
နောက်ထပ် တခု လမ်းကြောင်းလွဲလိုက်ချင်သေးတယ်။
ဝန်ဆောင်မှု ခေတ်ဆိုတာ နားမလည်သေးတဲ့ ပရုတ်လုံးတင်မကဘူး ဝိုင်းထု ခြေ သင့်တဲ့ ပရုတ်လုံးတွေ တောင် မြင်ဖူးတယ်။
အလုပ်ဖြစ်လာပြီ ဆိုရင် အောက်ခြေလွတ်တာတွေ.. ဝန်ထမ်းတွေ နဲ့ လွဲထားတာတွေ.. ကြီးကြပ်ကွပ်ကဲမှု ညံ့ဖျားတာတွေ.. ရှည်ရှည်တော့ မပြောလိုတော့ပါဘူး။
ဥပမာ အနည်းငယ် ထုတ်ပြောလိုက်ပါတယ်။
ဆိုင်တဆိုင် သိပ်သဘောကျလို့ ခဏခဏ သွားစားဖြစ်တယ် ဆိုပါစို့..
အဲဒီဆိုင်ကို ခဏခဏ ရောက်နေတာ အထာလည်း သိနေပြီ ကိုယ်စားချင်တဲ့ အတိုင်း မှာ လိုက်တယ်.. ပထမ သွားစားတဲ့ ခဏတော့ ဟုတ်နေတာပဲ.. နောက်ပိုင်း အကြိမ်ရေ များလာရင် အဲဒီဆိုင်က စေတနာ မထားတော့ဘူး လူများလာနဲ့ အမျှ စားသုံးသူကို ဂရုမစိုက်ဘူး။ မှာတာ တခြား လာပေးတာ တမျိုး ဖြစ်တတ်တယ်။ မှားနေတယ် ပြန်ပြောရင် မသိချင်ယောင်ဆောင်တာမျိုး စသဖြင့်ပေါ့။
ဒဂုံစန်တာ မှာ စီဇင် ရှိတုန်းက ၂၁နှစ်ပြည့်မွေးနေ့ အတွက် ကိတ်မုန့် တလုံး သွားဝယ်တယ် အိမ်ရောက်တော့ ခွဲလိုက်တယ် ကိတ်မုန့်က ချဉ်နေတယ်။
ပြန်သွားလဲတော့ အတင်းစွပ်ငြင်းတယ်။ နိုက်စားကြည့်တယ်.. မချဉ်ဘူး ဒီအရသာပဲ ပြောတယ်။ ခါတိုင်း စားနေကျပဲ.. ချဉ်သလား ချိုသလား သိတာပေါ့။ အရောင်းစာရေးတွေ အတင်း စွပ်ငြင်းပြီး နောက်ဆုံးမှ တယောက်က ခေါင်းခံပြီး တကယ်ချဉ်တာပါ ဆိုပြီး လဲပေးလိုက်တယ် လဲပေးတာတောင် တန်ဖိုးညီတဲ့ ဟာနဲ့ မလဲပေးဘူး ဝယ်ထက် ကိတ်ထက် ပိုသေးတဲ့ ကိတ်မုန့်နဲ့ လဲပေးလိုက်တယ်။
နောက်ထက် လိုအပ်တဲ့ ဝန်ဆောင်မှု ထဲမှာ.. ဈေးသွားတယ်.. ဘေးဆိုင်မှာ ဈေးဝယ်နေတာ နေပူနေလို့ ကပ်ရပ်ဆိုင်က ထွက်နေတဲ့ အမိုးစွန်းလေး နားမှာ ရပ်မိတယ်.. ဆိုင်ရှင်က ထွက်လာပြီး ဒီမှာ ဆိုင် ရှိတယ်နော် ထွက်ပြောတယ်.. အရိပ်မှာ ခဏတာ ခိုနားချိန် ဒီလို ပြောလိုက်တော့ အဲဒီဆိုင် ကို မှတ်မိသွားတယ် နောက်အားမပေးဖြစ်တော့ဘူး။
နောက်ထပ် ခရီးသွား လုပ်ငန်းတခု.. ဧည့်သည်တွေကို လိုက်ပို့ပေးတယ်။ သူဌေးမပါပဲ မန်နေဂျာနဲ့ လွဲတဲ့ ခရီးစဉ်တွေမှာ ဒီလိုမျိုးတွေ အများဆုံး ကြုံတွေ့ရတယ်။ ဖြစ်သလို လုပ်တာ.. အစားအသောက် ညံ့ဖျင်းတာ.. အများကြီးပါပဲ.. ဝန်ဆောင်မှု အကြောင်း အားလုံးကိုတော့ အတိုချုံးရေးလိုက်ပါတယ်။
padonmar
March 23, 2012 at 3:14 am
ဆူးရေ
အန်တီလည်း အဲဒီလို ဆက်ဆံရေးကျဲတဲ့ ဆိုင်တွေဆိုရင် ဝယ်ကိုမဝယ်တော့ဘူး။
evolution
March 21, 2012 at 9:04 pm
ကောင်းတယ်ဗျာ
ဖတ်လို့တော်တော်ကောင်းတယ်
ဗဟုသုတလဲတော်တော်ရတယ်
ပိုစ့်တင်လိုက်ကတည်းက လိုက်ဆွေးနွေးချက်တွေက
တော်တော့ကိုအသားကျကျဆွေးနွေးထားကြတာတွေ့ရတော့ ဆွေးနွေးထားတဲ့သူတွေရဲ့ ဝမ်းစာရှိပုံကိုလဲအားကျမိပါရဲ့။ ကိုယ်ကတော့ ဝင်ပြီးထပ်ဆွေးနွေးစရာမတွေ့တဲ့အတူတူ ဆက်ဖတ်နေမယ်ဗျာ။
အားပေးနေပါတယ်။ သိတဲ့သူများဆက်ဆွေးနွေးပေးကြပါဦး။
unclegyi1974
March 21, 2012 at 10:20 pm
အဓိကကအစိုးရမှာတာဝန်ရှိတယ်လို့မြင်ပါတယ်
အစိုးရနဲ့ပြည်သူဆိုတာမိဘနဲ့သားသမီးပါပဲ
ဆုံးမစကားပြောသင့်ပြောလမ်းညွှန်မှုပေးသင့်ပေး
ဒါမှသားသမီးလမ်းမှန်ရောက်သလို
အစိုးရကအားပေးသင့်တာပေးကူညီတန်တာကူညီ
လုပ်ရမှာအခုတော့စက်မှုဇုန်ဆိုပြီးလုပ်ငန်းတွေကိုအတင်းပြောင်းခိုင်
ရေမရှိမီးမရှိလမ်းမရှ်ိ
အကုန်ကိုယ်ထူကိုယ်ထလုပ်အရင်းအနှီးတွေအကုန်မြှုပ်ကုန်ရော
လုပ်ငန်းလုပ်စရာအရင်းအနှီးနည်းကုန်ရော
အလုပ်ကအရင်းနည်းတော့လုပ်မကောင်းဖြစ်ရော
အဲတော့ထူထောင်ပြီးသားနေရာလေးကိုပြန်ရောင်း
နောက်လူကအဆင်သင့်ဝင်ပြိီးလုပ်စားသွားရော
တကယ်ကယ်နိုင်တာတာဝန်ရှိသူတွေအဓိကလို့မြင်ပါတယ်ဗျာ
padonmar
March 23, 2012 at 3:16 am
အန်ကယ်ကြီးရယ်
တာဝန်ရှိသူတွေဆိုတာကို ပြောရတာမောလွန်းလို့
ကိုယ့်ပရုပ်လုံးတွေပဲ ကိုယ့်ဖာသာကိုယ်နာနာထုနေကြရပါတယ်။
Swal Taw Ywet
March 21, 2012 at 10:58 pm
Dear Ma Ma Padonma,
Sorry for my late comment.
In my point of view, I see only one thing for them- ELECTRICITY.
If government can provide good electricity for the people,
it is sure that their lives will be improved.
I am still remember our department ( EP )’s motto-
” Electrical power for the development of mother land.”
Why we sell GAS to others? and we buy Electricity from them?
Since 2007, In a seminar at Fishery Department ( Ba Yint Naung ), I high lighted / discussed on that issue. ( U Hla Maung Shwe and U Myint attended that seminar. )
” Use the Gas to produce the Electricity especially for Ra Khaine region”.
But.. till now….
Let’s try our best for our mother land.
With respect,
Swal Taw Ywet.
padonmar
March 23, 2012 at 3:23 am
စွယ်တော်ရွက်ရေ
ဆရာအော်ပီကျယ်ရဲ့ ကာတွန်းတစ်ကွက် သတိရမိပါရဲ့။
နိုင်ငံခြားသားကို ကိုရွှေမြန်မာကပြောနေတာလေ။
ှုinvertor, Voltage regulator,UPS,…………မသိဘူးဟုတ်လား၊မင်းတော်တော်တုံးတဲ့ကောင်တဲ့။
စကားအတင်းစပ်
အဲဒီ အချိန်လောက်က ကျွန်မလည်း ကြုံကြိုက်ရင် ငါးလုပ်ငန်းက seminar တွေ သွားနားထောင်ဖြစ်တယ်။