တတိယနိုင်ငံဟုခေါ်သော ပထမကမ္ဘာသို့…
တတိယနိုင်ငံဆိုတာက ဂျပန်၊မြန်မာပြည်ကလွဲပြီး တတိယမြောက်တနိုင်ငံကိုခေါ်တာပါ။
စစ်အေးခေတ်က တတိယကမ္ဘာ့နိုင်ငံများဖြစ်တဲ့ နို်င်ငံတွေကို ဆိုလိုတာမဟုတ်ပါ။ ပြောရရင် မြန်မာပြည်ဟာ တတိယကမ္ဘာ့နိုင်ငံတခုဖြစ်ခဲ့တာပါပဲ.။..
ဒီအတိုင်းပဲ အမေရိကန်ပြည်ထောင်စု ဆိုတာက ပထမကမ္ဘာ့နို်င်ငံတွေရဲ့ ဦးဆောင် နိုင်ငံကြီးပါ။ ပထမနိုင်ငံဖြစ်ပါတယ်..။
ပြောချင်တာက ဒီနေ့ အင်တာနက်ထဲ လိုက်နှိုက်ရင်း တွေ့တဲ့သတင်းလေးတခုအကြောင်းပါ။ ဂျပန်နို်င်ငံက မိုးသောက်ကြယ် ဝက်ဘ်ဆိုက်ကဖြစ်ပါတယ်။
သတင်းအရ ဒီနှစ်ထဲအမေရိကကို လာမဲ့ မြန်မာတွေ ရှိလာမဲ့ပုံရပါတယ်။ တချို ့ရောက်လာနေတာတွေတောင် တွေ့နေရပါတယ်..။အဲဒါကြောင့် င်္ဒလပိုင်း အမေရိကန်ပြည်ထောင်စုရဲ့ သန်းကောင်စာရင်းကိစ္စတွေအတွက် စာတွေလိုက်ဖတ်ရင်းတွေ့တာလေး တချို ့ဝေမျှချင်လို ့ပါ။
ယူအက်စ်ကို ပြောင်းရွေ့ခိုလှုံသူတွေ၊နို်င်ငံရေးခိုလှုံကြသူတွေ ဆိုတာ ကမ္ဘာ့နိုင်ငံတော်တော်များများကရှိပေမဲ့(လာကြပေမဲ့) မြန်မာတွေအတွက်တော့ (တခြားနိုင်ငံတွေနဲ့စာရင်)လျှောက်ရင် ရဖို ့ဆိုတာက ဖြစ်နို်င်ချေတော်တော်များတယ်လို့ စာရင်းဒေတာတွေအရတွေ့ရပါတယ်။
ယူအက်စ်မြေနင်းပြီးမှ လျှောက်လာရင် ရာခိုင်နှုန်းအားဖြင့် ၆ဝကျော် ၇ဝလောက်ကို နို်င်ငံရေးခိုလှုံခွင့်ပေးနေပြီး မြန်မာဟာ (အရဆုံး)အပေးဆုံးနိုင်ငံဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ပြောင်းခိုသူတွေလက်ခံရာမှာလည်း မြန်မာပြည်ကလူတွေက ကိုတာ အများဆုံးရနေတာပါ။ ဒီနှစ်ကုန်မှာ ရပ်လိုက်ဖို့ရှိတယ် သတင်းထွက်နေပေမဲ့ စာရင်းအရ လူဦးရေ၆သောင်းကျော်လောက် ဖြစ်နေတာတွေ့ရပါတယ်။
ဒါပေမဲ့ ဒီနှစ်ထဲမှာပဲ ယူအက်စ်ကလည်း မြန်မာပြည်နဲ့ ပတ်သက်တဲ့ပေါ်လစီတွေ ပြောင်းပြင်ဖို့ အခြေအနေတော်တော်များနေပါတယ်။
ပေါ်လစီအပြောင်းအလဲဟာ ပြောင်းခိုသူတွေနဲ့ နိုင်ငံရေးအရခိုလှုံသူတွေအပေါ် အကျိုးသက်ရောက်မှုရှိမှာမို ့ အမေရိကလာဖို ့စဉ်းစားချင့်ချိန်နေကြရင်လည်း မြန်မြန်ထက်ထက် လာကြဖို ့တိုက်တွန်းရင်းနဲ့ ကြိုဆိုကြောင်းပြောပါရစေ…။
အောက်မှာ မူရင်းသတင်းပါ..။
============
၂၀၁ဝ ရွေးကောက်ပွဲပြီးလျင် ပြန်ပို့ခံရမည်ဆိုသည့်အသံများကြောင့် ဂျပန်ရောက်မြန်မာများ တတိယနိုင်ငံသို့ထွက်ခွာဖို့ကြိုစားသူများပြားနေ
မြန်မာပြည်တွင်း၌ ၂၀၁ဝ ရွေးကောက်ပွဲသာ ကျင်းပပြုလုပ်ပြီးစီးခဲ့ပါက ဂျပန်ရှိ ဒုက္ခသည်ခိုလှုံခွင့်လျှောက်ထားသူများနှင့် ၎င်းဗီဇာဖြင့်နေထိုင်သူများအားလုံးကို ဂျပန်အစိုးရမှပြန်ပို့လိမ့်မည်ဆိုသည့်အသံများကြောင့် တတိယနိုင်ငံသို့ထွက်ခွာ၍ အခြေချနေထိုင်ဖို့ကြိုးစားပြင်ဆင်နေကြသူများ တဖြည်းဖြည်းနှင့်များပြားနေလျက်ရှိ ကြောင်းစုံစမ်းသိရှိရသည်။
ထွက်ခွာဖို့ကြိုးစားသူအများစုမှာ ဂျပန်အစိုးရမှ ဒုက္ခသည်အဖြစ်(ဂျပန်ရောက် မြန်မာများအခေါ်`R`ဗီဇာ) အသိအမှတ်ပြုဖို့ ငြင်းပယ်ခံထားရပြီး တိုင်းပြည်အခြေအနေမတည်ငြိမ်သေးသဖြင့် တစ်နှစ်သက်တမ်းဗီဇာသဘောမျိုးထုတ်ပေး ထားသော Designated Activities Visa(ဂျပန်အခေါ် တော့ခုတေးခဆုဒိုးခဗီဇာ)ရရှိထားသူ များဖြစ်ကြသည်။
”အခုကြားနေရတဲ့အသံတွေက ဟုတ်မဟုတ်တော့မသိဘူး။ ၂၀၁ဝ ရွေးကောက်ပွဲပြီးရင် ဂျပန်အစိုးရက ကျနော်တို့လို တော့တေးဗီဇာသမားတွေကိုရော လျှောက်ထားဆဲတွေကိုပါ ပြန်ပို့လိမ့်မယ်ဆိုတဲ့အသံတွေက တော်တော့်ကိုပြန့်နေတယ်။ တော်ကြာ မတော်လို့ပြန်ပို့ခံရတယ်ဆိုရင် ဒုက္ခရောက်မှာလေ။ ဒါကြောင့် တတိယနိုင်ငံကို ကူးပြောင်းအခြေချဖို့ကြိုးစားနေတာပါ….“ဟု တော့ခုတေးဗီဇာရရှိသူတဦးမှ မိုးသောက်ကြယ်သို့ရှင်းပြသည်။
တော့ခုတေးဗီဇာသမားများသည် ပြည်ပသို့ထွက်လည်ခွင့်ရှိသော်လည်း၊ မိသားစုခေါ်ယူခွင့်၊ ကျန်းမာရေးအကျိုးခံစားခွင့်၊ အလုပ်မလုပ်နိုင်သည့်အတွက် လူမှုဖုံလုံရေးအကျိုးခံစားခွင့်များမရရှိနိုင်ပေ။ ထို့အတွက်ကြောင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က တော့ခုတေးဗီဇာရရှိထားသူ မြန်မာနိုင်ငံကူးစာအုပ်ကိုင်ဆောင်ထားသူ ၃ရ ဦးသည် တိုကျိုမြို့၊ ရှင်နာဂါဝါရပ်ကွက်ရှိ ဂျပန်လှုဝင်မှုကြီးကြပ်ရေးရုံးသို့သွားရောက်၍ ဂျပန်နိုင်ငံတွင် ‘R’ဗီဇာသမားများကဲ့သို့ ရေရှည်အခြေချနေထိုင်ခွင့်ဗီဇာ(Long Term Resident Visa)ပေးရန် ပြောင်းလဲလျှောက်ခဲ့ကြသေးသည်။
“ကျနော်တို့က အခုမှ တခြားနိုင်ငံမှာအခြေချဖို့ကြိုးစားနေတာပါ။ ကျနော်တို့ထက် စီနီယာကျပြီး ‘R’ဗီဇာရရှိထားတဲ့ ဆရာ့ဆရာကြီးတော်တော်များများတောင် အမေရိကားတို့၊ ကနေဒါတို့၊ ဩစတြေးလျတို့မှာ အခြေချနေထိုင်နေတာ ဆယ်စုနှစ်တစုတောင် ကျော်နေပြီ။ အဲဒီမှာ ဂရင်းကဒ်တို့၊ နိုင်ငံသားတို့တောင်ရလို့ ဂျပန်ကို သွားလိုက်ပြန်လိုက်လုပ်နေကြတာပဲဥစ္စာ။ တချို့ဆို ဂျပန်ကပေးထားတဲ့ ‘R’ဗီဇာ အဆုံးမခံနှိုင်လို့ သက်တမ်းကုန်ခါနီးကျရင် ဒီမှာသက်တမ်းလာတိုးပြီး ဟိုနိုင်ငံကထုတ်ပေးထားတဲ့ နိုင်ငံကူးစာအုပ်ရော ဒီကစာအုပ်ရော စာအုပ်နှစ်ကိုင်ထားတဲ့သူတွေတောင် အများကြီးပဲလေ…”ဟု အဆိုပါလူများ၏လုပ်ရပ်ကို အားကျနေသည့် တော့ခုတေးဗီဇာသမားတဦးက ယခုလိုဆိုသည်။
ဂျပန်နိုင်ငံတွင် မြန်မာလူမျိုးများ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်ထားခဲ့မှုမှာ ၁၉၉ဝ ဝန်းကျင်မှစတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ် မေ ၃ဝ ဒီပဲယင်းလုပ်ကြံမှုကြီး ပေါ်ပေါက်ပြီးသည့်နောက်ပိုင်းတွင် ဒုက္ခသည်ခိုလှုံခွင့်လျှောက်ထားသူဦးရေ များပြားလာခဲ့ပြီး ၎င်းကိစ္စကြောင့် ဂျပန်အစိုးရမှ ဒုက္ခသည်လျှောက်ထားသူ မြန်မာလူမျိုးများကိုလွယ်လွယ်ကူကူ အသိအမှတ်ပြုပေးလာခဲ့ သည်။
လျှောက်ထားသူအများစုမှာ ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီရေးရရှိအောင် စွမ်းစံတမန် လုပ်ပြနေခြင်းကြောင့် မြန်မာပြည်ပြန်ရောက်ပါက မိမိ၏အသက်အန္တရာယ်လုံခြုံမှုမရှိသဖြင့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးပါရန် တောင်းခံခဲ့ကြခြင်းဖြစ်သည်။
တတိယနိုင်ငံသို့ရွေ့ပြောင်းအခြေချဖို့ ခေတ်စားအောင် ဦးဆောင်လမ်းပြခဲ့သူများမှာလည်း တစ်ခေတ်တချိန်က ဂျပန်ရှိ မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းအသီးသီးတွင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီလူကြီး အစရှိသောနေရာများတွင် ရာထူးကြီးကြီးယူခဲ့ကြ၍ တက်ကြွစွာလုပ်ပြခဲ့ပြီး ယခုအခါ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျအစရှိသည့်နိုင်ငံများတွင် ဘဝဇာတ်မြှုပ်သွားကြသူများသည်။
ဂျပန်အစိုးရသည် နအဖစစ်ခေါင်းဆောင်များနှင့်တွေ့ဆုံတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းများလွတ်ပေးဖို့နှင့် ၂၀၁ဝ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာဖြင့် အမြန်ဆုံးကျင်းပပြုလုပ်ဖို့ကိုသာ ဖိအားပေးတောင်းဆိုနေလျက်ရှိသည်။
၂၀၁ဝ ရွေးကောက်ပွဲသာ ကျင်းပပြီးစီးခဲ့ပါက ဂျပန်အစိုးရအနေဖြင့် ODA အပါအဝင် အခြားသောထောက်ပံ့မှုများ ပြန်လည်ပေးအပ်မှာဖြစ်ကြောင်း ကတိပေးပြောကြားထားသည်ဟု သိရှိရသည်။
ရေးသားသူ-စိုးဝင်းရှိန်
4 comments
sonnykwynn
January 20, 2010 at 5:56 pm
ကျွန်တော်တို့မိဘများပြောလေ့ရှိတဲ့စကားတခုသွားသတိရပါတယ်။ အိမ်ပြောင်းမြေပြောင်းတယ်ဆိုတာကံဇာတာနိမ့်လို့လို့ဆိုကြပါတယ်။ ဘယ်လောက်မှန်တယ်တော့မသိပါ။ ပြည်ပကိုဘယ်ပုံနဲ့ဘဲထွက်ရထွက်ရထွက်ချင်ကြသူတွေများလာတာကိုတွေ့နေကြရပါပြီ။ first world လို့ခေါ်တဲ့သံရုံးတွေရှေ့မှာငွေထုပ်ပိုက်ပြီး visa မျှော်ကြသူတွေဦးရေတိုးလာတာသာကိုကြည့်ပါ။ ကံနိမ်ကာမှနိမ့်ရော နိုင်ငံခြားသွားရဘို့ကပိုရရေးကြီးနေပါတယ်။ ရေကြည်ရာမြက်နုရာဆိုတဲ့စကားကနေ ဘေးကင်းရန်ရှင်းထွက်ပြေးနေကြရတဲ့ဘဝရောက်နေကြရပါပြီ။ သေချာတာတခုရှိပါတယ်။ လက်ရှိမြန်မာစစ်အစိုးရက ၂၀၁ဝ ရွေးကောက်ပွဲအပြီးကိုစောင့်နေပါတယ်။ ပြီးတာနဲ့ ဘီလူးဆိုင်းတီးပြီး ဥပဒေတွေထုတ်ပြီး (၇)ရက်သားသမီးတွေကို လှည်းနေလှေအောင်းမကျန် နှိပ်ကွပ်ဖို့တာစူနေပါပြီ။ တရားမဝင်ဘဝကနေ (ယုံချင်ယုံမယုံချင်နေ) တရားဝင်ဖြစ်တော့မှာမဟုတ်လား။ ကံဆိုးကြသူလူဦးရေ သန်း(၆၀)အတွက်တွေးမိတိုင်းစိတ်ထဲမှာနင့်နေအောင်ခံစားရပါတယ်။ နိုင်ငံရေးမျက်နှာစာမှာအနစ်နာခံကြသူတွေဦးဆောင်ကြတဲ့သူတွေကိုလည်းသိပ်တော့ အပြစ်ပြောလို့မရပါဘူး။ အိုကြီးအိုမဘဝရောက်မှ သူများနိုင်ငံမှာဘဝစကြရတာဆိုတော့ ရုန်းရင်းကန်ရင်းနဲ့ဇာတ်လဲမြုတ်သွားကြရပါတယ်။ အမေရိကန်အစိုး၇ရဲ့ secretary Clinton က ခုလထဲမှာမြန်မာရေးဆိုင်ရာကျွမ်းကျင်တဲ့ပညာရှင် (အမေရိကန်နိုင်ငံရောက်မြန်မာနိုင်ငံရေးသမားများပါမပါတော့မသိပါ) တွေရဲ့briefing ကိုကြားနာဘို့ရှိကြောင်းသိရပါတယ်။ နိုင်ငံတကာရဲ့ဖိအားမျိုးစုံကိုမထီမဲ့မြင်လုပ်ရာမှာသမိုင်းဝင်ခဲ့တဲ့၊ဝင်နေဆဲဖြစ်တဲ့ မြန်မာစစ်အစိုးရကို ဒီအမေရိကန်အစိုးရကဘယ်လို အရေးယူမယ်တော့မမှန်းဆနိုင်ပါ။ မြန်မြန်ထွက်လာနိုင်အောင်ကြိုးစားကြသလိုရောက်လာကြရင်လဲ မြန်မာအချင်းချင်း ညီညီညွတ်ညွတ်နဲ့ယိုင်းပင်ကြပါလို့။
kai
January 21, 2010 at 12:27 am
နည်းနည်းရှည်ကြည့်မယ်နော်..။
တချို ့က “သေချင်တဲ့ကျားတောပြောင်း”.တဲ့။ တချို့က “တရွာမပြောင်းသူကောင်းမဖြစ်”တဲ့..။
ဗမာ့ရှေးရိုးစကားတွေ တခုနဲ့တခု ကပ်ရှုပ်နေတယ်ထင်တာပါပဲ..။
အဲဒီအတိုင်းပါပဲ..။
တချို ့က ၂၀၁ဝ ပြီးမှ စစ်အစိုးရလည်း (ရွေးကောက်ပွဲနောက်တခု)အချိန်ကာလတခုအထိသာ ဝန်ကြီးတွေ၊ ဝန်လေးတွေလုပ်လို ့ရတော့မှာမို ့အခုလောက်တော့ မဆိုး..အဲ..မခိုးနိုင်ကြတော့ဘူးဆိုပါတယ်။
တချို ့ကလည်း မြန်မာပြည်ရဲ့ လူတန်းစားမှာ စစ်သားလူတန်းစားတရပ်ကို အနှစ်၂ဝကျော် သေသေချာချာ လေ့ကျင့်မွေးထုတ်လိုက်ပြီမို ့စစ်ရိပ်စစ်ချည်သန်းတဲ့ တိုင်းပြည်အနာဂါတ်သာ ရှိတော့မယ်ဆိုပါတယ်..။
တချို့ကလည်း..။
အင်း..
နောက်နှစ်ထဲ ယူအက်စ်လာကြတော့မယ့် စစ်အစိုးရရဲ့ သားသမီးမြေးမြစ်ဆွေမျိုးတွေကို ယူအက်စ်အစိုးရ ဘာလုပ်မလဲတော့မသိ။ ဒီမှာရှိနေတဲ့ မြန်မာတွေတော့ နောက် ၂လလောက်ဆိုရောက်လာမဲ့ သန်းကောင်စာရင်း စာရွက်မှာ Burmese လို့တက်ညီလက်ညီဝိုင်းဖြည့်လိုက်ရင် ကွန်ဂရက်နဲ့ ဆီးနိတ်မှာ နည်းနည်းပါးပါး လေသံတော့ “ဟ”နိုင်လောက်လာမယ် ထင်ရတာပါပဲ..။မဲ ၁သိန်းခွဲလောက်ဆိုတာ နည်းမှ မနည်းတာနော…။
sonnykwynn
January 21, 2010 at 8:09 pm
အဓိကပြဿနာက ပြည်ပရောက်သူအားလုံး ကိုယ့်အိမ်ကိုယ်လွမ်းကြသူတွေချည့်ပါဘဲ။ ကိုယ့်တိုင်းပြည်ကနေပျော်တဲ့နေရာဆိုဘယ်သူကလာချင်မလဲ။ တကိုယ်ရေတကာရရောက်လာကြသူတွေဆိုပိုလို့တောင် ဆိုးသေးတာပေါ့။ ညည ကြိတ်ပြီးဒူးနဲ့မျက်ရေသုတ်ကြရတဲ့ဘဝတွေ။ ဒီကြားထဲဘာဘဲဖြစ်ဖြစ် ပြန်မယ်ဟေ့လို့ကြုံးဝါးကြသူတွေလဲမရှားပါဘူး။ အပြောလွယ်သလောက်လက်တွေ့မှာတော့ခက်သားဘဲ။ ဖေါင်ကဖျက်လာပြီးမှကိုး။ ကျနော်ဒီကိုပြောင်းလာခါနီးတော့မိတ်ဆွေ Singaporean ဆရာဝန်ကဘာဖြစ်လို့တခြားနိုင်ငံကိုပြောင်းချင်ရတာလဲလို့မေးတော့ဖြေမိတဲ့အဖြေကိုသွားသတိရမိပါတယ်။ ‘မင်းလိုကိုယ်ကြိုက်တဲ့လူနေမှုဘဝနဲ့ မင်းကျေနပ်တဲ့အစိုး၇ရှိရင်ငါလည်းမင်းလိုတိုင်းပြည်ကဘယ်ထွက်မှာလဲ’ လို့စိတ်ပေါက်ပေါက်နဲ့ဖြေခဲ့မိပါတယ်။ ၁၉၄၈ ခုနှစ်မြန်မာပြည်လွတ်လပ်ရေးရချိန်မှာစင်္ကံာပူဟာ တံငါဖမ်းတဲ့လုပ်ငန်းသာသာလောက်စီးပွာေးရးသာရှိတဲ့ကျွန်းနိုင်ငံဘဲရှိပါသေးတယ်။ နောက်(၁၀)နှစ်ကြာမှလွတ်လပ်ရေးရတာပါ။ တနိုင်ငံလုံးသစ်တောကြီးတွေနဲ့သာဖုံးနေပါသေးတယ်။ မြန်မာနိုင်ငံကအဲ့ဒီအချိန် ပြည်တွင်ေးရးမငြိမ်သက်လို့ဗို့လ်ချုပ်နေဝင်းကိုသခင်နုဦးဆောင်တဲ့သန့်ရှင်းအစိုးရကအာဏာအပ်လိုက်ရပါတယ်။ ”ဖဆပလ’ အစိုးရဟာတိုင်းပြည်တည်ငြိမ်ရေးကိုတဖက်ကကြိုးပမ်းရင်းကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့ စက်မှုလက်မှုဖွံ့ဖြိုးရေးကိုတကယ်လုပ်ခဲ့တာပါ။ ဒါပေမဲ့အဲ့ဒီကြိုးပမ်းမှုတွေအရာထင်မယ်လို့မှမကြံရသေးဘူး။ နိုင်ငံရေစုံမျောဘို့ကြမ္မာဖန်တီးလာပါတယ်။ အာဏာရဲ့အရသာကိုသိလိုက်တဲ့ ဗိုလ်နေဝင်းနဲ့ နောက်သူ့ရဲ့ကိုယ်ပွား clones ဗိုလ်ချုပ်ကြီးတွေ အဆက်ဆက် အုပ်ချုပ်လိုက်တာ၊ ခုချိန်မှာတော့Singapore ကိုနောက်ကလိုက်အောင်မှီနိုင်ဘို့နေနေသာသာ၊ သူ့အကြွင်းအကျန်လေးတွေတောင်မနဲရအောင်ကြိုးစားရတဲ့ဘဝရောက် နေပါပြီ။ အရင်ကလူရာသွင်းစရာတောင်မလိုခဲ့တဲ့ လော၊ကမ္ဘောဒီးယား၊ဘင်္ဂံလားဒက်ရှ် နဲ့သမိုင်းနဲ့ချီပြီးငယ်နိုင်ဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံတို့ရဲ့ပြုသမျှကိုနုရတဲ့ဘဝရောက်နေရပါပြီ။
ဟိုခေတ်အခါက အင်္ဂလိပ်နဲ့ဂျပန်က မြန်မာပြည်မှာတကူကလာပြီးကျွှန်ပြုကြရပါတယ်။ ခုတော့ အဲ့ဒီနိုင်ငံတွေသာမက (ဥရောပနဲ့အမေရိကန်ဆိုတော်သေးတာပေါ့) middle-east နဲ့ဒေါ်လာရတဲ့ နိုင်ငံတိုင်းမှာငွေကုန်ကြေးကျခံပြီးကျွန်သွားခံကြရတဲ့ဘဝကိုရောက်မှန်းမသိရောက်နေရပါပြီ။ ဒေါ်လာဆိုတဲ့မျက်နှာကအကြီးသားကလား။
festoolts55
March 15, 2010 at 3:27 am
Not too sure how I found this blog but glad I did find it. Think I was looking for something else on yahoo. Not sure I agree 100% with what you say, but have bookmaked and will come back to read to see if you add any more posts. Keep up the good work