“နွေကိုကြိုတဲ့နံနက်ခင်းလေး”














ဒီပုံလေးတွေကတော့ 22-3-2012 နေ့မနက်ခင်းလမ်းလျှောက်ရင်း အမှတ်တမဲ့တွေ့လိုက်ရတာလေးပါ။ တစ်နေရာထဲမှာရိုက်ထားတာပါ။ အပြင်မှာက ဓါတ်ပုံထဲမှာထက်ပိုလှပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ရိုက်တာ နှက်တာမှာ လိုအပ်ချက်တွေရှိသေးလို့ပေါ့။ နောက်လှအောင်ကြိုးစားပါမည်။ ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့အတွေးပါးပါ။ (24-3-2012)
19 comments
ဦးဦးပါလေရာ
March 23, 2012 at 10:07 am
တကယ်တော့ မနက်စောစောထရတာ သိပ်ကြည်နူးစရာကောင်းတာ…။
ကျန်းမာရေးနဲ့လဲညီညွတ်၊ စိတ်လဲအေးချမ်းတယ်။
အလုပ်လုပ်စရာတွေလဲ တမနက်ထဲနဲ့ အများကြီး ပြီးသွားတတ်တယ်။
အခုများတော့ မနက်နှစ်နာရီမှအိပ်၊ ကလေးကျောင်းသွားမှနိုး နဲ့ ….. 🙁
အသူရာ
March 23, 2012 at 10:09 am
လေးပေါက်ရေ့ အဲ့ဒီပုံလေးတွေက ကန်တော်ကြီးဘက်မှာရိုက်တာလား
MaMa
March 23, 2012 at 10:17 am
ကိုပေါက်ဗားရှင်း သစ်ကိုင်းလေးတွေ တွဲရရွဲကျတဲ့ စတိုင်ကို အားကျလို့
ကျမလည်း အတုခိုးပြီး လိုက်ရိုက်ကြည့်မိတယ်။ 🙂
windtalker
March 23, 2012 at 11:27 am
“ နွေရာသီ အလွမ်း ဆောင်းမှာအနမ်း ” ဆိုလားဘဲ ။ အဲဒါ ဂရေဟမ် ဆိုထားတာ ။
kyeemite
March 23, 2012 at 11:40 am
ပုံတွေကိုအားပေးသွားပါတယ်မာမီပေါက်ချင့်..
ကိုပေါက်(မန္တလေး)
March 23, 2012 at 11:45 am
ကိုကိုပါ နေ့နဲ့ညမှားနေပြီနော်………………….
အသူရာရေ ဟုတ်ပါ့ မန်းလေးကန်တော်ကြီး ဝင်းဝင်း စားသောက်နားလေးမှာပါ။
မမရေ ရိုက်ထားတာလေးတွေတင်ပေးအုံးလေဗျာ။
Gipsy
March 23, 2012 at 12:00 pm
အပြစ် မဆိုသာဘူး
လူထုံး ဓမမ္မတာမို ့
ပွင့်ဗေဒါ ပြာရောင်ရင့်ငယ်
ကမ်းအခြေ ရေသောင်စပ်က
ပြည့်ကျပ်လို ့ နုပျိုပျို
ခူးလှည့်လို ့ကြို။
Mလုလင်
March 23, 2012 at 12:12 pm
ကင်မရာ အသစ်နဲ့ အလွန် လက်တွေ့နေသော ဦးပေါက် ရေ… ပုံ ၁၁ လေး ကြိုက်တယ် ဗျာ။ … ပုံတွေက Framing တို့ balance တို့လဲမလွတ်ဘူး။ နဲနဲ တော့ သံသယ ရှိနေပြီနော်။ ချိုထားတာ လား .. ပြော ….
ဆူး
March 23, 2012 at 12:15 pm
အဖြူအမဲ တောင် လုပ်တတ်နေပြီ ဆိုတော့ ဖိုတိုရှော့ ပါ ပိုင်ပြီ ထင်တယ်။
weiwei
March 23, 2012 at 12:44 pm
ကျွန်မကတော့ မနက်ဆို နေဘယ်လိုထွက်သွားမှန်းမသိလိုက်တာများတယ် …
အင်းယျားကန်ကိုတစ်ရက်သွားပြီး နေထွက်တာစောင့်ကြည့်ခဲ့ပေမယ့် ကံဆိုးချင်တော့ အဲဒီနေ့က တိမ်တွေဖုံးနေတယ် … 🙁
ကိုပေါက်လက်ရာတွေ အရမ်းတိုးတက်လာတယ် …
ကိုပေါက်(မန္တလေး)
March 23, 2012 at 1:30 pm
ခူးလှည့်လို့ကြို
နုပျိုပျိုငယ်နုသွေးတွေနဲ့
ရူ့စဖွယ်မြင်သူငေးလောက်အောင်
ရင့်ပြာပြာဗေဒါပွင့်တွေက
ကမ်းစပ်သောင်အရောင်တွေစပ်တာမို့၊
ပြည့်ကျပ်လို့သာ။
ဗေဒါပွင့်ပြာပြာ၊
လှချင်ရှာအပြစ်တင်မစောပါနဲ့
သူလဲလေ လောကီသားပေမို့
လှချင်တာ ဓမ္မတာတစ်မျိုးဟာမို့
ခွင့်လွှတ်လိုက်ပါ။
(ဒါကတော့ ဂျစ်ပဆီ့နောက်ကလိုက်တဲ့ကဗျာလေးပါ.)
မောင်ပေ မိုးတွင်းကျရင်ကောဟင်……………။
မာမီပေါက်က ဖရဲမဆီသင်တန်းတက်နေပါတယ်ချင့်။
လုလင်ရေချိုမထားပါဘူးကွယ်။
ဓါတ်ပုံတစ်ပုံရိုက်ခါနီးရင် ဆရာတွေပြောထားတွေက နားထဲအလိုလိုကြားလာတော့ပုံလေးတွေကလှပေါ့။
မယ်ဆူးရေ ဖိုတိုရှော့မတတ်ပါဘူးကွဲ့။
ပရိုဂရမ်မှာ ပါတဲ့ ကာလာဆက်တင်ပြောင်းရိုက်တာပါ။
မဝေရေ
ကျနော် ကတော့ ညနေခင်းနေဝင်ချိန်ကို မတွေ့ရတာများတယ်။
အဲလိုသာယာတဲ့ညနေခင်းမှာကျနော်က စာရင်းတွေ နဲ့အလုပ်တွေရှုပ်နေတတ်တာရယ်။
kaung kin pyar
March 23, 2012 at 3:06 pm
အားကျတယ် လေးပေါက်ရာ…။ ဒါ့ပုံတွေကို အန်ကယ် ကောင်းကောင်းနဲ့ ရိုက်တတ်ဖို့ မပြောနဲ့ ရွာပေါ်တင်တာတောင် တလွဲချည်းဖစ်နေဒယ်…။ ဒါ့ပုံအောက် စာတမ်းထိုးမရ၊ ဒါ့ပုံက ခုလို ပုံကြီးမပေါ်နဲ့။ ချိတ်ညစ်လဒယ်နော်….။ နည်းလမ်းလေး ညွှန်ကြပါဦး…။
ကိုပေါက်(မန္တလေး)
March 23, 2012 at 4:15 pm
စိန်ပေါက်ပေါက်နဲ့အံစာတုန်းဆီမှာသင်တန်းတက်လိုက်ပါ။
အကုန်တတ်သွားစေရမယ်။
သင်တန်းကြေးက တော့ ညှိနိုင်းဈေးပါ။
kaung kin pyar
March 23, 2012 at 4:30 pm
ဘောလီဘောပုတ်တယ်…။ လေးပေါက် လူဇိုး….။
ကိုပေါက်(မန္တလေး)
March 23, 2012 at 6:37 pm
ဘောလီဘောပုတ်တာဟုတ်ဘူး။
တော်ကြာသူတို့က သူတို့စီးပွားဖျက်တယ်ဆိုလေးပေါက်ကိုလာရန်ရှာမှာပေါ့အေ။
နေဝန်းနီ
March 23, 2012 at 7:51 pm
နွေကိုကြိုတာလား……..နေကိုကြိုတာလား
yaungchikha
March 24, 2012 at 11:59 am
အဲ့ဒီဘက်တွေ မရောက်ဘူးဘူး၊ ပုံလေးတွေလှတယ်..
ကိုပေါက်(မန္တလေး)
March 24, 2012 at 12:52 pm
ဒီပုံလေးက မန်းလေးကန်တာ်ကြီးအဝင်စလေးမှာ တင်ရှိတာပါ။
တကယ်သာယာသောနေရာလေးပါ။
ဒီတစ်ခါ မန်းလေးရောက်ရင် သွားဖြစ်အောင်သွားပါ။
ရှမ်းပြည်သား (တောင်ပိုင်း)
March 24, 2012 at 3:31 pm
ဦးပေါက်ရေ……..
မန်းကန်တော်ကြီးက ရန်ကုန်ကန်တော်ကြီးလောက်မလှဘူးဆိုပေမယ့် ဦးပေါက်လက်ပေါ်ရောက်တော့လည်း
အတော့်ကိုကြည့်ကောင်းသွားသဗျ။