Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန်းလေးဂေဇက်ပေါ်ကသတင်းသမားများ..Journalists

ကျွန်တော်ဒီနေ့….မတ်လ၁၅ရက်နေ့ထုတ်“ ပြည်သူ့ခေတ်ဂျာနယ်”မှာပါလာတဲ့

ဒေါက်တာခင်မောင်ညိုရဲ့“သတင်းခေတ်ဆန်းချိန်” ဆိုတဲ့ဆောင်းပါးလေးဖတ်မိတော့

ကျွန်တော် မွေ့လျှော်ပျော်ပိုက်နေတဲ့ ကျွန်တော့်ရွာကိုချက်ချင်းသတိရသွားမိတယ်..

ကျွန်တော့်ရွာဆိုတာက “မန်းလေးဂေဇက်” ဆိုတဲ့အင်မတန်မှပျော်စရာကောင်းတဲ့

ရွာကြီးပါ…လောကသဘာဝအတိုင်း ကျွန်တော်တို့ရွာကြီးမှာလဲ လူဟောင်းတွေ

တဖြည်းဖြည်းပျောက်တဲ့လူပျောက်…ပေါ်လိုက်ပျောက်လိုက်ဖြစ်သူဖြစ်……

ဘာဖြစ်ဖြစ်ချစ်စရာရွာကြီးပါ…လူအသစ်အသစ်တွေလည်း..အမြင်သစ်အတွေးသစ်တွေ

ယူဆောင်လို့ ရွာကိုလာရောက်အခြေချနေထိုင်လာကြတာခုဆို တကဲ့စည်ကားတဲ့ ရွာကြီးတစ်ရွာဖြစ်နေပါပြီ..သဂျီးရဲ့မေတ္တာမှော်အစွမ်းကြောင့် ရွာထဲဝင်အခြေချမိသူတွေခမျာ

အလုပ်ပျက်အကိုင်ပျက်ဖြစ်လားဖြစ်ရဲ့…အစားပျက် အအိပ်ပျက်ဖြစ်လားဖြစ်ရဲ့…

အိမ်ထောင်ဖက်တွေနဲ့ အခန့်မသင့်ဖြစ်လားဖြစ်ရဲ့..ကွန်ပြူတာဖွင့်ပြီဆိုတာနဲ့

ဂေဇက်လေးဖွင့်ကြည်လိုက်ရမှ…ဖွင့်ပြီးရင်လည်း..ဟိုဖတ်ဒီဖတ်နဲ့

တော်တော်နဲ့မထွက်ဖြစ်ပြန်ဘူး..အော်…ဘိန်းစွဲသလိုစွဲနေမိပါပြီကော….

နိဒါန်းရှည်နေလို့ ရွာသူားများသည်းခံပါခင်ဗျား…လိုရင်းလာပါပြီ..လာပါပြီ…

ကျွန်တော်တို့တတွေဟာ စာတွေဖတ် ဖတ်ရာကအားမရတော့ကွန်မန့်တွေပေး

…ပေးနေရင်းဖီးတက်လာတော့ ပို့စ်တွေတင်…တင်ရင်းနဲ့ပို့စ်မတင်ရတာကြာတော့

ဘာပို့စ်တင်ရင်ကောင်းမလဲစဉ်းစားရင်း..ကင်မရာကိုင်သူကိုင်…အင်တာဗျူးလုပ်သူလုပ်..

အကြံကုန်ဂဠုန်ဆားချက်ဆိုသလို..ကိုယ့်ပါတ်ဝန်းကျင်ကအဖြစ်အပျက်ကလေး

တွေလိုက်စပ်စု…သတင်းဦးသတင်းထူးဆိုပြီးတင်ရင်းနဲ့..တဖြည်းဖြည်းသတင်းသမား

တွေဖြစ်မှန်းမသိဖြစ်နေကြပါပြီ..ဒီတော့ကာမယ်..အားလုံးအကျိုးရှိစေမဲ့ ရွာသူရွာသားများလိုက်နာသင့်သည့်အကြောင်းအရာလေးကိုတဆင့်ဖေါက်သည်

ချလိုက်ပါရစေဗျား…ဆရာလုပ်ခြင်းမဟုတ်ပါ…ရွာသူ ရွာသားအားလုံး

နဲ့တကွ ရွာကြီးပါတိုးတက်စေချင်လို့ ဒီဆောင်းပါးလေးကိုတဆင့်တင်ပြလိုက်ရပါကြောင်း။

ဒေါက်တာခင်မောင်ညိုရဲ့“သတင်းခေတ်ဆန်းချိန်” ဆိုတဲ့ဆောင်းပါးထဲကကောက်နှုတ်ချက်ကလေးကိုဖတ်ကြည့်

ကြရအောင်ဗျာ…(ဆောင်းပါးအပြည့်အစုံကိုအဆိုပါပြည်သူ့ခေတ်ဂျာနယ်တွင်ဖတ်နိုင်ပါသည်)်

 

 

 

ယနေ့ သတင်းထောက်ဟူသောစကားလုံးအစား journalist ဟူသော စကားကိုအသုံးများ

သည်။ဘာကြောင့်လဲဆိုတော့ Journalist သည် သတင်းထောက် လုပ်သူသာမက စာရေး

သူ သို့မဟုတ် အယ်ဒီတာလည်း ဖြစ်နိုင်ပါသည်။သူသည် သတင်းစာ ဂျာနယ်များတွင်သာ

မက ရေဒီယို၊တီဗီ၊online တို့တွင်လည်း ပါဝင်သူဖြစ်နိုင်သည်။ထို့ကြောင့် ဂျာနယ်လစ်သည်

ကျယ်ပြန့်သော စကားလုံးဖြစ်သောကြောင့်အသုံးများသည်။ယနေ့မီဒီယာသည် စတုတ္ထ

မဏ္ဍိုင် ဖြစ်လာသည်။တိုင်းရေး ပြည်ရေးကို ပြည်သူတွေသဘောပေါက် နားလည်အောင်မီး

မောင်းထိုးပြသလို အစိုးရကိုလည်း ပြည်သူတွေကိုနားလည်ဖို့မီးမောင်းထိုးပြသည်။

ထို့ကြောင့်မီဒီယာသည် ပြည်သူနှင့် အစိုးရအကြား ပေါင်းကူးသဖွယ် ဖြစ်လာလေသည်။

ထို့ကြောင့် ဂျာနယ်လစ်များသည် ဘက်လိုက်မှု မရှိဘဲ အရည်အသွေးကို

အမြဲ မြှင့်တင်နေကြရမည်ဖြစ်သည်။

Journalists များအနေဖြင ့်မိမိကိုယ်တိုင်အမြဲတစေ မေးခွန်းထုတ်ရန်လိုသည်။မေးခွန်း၁၁ချက်

ကို ဥပမာပြထားပါသည်။

-ပြည်သူနှင့်နှီးနွှယ်တ ဲ့သတင်းများကိုငါရေးလား

-ဒီအပတ်မှာ သတင်းရနိုင်သော နေရာတွေကို ငါသွားနိုင်ရဲ့လား(ညွှန်နိုင်ရဲ့လား)

-သတင်းရနိုင်သော နေရာသစ်တွေကိုကော ငါရှာဖွေရဲ့လား

-အရေးကြီးတာတွေ သေချာတဲ့ သတင်းတွေကိုထိပ်တန်းတင်ပြီး မရေရာတာတွေကို ခေတ္တဖယ်

 ထားရဲ့လား

-ငါ့ရဲ့အရေးအသားဟာ တိကျပြီး ရှင်းလင်းရဲ့လား

-ငါ့သတင်းတွေဟာ ပြည်သူတွေ ခံစားချက်နဲ့ အညီဖြစ်အောင် ငါရေးရဲ့လား

-ကိန်းဂဏန်းတွေကို ရေးတဲ့အခါ ငါက နှိုုင်းယှဉ်ပြသမှုတွေနဲ့ ရေးသားခဲ့ရဲ့လား

-သိပ်ပံ စကားတွေ အတိုကောက်ရေးတာတွေကို လူတွေသိအောင် လုပ်နိုင်ရဲ့လား

-သတင်းလိုက်တဲ့အခါ ငါတစ်ကယ်ပဲမေးခွန်းတွေကို မှန်မှန်ကန်ကန် လုံလုံလောက်လောက်

 မေးခဲ့လား

-ငါရေးတာတွေတရားမျှတမှုရှိရဲ့လား

-ဒီသတင်းတွေကို နောက်ဆက်တွဲရေးနိုင်ဖို့ ငါဘာတွေဆက်လုပ်ရမလဲ။

      Journalists (သတင်းထောက်တွေ အယ်ဒီတာတွေ)အားလုံးအတွက် အရည်အသွေး ပြည့်ဝမှုသည် အရေးပါသည်။journalists များသည် တစ်ယောက်ကို တစ်ယောက်လေးစား

ကာ ပြည်သူ့အကျိုးကို အဓိကထား သတင်းများကိုပေး သတင်းရေးသူတွေ ဖြစ်စေဖို့ လို

ကြောင်းတင်ပြပါသည်။(ဒေါက်တာခင်မောင်ညို)

 

ဒါလေးပါဗျာ… ကျွန်တော်ချစ်သောမန်လေးဂေဇက်စာမျက်နှာများကို

စာဖတ်သူရဲ့အဖိုးတန်အချိန်တွေကိုပေးပြီး ဝင်ဖတ်သူတိုင်း

ဝင်ကြည့်နေရတဲ့ အချိန်နဲ့တန်အောင်

ချစ် ရွှင် သနား တည်ကြား ကြမ်းကြုတ် ရက်စက် ကြောက်ရွံ့ ရဲဝံ့ အံ့ဩ…

ဆိုတဲ့ ရသ၉ပါးထဲက တစ်ပါးပါးရစေသင့်လို့ဒီစာစုကိုတင်ဆက်မိပါကြောင်း။

(စာလုံးပေါင်းသတ်ပုံမှား ပါကခွင့်လွှတ်ပြီးထောက်ပြကြပါရန်)

 

အားလုံးကိုလေးစားရင်းလမ်းဆက်လျှောက်နေတဲ့..

ကြီးမိုက်။

 

28 comments

  • ရွှေဘိုသား

    March 23, 2012 at 8:49 am

    ကျနော်ရေးတာတွေကတော့ အခုထိ အစ်ကို့ပို့စ်ထဲက အချက်တွေနဲ့မကိုက်ညီဘူးလို့ထင်တာပဲဗျာ ကြိုးစားပြီးရေးပါ့မယ်

    • Khaing Khaing

      March 23, 2012 at 1:30 pm

      ကိုကြီးမိုက်ကြီးရေ …. မှန်လိုက်တာတော် … ကျွန်မတို့လည်း MG ဘိန်းလည်းစွဲနေတယ် … ကိုကြီးမိုက်ပြောသလို စုံလင်အောင်လုပ်ချင်ပါတယ် ကိုယ့်မှာကလည်း ထမင်းစားတဲ့အလုပ်ကလေးကတစ်ဖက်ဆိုတော့ အချိန်ပေးပြီး သပ်သပ်ရပ်ရပ်မလုပ်နိုင်ဘူး … ၃၁ ရက်နေ့တွေ့မှပဲ ဆက်ဆွေးနွေးဦးမယ် ကိုကြီးမိုက်ကြီးရေ … လာခဲ့နော် ဆက်ဆက် ….

  • MaMa

    March 23, 2012 at 9:12 am

    အဲ- ကြီးမိုက်ရေ
    (စာတွေဖတ် ဖတ်ရာကအားမရတော့ကွန်မန့်တွေပေး…ပေးနေရင်းဖီးတက်လာတော့ ပို့စ်တွေတင်…တင်ရင်းနဲ့ပို့စ်မတင်ရတာကြာတော့…. ဘာပို့စ်တင်ရင်ကောင်းမလဲစဉ်းစားရင်း..ကင်မရာကိုင်သူကိုင်…အင်တာဗျူးလုပ်သူလုပ်.. အကြံကုန်ဂဠုန်ဆားချက်ဆိုသလို.. ကိုယ့်ပါတ်ဝန်းကျင်ကအဖြစ်အပျက်ကလေး
    တွေလိုက်စပ်စု…သတင်းဦးသတင်းထူးဆိုပြီးတင်ရင်းနဲ့..)

    ကိုယ့်ကိုများ စောင်းပြောနေသလား အောက်မေ့ရတယ်။

    အော်- ဒါ့ထက် သဂျီးက CJ card လုပ်ချင်ရင် လုပ်ပေးမယ်လို့ ဆိုထားသေးသလားလို့…

    • ရွာစားကျော်

      March 23, 2012 at 11:16 am

      ဝုတ်ဒယ်ဗျို့
      စောင်းပြောသလိုတောင် ဟုတ်ဘူး ဒဲ့ပြောလိုက်သလိုပဲ :mrgreen:
      အများအတွက် အကျိုးရှိမယ့် သတင်းမျိုး တခုခုပေးနိုင်တဲ့ အကြောင်းအရာမျိုးကို ကြိုးစားပြီး ရေးပါတယ်..
      ခုလို အချက်ကျကျ သိလိုက်ရတော့ ပိုပြီးကောင်းသွားတာပေါ့ဂျာ
      ကျေးဇူးပါ ဦးကြီးမိုက်ရေ

  • kai

    March 23, 2012 at 9:14 am

    မီဒီယာ လုပ်ထုံးတွေ.. ရှာတင်ပေးတာ.. ကျေးကျေးနော..။
    သိတဲ့သူ.. ဖတ်ဖူးသူတွေလည်း.. ရှာတင်ကြပါဦး..

    အဲ..
    လုပ်ထုံးနည်းဟန်အသစ်တွေလည်း.. ကိုယ်တိုင်ကိုယ်ကျ.. ပါဝင်လုပ်ရင်း.. ငြင်းကြခုန်ကြနဲ့.. ဆွဲကြပေါ့..
    ဒီခေတ်ကို ..နောင် အနှစ် ၅ဝကကြည့်ရင်.. ခေတ်ပြောင်းနေချိန်ကြီးလို့.. မြင်ကြမှာပါ..။
    မြန်မာပြည်ရဲ့..
    သမိုင်းတခေတ်ကို ကိုယ်တိုင်ပါဝင်ပြီး.. ပုံဖေါ်နေတယ်မှတ်ကြပါလို့..။ :mrgreen:
    ဒို့ရွာသူားတွေဟာ.. မြန်မာပြည်ရဲ့.. အဦးဆုံး CJ ( Citizen Journalist )တွေပေါ့..
    =
    CJ card ကို.. ထုတ်ပေးနိုင်ဖို့.. ပြင်နေပါတယ်.။
    နောက်နှစ်(မြန်မာ)လောက် ဖြစ်မလားပဲ..။ 😆

  • Shwe Tike Soe

    March 23, 2012 at 9:24 am

    ဟုတ်ကိုမိုက် ကျွန်တော်တို.လဲ ကိုမိုက်ပြောသလိုဖြစ်အောင် ကြိုးစားပါမယ်ဗျာ..နော်
    ကျွန်တော်တို.က လဲ ပို.စ်ဆို တင်ချင်ရက် စက်စက်ကို ဖြစ်နေတော့ တွေ.ကရာ သတင်းအတင်း အကုန်အစုံကို တင်နေမိတော့တာပါပဲဗျာ..
    အခုလိုသတိပေးတာ ကျေးဇူး…. ရှဲရှဲညီ သွေးပချိ အာဘွားးးးးးး ဟိဟိ

  • အသူရာ

    March 23, 2012 at 9:33 am

    လက်မလေးထောင်ပြီး မြှောက်ပေး (အဲ့) အားပေးတွားပါဂျောင်း ဟီးးး

  • mocho

    March 23, 2012 at 9:46 am

    ကို ကြီးမိုက်ရေ
    စာဖတ်သူကနေ ရေးသူအဖြစ်ပြောင်းလာပြီဖြစ်တဲ့ ကျမလည်း မြင်သမျှ တွေ့သမျှတွေကို စိတ်ကူးထဲမှာတော့ post အဖြစ်ရေးနေမိတာပဲ။ ရသ တပါးပါး ပါနိုင် အောင် တော့ ကြီုးစား ရအုံးမယ်။

  • htoosan

    March 23, 2012 at 9:55 am

    ငါ့သတင်းတွေဟာ ပြည်သူတွေ ခံစားချက်နဲ့ အညီဖြစ်အောင် ငါရေးရဲ့လား

    ဒါလေးတော့ချွင်းချက်ပေးပါ ။ 😀
    အများကြိုက်လိုက်လုပ် သလိုကြီးများလားလို့။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 23, 2012 at 10:12 am

    ဦးကြီးမိုက်ပြောမှပဲ ကျွန်တော်လည်းသတင်းဦးလေးတွေတင်ချင်တာဗျ
    ဒါပေမယ့်ကိုယ့်သတင်းကအကျိုးမရှိနိုင်မယ့်သတင်းများဖြစ်နေမလား တွေးရင်းတွေးရင်းနဲ့
    ကွန်မန့်ပဲလိုက်ပေးဖြစ်တာများတယ် အရေးအသားကလည်းတောင်ပေါ်သားဆိုတော့ မကျွမ်းကျင်ဘူးဗျ
    ဦးကြီးမိုက်ပြောသလိုတင်နိုင်အောင်ကျွန်တော်ကြိုးစားသွားမယ်ဗျာ ။
    သူကြီး CJ ထုတ်ပေးတဲ့အချိန်ကျရင် ရွာကြီးကိုမောင်းခေတ်ဦးနော်။

  • Diamond Key

    March 23, 2012 at 10:39 am

    ကိုကြီးမိုက်ရေ၊ တစ်လက်မထောင်သွားပါတယ်ဗျာ။ ဒီလိုဗဟုသုတတွေ ရေးတဲ့ သူတွေကို အားပေးလျှက်ပါ။ အားလုံးအတွက် သိပ်ကောင်းတဲ့ အကြောင်းအရာတွေပါ။ ကျေးဇူးဗျို့။ 😀

  • kyeemite

    March 23, 2012 at 10:52 am

    ရွှေဘိုသား ရေ…ဒီလိုလဲမဟုတ်သေးပါဘူးဗျာ..ကျွန်တော်
    အောက်ဆုံးမှာရေးထားသလို ရသ တစ်မျိုးမျိုးပေးရင်ဖြစ်ပါတယ်..
    ဒေါက်တာခင်မောင်ညိုပြောတာက သတင်းသမားတွေ လိုက်နာသင့်တာကိုပါ…

    MaMa ခင်ဗျား..ဘယ်သူ့ကိုမှစောင်းမပြောပါ..ရွာသူရွာသားအားလုံးကိုဒဲ့ပြောတာပါ
    (ကျွန်တော်အပါအဝင်ပေါ့)

    မိရွှေတိုက်ရေ ကောင်းပါတယ်ဗျ ဆက်လုပ်ပါ..အရေးများမှ အတွေးပွားပြီး
    လက်ရည်ပိုတက်လာမှာပေါ့..အားပေးနေပါတယ်..

    သင်ခရုပါဒေါ်အသူရာ…

    mocho..ရေ ရေးပါ ရေးပါ စောင့်မျှော်အားပေးပါ့မယ်(ဂေဇက်ထဲချည်းဝင်နေလို့ချစ်ချစ်ကြီး
    အတွက်ဖွယ်ရာ ချက်ပြုတ်မလုပ်မိလို့နောင်ဂျိန်ပလေးနေရအုံးမယ်နော်..ဟီး.)

  • poeaung6

    March 23, 2012 at 11:00 am

    ဒီလို စနစ်တကျ ဖြစ်သွားရင် ပိုကောင်းပါတယ် ကျွန်တော်တို့လို စာဖတ်သူတွေ လည်းအကျိုးရှိပါတယ် အားပေးနေပါတယ် စောင့်မျှော်လျှက်ပါ….

  • htet way

    March 23, 2012 at 11:18 am

    “တဖြည်းဖြည်းပျောက်တဲ့လူပျောက်…ပေါ်လိုက်ပျောက်လိုက်ဖြစ်သူဖြစ်……
    ဘာဖြစ်ဖြစ်ချစ်စရာရွာကြီးပါ…လူအသစ်အသစ်တွေလည်း..အမြင်သစ်အတွေးသစ်တွေ”

    ကိုသစ်မင်း ဆရာသစ်မင်း သူဘယ်မှာလဲ ဘယ်မှာလဲ
    ဆရာခင်ဗျား စာပြန်ရေးပါ စာဖတ်သူအတွက်ိ အများကျိုးတွက်
    ကျွန်တော်ပရိသာတ်တစ်ယောက်ပါ တောင်းဆိုပါတယ်
    မျှော့်လင့်ခြင်းဖြင့်
    ထက်ဝေး

  • kyeemite

    March 23, 2012 at 11:23 am

    ကိုထူးစံရေ..ဒါကတော့ကျွန်တော်နားလည်တာက
    ပြည်သူတွေအမှန်တကယ်ခံစားနေကြရတာကို
    သတင်းကတိတိပပဖေါ်ပြနိုင်ရဲ့လား..လို့ဆိုလိုတာထင်ပါကြောင်း..
    သူဂျီးဝင်ရှင်းပေးဘို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ..
    ကျွန်တော်သိပ်မကျွမ်းလို့ပါ…

    ရှမ်းပြည်သား (တောင်ပိုင်း) ရေ..အားပေးဖတ်ရှု့တာကျေးကျေးပါ။

    ကိုစိန်သော့…ခင်ဗျာကျွန်တော်ကိုယ်တိုင်လည်းကျိုးစားဆဲပါ…

  • Gipsy

    March 23, 2012 at 11:48 am

    ကျုပ်ရဲ့အခန်းကဏ္ဍက

    ဘာတွေများ အရေးပါလာနိုင်အုံးမလဲ…

    ကျုပ်ရဲ့အသက်က

    ဘယ်လောက်များ တန်ဖိုးရှိတော့လို့လဲ…

    အိုဘယ့်… အသင်လောက

    ခင်ဗျားကိုရော ကျုပ်က ဘယ်လိုမျက်နှာပြရမလဲ…။

  • ကောင်း၏။
    အချက်အလက်များနှင့်ညီအောင်ကြိုးစားကြည့်ပါ၏။
    သို့သော် တစ်ခါတစ်ရံ……………………………………………
    ဒန် ဒန့်……………..ဒန်…………..ဒန့်။

  • mocho

    March 23, 2012 at 11:52 am

    ဂေဇတ်နဲ့ ပတ်သက်ပြီး ချစ်ချစ်ကြီး
    နဲ့နောင်ဂျိန်ပလေးရတဲ့ ဖြစ်ရပ်တခု ရွာသူမဖြစ်ခင်ထဲကရှိဖူးတယ်။ နောက်မှ အမှတ်တရ ကျန်ခဲ့တဲ့ သက်သေနဲ့ တကွတင်ဦးမယ်။

  • padonmar

    March 23, 2012 at 6:45 pm

    မိုက်မိုက်ရေ

    အန်တီလည်း မစပ်သောငရုပ်ပါ။
    မိုက်မိုက် ပေးထားတဲ့ ၁၁ ချက် ထဲက ၁ချက် မှ မညီဘူး၊
    ဘယ်လိုလုပ်ရပါ့။
    သတင်းဦးလည်း မတင်နိုင်ဘူး။
    အဲဒီတော့ ရင်ထဲက အဟောင်းအမြင်းတွေပဲ ရှာဖွေတင်နေရတယ်။

  • koaung

    March 23, 2012 at 6:55 pm

    စာအရေးအသားလေးကလဲကောင်း အကျော်လေးကလဲကျွတ် ( အဲလေ)အားပေးသွာ့ပါတယ်နော့ :mrgreen:

  • moe minthar

    March 23, 2012 at 7:00 pm

    ကြီးမိုက်ရေ………ကြိုးစားရင်း

    အားပေးသွားပါကြောင်း……..။

  • aye.kk

    March 23, 2012 at 7:31 pm

    ကိုကြီးမိုက်ရေ..
    တန်ဘိုးရှိတဲ့postလေး၊ဖတ်လိုက်ရတာကျေးဇူးပါနော်..
    ကိုယ့်ကိုကိုယ်ကြိုးစားဖို ့အများကြီးလိုအပ်နေသေးတာသိလိုက်ရပါတယ်..။။

  • Khin Latt

    March 23, 2012 at 8:35 pm

    ကကြီးမိုက် ရေ

    သတင်းပေးတာလေးရော၊ သတိပေးရာလေးရော မိုက်တယ်။ thumb up 🙂
    မြန်မာပြည် မှာ ကိုယ့်ထမင်းကိုယ်စားပြီး စေတနာနဲ့ သတင်းသမား လုပ်ချင်သူတွေ / လုပ်နေသူတွေ အများကြီးပါ။
    အရီးတို့ ရွာထဲမှာဘဲ အပြုသဘော နဲ့ ဘက်မျှပြီး ရေးသူတွေ အများကြီး ကို တွေ့နိုင်ပါတယ်။
    အကြောင်းကတော့ ကိုယ့်ပြည်ကို ချစ်လို့ ကိုယ့်ပြည်သူ တွေကို ဆင်းရဲတွင်းထဲ က ဆွဲထုတ် ချင်ကြလို့ မဟုတ်လား။ ကိုယ်ကျိုးရှာချင်ရင် အချိန်ကုန်ခံ ဒီမှာ ဘယ်သူက လေလာဖော နေပါ့မလဲ။
    စာတစ်ပုဒ် တင်ဖို့၊ ပုံတစ်ပုံ တင်ဖို့ ကို မြန်မာပြည် ကိုးနတ်ရှင်ကို ချော့ပြီး စိတ်ရှည် လက်ရှည် တင်နေရတာ တော်ရုံ စိတ်စေတနာ နဲ့ မဟုတ်ပါဘူး။
    ဒီလို အသံတွေ ကို သက်ဆိုင်ရာ က နားထောင်ပြီး ကိုယ့်ဌာန လုပ်ငန်း တိုးတက်အောင် ဆင်ခြင် သုံးသပ်သင့် ပါတယ်။ တကယ်တန်ဖိုး ရှိတဲ့ စကားသံ တွေ အများကြီးပါ။

    ဟိုတစ်နေ့က သူကြီး တင်ထားပေးတဲ့ မိုးမခ က မောင်ရစ် ဆောင်းပါးမှာ ပါတဲ့
    http://myanmargazette.net/109538/creative-writing/modern-critics-professionalsamateurs-judge
    ~~~~~
    ပြည်သူတွေရဲ့ စကားပြန်၊ ပြည်သူတွေရဲ့ အသိဥဏ်ပညာကိုု စောင့်ရှောက်ကာကွယ် စကားပြန်ရမယ့်၊
    မှောင်ရိပ်ခိုု အလစ်အငိုုက် တိုုက်ခိုုက်မယ့် သူခိုုး၊ ဒါးပြတွေကိုု ဟောင်ရ၊ ဟိန်းရမယ့်
    မီဒီယာဂုုတ်ကျားတွေ၊ အောင်နက်တွေ၊ ရန်လုုံတွေ၊ ခွေးဝဲစားတွေ ……..
    “သင်သာလျင် လွတ်လပ်တဲ့ စာနယ်ဇင်းသမားဖြစ်တော့သကိုုး” ဆိုုတဲ့ လည်ပတ်သံကြိုး မလုိုဘူး။
    ~~~~~
    (သူ နမူနာ ပေးကောင်းပုံကတော့ မျက်စိ ထဲမှာ ကွင်းကွင်း ကွက်ကွက်တော့ ပေါ်ခဲ့ပါရဲ့။
    သို့သော် တို့များ မီဒီယာ တွေမှာ တော့ ခွေးဘဝ ရောက်ရလေခြင်း 😉 )

    ထားပါတော့
    သူပြောသလို ဝိုင်းဟောင်သင့်လဲ ဟောင် ကြတာပေါ့နော်။ ဘာဖြစ်သေးလဲ။
    ဒီလို ဟောင်ကြတဲ့ အခါမှာ ကကြီးမိုက် မျှ လိုက်တဲ့ ဒေါက်တာ ခင်မောင်ညို ရဲ့ ဒီလို အချက်ကလေးတွေ နဲ့ ညှိပြီး ဟောင် ကြ ရင်တော့ ခဲ နဲ့ အထု မခံရ၊ တုတ် နဲ့ အပြစ် မခံရ လောက်ပါ ဘဲ ထန်းညက် ခဲ လေး မြုံ့ရကောင်း ပါရဲ့ လို့ တွေးမိပါ၏။

    ဒီကြား ထဲ သူကြီးမင်းက လဲ
    ~~~~
    မြန်မာပြည်ရဲ့..
    သမိုင်းတခေတ်ကို ကိုယ်တိုင်ပါဝင်ပြီး.. ပုံဖေါ်နေတယ်မှတ်ကြပါလို့..။
    ဒို့ရွာသူားတွေဟာ.. မြန်မာပြည်ရဲ့.. အဦးဆုံး CJ ( Citizen Journalist )တွေပေါ့..
    ~~~~
    လို့ မှတ်ချက်ပေးပြီး ကျောသပ်ပြီး ပေးတော့ ကာ ….
    ကဲ ရွာသူ/သား တို့ ရေ

    မျက်စိကိုဖွင့်
    နားကိုစွင့်
    ကင်မလာကို ကိုင်
    ယိုင်တိုင်တိုင် နဲ့
    သတင်းကိုရှာ
    အဖျင်း အပို မပါဘဲ
    ဆင်းရဲတွင်း က ပြည်သူတွေ အတွက်
    ကလောင် တစ်ဖက် စွဲ လို့ ဂေဇက် မှာ မီဒီယာ တိုက်ပွဲ ဝင်ကြရအောင်လား
    ရွာသူ/သားများ။
    ဝူး အူး အူး အူး အူး အူး – ဝုတ် ဝုတ် ဝုတ်
    မိဝေါင်းင်းင်းင်းင်းင်းင်းင်းင်း (ကြောင် …. လန့် ၍ ပြေးသံ)
    joking 😉

  • Ko out of...

    March 23, 2012 at 8:36 pm

    ကျွန်တော်လည်း စာသိပ် မရေးတတ်ဘူး.. နားလည်ပေးကြနော.. အမှားနည်းအောင်..ပိုပြီးကောင်းလာအောင် ဆက်လက် ကြိုးစားပါ့မယ်…

    • Khin Latt

      March 23, 2012 at 8:40 pm

      ရှင် ရေးတာတွေ က အများကြီး အတွေးအမြင် ရစရာတွေ ပါပါတယ်။
      အကျိုး ရှိပါတယ် Ko out of… ရေ။ 🙂

  • ဟဲ့ … မိကြီးမိုက်
    ညည်းပြောတဲ့ အောက်က စကားလေးက သွေးထွက်အောင် မှန်တယ် …

    ကွန်ပြူတာဖွင့်ပြီဆိုတာနဲ့
    ဂေဇက်လေးဖွင့်ကြည်လိုက်ရမှ…ဖွင့်ပြီးရင်လည်း..ဟိုဖတ်ဒီဖတ်နဲ့
    တော်တော်နဲ့မထွက်ဖြစ်ပြန်ဘူး..အော်…ဘိန်းစွဲသလိုစွဲနေမိပါပြီကော….

    ကျန်တာတွေတော့ နာ သိပ်နားမလည်လို့ ဘာမှ ပြောတော့ဘူးနော် …
    နာလည်း ခုရက်ပိုင်း မတင်ဖြစ်၊ မမန့်ဖြစ်ပေမယ့် ရွာထဲက စာတွေတော့ ဖတ်နေတာပဲ …
    ရွာထဲကိုတော့ မဝင်ရရင် နေနိုင်ဘူးရယ် …
    ဟို .. မိပေါက်နဲ့ မိဗြဲလည်း ကြောလိုက်ဦး …
    နာက သတိရတယ်လို့ ………….
    ညည်း မကြောလို့ကတော့ အကြော်ကြွေးတော့ ပေးတော့ဘူးမှတ် ..
    ဒါဗြဲ …

  • kyeemite

    March 24, 2012 at 8:46 am

    အားပေးဖတ်ရှု့ကြပါသော..ရင်းနှီးစွာကွန်မင့်ပေးကြပါသော..
    ဂျစ်ပစီ မာမီပေါက် ကိုပုဒုံမာ အန်တီအောင် မိုးမင်းသမီး
    ကိုအေးKK မအောက်အော့ တို့အားကျေးကျေးပါဗျို့..
    ဦးခင်လတ်ခင်ဗျား…စာဖတ်ရုံတင်မဟုတ် အချိန်ပေးပီး
    ကွန်မန့်လေးနဲ့အားပေးအားမြှောက်တိုက်တွန်းသွားတာ
    အထူးကျေးဇူးတင်ပါဂျောင်းနဲ့ အပိတ်ကဗျာလေးလည်းသဘောကျပါဂျောင်း..
    မျက်စိကိုဖွင့်
    နားကိုစွင့်
    ကင်မလာကို ကိုင်
    ယိုင်တိုင်တိုင် နဲ့
    သတင်းကိုရှာ
    အဖျင်း အပို မပါဘဲ
    ဆင်းရဲတွင်း က ပြည်သူတွေ အတွက်
    ကလောင် တစ်ဖက် စွဲ လို့ ဂေဇက် မှာ မီဒီယာ တိုက်ပွဲ ဝင်ကြရအောင်လား…
    ဝင်မယ် ဝင်မယ် ဝင်မယ် ဝင်မယ် ဝင်မယ် ဝင်မယ်…

    မိအံဇာရေ…ဂေဇက်စွဲပုံတော့မပြောပါနဲ့အေ..
    ရုံးမှာလည်းအလုပ်ပျက်..အိမ်မှာလည်း..
    ဂိန်းကစာချင်တဲ့ ကလေးတွေနဲ့ ကွန်ပူတာလုရ..
    ခုတော့ နဲနဲဆင်ခြင်ရတော့မယ်တော့..နို့မို့မလွယ်ဘူး..

  • ကြောင်ကြီး

    March 24, 2012 at 11:56 am

    သတင်းသမားဆိုတာ
    မြင်းနွားလိုပဲ
    စဉ်းစားစရာ
    အငြင်းပွားစရာမဟုတ်
    နင်းပြားသတ္တဝါတွေအတွက်
    မရှိမဖြစ်လိုအပ်ချက်…

Leave a Reply