Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

CJ ကြီး ကထူးဆန်း

ကထူးဆန္းMarch 25, 20121min60323

ကထူးဆန်း အသစ်စက်စက် ဝတ်စကုပ်ကိုဝတ်လိုက်သည်။ သူကြီး ဦးခိုင် ပို့လိုက်သော မနေ့ ကမှ ရရှိသည့် CJ ကဒ်ပြားကို ပလပ်စတစ်လောင်း ပြီးလည်ပင်း မှာ အနီရောင် ကြိူးဖြင့် ခန့်ခန့်ကြီး ချိတ်ဆွဲလိုက်သည်။ ပြီး ကင်မရာအိတ် နှစ်ခုထပ်ကာ ချိတ်ဆွဲလိုက်သည်။ အိတ်သာ ချိတ်ဆွဲထားခြင်းဖြစ်ပြီး တစ်ကယ့်တစ်ကယ်တော့ အထဲမှာ ဘာမှ မရှိ။ အများမြင်လျင်လက်ထဲမှာလည်း ကင်မရာတစ်လုံး လည်ပင်းမှာလည်း နှစ်လုံးနှင့် အထင်ကြီး စရာဖြစ်အောင် လုပ်နေခြင်းသက်သက်သာ။ အပြာရောင် ဝတ်စကုပ်နောက်ကျောတွင် အဖြူရောင် CJ ကို နောက်ကျော အပြည့်နီးပါးရေးထားသည်။ သူ့နောက်ကျော သူမမြင်ရသောကြောင့် မှန်ရှေ့ ပြောင်းပြန်ရပ်ပြီး ခေါင်းငဲ့ကြည့်ရတာလဲ ဇက်နာသည့် အထိပင်။ နောက်ဆုံး ဇက်နာတော့မှ အခန်းထဲမှထွက်၏။

CNN သတင်းများတွင် တွေ့တွေ့နေသော Reporter၊ Media၊ News စသဖြင့် ရေးထားသော အကျီင်္ဝတ်ပြီး သတင်းယူကြသော သတင်းထောက်များနှင့် နဲနဲ တူသွားပြီ ဟု အကျေနပ်ကြီးလည်းကျေနပ်နေသည်။

အိမ်ရှေ့ လမ်းပေါ်ရောက်တော့ အိမ်ဘေးမှ ကိုသော်တာ မြင်အောင် ဘယ်လိုလုပ်လျှင်ကောင်းမလဲ အကြံထုတ်နေမိသည်။ မနေ့ က သူနှင့် ဘီယာဝိုင်းတွင် ဘီယာမူူးပြီး စကားနဲနဲများထားသောကြောင့် လှမ်းခေါ်လို့ ကလည်းမဖြစ်။ ဒီအကျီ ဝတ်ထားတာလည်း မြင်စေချင်သည်။ ဒါမှ ကထူးဆန်းသည် အလကားကောင်မဟုတ် ကြောင်းသိသွားမည် ။ CJ ဆိုတာ ဘာလည်းသိအောင်ပြောပြလိုက်ချင်သည်။ မပြောထားလျင် သူကြားဘူးသော DJ နှင့်မှားတွေးပြီး cat jockey ကြောင်မောင်းသူ လ်ို့ လျှောက်ပြောမလား၊ Cat Jail ဆိုပြီး တစ်ရုတ်ပြည်ကို ကြောင်ပို့မည့် ကြောင်ဖမ်းမဲ့ဆီမှာ အလုပ်ရသွားပြီလျှောက်ပြောမလား မသိ။ကောင်းကောင်း ရှင်းပြထားမှ ဖြစ်မည်။ မနေ့ကလည်း ကြည့် ။ သူ ဝတ်စကုပ် တံဆိပ်ရိုက်ဖို့ ပေးထားသော ဆိုင်မှ ကောင်မလေးတွေက စပ်စုလိုက်၏။ CJ ဆိုတာ ဘာလဲ မေးသောကြောင့် Citizen Journalist ပေါ့ကွာဟု ပြောတော့ ဪ စီတီဇင် နာရီ ကြော်ငြာကိုး ဟု မှတ်ချက်ချလိုက်၏။

အို နောက်ဆုံးတော့ မထူးပါဘူး။ သူ့ပြောနေ လျင်ကြာနေမည်၊ နောက်မှ ဘီယာတိုက်ပြီး သိအောင်ပညာပေးလိုက်မည် တွေးကာ ဘတ်စကားဂိတ် သို့သာ ဦးတည်လို်က်သည်။ သူ့ပြောနေတာထက် သတင်းတစ်ပုဒ်လောက် ရဖို့ က ပို အရေးကြီးသည်။

လမ်းလျှောက်လာရင်း ကထူးဆန်း၏ မျက်လုံးများမှာ ဂဏာမငြီမ်။ လက်ထဲမှ ကိုင်လာသော ကင်မရာနှင့် ဘယ်နေရာရိုက်လိုက်ရင်ကောင်းမလဲ ။ ဘာတွေ့မလဲဆိုသည့် မျှော်လင့်ချက်ဖြင့် နေရာတစ်ကာ လိုက်ကြည့်နေမိသည်။ ချုပ်ထားသော ဘောင်းဘီရှည်မှာလည်း နဲနဲပွနေသောကြောင့် သူ့ ဗိုက်ပူပူအောက် ခဏ ခဏ လျောကျသောကြောင့် ဆွဲတင်ရသည်မှာလည်း အလုပ်တစ်ခု။ စိတ်ထဲတွင်လည်း သူကြီး ဦးခိုင်ပြောထားသည့် ဒို့ရွာသူားတွေဟာ.. မြန်မာပြည်ရဲ့.. အဦးဆုံး CJ ( Citizen Journalist )တွေပေါ့. ဆိုတာကိုလည်း အပီအပြင်ပုံဖော်ပြ လိုက်ချင်နေသည် ။

အင်း ။။ ဟိုမှာ တံမြက်စည်းလှည်းနေတဲ့ စည်ပင် ဝန်ထမ်းအဒေါ်ကြီး ပုံဘဲရိုက်လိုက်ရင်ကောင်းမလား .. ဒီလိုလူမျိုးတွေ များများ ရှိသင့်တယ် ဆိုပြီး ။ဒါပေသိ
စည်ပင် အဒေါ်ကြီး သူ့အလုပ်သူလုပ်နေတာ ဘာမှ မထူးဆန်း။ သူလှည်းပြီးသော အမှိုက်ကို မြောင်းထဲ သွားသွန်ရင်ကောင်းမယ် ။။ဒါဆို စိတ်ဝင်စားစရာဖြစ်ပြီ ။ ဒီလို လုပ်ရလားဆိုပြီး ။ ကထူးဆန်း မယောင်မလည် နှင့် စောင့်နေသော်လည်း အဒေါ်ကြီးက လှဲလိုက် သူ့အမှိုက်လှည်းထဲ ကော်ထည့်လိုက်လုပ်နေ၍ မရိုက်သာ။ ကထူးဆန်းလက်လျော့လိုက်သည်။

ဘယ်လိုဇောကပ်သည်မသိ ။ ပါရမီ မီးပွိုင့်မှ လှည်းတန်းမီးပွိုှုင့်နားရောက်သွားသည် ။

တွေ့ပြီ။လှည်းတန်းဂုံးကျော် တံတားတည်ဆောက်မည့် အဖွဲ့ ။ အစုလိုက် အစုလိုက် ယခင် ပလက်ဖောင်းတွေကိုတူကြီးများနှင့် ထုခွဲနေသည်။ ဒီပုံတွေရိုက်ပြီး “ဒီလိုပုံနဲ့ ပြီးမှာလား” ဆိုပြီး တင်ရင်ကောင်းမလား ။ ၄ လနဲ့ အပြီးဆောက်မယ်ဆိုပြီး စက်ယန္တရားဆို၍ ဂေါ်ကားကြီး တစ်စီးသာပါသည်။ ကျန်သာ လူအားနဲ့ သာလုပ်နေသည်ဆိုပြီး။ ဘယ်မှာလည်း ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံကြီးဆီသို့ ဆိုတာ။ ယခုထိ စက်နဲ့ မလုပ်။ လက်နှင့်သာ အင်္ဂတေ တွေ ထုခွဲတုန်း။ ဟင်းဟင်း ကောင်းကောင်းခနဲ့လိုက်မည် ။ ဒီလို အစိုးရကို ရေးတာဆို ရွာသူားတွေက လည်း အကြိူက် ။ ဝိုင်း၍ ထောက်ခံမည်မှာ မလွဲ။ ကိုကြီးမိုက် ကတော့ ၄ လ နဲ့ မပြီးတော့ သူ့ အကြော်ဆိုင်လေး ကြာကြာ သွားဖွင့်နိုင်တာပေါ့ဟု ဝင်ရေးမှာသေချာသည်။ သို့သော် ခက်တာက ဂေါ်ကားကြီးကို ဘာကားခေါ်လည်း ကထူးဆန်းမသိ။ ရွာထဲ အင်ဂျင်နီယာများလည်း ပေါတော့ သူထင်ရာ ကားနံမည် တစ်ခုတပ်လိုက်၍ မဖြစ်။ သေချာ မသိဘဲရေးမှန်းသိသွားမည် ။ စိတ်လျှော့လိုက်ရသည် ။

ဟား ဟား တွေ့ပါပြီ ..လူတွေ လူတွေ စည်းကမ်းမရှိ လမ်းကျားက မကူး။ ကြုံရာနေရာက ကူးနေကျတာ။ သတင်းစာထဲမှာတော့ ဘယ်နှစ်ယောက် အရေးယူပြိး သွားပြီဆိုဘဲ။ ဒါပေမဲ့ ကြုံရာက ကူးဆဲ။ စည်းကမ်းကဘယ်ရှိပါ့မလဲ ။ ဖမ်းမဲ့ ကားကိုဘဲကြောက်ရတာ။ ဖမ်းမဲ့ ကားမရှိရင် မော်တော်ပီကယ်ရဲဘေးက ကပ်ဖြတ်လဲ ပြဿနာ မရှိ။ အခုလည်းကြည့်။ မီးပွိုင့်နားမှာ ကူးနေလိုက်ကြတာ။ ကင်းတဲထဲက ကိုယ်တော် လေးယောက်က သူတို့နှင့် လားလားမှ မဆိုင်သည့် အလား။ ဆေးလိပ်သောက်နေသူနှင့် ၊ကွမ်းဝါးနေသူနှင့်။ လက်ထဲမှ ဝေါ်ကီတော်ကီတော့ နား နား အတင်းကပ်ထားသည်။ မတော် လူကြီးကားလာတာ မကြားလို့ လမ်းမရှင်းမိဘဲဖြစ်မည်တော့ စိုးဟန်တူသည်။ မကူးဖို့ ပညာပေးဖို့ လည်း စိတ်ကူးရှိဟန်မတူ။ တစ်ခါက တစ်ပါတ်လောက် လော်ကြီးတပ်ပြီး အော်နေတာတော့ တွေ့ဖူးလိုက်သည်။ နောက်ပိုင်းတော့ ဒုံရင်း ဒုံရင်းသာ။ ဖမ်းသည့် ကားများကိုသာ တာဝန်လွှဲလိုက်ဟန်တူသည်။ ဖမ်းတဲ့ ကား ကလည်း ဘယ်နှစ်စီးရှိနိုင်မှာလည်း ။ ဖမ်းတဲ့ ကားဆိုလည်း ဆင်းဖမ်းတဲ့သူက နှစ်ယောက်သုံးယောက်။ ကားပေါ်မှာ လက်ပါတ်တွေနဲ့ ထိုင်နေတာက ရှစ်ယောက် ကိုးယောက် ။နေ့စားခ ပေးပြီး ကားပါတ်စီးခိုင်းထားတာ ဘယ်လောက်အားကျဘို့ကောင်းလဲ ဆိုပြီး ရေးလိုက်ဦးမှ။ အဲ စဉ်းစားပြီးမှ သတိရသည် ။ ကိုယ်တိုင်လည်း ဘယ်နားက ဖြတ်ကူးလာမိလဲမသိ ။ မဖြစ်သေးပါဘူး။ ကိုယ်တိုင်တောင် မကျင့်သုံးဘဲ သူများလုပ်တာ အပြစ်ပြောလျှင် ကိုယ့်လိပ်ပြာကိုယ်ရှက်စရာကြီး ။

အင်း ငါ့ ဘာရိုက်ရပါ့ ။ရိုက်ပြီးပြောနိုင်လျှင်တော့ ပြောချင်စရာတွေနှင့် ပြည့်နှက်နေတာတော့ အမှန်။ ခက်တာက ကိုကြီးမိုက်ရေးထားသည့် မန်းလေးဂေဇက်ပေါ်ကသတင်းသမားများ..Journalists ကလည်း ဒုက္ခလာလာပေးသည် ။ အရေးကြီးတာတွေ သေချာတဲ့ သတင်းတွေကိုထိပ်တန်းတင်ပြီး မရေရာတာတွေကို ခေတ္တဖယ် ထားရဲ့လား ။ ဆိုတာနဲ့ ဘာရေးရပါ့ ။ ဘာရိုက်ရပါ့ ။

ဝန်ကြီးတွေ အစိုးရ ဝန်ထမ်းတွေ လာတ်စားကြတဲ့ အကြောင်းတွေ ရေးရင်ကောင်းမလား။ ဒါပေမဲ့ သူ့မှာ ကြီးကြီးမာစတာများနှင့် နီးစပ်သူကလည်း မရှိ။

ထူးဆန်း အကြံတွေအိုက်နေသည် ။ မျက်လုံးဂဏာမငြိမ် စဉ်းစားခန်းလည်းထုတ်ရင်းလျှောက်လာသော ထူးဆန်းခေါင်းပေါ် ဘတ် ကနဲ တစ်စုတစ်ခု လာကပ်သည် ။ စမ်းကြည့်လိုက်တော့ ပျော့ပျော့ပြဲပြဲ ငှက်ချီးတွေ ။မော့ကြည့်လို်က်တော့မှ ဓါတ်ကြိုးပေါ် တန်းစီနားနေသော ခိုငှက်များ။

ဘယ်လိုက ဘယ်လို လမ်းငါးဆယ်ထိပ်ရောက်လာပါလိမ့် ။ ကိစွမရှိ။ အရေးကြီးတာက သတင်းရဖို့ ။

ဟုတ်ပြီ ဟုတ်ပြီ ဒင်းတို့ အကြောင်းရေးရမည် ။ လူတွေနား နေပြီး လူတွေကို ဒုက္ခပေးနေသော ငှက်များ။အသံနှင့်လည်းနှိပ်စက်သည်။ ညစ်ပါတ်မှု့နှင့်လည်း နှိပ်စက်သည် ။ အစာလည်း ရှာမစား။ လူတွေ ကျွေးတာ အရန်သင့်ထိုင်စားနေသော ငှက်ငပျင်းများ ဆိုပြီ။

ကျီးကန်းကမှ သာသေးသည်။ ခိုးစားသည်ဆိုသော်လည်း သူ့အားသူကိုး ၍ အစာရှာစားသည်။ ကြွက်သေကောင် အပုပ်အသိုးပြန်ရှင်းပေးသေးသည်။ သူ့ အမျိုးသူချစ်ကာ တစ်ကောင်ထိလျှင်မခံ။ခိုငပျင်းများနှင့် တော့ ကွာပ။

သို့သော် လူတွေက ခိုတွေကို ဘယ်သူကနံမည်တပ်လိုက်သည်မသိ။ ငြိမ်းချမ်းရေးငှက်များ ဆိုကာ အစာကျွေး၏။ခိုတွေလည်း အခွင့်ထူးခံ ငှက်တန်းစားဖြစ်ကာ အစာရှာမစား။ လူတွေကျွေးတာ အရံသင့်စား၏။

ဒင်းတို့ကို ထိန်းချုပ်သင့်ပြီ ။ လူတွေကြား ပလက်ဖောင်းတွေပေါ် ခိုစာကျွေးနေခြင်းများရပ်တန့်သင့်ပြီ။ ပန်းခြံ ၊ဘုရားလို နေရာ မှာသာ သတ်သတ်မှတ်မှတ် ခိုစာကျွေးသော နေရာဖြစ်သင့်သည် ဆိုတာ ရေးရမည် ။ခိုကောင်ရေ ထိန်းချုပ်သင့်ပြီဆိုတာလည်း ရေးရမည်။ အိမ်ပြန်ရောက်လျင် အင်တာမဲမှ ဒင်းတို့ကြောင့် ဖြစ်ပေါ်စေသော ဆိုးကျိုး ရောဂါများရှာပြီး ပုံများနှင့်တင်မည် ။ ကထူးဆန်းလက်မှ ကင်မရာလေး အလုပ်ရသွားသည် ။ ခေါင်းပေါ်ကျနေသော ခိုချီး သူတ်ဖို့မေ့ပြီး တဖြတ်ဖြတ်ရိုက်နေမိသည် ။ ဒါတင်မက ပို အသက်ဝင်အောင်ဆိုပြီး အနားမှ ကလေးနှစ်ယောက်အားပိုက်ဆံ ထုတ်ပေးပြီး ခိုစာကျွေးခိုင်းလိုက်သေးသည်။ အိပ်ထဲမှ ငါးရာ လျောကနဲထွက်သွားသည် ။ ကိစ္စမရှိ။ သူရေးစရာတစ်ပုဒ်တော့ ရပြီ ။ သို့သော် ခိုများမှ ဘာရောဂါတွေဖြစ်စေလည်း တော့ ရှာရဦးမည်။

ကထူးဆန်း နဲနဲတော့ကျေနပ်သွားသည် ။ ဘတ်စ်ကားဂိတ်ရောက်ပြီး ဘတ်စ်ကားစောင့်စဉ်လည်း အတွေးတွေပွားမိနေသေးသည်။

ဘဘ ဘလက်၊ သဲနုအေးတို့ ၊ မနောဖြူတို့လို ကံကောင်းလျှင် ကောင်းမည် ဟု ။ ဘဘဘလက် သွားတဲ့လမ်း ဘတ်စ်ကားကြီး ဆိုက်ကားကို ချိတ်မိသွားတာ သတင်းရလိုက်သည် ။ သဲနုအေး ကားကိုပိတ်ရပ်ပြီး ကွမ်းယာဝယ်နေသည့် အအေးပို့ကားလိုမျိုးတွေ့လိုက်ချင်သည်။ မနောဖြူလို စီးသွားသော ဘတ်စ်ကား ကို အနိုင်ကျင့်သော မော်တော်ပီကယ်ကို လူထုအားနှင့် ဝိုင်းခြောက်လိုက်တာမျိုးကြုံ ချင်သည် ။

ဒါမှမဟုတ်လည်း ကိုနာဂလို လေယာဉ်ပျံကြီး ဘီးကြိုးသွားတာ၊ သံတွဲဈေး မီးလောင်သွားတာ၊ ကြုံလိုက်ချင်သည်။ ဒါမှ ရွာသှုားတွေက်ို အမြန်သတင်းပို့နိုင် မှာ။

အင်… ဒါတွေလည်း မဟုတ်သေးပါဘူး ။ သူများဒုက္ခဖြစ်အောင် ဆုတောင်းရမလို။ မဖြစ်သေးပါဘူးဟု။

ထိုစဉ် တီ.. တီ ….တီ ဆိုသော အသံ ကထူးဆန်းနားထဲဝင်လာ သည်။ ဒါ အချက်ပေးသံ ။ အချက်ပေးသံ ။ ဘာဖြစ်ပြီလည်း ။ ကထူးဆန်းပျော်သွားသည် ။ ငါ သတင်းထူးတစ်ပုဒ်လောက်ရ တော့မည်။ ဘေးဘီကြည့်လိုက်သော ကထူးဆန်း မျက်စိထဲ အလင်းရောင် စူးစူးရှရှ ဝင်လာပြီး မျက်စိပြာသွားသည်။ ဟုတ်ပြီ ။ တီ တီ တီ တီ မည်သံကပိုစိတ်လာပြီး တီ………ဆိုသော အသံရှည်ကြားပြီး မှောင်အတိကျသွားသည်။

ဘာဖြစ်တာလည်း … ဘာဖြစ်တာလည်း ။။ ကထူးဆန်းအော် မေးလိုက်သည်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ရှင့်နယ် ဘာတွေ အော်နေတာလည်း ။ ကွန်ပြူတာဖွင့်ပြီး အိပ်ပျော်နေတယ်ဟုတ်လား ။ မီးပျက်သွားလို့ ရှင့်။ UPS အော်နေတာ တောင်မနိုးဘူး။ UPS အားကုန်လို့ ကွန်ပြူတာ လည်းသူ့ဟာသူ ပိတ်သွားပြီ။

ဪ ဒါကြောင့် မှောင်အတိဖြစ်သွားတာကိုး……

ရွှင်လန်းချမ်းမြေ့ပါစေ။
ထူးဆန်း
(ဦးဘလက်ချော၊ကိုကြိးမိုက် ၊သဲနုအေး၊မနောဖြူလေး၊ကိုနာဂ တို့ အားခွင့်မတောင်းဘဲ ထည့်သွင်းရေးသားခြင်းအပေါ် စိတ်မဆိုးရန်တောင်းပန်ပါသည်။)

23 comments

  • mocho

    March 25, 2012 at 9:15 am

    ရီ လိုက်ရတာ အူတွေ တောင် နာတယ်။ ရေးလည်းရေးတတ် ပလေတယ် ကိုထူးဆန်းရေ။

  • Thel Nu Aye

    March 25, 2012 at 10:59 am

    အောင်မယ်လေး။ ရီလိုက်ရတာ။ ဘာဇာတ်လမ်းများရမလဲလို့။ နောက်ဆုံးမြန်မာပြည်ရဲ့မရိုးနိုင်သောဇာတ် လမ်း မီးပျက်ခြင်းသတင်းတပုဒ်ရသွားတယ်ပေါ့လေ။ ရေးမှရေးတတ်ပလေတယ်။ ဂွတ်။

  • ကိုထူးဆန်းရေ …
    စိတ်ကူးနဲ့ ရူးကြည့်လိုက်တဲ့ CJ Crazy ပေါ့ဗျာ … 😀
    ကတိုက်စိုး တစ်ယောက်ကတော့ ရန်ကုန်ရောက် မန်းလေး အိပ်မက် …
    ခု ကထူးဆန်းက ကွန်ပြူတာရှေ့မှောက် ဘယ်ချိန် ရောက်လာမှန်း မသိသေးတဲ့ CJ အိပ်မက်ပေါ့နော့ …
    😀

    ရေးထားတာ တကယ်ကောင်းတယ်ဗျို့ ….
    အားပေးသွားတယ်နော့ ..

    ခင်တဲ့ … အံစာတုံး

  • blackchaw

    March 25, 2012 at 11:33 am

    ကိုထူးဆန်းရေ။
    ညီလေးရဲ့ CJ အိပ်မက်ထဲပါခွင့်ရတာ အလွန်ဂုဏ်ယူမိပါတယ်။
    အိပ်မက်ဆိုတာ တကယ်ဖြစ်လာတတ်ပါတယ်ဗျာ။
    ဦးဘလက်ချောကို အိပ်မက်ထဲထည့်မက်ပေးတဲ့အတွက်ရယ်
    အတွေးကောင်းကောင်းလေးနဲ့ ရေးထားတဲ့ ပို့စ်လေးအတွက်ရယ်
    ထုံးစံအတိုင်း လက်မလေးတစ်ချောင်း ပါဗျာ။
    😀

  • kai

    March 25, 2012 at 2:54 pm

    စာဖတ်ပြီး.. ဘာပြောရမှန်းတောင် မသိဘူးဖြစ်သွားတယ်..။
    ရယ်အောင်လည်းရေးတတ်ပါပေ့… 😆

    အင်း..
    စောင့်ကြည့်နေ…
    CJ တွေ.. မြန်မာပြည်ကို.. ကိုင်လှုပ်လိမ့်မယ်..။
    မြန်မာတွေရဲ့.. VJ ကအကယ်ဒမီနော်မနိတ်အထိတက်သွားရအောင်.. ကမ္ဘာတန်းလှုပ်ခါသွားခဲ့တာ…

  • ကဲသူကြီးရေ ဆော်လိုက် နှက်လိုက်ကြရအောင်ဗျာ။
    တရားဝင်လေးဖြစ်သွားအောင်လုပ်လို်က်တော့။

  • padonmar

    March 25, 2012 at 7:00 pm

    အဲဒါ ကထူးဆန်းက သဂျိုင်ခီးကို ကျပ်တာလား၊
    မြန်မာပြည်ရဲ့ ပထမဦးဆုံးသော CJ တွေဆိုပြီး မြှောက်မြှောက်ပေးနေတာ အိပ်မက်တောင်မက်ယူရရောလို့။
    ဒို့တွေကလည်း သူမမြှောက်ပေးခင်ကတည်းက သွေးကကြွနေတာ။:D:D

  • ဦးဦးပါလေရာ

    March 25, 2012 at 11:40 pm

    အော်..
    မနေ့က ကျုပ်အိပ်မက်ထဲမှာ ဗိုလ်တထောင်ဘုရားက ဓါတ်ပုံဆရာတယောက် ကုန်သည်လမ်းအတိုင်းလျှောက်သွားနေတယ်မက်လို့
    ဘယ်လိုအတိတ်ကောက်ရမလဲ စဉ်းစားနေတာ
    လက်စသပ်တော့ ကထူးဆန်းနဲ့တွေ့တာကိုး…

    မန်းဂေဇက်က CJ တွေလာပြီ..။ မထော်မနန်းတွေ သတိထားကြ…. 😀

  • Khin Latt

    March 26, 2012 at 4:04 am

    ကထူးဆန်း ရေ့
    ရီလိုက်ရတာ ဖတ်ဖတ်မောလို့။
    တွေးတတ် ရေးတတ် ပါ့။
    May all your dreams come true !!!! 🙂

  • ကြောင်လေး

    March 26, 2012 at 7:39 am

    အော် စီဂျေ စီဂျေ၊ ကြောင်တွေကိုတရုပ်ပြည်ကို မောင်းပြီး ပို့မယ့် စပါယ်ရှယ်စီဂျေကြီးပါလား။

  • kyeemite

    March 26, 2012 at 10:57 am

    ကထူးဆန်းရေ…ကျုပ်ပို့စ်လေးကိုသတိတရရှိတာ
    ကျေးဇူးပါဗျာ…အိပ်မက်ထဲပါရတာလည်းကျေနပ်ပါ့..
    စာအရေးအသားကောင်းတော့ ဟာသရသ မြောက်ပါပေရဲ့..

  • weiwei

    March 26, 2012 at 12:54 pm

    ကျွန်မလဲ ရွာသူဖြစ်ပြီးကထဲက CJ ပိုးဝင်နေတယ် … ထစ်ကနဲဆို သွားချင်ရတာနဲ့ ရိုက်ချင်ရတာနဲ့ … အရင်တုန်းကဆို အပြင်ထွက်ရမှာ သိပ်ပျင်းတာ … ဖာသိဖာသာလဲနေတတ်သေးတယ် … အခုများ စပ်စုစိန် ဖြစ်မှန်းမသိ ဖြစ်နေတော့တာပဲ …

  • MaMa

    March 26, 2012 at 2:13 pm

    CJကြီး ကထူးဆန်း ရဲ့ ပုံကို မြင်ယောင်မိပြီး…
    CJ ဖြစ်ချင်တယ်
    CJ ဖြစ်ချင်တယ်
    CJ ဖြစ်ချင်တယ်
    CJ ဖြစ်ချင်တယ်
    CJ ဖြစ်ချင်တယ် … 😀

  • htoosan

    March 26, 2012 at 3:25 pm

    သူကြီး မြန်မာနှစ်ကူးမှာ လို့ဆိုထားတာလေး ရွေ့မသွားနိုင်အောင်
    နောက်ကနေ တွန်းပို့လောက လုပ်လိုက်တာပါ။.. 😀

  • Novy

    March 26, 2012 at 4:00 pm

    ထိုစဉ် တီ.. တီ ….တီ ဆိုသော အသံ ကထူးဆန်းနားထဲဝင်လာ သည်။ ဒါ အချက်ပေးသံ ။ အချက်ပေးသံ ။ ဘာဖြစ်ပြီလည်း ။ ကထူးဆန်းပျော်သွားသည် ။ ငါ သတင်းထူးတစ်ပုဒ်လောက်ရ တော့မည်။ ဘေးဘီကြည့်လိုက်သော ကထူးဆန်း မျက်စိထဲ အလင်းရောင် စူးစူးရှရှ ဝင်လာပြီး မျက်စိပြာသွားသည်။ ဟုတ်ပြီ ။ တီ တီ တီ တီ မည်သံကပိုစိတ်လာပြီး တီ………ဆိုသော အသံရှည်ကြားပြီး မှောင်အတိကျသွားသည်။

    ဒီစာပိုဒ် ကို ဖတ်ပြီး မနိုထင်လိုက်တာက သဲထိတ်ရင်ဖိုတွေ စိတ်ဝင်စားသူပြီပြီ
    ကားတိုက်ခံရပြီပေါ့
    ကိုယ်ကားတိုက်ခံရတဲ့ ပုံကို ကိုယ်တိုင်ပြန်ရိုက်ပြီး
    ဟင်.. ဒါငါပါလားပေါ့ ဘယ်လိုဖြစ်တာလဲပေါ့ အဲ့လိုစဉ်စားလိုက်မိတယ်

    ဆက်ဖက်တော့ အိမ်မတ်ဖြစ်နေတယ် ဟားးး
    အော် CJ…CJ

  • Mလုလင်

    March 26, 2012 at 8:42 pm

    ကိုရင် ထူးဆန်း .. အားကျပါဘိတောင်း … အားရပါဘိတောင်း ……

  • ရွာစားကျော်

    March 26, 2012 at 10:08 pm

    ထူးဆန်းပါပေ့ ကထူးဆန်းရယ်..
    တကယ်ရီရတယ်…
    အင်း ကျုပ်တို့လည်း CJ ပိုးဝင်နေတာ
    နှလုံးခုန်သံတွေရော CJ ..CJ.. CJ ဖြစ်နေဘီလား
    သေချာ ပြန်နားထောင်ကြည့်အုံးမယ်.. 😀

  • Thel Nu Aye

    March 27, 2012 at 10:19 am

    သဂျီးက CJ တွေကို နောက်ဆုံးပေါ် ကင်မလာ တလုံးစီးဝယ်ပေးမယ်ဆိုပဲ။ အိပ်မက်ပြောပါတယ်။

    • Mလုလင်

      March 27, 2012 at 1:06 pm

      ဂစ် !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
      သူကြီး တက်သွားသံ …

      • MaMa

        March 27, 2012 at 7:51 pm

        သဲနုအေး က အကြားအမြင်ရနေတာ ဖြစ်မယ် လုလင်ရေ။

  • ကြောင်ကြီး

    March 27, 2012 at 11:21 am

    စီဂျေဆိုတာ cat journalist.. ဒီဂျေဆိုတာ dog journalist ကိုပြောဒါ…

  • htoosan

    March 27, 2012 at 1:16 pm

    တော်သေးတာပေါ့ . cow ဖြစ်မသွားတာ ။ တိုးတွေ အလာများလို့ စီးစရာ ကားမရှိရင် အဲ့ဒီ အကျီဝတ်ပြီး နွားလှည်းသွားမောင်းမလားစဉ်းစားနေတာ… Cow Jockey လာပြီကွ ဆိုပြီး …. 😀 😀
    ပြေးမှ ..သူကြီတွေ့ရာနဲ့ ထုတော့မယ်….. ဝှစ် .ဝှစ် .. စိန်ပေါက်ပေါက်မရှိတုန်း သူ့စီးတော်ယာဉ်လုပြေးမှ…

  • TTNU

    March 27, 2012 at 4:06 pm

    ကိုထူးဆန်း
    စာကြောင်းလေးတွေခေါ်ရာနောက်ကိုလိုက်သွားခဲ့မိပါတယ်။

Leave a Reply