Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပွိုင့်မရလည်းနေပါရပါတယ်သူကြီးရယ် ဖျက်ချင်ရင်တော့ သေးသေးလေးတွေကိုပဲဖျက်ပေးပါနော်……. ဒီနေ့တစ်နေကုန်ကြိုးစားပန်းစားရိုက်ထားတာလေးတွေမို့ပါ။

သူကြီးမင်းရဲ့ ဂေလာရီဆိုတာကြီးကိုကျေနပ်ဘူး ….

ပုံတွေတစ်ပြိုင်ထဲတင်ရင် သေးသေးလေးပဲရတယ် …

ဒီနေ့ဓါတ်ပုံရိုက်ဖို့အစောကြီးထပြင်ရတယ် တစ်နေကုန်ထမင်း တစ်နပ်ပဲစားရတယ်…..

ရိုက်လာတဲ့ဓါတ်ပုံတွေကို ထိုင်ပြင်ရတယ် ပြီးလို့တင်မယ်လုပ်

တော့မီးကပျက်သွားတယ် မီးလာတော့ကော်နက်ရှင်ကကျနေရော

အားလုံးလဲအဆင်ပြေလို့ ညဆယ့်နှစ်နာရီ ပုံထတင်တော့

ပုံတွေကသေးသေးလေးပဲရတယ်…..

မပြင်ရတဲ့ပုံတွေကိုတင်တော့လည်း တစ်ပုံကပျက်ပြီး

ကျန်ပုံတွေကသေးနေတယ်….

၃၁.၃.၂၀၁၂ ညဆယ့်တစ်ခွဲမှာတစ်ပို့စ်တင်တယ်

၁.၃.၂၀၁၂ မနက် ဆယ့်နှစ်နာရီဆယ့်ငါးမှာတစ်ပို့စ်တင်တယ်

ခုလည်းတစ်ခါတင်တစ်ပုံတင်တော့အကြီးကြီးပေါ်မယ်ထင်တာပဲ

သူကြီးထုတ်ထားတဲ့စည်းမျဉ်းတွေထဲမှာ တစ်ရက်ထဲပို့စ်နှစ်ခုထက်ပိုမတင်ရဆိုလို့

ပိုမတင်ပါဘူးနော်သူကြီး ဒီနေ့က မနက်သုံးနာရီထိုးနေပြီ ၁.၃.၂၀၁၂နေ့မှာ

သူကြီးပြောတဲ့အထဲမှာ နှစ်ဆယ့်လေးနာရီအတွင်းပို့စ်နှစ်ခုထက်ပိုမတင်ရမပါဘူးနော်

တစ်ရက်အတွင်းလို့ပဲပါတယ်………

(ဂီဂီရေ….. လက်တစ်လုံးခြားတော့စလုပ်ပြီနော်…..)

ရွာသားအပေါင်း မနက်ရွေးကောက်ပွဲအတွက်စိတ်လှုပ်ရှားပြီး ရင်ပူနေမှာစိုးလို့ ကျွန်တော်ရှမ်းပြည်သား မျက်စိအေးရင်ရင်ပူသက်သာအောင်လုပ်ပေးဖို့

ပုံလေးတွေတင်ပေးချင်ပေမယ့် သူကြီးဆာဖာကဖုန်တင်နေလေတော့(သူကြီးနှစ်လုံးပြူး

နဲ့ချိန်နေပြီ….)ပုံတွေသေးကုန်တယ် စိတ်အေးစရာလေးတွေကောင်းကောင်းမမြင်ရတော့ဘူး

သူကြီးကောရွာသားတွေကော ပို့စ်တစ်ခုထဲကို နှစ်ခါတင်ပေးလိုက်ရလို့ ရှမ်းပြည်သားတို့

တောင်းပန်ပါတယ်နော်….. ဝေဖန်အားပေးကြပါဦး

သူကြီးမင်းတရား ဖျက်ချင်ရင်သေးသေးလေးတွေကိုဖြတ်နော်…….. မုန်လာဥကိုဖြတ်နဲ့ပဲမြစ်ကိုပဲဖြတ်…အဲလေယောင်ကုန်ပြီ…

ဟိုပို့စ်ကိုပဲဖျက်ပေးပါ ဒီအကြီးကြီးမြင်ရတဲ့ပို့စ်ကိုတော့ပြန်မရုတ်သိမ်းပါရစေနဲ့နော်…..

လေးစားလျက်….. မနက်ကျရင် ဒီအဖွဲ့မဲအသာစီးရပါစေလို့ ဆုမွန်ကောင်းတောင်းလျက်..

ခင်တဲ့ရှမ်းပြည်သား (တောင်ပိုင်း)

21 comments

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 1, 2012 at 2:50 am

    အလိုလေး ဒီတစ်ခါတော့ Too Bigဖြစ်သွားပြီတစ်ပုံထဲကွက်ပြီး သေးပေးဦးသူကြီးမင်း…
    အောက်ကပုံတွေလောက်

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 1, 2012 at 7:23 am

    ယနေ့အေပရယ်ဖူးအရူးများနေ့သည်ကျွန်ုပ်အတွက် အတော်ကြီးပင် ရင်ခုန်လှသောနေ့ပင်ဖြစ်လေ၏။
    အဘယ်ကြောင့်ဆိုသော် စစ်မှန်သောပြောင်းလဲမှုသည် မြန်မာနိုင်ငံတွင်ယနေ့မှပင်စပေတော့မည်…….
    ၂၀၁၁ မတ်လကပြောင်းခဲ့ပြီဟုဆိုကဆိုနိုင်ပေလိမ့်မည်…… သို့သော်ယနေ့ပြောင်းလဲခြင်းသည် ထိုထက်အဆပေါင်းများစွာသောပြောင်းလဲမှုကြီးများ ရုတ်ချည်းဖြစ်ပေါ်မည့်ပြောင်းလဲခြင်းဖြစ်ပေ၏
    ကျွန်ုပ်သည် ဆယ်တန်းအောင်စာရင်းဟုခေါ်ကြသော ဘဝတစ်ဆစ်ချိုးဟုလူအများသတ်မှတ်သည့် အောင်စာ
    ရင်ကြီးထွက်သည့်နေကပင်လျှင် ယနေ့လောက်ရင်အခုန်ကြီးမခုန်စဖူးပေ……. အောင်စာရင်းကိုပင်ကျကျ
    အောင်အောင်သွားမကြည့်သည့်လူစားမျိုးပင်ဖြစ်လေ၏။ ကျွန်ုပ်တစ်ခါကချစ်ခဲ့ဖူးသူတစ်ယောက်၏ ပခုံးသား
    နုနုကိုထွေးပွေ့ခြင်း၊ပါးပြင်တို့ကိုနမ်းခြင်းတို့သည်ပင် ဤမျှလောက်ရင်ခုန်ခဲ့ခြင်းမရှိပါပေ။
    ရင်တဒိတ်ဒိတ်ခုန်လျက် ၂၀၁၂ခုနှစ်၏ မတ်လ ၃၁ ရက်နေ့ သမ္မတမိန့်ခွန်းနှစ်ပါတ်လည်နေ့ကြီးကို………
    အိပ်စက်ခြင်းမပြုဘဲကုန်ဆုံးစေပြီး ယခု အေပရယ်၁ရက်နေ့ မြန်မာစံတော်ချိန်နံနက်ခုနှစ်နာရီပင်ထိုးချေပြီ။
    ရှည်လျားသောညကြီးတစ်ညကို ကျွန်ုပ်ဖြတ်သန်းခဲ့ရလေ၏ လွန်စွာတိတ်ဆိတ်သောညအဖော်မဲ့သောည
    ကိုကျွန်ုပ်၏ရင်ခုန်သံတို့က တဒိတ်ဒိတ်မည်သံဖြင့်ဖြိုခွင်းလေ၏ အဖော်မဲ့ရသည်ဆိုခြင်းမဤရက်ပိုင်းအတွင်းကျွန်ုပ်၏မိသားစုသည်လည်း ခရီးရက်ရှည်သွားနေကြလေ၏
    ကျွန်ုပ်တပ်မက်ခုန်မင်ပျော်ရွှင်ခဲ့ရသည့်ရွာကြီးဖြစ်သော ဂေဇက်သည်လည်း ညခရီးသွားမရှိတိတ်ဆိတ်
    ငြိမ်သတ်နေပေ၏ ထိုအချိန်တွင်ကျွန်ုပ်ယခင်ကသိနေရသော မြင်နေရသော ကိုယ့်ကိုယ်ကို ရွာစောင့်နတ်
    ဟုအမည်ပေးထားသည့်နတ်မင်းသည်လည်းမိမိဘုံဗိမာန်တွင် သရည်တဖြန်းဖြန်းစံမြန်းနေလောက်ပြီဖြစ်
    ၏…. ရွာတွင်ငှားထားသောဒလဝမ်သည်လည်းမိမိတာဝန်အားမထမ်းဆောင်ဘဲ …… ကင်းတဲတွင်ငိုက်
    မျဉ်းနေလေ၏……. ရွာသားတွေကိုစောင့်ရှောက်သည်ဟုဆိုကြသော……ဘိုးတော်ဆာမိတစ်ယောက်လဲ
    သူ့တောင်ဝှေးပေါ်နဖူးတင်ကာ စက်တော်မူနေလေသည် ရွာတော်ရှင်မအမည်ရသည်ဆိုသောမမကြီးတစ်
    ဦးသည်လည်း နတ်ကတော်များပင့်ပြီးရင်းပင့်ရင်းမို့ထင် ခြေညောင်းကာ ပင်ပန်း၍ဟောက်သံကြီးတခူးခူး
    နှင့်အိပ်နေလေ၏ တစ်ခါတစ်ရံတွင်တော့ ဂေဇက်သူကြီးသည်သူ၏နှစ်လုံးပြူးကြီးထမ်းကာထမ်းကာဖြင့်
    ကျွန်ုပ်ရှေ့မှဖြတ်ဖြတ်သွားလေ၏ ၎င်းသည်မြင်လည်းမမြင်ချင်ယောင်ဆောင်၍ကျွန်ုပ်အားနှုတ်ဆက်
    ဖော်တောင်မရ မဲလိုက်ဆွယ်လိုက် ရွာပေါ်ကဆက်သွယ်ရေးပုရစ်ကောင်ကိုမောင်းလိုက်ဖြင့်နေလေ၏
    တစ်ခါတစ်ရံတွင်လည်း အိပ်မုတ်စုံဝါးနှင့် အရီးလတ်တို့ စွယ်တော်ရွက်တို့ အပေါ့ထသွားကြရင်း
    ကျွန်ုပ်ကြည့်နေသောပြူတင်းပေါက်တို့ကိုလာလာတိုက်သွားကြ၏……..ဩဇီမှဘဖောသည်လည်းထိုနည်း
    တူစွာပင် ၎င်းအိမ်ရှေ့၌အိပ်မပျော်၍လမ်းသလားနေသော ကျွန်ုပ်အားမယုံသင်္ကာဖြင့် ဓါတ်မီးနှင့်မကြာမ
    ကြာထထထိုးကြည့်၏……. ကျွန်ုပ်သည်လည်းစီဂျေကြီးဟုခေါ်သောလူကြီးမှတောင်းထားသည့်
    အကြွေးကိုလည်း ဂေဇက်လမ်းပေါ်၌ဖြတ်သန်းသွားကြသောခရီးသည်များ၏ပြုတ်ကျခဲ့သည့်အစအနလေး
    များစုဆောင်း၍ဆပ်ရင်းဆပ်ရင်းဖြင့်နံနက်မိုးသောက်အာရုံကိုရောက်လာခဲ့ချေ၏….. ကျွန်ုပ်သည်
    ကျွန်ုပ်အားအနိုင်ကျင့်ကျသောထိုသူတို့အားစာရင်းပြုစုမှတ်သားထား၏…… ယနေ့ကျွန်ုပ်အဖွားဒေါ်စုသည်
    မဲနိုင်ခဲ့ပြီးဂေဇက်ရွာကြီးကိုလာကာ သူ့မြေးဖြစ်သောကျွန်တော့်အားလာတွေ့မှပင် ယခုကျွန်ုပ်စာရင်းထဲ
    တွင်ပါဝင်သောသူတို့အား တိုင်တန်းမည်ဖြစ်လေတော့၏ မဲနိုင်မှအဖွားမြန်မြန်လာမှာဆိုတော့
    အဖွားရေမဲများများရပါစေနော်………. မြေးလေးလေမျှော်နေတယ်အဖွားရဲ့………..

    စစ်မှန်သောဒီမိုကရေစီလမ်းစဉ်အားကျင့်သုံးမည့်….. ခေါင်းဆောင်ကောင်း၏နောက်လိုက်ကောင်းများ
    ဖြစ်ကြပါစေလို့ဆုတောင်းလျက် ….. (ဒီနေ့တင်မယ့်ပို့စ်အရေအတွက်ပြည့်သွားလို့….ကွန်မန်းထဲမှာပဲ
    နောက်တစ်ပို့စ်တင်လိုက်တယ်နော်)..ခင်တဲ့ရှမ်းပြည်သား(တောင်ပိုင်း) သူကြီးမင်းလည်းအားနာပါးနာလေး
    နဲ့တစ်ညလုံးဂေဇက်ကိုစောင့်ပေးတဲ့ကျွန်တော့်ကို ချွင်းချက်ကလေးထားပြီးနောက်တစ်ပို့စ်အနေနဲ့ဒီစာလေး
    ကိုလုပ်ပေးချင်လုပ်ပေးလိုက်ပေါ့ဗျာ…………..

    • Khaing Khaing

      April 1, 2012 at 9:00 am

      မောင်လေး ခတို့ကတော့စပြီ ဧပြီ ၁ ရက်နေ့မှာ မမကို အရူးစလုပ်ပြီ သဘာဝရူခင်းပုံ ရေတွေတင်ပြီ မမနှလုံးသားကို စတင်တိုက်ခိုက်နေပြီပေ့ါလေ အိုက်ဒါတွေတင်ရင် သများ စိတ်ထိခယက်ပါတယ်ဆိုနေမှ သများကအဲဒီနေရာမျိုးတွေဆိုသိပ်သဘောကျတာ လေးပေါက်က မန်းကနေရာအနှံကိုတင်သလို မောင်လေးခ ကလည်း ရှမ်းပြည်တခွင်ပြဲပြဲစင်အောင်တင်ပေတော့ ရှမ်းပြည်ကိုမောင်လေးခ ဒါ့ပုံတွေကြည့်ရင်းလည်လာမယ်ကွယ် အပြင်မှာတော့ ၁ ခါမှမရောက်ဖူးသေးဘူး အမကတောင်တွေတက်ပြီးသွားလာရတဲ့လမ်းခရီးဆို ကြောက်တယ်ကွဲ့…… ပထမဆုံးတင်ထားတဲ့ ပန်းပုံလေးတွေက အိမ်မှာပွင့်ရင် lucky ကောင်းတယ်လို့ မမခိုင်ကြားဖူးတယ်ကွယ် ဟုတ်လား …. မောင်လေးခရဲ့အဖွား မမရဲ့အဖွားပုံ လေးကိုပါတင်ထားတာလားကွယ် …..

      • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

        April 1, 2012 at 6:02 pm

        ပန်းကိစ္စကိုမသိပါဘူး လှလို့ရိုက်ရင်း ရိုက်လို့လှသွားတာပါ… ကင်မရာကောင်းလို့ပါဗျာ….
        နောက်ပြီးပုံထဲကမိန်းမကြီးကကျွန်တော့်အဖွားမဟုတ်ဘူး… အဲဒါကျန်စစ်သားမင်းရဲ့အမျိုးတွေဗျ.
        နောက်မှပို့စ်တစ်ခုတင်ပြီးရှင်းပြဦးမယ်….
        ဒါ့ပုံကြည့်ပြီးလည်မယ်ဆိုလည်းလည်ရပါစေ့မယ်ဗျာ…နောက်ပုံတွေအများကြီးတင်ဦးမှာ….
        ခင်မောင်ထူးသီချင်းထဲကလိုသာ မမကမောင်မောင်ခေါ်ရာလိုက်မှာလားပဲနော်……
        လေးပေါက်နဲ့ယှဉ်ဖို့တော့စိတ်ကူးတောင်မယဉ်မိသေးပါဘူးဗျာ……….

  • water-melon

    April 1, 2012 at 8:12 am

    ရှမ်းသားလေးရေ
    ခံစားသွားပါတယ်ချင့်
    အလည်လိုက်ပို့ပေးရမယ်နော် 😀

  • MaMa

    April 1, 2012 at 8:44 am

    တစ်ကျောင်းတစ်ဂါထာ
    တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလိုပဲ
    ရှမ်းပြည်ရှု့ခင်းလေးတွေကလည်း တမျိုးဆန်းတယ်။
    သာယာလှပလို့ စိတ်ချမ်းသာစရာ ကောင်းတယ်။

    M လုင်ရဲ့ မပါမဖြစ် တို့ချစ်ချစ် နဲ့အပြိုင်
    ရှမ်းပြည်သားရဲ့ မပါမဖြစ် တို့ချစ်ချစ် လည်း မိုက်တယ် 🙂

  • နေ ဒေါင်းဖြူ

    April 1, 2012 at 9:30 am

    ပုံလေးတွေအတော်ကိုလှပါတယ်ဗျာ
    ဒီလိုအလှတရားတွေပိုင်ဆိုင်တဲ့ ကျုပ်တို.နိုင်ငံရဲ.
    အနာဂတ် ပါသာယာပါစေကြောင်း………
    ကျေးှဇူးပါ ရှမ်းပြည်သားရေ။

  • TTNU

    April 1, 2012 at 10:10 am

    ကျက်သရေရှိသောဧပြီ(၁)ရက်နေ့နံနက်ခင်းမှာ
    ကျက်သရေရှိသော ပုံလေးများကိုတင်ပေးတဲ့ Mai Suan Hka
    ကျေးဇူးတင်ပါတယ်။

  • အံစာတုံး

    April 1, 2012 at 10:31 am

    မင်္ဂလာပါ ကိုတောင်ကြီးရေ …
    နှုတ်သာ ဆက်ရတာ ..
    ခများမလည်း ခုဆို တခူးခူး တခေါခေါ ဖစ်နေလောက်ပြီထင့် … 😀

    ခများရဲ့ ပုံတွေက ကဗျာ ဆန်တယ်လို့ ပြောလို့ရသလို …
    ရေထဲကိုလည်း အေးမြစေပါတယ် …
    ပုံတွေအတွက် ကျေးကျေးပါလို့ …..

    ခင်တဲ့ … အံစာတုံး

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      April 1, 2012 at 5:53 pm

      ဟုတ်တယ်ဦးအံဇာရဲ့ အမေစုနိုင်ပါစေဆုတောင်းရင်မအိပ်ရသေးတာ….
      ဒီရက်ပိုင်းအလုပ်တွေပိထားတာရော…… ပို့စ်တွေတင်ချင်လို့အိပ်ရေးပျက်တာရော….
      အစားအသောက်မမှန်တာရောနဲ့…… မူးနောက်နောက်ဖြစ်ပြီး ….. ကျူရှင်ကျောင်းသားလေးကို
      စာသင်ဖို့တောင်မသင်နိုင်တော့ဘူး…စာကျက်ခိုင်းပြီးမှေးနေရတယ်…
      ဆယ့်တစ်ခွဲလို့သူလဲပြန်ရောတန်းခနဲအိပ်တာပါပဲ….. ပညာဒါနသင်တန်းကျောင်းလေးမှာ
      စာသွားသင်ပေးရမယ့်…… နေ့လည်နှစ်နာရီကျော်ပြီးလေးဆယ့်ငါးမိနစ်စွန်းမှနိုးတော့တယ်
      ခုလည်းခေါင်းသိပ်မကြည်သေးဘူးဗျာ………. အင်း….. တစ်ယောက်တည်းနေတဲ့ဘဝကိုတကယ်
      ပဲနည်းနည်းလန့်တောင်လာပြီ……… မာမားနဲ့ပါပါးကြီးကလည်း နောက်နှစ်ရက်လောက်နေမှခရီး
      ကပြန်လာကြမယ်ဆိုတော့…အင်းဒီနှစ်ရက်တော့ရွာထဲကိုခဏလောက်ပဲဝင်ရမယ့်ကိန်းရှိတယ်
      အသက်ကိုဉာဏ်စောင့်တယ်လေဟုတ်တယ်မလား…..
      ပုံတွေအားပေးသွားတယ်ဆိုလို့ကျေးဇူးပါနော်…….. ဦးအံဇာထက်ငယ်လေတော့
      မောင်ရှမ်းသာခေါ်ပါဗျာ……. ကျွန်တော့်အသက်ကအခုမှနှစ်ဆယ့်တစ်နှစ်ရှိတာရယ်….
      တောင်ကြီးသားမဟုတ်တဲ့နမ့်စန်သား……ရှမ်းမဟုတ်တဲ့မောင်ရှမ်းပါဗျာ…..

      • အံစာတုံး

        April 1, 2012 at 7:11 pm

        အမငီး …
        ဒီ ‘ဦး’ ဆိုတာဂျီးက ပါးစပ်ဖျားက မချတော့ပါလားကွယ် … ဟရို့ …
        တိုတိုရှမ်းက ၂၁ ..
        သများက ၂၅ …
        ဘီလောက်များ ကွာလို့လဲ တိုတိုရှမ်း ရဲ့ …. 😀
        အဲဒီ ဦး ဆိုတာဂျီးကို မြင်လိုက်တိုင်း ကိုယ့်ခေါင်းက ဆံပင်တွေများ ..
        ပလက်တီနန် ဖြစ်နေရော့လား ဆိုပြီး စမ်းကြည့်မိတယ်ဗျို့ …. 😀

        ခင်တဲ့ … ဦး မဟုတ်တဲ့ မောင် အံစာတုံး

  • ဗိုက်ကလေး

    April 1, 2012 at 1:40 pm

    ကိုတောင်ရှမ်းရဲ့ လက်ရာက တစ်ကယ်ကို ရှယ်ဘဲဗျ
    တစ်ကယ်ပဲ အးချမ်းစေပါတယ်

  • mocho

    April 1, 2012 at 4:54 pm

    ပိုစတာလေးတွေကျနေတာပဲ။ ရှု ခင်း ပုံလေးတွေ နဲ့အရင်တုန်းက ပန်းရိုးမ ပြက္ခဒိန် တွေ ကို သတိရမိတယ်။

  • koaung

    April 1, 2012 at 5:05 pm

    လှပါတယ်ဗျာ

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 1, 2012 at 6:18 pm

    ကိုဖြဲ…. လာလည်ဖို့တော့ခေါ်ပါတယ် ဒါပေမယ့်လောလောဆယ်ကျွန်တော်သွားခဲ့တဲ့နေရာလေးက
    အဖြူရောင်စစ်စစ်မဖြစ်သေးလို့ စိတ်ကလေးနဲနဲရှည်ကာစောင့်ပေးပါဦးနော် လုံးဝအေးချမ်းသွားရင်အလည်
    ခေါ်ပါ့မယ်….အားပေးတာကျေးကျေးနော်……
    အန်တီမ…..အားပေးတာကျေးကျေးပါဗျာ…. ကိုလုင်တို့ကိုသော့တို့လေးပေါက်တို့ဂီဂီတို့ကိုဖြဲတို့နဲ့တော့မယှဉ်ပါနဲ့ဗျာ…
    ကျွန်တော်ကအခုမှပညာသင်လေ့လာတုန်းရှိသေးတဲ့သူပါနော်…. ဆရာဂီးများနဲ့ခြေရာတိုင်းလို့ဘဒိုင်းသီးစား
    သလိုကျွန်တော်မျိုးသွက်ချာပါဒလိုက်သွားပါဦးမယ်…. နယ်မြေကောင်းသွားရင်လာလည်ပေါ့နော်…
    ကိုနေဒေါင်းရေ… ဟုတ်ပါတယ်ဗျာ…ကျွန်တော်ဒီပုံလေးတွေကိုတင်ရတဲ့ရည်ရွယ်ချက်က မြန်မာ့အလှကို
    ကမာ္ဘကသိစေဖို့ပါ……. အားပေးပါဦးနော်…ဆက်တင်မယ့်ပုံတွေရှိတယ်….
    တီချယ်ရေ ကျက်သရေရှိတယ်လို့ချီးမြှောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်…. တီချယ်ကြီးနားမှာ
    ဖေ့ဘွတ်အကောင့်လေးများရှိရင်ပေးပါဦး….အွန်လိုင်းကနေဘိုစကားလေးတွေစာတွေဆည်းပူးချင်လို့ပါ။….
    ကျောင်းပြီးသွားကတည်းက …. အီးမေဂျာကကျွန်တော့်ဆရာဆရာမများနဲ့မတွေ့ဖြစ်တော့တာကြောင့်
    အင်္ဂလိပ်စကားတွေစာတွေကိုမေ့နေတာ ရှစ်လလောက်ကိုရှိနေပါပြီ ကျွန်တော်ကဥပဒေသမားပေမယ့်
    ဘာသာရပ်ဆိုင်ရာတွေကိုစိတ်ဝင်စားပါတယ်… သင်ယူရန်တပည့်တစ်ယောက်ရှိပါသည်….
    ဦးစိန်ပေါက်ရေ…… အီးနံ့လေးနဲ့အတူအားပေးသွားလို့ကျေးဇူးတင်ပါတယ်နော်….အေးချမ်းစေတယ်ဆိုလို့
    ပီတိဖြစ်ရပါတယ်ဗျာ….. သားကို ကိုဆိုတာကြီးတပ်ပါနဲ့ဗျာ… မောင်ရှမ်းခေါ်ရင်ကျေနပ်ပါတယ်.. သားက
    ခုမှဆယ့်နှစ်နှစ်ပြောင်းပြန်လှန်ထားတဲ့အသက်လေးရှိတာပါအဲဒါတောင်ပြည့်သေးဘူးရယ်…
    တီချိုလိုချင်ရင်ပုံကြီးကြီးကူးသာယူတော့ဗျို့ အလကားပေးမယ် နောက်ပုံတွေလည်းအားပေးပါဦးနော်….
    လေးပေါက်နဲ့ကိုအောင်ကြွရောက်ချီးမြှင့်ပေးလို့ကျေးဇူးသက်ကာယတင်ရှိပါကြောင်း
    ခင်တဲ့…… ပြည်သူ့ချဉ်ဖတ်…ရှမ်းပြည်သား(တောင်ပိုင်း) ရှမ်းမဟုတ်တဲ့ရှမ်း….တောင်ကြီးသားမဟုတ်တဲ့
    နမ့်စန်သား……

  • Onyx

    April 1, 2012 at 7:58 pm

    လှတယ် လှတယ် တို့နိုင်ငံမှာ အဲလို မပျက်စီးပဲ သဘာဝ အလှတရားတွေ ရေရှည် ရှိနိုင်ပါစေ ။
    အင်း တစ်ခုတော့ သတိပေးမယ်နော် …….
    ရေစီး အားတွေကောင်းတယ် ဆိုပြီး ရောင်းစားနေအုန်းမယ် ……
    ကျန်တာကြောက်ပါဘူး အဲဒါအဲဒါပဲကြောက်တာ မြင်သမျှတွေ့သမျှ လက်ညှိုးထိုးရောင်းစားနေတဲ့ သူတွေ မြင်စေနဲ့ နော် …. ခေတ်ပြောင်းသွားတာ တော့ ဟုတ်ပါရဲ့ …ဒါတောင်သူတို့က ခုချိန်ထိ
    ရရင် ရောင်းချင်တုံး မို့ သတိပေးတာပါ…..

  • kaung kin pyar

    April 2, 2012 at 11:04 am

    အရမ်းလှတဲ့ မြင်ကွင်းလေးတွေပါ…။ ဒါ့ပုံကြည့်ရုံနဲ့ အေးချမ်းပြီး ဆိတ်ငြိမ်တဲ့ နေရာလေးတွေမှန်း သိသာပါတယ်..။ နံပါတ် (၇) ပုံလေး ကြိုက်ပါတယ်..။ အပေါ်က အပင်လေးတွေ တွဲကျနေတာ..တော်တော်လှတဲ့ မြင်ကွင်းလေးပါ…။ မနေ့က ပျော်ပြီး စိတ်ကောင်းဝင်နေတာ ခုလိုပုံလေးတွေ တွေ့လိုက်ရလို့ ပိုပြီး စိတ်ချမ်းသာရပါတယ်…။ ကျေးဇူးတင်ပါတယ် ရှမ်းပြည်သားရေ..။

  • Mon Kit

    April 2, 2012 at 1:46 pm

    ဟယ်.. လှချက်တော့ ကမ်းကုန်ဘဲ…
    ရင်ထဲကို အေးချမ်းသွားဒါဘဲ…
    ဆက်လက်စောင့်မျှော် အားပေးနေပါမယ်……

  • ဇွဲမာန်အောင်

    April 2, 2012 at 2:47 pm

    ရိုက်ချက်က လန်းပါသည်

  • snow white

    April 2, 2012 at 4:44 pm

    ရင်ကိုတိုက်ရိုက်တော့မအေးမြပေမယ့် ပုံလေးတွေကတကယ်သွားကြည့်ချင်စရာနေရာလေးပါ

Leave a Reply