ဦးသိန်းစိန်ရဲ့တစ်နှစ်မြောက်သမ္မတသက်တမ်းနေ့နဲ့အမေစုအောင်ပွဲခံတဲ့နေမှာရေးတဲ့ Comment မဟုတ်တဲ့ Post…Post မဖြစ်ခဲ့တဲ့Comment My Creatic Writing
ယနေ့အေပရယ်ဖူးအရူးများနေ့သည်ကျွန်ုပ်အတွက် အတော်ကြီးပင် ရင်ခုန်လှသောနေ့ပင်ဖြစ်လေ၏။
အဘယ်ကြောင့်ဆိုသော် စစ်မှန်သောပြောင်းလဲမှုသည် မြန်မာနိုင်ငံတွင်ယနေ့မှပင်စပေတော့မည်…….
၂၀၁၁ မတ်လကပြောင်းခဲ့ပြီဟုဆိုကဆိုနိုင်ပေလိမ့်မည်…… သို့သော်ယနေ့ပြောင်းလဲခြင်းသည် ထိုထက်အဆပေါင်းများစွာသောပြောင်းလဲမှုကြီးများ ရုတ်ချည်းဖြစ်ပေါ်မည့်ပြောင်းလဲခြင်းဖြစ်ပေ၏
ကျွန်ုပ်သည် ဆယ်တန်းအောင်စာရင်းဟုခေါ်ကြသော ဘဝတစ်ဆစ်ချိုးဟုလူအများသတ်မှတ်သည့် အောင်စာ
ရင်ကြီးထွက်သည့်နေကပင်လျှင် ယနေ့လောက်ရင်အခုန်ကြီးမခုန်စဖူးပေ……. အောင်စာရင်းကိုပင်ကျကျ
အောင်အောင်သွားမကြည့်သည့်လူစားမျိုးပင်ဖြစ်လေ၏။ ကျွန်ုပ်တစ်ခါကချစ်ခဲ့ဖူးသူတစ်ယောက်၏ ပခုံးသား
နုနုကိုထွေးပွေ့ခြင်း၊ပါးပြင်တို့ကိုနမ်းခြင်းတို့သည်ပင် ဤမျှလောက်ရင်ခုန်ခဲ့ခြင်းမရှိပါပေ။
ရင်တဒိတ်ဒိတ်ခုန်လျက် ၂၀၁၂ခုနှစ်၏ မတ်လ ၃၁ ရက်နေ့ သမ္မတမိန့်ခွန်းနှစ်ပါတ်လည်နေ့ကြီးကို………
အိပ်စက်ခြင်းမပြုဘဲကုန်ဆုံးစေပြီး ယခု အေပရယ်၁ရက်နေ့ မြန်မာစံတော်ချိန်နံနက်ခုနှစ်နာရီပင်ထိုးချေပြီ။
ရှည်လျားသောညကြီးတစ်ညကို ကျွန်ုပ်ဖြတ်သန်းခဲ့ရလေ၏ လွန်စွာတိတ်ဆိတ်သောညအဖော်မဲ့သောည
ကိုကျွန်ုပ်၏ရင်ခုန်သံတို့က တဒိတ်ဒိတ်မည်သံဖြင့်ဖြိုခွင်းလေ၏ အဖော်မဲ့ရသည်ဆိုခြင်းမဤရက်ပိုင်းအတွင်းကျွန်ုပ်၏မိသားစုသည်လည်း ခရီးရက်ရှည်သွားနေကြလေ၏
ကျွန်ုပ်တပ်မက်ခုန်မင်ပျော်ရွှင်ခဲ့ရသည့်ရွာကြီးဖြစ်သော ဂေဇက်သည်လည်း ညခရီးသွားမရှိတိတ်ဆိတ်
ငြိမ်သတ်နေပေ၏ ထိုအချိန်တွင်ကျွန်ုပ်ယခင်ကသိနေရသော မြင်နေရသော ကိုယ့်ကိုယ်ကို ရွာစောင့်နတ်
ဟုအမည်ပေးထားသည့်နတ်မင်းသည်လည်းမိမိဘုံဗိမာန်တွင် သရည်တဖြန်းဖြန်းစံမြန်းနေလောက်ပြီဖြစ်
၏…. ရွာတွင်ငှားထားသောဒလဝမ်သည်လည်းမိမိတာဝန်အားမထမ်းဆောင်ဘဲ …… ကင်းတဲတွင်ငိုက်
မျဉ်းနေလေ၏……. ရွာသားတွေကိုစောင့်ရှောက်သည်ဟုဆိုကြသော……ဘိုးတော်ဆာမိတစ်ယောက်လဲ
သူ့တောင်ဝှေးပေါ်နဖူးတင်ကာ စက်တော်မူနေလေသည် ရွာတော်ရှင်မအမည်ရသည်ဆိုသောမမကြီးတစ်
ဦးသည်လည်း နတ်ကတော်များပင့်ပြီးရင်းပင့်ရင်းမို့ထင် ခြေညောင်းကာ ပင်ပန်း၍ဟောက်သံကြီးတခူးခူး
နှင့်အိပ်နေလေ၏ တစ်ခါတစ်ရံတွင်တော့ ဂေဇက်သူကြီးသည်သူ၏နှစ်လုံးပြူးကြီးထမ်းကာထမ်းကာဖြင့်
ကျွန်ုပ်ရှေ့မှဖြတ်ဖြတ်သွားလေ၏ ၎င်းသည်မြင်လည်းမမြင်ချင်ယောင်ဆောင်၍ကျွန်ုပ်အားနှုတ်ဆက်
ဖော်တောင်မရ မဲလိုက်ဆွယ်လိုက် ရွာပေါ်ကဆက်သွယ်ရေးပုရစ်ကောင်ကိုမောင်းလိုက်ဖြင့်နေလေ၏
တစ်ခါတစ်ရံတွင်လည်း အိပ်မုတ်စုံဝါးနှင့် အရီးလတ်တို့ စွယ်တော်ရွက်တို့ အပေါ့ထသွားကြရင်း
ကျွန်ုပ်ကြည့်နေသောပြူတင်းပေါက်တို့ကိုလာလာတိုက်သွားကြ၏……..ဩဇီမှဘဖောသည်လည်းထိုနည်း
တူစွာပင် ၎င်းအိမ်ရှေ့၌အိပ်မပျော်၍လမ်းသလားနေသော ကျွန်ုပ်အားမယုံသင်္ကာဖြင့် ဓါတ်မီးနှင့်မကြာမ
ကြာထထထိုးကြည့်၏……. ကျွန်ုပ်သည်လည်းစီဂျေကြီးဟုခေါ်သောလူကြီးမှတောင်းထားသည့်
အကြွေးကိုလည်း ဂေဇက်လမ်းပေါ်၌ဖြတ်သန်းသွားကြသောခရီးသည်များ၏ပြုတ်ကျခဲ့သည့်အစအနလေး
များစုဆောင်း၍ဆပ်ရင်းဆပ်ရင်းဖြင့်နံနက်မိုးသောက်အာရုံကိုရောက်လာခဲ့ချေ၏….. ကျွန်ုပ်သည်
ကျွန်ုပ်အားအနိုင်ကျင့်ကျသောထိုသူတို့အားစာရင်းပြုစုမှတ်သားထား၏…… ယနေ့ကျွန်ုပ်အဖွားဒေါ်စုသည်
မဲနိုင်ခဲ့ပြီးဂေဇက်ရွာကြီးကိုလာကာ သူ့မြေးဖြစ်သောကျွန်တော့်အားလာတွေ့မှပင် ယခုကျွန်ုပ်စာရင်းထဲ
တွင်ပါဝင်သောသူတို့အား တိုင်တန်းမည်ဖြစ်လေတော့၏ မဲနိုင်မှအဖွားမြန်မြန်လာမှာဆိုတော့
အဖွားရေမဲများများရပါစေနော်………. မြေးလေးလေမျှော်နေတယ်အဖွားရဲ့………..
စစ်မှန်သောဒီမိုကရေစီလမ်းစဉ်အားကျင့်သုံးမည့်….. ခေါင်းဆောင်ကောင်း၏နောက်လိုက်ကောင်းများ
ဖြစ်ကြပါစေလို့ဆုတောင်းလျက် ….. (ဒီနေ့တင်မယ့်ပို့စ်အရေအတွက်ပြည့်သွားလို့….ကွန်မန်းထဲမှာပဲ
နောက်တစ်ပို့စ်တင်လိုက်တယ်နော်)..ခင်တဲ့ရှမ်းပြည်သား(တောင်ပိုင်း) သူကြီးမင်းလည်းအားနာပါးနာလေး
နဲ့တစ်ညလုံးဂေဇက်ကိုစောင့်ပေးတဲ့ကျွန်တော့်ကို ချွင်းချက်ကလေးထားပြီးနောက်တစ်ပို့စ်အနေနဲ့ဒီစာလေး
ကိုလုပ်ပေးချင်လုပ်ပေးလိုက်ပေါ့ဗျာ…………..
3 comments
မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........
April 2, 2012 at 1:05 pm
စီဂျေကြီးကျွန်တော့်ထံတွင်တောင်းသောအကြွေးမှာဤအကြွေးဖြစ်လေ၏
htoosan says:
ဘဖော ဟာသ ပဲဆိုမှ ကျွန်တော်က စဉ်းစားကြစေလိုသည်ကြီး သွားသတိရပြီး ကြောင်ကောင်းကြောင်မဲ့ အတွေးတွေရောက်နေတယ် .
စဉ်းစားကြည့်ရအောင်နော်..
တစ်ထောင်ဘဲ ရိုက်လိုက်တယ် ..
တရားသူကြီး တစ်ယောက်အနေနဲ့ ငါ တစ်ထောင်ဘဲရိုက်လိုက်ရင် ဟိုးဟိုးကျော်သွားမယ်ဆိုတာ မသိလောက်အောင် တော့ မတုံးနိုင်ပါဘူး ။ စီရင်ချက် ချပေးရမဲ့သူက ဂျာနယ်သမား နဲ့ နိုင်ငံကျော် တစ်ချိန်က ပြည်သူ့ အချစ်တော် မင်းသမီး ။ face book ကနေ ကမာ္ဘ အထိ ပြန့်သွားမဲ့ ကိစ္စ။
ဒါပေမဲ့ တစ်ထောင် ဘဲ ရဲရဲဝံ့ဝံ့ ရိုက်လိုက်တယ် ။
အများ ပထမဆုံးတွေးတာ က ဒီတရားသူကြီး လာတ်စားထားပြီပေါ့။ ဟုတ်ချင်ဟုတ်မယ် ။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ အများစုက စားထားလို့ပါလို့ ဘဲ မှတ်ချက်ချကြမှာဘဲ။ ဒါပေမဲ့လည်း သူတစ်ထောင်ဘဲရိုက်တယ် ။
သူ ဘာလို့ လုပ်ရဲလဲ ။ ရှင်းရှင်းလေးဘဲ ။ တရားဥပဒေ က ခွင့်ပြုထားလို့ လုပ်ရဲတယ် လို့ ကျွန်တော်တော့ တွေးတယ် ။
eleven သတင်းထဲမှာတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ်တစ်နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်သော ပုဒ်မဖြစ်ကြောင်း သိရသည်။ ဆိုတော့ အနဲဆုံးသည် ဘယ်လောက်လဲ။
ဥပဒေ အကြောင်း ကျွန်တော်မသိပါဘူး ။ ဥပဒေ ပညာရှင်တွေက သေသေချာချာ ဝင်ရောက်ရှင်းပြသင့်တယ် ။ ကိုရှမ်းတောင် ကြီး ရှင်းပေးပါဦး ။
တရားသူကြီး ဒေါ်ထွေးထွေးက တစ်နှစ်ထောင်ဒါဏ် ချလိုက်တယ် ဆိုပါတော့ ။ အများက ဟယ် တရားသူကြီး တော်တယ် ။ ကောင်းတယ် ။ ဒါမှ ထက်ထက်မိုးဦး မှတ်မှာလို့ ပြောသူပြော။ သနားပါတယ် ဆိုသူဆို နဲ့ မေ့သွားမှာဘဲ။ တရား ဥပဒေကို ဆန်းစစ်ကြမှာ မဟုတ်ဘူး ။
အခု တစ်ထောင် (သို့) တစ်လ ဆိုချမှတ်လိုက်တာ သည် ဒေါ်ထွေးထွေးက နေ မြန်မာနိုင်ငံ ဥပဒေ မှာ ခေတ်နဲ့ မလျော်တာတွေ ရှိနေသေးတယ်ဆိုတာကို သူ တစ်နည်းအားဖြင့် ဖော်ကောင်လုပ် လိုက်တာလားလို့ ကျွန်တော် အကောင်းဘက်ကနေ စဉ်းစားပေးနေပါသည်။
အဲ .. ထက်ထက်မိုးဦးဆီ က စားထားလို့ ဆိုရင်လည်း ပြည်သူတွေ အတွက် ကောင်းသွားတာပေါ့နော်..
မိုင်ဆွန်ခ မင်္ဂလာတရာ;အော……….. says:
စီဂျေကြီးရေ….. အလုပ်တွေများပြီးအများတွေလုပ်နေလို့ရွာထဲကိုမပတ်ဖြစ်လိုက်ဘူးဗျ….
စီဂျေကြီးအတွက်ပို့စ်တစ်ခုတင်ပြီးဖြေမနေတော့ပါဘူး စီဂျေကြီးရယ်…
လိုရင်းတိုရှင်းလေးပဲပြောမယ်…..စီဂျေကြီးမေးတဲ့အဖြေကို
ကမာ္ဘကသိကြတဲ့ ဂျူးလီယက်ဆီဇာဆိုတဲ့လူကတော့ပြောခဲ့တယ်
“ဥပဒေကိုလိုသလိုအသုံးချချင်ရင် ခပ်ရှုပ်ရှုပ်ရေးကြတဲ့”….. သူပြောတာတကယ်အမှန်ပါပဲစီဂျေကြီးရေ…..
ဆိုတော့ကာ……. ထောင်ဒဏ်ခုနှစ်နှစ်အထိကျခံရနိုင်တယ်ဆိုတဲ့ပြစ်မှုတစ်ခုကိုကျူးလွန်တဲ့သူအ
တွက် တရားသူကြီးကထောင်ဒဏ်နှစ်လပေါ့ဗျာ ရမန်ကြီး(၁၄ရက်)နှစ်ပါတ်ကျော်လေးချပြီးလွတ်
လိုက်တာဟာ တရားသူကြီးမမှားဘူးဗျ……တရားသူကြီးကဥပဒေပေးအပ်တဲ့သူ့ရဲ့အာဏာကို
မှန်ကန်စွာအသုံးချလိုက်တာပါပဲ လဘ်ပေးလဘ်ယူကိစ္စကြောင့်ကတော့တစ်ပိုင်းပေါ့နော်…
အဲဒီလိုတရားသူကြီးချမှတ်ရခြင်းဟာ ထောင်ဒဏ်ခုနှစ်နှစ်အထိဖြစ်စေငွေဒဏ်….တစ်မျိုးမျိုးပေါ့
ဗျာဖြစ်စေချမှရမည်လို့ရေးထားမယ်ဥပဒေမှာ ထောင်ဒဏ်ခုနှစ်နှစ်ကျကိုကျခံရမယ်ဆိုတာမပါ
ဘူးဗျ အဲလိုပြောလို့ဥပဒေမှာဒီလိုဆိုလို့ဥပဒေမှားလားဆိုတော့လည်းမမှားဘူးဗျ…. အကယ်၍
များ အကြောင်းကြောင်းကြောင့် အမှန်တရားဆိုတာမပေါ်ပေါက်ခဲ့ဘဲ ပြစ်မှုစီရင်ခြင်းမခံသင့်
တဲ့သူကို ပြစ်ဒဏ်တရပ်ချမှတ်မယ်ဆိုရင် နစ်နာမှုအကြီးအကျယ်ကိုဖြစ်သွားနိုင်တဲ့အတွက်
တရားသူကြီးများရဲ့ဆင်ခြင်တုံတရားကို သုံးပြီးဒီလိုလူတွေကိုကယ်တင်နိုင်ဖို့ဥပဒေက အာဏာ
အပ်နှင်းပေးထားတာပါ….. နောက်ပြီးစီဂျေကြီးပြောတဲ့
“မြန်မာနိုင်ငံ ဥပဒေ မှာ ခေတ်နဲ့ မလျော်တာတွေ ရှိနေသေးတယ်ဆိုတာကို သူ တစ်နည်းအားဖြင့် ဖော်ကောင်လုပ် လိုက်တာလားလို့ ကျွန်တော် အကောင်းဘက်ကနေ စဉ်းစားပေးနေပါသည်။” ဒီစကားလေးမှာလည်း ဥပဒေကိုအမြဲup to date လုပ်ဖို့ဆိုတာလဲ
တကယ်ကိုပဲမလွယ်ကူပါဘူး……. ရခဲ့တယ်ဆိုရင်တောင် အဟောင်းအဟောင်းသောဥပဒေများ
ဟာ ဓလေ့ထုံးတမ်းအနေနဲ့ကျန်ရစ်ခဲ့တဲ့အခါမျိုးမှာဆိုရင်ပြန်ဖျက်သိမ်းဖို့မလွယ်တဲ့အတွက်
အဲ့ဒီ့လိုဖျက်သိမ်းမရတဲ့ဒေသလေးကိုကွက်ပြီး customary law တစ်ခုအနေနဲ့ထားရှိရပါတယ်
ဥပမာဗျာ “မြန်မာနိုင်ငံမှာ မယားခိုးမှုအဖြစ်အနေနဲ့စွဲနေကြတဲ့ ကိုယ့်မယားကတစ်ပါးသော
ယောက်ျားနဲ့living togetherနေတဲ့ကိစ္စမျိုးဆိုရင် အရေးတယူပြုပြီးဖြေရှင်းရပေမယ့်
UKလိုနိုင်ငံမျိုးကျတော့ မယားခိုးမှုဆိုတာရှိကိုမရှိဘူးရယ်။….. ဥပဒေဆိုတဲ့ပညာရပ်ဟာလဲ
အခက်သားလားဗျာ…..ဆင်ခြင်တုံတရားကိုအလေးထားပြီးအသုံးချရတဲ့ပညာရပ်ပါပဲ……
ဆင်ခြင်ဉာဏ်မဲ့သွားပြီဆိုရင်တော့ အသုံးချသူရဲ့အလွဲဟာ…. လူတစ်မျိုးလုံးကိုနှစ်ပေါင်းများ
စွာ …. အငြင်းပွားပြီး သတ်ကြဖြတ်ကြလုပ်ကြရတဲ့အထိကိုအကျိုးသက်ရောက်မှုသွားရှိပါတယ်
မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရခါစ နိုင်ငံတော်ထဲမှာပြည်တွင်းဆူပူသောင်းကျန်းမှုတွေဖြစ်လို့
ငြိမ်အောင်မရမကနည်းနဲ့ ရေရှည်မကြည့်ဘဲ ဥပဒေတစ်ရပ်ပြဋ္ဌာန်းလိုက်တယ်
ဒီဥပဒေပြဋ္ဌာန်းတဲ့အခါ နောင်နှစ်ပေါင်းနှစ်ဆယ်ကြာရင်တိုင်းနဲ့ပြည်နယ်တွေတိုင်းရင်းသားတွေ
ဟာ ပြည်ထောင်စုမြန်မာနိုင်ငံထဲကခွဲထွက်ပြီးနိုင်ငံသစ်ထူထောင်ခွင့်ရှိတယ်လို့ပြဋ္ဌာန်းသတ်မှတ်လိုက်တဲ့အခါ နှစ်နှစ်ဆယ်လောက်တော့ တအားကြီးဆူညံပူညံဖြစ်တာကနေငြိမ်းသွားပေမယ့် အခုဒီဘက်ပိုင်းဆယ်စုနှစ်တွေလဲရောက်
ရော…လူတိုင်းကဒီပြဋ္ဌာန်းချက်တွေထဲက ရပိုင်ခွင့်တွေထတောင်းကြပါလေရော….အဲဒါကို
မပေးနိုင်ကြရော ပြည်တွင်းစစ်တွေအနေနဲ့သောင်းကျန်းသူတွေတစ်ဖွဲ့ပြီးတစ်ဖွဲ့ပေါ်လာလိုက်
တာများ ဟိုတစ်လောကကချင်ဒေသကြီးမှာကြည့်ရင်သိမှာပါ လက်နက်နဲ့ငြိမ်းချမ်းရေးလဲဖို့
အပစ်အခတ်တွေရပ်ဆိုင်းဖို့အခုမှ ထပြီးယာယီသဘောတွေလက်မှတ်ထိုးကြရတဲ့အထိကို
ရောက်ပါရောလားဗျာ……. အဲဒီ့လိုဆိုလေပြန်တော့ ဥပဒေဆိုတာအမြဲအပ်တူဒိတ်လုပ်ဖို့
ခက်ပြန်ရောလားဗျာ ဥပဒေကြမ်းတစ်ခုရေးဆွဲဖို့တောင်ဒီလောက်ကြီးအချိန်ယူစဉ်းစားနေကြ
ရတဲ့သဘောရှိတာဆိုတော့အမြဲ ပြည့်စုံမှန်ကန်တဲ့ တိကျတဲ့ဥပဒေတစ်ခုထွက်ဖို့ဆိုတာ
ပိုပြီးတော့တောင်ကြာနိုင်ပါသေးတယ်……. မြန်မာနိုင်ငံဟာဆိုရင် အခုထိကို ဗြိတိသျှတွေရဲ့
ဥပဒေကိုရောနှောသုံးနေကြရသေးတယ်ဆိုတော့ စဉ်းစားသာကြည့်တော့ဗျာ ဥပဒေတစ်စောင်
ပြီးပြည့်စုံပြီးမှန်ကန်မျှတစွာထွက်ရှိနိုင်ဖို့ဆိုတာ…..ဘယ်လောက်ကြာမလဲ…..
ဒါ့ကြောင့်အခု ထက်ထက်မိုးဦးရဲ့အမှုမှာဆိုရင်လဲ ကျွန်တော့်ရဲ့အမြင်နဲ့သူကြီးရဲ့အမြင်ဟာ
သွားတူပါတယ်….
“kai says:
ကျုပ်သာတရားသူကြီးဆိုရင်လည်း.. အပြစ်ရှိတယ်ပြောပြီး..
ဒဏ်ငွေ.. ၁ထောင်လောက်ပဲချမယ်လို့ မှန်းထားတယ်..။
–
ဟိုဖက်က..ဆယ်ရီဘရိတ်တီလေ..
တဖက်က.. မီဒီယာ..
တရားရေးက.. အပြစ်ရှိတယ်လို့.. နိုင်ငံအဆင့်နာမယ်ကြိးဆယ်ရီဘရိတ်တီကို သတ်မှတ်ပေးလိုက်တာပါ…။
သမိုင်းကျန်ရစ်သွားပြီဖြစ်ပါတယ်..။
ဆယ်ရီဘရိတ်တီဘဝမှာ.. အပြစ်ရှိသူဖြစ်သွားတာက.. ငွေသိန်းသန်းကုဋေမက.. နစ်နာတာပါ..။
ဒါကြောင့်မို့… ဥပမာ..
အကယ်ဒမီပေးမယ်ဆိုရင်..
နိုင်ငံတကာကို.. ဗီဇာလျှောက်.. အခွင့်အရေးတခုခုလျှောက်မယ်ဆိုရင်..
လူမှုရေးလုပ်မယ်ဆိုရင်..
စီးပွားရေးလုပ်မယ်ဆိုရင်…
..ရင်..
..ရင်..
အဲဒီအရိပ်မဲက.. ထိုးမယ်ဖြစ်ပါကြောင်း…။”သူကြီးရဲ့အဆိုအတိုင်းပါပဲ…
အခုဆိုရင် ထက်ထက်မိုးဦးရဲ့အမှုအကြောင်းဟာဖေ့ဘွတ်ပေါ်မှာ သူ့ပုံကာတွန်တွေနဲ့ပျံ့နေပြီ
သူ့အတွက်အရိပ်မဲက သူ့ကိုချစ်တဲ့ပြည်သူတွေထဲမှာဝင်သွားပြီး စီဂျေကြီးပြောသလိုပေါ့
ထက်ထက်မိုးဦးကိုထောင်တစ်နှစ်ချလိုက်ရင်တောင် သူ့ကိုချစ်တဲ့ပရိတ်သတ်က ဝိုင်းပြီးစိတ်
မကောင်းဖြစ်ကြ ပူညံပူညံတွေလုပ်ကြနဲ့ဖြစ်ဦးမယ် အခုဆိုရင်ထက်ထက်မိုးဦးအတွက်ချမှတ်
လိုက်တဲ့အမိန့်ဟာ သူ့ရဲ့လုပ်ရပ်ဟာ သူ့ကိုချစ်တဲ့ပရိတ်သတ်ကတောင်ရွံစရာတစ်ခုအဖြစ်မြင်လာကြပြီဆိုတော့
တရားသူကြီးဆုံးဖြတ်တာမျှတပါတယ် အကောင်းမြင်ဝါဒီဘက်ကကြည့်ရင်ပေါ့… တရားသူကြီး
ကထက်ထက်မိုးဦးကိုကယ်လိုက်တာမဟုတ်ပါဘူး ထောင်ထက်ကောင်းတဲ့ထွေးခံထဲကို
ချပေးလိုက်တာဖြစ်တာကြောင့်….. လိုရင်းတိုရှင်းဟုဆိုသောကျွန်တော့စာသည်လည်းရှည်လေပြီ။….
ခင်တဲ့……မောင်ခ …. ရှမ်းပြည်သား(တောင်ပိုင်း)
ဗိုက်ကလေး
April 2, 2012 at 1:13 pm
ကိုတောင်ရှမ်း
ကျုပ် တစ်ရေးနိုး အီးထပေါက်တဲ့အသံကော မကြားမိဘူးလားဗျ
မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........
April 2, 2012 at 5:50 pm
မာမီပေါက်ရဲ့ အီးနံ့တော့ရလိုက်သား……. ရွာ့ဟိုဘက်ထိပ်ဒီဘက်ထိပ်တောင်တော်တော့ကိုနံသဗျာ….
ဘယ်လိုလဲအောင်ပွဲမှာအစားလွန်ပြီးချေးထပ်ပန်းနေဦးမယ်နော်……. ဖွတ်သားကအီးပန်းတတ်တယ်သတိ
ထား……… ကြောက်ချီးပန်းပြီးသေတဲ့ဖွတ်ဆို……..