ခါတော်မီ ဒုက္ခ နဲ့ သတ္တိရှင် ဓမ္မစရိယ

Kyi LwinApril 4, 20121min631

4.4.2012

ခါတော်မီ ဒုက္ခ နဲ့ သတ္တိရှင် ဓမ္မစရိယ

ဂေဇက်သူကြီးနဲ့တကွ ရွာသားများကျန်းမာတော်မူကြပါစ။

မြန်မာ့ဓလေ့ ယဉ်ကျေးမှုကြောင့် ခုနေခါ နွေရာသီကျောင်းပိတ်ရက်တွေမှာ ကျောင်းသား ကျောင်းသူလေးတွေကိုအထိမ်းရသက်သာအောင်( အဲလေ ) ကုသိုလ်ရအောင် ရှင် ၁၀ဝ ရှင် ၁၀၀ဝ စသဖြင့် စုပေါင်းကုသိုလ်ပြုပွဲတွေတွေ့ရပြန်တော့ ဪ ကောင်းပါလ့ မြန်မာ့ဓလေ့ရယ်လို့ ကိုယ့်ယဉ်ကျေးမှုကို ကိုယ့်ဘာသာ ဘဝင်ခပ်မြင့်မြင့် ဖြစ်မိသကွဲ့။ ကမကထပြု ဦးဆောင်သူတွေ တဦးထဲ ကုသိုလ်ရှင်တွေကိုလဲအားကျမိရဲ့။ ပြည်ပေါ်မှာ ရွှေကြော်ငြာထုတ်ပြသပေးတဲ့ MRTV 4 ကိုလည်းကျေးဇူးတင်ရဲ့။ တဦးတည်းအလှူရှင်ထက် အများကောင်းမှု ဝိုင်းဝန်းပြုနိုင်တဲ့အသင်းအဖွဲ့တွေကိုပိုပြီး ဝမ်းမြောက် ဂုဏ်ယူမိရဲ့ရှင်။

မတစ်ရာသား မတစ်ထောင်သားတွေကို တယောက်တပေါက်တွေကြားကနေ စုစုစည်းစည်းနဲံလုပ်ဆောင်နိုင်တယ်ဆိုတာ နည်းတဲ့အရည်အချင်းမှမဟုတ်ပဲလား။ မတတ်နိုင်ရှာတဲ့ကလေးငယ်များအတွက် ပေါင်းစုတဲ့ အများကောင်းမှုမို့ သာဓုခေါ်မိပါရဲ့။

 

အိမ်း ။ တို့များဖြင့် သာဓုခေါ်လို့မှ မဆုံးခင် မိတ်ဆွေဆရာမတယောက်ရဲ့ရင်ဖွင့်သံကြောင့် ခေါ်နေတဲ့ သာဓုကို ဘယ်ပုံဆက်ခေါ်ရမယ်မှန်းမသိ ဝန်လေးမိပါ့။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းမ ဆရာမတယောက်နဲ့ တွေ့ဖြစ် စကားလက်ဆုံကျတော့မှ ခါတော်မီ ဒုက္ခနဲ့ သတ္တိရှင် ဓမ္မစရိယ အကြောင်းသိခဲ့ရသိခဲ့ရသကိုး။

ဖြစ်ပုံက ဂလိုတဲ့။

သူငယ်ချင်းမက ဗိုလ်တထောင်မြို့နယ်ထဲအပါဖြစ်တဲ့ ဆိပ်ကမ်းသာလမ်းထဲက မူလတန်းကျောင်းမှာတက်ရတာ။

ရှားပါးစားရိတ် ၃၀၀၀၀၀/ ရမယ်ဆိုတော့ပျော်တာပေါ့လို့ ပြောလိုက်လို့။ သူက ငြီးပါတယ်။ အဲဒါက ဧပြီလကုန်မှရမှာ။ ဒီလကုန်မှာ နှုတ်လိုက်တဲ့ငွေက ၁၃၀၀၀/ မြို့နယ်ပညာရေးမှူးရုံးက စုပေါင်းရှင်ပြု ရှင်တစ်ရာ အတွက် ဆရာမတယောက်ကို ၁၀၀၀၀/ နဲ့ တခြားကျောင်းက ဆရာမတယောက်မင်္ဂလာဆောင်အတွက်က ၃၀၀၀/ ရတဲ့ လစာက မူလတန်းပြမို့ ၅၂၀၀၀/ ယောက်ျားလစာရှိလို့သာတော်တော့တယ်။ တော်တော်ဆိုးတယ်ဟာ။ တကယ်ဆိုဘယ်လောက်ထည့်လှူမလဲဆိုတာမျိုးဖြစ်သင့်တာလေ။ခုတော့ အဲလိုမဟုတ်ပဲ  ဆရာမတိုင်းကို လစာလည်းထုတ်ရော ၁၀၀၀၀/ စီ ဖြတ်လိုက်တာ။ မကြေနပ်ကြပေမယ့်အများလုပ်တာပဲဆိုပြီး မကြေမနပ်နဲ့ထည့်ကြရတာပေါ့။ အဲဒီတော့ ကုသိုလ်မဖြစ်နိုင်တော့ဘူး။ ဖြစ်သင့်တာက စေတနာအလျှောက်ဖြစ်သင့်တာ။ အဲလေ ၅၀၀ဝ လောက်ဖြတ်ရင်

တောင် ဒိလောက် စိတ်မတိုပါဘူး။ ခုဟာက စိတ်တိုလွန်းလို့ DVB ကို ပြည်သူ့အသံဆိုပြီးရေးချင်နေတာ။

ဒီအထဲ တခြားကျောင်းက ဆရာမ မင်္ဂလာဆောင် ဖိတ်စာရောက်လာတယ်။ ကိုယ်ရေးကိုယ်တာအရ ဘယ်သူ့

မိတ်ဆွေမှမဟုတ်ဘူး။ ကျောင်းကိုအမည်တပ်ပြီးရောက်လာတာ။အဲဒီအတွက်လည်း ၃၀၀ဝ စီ ထည့်ရတယ်။

ဒါကျတော့ ကျောင်းအုပ်က မထည့်ရင်မကောင်းလို့တဲ့။ မဖြစ်သင့်တာကို ဘာမကောင်းစရာရှီလို့လဲ။

ဒီတော့ မဖြစ်သင့်မှန်းသိပေမယ့် ပြတ်ပြတ်သားသား မငြင်းကြဘူးပေါ့။ အေးလေ အများလုပ်နေပြီး ကိုယ်က မလုပ်ရင် မကောင်းလို့တဲ့။ ပြီးတော့ ရှင် တစ်ရာ ကလည်း အလှူရှင်ရှိတယ။ ဒါ ပေမယ့် မြို့နယ်ပညာရေးမှူးက

သူ့ပညာရေးဌာနက ရှာပေးပါမယ်ဆိုပြီး နာမည်ကောင်းလိုချင်လို့လုပ်တာတဲ့။ ဒီတော့ သူကြီးဘုရား ရွာသား ကောင်းမှု အလှူ့လဖက်နဲ့ မျက်နှာလုပ်လိုက်တာပေါ့။

အဲဒါ မဟုတ်မှန်း မဖြစ်သင့်မှန်းသိသိကြီးနဲ့ ပြတ်ပြတ်သာသား ငြင်းလိုက်ရောပေါ့။ ဒီလိုတွေ မခံချင်ပေမယ့် ငြိမ်နေကြလို့ ဒီအခြေအနေထိဖြစ်လာတာ။ ပြောတော့။ တယောက်က လုံးဝ မပေးဘူး။ ပြတ်ပြတ်သားသား ငြင်းပစ်လိုက်တာ ။ ဆရာမပဲ။ ငွေလည်းတောင့်တယ်။ မဟုတ်တာလုပ်ရင်မခံဘူး။ ပြန်လည်းပြောဝံ့တယ်။ လူကလည်း ဓမ္မစရိယအောင်ပြီးသား။

ဟား။ ကြိုက်သွားပြီ။ ဒီလိုမှပေါ့။ ဒါမျိုးမှ သတ္တိရှိတယ်ခေါ်တာ။ မမြင်ဖူးပေမယ့် ချီးကျူးတယ်။ ဒီတော့ မြို့နယ်

ပညာရေးမှူးက ဘာမှမပြောတော့ဘူးလား။ ဘယ်ငြိမ်နေလိမ့်မလဲ။ အစည်းဝေးခေါ်တယ်။ ငွေမထည့်ရကောင်းလားလို့  ဟို ဓမ္မစရိယ ဆရာမလည်း လုံးဝပဲ။ အစည်းအဝေးမတက်ဘူး။ ဒီတော့မှ ပိုပြောတော့တာ။ ဓမ္မစရိယလုပ်နေပြီး ကုသိုလ်ရေးတောင်နားမလည်ဘူး။ ဘာအသုံးကျလဲ ဆိုတာတွေနဲ့

ပြစ်ပြစ်နှစ်နှစ်ပြောတော့ အစည်းအဝေးတက်လာတက်တဲ့ မကြေမနပ်ဖြစ်ဖြစ်နေသူတွေလည်း ကြောက်လို့

ငြိမ်ကုတ်ပြီး ပြန်ခဲ့ကြသတဲ့။ ကောင်းလေစွ ကောင်းလေစွ။ မဟုတ်ာလုပ်တဲ့သူကို အာပေးအားမြှောက်လုပ်ပေးခဲ

့ကြတာပေါ့။ မကြေနပ်တဲ့သူတွေများတာပဲ။ပြီးတော့ ဖြစ်သင့်တဲ့ ကိစ္စလည်းမဟုတ်ဘူး။ စေတိာအလျှောက်ထည့်နိုင်တဲ့သူ ထည့်ချင်တဲ့သူထည့် သလို အခြေအနေကြောင့်ပဲဖြစ်ဖြစ် စိတ်စေတနာကြောင့်ပဲဖြစ်ဖြစ် ထည့်ခြင်း မထည့်ခြင်းကို နားလည်ပေးရမှာပေါ့။ ခုတော့ လူကြီးဖြစ်ပြီး လူကြီး

စကားမပြောဘူး။ ဒါတော့ သူ့အဆင့်အတန်းသူဖေါ်ပြတာပေါ့။ တို့များတော့ ဓမ္မစရိယကို အားပေးသဗျိုး။ ဒီလိုလူမျိုးတွေများများရှိလာမှ လေကကြီးမှာ အမှန်တရားဆိုတာ များများပေါ်ထွက်လာမှာ။ ဒီလိုသတ္တိမျိုးလူတိုင်းရှိစေချင်တယ်။ အမှန်တရားအတွက် သတ္တိရှိမှ အမှန်တရားဟာကျယ်ပြန့်လာမှာပါ။

ခုလို တန်ခူးလမှာ ခါတော်မီ မျက်နှာလိုချင်တဲ့ အထက်မရာရှိ မင်းများကြောင့် ဒီလိုမပြည့်တဲ့အိုးတွေ လက်အော်က ဝန်ထမ်းများ စိတ်ညစ်ရပေမပေါ့။ ဘာမှ မတတ်နို်င်ဘူးရယ်လို့ တငြီးငြီးတငြူငြူနဲ့ ပဲ ပေးရင်း

ပေခံ ရင်း နေကြဖို့ပဲ သတ္တိသွေးမွေးကြပေရော့။ ဓမ္မစရိယလို သတ္တိသွေးမွေးကြပါလို့ ပြောပြန်ရင်လည်……။

မြန်မာ့ဓလေ့အရ ခါတော်မီ ကုသိုလ်ပွဲရဲ့ ဒက္ခ နဲ့ သတ္တိခဲ ဓမ္မစရိယ တို့ရဲ့ဇာတ်လမ်း နဂုံးကပ္မတ် အဆုံးသတ်လိုက်တော့  တို့များမြန်မာပြည် ဝယ် မဟုတ်မတရားလုပ်သူတွေ ရှက်တတ် ကြောက်တတ်ပါစေ။ ဟုတ်ရာမှန်ကြောင်း ပြန်ပြောရဲတဲ့ သတ္တိရှင်တွေ တိုးပွါးစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ……။

 

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်ပါ။

 

 

One comment

  • mg mg

    April 5, 2012 at 9:46 am

    “ဇိကုတ်ပြီးနတ်ပြည်တင်”ဆိုတဲ့ မြန်မာစကားပုံကတော့ အတော်ဆိုးသဗျာ၊

Leave a Reply