” မြစ်ဆုံရေကာတာစီမံကိန်းကြီး ပြန်လည်စတင်ခြင်း “

moe moeApril 4, 20121min16415

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ဟာ ကျွန်တော်တို့ နိုင်ငံသူ/သားတွေအတွက် အသက်သွေးကျောမကြီးတစ်ခုဆိုတာရွာသူ/သားအေပါင်းတို့လည်းသိပြီးဖြစ်မှာပါ။ ဒီလို နိုင်ငံရဲ့အသက်သွေကျောမကြီးတစ်ခုကို အဆိပ်ခတ်ဖို့အတွက် လူတစ်စုကြိုးပမ်းနေကြပါတယ်။ အဲဒီလူတစ်စုဟာ ဘယ်သူတွေလဲဆိုတာတော့ အထူးတင်ပြစရာလိုမယ်မထင်ပါဘူး။ သမ္မတကြီးတစ်ယောက်လုံးကတောင် ဒီစီမံကိန်းကြီးကို သိန်းစိန်အစိုးရလက်ထက်မှာ ဆက်လက်လုပ်ဆောင်ခြင်းမပြုတော့ပါဘူးလို့ ကျွန်တော်တို့ပြည်သူတွေကို နိုင်ငံပိုင်သတင်းစာတွေ/မီဒီယာတွေကနေတဆင့်ချပြထားတာပါ။ အခုတော့ဗျာ အမိဧရာဝတီကို အဆိပ်ခတ်သတ်မဲ့စီမံကိန်းကြီးကိုပြန်လည်လုပ်ကိုင်ဖို့ အသက်သွင်းနေကြတယ်တဲ့ဗျာ ။ ကျွန်တော်မေးလိုက်ချင်တယ် ဘာလဲ အခုအချိန်က သိန်းစိန်အစိုးရလက်ထက် မဟုတ်တော့ဘူးလား.? တစ်ရုတ်ကိုပါပါခေါ်ပြီး တို့ရဲအမိဧရာဝတီကြီးကို အဆိပ်ခတ်မဲ့ လူတစ်စုကိုတော့ ပြည်သူ့အင်အားနဲ့ အပြတ်ရှင်မှ သင့်တော်မယ်ထင်ပါတယ်ရွာသူ/သားတို့ရယ်။
ကဲပြောနေကြာတယ် ချောမေကညာရယ် မြစ်ဆုံရေကာတာစီမံကိန်းကြီး ခုမြန်မကြာရပ်စေဖို့ ဝိုင်းဝန်းစုတောင်းကြပါစို့။

15 comments

  • moe moe

    April 4, 2012 at 6:34 pm

    ရင်ထဲကဖြစ်တဲ့ခံစားချက်တွေကို အဆင်ပြေမယ်ထင်သလို တင်ပြထားတာပါ။ မြစ်ဆုံကိစ္စနဲ့ ပတ်သက်လို့ ရွာသူ/သားပေါင်းကလည်း တတ်နိုင်တဲ့ဘက်ကနေ ထပ်မံဝိုင်းဝန်းတောင်းဆိုပေးကြပါလို့ဆန္ဒပြုရင်း—–။
    ဆက်လက်ကြိုးစားပါအုံမည်။
    မိုးမိုး

  • windtalker

    April 4, 2012 at 7:29 pm

    စာထဲမှာ ရေးထားတာ ကို ဖတ်ပြီး မြစ်ဆုံစီမံကိန်း ကို ခွင့်ပြုမိန် ့ပါဝါ က “ပြည်နယ်ဝန်ကြီးချုပ်” လက်ထဲမှာ ရှိနေသလို သိရတယ်ဗျာ ။ ပြည်နယ်ဝန်ကြီးချုပ်သာ မျိုးချစ်စိတ် ၊ နိုင်ငံချစ်စိတ် ရှိခဲ့ရင် ၊ ဦးသိန်းစိန် တောင် သိပ်ဦးစားစရာမလိုတော့ဘူးဘဲ ။

  • Foreign Resident

    April 4, 2012 at 7:42 pm

    အဘတို့ကသာ ဘုမသိ ဘမသိ လျှောက်ပြောနေတာ ၊
    တကယ် တေ့တေ့ ဆိုင်ဆိုင် ပြောတဲ့ အခါ ၊ တရုတ်ကြီးက

    ” ဟေ့ကောင်တွေ သောက်စကား လာများမနေနှင့် ။
    မင်းတို့ မြန်မာ တစ်ပြည်လုံးကို ငါတို့က ပုတ်ပြတ်ဈေး နှင့် ဝယ်ထားပြီးသား ။
    သနားလို့ လူကြားကောင်းအောင် လျှောက်ထားအပ်ပါတယ် ရေးပေးထားတာ ။
    မယုံရင် ဒီမှာ စာချုပ်လာကြည့် ။
    မင်းတို့ တမျိုးလုံးကို ပုတ်ပြတ်ဈေး နှင့် ဝယ်ပြီးသွားပြီ ” ဆိုပြီး ။

    လွန်ခဲ့တဲ့ နှစ်နှစ် လောက်ကတည်းက အရောင်းအဝယ် လုပ်ခဲ့တဲ့ ၊
    ချုပ်ချုပ်ကြီး လက်မှတ်နှင့် မြန်မာ တပြည်လုံးကို အရောင်းအဝယ် လုပ်ထားတဲ့
    စာချုပ်ကြီး ထုတ်ပြလိုက်ရင် ၊ ဘယ်လိုလုပ်ကြမလဲ ။

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 4, 2012 at 10:27 pm

      ကျုပ်တို့မှာ ဒီခွေးမသား ချိုင်းနိစ် တွေကို
      ပြည်လုံးကျွတ် ဆန့်ကျင်ဘို့တစ်လမ်းဘဲရှိတယ်ဗျ
      ( သွားဂျားထိုးဒံတွေ ချီးကုန်းစက္ကူဒွေဒေါ့ မပါစေနဲ့ဘော့ဗျာ )
      အဘတို့လို တရုပ် ( မြန်မာ ) တွေပါ ပါဝင်ဆင်နွှဲဘို့ လိုမယ်ထင်တယ်

      • မိုက်ကယ်ဂျော်နီအောင်ပု

        April 4, 2012 at 10:29 pm

        မှတ်ချက်။ ။ အထက်ပါ ကော်မန့်ကို
        http://www.myanmargazette.net မှ သဂျီးမင်း၏ အာဘော်အား
        အပီပျင် မှီငြမ်းကိုးကား ခိုးချသှ်။ 😀 😀 😀

  • htoosan

    April 4, 2012 at 8:59 pm

    ဒီစာ အစစ်ဟုတ်မဟုတ် ဘယ်သူအာမခံမှာလဲ။
    ကိုဘုန်းကျော် ပိုစ်မှာ သူကြီးက ဒီစာ ဖိုတိုရှော့နဲ့ ပြန်လုပ်ထားတဲ့ ပုံပေါ်နေတယ်လို့ မန့်ထားတာတွေ့ပါသည်။

  • moe moe

    April 4, 2012 at 9:18 pm

    ဒီစာစစ်မစစ်ကိုသိချင်ရင်တော့ ထူးစံရေ စောင့်ကြည့်ရမှာပဲ။ မြစ်ဆုံဒေသကို သွားပြီးမှတ်တမ်းယူတဲ့ အဖွဲ့တစ်ဖွဲ့ လည်းမြစ်ဆုံဘက်ကို တက်သွားပါတယ်ဗျာ။ သူတို့ပြန်လာတဲ့အခါ ကြရင်တော့ တစ်ကယ် ဟုတ်/မဟုတ်သိရမှာပါ။ ပိတ်ကားပေါ်မှာကြည်ပေါ့ဗျာ!

  • နေဝန်းနီ

    April 4, 2012 at 9:40 pm

    လာပြန်ပြီ ခက် …….ခက်ရချည်ရဲ့ ဒီတစ်ခါဆိုရင်တော့……….ဟူး မလွယ်ပါဘူးဟယ် အိုင်နော်မှားပြီ….. မြန်မာပြည်မှာလူလာ ဖြစ်လို့ ပြောရမလိုဖစ်နေပီ

  • kai

    April 5, 2012 at 12:32 am

    အစစ်လို့ပြောကြတဲ့.. စာကို အောက်မှာတွှေနိုင်ပါတယ်..။
    http://i44.tinypic.com/6j14eg.jpg

    အဲဒီအပေါ်ကစာက.. အမှန်ဟုတ်မဟုတ်တော့.. ကျုပ်လည်း မသိ..
    အတုဆိုရင်တော့.. တော်တော်ကို.. အကြံကြီးနဲ့လုပ်တာဖြစ်မှာပါ.
    ဒါက.. တိုင်းပြည်၂ခု… ဆက်ဆံရေးအင်မတန်တင်းမာသွားနိုင်.. စစ်ဖြစ်နိုင်တဲ့အထိ.. ကြီးနိုင်တာကိုး..
    မြန်မာပြည်လို.. အင်အားမရှိ.. ကျောထောက်နောက်ခံမရှိတဲ့.. တိုင်းပြည်အတွက်.. အကောင်းလမ်းတော့ သိပ်မမြင်..

    ဖိုတိုရှော့မယ်ဆိုရင်တော့.. အဲဒီထဲ.. ချိုင်းနီးစ်တွေ..ကားကိုပတ်ပြေးနေပုံလေးပါ.. ထည့်ပေးလိုက်လို့ရတာတော့…အမှန်..။ 😆

  • the best

    April 5, 2012 at 12:47 am

    အခုလို မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းပြန်လည် စတင်တာ
    မီးကို အချိန်ပိုင်းနဲ့ ပေးလိုက်တာဟာ
    နိုင်ငံတော် သမ္မတကြီး နဲ့ ကျွန်တော်တို့ ပြည်သူတွေကို
    လျှပ်စစ်ဝန်ကြီးဌာန က အကဲစမ်း ကြည့်တာလို့ ထင်တယ်။

    လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး > နိုင်ငံတော် သမ္မတကြီး
    အဲဒီလိုပဲ ခံစားမိပါ တယ်။

  • Gipsy

    April 5, 2012 at 10:05 am

    မြင်တတ်ပါပေတယ်..
    အကဲစမ်းတာ ဖြစ်ဖို့များပါတယ်..
    ခုတော့ ရာသီကလဲပူ လျှပ်စစ်မီး အလှည့်ကျ မလာတဲ့နေ့ဆို ငရဲကျနေသလို..
    ရန်ကုန်နေပြည်သူများ ဒုက္ခတော့ လှလှကြီး တွေ့နေကြရပြီ….။

  • Rose Minn

    April 5, 2012 at 11:55 am

    အော်သူတို့တွေ မီးအလှည့်ကျပေးတဲ့ သဘောကိုမှီငြမ်းပြီး လုပ်လေရော့သလားကွယ်။ စေတနာလား ဖြစ်မှာလား။ ဝေဒနာလား။ မသိနိိုင်တော့ဘူးကွယ်ရို့ ကွယ်ရို့။

  • Onyx

    April 5, 2012 at 12:27 pm

    အဲဒီ ကိစ္စ ပြန်စချင်လို့ မီးကို ဖျက်တာနေမှာ ။အဲဒီ လျှပ်စစ်ဝန်ကြီး ဆိုတဲ့ သူက ချိုင်းနီစ်တွေ ရဲ့ လက်ဝေခံနေမှာ ။ ဂျပန်ခေတ်ကလို အမျိုးသားသစ္စာ ဖောက် လောက်ကောင်ပဲ ဖြစ်မှာသေချာတယ်။
    နောက်တစ်ခုက တိုင်းသူပြည်သားတွေ နဲ့ သမ္မတကြီး ကိုဘာဒင်းက 6ဂရုစိုက်စရာမလိုဘူး ဆိုတဲ့ သဘောလား မသိ။ ငါ့ပထွေးတွေ ကိုငါမျက်နှာ လုပ်ရဖို့ အရေးကြီးတယ် ဆိုတဲ့ သဘောလား
    အင်းမလွယ်ပါ ဒီအရေး တွေးတွေးပြီး ရင်လေးပါသေးတယ် ။
    ချဉ်ဒယ်လကွယ် ။

  • laypai

    April 5, 2012 at 1:25 pm

    မီး အလှည့် ကျ နဲ့ ပေး မည် ဆို တဲ့ ပို့ မှာ ကျုပ်ပြော တုံး က တော့ လူ ကို ဇော်ဂျီ ဖြစ်အောင် ဝိုင်း နီလိုက် ကြတာ။

    ခု တော့ လဲ သားသား ပြော သလို ပဲ လိုက် ရေး ကြပါလား။

Leave a Reply