moe moeApril 30, 20121min751
မန္တလေး၊ နန်းရှေ့၊ အုတ်စက်ရပ်ကွက်၊ အကွက်(၁၃) တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ၎င်းရပ်ကွက်သည် တဲအိမ်များ၊ ပျဉ်ထာင်အိမ်များနှင့် အိမ်ခြေစိပ်သောရပ်ကွက်ဖြစ်သည်။ ၊ည ၁ဝ နာရီ ၁၅ ခန့်တွင် စတင်လောင်ကျွမ်းရာ ည ၁၁ နာရီခန့်တွင် မီးညွန့်ကျိုးသွားပါသည်။ အိမ်ခြေ (၂၀)ခန့် လောင်ကျွမ်းခဲ့သည်ဟု သိရသည်။ စတင်လောင်ကျွမ်းမှု ကို မသိရသေးပါ။ မီသတ်ယာဉ်(၃၀)စီးခန့်ရောက်ရှိလာပြီး မီးအားအချိန်မှီ ထိန်းသိမ်းနိုင်အောင် ရပ်ကွက်နေပြည်သူများနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းခဲ့ရကြောင်းသတင်းရရှိခဲ့ပါသည်။


moe moeApril 23, 20121min1258
မန္တလေး၊ အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများ၏ စက်ဆုပ်ဖွယ်လုပ်ရပ်။ မန္တလေးမဟာသင်္ကြန် မြို့တော်ဝန်မဏ္ဍပ်မှာ ဖွင့်ပွဲနဲ့ ပိတ်ပွဲ လာရောက် ပါဝင်ကပြ ဖြေဖျော်ကြတဲ့ ကျောင်းသူလေးတွေကို မြို့တော်ဝန်ကြီးက တစ်ဦးလျှင် ဆုငွေ ၁၀,၀၀ဝ ကျပ်စီ ချီးမြင့်တာမို့ ကျောင်းသူလေးတွေက ဝမ်းသာနေကြပါတယ်။ဒါပေမယ့် သူများပျော်လို့ မပျော်နိုင်သူကတော့ လမ်း ၈ဝ က အမှတ် ၂၂ အထက ကသင်္ကြန်မယ်လေးတွေပါ။ မြို့တော်ဝန်ကြီးက တစ်ဦးလျှင် ဆုငွေ ၁၀,၀၀ဝ ကျပ်စီ ချီးမြင့်တယ်လို့ သိရပြီး ကျောင်းက ဆရာမတွေက ဆုငွေ ထုတ်ပေးရာမှာတော့ ဆုငွေ ၁၀,၀၀ဝ လက်ခံ ရရှိပါသည်လို့ လက်မှတ်ထိုးခိုင်းပြီး တစ်ဦးကို ကျပ် ၅၀၀ဝ စီသာပေးတယ်လို့ ဆိုပါတယ်။ ဒီတော့ မြင်သာမြင် မကျင်ရ၊ သမီးတို့မှာ တစ်ဝက်ပဲရကြောင်း […]


moe moeApril 22, 20121min16212
အစ္စလာမ်ဝတ်ပြုဆောင်ငယ် ဖြိုချခံရမှုနှင့်ပတ်သက်၍ ညီညွတ်စွာ နေထိုင်ကြရန် အရှင်ဝီရသူမိန့်ကြား ကချင်ပြည်နယ်၊ စိုင်းတောင် အစ္စလာမ်ဝတ်ပြုဆောင်ငယ် ဖြိုချခံရမှုနှင့်ပတ်သက်၍ ဘာသာအချင်းချင်း ညီညွတ်စွာ နေထိုင်ကြရန် မန္တလေး မစိုးရိမ်ကျောင်းတိုက်က အရှင်ဝီရသူက မိန်းကြားခဲ့သည်။ အဆိုပါဖြစ်ရပ်များနှင့်ပတ်သတ်၍ မြန်မာနိုင်ငံအစ္စလာမ့်သာသနာ့ရေးရာကောင်စီက သက်သေခံမှတ်တမ်းမှတ်ရာများကိုစတင်စုဆောင်းနေပြီဖြစ်ကာ နိုင်ငံတော်သမ္မတထံသို့ တင်ပြကာ အရေးဆိုတိုင်တန်းသွားမည် ဖြစ်ကြောင်း သိရသည်။လူနည်းစု အပေါ်မှာအင်အားနဲ့ပဲဖြစ်ဖြစ် ဘာနဲ့ပဲဖြစ်ဖြစ် အနိုင်မကျင့်ဖို့ လိုတယ်။ လူနည်းစုကလည်း လူများစုကို မစော်ကားဖို့လိုတယ် ၊ ဒါက ပထမပိုင်းပေါ့ ၊ အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ အထိကရုဏ်း မီးကတော့ ငြိမ်းတယ်လို့ရှိမှာမဟုတ်ဘူး ´´ ဟု ရှင်ဝီရသူမှ မိန့်ကြားသည်။မစိုးရိမ်ကျောင်းတိုက်ကအရှင်ဝီရသူမှာ ကျောက်ဆည်လက်ပံဘာသာရေးအရေးအခင်းကြောင့် အကျဉ်းကျခံခဲ့ရသူတစ်ဦးဖြစ်သည်။ ကချင်ပြည်နယ် စိုင်းတောင်တွင် ဧပြီ-၁၂ရက်နေ့က အစ္စလာမ်ဘာသာဝင်များ၏ဝတ်ပြုဆောင်ငယ်အား ဒေသခံရဟန်းသံဃာများနှင့် အရပ်သားများက ဖြိုဖျက်ခဲ့ကြောင်း သိရှိရသည်။ ၁၉၉၁ခုနှစ်ကတည်းက ဆောက်လုပ်ထားခဲ့သော […]


moe moeApril 19, 20121min1306
၂၀၁၂ခုနှစ်၊ဇူလိုင်(၇)ရက်တွင်ကျရောက်သော နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇) အရေးတော်ပုံ အခမ်းအနားအား မန္တလေးမြို့တွင် စည်ကားသိမ်မြိုက်စွာ ကျင်းပနိုင်ရေးရန်အတွက် အထက်ဗမာပြည် ကျောင်းသားသမဂ္ဂများ တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေးကော်မတီနှင့် တက္ကသိုလ်အသီးသီးမှကျောင်းသားသမဂ္ဂများပူပေါင်း၍ အောက်ပါအတိုင်း ဆပ်ကော်မတီအသီးသီးဖွဲ့စည်း၍ကြိုးပမ်းလျှက်ရှိပါသည်။ ၁။ သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ။ (၁) ကိုရဲရင့်ကျော် ( ဝ၉- ၄၉၂ ၈ဝ ၁၁၅ ) (၂) ကိုကျော်ဇင်ထွန်း ( ဝ၉ – ၇၃၅ဝ ၂၀၄၉ ) (၃) မမေမြတ်စိုး ( ဝ၉- ၄၃၁၁ ၉၄၃၂ ) ၂။ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေး ဆပ်ကော်မတီ။ (၁) ကိုဝင်းမင်းသန်း ( ဝ၉- ၉၁ဝ ၄၄၄ ၃၅ ) (၂) ကိုဇင်မင်းသူ […]


moe moeApril 4, 20121min15715
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ဟာ ကျွန်တော်တို့ နိုင်ငံသူ/သားတွေအတွက် အသက်သွေးကျောမကြီးတစ်ခုဆိုတာရွာသူ/သားအေပါင်းတို့လည်းသိပြီးဖြစ်မှာပါ။ ဒီလို နိုင်ငံရဲ့အသက်သွေကျောမကြီးတစ်ခုကို အဆိပ်ခတ်ဖို့အတွက် လူတစ်စုကြိုးပမ်းနေကြပါတယ်။ အဲဒီလူတစ်စုဟာ ဘယ်သူတွေလဲဆိုတာတော့ အထူးတင်ပြစရာလိုမယ်မထင်ပါဘူး။ သမ္မတကြီးတစ်ယောက်လုံးကတောင် ဒီစီမံကိန်းကြီးကို သိန်းစိန်အစိုးရလက်ထက်မှာ ဆက်လက်လုပ်ဆောင်ခြင်းမပြုတော့ပါဘူးလို့ ကျွန်တော်တို့ပြည်သူတွေကို နိုင်ငံပိုင်သတင်းစာတွေ/မီဒီယာတွေကနေတဆင့်ချပြထားတာပါ။ အခုတော့ဗျာ အမိဧရာဝတီကို အဆိပ်ခတ်သတ်မဲ့စီမံကိန်းကြီးကိုပြန်လည်လုပ်ကိုင်ဖို့ အသက်သွင်းနေကြတယ်တဲ့ဗျာ ။ ကျွန်တော်မေးလိုက်ချင်တယ် ဘာလဲ အခုအချိန်က သိန်းစိန်အစိုးရလက်ထက် မဟုတ်တော့ဘူးလား.? တစ်ရုတ်ကိုပါပါခေါ်ပြီး တို့ရဲအမိဧရာဝတီကြီးကို အဆိပ်ခတ်မဲ့ လူတစ်စုကိုတော့ ပြည်သူ့အင်အားနဲ့ အပြတ်ရှင်မှ သင့်တော်မယ်ထင်ပါတယ်ရွာသူ/သားတို့ရယ်။ ကဲပြောနေကြာတယ် ချောမေကညာရယ် မြစ်ဆုံရေကာတာစီမံကိန်းကြီး ခုမြန်မကြာရပ်စေဖို့ ဝိုင်းဝန်းစုတောင်းကြပါစို့။


moe moeMarch 28, 20121min983
(၆၇)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂအဖွဲ့မှ (၁၃၀၀)ပြည့်အရေးတော်ပုံတွင် ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးများ အတွက် မန္တလေးမြို့ ကန်တော်ကြီးအနီးရှိ အာဇာနည်(၁၇)နှစ်ဦးဗိမာန်တွင် စုပေါင်းလှုပ်ရှားမှု့တစ်ခုပြုကို အစီအစဉ်(၃)ရပ်ဖြင့် ကျင်းပခဲ့ ကြပါတယ်။ (၁) (၁၃၀၀)ပြည့်အရေးတော်ပုံကြီးအတွင်းတွင် ကျဆုံးခဲ့ရသော အာဇာနည်(၁၇)ဦး၏ ဗိမာန်ကြီးတွင် သန့်ရှင်းရေးများဆောင်ရွက်ခြင်း။ (၂) (၁၃၀၀)ပြည့်အရေးတော်ပုံကြီးအတွင်းတွင် ကျဆုံးခဲ့ရသော အာဇာနည်(၁၇)ဦး အားမန္တလေးခရိုင်ကျောင်းသားသမဂ္ဂအဖွဲ့မှ အလေးပြုခြင်း။ (၃) မန္တလေးခရိုင်ကျောင်းသားသမဂ္ဂအဖွဲ့၏ သဘောထားထုတ်ပြန်ချက်အား ခရိုင်ကျောင်းသားခေါင်းဆောင်မှ ဖတ်ကြားခြင်း။ ကျွန်တော်တို့ကျောင်းသား/သူများဟာ ၂၀၁၂ ခုနှစ် မတ် လ (၂၇)ရက်နေ့တွင်ကျရောက်သော (၆၇)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် အတွက် မနက်(၈း၁၅)မိနစ်ခန့်က အာဇာနည်(၁၇)ဦးဗိမာန်ရှေ့တွင် မန္တလေးရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့၊ မန္တလေးနည်းပညာ တက္ကသိုလ်(GTC) ကျောင်းသားသမဂ္ဂအဖွဲ့၊ မန္တလေးဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့တို့ပူးပေါင်းပြီး စုရုံးရောက်ရရှိခဲ့ကြကာ (၁၃၀၀)ပြည့်အရေးတော်ပုံကြီးတွင် ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်တွင် သန့်ရှင်းရေးများပြုလုပ်ခဲ့ကြပါတယ်။ […]