၂၀၁၂ခုနှစ်၊ဇူလိုင်(၇)ရက်တွင်ကျရောက်သော နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇) အရေးတော်ပုံ အခမ်းအနားကျင်းပနိုင်ရေးအတွက်နှိုးဆော်ချက်

moe moeApril 19, 20121min1306

၂၀၁၂ခုနှစ်၊ဇူလိုင်(၇)ရက်တွင်ကျရောက်သော နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇) အရေးတော်ပုံ အခမ်းအနားအား မန္တလေးမြို့တွင် စည်ကားသိမ်မြိုက်စွာ ကျင်းပနိုင်ရေးရန်အတွက် အထက်ဗမာပြည် ကျောင်းသားသမဂ္ဂများ တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေးကော်မတီနှင့် တက္ကသိုလ်အသီးသီးမှကျောင်းသားသမဂ္ဂများပူပေါင်း၍ အောက်ပါအတိုင်း ဆပ်ကော်မတီအသီးသီးဖွဲ့စည်း၍ကြိုးပမ်းလျှက်ရှိပါသည်။
၁။ သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ။
(၁) ကိုရဲရင့်ကျော် ( ဝ၉- ၄၉၂ ၈ဝ ၁၁၅ )
(၂) ကိုကျော်ဇင်ထွန်း ( ဝ၉ – ၇၃၅ဝ ၂၀၄၉ )
(၃) မမေမြတ်စိုး ( ဝ၉- ၄၃၁၁ ၉၄၃၂ )
၂။ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေး ဆပ်ကော်မတီ။
(၁) ကိုဝင်းမင်းသန်း ( ဝ၉- ၉၁ဝ ၄၄၄ ၃၅ )
(၂) ကိုဇင်မင်းသူ ( ဝ၉- ၂၂၂ ၅၉ ၂၂ )
(၃) မသီရိနွယ် ( ဝ၉- ၂ဝ ၃ဝ ၃၂ဝ )
၃။ ကြိုဆိုနေရာချထားရေးနှင့်ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ။
(၁) ကိုမင်းနိုင်လွင် (၀၉- ၄၃၁ ၈၅ ၉၄ရ )
(၂) မကေဇင်ဦး
(၃) ကိုရဲရင့်ထွန်း ( ဝ၉- ၄၃ဝ ၁၁ ၂၄၆ )
၄။ အခမ်းအနားပြင်ဆင်ရေးနှင့်ပြပွဲများ ကျင်းပရေး ဆပ်ကော်မတီ ။
(၁) ကိုသန်းထိုက်
(၂) ကိုရဲခိုင် ( ဝ၉- ၄၉ ၃၁ရ ၄၃ဝ )
(၃) ကိုဆန်းလွင်နောင်
၅။ အထိမ်းအမှတ် မဂ္ဂဇင်း ထုတ်ဝေရေး ဆပ်ကော်မတီ။
(၁) ကိုအောင်မှိုင်းဆန်း
(၂) ကိုဝေယျာဖြိုး ( ဝ၉- ၄၇ဝ ၆၃ ၂၃၃ )
(၃) ကိုကောင်းဆက်ဝင်း ( ဝ၉- ၄၉ ၃၁ရ ၄၃ဝ )
၆။ ပြင်ပဆက်ဆံရေးနှင့်စည်းရုံးလှုံဆော်ရေး ဆပ်ကော်မတီ။
(၁) ကိုအောင်ကျော်မိုး ( ဝ၉- ၂၀၁ ၇၃ ၂၉ )
(၂) မခိုင်ဇင်သက် (၀၂ – ၇၃၃ ၉ဝ )
(၃) ကိုဖြိုးသူအောင် ( ဝ၉- ၄၂၈ ၃၁၈ ၄၅၆ )
အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်
(၁) နှစ်ငါးဆယ်ပြည့်မြောက်ပြီ ဖြစ်သည့် အတွက် ကြုံတောင့်ကြုံခဲ ထူးခြားတဲ့ အခမ်းအနားတစ်ခုဖြစ်ပါသောကြောင့် ကောင်းမွန်သည့် အခွင့်အရေး တစ်ခုနှင့် အညီ ကျင်းပနိုင်ရန် ။
(၂) သမိုင်းတွင် ဖျောင်ဖျက်၍ မေ့ပျောက်၍ မရသော ကျောင်းသားသမိုင်း၏ အရာတစ်ခုဆိုသော ပြယုဒ်အား ပိုမို ပေါ်လွင်စေရန် ။
(၃) ဇူလိုင်(၇)ရက် အရေးတော်ပုံ အပါအဝင် ကျောင်းသားအရေးတော်ပုံ အမြောက်အများ အတွင်း ကျဆုံးခဲ့ရသော ကျောင်းသားရဲဘော်များ၏ စွန့်လွတ်အနစ်နာခံမှုများကို အသိအမှတ်ပြု၍ လေးနက်စွာ ဂုဏ်ပြုရန်။
(၄) နှစ်ငါးဆယ်ကြာမျိုးဆက် ဖြတ်တောက်ခံထားရသော ကျောင်းသားသမဂ္ဂ မျိုးဆက်များ ပြန်လည်ပေါင်းဆက်မိပြီးပိုမိုအားကောင်းသော ကျောင်းသား သမဂ္ဂမျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် ။
(၅) ဗ.က.သ ၏ မူ(၅) ချက်ကို ဆက်လက်ထိန်းသိမ်းလျက် ကြိုးပမ်း အကောင်အထည် ဖော်နိုင်ရန် တို့ဖြစ်ကြသည်။
စတစ်ကာများ၊ ဇူလိုင်(၇)ရက်စာတမ်းပါ ရင်ထိုးအနက်စများ အခမဲ့ ဝေငှမည်ဖြစ်သည်။ ထို့အတူ တီရှပ်များ၊ စာအုပ်/ မဂ္ဂဇင်းများ၊ ဘောပင်၊ ရင်ထိုး၊ ခွက်၊သော့ချိတ်၊ ပြက္ခဒိန်အသေး၊ ပို့စကဒ်၊ လက်ကိုင်ပဝါ စသည့် အမှတ်တရ ပစ္စည်းများ ရောင်းချပေးမည်ဖြစ်သည်။
အလှူငွေများအားဆက်သွယ်လှူဒန်းနိုင်ပါကြောင်း
ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေး ဆပ်ကော်မတီ။
(၁) ကိုဝင်းမင်းသန်း ( ဝ၉- ၉၁ဝ ၄၄၄ ၃၅ )
(၂) ကိုဇင်မင်းသူ ( ဝ၉- ၂၂၂ ၅၉ ၂၂ )
(၃) မသီရိနွယ် ( ဝ၉- ၂ဝ ၃ဝ ၃၂ဝ )
သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ။

6 comments

  • moe moe

    April 19, 2012 at 7:42 pm

    ရွာသူ/သားအပေါင်းတို့ရေ…………. လှူဒန်းပေးကြပါ။ဝိုင်းဝန်းအားပေးကြပါလို့တိုက်တွန်းပါရစေ။

    ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေး ဆပ်ကော်မတီ။
    ကိုဝင်းမင်းသန်း ( ဝ၉- ၉၁ဝ ၄၄၄ ၃၅ )ဆီမှာလှူဒန်းနိုင်ပါကြောင်း။

  • Swal Taw Ywet

    April 19, 2012 at 9:42 pm

    Dear Moe Moe,
    Please see –
    Title= ၂၀၀၁၂ခုနှစ်၊ဇူလိုင်(၇)ရက်တွင်ကျရောက်သော နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇) အရေးတော်ပုံ အခမ်းအနားကျင်းပနိုင်ရေးအတွက်နှိုးဆော်ချက်.
    In the start of the post = ၂၀၀၁၂ခုနှစ်၊ဇူလိုင်(၇)ရက်တွင်ကျရောက်သော နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇) အရေးတော်ပုံ အခမ်းအနားအား မန္တလေးမြို့တွင် .
    It is too early to activate. Need to wait next 18000 years. Don’t be hurry.
    If you wrong one time, no problem, we can assume that it was typo error.
    But you typed TWO times, it will be correct date. So… Please wait till….
    Sorry.

    With respect,
    Swal Taw Ywet.

  • ရွှေအိမ်စည်

    April 19, 2012 at 10:51 pm

    ၂၀၀၁၂ခုနှစ်….ဆိုတော့…..
    တော်တော်စောင့်ရတော့မယ်……
    နီးမှဘဲ……ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေး ဆပ်ကော်မတီ။
    ကိုဝင်းမင်းသန်း ( ဝ၉- ၉၁ဝ ၄၄၄ ၃၅ )ဆီ…ဖုန်းဆက်တော့မယ်..:P

  • moe moe

    April 20, 2012 at 2:32 am

    ကျေးဇူးပါဗျာ……ကျွန်တော်အမှားကိုထောက်ပြကြတာအရမ်းကျေးဇူးတင်ပါတယ်။

    ကျွန်တော်ဟာအမြဲတမ်းလွဲနေတဲ့ကောင်ပါ။ ၂၀၁၂ပါဗျာနောင်များကြရင်စာလုံးပေါင်းသေချာစစ်ပါ့မယ်။

    ဟဲဟဲခွင့်လွတ်ပေးကြပါနော်

  • Lwin Aung

    April 20, 2012 at 12:08 pm

    All should remember 7th July of 1962. It is one of the worst event in our country.
    It should publish a book liked the magazine freely to know the people who want something
    to be learnt as an example from history.

  • kai

    April 20, 2012 at 12:21 pm

    ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေအကုန်အပြင်မှာလွတ်လွတ်လပ်လပ်ရှိနေတာဆိုတော့…
    ဆဲဗင်းဂျုလိုင်က.. ဖြိုချခံလိုက်ရတဲ့.. တကသအဆောက်အဦကြီးကို..ပြန်ဆောက်သင့်တယ်..
    ပြန်ဆောက်ဖို့..အားထုတ်ကြိုးစားသင့်ပါတယ်..

    ဒီဇိုင်းလည်းမပြင်စေချင်ဘူး..။ မူလအတိုင်းအတိအကျ ပြန်ဆောက်ကြစေချင်ပါတယ်.။
    လက်ရှိအစိုးရအနေနဲ့လည်း. ရာသီဥတုသာယာနေပြီလို့.. ယူဆမှာပါ..

    ရာသီဥတုသာယာတဲ့..တနေ့ရောက်ပြီလေ… ပျော်ပျော်ပါးပါး.. အုပ်မြစ်ချကြရအောင်…

    ဆိုကြပါစို့..။ :mrgreen:

Leave a Reply