မြင်းခြံမြို့ပြည်သူ့ဆေးရုံက တာဝန်မဲ့ဆရာဝန် – ဆရာမတွေ နဲ့ဆရာဝန်ကြီးရဲ့လုပ်ရပ်

ေရႊညာသားApril 19, 20121min26419

မြင်းခြံမြို့ပြည်သူ့ဆေးရုံက တာဝန်မဲ့ဆရာဝန် – ဆရာမတွေနဲ့ ဆရာဝန်ကြီးရဲ့လုပ်ရပ်

 

ရွှေညာသားရဲ့အသိတစ်ယောက် သတင်းပေးလို့ပါ။သင်္ကြန်းတွင်း အကျနေ့လောက်ကပါပဲ။

မြင်းခြံနားက နတ်ညွှန်းဆိုတဲ့ကျေးရွာက အစာအိမ်သွေးကြောပေါက်တဲ့ လူမမာတစ်ယောက်ကို ဆေးရုံလာတင်ပါတယ်။

ထုံးစံအတိုင်း တာဝန်ကျဆရာ/ဆရာမ တွေအကုန်လုံးဆောင့်ကြီးအောင့်ကြီးနဲ့ပါပဲ။

ဆရာဝန်တွေထက် Nurse မတွေကပိုဆိုးပါတယ်။

ဒီနောက် နေရာရဖို့ ဆေးရုံပေါ်ရောက်အောင် အမျိုးမျိုးသော ရစ်နည်းစုံမှဆေးဝါးကုသဖို့

အတွက်ကို နေရာရတာပါ။ဆရာဝန်တွေက Drip Set ချိတ်ပေးဖို့ညွှန်ကြားပါတယ်။

ဒီအခါမှာ Drip နှစ်လုံးလောက်ချိတ်အပြီးမှာ လူနာဟာ မခံမရပ်နိုင်အောင်

အေးပြီးတုန်တတ် လာပါတယ်။

ပါးစပ်ကလည်း ချမ်းတယ် ၊ ချမ်းတယ်နဲ့အော်ဟစ်လာပါတယ်။ဒါကို လူနာစောင့်တွေ

က တာဝန်ကျတဲ့ဆရာမကို သွားခေါ်တဲ့အခါမှာ ချမ်းတယ်ဆိုရင် စောင်ခြုံပေးထားလိုက်

လို့ပြောပြီးတော့မှ လုံးဝလိုက်ကြည့်မပေးပါဘူး။

ခဏအကြာမှထပ်မံပြီးသွားခေါ်တော့လည်း လိုက်ကြည့်မပေးပါဘူး။ ခဏအကြာမှာ

တော့  လူနာဟာ အသက်ပျောက်သွားပါတယ်။

လူနာဖက်ကအစောင့်တွေဟာ ရိုးသားသူတွေပါ။ကျေးလတ်နေပြည်သူတွေဖြစ်တဲ့

အတွက် ရိုးသားမူ့ကြောင့် အစော်ကားခံရသူတွေပါ။

လူနာသေဆုံးတာကို သွားပြီးတော့မှ ပြောတော့ တာဝန်ကျ Nurse က

သေမှာသိနေလို့လိုက်ကိုလုပ်မပေးတာလို့ပြောပါတယ်။

ဒီအခါမှာတော့ ရိုးသားတဲ့ ရွာသူရွာသားတွေက ဒေါသပေါက်ကွဲပြီးတော့မှ အလောင်းကိုပြန်

သယ်ဖို့လုပ်ကြပါတယ်။ပြီေးတာ့ ဒီကိစ္စကိုတိုင်မယ်လို့ပြောပြီးတော့မှ နတ်ညွှန်းရွာကိုပဲပြန်ခဲ့ကြပါ

တယ်။

မှတ်မှတ်ရရသင်္ကြန်အတတ်နေ့ကြီးပါ။ဒီတော့ ဒီသတင်းအရ ရွာသူရွာသားတွေက သူတို့ရဲ့

အဆက်အနွယ်တွေထဲက တပ်မတော် စစ်ဆေးရုံက ဗိုလ်မှူးကြီးတစ်ယောက်ထံသတင်းရောက်

အသွားမှာတော့ အရှက်မရှိတဲ့ မြင်းခြံပြည်သူ့ဆေးရုံအုပ် ဆရာဝန်ကြီးကိုယ်တိုင်က ဒီသတင်းကို

အထက်မသိအောင်ဖုံးပေးထားပါ။သူ့ဝန်ထမ်းတာဝန်ကျဆရာဝန်နဲ့ ဆရာမတွေကို အရေးယူပေးပါ့

မယ်။တိုင်လို့လည်း လူနားအသက်ပြန်ရှင်လာမှာမဟုတ်ပါဘူးဆိုပြီးတော့မှ ဖုန်းဆက်လာပါတယ်။

ရိုးသားတဲ့ကျေးလတ်လူတန်းစားဆိုတော့လည်း ဆရာဝန်ကြီးကဖုန်းဆက်တယ်ဆိုတော့

သူတို့ဘက်က တထစ်လျှော့သွားတာကို အခွင့်ကောင်းယူပြီး ဘာမှအကြောင်းလည်းမကြားပဲ

အခုအချိန်အထိ နေနေပါတယ်။

ရင်နာစရာကောင်းလိုက်တာဗျာ။သေမှာအတူတူလာမကြည့်တော့ဘူးဆိုပဲ ။

ကဲ Mandalay Gazette ဝင်တွေရေ ပြည်သူ့ဆေးရုံများမသွားကြလေနဲ့နော်။

သေမှာအတူတူ ကုသမပေးဖူးတဲ့ ။အဲ အဲဒီ့နေ့ကတာဝန်ကျ Nurse နဲ့ ဆရာဝန်တွေကတော့

အေးအေးဆေးဆေးပါပဲတဲ့။ရွှေညာသား စုံးစမ်းရသလောက်ကတော့ အကျင့်ပျက်ဝန်ထမ်းတွေကို

အရေးမယူသရွေ့ ဘာ Good Government , Clean Government ဖြစ် လာမှာမဟုတ်ပါဘူး။

ရွှေညာသားလည်း သမ္မတကြီးဦးသိန်းစိန်ပြောတုန်း က တော်တော်ကိုအထင်ကြီးခဲ့ပါတယ်။

အခုတော့ မန္တလေး (၇၇)လမ်း ၃၁-၃၂ ကြားကတိုက်ခန်းတွေရေဖြတ်ထားတာကို အကြိမ်ကြိမ်တင်ပြ

ခဲ့ပေမဲ့လည်း လုံးဝဂရုမစိုက်အရေးမယူပါဘူး။

၇ရ – လမ်း ၃၁ – ၃၂ ကြားက တိုက်ခန်းတွေဟာ မန်းစည်ပင်သာယာရဲ့ ဂွင်ဆင် ပြီးရေဖြတ်

ထားတာကို နေထိုင်သူတွေအကုန်သိကြပါတယ်။ဒါကို သူတို့ကို တိုက်ရိုက်မပေးမခြင်း ယုတ်ယုတ်

မာမာပြုကျင့်ထားကြတာပါ။

နောက်ပြီး အဲဒီ့စည်ပင် ရေပေးဝေးရေးက ကြီးကြပ်ရေးမှူးမိန်းမကြီးက ရေမီတာစစ်တဲ့သူတွေ

နဲ့အတူလိုက်လာပြီး ရေမီတာမလာတဲ့ အခန်းရှင်တွေကို ခေါ်ခိုင်းပြီး ရေလာစေချင်ရင် မီတာကိုစစ်ဆေးရမှာကျသင့်ငွေပေးရမယ်လို့ပြောပါတယ်။

အခါခါလည်းကုန်ခဲ့ဖူးပြီမို့နေထိုင်သူတွေက မပေးတော့ ကြွေးကျန်ဆောင်ရန်ဆိုပြီးတော့မှ

ဒဏ်ရိုက်ပါတယ်။စုစုပေါင်း ဒီဘက်ထိပ်ကနေ ၊ အဆုံးအထိပါ။ တိုက်ခန်းတော်တော်များပါတယ်။

ဒီအထဲမှာရွှေညာသားရဲ့အသိတွေလည်းပါပါတယ်။သူတို့က ကျော်ဇင်တိုက်ခန်းရဲ့ ဒီဘက်အထပ်မှာ

နေသူတွေပါ။

သူတို့တိုက်ခန်းတွေဆိုရင်ရေဖြတ်ထားတာ (၁) လ ကျော်နေပါပြီ။

ဒီအကြောင်းကို သင်္ကြန်တွင်းကတောင် Post တင်ခဲ့ပါသေးတယ်။

ဒီလိုယုတ်မာပြီး ရေဖြတ်ထားတာကို စည်ပင်ကိုတိုင်ကြားလည်း မထူးဇာတ်ပါပဲ။

အခုတော့ ရွှေညာသားတို့အသိက ရေကိစ္စကို စည်ပင်က ဘာမှတာဝန်မယူတာကိုသိသွားပါ

ပြီ။ဒီတော့ စံနစ်တကျ တိုင်ထားတဲ့မိတ္တူနဲ့ရေပိုက်လိုင်းပုံတွေကို ဓါတ်ပုံမှတ်တမ်းနဲ့ရေမီတာလာ

ကောက်တဲ့( အပိုကြေးတောင်းတဲ့ဝန်ထမ်း ) ကိုသတိပေးပြီးတော့ နေပြည်တော်ကိုတိုင်စာပို့တယ်လို့

ရွှေညာသားကိုပြောပါတယ်။ဒါလဲ အခုအချိန်အထိ မထူးပါဘူး။

ဒီတော့ ၇ရ – လမ်း ၊ ၃၁- ၃၂ ကြားကတိုက်ခန်းတွေကိုရေဖြတ်ထားတာတွေ

မြင်းခြံပြည်သူ့ဆေးရုံက ဝန်ထမ်းတွေရဲ့ တာဝန်မဲ့လုပ်ရပ်တွေ

ဒီကိစ္စတွေကို ရွှေညာသားတို့ဘယ်လိုဖြေရှင်းကြမလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရွှေညာသားတို့ပြည်သူတွေ

ခံဘက်ကပဲဖြစ်နေပါတယ်။

ဒီတော့ Mandalay Gazette ဝင်တွေရေ သေမှာအတူတူကုမပေးတာတို့ ၊ ငွေမပေးလို့

၇ရ – လမ်း ၊ ၃၁ -၃၂ ကြားရေဖြတ်တာတို့ကို ဘယ်လိုဖြေရှင်းကြရမလဲ ။

 

ရွှေညာသားက သမ္မတကြီးကိုယုံစားမိခဲ့ပေမဲ့

–         ရေမလာ ၊ မီးဖြတ်တဲ့

–         ဝန်ထမ်းတွေကို အတတ်ကောင်း

တွေသင်ပေးနေတဲ့ စစ်ခွေးလက်ကျန် အုပ်စုကို အခုတော့ စောက်ထင်မကြီးတော့ပါဘူး။

 

ကဲ Gazette ဝင်တွေရေ သတင်းစုစည်းပြီးရသလောက်ဆက်တင်ပေးပါ့မယ်။

အခုတင်ပြပေးသလောက်ကတော့ သင်္ကြန်တွင်းဇာတ်လမ်းလေးပါပဲ။

 

မြန်မာပြည်ရောက်

ရွှေညာသား

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

19 comments

  • ရွှေညာသား

    April 19, 2012 at 7:35 pm

    ကဲ Mandalay Gazette ဝင်တွေရေ သေမဲ့အတူတူကုမပေးဘူးတဲ့နော်။
    ရွှေညာသားစိတ်မကောင်းလို့ပါဗျာ။
    ကူကြ – ကယ်ကြပါဦး။

  • htet way

    April 19, 2012 at 8:50 pm

    သေမှာသိလို့ဆိုတော့ ဟေ့ အကြားအမြင်ရနေတာလား နပ်စ်မလေးရယ်
    ကဲ ..တာဝန်ရှိသူတွေ
    ဆေးရုံကို ပြုပြင်ပေးကြအုံးလို့
    သူတို့တွေ က ဒီလိုချည်းပဲ သန့်ရှင်းရေးကို ပိုကြောက်ရ။

  • အမေရိကန်ငတုံး

    April 19, 2012 at 9:05 pm

    အော် ဖြစ်မှဖြစ်ရလေ ဘာပြောရမှန်းတောင်မသိတော့ပါဝူး
    လူ.အသက်ကိုကယ်ဖို.အတတ်ပညာသင်ထားတဲ.လူတွေရဲ.
    စိတ်ဓာတ်က ဒီလောက်အောက်တန်းကျတယ်ဆိုတာပြောမယုံ
    ကြုံဖူးမှသိပဲ.. 🙁 😥

    • poeei phyu89

      April 22, 2012 at 11:37 am

      အကျင့်တွေကိုက အဲဒီလိုပဲ …။ မတတ်သာလို့ပတ်သက်ရရင်လည်း i နဲ့တော့ ever problem တတ်တယ်။ iကတော့ ပြန်စော်မှာပဲ…။ အားပေးတယ် ။ပြန်သာစော်ကြ…။

  • ရွှေညာသား

    April 19, 2012 at 11:27 pm

    အဲဒါကိုပြောတာပါဗျာ။
    နေတော့ လူ့အသက်ကယ်ဖို့နေရာမှာ စိတ်ဓါတ်ကျတော့ အောက်တန်းကျလိုက်ကြတာတွေလေ။
    ရင်ထဲကိုမကောင်းလို့ပါဗျာ။

  • gwa toe

    April 20, 2012 at 8:53 am

    အစာအိမ်ပေါက် တဲ့လူနာ ဆိုတာ ပေါက်မပေါက် xray နဲ့ရိုက်မယ် ပြီးတော့မှ ပေါက်နေတယ် ဆိုရင်တော့ ၂၄ နာရီ
    အတွင်းမှာကုသရတယ် ခွဲစိတ်ရတယ် ပေါ့ ၂၄ နာရီကျော်သွားမယ်ဆိုရင်တော့ ခွဲစိတ် ကုသမယ်ဆိုရင် အသက်ရှင်ဘို့ကတော်တော်နည်းသွားပြီခွဲစိတ်မယ်ဆိုရင် လူနာက ပရက်ရှာကောကောင်လား ခွဲစိတ်တာကိုခံနိုင်ရည် ရှိဘို့လဲလိုတယ် ဒါကြောင် အရေ းကြီးရင်ချက်ချင်းခွဲစိတ်ရတယ် ၂၄နာရီ မကျော် သေးရင်ပေါ့ ၂၄နာရီကျော်သွာရင်တော့ သူတို ခွဲစိတိကုသပေးဘို့ကို လုပ်မှာမဟုတ်တော့ဘူးခွဲစိတ်ရင် သေဘို့ဘက်ကိုများသွးပြီ ဒါ ကြောင် အစာအိမ်ပေါက်တယ်လို့ထင်ခဲံ့ရင်တော့ လူနာကိုချက်ချင်းဆေးရုံကို တင်ဘို့အကြံပေးပရစေ ဆေးရုံကဆရာမတွေကလဲ တခါတခါဒီလိုဘဲ ပြောတတ်တယ် သူတို့ကိုအားကိုးပြီးလာတာ သေသေချာချာ ပြောပြသင့်တယ်ဆိုတာကို အကြံပြုပရစေလို့ ပြောချင်ပါတယ်

  • gwa toe

    April 20, 2012 at 8:57 am

    အစာအိမ်ပေါက် တဲ့လူနာ ဆိုတာ ပေါက်မပေါက် xray နဲ့ရိုက်မယ် ပြီးတော့မှ ပေါက်နေတယ် ဆိုရင်တော့ ၂၄ နာရီ
    အတွင်းမှာ ကုသရတယ် ခွဲစိတ်ရတယ် ပေါ့ ၂၄ နာရီကျော်သွားမယ် ဆိုရင်တော့ ခွဲစိတ် ကုသမယ် ဆိုရင် အသက်ရှင်ဘို့ကတော်တော်နည်းသွားပြီခွဲစိတ်မယ်ဆိုရင် လူနာက ပရက်ရှာကောကောင်လား ခွဲစိတ်တာကို ခံနိုင်ရည် ရှိဘို့လဲလိုတယ် ဒါကြောင် အရေ းကြီးရင်ချက်ချင်း ခွဲစိတ်ရတယ် ၂၄နာရီ မကျော် သေးရင်ပေါ့ ၂၄နာရီကျော် သွာရင်တော့ သူတို ခွဲစိတိကုသပေး ဘို့ကို လုပ်မှာ မဟုတ်တော့ဘူးခွဲစိတ်ရင် သေဘို့ဘက်ကိုများသွးပြီ ဒါ ကြောင် အစာအိမ်ပေါက်တယ်လို့ ထင်ခဲံ့ရင်တော့ လူနာကို ချက်ချင်းဆေးရုံကို တင်ဘို့အကြံပေးပရစေ ဆေးရုံကဆရာမတွေကလဲ တခါတခါဒီလိုဘဲ ပြောတတ်တယ် သူတို့ကိုအားကိုးပြီးလာတာ သေသေချာချာ ပြောပြသင့်တယ်ဆိုတာကို အကြံပြုပရစေလို့ ပြောချင်ပါတယ်

  • ရွှေညာသား

    April 20, 2012 at 11:23 am

    မဟုတ်ဘူးလေ ။ ရောဂါဖြစ်လို့လာပါတယ်ဆိုမှ ဘာကြောင့်ဘာဖြစ်တယ်။
    မရရင်လည်းမရနိုင်တော့ဘူးတော့ပြောပေါ့။
    အခုဟာက ဝတ္တုအဖတ်မပျက်ပဲနဲ့ လူနာကိုဂရုကိုမစိုက်တာလို့ပြောပါတယ်။
    နောက်ပြီးတော့ ဖြစ်ဖြစ်ချင်း ချက်ခြင်းသွားတာလို့ပြောပါတယ်။
    ရွှေညာသားသိသလောက်တော့ အစာအိမ်သွေးကြောပေါက်တာကြောင့့်
    အမြန်သွားတာပါ။
    မြင်းခြံပြည်သူ့ဆေးရုံက ဆရာဝန်ဆရာမတွေသာ တာဝန်သိတတ်ခဲ့ရင်
    လူနာအသက်ကိုကယ်တင်နိုင်မှာပါ။
    အခုတော့ စာအုပ်တစ်အုပ်လောက် အရေးမစိုက်ခဲ့လို့ လူ့အသက်တစ်ချောင်း – – – – –

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    April 20, 2012 at 11:54 am

    ဘေးကြပ် နံကြပ် တကယ်ခံစားရပါတယ်၊
    ငရဲ ကိုဇောက်ထိုးဆင်းမဲ့ ဆရာဝန် ဆရာမ တွေရဲ့ လုပ်ရပ်ဟာ မြင်းခြံမြို့ တင်မကဘူး
    မြို့တိုင်း နယ်တိုင်း မှာ ဖြစ်ပျက်နေတာပါ။
    ဒီတော့ ဖြစ်ပျက်တာတွေ သိသမျှ တင်ပြပေးကြပါ။
    သတင်းသေချာရင် ဆရာဝန်ကြီးနာမည်၊ ဆရာမ နံမည်တွေ နဲ့ဝေဝေဆာဆာ လုပ်နိုင်ရင်
    ပိုကောင်းမယ်ထင်တယ်။

  • Lwin Aung

    April 20, 2012 at 12:16 pm

    It should send to the journals in detail.

  • cobra

    April 20, 2012 at 12:59 pm

    ကောင်းလိုက်တဲ့ဝန်ဆောင်မှုပဲ…….
    သူတို့လည်းလူတွေပါပဲလေ
    ဖျားဦးနာဦးမှာပါ…….
    ကံကတပတ်လည်ရင်တော့
    ခံကြပေဦးပေါ့။

  • sugar sugar

    April 20, 2012 at 1:47 pm

    သူများနိုင်ငံ တွေမှာ ဆိုရင် နှလုံးခုန်ရပ်တာတောင်မှ လျှော့ရိုက်ပြီး ရှင်အောင်(နှလုံးပြန်ခုန်အောင်)လုပ်ပေးကြသေးတယ်။ဒို့ များဆီမှာတော့ သေမှာ သိနေပြီးသားမို့လို့တဲ့၊
    စေတနာကောင်းလှ ချီလားဗျ။ဒင်းတို့ဝဋ်လည်မယ်။

  • etone

    April 20, 2012 at 6:54 pm

    ကြားရတာ စိတ်မကောင်းစရာပါပဲ …
    မသေသင့်ပဲ သေဆုံးရတယ်လို့ထင်ပါတယ် …
    အစာအိမ်သွေးကြောပေါက်တဲ့ လူတိုင်းသေမယ့်လူနာမဟုတ်ပါဘူး …. ။ လိုအပ်တဲ့ အရေးပေါ် ကုသမှုတွေလုပ်ပေးလျှင် အသက်အန္တရာယ်က ကျော်လွှားနိုင်ပါတယ် … ။

    ကျန်းမာရေဝန်ထမ်းတွေ ကိုယ်ချင်းစာစိတ်လျော့နည်းတဲ့အခါ တခြား ဝန်ထမ်းတွေထက် …ပိုဆိုးပါတယ် .. လူ့အသက်နဲ့ သက်ဆိုင်နေတဲ့နေရာမျိုးမှာ …ဒီလိုစိတ်ဓါတ်ရှိသူတွေအတွက်နေရာ မရှိသင့်ပါဘူး … ။
    လူမသိ သူမသိ သေဆုံးခဲ့ရသူဘယ်လောက်များပြီလဲ…. ပေါ့လျော့မှုအတွက်ရယ် ၊ ကိုယ်ချင်းစာစိတ်ခေါင်းပါးမှုရယ်ကြေင့်… ထိရောက်စွာအရေးယူသင့်ပါတယ် …

  • ဂဂျီဂဂျောင် ပျိုတို့မောင်

    April 20, 2012 at 7:23 pm

    အခုတလော ဖတ်ရတဲ့ posts တွေဟာ ဒေါသဖြစ်စရာတွေချည်းဖြစ်နေပါတယ်
    ဘာသာတရားမရှိတဲ့ အဖျက်သမားတွေရယ် ဝန်ထမ်းဆိုးတွေရယ် နဲ့
    စိတ်များတောင်ညစ်ရတယ် ။

  • နေဝန်းနီ

    April 20, 2012 at 8:17 pm

    တစ်ကယ်လို့ ပိုက်ဆံတတ်နိုင်လို့ ပုဂ္ဂလိက ဆေးခန်း/ ဆေးရုံ ပို့ရင် ………………………….
    အင်း..။ အဲဒါ စဉ်းစားစရာ…။ တောပြိဗျာ ညအိပ်ယာဝင်မှ ဆက်စဉ်းစားတော့မယ်နော်…။ ခုလောလောဆယ် လူမြင်ကတ်စရာ စကားတွေချည့ပြောနေမိလို့ ………http://www.burmesex.com/cometchat/images/smileys/smiley-razz.png
    http://www.burmesex.com/cometchat/images/smileys/smiley-cool.png

  • နေဝန်းနီ

    April 20, 2012 at 8:52 pm

    တစ်ကယ်လို့ ပိုက်ဆံတတ်နိုင်လို့ ပုဂ္ဂလိက ဆေးခန်း/ ဆေးရုံ ပို့ရင် ………………………….
    အင်း..။ အဲဒါ စဉ်းစားစရာ…။ တောပြိဗျာ ညအိပ်ယာဝင်မှ ဆက်စဉ်းစားတော့မယ်နော်…။ ခုလောလောဆယ် လူမြင်ကတ်စရာ စကားတွေချည့်ပြောနေမိလို့ ………http://www.burmesex.com/cometchat/images/smileys/smiley-razz.png
    http://www.burmesex.com/cometchat/images/smileys/smiley-cool.png

  • ရွှေညာသား

    April 24, 2012 at 9:59 am

    အခုလည်း ရန်ကုန်ဆေးရုံကြီးကသတင်းလည်းပါလာပြန်ပြီ။
    လူနာကောင်မလေးကိုမုဒိမ်းကျင့်လို့တဲ့ဗျို့။
    ဘယ်လိုလုပ်ကြမတုံး…

  • မောင်လူလေး မောင်လူလေး

    September 27, 2012 at 12:25 am

    တဖက်သက် သတင်းကိုလည်းအမြဲ မရ ုုံံပါနဲ။ လူနာရုင် အများစုက အိမ်မုာတော့လူနာကို ဂရုမစိုက်ပဲ ပစ်ထားကြပြီး ဆေးရုံရောက်ရင် ဂရုစိုက်ဟန်ဆောင် တဲ လူတွေကိုတွေ့ ဖူးတယ်။ လူနာကို အမုန်တယ် ဂရုစိုက်ရင် ေဆေးရုံကိုနောက်ကျ ရောက်တဲ့ လူနာရုား ပါ တယ်။ လူနာသေရင် ဆရာဝန်ဆီက တရားစွဲပြီး ပိုက်ဆံ တောင်းတဲ့ လုပ်ကြံ ဇတ်လမ်းတွေ လည် နောက်ပိုင်း ပိုများလာ တာတွေ့ ရတယ်။ တချို့ ဆရာဝန်ကြီးတွေက အစောပိုင်းမုာ တရားရင် ဆိုင်ပြီး နောက်ပိုင်မုာ ခဏ ခဏခေါ်တဲ့ တရားရုံကို မသွားနိုင်လို့ လျှောာ်ောာ်ေြကြးပေးခဲ့ ဆရာဝန်ကြီးတွေ လည်းရိုပါတယ်။ ဒါကြောင့် အစိုးရဝန်ထမ်း မကောင်းရေးရင် နစ်ဖက် စုံစမ်းပြီး မျှမျှ တတရေးသင့် တယ်လို့ ကျွှန်တော် ထင်ပါတယ်။ အစိုးရဝန်ထမ်းမကောင်းရေးမု နာမည် ကြီးထင်လို့လား????

Leave a Reply