“ရှောက်သီး လေးများမှ တစ်ဆင့်”
ကျမဒီလမ်းထဲပြောင်းလာတာမကြာသေးပါဘူး။ တစ်နေ့တော့ ရုံးကပြန်အလာ
ကားမောင်းကွေ့အဝင် ကျမတို့ အိမ်နီးချင်းတစ်ဦးရဲ ့အိမ်ရှေ ့ လမ်းဘေးမှာ
အပြာရောင်တောက်တောက် ပုံးတစ်လုံး ကိုတွေ့လိုက်မိပါတယ်။
ကားအရှိန်လေးလျှော့မောင်းရင်း ဘာမှာပါလိမ့်လို့ လှမ်းကြည့်မိပါတယ်။
အဝါရောင် ဝင်းမှည့်စိုရွှမ်းနေတဲ့ ရှောက်သီးတွေပါ။ အလုံးလှလှကြီးတွေပါ။
ပိုစိတ်ဝင်စားစရာကောင်းတာက လက်ရေးနဲ့ရေးထားတဲ့ စာရွက်လေးတစ်ရွက်ကို တုတ်
တစ်ချောင်းမှာချည်ပြီး ပုံးထဲမှာထောင်ထားပါတယ်။ ရေးထားတာကလည်းနှစ်လိုဖွယ်ရာ။
“အခမဲ့ပါ။ နှစ်ခြိုက်ရင်ယူသွားပါ” ….တဲ့။
ဒါနဲ့ ကျမလည်း အရည်ရွှမ်းရွှမ်းနှစ်လုံးလောက်ယူခဲ့ပါတယ်။ စိတ်ထဲမှာလည်း ဒီ မိတ်ဆွေရဲ ့
ရက်ရောမှု စေတနာပြသမှုလေးတွေ တွေးကြည့်ရင်နဲ့ အလိုလိုပျော်နေမိပါတယ်။ နာရီတော်
တော်ကြာကြာကို တွေးနေမိတာရှင့်။
ညပိုင်းစားသောက်ပြီးတော့ ကျမ စိတ်ထဲ ချက်ချင်းတစ်ခုခုလုပ်ချင်စိတ်ပေါက်လာပြီး အလုပ်စားပွဲမှာထိုင်လိုက်ပါတယ်။စာရေးစက္ကူအုပ်ကိုဆွဲယူလိုက်ပြီးအကောင်းဆုံးအလှဆုံး
လက်ရေးနဲ့ ကျေးဇူးတင်စာတစ်စောင် စတင်ရေးနေမိပါတော့တယ်။
ကျမ စာအိပ်ထဲမထည့်ခင် တစ်ခေါက်ဖတ်လိုက်သေးတယ်။ ကျမရဲ ့ နာမည်နဲ့ လိပ်စာကို
မထည့်တော့ပါဘူးလေလို့ တွေးပြီး နောက်တစ်နေ့ ဒီမိတ်ဆွေရဲ ့ စာတိုက်ပုံးထဲမှာကျမ သွားထည့်ထားလိုက်ပါတယ်။
တစ်ပတ်လောက်နေတော့ သတင်းစာထဲက အယ်ဒီတာ့ထံပေးစာကဏ္ဍမှာ ခေါင်းစဉ်က
“ရှောက်ချို မွှေး စားစရာ” တဲ့။ ရေးသားထားတာကတော့ ဒီနှစ်ထဲမှာ သူ့ ရှောက်ချိုပင်က
အရမ်းသီးကြောင်း၊ အလဟဿ ဖြစ်မှာစိုးလို့ လမ်းဘေးမှာပုံးလေးနဲ့ထည့်ပြီး စားချင်သူစားရအောင် ယူစေခဲ့ကြောင်း၊ တစ်ရက်မှာ အလွန်လှပတဲ့ လက်ရေးလေးနဲ့
ကျေးဇူးတင်စာတစ်စောင်ရခဲ့ကြောင်း၊ အမည်မပါ၊ လိပ်စာမပါ ဒီကျေးဇူးတင်စာကလေးဟာ
သူလုံးဝမျှော်လင့်မထားခဲ့ကြောင်း၊ ဒါပေမဲ့ သူ ဒီစာကြောင့် သိပ်ပျော်မိကြောင်း၊ ဒီဆောင်းပါး
လေးရေးပြီး ဒီသတင်းစာမှတစ်ဆင့် အမည်မဖော်ပြခဲ့သူ မိတ်ဆွေ ကို ကျေးဇူးတင်ပါကြောင်း၊
ဘာကြောင့်လဲဆိုတော့ ဒီစာလေးတစ်စောင်ကြောင့် သူ အင်မတန် စိတ်ပျော်ရွှင်
ခံစားရပါကြောင်း၊ စသဖြင့် ရေးသားဖော်ပြခဲ့ပါတယ်။
ကျမလည်း ဒီစာရေးသူဟာ ကျမရဲ ့ အိမ်နီးချင်း ရှောက်သီးကုသိုလ်ရှင်ဆိုတာ အလိုလိုသိ
လိုက်ပါတယ်။ ကျမ ရင်ထဲမှာလည်း နွေးထွေးစွာခံစားရပါတယ်။
သာမန် မေတ္တာ အလဲအလှယ်လေးဆိုပေမဲ့ ဘဝမှာတော့ အစွမ်းမြင့်လှတဲ့ စိတ်ခံစားမှု ကို
ပေးစွမ်းနိုင်လိုက်တာဖြစ်ပါတယ်။
နောက် နေ့တိုင်းနေ့တိုင်း ရှောက်သီးမိတ်ဆွေရဲ ့ အိမ်ရှေ ့ က ဖြတ်သွားတိုင်း ကျမရင်ထဲမှာ
ချမ်းမြေ ့မှုကိုခံစားရပါတယ်။ တစ်ခါတစ်လေ ခပ်သေးသေးကျစ်ကျစ်ပိန်ပိန် အဖွားအိုတစ်ယောက် စာတိုက်ပုံးဘေးမှာရပ်နေတာတွေ့ရင် ကျမ ကပြုံးပြ၊ သူက နေကောင်းလားမေး။ သူက ရာသီဥတုသာယာလိုက်တာပြော၊ ကျမက သူ့ခြံလှတာချီးမွမ်း။
ခင်နေတော့တာပါပဲရှင်။
သူ့ခြံအကြောင်းပြောပြီဆိုရင်တော့ ကွယ်လွန်သူ သူ့ခင်ပွန်း ဘီလ်အကြောင်း ပါတော့တာပါပဲ။
ဘီလ်ကဒီခြံကို အလွန်ခင်တွယ်ကြောင်း၊ မနှစ်ကဘီလ်ဆုံးသွားတာမို့ ဥယျာဉ်မှူးတစ်ဦးငှားပြီး
ခြံကိုစောင့်ရှောက်ထားရကြောင်း ဖွဖွလေးရယ်ပြီးပြောပြပါတယ်။
သူဆက်ပြောပြတာကတော့
“ဂရေ ့စ်ရေ… ကိုယ့်ခြံလေးကို မပျက်စီးစေနဲ့နော်” လို့
ဘီလ်ပြောခဲ့တာ ကြားယောင်ဆဲဖြစ်ကြောင်း၊
ဟိုဟိုဒီဒီ လှည့်ကြည့်ရင်း ဒီခြံထဲတစ်နေရာရာမှာဘီလ်ရှိနေတယ်
လို့ သူမ ခံစားရကြောင်း၊ တွေပါပဲရှင်။
တော်ပါသေးရဲ ့၊ ကျမလေ နေကာမျက်မှန်တပ်ထားတာမို့ ကျမမျက်လုံးထဲမှာဝဲနေတဲ့
မျက်ရည်တွေ သူ မမြင်သွားတာပါ။ ကျမသူ့ကို ပြောပြစရာအကြောင်းဖြစ်တဲ့ အမည်မပါ
လိပ်စာမပါ စာကိုရေးသူဟာ ကျမဖြစ်ကြောင်း ကို ပြောပြချင်ပေမဲ့ ဘာပြုလို့မှန်းမသိပါဘူးရှင်၊
ကျမပြောမပြဖြစ်ခဲ့ပါဘူး။
ဒီလိုနဲ့ နောက်တစ်ပတ် ဂရေ ့စ်တို့ အိမ်မှာလူအဝင်အထွက်များနေသလိုပါပဲ။
ကျမ သတိထား ကြည့်မိတာကလေ အိမ်ပြောင်းရွှေ ့ပေးတဲ့ကားတစ်စီး ရပ်ထားတယ်။
ပြီးတော့ အရွယ်လတ်ပိုင်း သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ အမျိုးသမီးတစ်ဦး အိမ်အပြင်မှာဖုန်းပြောနေပါတယ်။တစ်စွန်းတစ်စ ကြားတာကတော့ သူ့အမေက ရောင်းခိုင်းမှာ
မဟုတ်ကြောင်း၊ သူကိုယ်တိုင်ကလည်း မရောင်းရက်ကြောင်း စသဖြင့်တို့ပါပဲ။
ကျမစိတ်ထဲ ဂရေ ့စ်များတစ်ခုခုဖြစ်သလားထင့်သွားမိပါတယ်။ ဒါနဲ့ ဒီအမျိုးသမီးဖုန်းပြောပြီး
တာစောင့်လိုက်တယ်။
ကျမ။ ။ ဒီမှာရှင့်.. နှောင့်ယှက်ရတာတောင်းပန်ပါတယ်။ ဂရေ ့စ်နေကောင်းရဲ ့လားဟင်။
အမျိုးသမီး။ ။ ( ကြေကွဲစွာဖြင့်) အမေရယ် ပြီးခဲ့တဲ့ တစ်ပတ်က အိပ်ရာထဲမှာပဲ
ငြိမ်းငြိမ်းချမ်းချမ်းလေး ကွယ်လွန်သွားပါပြီရှင်။
ကျမ။ ။ အို… ကြားရတာ စိတ်မကောင်းလိုက်တာရှင်။ ကျမ မသိလို့ပါနော်။(ကျမ ဘာဆက်
ပြောရမှန်းမသိလောက်အောင် ဆို့နင့်သွားမိပါတယ်)
အမျိုးသမီး။ ။ အမေနဲ့သိလားဟင်။
ကျမ။ ။ ကျမတို့ စကားပြောဖြစ်ကြတာမကြာသေးပါဘူး။ တကယ်တော့ သူက ကျမကို
သူ့ ရှောက်သီးလက်ဆောင်ရလို့ စာရေးပြီးကျေးဇူးတင်သူ မှန်းတောင် သူ မသိရှာပါဘူး။
အမျိုးသမီး။ ။ (အံ့အော ဝမ်းသာစွာဖြင့်) အလို… အဲဒါ ရှင်ပါလား။ အမေလေ ခဏခဏ
ပြောနေတာ။ ရှင်စာရေးလိုက်တာကို သူဘယ်လောက် ကျေနပ်ဝမ်းသာနေတယ်ဆိုတာသာ
ရှင်သိရင် သိပ်သဘောကျမှာသေချာပါတယ်။ အမေသာ ရှင့်ကို စာပို့သူလို့သိသွားခဲ့ရင်
သူ သိပ်ပျော်သွားမှာပါပဲရှင်။
ကျမတို့ ဂရေ ့စ်အကြောင်းဆက်ပြောဖြစ်ခဲ့ကြပါတယ်။ကျမ ဂရေ ့စ်နာရေးပို့ပေးပြီးတဲ့နောက်
ကျမနဲ့ ဂရေ ့စ်သမီးဆယ်ရာ နဲ့ ဆွေမျိုးရင်းတွေလိုအရမ်းခင်သွားကြပါတယ်။
ဆယ်ရာ့ခမျာသူ့အဖေ အမေ မြတ်နိုးခဲ့တဲ့ ဒီမြေ ဒီခြံလေးကိုမရောင်းချင်ရှာပါဘူး။
ဒါကြောင့် နောက်ဆုံးမတော့ ကျမကပဲ ငှားယူလိုက်ပါတယ်။ ဘီလ်ရဲ ့ခြံလေးကို
ကျမ မပျက်စီးအောင်စောင့်ရှောက်ပေးခဲ့ပါတယ်။ နှစ်တိုင်းအသီးအနှံတွေကလည်း
အောင်မြင်လိုက်တာမှရှင်။
ဒီနေ့လေ ကျမ မနက်ကတည်းက အလုပ်တွေရှုပ်နေတယ် ။ ရုံးမသွားခင် ခြံရှေ ့
ကားလမ်းဘေးမှာရေပုံးအပြာရောင် ထဲကို အရည်ရွှမ်းရွှမ်း အသီးလှလှ ကောင်းပေ့ဆိုတဲ့
ခေါင်သီးတွေဖြစ်တဲ့ရှောက်ချိုသီးတွေထည့်၊ အိမ်နီးပါးချင်းတွေမြင်သာအောင်
လက်ရေးနဲ့ စာရွက်ထောင်၊ အသီးတွေ ပေါ်က ဖုန်တွေအမှုန်တွေပွတ်သပ်၊
အလုပ်ကိုစုံနေပါရော။ ဒီပုံးပြာလေးကို သွားချထားတဲ့အချိန် ကျမရင်ထဲ
ကျေနပ်နေမိပါတယ်။ ဂရေ ့စ်ကိုလည်းသတိရနေမိပါတယ်။
အော်… ကျမ ရေးလိုက်တဲ့ စာသားလေးက လေ၊
“အခမဲ့ပါ။ နှစ်ခြိုက်ရင်ယူသွားပါ ။ ဂရေ ့စ်နဲ့ ဘီလ်တို့အတွက် အမှတ်တရပါ”
မိတ်ဆွေအချင်းချင်း သီးပင်စားပင်တွေမျှဝေခံစားကြမယ်ဆိုရင် အဓွန့်ရှည်တည်တန့်တဲ့
ချစ်ခြင်းမေတ္တာတရားဟာ ဒီအသီးတွေ အပွင့်တွေကို ပိုလို့ဝေဆာစေပါတယ်။
ဆိုတဲ့ အတွေးလေးတွေကို ပွားပေးချင်တဲ့ စေတနာပါ။
(၂၀၁၂ ဧပြီလထုတ် Reader’s Digest: My Story; Veronica Dayman ရေးသားသော Lemon Essence ကို ကိုးကားပါသည်။)
44 comments
FattyCat
April 5, 2012 at 10:59 am
ကျေးဇူးတင်ပါတယ်…တီတီနုရယ်…ရင်နဲ့အမျှခံစားသွားပါတယ်…
kaung kin pyar
April 5, 2012 at 11:40 am
တကယ်ကိုကောင်းတဲ့ စိတ်အဟာရ ရသလေးပါ…။ သူတို့တွေရဲ့ စိတ်ကောင်းရှိမှု၊ ချစ်ခြင်းမေတ္တာတွေကို ဒီပိုစ့်မှာ တွေ့ရပါတယ်…။ ဒီပိုစ့်ကိုတင်ပေးတဲ့ TTNU ကိုလဲ ကျေးဇူးတင်ပါတယ်။ မြန်မာပြည်မှာလဲ ဒါမျိုးလေးတွေ လိုအပ်နေပါတယ်…။ ဒီစာကို ဖတ်နေရင်း ကောင်းကင်ပြာတစ်ခုတွေးမိပါတယ်…။ ဒီမှာသာ ဆိုရင်ရော….၊ ဒီလိုများ သစ်သီးတွေ ပိုနေခဲ့ရင် ဈေးမှာရောင်းစားမှာလား…(ကိုယ့်တစ်ပိုင်တစ်နိုင်ဝင်ငွေအတွက်ပါ…ဒီကလူတွေက စားဝတ်နေရေးခက်ခဲကြတယ်လေ..)၊ ဒါမှမဟုတ် ဒီလိုပုံးလေးနဲ့သာ ချပေးရင် ပုံးပါယူသွားမလား…(ကားဂိတ်တွေက ထိုင်ခုံတွေမရှိတော့တာကို မြင်ယောင်မိပါတယ်…)၊ ဒါမှမဟုတ် ဒီထဲကလိုပဲ စိတ်ချမ်းသာစရာလေး ဖြစ်သွားမလား…။ (မျှော်လင့်ကြည့်တာပါ….)
Thit Sar Lin
April 5, 2012 at 12:54 pm
ဖတ်ရင်းနဲ့တောင်မှ ခံစားရပါတယ်…
((သီးပင်စားပင်တွေမျှဝေခံစားကြမယ်ဆိုရင် အဓွန့်ရှည်တည်တန့်တဲ့
ချစ်ခြင်းမေတ္တာတရားဟာ ဒီအသီးတွေ အပွင့်တွေကို ပိုလို့ဝေဆာစေပါတယ်။)) တီချယ်ကြီးရဲ့အတွေးလေးကို နှစ်သက်သဘောကျမိပါတယ်…..
တီချယ်ကြီး…နှစ်သစ်သင်္ကြန်မှာစိတ်ချမ်းသာကိုယ်ကျန်းမာစွာ ပျော်ရွှင်မှုအပေါင်းနဲ့ခညောင်းပါစေ.လို့
… နှစ်သစ်မှာဆုမွန်ကောင်းတောင်းပေးလို်က်ပါတယ်…..
Khaing Khaing
April 5, 2012 at 1:04 pm
ကောင်းလိုက်တာ တီတီးနုရယ် အဲလိုစာလေးတွေဖတ်ရင် ရင်ထဲမှာ ဘယ်လိုခံစားရမှန်းကိုမသိဘူး ……….
blackchaw
April 5, 2012 at 1:34 pm
တီချယ်ကြီးရေ။
ဒီရက်ပိုင်း ရွာထဲကို ခဏလေးဖြစ်ဖြစ် ရောက်အောင်တောင်
မနည်းကြိုးစားနေရပါတယ်။
အလုပ်တွေ ပြည့်ကျပ်နေလို့ပါခင်ဗျာ။
အခု လည်း ပို့စ်လေးတော့ဖြစ်အောင်တင်မယ်ဆိုပြီး ဝင်လာရင်း
စိတ်ဓါတ်ကို ခွန်အားပေးတဲ့ တီချယ်ကြီးရဲ့ ပို့စ်လေးကို ဖတ်သွားပါတယ်ခင်ဗျာ။
ကျေးဇူးပါ။
TTNU
April 5, 2012 at 7:36 pm
ကိုချောရေ…
အလုပ်တွေများနေတာလား။
ချိုပေါ့ကျ ကတော့ ဖလားပဲနော်။
မဒမ်ချောရောနေကောင်းပါရဲ ့လား။
သတိရကြောင်းပြောပြပါ။
pooch
April 5, 2012 at 1:35 pm
teacher, miss my old days in native town , my grandmom and pa .
currently i’m miffed everything. got unhappy days because of something serious.. 🙁
now it’s a very important turning point ……….
i’d like to talk about it… maybe when i get back home after water festival.
really need your shoulder teacher… 😥
TTNU
April 5, 2012 at 7:41 pm
Dear,
Is everything OK?
Something serious?
Use my shoulder as much as you want. 😥 🙁 😥
Foreign Resident
April 6, 2012 at 3:59 am
ကြားရတာ စိတ်မကောင်းပါဘူး သမီးရယ် ။ 🙁
Swal Taw Ywet
April 8, 2012 at 1:08 am
Dear Sister, Pooch,
Please share our loving kindness to you and your surrounding.
Please try your best.
Wishing for you to be in good health and good wealth.
With respect,
Swal Taw Ywet.
Ma Ei
April 5, 2012 at 1:36 pm
ဖတ်ခွင့်ရလို့ကျေးဇူးပါတီတီနု…
အဲ့ဒီ လမ်းကလေးထဲကိုပြောင်းလာနေခွင့်ပြုပါရှင်…
ဗိုက်ကလေး
April 5, 2012 at 1:56 pm
တီချယ်ကြီး ဘာသာပြန် လွှတ်ကောင်းဗျာ
ထစ်မနေပဲ ပြေပြေပြစ်ပြစ်လေးဖတ်ရတာ အင်္ဂလိပ်စာကျွမ်းကျင်မှုနဲ ့ မြန်မာစာပြေပြစ်မှုကို သတ်သေပြတာပဲဗျို ့
အင်း..
ဆက်ပြီး အာချောင်ရရင်တော့..အဲနေရာမှာ ကျုပ်တို ့ဆို
နောက်ရက်တွေလဲ သွားပြီး ရှောက်သီးမရရင် ဂရေ့စ်ကို အပြစ်တင်ဖို ့လောက်ပဲသိမယ်ထင်ပါ့…စိတ်ဓာတ်..စိတ်ဓာတ်..ကြောက်ဖို ့ကောင်းပုံများပြောပါတယ်ဗျာ
Ma Ei
April 5, 2012 at 2:11 pm
ဗိုက်ကလေးရယ်…
သက်သေပါဟယ်…ပြောလိုက်မှဖြင့်…(သတ်သေပြတာပဲဗျို ့)
ဗိုက်ကလေး
April 5, 2012 at 3:50 pm
ဟီး..ဟီး..ချောဒီး ..ချောဒီး…တီချယ်ကြီး
TTNU
April 5, 2012 at 7:52 pm
ကိုဗိုက်ရေ…
(နာမည်ပြောင်းခေါ်ရတာ လူအသစ်ထပ်သိရသလိုပဲ..ဟွန်း)
ငါ့လို သနားစရာအဖွားအိုကို သတ်သေခိုင်းရသလား ကိုဗိုက်ရေ..
အို..ကိုဗိုက်ရဲ ့ 😥
ဂရေ ့စ်ကလေ သူမရှိတော့ရင် ကိုဗိုက်အတွက် ရှောက်သီးကုန်သွား
ရင် ပေးဖို့ ပုလင်းကြီး(၄) လုံးချန်ခဲ့တယ်။ ရှောက်ပေါင်းလျက်ဆားတစ်ပုလင်း၊
ရှောက်ရည်တစ်ပုလင်း၊ ရှောက်သီးဆေးပြားတစ်ပုလင်း၊ရှောက်ယိုတစ်ပုလင်း။
amatmin
April 5, 2012 at 2:14 pm
တီချယ်ရေ..မင်္ဂလာပါ
လေးစားစရာ မျှဝေမှု အကြောင်းလေးအတွက်ကျေးဇူးပါ..
တီချယ်ရဲ့ စေတနာအပြည့်နဲ့ စာသစ်သီးကို နှိုက်မြည်းရင်း ပါဆယ်ထုပ်သွားပါတယ်..
ကိုယ်တိုင် ဂရေ ့စ် လိုလူဖြစ်ဖို့ လည်း နိုင်သလောက်ကြိုးစားပါ့မယ်.လို့…
TTNU
April 5, 2012 at 7:56 pm
စာသစ်သီးကို နှိုက်မြည်းရင်း ပါဆယ်ထုပ်သွားတဲ့ အမတ်မင်းရေ…
လွှတ်တော်သွားတော့မယ်ပေါ့။ 😉
ကြိုးစားပါနော်။
ကျေးဇူးတင်ပါတယ်တော်။
ကိုပေါက်(မန္တလေး)
April 5, 2012 at 4:04 pm
အရာရာကို ငွေနှင့်သာတိုင်းတာနေကြရသော ကျနော်တို့အားလုံးသတိပြုစရာ
အတွက်မျှဝေခံစားခြင်းလေးပါကလား ဟရို့။
အလွန်တရာ…………………ကောင်း၏။
TTNU
April 5, 2012 at 8:03 pm
ကိုပေါက်ရေ…
မာမီခြံထဲကသရက်သီးတွေမှည့်ချိန်ကျရင်လာယူပါဦးနော်။
အလွန်တရာ………..ချို၏။
kai
April 5, 2012 at 4:05 pm
ောတင်ပိုင်းကယ်လီဖိုးနီးယား(SoCal)မှာ.. အဲလိုလိမ္မော်သီး.. ရှောက်ချိုသီး..သံပုရာသီး… နေရင်းထိုင်ရင်း စွတ်သီးနေတတ်ပါတယ်..။
တခါသီးအလုံးရာချီတာမို့.. အဲဒါကိုခူးပြီး.. အိမ်ရှေ့မှာ ကြိုက်သူယူဖို့.. ထားထားကြတာလည်းမြင်ဖူးပါတယ်.။
မြန်မာတွေခြံတွေထဲမလည်း.. အပင်ရှိတာမို့.. အသီးသီးရင်.. ကားပေါ်တင်.. ခင်တဲ့သူတွေ.. မိတ်ဆွေတွေ.. လက်ဆောင်ပေးကြတာပါ..။ အယ်လ်အေရဲ့.. ဓလေ့လိုဖြစ်နေတာပေါ့..။
အဟမ်း..
ပြီးခဲ့တဲ့..၂ပါတ်ကတင်.. ရှောက်ချိုသီး(အစေ့မပါ) အလုံး၃ဆယ်လောက်.. ကျွတ်ကျွတ်အိ်ပ်နဲ့.. လက်ဆောင်ရတယ်..။
မကုန်နိုင်မှန်းသိတာမို့.. မြန်မာတွေစုတတ်တဲ့.. မြန်မာစာသင်တဲ့.. အောင်ဇေခန်းမမှာ.. ပင်ပေါင်ရိုက်နေသူတွေစားဖို့.. ၃ပုံပုံပြီး.. ၂ပုံ.. စားပေါ်ပေါ်တင်ပြီး.. ပြန်ဝေထားခဲ့တယ်..
အဲဒါ…
ပေးတဲ့သူကို.. ကျေးဇူးတင်ကြောင်းလေး..ပြောရင်း. ကျေးဇူးမေတ္တာတွေ.. ပြန်မျှဝေလိုက်ပါတယ်လို့.. အခုမှ…အသိပေးလိုက်ပါတယ်နော…
တီချယ်စာဖတ်ပြီး.. သတိရသွားလို့…
စကားအတင်းစပ်..
သံပုရာသီး..ကျွတ်ကျွတ်အိပ်တအိပ်စာ အလုံး ၂-၃ဆယ်လောက်ရဖူးတယ်.။
အဲဒီအခါကျ.. ဒုက္ခရောက်ဖူးပါတယ်..။
Ma Ei
April 5, 2012 at 4:33 pm
သူကြီးဒုက္ခမရောက်အောင်…
သံပုရာသီး အလုံး ၂-၃ဆယ်လောက်များ လေးစိပ်ကွဲ အရာလေးပေး ဆားနဲနဲ နဲ့နယ်
ပုလင်းတစ်လုံးထဲသိပ်ထားလိုက် နပ်သွားရင် ကြက်သွန်နီ ငရုတ်စိမ်းလေး ဆီလေးဆမ်း
သုပ်စားစား… ။သပုရာသီးသနပ်လုပ်စားစား ကြာကြာထား စားလို့ရပါတယ်…
TTNU
April 5, 2012 at 8:18 pm
ကိုခိုင်ရေ…
ပင်ပေါင်ကစားနေသူတွေကတော့ အမောပြေစားရလို့
ကျေးဇူးတွေတင်သွားမှာပဲနော်။
အောင်ဇေခန်းမ မှာပင်ပေါင်ရိုက်နေကြတဲ့ပုံတီချာမြင်ဖူးတယ်။
တီချာမောင်လေးက Baldwin Park မှာနေတယ်လေ။
ကိုခိုင်တို့ သက်မွန်မြင့် လက်ဆောင်ပေးနေတာလားလေ။
အဲဒီနေ့က မောင်လေးတို့လည်း သက်မွန်မြင့်နဲ့ရိုက်ထားတာတွေ့တယ်။
သံပုရာသီးဆိုရင် မအိပြောသလို သံပုရာသီးသနပ်လုပ်ထားရင်စားရောပဲလေ။
ဒါမှမဟုတ် သံပုရာရည်ချိုချိုအေးအေးလေး ဆိုပြီးဖျော်သောက်ပေါ့၊ Vitamin C
ကောင်းမှကောင်း။ ပြီးတော့ သံပုရာခြမ်းနဲ့ လက်တွေခြေတွေ မဲကွက်နေတာရှိရင်
ပွတ်ရသတဲ့။
ဆရာမဆရာလုပ်နေတာဆရာမကြိုက်ရင်ဆရာမလုပ်တော့ဘူးနော်။ 😛
နေဝန်းနီ
April 5, 2012 at 9:09 pm
တီချာရေ့…။ ရေနွေးပူပူ အဖုံးပါမတ်ခွက်ထဲထည့်ပြီး သံပုရာသီး လေးစိတ်စိတ် အရည်ညှစ်ထည့် ပြီးရင် အစေ့ကော အခွံ့ ပါထည့်စိမ်ထားပြီး အအေးခံသောက်ရင် သွေးတိုးရောဂါကို ကျစေနိုင်ပါတယ်….။ ပြီးတော့ အဲဒိသံပုရာ အခွံ တွေကို အရက်အသောက်များပြီး ဖောသွပ်သွပ်ဖြစ်နေတဲ့ မျက်နှာကို ပွတ်တိုက်ပေးရင် အဖော ကျစေပါတယ်…။
ကျွန်တော်တို့ မြန်မာပြည်မှာတော့ အဲဒိလို စာရေးထောင်ပြီးထားရင် ဦးဆုံးတွေ့တဲ့သူက အကုန်မသွားမှာသေချာတယ်…။ တီချာ မယုံရင် စမ်းကြည့်လိုက်ပါ့လား…။ 😛
တစ်ကယ်ပြောတာ အဲဒိစိတ်ဓါတ်တွေ ပြောင်းဖို့ အတော် အချိန်ပေး လေ့ကျင့်ရဦးမှာ …. ဝမ်းနည်းပါ၏…။
TTNU
April 5, 2012 at 10:05 pm
ဆရာနေရေ…
ဟုတ်တယ်၊ ဟုတ်တယ်။
အဲဒါ တီချာကြားဖူးတယ်။
သွေးတိုးအတွက် သိပ်အသုံးဝင်သတဲ့။
အရက်ဖောတာတော့ တိုက်မကြည့်မိသေးဘူး။
အဲလေ..ယောင်လို့။ တီချာ တို့ သုံးစရာမလိုဘူးပဲ။ 😛
ဆရာနေရေ…ငရဲကြီးချင်စရာပြောရဦးမယ်သိလား။
မယ်သီလတွေ ဆန်ခွက်ရယ်၊ဇွန်းရယ်ချထားရင်၊
တစ်ပါးတည်းက အကုန်သွန်သွားလို့ ကိုယ်တိုင်စောင့်လောင်းရတော့တာပါဆို။
kai
April 6, 2012 at 12:02 am
ဟုတ်ပါတယ်..။
အဲဒီမှာ.. စနေ၊တနင်္ဂနွေ.. မှာပင်ပေါင်ရိုက်ကြတယ်..
တနင်္ဂနွေက.. ကလေးတွေမြန်မာစာသင်တန်းလည်းရှိတယ်လေ..။
အောင်ဇေခန်းမနာမည်က.. ဆရာကြီးမောင်သာရပေးသွားတာပါ..
ဆရာမကြီးက..ဆရာမို့.. ဆရာမပြနည်းမကျ.. အရေးအရာတွေမြင်ရင်..ရေရေရာရာဖြစ်အောင်.. ဆရာလုပ်ပြစေချင်ပါတယ်..။ 😆
Shwe Tike Soe
April 5, 2012 at 4:50 pm
ဖတ်ပြီးအားပေးသွားပါတယ်ခင်ဗျာ.. အရမ်းကောင်းတဲ့ ရသစာပေလေးပါ… ထပ်တူထပ်မျှခံစားလိုက်ရပါတယ်ဗျာ… 😀
TTNU
April 5, 2012 at 6:52 pm
Fatty Cat ရေ…
ပွဲဦးထွက် စာဖတ်သူအဖြစ် ကျေးဇူးတင်ပါတယ်နော်။
ကောင်းကင်ပြာရေ…
တီချာ လက်လှမ်းမှီသမျှ ပြောရမယ်ဆိုရင်တော့
ကိုယ့်အိမ်ကအသီးအနှံလေးတွေ အိမ်နီးပါးချင်းတွေကို
ကိုယ်တိုင်သွားပို့လက်ဆောင်ပေးလေ့ရှိကြပါတယ်။
အပြင်မှာ အခုလို ချပေးထားရင် မြန်မာစိတ်ကိုက
ဟန်ကြီးပန်ကြီးနိုင်တတ်ပါတယ်။ ယူမစားတတ်ကြပါဘူး။
ဒါပေမဲ့ တီချာကတော့ အိမ်ရှေ ့က ပိတောက်ပြာပင်ရဲ ့ ပင်စည်မှာ
သံတစ်ချောင်းရိုက်ထားတယ်။ လက်ဆောင်အဖြစ် အိမ်နီးနားချင်းကို
သွားပေးလောက်အောင်လည်းမများ၊ သိပ်လည်းမလှဘူးထင်ရင်
ပလတ်စတစ်အိပ်သန့်သန့်လေးနဲ့သေချာထုပ်ပြီး ဒီသံငုတ်မှာ
ချိတ်ထားလိုက်ပါတယ်။ ဒီထက် ပိုညံ့တဲ့ ထမင်းဟင်းအကျန်ကိုတော့
ကြောင်စာခွေးစာနေရာမှာပုံလိုက်ပါတယ်။
ကောင်းကင်ပြာပြောတဲ့ ကားဂိတ်ကခုံလေးတွေလိုပဲ ကြောင်စာခွေးစာခွက်တွေ
ခဏခဏ ပါသွားတတ်တာတော့ စိတ်နည်းနည်းတိုစရာကောင်းပါတယ်။
သစ္စာလင်းရေ…
နှစ်သစ်ဆုတောင်းလေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်။
တီချာတို့အရွယ်မှာ တကယ်လိုနေတာက ဒီလိုမေတ္တာဆုတောင်းပါကွယ်။
TTNU
April 5, 2012 at 7:32 pm
Khaing Khaing ရေ …
ကျေးဇူးတင်ပါတယ်ကွယ်။
Ma Ei ရေ..
လမ်းလေးကကြိုနေပါတယ်နော်။ 🙂
ရွှေတိုက်စိုးရေ…
ဖတ်ကူပေးလို့ ကျေးဇူး၊ ခံစားပေးလို့ကျေးဇူး။ 😛
Khin Latt
April 5, 2012 at 8:20 pm
တီချာကြီးရှင့်
အရမ်းကို လှပ တဲ့ ဇာတ်လမ်းလေး က တီချယ်ကြီး ရဲ့ ဘာသာပြန် မှာ ပိုပြီး တင့်တယ်သွားပါတယ်။
ကျွန်မငယ်ငယ်တုန်း က ဒီလိုအနောက်တိုင်း နိုင်ငံတွေ ဟာ တစ်ယောက်ကိုတစ်ယောက် ဂရုမစိုက်ကြ နွေးထွေးမှု မရှိဘူးကြ ဘူး၊
ကိုယ့်ပြည်ကသာ မေတ္တာတရား၊ ဗြဟ္မစိုတရား နဲ့ ပြည့်ဝတယ် ဆိုတာကြီး က ခေါင်းထဲဘယ်လို ရောက်နေခဲ့လဲ မသိဘူး။
တကယ်တော့ အနောက်တိုင်းတွေ မှာလဲ လူလူချင်းစာနာတတ်သူတွေ၊ ရိုင်းပင်းကူညီတတ်သူတွေ အပြည့်ပါဘဲ။
ဒါပေမဲ့ သူ့စည်းကိုယ့်စည်း ရှိပါတယ်။ ဒီတော့ တစ်မျိုး နေလို့ ပိုပြီး ကောင်းပါတယ်။
ကျွန်မတို့ လဲ အိမ်မှာ နွေဖက်ဆို ပဲသီးတွေ နဲ့ ကော့ဂျက် လို့ ခေါ်တဲ့ ခဝဲသီးလိုမျိုးအပင် စိုက်တယ်။
သီးရင် အများကြီးမို့ အိမ်နီးချင်းတွေ ဝေလေ့ ရှိပါတယ်။
အနားမှာ ပင်စင်စား အဖိုးကြီး၊ အဖွားကြီး တွေများတယ်။
သူတို့ က အရမ်းချစ်ဖို့ကောင်းကြပါတယ်။
ကျွန်မ တို့ အားလုံးလဲ တီချယ်ကြီး ရဲ့ “Reminder စာလေးများမှ တစ်ဆင့်” တီချယ်ကြီး ရဲ့ မေတ္တာကို ရကြပါတယ်။
ကျေးဇူးပါဘဲ တီချယ်ကြီးရှင့်။ 🙂
TTNU
April 5, 2012 at 8:58 pm
မလတ်ရေ…
သူ့စည်းကိုယ့်စည်းရှိရှိ
ဂရုတစိုက်နွေးထွေးကြတာ
တကယ်ချစ်စရာကောင်းတယ်နော်။
တီချယ်ကြီး ရဲ့ မေတ္တာကို ခံယူပေးတာ
ကျေးဇူးတင်ပါတယ်ကွယ်။
ကိုပေါက်(မန္တလေး)
April 5, 2012 at 10:26 pm
မာမီ ရေ
မှည့်သည်ဖြစ်စေ မမှည့်သည်ဖြစ်စေ သင်္ကြန်ပြီးတာနဲ့သရက်သီးလာယူမှာနော်။
ပြီးရင် ကျနော့်ရဲ့မလှပသော ခပ်သော့သော့လက်ရေးနဲ့ရေးထားတဲ့စာလေးကို သရက်ပင်မှာချိတ်ပေးသွားပါမည်။
MaMa
April 5, 2012 at 10:34 pm
တီချာရေ-
ရှောက်သီးလေးတွေဆိုတော့ ချဉ်မှာပဲလို့ ထင်ပြီး ဖတ်ကြည့်လိုက်တာ
ချိုမြိန်သော အရသာကို ရရှိခံစားသွားရပါကြောင်း 🙂
surmi
April 6, 2012 at 1:07 am
စိတ်ချမ်းမြေ.ကြည်နူးမှုတွေလိုချင်ရင်၊ ကိုယ်ကအရင်ပေးတတ်ရတယ်လို. ရင်ထဲအထိမှတ်မိသွားပါပြီ ။
အကျိုးမမျှော်တဲ.အလှုကပိုမွန်မြတ်တယ်လို.လဲ မှတ်ယူမိပါတယ် ။ မဖေါ်ပြနိုင်တဲ. ခံစားမှုလေးတစ်ခုက
အိပ်ယာထဲထိ ပါလာဦးမှာဘဲ …. ကြည်နူးခြင်းလား ….ဝမ်းမြောက်ခြင်းလား ….ဝမ်းနည်းမှု လား……
ဘာမှန်းမသိ ….နာမည်တတ်လို.မရ ……ရင်ထဲမှာ ရှတတ လေး ……
ဆရာမကြီးရေ …….ည (၁)နာရီလည်းထိုးပြီ ။ အိမ်မက်မြစ်ထဲ သယ်ဆောင်သွားပါရစေ …….။
cherry phyu
April 6, 2012 at 2:34 am
တီချာရေ ဖတ်ပြီးတော့ စိတ်ထဲမှာပီတိဖြစ်မိတယ်။ ကိုယ့်မျက်စိရှေ့မှာ မြင်နေရသလိုပဲ ဘာသာပြန်အရမ်းကောင်းတယ်။ နောက်ထပ်လဲ ဒီလိုနှလုံးသားအဟာရစာတွေ ထပ်တင်ပေးပါ။
Foreign Resident
April 6, 2012 at 4:35 am
တီချာနုရေ
ကျွန်တော်တို့ ခြံအစပ်ထောင့် မှာလည်း Blackberry ပင် အကြီးကြီး ရှိတယ် ။
တဝက်က ခြံထဲရောက် တဝက်က ခြံပြင်ရောက်ပေါ့လေ ။
မမှည့်ခင်မှာ နီတယ် ချဉ်ပြုံးပြုံး နှင့် မှည့်ရင် နက်သွားပြီး တအားချိုတယ် ။
အင်္ကျ ီ တော့ စွန်းတတ်တယ် ။
သီးတဲ့ရာသီဆို တနေကုန် အပင်ပေါ်မှာ အရွယ်စုံ ကလေးတွေ တရုန်းရုန်းနဲ့ ။
အပျိုပေါက်လေးတွေလဲပါ ၊ အပျိုပေါက်တွေ ရှိတော့ လူပျိုပေါက်တွေလဲ ရောက်လာ ။
တချို့ ဆင်းရဲပုံရတဲ့ လူကြီးတွေဆို ခြင်းလေးနှင့်ပါ လာခူးတာ ။
လူအုံလွန်းလို့ ဆေးသမားတွေ ခိုမှာစိုးလို့ မိန်းမက ခုတ်ပစ်ချင်တယ် ။
ကျွန်တော်ကတော့ မခုတ်ချင်ဘူး ရပ်ကွက်ထဲက ကလေးတွေ
ပျော်ပါစေ ဆိုပြီး လွှတ်ပေးထားတယ် ။
TTNU
April 6, 2012 at 1:48 pm
ဆရာFR ရေ…
“ကျွန်တော်ကတော့ မခုတ်ချင်ဘူး ရပ်ကွက်ထဲက ကလေးတွေ
ပျော်ပါစေ ဆိုပြီး လွှတ်ပေးထားတယ်”
That’s very thoughtful of you! I was touched.
ဒါထက်ဆရာရေ.. Blackberry အရသာက သပြေသီးအရသာမျိုး
ဟုတ်တယ် မဟုတ်လားဟင်။ ကျမတို့ အောက်ပြည်အောက်ရွာက
ဝါဆိုဝါခေါင်ရေဖောင်ဖောင်၊ သပြေသီးမှည့်ကောက်ရအောင် လေ။
ဘလက်ဘယ်ရီကတော့ အသီးသေးမလားပဲနော်။
Foreign Resident
April 6, 2012 at 2:27 pm
တီချာနုရေ
Black Berry ပုံကို အဲဒီမှာကြည့်လို့ရတယ် ။
—http://en.wikipedia.org/wiki/Blackberry—
အခုစဉ်းစားကြည့်တော့ သပြေသီးအရသာ နှင့် ပုံစံ ကို ကျနော် မေ့နေပြီ ။
ဆောဒီး ။ 😛
ဖားသက်ပြင်း
April 6, 2012 at 6:49 am
မိတ်ကင်း စတိုရီ ….ဖစ်တွားဘီ ….
ဘလော့ဂ်မှာရေး .. အွန်လိုင်းမှာ လေလံနဲ့ရောင်း…
အောင်မယ်ငီး မီလျံ ဘစ်ဇနက်စ် ကို
ဘောက်မဲ့ကြောင့် အလကား ပေးရတာတုန်း…
ဂရေ့စ်နဲ့ ဘီလ် တို့ ရဲ့ ကလပ်စစ်ကယ်လ် အိပ်စတွမ်းင် ရှောက်သီးများဆို
ရောင်းကောင်းဦးမှာ မြင်ယောင်သေး…
ဟီး….
လက်မထောင် အားပေးသွားပါတယ် တီချာကြီးရေ…
မာကတ္တာပီပီ ..ယုတ်မာသွားတာတော့ …ခွင့်လွှတ်ပေးပါ…
ခင်တဲ့ ဂီ
TTNU
April 6, 2012 at 1:58 pm
မောင်ဂီ(ခေါ်) မာကတ္တာရေ…
မာကက်တွေရော
ဆေးလ်စ် တွေရော
အကုန်ရော ပညာတွေ စုံတကာနှောနေတဲ့ လူကလေး
တို့များတော့ နားမလည်ပေါင်
ဖတ်ရင်းနဲ့ စိတ်တောင်ကြောင်လာသေး။
မောင်ဂီရေ..အခုနေ.. ဘီလ်ဂိတ်က မန ္တလေးက
ဒီအဖွားကြီးသနားပါတယ်၊အရောင်းအဝယ်လုပ်စားဆိုပြီး
ယူရို ဘီလီယမ်နဲ့ချီပေးတောင်မှ ဘာမှမလုပ်တတ်လို့
ပြန်ပေးရမဲ့ သဘောဖြစ်နေတယ်တော်။ 😆
TTNU
April 6, 2012 at 1:40 pm
ကိုပေါက်ရေ…
သင်္ကြန်ပြီးရင် ဆွတ်လို့ရလောက်ပြီ။ ဆွမ်းတော်တင်ဖို့လာယူပါနော်။
မမရေ…
FB မှာcomment ပြန်ထားတယ်။ဖတ်လိုက်ဦးနော်။
ရှောက်သီးချိုချိုလေးတွေစားပြီး အားရှိပါစေ။
Surmi ရေ…
အိမ်မက်မြစ်ထဲ သယ်ဆောင်သွားတဲ့ ရှတတ ခံစားမှုလေးနဲ့
အိပ်လို့ပျော်ပါစေ။
ချယ်ရီဖြူရေ…
တီချာစာဖတ်ပြီးပီတိခံစားရတယ်ဆိုလို့
ဝမ်းသာပါကြောင်းနော်။
ကြောင်ကြီး
April 7, 2012 at 11:14 pm
Baldwin Park မှာနေဓဲ့ တီချယ်ကြီးတူမလေးနဲ့ ကြောင်ကြီးကို ပေးဈားမလား..။ ရွာအဝင်မှာ ကြောင်ကြီးတကောင် လာယူမည့်သူကို မျှော်နေဒယ်…။ အခမဲ့ပါ…။ 😳
TTNU
April 8, 2012 at 10:56 am
ကိုကြီးကြောင်ရေ…
တီချာတို့ ငယ်ငယ်တုန်းက ဆိုဖူးတဲ့ ကလေးကဗျာလေးသွားသတိရမိတယ်။
“ကြွက်တစ်ကောင် ၆မူး ..
ကြောင်တစ်ကောင် ၆မူး…
ကြောင်နဲ့ကြွက်နဲ့ တံခါးပိတ်… ဂျိတ်! ” 😛
အခုတော့ FOC ကြောင်ကြီးပေါ့လေ။ Meow…. Meow…. Meow….
Win Ko
April 8, 2012 at 8:51 pm
felt something in my heart, thanks for posting it.
TTNU
April 8, 2012 at 9:04 pm
ကိုဝင်းကိုရေ…
စာတွေလာဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။
ခံစားသွားရတာ မေတ္တာဓာတ်ခံ ရှိလို့ပါနော်။
ခင်မင်တဲ့
တီချာ