အပျော်ပေါ် အပြုံးဆင့် ပီတိနှင့် …

Ma EiApril 6, 20123min25927

ဖယောင်းလမ်းကိုဖြတ်ကျော်ပျော်မြူးခဲ့ရပြီးနောက်

သင်္ကြန်နီးလာလို့ကြိုတင်တွေးပျော်နေကြတဲ့ သူများနဲ့

ရွာသူ၊ရွာသားများအတွက် အပျော်ပေါ် အပြုံးဆင့် ပီတိဖြစ်ရအောင်

ခြံထဲက ပန်းကလေးတွေ ပုံလေးတွေတင်ပေးလိုက်ပါတယ်…

မနက်ခင်းတိုင်း ပန်းကလေးတွေကြည့်ပြီးပီတိဖြစ်ရတာမို့မျှဝေခံစားကြရအောင်ပါ….

1.ရွှေသစ္စာပန်း အငုံလေး ဖြတ်ခနဲ ပွင့်သွားတာ စောင့်ကြည့်ပြီးပျော်ရတယ်…သမီးလေးဆို သူ့ကိုသွားသွား တို့တယ်…

 

2.အခိုင်လိုက်ပွင့်တဲ့ မလေးရှားစကား…

 

3.နှစ်ထပ်သုံးထပ်လဲ ပွင့်တတ်တဲ့ white kiss me …
4. အပွင့်ရင့်ရင့် ထဲကလဲ အပင်ပေါက်တယ်…

 

5.နှစ်ရောင်ဖြစ်အောင် ရိုက်ထားတာ…
6.တစ်ပွင့်ပြီးတစ်ပွင့် ပွင့်နေတဲ့ ပန်းရောင်နုနု နှင်းဆီ…
7. စပါယ်ဖြူလေး တစ်ခိုင်…

 

8.စင်္ကြာပန်းပင်ပုပုလေး…
9.လိပ်ပြာဂမုန်း လို့လဲခေါ်တဲ့ ဇော်ဂျီမုတ်ဆိတ် ဂမုန်းပွင့်...
10.အဆုပ်လိုက်ပွင့်တဲ့ ထားဝယ်မှိုင်းပွင့်လေးတွေ…
11.ပန်းစုံအောင်တင်လာခဲ့တယ်…

 

  1. ကနေ 9. အထိက ခြံထဲမှာစိုက်ထားတဲ့ ပန်းကလေးတွေပါ…တစ်ခြား ပန်းတွေ၊ဂမုန်းတွေလဲ ရှိပါသေးတယ်…

10. နဲ့  11 ကတော့ Chatrium Hotel မှာ မိတ်ဆွေ ညီမလေးတစ်ယောက်ရဲ့ Wedding Dinner  သွားရင်းရိုက်ခဲ့တာပါ…

ပန်းစက်ဘီးလေး သဘောကျလို့ ရွာသူလေးတွေ အတွက်လက်ဆောင်ပါရှင်…

အားလုံးဘဲ အပျော်ပေါ် အပြုံးဆင့် ပီတိနှင့်ဘဝ ခရီးဆက်နိုင်ကြပါစေ…

27 comments

  • ဗိုက်ကလေး

    April 6, 2012 at 2:25 pm

    စင်္ကြာပန်းပင် ပုပုလေး လိုချင်တယ် ဂျီးဒေါ်ရေ
    ကျုပ်တဘဲ့ မောင်ပေ့ကို လွှတ်ပြီး ခိုးခိုင်းလိုက်ပါ့မယ်
    😀

  • Ma Ei

    April 6, 2012 at 2:39 pm

    သစ်ခွအိုးတွေ ပျောက်ကုန်တာ
    ဒင်းတို့လက်ချက်များလားနော်…

  • Mon Kit

    April 6, 2012 at 2:45 pm

    စံပယ်ဖြူလေးကို ချစ်လိုက်တာကွယ်…..
    နေ့တိုင်း မနက်ခင်းတိုင်း ဒီလိုသာ ပန်းပွင့်မျိုးစုံကို ကြည့်.. ကြည်နှူးရရင် တစ်နေ့တာ ဘဝခရီး ကို ကျက်သရေရှိရှိ လျှောက်လှမ်းနိုင်မှာပါ…
    ပုံလေးတွေ ကြည့်ပီး အမောအပန်းတွေ ပြေပျောက်သွားပါတယ်…

    • Ma Ei

      April 9, 2012 at 2:14 pm

      Mon Kit …စံပယ်ဖြူလေးချစ်တဲ့မွန်ကစ်လဲ မနက်ခင်းတိုင်း
      ချစ်သူနဲ့အတူ ပန်းပွင့်မျိုးစုံကိုကြည့်ပြီး ကြည်နူးစရာ ဘဝခရီး ကို
      အမြန်ဆုံး လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်…

  • ကိုရင်မောင်

    April 6, 2012 at 3:53 pm

    ဂိဂိရေ…ခင်ဗျားလက်ရာကိုအံတုတဲ့လက်ရာတွေပါလား….
    တော်တော်ကောင်းတဲ့ကင်မရာနဲ့ရိုက်ထားတာသိသာတယ်နော်….

    • Ma Ei

      April 9, 2012 at 3:52 pm

      ဂီဂီ ကြားရင် စိတ်ဆိုးပါ့မယ် ကိုရင်မောင်ရေ…
      ရွာထဲက ဆရာများကို မမှီပါရှင်…အမြင်လှရင်ခလုတ်နှိပ်လိုက်တဲ့ အဆင့်ပါ…
      Camera က Canon Power Shot A 2200 HD လေးပါ…
      စာဖတ်သူဘဝက ရွာထဲက စာတွေ ဓါတ်ပုံတွေ အကြောင်းအိမ်မှာပြန်ပြောနေကြလေ..အိတ်ထဲမှာ
      Camera အသေးလေးတစ်လုံးထားပြီး မြင်တွေ့သမျှ တင်ပြချင်လိုက်တာလို့
      ပြောမိလို့ ရွာသူဖြစ်တဲ့အချိန်နဲ့ကြုံတဲ့ February မှာပေးတဲ့ အိမ်ကလူရဲ့
      လက်ဆောင်ပါ…Post လေးတစ်ခုအနေနဲ့ တင်ပါအုံးမယ်…နောက်မှပါ…

      • koaung

        April 9, 2012 at 3:56 pm

        ဒါ့ပုံတွေကအယူအဆကောင်းလှပါ၏ ကင်မရာ့ကလဲကောင်းဆိုဒေါ့ အကောင်းတွေပါဘဲဗျာ

        • Ma Ei

          April 9, 2012 at 4:02 pm

          အားပေးတာ ကျေးဇူးပါ…
          ဆက်ရိုက်လို့ဖြစ်တယ်ပေါ့နော်…

  • pooch

    April 6, 2012 at 4:27 pm

    မအိ ဇော်ဂျီမုတ်ဆိတ်က သစ်ခွတမျိုးပဲနော်။ သူကလည်း ပွင့်တာ ဆန်းပြီး လှတယ်။ ပန်းချစ်သူထင်ပါရဲ့။
    အမျိုးကို စုံလို့။

    • Ma Ei

      April 9, 2012 at 3:58 pm

      Pooch လေးရေ ဇော်ဂျီမုတ်ဆိတ်က ဂမုန်းတစ်မျိုးပါ…
      ခုပွင့်ကာစမို့ စိမ်းနေတာ ကြာရင် အနက်ရောင်ဖြစ်ပြီး ပိုလှပါတယ်…
      အိမ်မှာ ပန်းပင် ဂမုန်းပင် စုံပါတယ်…ရှမ်နံနံလေးတွေတောင် ချက်ပြီးကျန်တဲ့
      ပင်စည်လေးတွေ ပန်းအိုးထဲစိုက်ထားတာ ရှင်နေတယ်…
      ပန်းကလေးတွေ ချစ်တာတော့ အမှန်ဘဲ မိန်းမသားပေကိုး…

  • Tin Tin

    April 6, 2012 at 5:30 pm

    မအိ ရေ ပန်းလေးတွေကို မြင်ရလို့ စိတ်ချမ်းသာလိုက်တာ..
    မနက်တိုင်းပန်းတွေပွင့်နေတာကို တွေ့ရင်ပျော်တယ်၊ ခူးလဲမခူးရက်ဘူး၊
    ဒါပေမဲ့စံပယ်ကြက်ရုံးတွေပွင့်ရင်တော့ လို်က်ခူးရတာပျော်စရာကြီး၊ ကျမတို့ ခြံထဲမှာစံပယ်ရုံလေး ရှိတယ်လေ။
    မအိနှင့်အတူ ရွာသူရွာသားတွေအားလုံးသင်္ကြန်မှာ ကျန်းမာပျော်ရွှင်ကြပါစေနော်……

    • Ma Ei

      April 9, 2012 at 4:24 pm

      ဒီနှစ် စပါယ်လေးတွေအပွင့်နည်းတယ်…5..6…ခိုင်လောက်ပဲပွင့်တယ်…
      တောစပါယ်လေးတွေတော့ ရုံလိုက်ဘဲ…အိမ်မှာက မခူးတာများတယ်…
      တင်တင်လဲ ကျန်းမာပျော်ရွှင်ကြပါစေနော်……

  • aye.kk

    April 6, 2012 at 8:00 pm

    မအိ..
    ပန်းလေးတွေကလှ၊လက်ရာတွေကကြွ၊မြင်ရတာနဲ ့တင်စိတ်ကြည်နှူးမိပါသည်။
    ပန်းတွေလိုလှပြီးကိုယ်သင်းရနံ ့တွေမွှေးပါစေလို ့ဆုတောင်းမေတ္တာပို ့လိုက်ပါတယ်နော်..။
    ပန်းများကိုချစ်တဲ့..
    အန်တီအေး..။။

    • Ma Ei

      April 9, 2012 at 4:33 pm

      ပန်းရနံ့ ကိုချစ်တဲ့ ပန်းလေးတွေကို ချစ်တဲ့သူမို့
      မအေးရဲ့ ဆုတောင်းလေးကို နှစ်ချိုက်စွာနဲ့ လက်ခံပါရစေ…
      ကျေးဇူးအထူးပါ…

  • MaMa

    April 6, 2012 at 8:46 pm

    မအိရေ-
    အပေါ်ဆုံးက ရွှေသစ္စာပန်းလေးက ရှားပါးမျိုးလေး ထင်တယ်။
    အဖူးတွေ အများကြီးနဲ့ ပန်းနုရောင်နှင်းဆီလေးကိုလည်း သွားရည်ကျသွားပါရဲ့။
    အဲဒီပန်းမျိုးလေး ရနိုင်ရင် လိုချင်သား။
    ပန်းကြည့်လာတဲ့သူကို ပြောင်းဖူးကော်ပြန့်နဲ့ ဧည့်ခံမယ်ဆိုရင်တော့ ဂွတ်ရှယ်ပဲ။ :mrgreen:

    • Ma Ei

      April 9, 2012 at 4:53 pm

      ရွှေသစ္စာပန်းလေးတွေက ပွားလွယ်ပါတယ်…
      တစ်ပွင့်ခြင်းစီရဲ့ အဆစ်လေးကနေ အပင်တစ်ပင်ပေါက်ပါတယ်…
      ပန်းရောင်နုနှင်းဆီ လေးလဲ အဖူးတွေအများကြီးဘဲ…ပျိုးထားကြည့်ပါမယ်…
      ရွာထဲမတော့ နတ်တွေလိုဘဲနော်…ပုံကြည့်ပြီး လက်ဆောင်ပေးလို့ရ ယူလို့ရ…
      ပုံကြည့်ပြီး အစားကျွေးလို့ရ စားလို့ရ ပျော်စရာကြီးနော်…

  • metallic

    April 7, 2012 at 6:32 pm

    ၁ ၊ရ ၊ ၈ ကြိုက်၏
    ၁ တော်တော်ကြိုက်၏
    ကျေးဇူးပါ။

  • alinsett

    April 7, 2012 at 7:59 pm

    မအိရေ…. လှပပြီး..ကြည်လိုက်သူကို စိတ်ရွှင်လန်းစေတဲ ့ပန်းကလေးတွေ.ကို မျှဝေပေးလို ့ကျေးဇူးပါ ။

    • Ma Ei

      April 9, 2012 at 5:03 pm

      ကိုပေါက်…
      metallic…
      Alinsett…

      ရွှေသစ္စာ ပန်းလေးတွေက အတော်လှပါတယ်…
      ဒီနေ့လည်းပွင်နေတာ အများကြီးပါဘဲ…
      ပန်းကလေးတွေရိုက်ထားသေးတယ်…
      နောက်မှတင်ပါ့မယ်…Post လေးတွေတစ်မျိုးစီတင်ခြင်လို့ပါ…
      အားပေးတဲ့ အတွက်ကျေးဇူးပါရှင်…

  • Khin Latt

    April 8, 2012 at 3:29 am

    မအိရေ

    သမီးလေးတို့တတ်တဲ့ ရွှေသစ္စာပန်း ဆိုတာကို မမြင်ဖူးဘူး ထင်ရဲ့။

    စင်္ကြာပန်းလေးတွေ ကို မြင်လိုက်တော့ ငယ်တုန်းက တစ်ပွင့်နဲ့ တစ်ပွင့် ကို ရိုးတံ လေးတွေ နဲ့ ဆက်ပြီး ပန်းကုံး လေးတွေ လုပ်ခဲ့တာကို သတိရသွားတယ်။
    အဲဒီပန်းရဲ့ အနံ့လေးကလဲ သင်းသင်းလေး မဟုတ်လား။

    ပန်းစက်ဘီးလေး က ချစ်စရာလေး။ ကျွန်မ သူငယ်ချင်း တစ်ယောက် လဲ အဲလိုဘဲ ပန်းတွေထိုးတာ ဝါသနာပါလို့ လုပ်ရင်း အခုဆို အတော်အလုပ်ဖြစ်ဆိုဘဲ။

    ချစ်စရာပန်းလေးတွေ ကို ကြည့်ရင်း ပီတိကို စားသွားပါတယ်။
    ကျေးဇူးပါ မအိရေ။

    ဟင်းချက်နည်းလေးတွေ လဲ တင်ပါဦး။ 😀

    • Ma Ei

      April 10, 2012 at 1:14 pm

      မလတ်ရေ…
      အဲ့စင်္ကြာပင်က ပုနေတာကလွဲလို့ အပင်ကြီးအတိုင်း ပွင့်ပါတယ်…
      ဖွေးအောင်ပွင့်နေတတ်တာ လှတယ်…
      ပန်းအလှဆင်တာလဲ ဝါသနာပါလိုက်တာဘဲ…
      ပင်ပန်းမဲ့ ဇာတာပါသူနဲ့ တူရဲ့ …
      သင်္ကြန်မှာ ချက်ဖြစ်တာလေးတွေ တင်ပါ့မယ်နော်…

  • Ma Ei

    April 9, 2012 at 2:12 pm

    သောကြာနေ့က Post တင်ပြီး အလုပ်များနေတာနဲ့
    Comment တွေကို မပြန်ဖြစ်ခဲ့ဘူးဖြစ်သွားပါတယ်…
    နောက်ကျမှ စကားပြန်ရတာ ခွင့်လွှတ်ပေးကြပါနော်…

  • etone

    April 9, 2012 at 3:35 pm

    အန်တီအိရေ ..ပန်းလေးတွေမြင်ရတာ …. ကြည်နူးစရာကောင်းတယ်နော် … ။
    အဲ့ဒီလို မြင်လိုက်ရင် စိတ်ထဲ ငြိမ်းချမ်းသွားသလိုပဲ .. ဒါပေမယ့်လေ .. အဲ့လို ပန်းမျိုး စိုက်ဖို့ကျတော့ … ဝါသနာမပါဘူးပဲ … ။ သူများ အပင်လေးတွေမှာ ဖြစ်ထွန်းနေလျှင် ကြည့်ပြီး ပျော်ပေမယ့် ..ကိုယ်တိုင်ကျတော့ .. ဘာပင်မှကို ဖြစ်ဖြစ်မြောက်မြောက် မစိုက်ဖူးဘူး …. ။

    တချို့ လူတွေကျတော့လည်း အကျင့်ရှိတယ် ..ပန်းမြင်လျှင် ပန်လိုက်ရမှလေ … ။ တို့ချင် စိတ်ချင်ကြတယ် … ။ခူးချင်ကြတယ် …. သမီးကတော့ … ပန်းမြင်လျှင် ခူးချင်စိတ်မဖြစ်ပဲ ..သူ့ဘာသာသူ အပင် ပေါ်မှာ သဘာဝကျကျပွင့်နေတာမျိုးကိုပဲ ပိုသဘောကျမိတယ် ။ တစ်ချို့တွေကျတော့လည်း .. ခူးပြီး ပန်းအိုးစိုက်တယ် …. လှလှပပလေးပေါ့လေ … ။ အဲ့ဒါမျိုးလည်း သဘောကျတယ် .. ခူးခံရလိုက်ပေမယ့် … လှတပတလေး နေရလို့လေ … ။ 🙂

  • Khaing Khaing

    April 9, 2012 at 4:42 pm

    မမအိ ပန်းတွေကလှတယ်ချင့် … မီးတောင်မနေ့က ဒါ့ပုံရိုက်ဖြစ်တယ် အခုတော့မမအိပုံလေးတွေကို အရင် အားပေးလိုက်ပါတယ် ……… မီးကို အားပေးတာရော ကျေးကျေးနော် ………

    ခင်မင်စွာဖြင့်
    Khaing Khaing

  • TTNU

    April 9, 2012 at 6:09 pm

    မအိရေ…
    စံပယ်လေးတွေအကြိုက်ဆုံးပါပဲ။
    ပုံ(၁၀)က ထားဝယ်မှိုုင်းလေးတွေလည်းကြိုက်တယ်။

  • Ma Ei

    April 10, 2012 at 1:27 pm

    အိတုန်ရေ…
    တချို့ပန်းကလေးတွေက ခူးလိုက်ရင် ခဏနဲ့ နွမ်းသွားတတ်တယ်…
    အဲ့လိုပန်းလေးတွေဆို အပင်မှာဘဲထားတာပိုလှတာပေါ့နော်…
    ကြာကြာခံမဲ့ ပန်းလေးတွေကြတော့လဲ ခူးပြီးပန်းအိုးထိုးထားလှတာပေါ့…
    အန်တီအိနဲ့ စိတ်တူသူပေါ့…

    ခိုင်ခိုင်လေး…
    သမီးရိုက်ထားတဲ့ ပန်းကလေးတွေလဲ ကြည့်ချင်ပါသေးတယ်…

    တီတီနုရှင်…
    စပါယ်လေးတွေကလဲမွှေး
    ထားဝယ်မှိုင်းလေးတွေကလဲမွှေး
    မအိလဲ မွှေးတဲ့ပန်းလေးတွေချစ်တယ်..
    အားပေးတဲ့ အတွက်ကျေးဇူးတင်ပါရစေ…

Leave a Reply