မိုးမမြင်လေမမြင် ဝန်ကြီးများလုပ်ရပ်လုပ်ဇတ်များ…

chityimhtooApril 6, 20121min14820

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း၏ မ အရှုပ်တော်ပုံကြောင့် ပြည်သူ့ဘဏ္ဍာမှ ပံ့ပိုးထားတဲ့ စာရင်း ကွာဟမှုများကို ဖြေရှင်းရန်အတွက် ၂၆-၃-၂၀၁၂ နေ့ ညနေ ပိုင်း မှ ၂၇-၃-၂၀၁၂ နေ့ နံနက် စောစောအထိ ကျောက်တန်းမြို့နယ်၊ သီလဝါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တွင် ပြည်ပသို့တင်ပို့ရန် စုပုံထားသည့် ကျွန်းသစ်လုံးကြီးများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

သစ်ဆိပ်များတွင် မီးမကြာခဏ လောင်ကျွမ်းလေ့ရှိသော်လည်း ယခု လောင်ကျွမ်းမှုမှာ မြန်မာ နိုင်ငံတွင် အကြီးမားဆုံး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ကျွန်းသစ်တန်ချိန် ၈၁၀ဝ လောင်ကျွမ်း ကြောင်း စာရင်းဖေါ်ပြခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၁၀ဝကျော်ခန့်နှင့် စုစုပေါင်း ဒေါ်လာ ကိုးသန်းနီးပါးခန် ့ မီးလောင် ဆုံးရှုံးခဲ့ရကြောင်း သက်ဆိုင်ရာ တင်ပြခဲ့သည်။

ယင်းမီးလောင်မှုမှာ ဦးတေဇ ပိုင် ထူး Co ပိုင် သစ်များဟု ပြင်ပတွင် သတင်းဖြစ်ပေါ်နေသော် လည်း အမှန်တကယ် နိုင်ငံတော်အစိုးရပိုင် သစ်များ ဖြစ်သည်ဟု သိရသည်။ အကြောင်းမှာ မြန်မာ နိုင်ငံမှ ပြည်ပသို့ သစ်ရောင်းချရာတွင် သဘောင်္တင်ရုံနှင့် စီးပွားရေးလုပ်ငန်းရှင် ပိုင်သစ်များဟု ပြောဆိုမရပဲ၊ ပြည်ပသို့ သဘောင်္ထွက်ခွာပြီး မြန်မာ့ရေပိုင်နက် ၁၂ မိုင်ကျော်လွန်မှ သာ သစ်လုပ်ငန်းက ယင်း စီးပွားရေး လုပ်ငန်းရှင်ထံသို့ Invoice ထုတ်ပေးကြောင်း၊ Invoice ရမှ သာလျှင် လုပ်ငန်းရှင်ပိုင် ဖြစ်သွားကြောင်း သိရသည်။ သီလဝါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် သစ်လုံးတန်ချိန် ၃၀၀၀ဝ ကျော် စုပုံထားသည့် အနက်မှ ယခု လောင်ကျွမ်းမှု သည် တန် ၈၁၀ဝ ဟု ပြသော်လည်း အမှန် တကယ် ၈၁၀ဝ လောင်ကျွမ်းခြင်း မရှိပဲ စာရင်း ပိုပြခဲ့ခြင်း ဖြစ်သည်။

ယင်းမီးလောင်ကျွမ်းမှုတွင် သီလဝါ ဆိပ်ကမ်း သစ်လုံးရောင်းဌာန တာဝန် ခံ မန်နေဂျာ ဦးမြင့်သိန်း၊ ဒု အထွေထွေ မန် နေဂျာ ဦးတင်ဦး ၊ အထွေထွေ မန်နေဂျာ ဦးအေးကျော် ဦးဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်ရီ တို့တွင် အပြည့်အဝ တာဝန်ရှိကြောင်း၊ ယင်း လူများမှာ လက်ရှိ ပြည်ထောင်စု ဝန် ကြီး ဦးဝင်းထွန်း ၏လူများဖြစ်နေကြသည့်အတွက် ယင်းမီးလောင်ဆုံးရှုံးမှုမှာ စာရင်းဖျောက်မှု သက်သက်သာ ဖြစ်သည် ။

လတ်တလော စစ်ဆေးချက်များအရ ပြည်ပသစ်လုံးအရောင်းဌာန ၁/၂/၃ ဟု ရှိရာ တွင် အရောင်းဌာန ၁ နှင့် ၂ မှာ ကျွန်းသစ်အရောင်းဌာနများဖြစ်ပြီး၊ အရောင်းဌာန ၃ မှာ ပျဉ်းကတိုး အရောင်းဌာန များဖြစ်သည်။ ပြည်ပ အရောင်းဌာန ၃ မှ ပျဉ်းကတိုး တန် ချိန် ၁၃၀၀ဝ ကျော်နှင့် ပြည်ပအရောင်းဌာန ၁ / ၂ တို့မှ ကျွန်းတန်ချိန် ၇၀၀ဝ စုစုပေါင်း တန် ချိန် ၂၀၀၀ဝ ကျော် ကွာခြားနေပြီး အရေးယူနိုင်ခြင်း မရှိသေးသလို စစ်ဆေးရခြင်း မရှိသေးသော သစ်လုံးတန် ချိန် စုစုပေါင်း ၆၀၀၀၀ဝ ကျော်ရှိနေသေးသည် ။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန တွင်ဖြစ်ပေါ်နေသော စာရင်းကွာဟ မှုများ နှင့် နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးမှုများမှာ ပြည်ထောင်စုအဆင့်ဝန်ကြီး နှင့် စီးပွားရေးဖက် Great Apex Co,Ltd မှ ချစ်တီးကုလား ဦးအေးမောင်တို့၏ အလွဲသုံးမှုများကြောင့် ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ အတွင်း ရေပန်းစားလျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းကို ပြည်ထောင်စုဝန်ကြိးအဖြစ် တာဝန်မပေးခင် ကတည်းက မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး လက်ထက်ကတည်းက တပ်မတော်ဂေါက်ကွင်း (ရန်ကုန် ) တွင် Golf Carry ကျောနံပတ် ဝ၄၉ မသန်းသန်းညွန် ့နှင့် ညှိစွန်းခဲ့ပြီး တိုက်ခန်း ရှစ် ခန်း ၊ အင်းစိ်န်ဈေးတွင် ရွှေဆိုင်တစ်ဆိုင်၊ ၂၀၁၁ နှစ်ဆန်း ပိုင်းက ပဲခူးသစ် ထုတ်လုပ်ရေး – ရောင်း/ စက်သို့ မသန်းသန်းညွန့် နာမည်နှင့် သစ်ရောင်းချပေးရန်၊ ဦးဝင်းထွန်း၏ လက်မှတ်ဖြင့် မဖြစ်မနေရောင်း ချပေးရန် မှတ်ချက်ရေးထိုး ပေးခဲ့ကြောင်း၊ ယခု မသန်းသန်းညွန့် အင်းစိန် ဈေးမှ ရွှေဆိုင်ကို ရောင်းချပြီး ဦးဝင်းထွန်း နှင့် ညှိစွန်းနေသည့် အကြောင်း ဖေါ်ကောင်လုပ် နေသော သူမ၏ခင်ပွန်းကို Taxi ကားတစ်စီး ဝယ်ပေးထားရကြောင်း သိရသည်။ ဂေါက်ကွင်းတွင်လည်း သန်းသန်းညွန့်ပိုင် ဆိုင်တစ်ဆိုင် ဖွင့်ပေးထားသည် ဟုသိရသည်။
လက်ရှိပြည်ထောင်စု ဝန်ကြီးဖြစ်လာသည့်အခါ ဦးဝင်းထွန်းသည် Golf Carry မသန်းသန်းညွန့်နှင့် တင်းတိမ်ရောင့်ရဲ ခြင်းမရှိတော့ပဲ နိုင်ငံကျော် အဆိုတော် ရုပ်ရှင် မင်းသမီးများအတွက်ပါ ပံ့ပိုး ညှိစွန်းမှုများ ပြုလုပ်လာခဲ့ကြောင်း သိရသည်။ ၁၁-၁၀-၂၀၁၁ ရက်စွဲဖြင့် သစ်ကုန်သည် မဟုတ်သူ မင်းသမီး နန်းဆုရတီစိုးကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း က whole sale ဖြင့် ကျွန်းသစ် တန် ၅၀ဝ ရောင်းချပေးခဲ့ကြောင်း၊ ယင်းရောင်းချခွင့် ပါမစ်အတွက် တစ်တန်လျှင် ဒေါ်လာ ၅၀ဝ နှုန်းဖြင့် မင်းသမီး နန်းဆုရတီစိုး က အမြတ်ရခဲ့ပြီး မြန်မာကျပ်ငွေ သိန်းနှစ်ထောင် ရရှိအောင် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ ယင်း သိန်းနှစ်ထောင်ဖြင့် ၃၀-၁၀-၂၀၁၁ နေ့တွင် နန်းဆုရတီစိုးက Hotel တစ်ခုတွင် ဂျာနယ် သတင်းထောက်များနှင့် မီဒီယာရှင်းလင်းပွဲပြုလုပ်ကာ ၂၀၀၈ ခုနှစ်ကတည်းက အသံစီးရီး ထွက်ခဲ့သည့် သူမ၏ မိုးမမြင်လေမမြင် တေးစီးရီးကို MTVနှင့် VCD ချပ်များထုတ်ရန် ကြေငြာခဲ့ကြောင်း သိရသည်။ သူမ၏ မိုးမမြင်လေမမြင် တေးစီးရီး VCD ချပ်များထုတ်ဝေရန် စီစဉ်ပြီးသည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် မင်းသမီး နန်းဆုရတီစိုးတို့ ထိုင်းနိုင်ငံတွင် ချိန်းဆို တွေ့ဆုံကာ အပန်းဖြေခဲ့ကြကြောင်း သိရသည် ။

လက်ရှိ အကယ်ဒမီ မင်းသမီး သက်မွန်မြင့်အား တစ်လလျှင် ဒေါ်လာ ငါးထောင်နှုန်းဖြင့် တစ်နှစ်စာ ဒေါ်လာ ခြောက်သောင်း ပံ့ပိုးပေးလျှက်ရှိပြီး ပြည်ထောင်စုဝန်ကြီးနှင့် အထက်အဆင့် လူကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများအတွက် ပြုလုပ်သော ဦးဝင်းထွန်း၏ ပါတီပွဲများတွင် ပင်တိုင်ဧည့်ခံပေးရန် စီစဉ်ထားသည့်အတွက် မြန်မာ့သစ်လုပ်ငန်းကို စာရင်းစစ်မရှိပဲ ထင်တိုင်းကြဲ ခွင့်ရအောင် ဆောင်ရွက်ထားသည်။

အဆိုတော် ရုပ်ရှင်မင်းသမီးများနှင့် တွေ့ဆုံပေးခဲ့သော Great Apex Co,Ltd မှ ချစ်တီးကုလား ဦးအေးမောင်အား မြန်မာ့သစ်လုပ်ငန်း၏ အစဉ်အလာဖြစ်သော သစ်ရောက်ငွေချေ စံနစ်အစား ဖားအံသစ် ထုတ်လုပ်ရေးမှ တဆင့် မြန်မာ့သစ်လုပ်ငန်း ဘဏ္ဍာရေးဌာန ရုံးချုပ်က ကျပ်သိန်း ၆၀၀ဝ ကို စရံငွေအဖြစ် ပေးထားကြောင်း သိရသည်။

ယခုအခါ လွှတ်တော်အတွင်း ဝန်ကြိးဌာနများ၏ အလွဲသုံးစားမှုများကို အရေးယူရန် ပြည်သူ့လွွှှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ကလည်း ဝန်ကြီးဌာနများ၏ အကျင့်ပျက် ခြစားမှုများကို ဖေါ်ထုတ်ရန် ဆောင်ရွက်လျက်ရှိရာ ကွာခြားနေသော သစ်တန်ချိန် များအား စာရင်းဖျောက်ရန် အတွက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၏ လူယုံ သီလဝါ သစ်ဆိပ် တာဝန်ခံ ပြည်ပသစ်လုံး ရောင်းဌာန မှ မန်နေဂျာ ဦးမြင့်သိန်းအား စာရင်းဖျောက်နိုင်ရေး စီစဉ်ညွှန်ကြားခဲ့ ကြောင်း သိရသည်။

သတင်း ရင်းမြစ် — http://www.demowaiyan.org/2012/03/blog-post_346.html

20 comments

  • Khaing Khaing

    April 6, 2012 at 1:14 pm

    တော်သေးတယ် အဲဒီကျွန်းသစ်တွေမီးလောင်တုန်းက ဘေးနားမှာ နာ့ကားရှိတယ် ဘာမသွားတာကံကောင်း ……. ဘာတဲ့ သက်မွန်မြင့်က ၁ လကို ဒေါ်လှ ၅ ထောင်တောင်ရတယ်ဟုတ်လား ဝင်ငွေခွန်တွေကောက် ဦးမှပဲ …….

  • မုန်းအောင်ချစ်

    April 6, 2012 at 3:19 pm

    ဪ..
    ဂလိုကိုး..

  • Mon Kit

    April 6, 2012 at 3:33 pm

    မဘက်လိုက်တော့ မိုက်ဖက်ပါနေကြပါကလားကွယ်…..

  • ကိုရင်မောင်

    April 6, 2012 at 3:43 pm

    လက်စပ်သတ်တော ဂလိုဂို….
    ကြည့်ဇမ်းကြည့်ဇမ်းသက်မွန်တို့တောင် ဒေါ်လှစားတွေဖစ်ကုန်ပါပကောလား…..
    ဟုတ်လို့လားကွယ် တို့ရွာကလူပျို သက်မွန် အချစ်တော်တွေရင်ကျိုးရချည်ရဲ့….

  • laypai

    April 6, 2012 at 3:52 pm

    ့ရှိုမီး ကြောင့် လောင်တာ သေချာလို့ စစ်ဆေး တွေ့ ရှိရင် ဒါဘယ် လို ဆက်ဖြစ် မလဲ။
    နှမျှော လိုက်လေခြင်း။
    ဟိုဟာ မနှစ်ယောက် ကို ပြော တာမဟုတ်ဖူး၊
    ကျွန်းသစ် ကို ပြောတာ။ ခိုးလည်းခိုးသေး မီးလည်းရှို့ ပစ်သေး။

    စကားမစပ်……..။
    သစ်ထူးလွင်မှာ ဖတ်ရတဲ့ ဝေလငါး ကြီး ကို လည်း နှမျှော တယ်။

    ( သုံးခွမြို ့နယ်၊ ပိုက်စည် ကျေးရွာ မှ ၆ မိုင်ခန့်ဝေးသော ကမ်းခြေ၌ ဧပြီလ ၂ရက်နေ့က လုံးပတ် ၁၅ ၊ အလျား ၄ရပေ ရှိသော ဝေလငါး သောင်တင်ခဲ့ပြီး ၂ရက်ခန့်အကြာတွင် သေဆုံးခဲ့သည်။ )

  • Thit Sar Lin

    April 6, 2012 at 3:53 pm

    အဲဒါကြောင့်မို့လည်း သူတို့လောကက စပွန်ဆာမပါရင်နာမည်မကြီးဘူးတဲ့….
    အဲဒီဦးဝင်းထွန်း ဆိုတာကလည်း နွားအိုမြက်နုကြိုက်ကြီးပါ..
    ဪ….ဒါကြောင့်မို့ ဒီမြန်မာနိုင်ငံနဲ့ဆို်င်တဲ့ စကားပုံထွက်လာတာနေမှာ..
    ((တခါက အင်္ဂလိပ်လူမျိုးတယောက်ဟာလေယာဉ်စီးပြီးခရီးထွက်ပါသတဲ့..
    သူက လေယာဉ်ပေါ်ကနေ လက်ထုတ်ပြီးတော့ အနံ့ရှုကြည့်လိုက်တာနဲ့ ဘယ်နိုင်ငံရောက်နေလဲဆိုတာသိတယ်တဲ့..
    သူက လက်ထုတ်ပြီး ပြန်ရှုကြည့်လိုက်ရင်…ဝက်သားနံ့ရတယ်.ဒါတရုတ်နိုင်ငံပဲ..
    ပြီးရင် လက်ထုတ်ပြီး ရှုလိုက်ဘယ်နိုင်ငံရောက်ပြီဆိုတာသိလိုက်နဲ့ နိုင်ငံတွေတခုပြီးတခုကျော်ဖြတ်လာတယ်ပေါ့
    ဒါနဲ့ နိုင်ငံတွေတခုပြီးတခုကျော်လာလိုက်တာ ….နောက်ဆုံးသူုဘယ်နိုင်ငံကိုရောက်နေလဲဆိုတာသိချင်တော့
    လက်ထုတ်လိုက်ပါတယ်တဲ့ ပြီးတော့လက်ပြန်သွင်းလိုက်တဲ့အချိန်မှာသူ့လက်မှာ ဝတ်ထားတဲ့ နာရီမရှိတော့ပါဘူးတဲ့..
    သူကလည်းသိလိုက်တယ်လေ…ဪ..ဒါမြန်မာနိုင်ငံပဲတဲ့လေ…)))
    ဘယ်သူထွင်ခဲ့တဲ့ဟာသလည်းတော့မသိပါဘူးဗျာ

  • intro

    April 6, 2012 at 4:05 pm

    သီလဝါ ဆိပ်ကမ်းကတော့ ရောက်ဖူးတယ်… ကျွန်းသစ်တွေ ပုံတဲ့နေရာလဲ တွေ့ပါတယ်… ကျွန်းသစ်တွေက တစ်လုံးတစ်လုံး နည်းတဲ့ လုံးပတ်တွေ မဟုတ်ဘူး… တမင်တကာ မီးထိုင်ရှို့ရင်တောင် တော်တော်နဲ့ မီးတောက်ဖို့ မလွယ်ဘူး… ဆီလောင်းပြီး ရှို့ရင်တော့ မသိဘူးပေါ့လေ… ဒါပေမယ့် မီးအရှိန်ရသွားရင်တော့ လေအားက ကောင်းမှ ကောင်းဆိုတော့…

  • shwe kyi

    April 6, 2012 at 4:19 pm

    အဲဒါ အိမ်တွင်းသူခိုးတွေလေ။

  • နေဝန်းနီ

    April 6, 2012 at 4:42 pm

    အောင်မြတ်လေးးးးးးး သမဝါယမခောတ်တုန်းကလိုပါပဲလား စားရင်းစစ်ဝင်ခါနီးရင် ဆိုင်မီးနဲ့ရှို့ပစ်တာ အဲဒါကြောင့် ဆိုရှယ်လစ်စရိုက်တွေဖျောက်လို့ ပြောတာ………..။

  • etone

    April 6, 2012 at 4:46 pm

    အားပါး ပါး .. နှမျောစရာကောင်းလိုက်တာ …. မင်းသမီးတွေကို ဖွန်ကြောင် ခပေးတဲ့ ပိုက်ဆံ … တိုင်းပြည်ဖွံ့ဖြိုးဖို့ တစ်ထောင့်တစ်နေရာမှာ သုံးလိုက်လျှင် အရမ်းကောင်းမှာပဲ … ။
    တကယ် မယောင်ရာ ဆီလူးနေတယ် …. ။

    အဂတိလိုက်စားမှုတွေ …အလွဲသုံးစားမှုတွေ …. ကွယ်ပျောက်သင့်ပြီး .. အချိုချောင်သမားများ ပျောက်ကွယ်သွားပါစေသတည်း …. ။

  • ကိုရင်မောင်

    April 6, 2012 at 5:16 pm

    ငြိမ်းခါနီးမီးထတောက်နေတာပါ…..

  • ချာလီဂဇက်ဒလဝမ်

    April 6, 2012 at 8:27 pm

    စံပြ နေပေးရမဲ့ အထုပ်ကြီးတွေ က တယ်နံစော်နေပါပေါ့လား ၊
    မသိရင်တော့ အသာနေလို့ ရပေမဲ့ ပုပ်တော့လဲ ပေါ်ရချေပြီကိုး။
    သူလဲလေ လောက်ီသားပေမဲ့ စာချုးိလေး ရှိပေမဲ့
    ဝန်ကြီးအဆင့်အတန်းနဲ့ ကြားရတာ နံလှသကွယ်
    နံဆုရတီဆိုး နဲ့ ခံသက်မွန်မြင့် တို့ လန်းနေကြတာ ဒါ့ကြောင့်ကိုး ။

  • yuki

    April 6, 2012 at 8:54 pm

    ဒီသတင်းက အချက်အလက်တွေကွဲလွဲနေတယ်ဆိုပြီး
    ဒီမိုးဝေယံမှာ တင်ပြီးမကြာဘူးပြန်ဖျက်ထားတာပါ။

  • htet way

    April 6, 2012 at 10:11 pm

    သက်မွန်မြင့် အော်နန်းဆုရယ်
    ဒီလိုကြေးပေါ့လေ…ဟင်း

  • နတ်ဆိုးလေး

    April 6, 2012 at 11:44 pm

    လုပ်ကြပေါ့ ရှင်တို့ ခေတ်ကိုး
    နောက်ဆို နတ်ဆိုးလေးတို့ နေဖို့ သစ်ပင်မပြောနဲ့ နတ်နန်းတောင် ကျန်ပါ့မလား မသိဘူး တောစောင့်နတ် တောင်စောင့် တို့ ဒီလိုဘဲကြည့်နေတော့မှာလား :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 7, 2012 at 10:04 am

    ဒီကိစ္စမျိုးက အမှန်ဖြစ်ခဲ့မယ်ဆိုရင် အရေးယူသင့်ဘာဒယ် ( အမှန်ဆိုရင်ပါ )
    တစ်ခုရှိတာက ကလေးတွေ လင်မယားလုပ်တန်းဂဂျားတဲ့ ကိစ္စမဟုတ်တော့
    နန်းစုရတီစိုး ဆိုတဲ့ အဆိုတော်မက ကျွန်းသစ်တန် 500 ရောင်းဝယ်ဖေါက်ကားတဲ့
    ကိစ္စကတော့ ပရု ( သက်သေဆိုတာကို ဘိုလိုမရေးတတ်လို့ ) ဆိုတာအလျှင်ရှာရမှာပါဘဲ
    မဟုတ်လို့ကတော့
    ခင်ဗျားတို့ကို ထမီလှန်မှု့နဲ့ တရားစွဲလိမ့်မယ် ဟိုဂ
    ပြဿနာက ကိုယ့်လူတွေအကြောင်းလည်း ကိုယ်နည်းနည်းသိနေတယ်လေ
    ကြွက်မနိုင်ကျီမီးရှို့တာမဟုတ်ဘူး
    ဝါးပြီး သစ်ပုံမီးနဲ့ရှို့တာ
    ငါလိုးမသားတွေ 😀 😀

  • char too lan

    April 7, 2012 at 1:37 pm

    ဘယ်မိန်းမနဲ့ပက်သက် ပက်သက် ဆုံးရှုံးသွားရတာတွေအတွက်
    ကြားရတဲ့သတင်းက ကြက်သရေယုတ်လိုက်တာ
    လှည်မျိုသာတက်နင်းပီး စားထားသမျှအံလိုက်စေချင်တယ်
    အဲ့ဒါမျိုး လုပ်ကွက်တွေက လူတွေတော်တော်ဒက်နေပီ
    မီးရှို့ပီးရှင်းလိုက်ရတာတွေ ရွှေတိဂုံရှင်းတမ်းဆိုတာမျိုးတွေ ရှိပါသေးတယ် ..
    ကဲ !! အခုလိုအတိအကျကြီးပြောနေတဲ့လူရှိပီဆိုတော့ …..
    စစ်ဆေးပေးမယ့်သူကောရှိလား ??
    အရေးယူပေးမယ့်သူကော ရှိလား ??
    ဥပဒေအတိုင်း တာဝန်ယူဖြေရှင်းပေးမယ်သူ ရှိလား ??

  • pan pan

    April 8, 2012 at 10:44 am

    ရေထဲပစ်ချလိုက်မှ ပလုံ ဆိုပြီးအသံမြည်လိမ့်ဦးမယ်
    ပိုက်ဆံတွေပြောပါတယ်

  • kokothandar

    April 8, 2012 at 3:41 pm

    လွှတ်တော်ဥက္ကဌ ဦးရွှေမန်းလဲ ကျွှန်သစ်တန်၅၀ဝ ရတာပါဘဲ။ကိုဝင်းထွန်းက ကိုရွှေမန်းကို လဲ
    မေတ္တာရှိနေတယ်ထင်ပါ့။မှုးကြီးသန်းရွှေက သူခိုးတွေ လက်ဝကွက်အပ်ခဲ့တာဆိုတော့ ပြည်သူတွေ
    ခံပေအုံးတော့ပေါ့

  • ပေစိ

    April 8, 2012 at 4:36 pm

    အော် နံစုက ဒါကြောင့် ကြံ့ဖက်က မဲဆွယ်တာကိုး ပြည်သူ့မေတ္တာကြောင့် နံစု နဲ့ တက်မွှေ(ဟုတ်ပါဘူး)တက်မွန် တို့ နီဂရိုးကြီးနဲ့ညားပါစေ ကဲမှတ်ကရော

Leave a Reply