နှစ်သစ်ရဲ့ အတွေးလက်ဆောင်…

Ko out of...April 6, 20121min1270

မကြာခင်အတာတန်ခူး နှစ်သစ်ကူးမှာ…
ပျော်မြူးကြတော့မယ့် မြန်မာလူ မျိုးတွေကို နှစ်သစ်နဲ့ အတူ
လူသစ်၊ စိတ်သစ်၊ အမြင်သစ်၊ အတွေးခေါ်သစ်၊ အယူဝါဒသစ်တွေနဲ့…. ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့…ဆက်လှမ်းနိုင်ဖို့…
အတွေးလက်ဆောင် လေးပေးလိုက် ပါရစေ…

တခြားအတွေးသစ်တွေ မဟုတ်ပါဘူး…ရှိပြီးသား မြန်မာပြက္ခဒိန်မှာ…သင်္ကြန်အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့ နဲ့ ပတ်သက်ပြီး ထပ်ဆင့် တွေးခေါ်မိတာလေးပါ…

ဒီထဲမှာ လေးရက်စလုံး မယူသေးနဲ့ဦး (၁) ရက်ဘဲ လူ့ပြည်ဆင်း
လာတယ် လို့ အရင်စဉ်းစားကြည့်မယ်?…

အဘိဓမ္မာ ဘုံပိုင်းမှာ ဘာဆိုထားလည်းဆိုတော့…

စတုမဟာရာဇ်နတ်သက် (၁)ရက်ဟာ လူ့ပြည် အနှစ် (၅၀)နှင့်ညီမျတယ်.

တာဝတိံသာ နတ်သက် (၁)ရက်ဟာ လူ့ပြည် အနှစ် (၁၀၀) ။

သင်္ချာနည်းနဲ့ တွက်ချက်ပြီး ဟုတ် မဟုတ်၊ အလုပ်ရှုပ် မရှုပ်
စဉ်းစားကြည့်တာပါ…

လူ့ပြည် အနှစ်(၅၀) = စတုမဟာရာဇ် (၁)ရက်
။ (၁)နှစ် ။ ?

၁/၅ဝ = ဝ.၀၂ရက်

တစ်နှစ်မှာ ၃၆၅ရက်ဆိုတော့

၃၆၅ရက် x၅ဝနှစ် = ၁၈၂၅ဝ ရက်

လူ့ပြည် ၁၈၂၅ဝ ရက်မှာ စတုမဟာရာဇ်နတ်သက် = ၁ ရက်
။ ၃၆၅ ရက်မှာ ။ ?..

၃၆၅/၁၈၂၅ဝ = ဝ.၀၂ရက်

ဒါဆို လူ့ပြည် ၃၆၅ရက်မှာ = နတ်သက် ဝ.၀၂ ရက်နဲ့ ညီမျှတယ် ဆိုပါတော့…

မိနှစ်၊စက္ကန့်၊ နာနိုစက္ကန့်တွေတော့ မဖွဲ့တော့ဘူး…

ဒါဆိုရင် ဝ.၀၂ရက်တိုင်း မှာ လူ့ပြည်ကို ဆင်းနေရတယ်ဆိုတော့ သူတို့ နတ်ရက်နဲ့တွက်ရင် ခဏခဏ ဆင်းရတော့ အလုပ်တွေ သိပ်ရှုပ်မှာဘဲနော်?…

ဒါတောင် စတုမဟာရာဇ် နတ်ဘဲရှိသေးတယ်.. အထက်နတ်များ
ဆိုရင် လူ့ပြည်ရှုပ်လိုက်တာ ခဏခဏ ဆင်းရတယ် ဆိုပြီး ငြီးနေမှာဘဲနော်?…
အလှည့်ကျ Time Table တော့ရှိရမယ် ထင်တယ်နော?…

နောက်နတ်များဟာ ဥပပတ် ပဋိသနေ နဲ့ မွေးဖွါးတယ် လို့ပြောတယ် ..ဥခွံ၊ သားအိမ်တွေမှာ မနေရဘဲ ဘွားခနဲ ဖြစ်ပေါ်လာတယ် လို့လည်းပြောတယ်
နောက် နတ်သက်ကြွေခါနီး ချွေးနှံတွေ၊ ပန်းအရောင်ညိုးနွမ်းတာတွေ စသည်ဖြင့်ပေါ့..
နောက်တော့သေပြန်ရင်လည်း ပုပ်တိုးခြင်း မရှိဘူးတဲ့..

မွေးတုန်းက ဘွားခနဲ မွေးနိုင်သေးတာဘဲ?.. သေတာလည်း ဘွားခနဲ ပျောက်ရမှာပေါ့?

အခုတော့ သင်္ကြန်စာ အရနတ်ရဲ့ ဦးခေါင်းကို လက်ဆင့်ကမ်း ပြီးသယ်ဆောင်နေရတယ်
ဆိုတော့ လက်တော့ တော်တော် ညောင်းမှာဘဲနော်?…အခုထိ နတ်ဦးခေါင်း မပုပ်သေးဘူးပေါ့နော်?…
ဒါတွေဟာ ရှေ့နောက် မညီတဲ့ စကားတွေဘဲ?.ဒါတွေဟာ ဆန်ထဲမှာ ကြွက်ချေး ရောနေတဲ့ အရာတွေဘဲ?…

အခုလူ့ပြည်မှာ မြင်နေရတဲ့… ပန်းတွေနဲ့ အတီးအမှုတ်တွေနဲ့ အယောင်အဆောင် အမျိုးမျိုးတွေနဲ့ ကြိုဆိုမှု လုပ်နေကြတာ မြင်ရတဲ့နတ်တွေဘဲ မဟုတ်လား?…
နောက် နတ်သိကြားမင်းတွေဟာ ဩဇာညောင်းတော့ သူကဖြစ်စေသတည်း ဆိုရင် အကုန်ဖြစ်ပေးရတယ် ဆိုတာလည်း ကြားဖူးကြမှာပါ..အခုလည်း လူတစ်ဦး တယောက်က နောက်ကနေ ထိန်းချုပ်ပြီး သူကဖြစ်စေ လို့ အမိန့်ပေးလိုက်တာနဲ့ ဖြစ်ပေးရတယ်. မဖြစ်စေ ဆိုရင်လည်း မဖြစ်ရဘူး မဟုတ်လား? အော်ဒီနတ်ကြီး ဘယ်တော့များ နတ်သက်ကြွေ မလဲ မသိဘူးနော်?…အာဏာရာထူးကြီးလေ၊ များများပေးကမ်းလှူဒါန်း နိုင်လေ
သူ့နားကပ်လို့မရလေဘဲ..နတ်ကြီးတွေရဲ့ အရောင် တဖြတ်ဖြတ်လင်းလက် တာကို
နတ်ငယ်တွေ ကပ်လို့ မရဘူးဆိုတာ ဒီသဘောတွေဘဲထင်တယ်?..

နောက်နတ် တမျိုးကျပြန်တော့ များများလှူနိုင်တဲ့လူတွေဆို
ရှေ့တိုး နည်းနည်းဘဲ လှူနိုင်တဲ့ လူဆိုရင် နောက်မှာနေ ဒါတွေဟာ နတ်အဆင့်ဆင့် မတူပုံတွေ ကိုဖေါ်ပြတာဘဲ?..( ??? ) အပေါ်ကတော့ နတ်အကြီးစားတွေပေါ့နော..
ဒီနတ်ကြီးနှစ်ပါးကလည်း သူ့ပရိတ်သတ် ကိုယ့်ပရိတ်သတ်က ရှိနေကြတော့ တယောက် ကိုတယောက် သိပ်မယုံကြဘူး ဖြစ်နေတယ်…ဒါထားလိုက်ပါတော့..

ကိုယ်က ဘာအကောင်ဖြစ်တယ်ဆိုတာ ကိုယ်မသိဘဲ ဖြစ်နေကြတာ?..
သူများထက် အရောင်ပိုပြီး တောက်ပတဲ့ နတ်ကြီး ဖြစ်ချင်ရင် မခက်ပါဘူး များများလှူလိုက်ရုံဘဲ? များများ ဖားလိုက် ရင်ဖြစ်ပါတယ်?..

စာလည်းရှည်သွားပြီ
နတ်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ စဉ်းစားသုံးသပ်လို့ရအောင်…နာယူမှတ်သားဖူးတဲ့
တရားလေး တပုဒ်ထဲက.. နှစ်သစ်အတွက် အတွေးလက်ဆောင်ပေးလိုက်ပါတယ်…

္ဒ”” နတ်အကြောင်းနဲ့ ပတ်သက်ပြီး ကောသလ္လမင်းကြီးက ဘုရားကို မေးတော့..နတ်ဆိုတာရှိလားလို့ မေးတော့ ဘုရားကဘယ်လို ဖြေလဲဆိုတော့?..
အေး.. ရှိတဲ့ နတ်ကိုတော့ ငါသိတယ် လို့ဘုရားဖြေတော်မူတယ်””…

ဘုရားက ငါသိတဲ့ တရားကို လူတွေသိနိုင်ရမယ် ဆိုတဲ့စကားအရ..
ရှိတဲ့နတ်ကို ငါသိတယ် ဆိုတာဟာလည်း… ငါဟောတဲ့ တရားကို သိနားလည်းတဲ့လူဟာ ငါမြင်ပြသွားတဲ့ နတ်ကို သိနိုင်တယ်လို့ ပြောတာနဲ့ အတူတူဘဲ?…ကဲဒါလောက်ပါဘဲ..မိမိကြိုက်သလို လွတ်လပ်စွာ တွေးခေါ်ယူဆ နိုင်ပါကြောင်း….