Sevrice ကြေးတဲ့

sugar sugarApril 9, 20121min18917

မပြောဘဲ မနေနိုင်လို့ပြော ပါရစေ။ရုံးမှာ ပေါ့လေ၊ ဆက်သွယ်ရေးအဆင်ပြေအောင် အထက်လူကြီးက Internet လေးချိတ်ပေးပါတယ်။ဘယ်လို လိုင်းတက်မလဲ၊

ဘယ်ဟာသုံးမလဲ။အမျိုးမျိုး စုံစမ်း ကြတာပေါ့၊အဲဒီ မှာ အပြောကောင်း ၊မနောကောင်း တယ်လို့ထင်ရတဲ့ Fortune ဆို တဲ့ Company နဲ့ဆက်သွယ်ပြီး ချိတ်လိုက်ပါတယ်။မချိတ်ခင်ကတော့ အပြောတွေက ရွှန်းရွှန်း ဝေလို့ပေါ့၊ဘယ်လိုကောင်းကြောင်း၊ဘယ်လို Service ပေး တယ် ပေါ့၊ကြားရတာတော့  မသုံးခင် ကတည်းကကို စိတ်ချမ်း သာနေပါတယ်။ အဲဒီ Internet ကြီး တပ်ပြီး လို့ ၄ လလောက် ကြာ မှာ ပေါ့ ၊တစ်ရက် အဲဒီ Internet modem မှာ ကြိုးလေးပြုတ်သွားတယ်။ပစ္စည်းလေးတွေရွှေ့ရင်းပေါ့ ၊အဲဒါ နဲ့ ပြန်လည်း မတက်နိုင်တော့ သူတို့ဆီကို ဖုန်းဆက်ပြီး လာကြည့်ပေးပါလို့ပြောတော့ ဘာပြန်ပြောမယ်ထင်သလဲ။ အားတဲ့အချိန် လာခဲ့မယ်၊လာနိုင် တဲ့အချိန်လာခဲ့မယ် တဲ့။အဲဒါနဲ့သူတို့ အားတဲ့အချိန်ကို စောင့် ကြတာ ပေါ့။ လာ လည်းလာရော ဒီကြိုးလေးပြုတ်သွားလို့ ပြန်တက်ပေးပါလို့ပြောတာပေါ့။ ၅ မိနစ်တောင်မကြာ ဘူး ၊ပြီး သွားတယ်။လိုင်းလည်း ပြန်ကောင်းသွားတယ်။Service ခဘယ်လောက်ပေးရမလဲဆိုတော့ တစ်သောင်းခွဲတဲ့ ၊နားကြားများ မှား သလားလို့ပြန်တောင် မေးယူရပါတယ်။အေးပေါ့လေ ကိုယ် မှ မလုပ်တတ်တာ ဘဲလို့တွေးလိုက်ပြီးစိတ်ဖြေလိုက်ပါတယ်။သူတို့ နာမည်ကို က အနာဂတ်အတွက် ဆိုတော့ အင်း … အနာဂတ်အတွက် ပေါ့လေ။

17 comments

  • water-melon

    April 9, 2012 at 10:32 am

    ဟီးဟီး ခံလိုက်ရပြီပေါ့
    ဘာဘဲဖြစ်ဖြစ် အခြေခံလေးတတ်ထားရင် ကောင်းမယ်ထင်တယ်
    ဈေးလျှော့မခိုင်းဘူးလား ဂျာ့

    • sugar sugar

      April 9, 2012 at 11:18 am

      ဈေးလျော့ခိုင်းလို့ မရဘူးဗျ၊ရုံးက ထွက်လာကတည်းက voucher ဆွဲခဲ့ပြီးသားတဲ့။

  • nefertiti

    April 9, 2012 at 10:43 am

    ဒီကဆို ၄၅၀၀ဝ ပေးလိုက်ရတယ်
    ခဏလေးကို…
    ပြောချင်ဘူး

  • sugar sugar

    April 9, 2012 at 11:16 am

    သူတို့က တခြားလူ ပြင်ထားမှန်းသိရင် ပိုတောင်းတယ်တဲ့

  • manawphyulay

    April 9, 2012 at 11:36 am

    ခုကတော့ ဒီလိုပါပဲ သူတို့က မဝယ် ဝယ်အောင် အမျိုးမျိုးပြောရောင်း ပြီးရင် ကွန်နက်ရှင်တက်မတက် သူတို့နဲ့မဆိုင်တော့ဘူးဆိုတဲ့ ပုံစံတွေလုပ်နေကြတယ်။ အတော်ကို လုပ်ငန်းတိုးတက်ဦးမယ်သူတွေပါပဲ။

  • ဗိုက်ကလေး

    April 9, 2012 at 12:17 pm

    များတို ့က နှစ်သောင်းဗျာ..နှစ်သောင်း

    • Thel Nu Aye

      April 9, 2012 at 2:27 pm

      ိမိဗိုက် ရှင့်ဟာက လပေးမှတ်လား။ တလ နှစသောင်း။ အေးဆေးပဲ။ ဟုတ်တယ်မှတ်လား။

      • ဗိုက်ကလေး

        April 9, 2012 at 2:31 pm

        ဟုတ်ဘူး ဂျီးဒေါ်ရ
        မိုဒန်းမီးမလင်းလို ့ လှမ်းခေါ်တာ..
        သူတို ့လာစမ်းပေးတော့ ဖုန်းကြိုးမှားချိတ်ထားတာပါဆိုပြီး FEC 20 ဘောက်ချာဖြတ်သွားပါရဲ့
        ကျနော့်ဆရာက ဖုန်းကြိုးပြတ်လို ့ ပြန်ချိတ်တဲ့အခါ သူများလိုင်းကို သွားချိတ်ထားပါသတဲ့ဗျာ.
        အဲတာပါ..

  • etone

    April 9, 2012 at 3:03 pm

    အင်း …. ကြိုးလေးတပ်တယ်ဆိုပေမယ့် …. ကိုယ်မလုပ်တတ်တော့လည်း တောင်းသလောက်ပေးရတော့တာပေါ့လေ …. ။ လည်ပတ်နေတဲ့ အလုပ်တစ်ခုမှာ အင်တာနက်ဆိုတာ မရှိမဖြစ်ပါပဲ … ။ ဒီတော့လည်း …သူတို့ကျွမ်းကျင်တဲ့ အလုပ်က ….. လက်နဲ့ ထိရင်ရွှေပေါ့လေ …

  • nefertiti

    April 9, 2012 at 4:45 pm

    လိုင်းမကောင်းလို phone ဆက်ကြည့်တာ
    စက်ရဲ့ IP ကိုပြောပါ

    စက်ရဲ့ IP ကိုဘယ်လိုကြည့်ရသလဲ
    သိတဲ့သူများပြောပြပေးပါလား

    • htoosan

      April 9, 2012 at 9:43 pm

      အလွယ်ကူဆုံးက ကိုယ်ဆောင်ထားတဲ့ bill မှာ ကြည့်လိုက်လေ… အမည် လိပ်စာ ဘာညာ နဲ့ IP နံပါတ်လည်း ပေးထားတယ်လေ။

      • htoosan

        April 10, 2012 at 11:02 am

        ဆောဒီး IP မဟုတ်ဘူး ID . ID နံပါတ်တောင်းတာဖြစ်မယ်ထင်ပါသည်။

  • ဆူး

    April 9, 2012 at 4:56 pm

    ကိုယ်မလုပ်တတ်တာ ကို သူများ လုပ်ခိုင်းရင်တော့ သူတို့ တောင်းသလောက် ပေးလိုက်တာ ကောင်းပါတယ်။
    ဘာမှ မထူးဆန်းပေမဲ့ မထူးဆန်းတာကို ကိုယ်မှ မသိတာ.. ဒီလိုနဲ့ အတွေ့အကြုံယူပြီး ပါးရေနပ်ရေ ရှိလာရင် သူတို့ မလိုတော့ဘူး။ အဆင်ပြေသွားလိမ့်မယ်။

  • Gipsy

    April 9, 2012 at 10:05 pm

    ဒီလိုပါပဲ … အဆင်မပြေ မချောမွေ့မှုလေးတွေ ရှိနေကြစမြဲလေ…
    ဒါ့ကြောင့် တချို့လဲ လူ့ဘုံလောက ကိုငြီးငွေ့ နိဗ္ဗာန်ကိုမျှော်ကိုး..
    ငါးပါးသီလ ဆောက်တည် တရားအားထုုတ်ကြတာနေမှာ..

    • sugar sugar

      April 10, 2012 at 10:36 am

      Gipsy စကားနားထောင်ကြည့်ရတာ ဒီနှစ်သင်္ကြန် ရိပ်သာ သွားမယ်ထင်တယ်နော်

  • Lu Ka Lay

    April 10, 2012 at 10:44 am

    အော် ဖိုင်ဘာလေ ဖုန်းကြိုး ကြေးနန်းကြိုးမှ မဟုတ်တာ… နက်ဝက်ကြိုး လိုလဲ မဟုတ်… သူတို့ရဲ့ စက် (ဖိုင်ဘာ သီးသန့် ဆက်တဲ့စက်လို့ ပြောတာပဲ) အဲ့ဒီ စက်နဲ့ မှ ပြန်ဆက်လို့ ရတာတဲ့…. အဲ့ဒီတော့ သူတို့ကို မခေါ်ချင်ရင် အဲ့ဒီစက် ဝယ်ထားလိုက်လေ… ဈေးတော့ သိပ်မရှိဘူး သိန်း ၅ဝ လောက်ပါပဲ 😀

    • sugar sugar

      April 10, 2012 at 11:19 am

      ဟုတ်တယ် Lu Ka Lay ရေ သူတို့မှာဘဲရှိတဲ့စက် ကြီး နဲ့ ဗျ ၊အဲဒါ နဲ့ ပဲ ခဏခဏ ခံနေရတာ

Leave a Reply