စဉ်းစား စာရာလေးများ (၄)…

Ko out of...April 9, 20121min1086

၁။ မှားရင်ပြုပြင်ဖို့ ဝန်မလေးတဲ့လူဟာ ဘာဘဲလုပ်လုပ် လုပ်ရဲတဲ့ စိတ်ရှိတယ်။ ဘာဖြစ်လို့ လုပ်ရဲလည်း ဆိုတော့ မှားရင် ပြုပြင်မယ်ဆိုတဲ့ စိတ်ရှိလို့ဘဲ..မပြင်နိုင်တဲ့ လူဟာ ဘာမှ
မလုပ်ရဲတဲ့လူဘဲ…

၂။ လှုပ်ရှားရှင်သန်နေတဲ့လူဟာ တခုမရလည်းတခုခုကိုလုပ်နေတော့
အဖြေဆိုတာ တနေ့တွေ့နိုင်သေးတယ်။ အငြိမ်နေတဲ့လူဟာ
ဘာမှ မလုပ်တဲ့ အတွက်ဘာမှမသိဘဲ သေသွားမယ်…

၃။ ခံစားချက်ဟာ အမှန်မပြဘူး…ဘိန်းစားဟာ ‘ကောင်းတယ် ကောင်းတယ်’ ဆိုပြီး ဘိန်းကို ဆက်ရှုတော့ ဘယ်လို ဘဝမျိုးရောက်သွားလဲ?..လက္ခဏာရှင်ဟာ
လူမဟုတ်မဟုတ်ဘူး အဲဒီဖြစ်တဲ့ အကောင်ဘဲ..

၄။ လူဟာ အကောင်းဘဲလုပ်လုပ် အဆိုးဘဲလုပ်လုပ် အဖြစ်တခု တင် ကျန်ခဲ့တယ်.. ဒါကို ဘဝပြောင်းတယ်လို့ခေါ်တယ်…

၅။ ဘာသာရေးရဲ့ လမ်းညွှန်မှုကို ရယူတာ ကိုယ်းကွယ်ဖို့လား?
ကျင့်သုံးဖို့လား? ကိုယ်းကွယ်ဖို့ဆိုရင် ကျေးကျွန် ဖြစ်သွားမယ်..
ကျင့်သုံးဖို့ဆိုရင် အရှင်သခင်ဖြစ်မယ်…

၆။ မိမိရဲ့ လွတ်လပ်မှုအတွက် သူတပါးကို မနှင်းချေသင့်ဘူး..

ရ။ ငါဖြစ်နေတာ အတိတ်က အကြောင်းတရားကြောင့်..
ငါအခု လုပ်နေတာ နောက်ဘဝအတွက်ဆိုပြီး လုပ်နေကြလို့ မလွတ်လပ်ဘဲ ဆင်းရဲနေကြတာ..

၈။ ဘာသာရေးက ကျွန်တော်တို့ရဲ့ ယူထားခြင်းကိုခံရတာလား?ကျွန်တော်တို့က
ဘာသာရေးရဲ့ ယူထားခြင်းကိုခံရတာလား? ဘာသာရေးရဲ့ ယူထားခြင်းကိုခံရရင်တော့ ဘာသာရေးရဲ့ ကျေးကျွန်ဖြစ်သွားမယ်..

၉။ လိမ်တာဟာ အားပျော့တဲ့ သူရဲ့လက်နက်ဘဲ…

၁၀။ ကျင့်လို့မရတာကို လွဲမှားသိရင် ကျင့်သူ အခက်ကြုံမှာပေါ့…

6 comments

  • Gipsy

    April 9, 2012 at 10:17 pm

    ကိလေသာများသည် စိတ်ကြောင့် ဖြစ်၏ တဲ့
    စိတ်ကြောင့်ဖြစ်သော ကိလေသာများစင်ကြယ်လိုပါလျှင် တဲ့
    ဝိပဿနာ ဖြင့်ဆေးကြောရပါ၏ .. တဲ့
    ဒါလေးကိုတော့ အလွတ်ကျက်ထားပါတယ်….။

  • kai

    April 10, 2012 at 4:37 am

    ပြန်ဖြေကြည့်ပါနော..

    ၁။ ကိုယ်ကမှားနေတယ်လို့ကို.. မထင်တဲ့သူကျ ဘယ်နှယ်လုပ်မလည်း..။

    ၂။ ဘာမှမလုပ်ပဲ.. ငြိမ်ငြိမ်ထိုင်နေသူကို.. ပုဂ္ဂိုလ်ကြီးဆိုပြီး…. ကိုးကွယ်ဆည်းကပ်သူတွေပေါများတတ်တဲ့.. ဓလေ့အကျင့်ရှိတဲ့နေရာဒေသမှာတော့ ဒါက မမှန်ဘူး..
    ဘာလို့လည်းဆိုတော.. ထိုင်နေရင်းကပဲ.. ငွေတွေ.. လာဘ်လာဘတွေ လှိမ့်ဝင်လာတတ်လို့ပဲ..။ 😆

    • Mလုလင်

      April 10, 2012 at 11:18 am

      အဲဒါကျ ဘာ မာကက်တင်း စတာဒဂျီ ဖြစ်မလဲ …

  • TTNU

    April 10, 2012 at 8:30 am

    Kooutofရေ..

    (မှားရင်ပြုပြင်ဖို့ ဝန်မလေးတဲ့လူဟာ ဘာပဲလုပ်လုပ် လုပ်ရဲတဲ့ စိတ်ရှိတယ်။
    ဘာဖြစ်လို့ လုပ်ရဲလဲဆိုတော့ မှားရင် ပြုပြင်မယ်ဆိုတဲ့ စိတ်ရှိလို့ပဲ
    မပြင်နိုင်တဲ့ လူဟာ ဘာမှမလုပ်ရဲတဲ့လူပဲ) 😯

    အိမ်ထောင်ပြုပြီးမှ မှားမှန်းသိသွားတဲ့ မြန်မာမိန်းကလေးတစ်ဦးရဲ ့ဘဝ
    ကတော့ စိတ်ရှိပေမဲ့ အလှမ်းခက်ရှာမယ်နော်။

  • Khaing Khaing

    April 10, 2012 at 12:56 pm

    စဉ်းစားနေပါတယ်ကို အောက်အော့ရေ ……
    ”၁။ ကိုယ်ကမှားနေတယ်လို့ကို.. မထင်တဲ့သူကျ ဘယ်နှယ်လုပ်မလည်း..။”
    သူကြီးပြောတာသိပ်မှန်တယ် ကိုယ့်ကိုကိုယ်မှားမှန်းမသိတဲ့လူ အဲလိုလူကတော်တော်ခက်သားဗျ ….

    “ အိမ်ထောင်ပြုပြီးမှ မှားမှန်းသိသွားတဲ့ မြန်မာမိန်းကလေးတစ်ဦးရဲ ့ဘဝ
    ကတာ့ စိတ်ရှိပေမဲ့ အလှမ်းခက်ရှာမယ်နော်။”
    တချာနုပြောတာလည်း မှန်ပြန်ရော မြန်မာမိန်းကလေးတစ်ယောက်က တစ်အိုးတစ်အိမ်ထူထောင်ပြီးမှ မှားမှန်းသိပြီး နောက်တစ်ယောက်ပြောင်းရင် လူအထင်သေးကဲ့ရဲ့စရာဖြစ်မှာမလွဲဧကန်ပါ ……

    “၅။ ဘာသာရေးရဲ့ လမ်းညွှန်မှုကို ရယူတာ ကိုယ်းကွယ်ဖို့လား?
    ကျင့်သုံးဖို့လား? ကိုယ်းကွယ်ဖို့ဆိုရင် ကျေးကျွန် ဖြစ်သွားမယ်..
    ကျင့်သုံးဖို့ဆိုရင် အရှင်သခင်ဖြစ်မယ်…”
    ကိုအောက်အော့ရဲ့ ဒီစားသားလေးကိုကြိုက်တယ်ဗျာ ….. လိုက်နာမှတ်သားကျင့်သုံးရမှာပါ ……..

  • Ko out of...

    April 11, 2012 at 8:36 pm

    ကိုယ်မှားနေတယ်လို့ မထင်တဲ့ လူဟာ ကိုယ်မှန်တယ်လို့ အသေယူတဲ့ လူဘဲ..ဒီလို အသေယူတဲ့လူဟာ ဆက်မလေ့လာတဲ့လူဘဲ..ကျွန်တော်ကတော့ ကိုယ်သိထားတဲ့ သဘောတရားထက်ကောင်းတာများ ရှိသေးတယ်..အချက်အလက်ကျကျနဲ့ ချပြနိုင်တယ်
    ဆိုရင်တော့ လက်ခံသင့် ရင်လက်ခံရမှာဘဲ..

    အငြိမ်နေတဲ့လူတွေ ဟန်ဆောင်တာကို ယုံတဲ့ လူတွေများနေသရွှေ့ မြန်မာပြည် ဆင်းရဲတွင်းက မလွတ်
    မြောက်နိုင်သေးပါဘူး.. သူတို့က တရားကို သစ်ပင်အောက် ၊တောတို့၊ဂူတို့မှာ ထင်နေကြတာ.. အမှန်တော့ တရားဆိုတာ လူလူချင်းဆက်ဆံတဲ့ နေရာ မှာရှာရမှာ…လူတောထဲမှာဘဲ တရားရှိတယ်…ကျွန်တော် ဟန်မဆောင်ချင်လို့ဗျာ.. မြန်မာပြည်မှာ ဟန်ဆောင် လိုက်ရင် စားလို့ မကုန်ပါဘူးဗျာ…

    လူတွေကို အလုပ်လုပ်စေချင်လို့ …များများစဉ်းစားစေချင်လို့…ဒါ ဒီပိုုစ့်ကိုတင်ရခြင်းရဲ ရည်ရွယ်ချက်ပါဘဲ..

Leave a Reply