သိသမျှ ဝေမျှလိုက်ပါသည်။ အပိုင်း(၁)

aye.kkApril 11, 20121min1213

အာဒိကပ္ပဒွါဒရာသီနက္ခတ်ကျမ်း

တွင်ဖော်ပြထားသော

ဆရာတော်ခင်ကြီးပျော်၏အထ္ထုပ္ပတ္တိစာတမ်းအား

သိသမျှ ဝေမျှလိုက်ပါသည်။

“အတုလဆရာတော် ခင်ကြီးပျော်၏အထ္ထုပ္ပတ္တိစာတမ်း”

လူအမည် = ဦးပျော်

ရဟန်းအမည် = အရှင်ဉာဏဝရ

တံဆိပ်ရအမည် = ဉာဏာဘိလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု

ဆရာတော်သည် သက္ကရာဇ် ၁၀၈၄ခုနှစ်တွင် ဘွားမြင်တော်မူသည်။နံအင်္ဂါသား ။
ဇာတိမှာ တောင်တွင်းကြီးမြို ့။
ငယ်မည် (ဦးပျော်)၊သက်တော်စေ့တွင် ရဟန်းဘဝကူးပြောင်း၍ သာသနာဝန်ကို ထမ်းရွက်တော်မူသည်။
ဒါယကာ၊မဟာဇေယ ပုရစစ်ကိုင်းမြို့ကို ။ ဒုတီယတည် ။ နောင်တော်မင်းတရားကြီး ကိုးကွယ်တော်မူသည်။
သက္ကရာဇ် ၁၁၂၄ ခုနှစ် ။ သက်တော် ၄ဝ အဝင် ။
ဝါတော် ၁၉ ဝါမြောက်တွင် ကံကုန်တော်မူသည် ။ တံဆိပ်ဉာဏာဘိ လင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရုဟု တွင်တော်မူသည်။

၎င်းဆရာတော်ကြီးသည်။ တောင်တွင်းကြီးမြို့ ပေနှစ်ပင် ။
ရှင်နှစ်ပါးအဝင်ဖြစ်သည် ။ ဘွားတော်မူစဉ်က ပေါ်ပေါက်လာသော ပေပင်ကား ။ လုံးရပ်သဏ္ဍာန် ပင်စည်ရွက်ဖူးကြီးမားဖွံ ့သန်၏ ၊ ထိုပေပင်က ပေရွက်တို ့သည် ။ ၁၄ ကြောင်း ၊ ၁၅ ကြောင်းစာရေး လောက်အောင် ကြီးသောဟူ၏ ။

၎င်းဆရာတော်သည် ပညာသတ္တိ ကျော်စောခြင်းကား ။ မြေအနှံ ့ဖြစ်သည်ဟူ၏ ။ ကျောဇောခြင်းသုံးပါးနှင့် ပြည့်စုံသည်လည်းဟူ၏ ။ ကျောင်းသားသူငယ်စဉ်က ။ သီဟိုဠ် ကျွန်း၌ မြန်မာပြည်တွင် ။
ပိဋကတ်စာပေ တတ်သော သူငယ်တစ်ဦး ရှိသည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်လေ၏ ။ နောက်သာမဏေ အဖြစ်တွင်၎င်း ။ ရဟန်းငယ်အဖြစ်တွင်၎င်း ။ ကျော်ဇောခြင်း ဖြစ်လေ၏ ။ ထိုဆရာတော်သည် ၊ ကျောင်းသားငယ်စဉ်ကပင် ။ အင်းဝမြို့သို ့ရောက်၍ စာပေကျမ်းဂန်များကို ရှာဘွေသင်ကြားတော်မူသည် ။ သူငယ် ချင်းဖြစ်သည့် ။ ခင်ကြီးပြောင်နှင့်မူကား ။ ဘွားဘက်ပြန် အတူတူချည်းဖြစ်သည် ။ ရဟန်းဖြစ်၍ ၊ အလောင်းမင်းတရားကြီး၏ သားတော်ကြီး နောင်တော်ဘုရင်က ကိုးကွယ်သော ဆရာတော်ဖြစ်သည် ။

သက္ကရာဇ် ၁၁၆၂ ခုနှစ်ဖွား ။ နံဗုဒ္ဓဟူးသား ။ လူမည်မောင်ပန်းထွေး ၊ ရဟန်းဘွဲ ့ရှင်ရသ ။ ၁၁၄၈ ခုနှစ် ။ ဝါတော် ၆၆ ဝါတွင်ပြန်လွန်တော်မူသည် ။ တံဆိပ်မဟာဓမ္မအတုလ ယသဓမ္မရာဇဂုရု ၊ အတုလဆရာတော်ဟုူ၍ ထင်ရှားသည် ။ ၎င်းဆရာတော်အားသာသနာတော်ကိုလွဲအပ်၍ ၊ သာသနာပိုင်သံဃရာဇာအဖြစ်ဖြင့် တင်မြှောက်ကိုးကွယ်တော်မူသည် ။

၎င်းလက်ထက်အခါတွင် ။ မောင်ရှင်သာမဏေများကို ။ ကိုယ်ရုံသင်္ကန်းရုံသင့်-တင်သင့်။ အငြင်းအခုံဖြစ်ကြ၍ အတုလဆရာတော်က။ တင်သင့်ကြောင်း။ ခင်ကြီးပျော်ကရုံသင့်ကြောင်း။ ကွဲပြားကြသော်လည်း။ သာသနာပိုင်အမိန့်အတိုင်း လိုက်နာကြရသည်။ မလိုက်နာလို သူများသာမဏေမလုပ်ဘဲ။ ချက်ခြင်းရဟန်းခံကြ၏ ။ နောက်ပုပ္ပါးစော ရဟန်းမင်း ။ ဖြိုတြွင်းသက္ကရာဇ် ၁၁၂၂ ခုနှစ်တွင် ရတနာသီခ ကုန်းဘောင်မြို့ကို သားတော်ကြီး နန်းတက်လျှင် ခင်ကြီးပျော်ကို။
သာသနာပိုင်အရာသို ့တင်မြှောက်တော်မူသည် ။
အထက်ဆရာတော်များက ရုံသင့်ကြောင်းကိုစုရုံး၍ ခင်ကြီးပျော်ထံ ပြောဆိုလျှောက်ထားကြရာ ။ ခင်ကြီးပျော်ကတပည့်တော်မတတ်နိုင်။ သာသနာပြုဆရာ ၁၄ ပါးက။တစ်ဂိုဏ်းချည်းပင်ဖြစ်သည်။
၎င်းအပြင် တဘောင်တခုပေါ်လာသည်မှာလည်း သည်သဲပုံငွေဖြစ်မှ။ ရုံရစ်တော့လေး။ဟုတဘောင်ရှိသည်ဆိုလျှင် ခင်ကြီးတို ့လည်းသဘောတူ၍သာ ဟုဆိုကြသဖြင့် ထွက်ခွါသွားကြလေသည် ။

၎င်းတဘောင်မှာ၊ (သဲပုံကား) သောကြာသား ။အလောင်းမင်းတရားကြီးတည်း။ (ငွေကား)တနင်းလာသား။ ဘိုးတော်မင်းတရားကြီးတည်း။ အလောင်းမင်းတရား နန်းဆက်သည်။
ဘိုးတော်မင်းတရားကြီးလက်ထက်သို ့ရောက်မှ။ ဖြစ်မည်ဟူသတည်း။

ယင်းသို ့အတိုင်း ဘိုးတော်ဘုရားနန်းတက်လျှင်။ စလင်းဆုံထားဆရာတော် ဘုရားထံ။ မောင်ရှင်ကြီးတစ်ပါး စာဝါတောင်းရာတွင်။ ၎င်းဆရာတော်က။ မောင်ရှင်ကြီးကိုလက်မခံလို၊ ရဟန်းပြုမှသင်လိုသည်
မိန် ့တော်မူက။ တပည့်တော်လည်း
၎င်းအတိုင်းသဘောမကျပါ ရဟန်းပြုပါမည်ဟု လျှောက်သည်ကို စလင်းမြို့ရှိဂိုဏ်း ဆရာတော်သံဃာတော်တို ့သည် ကြားသိကြ၍။
အမပူရမြို့သို ့တက်ပြီးလျှင်။ တင်ဂိုဏ်းဝင်အဆက်။
သာသနာပိုင်ဆရာတော်ထံ။ ကိုယ်တော်တို ့အား။
အလဇ္ဇီ ဆိုသည်ဟုကုန်းချောပြောဆိုရာ။ သံဃရာဇာ အာဏာဖြင့်။ ဆုံထားဆရာတော်ကို
ကပ်ဖိယူရမည်ရှိသည်တွင် မြို့တော်ရှိ
ဆုံထားဆရာတော်ကြီး၏ တပည့်တပန်း တို ့ ကူးသန်းရောင်းဝယ်သူလူများနှင့် မင်းမှုထမ်းသားတို ့က ။ ဦးစွာဆုံထားဆရာတော်ထံ။ အမြန်လူစေလွှတ် လျှောက်ထားရာ။ ဆရာတော်လည်း။ နေ ့ကိုပုန်း၍ညဉ့်ကိုဆန်တက်လာရာ။
ယူမည်ဘမ်းမည်သွားသော
လူတို ့လည်းစလင်းမြို့သို ့ရောက်၍မရှိကြောင်းသိက။ အမြန်ပြန်လာသည်။
အမရပူရမြို့အနီးသို ့ ရောက်လျှင်။
ဆုံထားဆရာတော်နှင့်တွေ ့၍ ။ဘမ်းဆည်းမည်ရှိရာ ။ ဆုံထားဆရာတော်ဘက်ကလည်း။ ဘမ်းလျှင် ခုခံရိုက်ပုတ်မည်ဟု သံဃာအများ။ သင်္ကန်းဝါဝါ တရုံးရုံးနှင့်ရှိနေကြသည်ကို ၊ဘိုးတော်တရားမင်းလည်း။ ဧရာဝတီမြစ်လယ်ကျွန်း၌။
ရေသဘင်ကစားမည်ထွက်တော်မူရာ ။ ရှု မြင်တော်မူသဖြင့်။ အကြောင်းကိုမေးမြန်းတော်မူ၍သိရလျှင်။ ဤအကြောင်းကား အကြမ်းမှုမဟုတ်မပြုမလုပ်စေရာ။ ဘုရားတရားတော်ရှိသည်အတိုင်းဖြစ်ရာသည်။ နက်ဖြန် သုဓမ္မာတွင် ရှင်းလင်းရမည်ဟု မိန် ့တော်မူ၍၊ မဟာဒဏ်ဝန်။ စာရေးတို ့စီမံပြီးလျှင်။
နောက်တနေ ့ရဟန်းပရိတ်သတ်များရှေ့ ရှင်းလင်းကြရာ။ တင်ဂိုဏ်းက ဇင်းမယ်ပြုမင်္ဂလာ သာရဒီပနီကျမ်းကို။ ကိုးကား၍ပြောဆိုလျှင် ။ ဆုံထားဆရာတော်က။ ၎င်းကျမ်းကား။ သင်္ဂါယနာတင်ကျမ်းမဟုတ်။ သေခိယနှိုက်။ အန္တရဃရေပါရုံဝိထွာဟု ပြည်ရွာအတွင်း ။ သင်္ကန်းရုံ၍သွားရကြောင်းပါသည်။

သေခိယကား။ ဘုရားဟောပါဠိတော်ရင်း
ဖြစ်သည်အတိုင်း။ ကျင့်ရမည်ဆိုလျှင်။
တင်ဂိုဏ်းကမချေနိုင်။ ရှုံးနိမ့်၍ ဂိုဏ်းဘက်သို ့ ပါဝင်လျှက်အများတလုံးတည်းဖြစ်ကြလေသည်။

အတုလဆရာတော်ခင်ကြီးပျော်သည်။ ပြုစီရင်တော်မူခဲ့သောကျမ်းများကား ဝီထိလက်ရိုးကျမ်း။ ဝုဒ်စစ်။ ကပ္ပါလင်္ကာရ။ အာဒိကပ္ပဒွါဒသိမ်။ သဒ္ဒဗြူဟာ။ စားတော်ချက်ကျမ်း။ ၃ရမင်းနတ်သီချင်းတီးမျိုး။ ဝုတ္တောဆုံးမစာလင်္ကာ။

သက္ကရာဇ် ၁၁၂ဝ ပြည့်နှစ်တွင် မင်းလက်ဝဲအနော်ရထာ လျှောက်ထားချက်အရ။ အတုလဆရာတော် ဖြေဆိုတော်မူသော ဝုစ္ဆာဝိသဇ္ဇနီကျမ်းဟူ၍၎င်း။ တောင်တွင်းဆရာတော် အဖြေကျမ်းဟူ၍၎င်း။ အမည်နှစ်မျိုးထင်ပေါ်သောကျမ်း။

၎င်းပြင်။ ပဋ္ဌာန်းအရကောက်။ နျာသအရကောက်။ ယမိုက်ခက်ဆစ်၊ ပုဒ်ဆစ်။ ပိဋကတ်ကျမ်းများ။ ၎င်းအပြင်အာဒိကပ္ပကျမ်း။ ဒွါဒရာသိမ်ကျမ်း။ဓာတုဘေဒကျမ်း။ ဓာတုဝိဘာဂကျမ်း။ နေမိတ္တကကျမ်း။ နရတန်ဆောင်ကျမ်း။ နရမာလာကျမ်း။ လက္ခဏသင်္ဂြိုကျမ်း။ နရသုခိကျမ်း။ ဝေနေယျသုခိကျမ်း။ မဟာနာရီကွန်ချာကျမ်း။ ပဋိစ္စသမုပ္ပါဒ်ဓတ်ကျမ်း။ ဓာတုသင်္ဂဟကျမ်း။ ဓာတုဒီပနီကျမ်း။ အရသာကျမ်း။ အင်္ဂဝိဇ္ဇာဟူသောဓတ်ကျမ်း။ ကဝေသာရကျမ်း။ လက္ခဏာဒီပကျမ်း။ ဆနဝုတိကျမ်း။ ဓာတွန္ဒြီကျမ်း။ မဏိဇောတိရသ်ကျမ်း။ စူလဇောတိရသ်ကျမ်း။ ပရမီသွာကျမ်း။ ဇဗ္ဗူ ့ကျက်သရေကျမ်း။ သာသနာသိုက်ကျမ်း။ သဗ္ဗသာဓာရနကျမ်း။ ရောဟနကျမ်း။ ပဉ္စပွတ်ကျမ်း။ ပေါင်း(၃၂)ကျမ်းကို။(တောင်တွင်းခင်ကြီးပျော်)ဟူ၍ ထင်ပေါ်ကျောဇောတော်မူသော ဆရာတော်ဘုရားသည်။ ရေးသားစီရင်တော်မူသည်ဟု ပိဋကတ်ကြေးမုံကျမ်းတွင် ဘော်ပြတော်မူချေသည်။။

(ဆက်လက်ဖော်ပြသွားပါမည်)

3 comments

  • aye.kk

    April 11, 2012 at 12:48 am

    ဦးဦးပါလေရာ
    ဆရာတော်ခင်ကြီးပျော်အကြောင်း သိသမျှ မျှဝေလိုက်ပြီနော်။

  • ဆူး

    April 11, 2012 at 1:17 pm

    ရှေးကျတဲ့ စာအုပ်တွေကို မူရင်းအတိုင်း ဖတ်ဖို့ ခက်တဲ့ အရာတွေကို ဒီလို မျှဝေ ပေးတော့ တခြား လူတွေလည်း ဗဟုသုတ ဖြစ်စေမယ်လို့ ထင်ပါတယ်။
    အားပေးနေတယ်နော်။

  • ကြောင်ကြီး

    April 12, 2012 at 8:14 am

    အတုလ
    ခင်ကြီးပျော်
    ဆင်စီးတော်
    နာမည်ထွက်၊
    ညဏ်ကြီးသနော်
    လျှံပယ်ညက်၊
    မာန်ဖီးကျော်
    ရန်ပယ်လှပ်၊
    ကံနီးပေါ်
    စံပယ်မြတ်၊
    သဂျီးအော်
    ဖန်တယ်ဇာတ်…။

Leave a Reply