စိတ်ဓာတ်ကလေးတွေ ပြင်ပေးကြပါ

အမေစုနှင့်တကွ အရွေးခံရတဲ့ လူအားလုံးကို ယုံကြည်တယ်… အခုလိုအနိုင်ရတာကိုလည်း ဝမ်းသာတယ်… ဒါပေမဲ့ နယ်တွေက NLD ပါတီတွေကို ပြန်လည် စမ်းစစ်သင့်တယ်… အရှည်အတွက်ပါ။ တိုင်းပြည်ကောင်းဖို့ NLD ထဲဝင်တာလား၊ ကိုယ်ရေးကိုယ်တာတွေကြောင့်ဝင်တာလား၊ စစ်ဆေးဖို့လိုတယ်… ဘာနဲ့ပဲဝင်ဝင် အဖွဲ့ထဲရောက်နေရင် အဖွဲ့စိတ်ဓာတ်လေးရှိစေချင်တယ်။ အဖွဲ့စိတ်ဓာတ်ရှိသူတွေကို ရွေးထုတ်သင့်ပြီ။ ဆန့်ကျင်ဘက်ပါတီတွေအပေါ် မထီမဲ့မြင်လုပ်တဲ့ စိတ်ဓာတ်နိမ့်သူတွေကို စိတ်ဓာတ်မြှင့်တင်ပွဲတွေ NLD အနေနဲ့စလုပ်သင့်ပြီ၊ အမေစုကို ဆရာလုပ်တာမဟုတ်ပါ။ အမေသိပြီးသားဆိုတာ ယုံတယ်။ ခပ်ဆိုးဆိုးအခြေအနေတွေမြင်နေရလို့ ရေးဖြစ်တာ။ ဆန့်ကျင်ဘက်ပါတီတွေရဲ့အရင်က လုပ်ရပ်တွေကို ခံခဲ့ရလို့ သူတို့ကို ငါတို့အထက်စီးရတုံး ပြန်လုပ်မဟဲ့ဆိုပြီး ပါတီထဲဝင်တာ မကောင်းဘူး။ အနစ်နာခံပြီး တိုင်းပြည်အတွက် လုပ်နေတဲ့လုပ်ရပ်တွေ ရေစုန်မျောသွားမှာပေါ့။ ဆန့်ကျင်ဘက်ပါတီဆိုတာ ဖွားဖက်တော်ဆိုတာ ပါတီတိုင်းမမေ့ကြဖို့သတိပေးချင်တယ်။ မတူတာတွေ ညှိနှိုင်းပြီး တူတဲ့အဖြေထွက်အောင် တဘက်နဲ့တဘက်အပြိုင် အားပေးကြပေါ့။ သူတစ်ပါးလုပ်ရပ်တိုင်းမှားတယ်ဆို ဖင်ပိတ်မအော်ကြပါနဲ့။ မျက်ကန်းတစ်ယောက်ဟာ ကြောက်ဖို့ကောင်းတယ်။ ( ဘော်ဒါတို့ရေ ကျွန်တော်လိုအပ်ချက်များကို ဖြည့်စွက်ကူညီရေးသားပေးကြပါအုံး….)

13 comments

  • ဦးဦးပါလေရာ

    April 11, 2012 at 9:22 am

    ဒီပိုစ့်ကို ထောက်ခံပါတယ်။
    အလွန်အပြုသဘောဆောင်ပါတယ်။
    တကယ်တော့ အခုအချိန်မှာ ဒါမျိုးတွေ တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ရေးပေးဘို့ လိုပါတယ်။
    ရင့်ကျက်တဲ့စိတ်ထားရှိတဲ့ မျိုးချစ်ပြည်သူတွေများလာမှသာ ပန်းတိုင်ကိုချောချောမွေ့မွေ့ရောက်နိုင်ပါတယ်။

  • Gipsy

    April 11, 2012 at 10:32 am

    လူများရင် ချေးများမှာ အမှန်… ပါတီတွင်း သန့်ရှင်းရေးက လုပ်ကိုလုပ်ကြရမှာ…
    ိအခုနေတော့ သာကူးတို့ ခုန်ကူးတို့ ချော်လဲရောထိုင် တို့ ရှိနေမှာဓမ္မတာ ပဲလေ ..၊

  • estherems

    April 11, 2012 at 11:14 am

    မှန်ပါတယ် ။။ တစ်ချို့NLD အသင်းဝင်တွေဆိုရင် ကျွန်တော်မေးကြည့်တာ NLD ဆိုတာဘာလဲလို့

    အရှည်ခေါက်တောင်မသိတဲ့လူတွေတောင်ရှိပါတယ် စိတ်ထဲမှာတစ်ကယ်နိုင်ငံအတွက်အထောက်ကူပြုစေချင်တယ်ဆိုမှဝင်သင့်ပါတယ် သူများဝင်တိုင်းလိုက်တော့မဝင်သင့်ပါဘူး ရေရှည်မကောင်းနိုင်ဘူး

  • char too lan

    April 11, 2012 at 11:14 am

    အနယ်နယ် အရပ်ရပ်မှာရှိတဲ့ NLD အနီးအနားကလူတွေ
    ဒါမျိူးလေးတွေထောက်ပေးရင်ကောင်းမယ်
    အပြုသဘောနဲ့ပေါ့နော်

  • Thel Nu Aye

    April 11, 2012 at 11:34 am

    မှန်ပါတယ်။ ဒီလိုစာကို NLD ရုံးချုပ်ကိုဒါရိုက်ပို့ပါလား။ ပိုထိရောက်ပါမယ်။ လိုအပ်ပါတယ်။ သူတို့ဆီအကြံပေးစာပို့ရင်လက်ခံပါတယ်။ ပို့လိုက်ရမလား။

    • htoosan

      April 11, 2012 at 3:30 pm

      သဲနုအေးရေ .. ဒီပိုစ် မတက်ခင်ကထဲက မန္တလေး NLD က ဒီ လို စကားပြောပြီး အရွေးကောက်ခံရတဲ့ လွှတ်တော် ကို်ယ်စားလှယ်ကိုယ်တိုင် က သူပါ ပြန်ပြီး ပါတီဝင် လျှောက်လွှာတင်ပါ့မယ် ဆိုပြီး ပါပြီးသားပါကွယ်..

  • ကောင်းမြတ်သူ

    April 11, 2012 at 12:32 pm

    ဟုတ်ကဲ့ အစ်မရေ ကူညီပေးပါအုံးဗျာ… ကျွန်တော်မဆက်သွယ်တတ်လို့။ NLD တစ်ခုတည်းသိစေချင်တာ တော့မဟုတ်ဘူး။ ပါတီတိုင်း သိသင့်တယ်။ ဒီခေတ်မှာစစ်မှန်တဲ့ စေတနာရှေ့တန်းတင်ပြီးလုပ်တဲ့အဖွဲ့အစည်း၊ လူတွေအတွက်သာနေရာရှိတယ်… အာဏာအတွက်လုပ်တယ်ဆို နောက်ကျကျန်ခဲ့မှာပဲ။ ဒေါ်မြင့်မြင့်အေး အဖြစ်အပျက်ကို နမူနာယူသင့်တယ်။ သူ့ကို ကဲ့ရဲ့တာမဟုတ်ဘူး။ ဘယ်ပါတီဝင်မဆို ဘယ်နေရာက နေရ နေရ လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိစေချင်တယ်…။ ရှိပြီးသား ပါတီဝင်တိုင်းကိုလည်း အဲဒီ စိတ်ဓာတ်ဖြစ်ပေါ်လာအောင် မွေးမြူပေးသင့်တယ်

  • ၁၉၉ဝ တုန်းကတခါပေါ့။ခွေးလည်ပင်းမှာ NLD တံဆိပ်ပတ်ထားလည်းနိုင်မှာပေါ့။
    ခုတကြိမ်မှာတော့ ဖြတ်သန်းလာတဲ့နှစ်(၂၀)မှာ အဖြေပေါ်ခဲ့လေပြီ။ပါတီတွင်းမှာ
    စီစစ်ဖို ့လိုတာတော့ အမှန်ပါဘဲ။

  • yama nya

    April 11, 2012 at 3:09 pm

    ပြည်ခိုင်ဖြိုးကို လူတွေ မုန်းခဲ့တာ ပါတီဝင်တွေကြောင့်ပါ ။ ခေါင်းဆောင်ပိုင်းက အပေါ်မှာဘယ်လောက်ပဲကောင်းအောင်လုပ်နေပါစေ သမိုင်းကြောင်း မကောင်းခဲ့လို ့ မျက်နှာမရခဲ့ဘူး ။
    ဘာပဲဖြစ်ဖြစ် မိမိပါတီ လူထုရဲ ့ ယုံကြည်မှုတွေနဲ ့အတူ ရေရှည်ရပ်တည်နိုင်ဖို ့ ခေါင်းဆောင်တစ်ယောက် တည်းနဲ ့မရဘူး ။ ပါတီဝင်တွေအပေါ်အများကြီး မူတည်ပါတယ် ။ အခုလို NLD လို လူအများ လက်ခံ ယုံကြည်တဲ့ ပါတီတစ်ခုအနေနဲ ့ အခုလို အသံတွေထွက်လာတာဟာ ပေါ့ပေါ့လုပ်လို ့မရဘူး ။ အယောင်ဆောင်တွေရှိတယ်ဆိုနေတာထက် စည်ကမ်းကို တင်းကျပ်ဖို ့လိုတယ် ။ ပြတ်သားရမယ် ။ ဒီအသံတွေဟာ ဝါဒဖြန် ့နေတဲ့ အသံတွေ မဟုတ်ဘူး ။ ပြည်သူထဲက ထွက်လာတဲ့အသံတွေ ဖြစ်နေတယ် ။ NLD အောင်မြင်ပါစေ ။

  • manawphyulay

    April 11, 2012 at 5:05 pm

    လူတွေကလည်း ခုချိန်မှ ပါတီထဲဝင်ရဲကြတာပါ။ တကယ်လို့ တိုင်းပြည်ကောင်းဖို့ ဝင်တယ်ဆိုရင် အရင်ထဲက ဘာလို့မဝင်ကြတာလဲ။ ခုမှ စုပြုံပြီး ဘာကြောင့်ဝင်ကြတာလဲ။ တစ်ခါတလေ ကိုယ့်ဘာသာ စဉ်းစားမိတာလေးပါ… ရယ်တော့ရယ်ရသား ကြောက်တတ်ကြတာလည်း လွန်ပါရော ဘာထူးသေးလဲ အရင်က ရွှေဝါရောင်ကြောင့် ဘလော့စပေါ့တွေ ဘန်းတယ်။ ဒီတော့ အင်ဖိုတက်က ဆရာကြီးသမားကြီးတွေကအစ ဘလော့ဂါဆို ဝေးဝေးရှောင်တယ်။ တကယ်လည်းစိတ်နာမိတယ်။ ခုတော့ ဘလောဂါ့တွေကို အမေစုက အားပေးတော့ သူတို့လည်း အားတက်သရောပါပဲလား…။ ရေနစ်နေချင်မှာ ဝါးကူထိုး နစ်သတ်မယ့်သူတွေကြီးပဲ။

    • Mလုလင်

      April 12, 2012 at 12:36 am

      မြန်မာပြည်က IT သမား အမည် ခံတွေကတော့ ခေါင်းပုံဖြတ်ဖို့ရယ် ပွဲစားလုပ်ဖို့ရယ်၊ ဟို က လူ ကို ခိုး ..ဒီက လူကို ခိုး … HR စု တာ လွှတ်ပိုင် တဲ့သူတွေ ….

  • Khaing Khaing

    April 11, 2012 at 9:41 pm

    ကိုကောင်းမြတ်သူ နိုင်ငံရေးတော့နားမလည်ဘူးဗျာ …. မဝေဖန်တတ်ဘူး ဒါပေမယ့် ဖတ်သွားတယ်ဗျာ …
    သိတဲ့လူတွေ မန့်တာတွေလည်းဖတ်သွားတယ် ……….

  • TTNU

    April 12, 2012 at 2:44 am

    Gipsy ပြောတဲ့ (သာကူးတို့ ခုန်ကူးတို့ ချော်လဲရောထိုင်တို့)
    အသုံးအနှုံး အံဝင်ပါပေတယ်။

Leave a Reply