Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗိုလ်ချုပ်အောင် ဆန်းဈေးက သန့်စင်ခန်း ကိစ္စ

myintsoelattApril 11, 20121min34319

ဗိုလ်ချုပ်အောင်ဆန်း ဈေးက သန့်စင်ခန်း ခ ၁၀ဝ ကျပ်ဖြစ်သွား ပြီတဲ့။ ဒီဈေးတက် သွားတာက ဒီနှစ်ထဲ မှာ ဒုတိယ အကြိမ် ဖြစ်ပါတယ်။ ပထမ ၂ဝကျပ် ကနေ ၅ဝကျပ် ဖြစ်သွားပြီး အခု ၅ဝ ကျပ်ကနေ ၁၀ဝ ကျပ် ဖြစ်သွားတာပါ။  လေလံဈေး တက်လို့ လို့ သတင်းကြား ရပါတယ်။ ဒါဟာ မဖြစ်သင့် တဲ့ ဈေးနှုန်း ၁ခုပါဘဲ။ ဈေးထဲက အရောင်းဈေးသည် ဝန်ထမ်းတွေဟာ အများအားဖြင့် ၁နေ့ ၂၀၀ဝကျပ် နှုန်းခန့်သာ ရကြတာပါ။ အခုလိုနွေရာသီ မှာတော့ တစ်နေ့ နှစ်ကြိမ်လောက် ဘဲ သန့်စင်ခန်းကို သွားကြတာ ဆိုတော့ မထောင်းတာ ပေမဲ့ မိုးရာသီ လို ဆောင်းရာသီ လို ဆိုရင် တစ်နေ့ ငါးကြိမ် လောက် သာ သွားရရင်တော့ ငွေကြေး က သိသာလာပါပြီ။ လစာရဲ့ လေးပုံတစ်ပုံ ကို သန့်စင်ခန်းကိစ္စ (နည်းနည်း ရိုင်းရင် ခွင့်လွှတ်ပါ သေးပေါက်တဲ့ အတွက်) ကုန်ကျခံရ တာတော့ ဆိုးပါတယ်။ နိစ္စ ဒူဝ နေနေ ရတဲ့ ဈေးမှာ သန့်စင်ခန်း ဖိုး၁၀ဝ ကျပ်ပေး ရတာ တော့ များလွန်းပါတယ်။ မြို့ထဲမှာ ရှိတဲ့ အများသုံး သန့်စင်ခန်းတွေက ၁၀ဝ ဆိုတာ က တစ်ခါတစ်လေ အရေးပေါ် မို့လို့ ၁၀ဝကျပ် ဆိုလည်း အရေးမကြီးပါဘူး။ ဝေဖန်အကြံ ပေး ကြပါ အုံး။

19 comments

  • Thel Nu Aye

    April 11, 2012 at 11:32 am

    ဝန်ဆောင်မှု့ကကော ၁၀ဝ တန်ပါရဲ့လား။

  • Gipsy

    April 11, 2012 at 11:34 am

    ဒါလဲ တစ်ဒုက္ခ ပါပဲ … ဒါမျိုးက သိမ်းထား အောင့်ထားလို့ ရနိုင်တဲ့ဟာမှ မဟုတ်တာ..
    ၂၀၀ဝ ရတဲ့ ဝန်ထမ်းတော့ ဒုက္ခရောက်ပြီပေါ့ …
    လူတစ်ဦးတစ်ယောက်ရဲ့ လောဘ အတွက်နဲ့ လူအများစု အခက်အခဲ ဖြစ်ကြရတော့မယ်..

  • ဆူး

    April 11, 2012 at 11:49 am

    သူပြောတော့လည်း ဟုတ်သလိုပဲ.. ၁၀ဝ ဆိုတာ ဖတ်လိုက်တုန်းက ဘာရှိမှာ မိုလို့လဲ တွေးလိုက်မိတယ်။
    အမြဲသုံးတဲ့ ကာစတမ်မာ အတွက် တုံတင်လေးတွေ လုပ်ပေးဘူးလား။
    အဲလို တုံကင်တွေကို ဆိုင်သမားတွေကို မဝယ်မနေရ ဝယ်ခိုင်းပြီးတော့ လေလံဖိုးကြေအောင် လုပ်ပေါ့။
    တုံတင် အစောင် ၁၀ဝ ကို ၁၀၀ဝ စသဖြင့်ပေါ့။ တဆိုင်ကို တုံကင် ၁၀ဝ မက တော့ အိမ်သာ သုံးကြမယ် ထင်ပါတယ်။
    အပြင်လူတွေဆို ပိုက်ဆံ နဲ့ ဆိုင်သမားတွေ ဆို ipay ကဒ် နဲ့ပေါ့.. အကြံပြုကြည့်တာပါ။
    ဆိုင်ခန်းပေါင်းမနည်းဘူးလေ

  • htoosan

    April 11, 2012 at 11:55 am

    သူများဒုက္ခ မနောက်ကောင်းပေမေ့ နောက်ချင်သေးတယ် .. တန်အောင် အီးအီးပါ ပါလိုက်.. 😀

  • ဦးဦးပါလေရာ

    April 11, 2012 at 11:58 am

    လေလံဈေးတက်တိုင်း လိုက်တက်လို့ ဘယ်ဖြစ်မလဲ။
    ဒါမျိုးတွေဆိုတာ သတ်မှတ်နှုံးထားတခု ရှိရမယ်လေ။
    အဲဒီနှုံးထားအပေါ်မှာပဲ လေလံယူမယ့်လုပ်ငန်းရှင်က ကိုက်မယ်ထင်ဈေးတိုးပေးပေါ့။
    စည်ပင်ကသတ်မှတ်တဲ့ နှုံးထားတခုခု ကျိန်းသေရှိရပါမယ်။
    ဂေါက်ရိုက်ဘို့စပွတ်ဆာရလို့ အဲဒါကို လူမသိအောင် တမင် ဖျောက်ထားတာဖြစ်ပါလိ်မ့်မယ်။

    အဲဒီ အသက်ကြီး ရာထူးကြီးပြီး ………….တဲ့ လူကြီးတွေရေ-
    ခင်ဗျားတို့လဲ အသက်တွေကြီးပါပြီ
    တစ်သက်မှာတစ်ခါလောက် ကောင်းတာလုပ်တဲ့အနေနဲ့
    လွန်ခဲ့တဲ့နှစ်တစ်ရာလောက်က ကိုလိုနီနယ်ချဲ့တွေ ကျုပ်တို့ မြန်မာပြည်သူလူထုအပေါ်ထားတဲ့ စေတနာမျိုးလောက်လေးတော့
    ထားကြည့်ပေးကြပါဗျာ…။
    ခင်ဗျားတို့အခုသုံးနေတဲ့ လက်စွဲစာအုပ်ထဲကဟာတွေက သူတို့လုပ်ခဲ့တဲ့ စံနစ်ကို ခိုးချထားတာပါ။
    အဲဒီအတိုင်းလုပ်ပေးရင်ကို ပြည်သူတွေ တော်တော်သက်သာရာရမှာပါ…။

  • ကိုရင်မောင်

    April 11, 2012 at 12:02 pm

    လေလံကိစ္စအတော်ဆိုးတာဘဲ
    တကယ်လုပ်သင့်တာက
    အိမ်သာတစ်ကြိမ်အသုံးပြုခ ၅ဝကျပ် နှုန်းထားနဲ့ကောက်ရမယ်
    သတ်မှတ်ပြီးလေလံဆွဲခိုင်းရမှာ
    ခုတော့မတန်တစ်ဆလေလံတွေဆွဲမတန်တဆနှုန်းတွေနဲ့ကောက် နောက်တော့အသုံးပြုတဲ့သူတွေဘဲနစ်နာရတာ ဒီစနစ်တွေပြင်သင့်ပြီလို့ထင်ပါတယ်……..

  • mocho

    April 11, 2012 at 12:10 pm

    တနေ့ ဝင်ငွေ ၂၀၀ဝ မှာ သန့်စင်ခန်းက တခါဝင် ၁၀ဝ မလွယ်ပါလာ။
    ရန်ကုန်မြို့ကြီးကို စင်ကာပူနဲ့တူအောင် လုပ်မယ်ဆို။
    ဒီမှာတော့ သန့် စင်ခန်း တွေပေါလွန်းလို့။ shopping mall တွေထဲက သန့် စင်ခန်း တွေဆိုရင် သန့်လွန်းလို့ ဈေးပတ်ရတာညောင်းရင် ဝင်တောင် နားဖြစ်တယ်။ အခပေးရတဲ့သန့်စင်ခန်းတွေ ဆိုလည်း ၁ဝပြား( ၆၃ကျပ်) ပဲ။အရောင်းစာရေး ဝင်ငွေ တနာရီ ကို အောက်ထစ်၅ဒေါ်လာ၊ တရက်ကို ၁ဝနာရီဆို ရင် ဒေါ်လာ ၅ဝ ပေါ့။ အခပေးရတဲ့သန့်စင်ခန်းဆိုရင်တောင် ဝင်ငွေနဲ့ ယှဉ်ရင် ဘယ်လိုမှ မပြောပလောက်ဘူး။

  • Ko Ko Aung

    April 11, 2012 at 2:52 pm

    ဒီမှာနောက်တခုမှားနေသေးတယ်-
    ဆိုင်ရှင်က အရောင်းဈေးသည်ဝန်ထမ်း အိမ်သာသွားတာလောက်တော့ ကျခံပေးရမှာပါ။
    ထမင်းမကျွေးရင်တောင် ရေတိုက် မုန့်ကျွေးတော့ လုပ်ရမှာပါ။ နေထိုင်မကောင်းရင်လဲ ခွင့်မယူရင် လုပ်ငန်းခွင်အတွင်းကျန်းမာရေးစရိတ် (ဥပမာ ဆေးဝယ်ပေးတာ၊ ဆေးခန်းခပေးတာ ) ထုတ်ပေးရမှာပါ။

    အဲဒါတွေမလုပ်ပေးဘူးဆိုရင် တော်တော် တင်စီးတဲ့ ဆိုင်ရှင်ပဲ။
    ဆိုင်ရှင်ကောင်းဆီပြောင်းလုပ်ပါလား….။

  • kai

    April 11, 2012 at 3:53 pm

    ဒီကတချို့ရှော့ပင်းမောတွေမှာတေ့ာ.. ဝန်ထမ်းတွေအတွက်.. သီးသန့် ရက်စ်ရွမ်းရှိတယ်..။
    စကော့ဈေးလည်း.. ဆိုင်ကလူတွေငွေစုထည့်ပြီး.. ကိုယ်ပိုင်ဝန်ထမ်းအတွက် သီးသန့်အိမ်သာဆောက်သင့်တယ် ထင်တာပဲ..

    ဘာမှမထူးဘူး.. တရက်ကုန်မဲ့ငွေတွေတွက်ပြီး. တနှစ်စာစီ.. ဆိုင်တွေစုပြီးဝိုင်းထည့်လိုက်ကြပေါ့..
    အဲဒီငွေနဲ့.. အိမ်သာဆောက်ရင်.. ရှယ်ရမယ်..။ 😆

    အိမ်သာ..( ဈေးမှာထားတာမို့.. ဈေးသာ ခေါ်ရမလားမသိ..) 😕
    ဝင်ဖို့က.. သီးသန့်သော့နဲ့ထားကြတယ်လေ…။

  • manawphyulay

    April 11, 2012 at 4:31 pm

    ဒါဆိုရင်တော့ အပေါ့ပဲသွားချင်ရင် အောင့်ထားပြီးမှ အပေါ့ကော အလေးကော ပေါင်းသွားပေါ့ အဟိ…
    အင်း သူတို့လည်း နှစ်သစ်ဆိုပြီး ဈေးတက်တာနေမှာပေါ့ … ဘယ်သူတွေက ဘယ်လိုကန်ထရိုက်ယူထားလဲတော့မသိဘူးနော်… အိမ်သာဈေးကွက်တောင် မလွယ်ပါလား…

  • cobra

    April 11, 2012 at 8:12 pm

    ဈေးကလဲကြီးလိုက်တာ အိမ်သာတောင်ဈေးတက်နေသေးတယ်။
    တော်တော်လည်းလောဘတက်ကြတဲ့သူတွေ။

  • တီတီရေငုံနှုတ်ပိတ်

    April 11, 2012 at 10:14 pm

    အဲလောက်လောဘကြီးတာ
    အရွဲ့တိုက်ပြီး
    အထဲမဝင်ပဲ အပြင်မှာထိုင်ပေါက်ပလိုက်…. 😀

  • MTY

    April 12, 2012 at 11:14 am

    မသေးတဲ့အန္တရယ်မို့ဖြေရှင်းမှုပြုပေးသင့်ပါတယ်။
    အိမ်သာကဆောက်ပေးပြီးရင်လဲမပြီးသေးဘူး
    နောက်ပိုင်းလိုက်ရအုန်းမှာ။

  • kyawthat

    April 12, 2012 at 12:46 pm

    In Singapore, we have to pay 10 cent only at some place. Mostly we don’t need to pay, a lot of free public toilet at shopping centers, mrt stations, foodcourts.

  • htoosan

    April 12, 2012 at 2:11 pm

    etone ပြောဘူးတာလား ဘယ်သူပြောတာလည်း မှတ်တော့ မမှတ်မိဘူး .. ..
    အကြံကောင်းလေး … အိမ်သာ အရမ်းသန့်တယ်… ဗိုလ်ချုပ်ဈေးနဲ့ဆို နဲနဲတော့ လှမ်းတယ် … Traders သာ ပြေးလိုက် .. တစ်ပြားမှ ပေးစရာမလိုဘူး .. 😀 😀

    ဒီနေ့ လဘက်ရည်ဆိုင်ထိုင်ရင်းလည်း ခေါင်းထဲ ဒီဈေးနုန်းရောက်လာတော့ သွားတွေးမိတယ် ..
    လဘက်ရည် နဲနဲလေး .. ၃၀ဝ ပေးရတယ် …ကွမ်းတစ်ယာ ဘယ်လောက်လဲ မေးကြည့်ဦးမှလို့ .. အနည်းဆုံး ၅ဝ ဘဲ..

    သန့်စင်ခန်းဝင်တာက ၁၀ဝ .. ပိုပြီး နေထိုင်သာထိုင်လည်းရှိသွားသေးတယ် .. ဒါတော့ မသဒ္ဒါ ဘူးလားလို့ ..
    ရေးလိုက်ရင် သန့်စင်ခန်း ကန်ထရိုက်ယူထားတဲ့ သူလို့တော့ ထင်မှာဘဲလို့ .. 😀 😀

  • ster

    April 12, 2012 at 2:50 pm

    ဈေးတွေကို တခြား shopping mall တွေလို အခမဲ. toilet တွေ ထားပေးသင်. ပါတယ်။ ကိုယ်စီ စည်းကမ်းရှိ သန်.ရှင်း ဖို.တော.လိုတာပေါ.။

  • ster

    April 12, 2012 at 3:12 pm

    တပြားမှ မပေးရပေမယ်. အရမ်းညစ်ပတ်နေရင် ဘယ်သူ ဝင်ချင်မှာလဲနော်။ maintainance နဲ. သန်.ရှင်းရေး အတွက် တော်ရုံ ယူကြပေါ.။ တရားလွန် အမြတ်ယူတာတော. မကောင်းပါဘူး။

  • etone

    April 13, 2012 at 3:48 am

    မတူတဲ့အတွေးနဲ့ ရေးကြည့်မယ်နော် … စိတ်မဆိုးနဲ့ …
    တခြားသော အများသုံးအိမ်သာတွေမှာလည်း .. တစ်ရာပေးခဲ့ရတာကြာပါပြီ….
    စကော့ဈေးလိုနေရာမျိုးမှာ အညာရှောက်သီးသုတ်ရောင်းတဲ့လူတောင် … အပြင်ထက်ဈေးပိုရောင်းပါတယ် …. ပြောရလျှင် စကာ့ဈေးလိုနေရာမျိုးကို ဈေးလာဝယ်တဲ့လူတွေရော … ဈေးရောင်းတဲ့ လူတွေပါ အပြင်ကထက်တော့ … ပိုပြီးပြေလည်တယ်ဆိုမလားပဲ … ဒီတော့ .. တစ်ရာဆိုလည် … မသွားမဖြစ်မို့ တန်တယ်ဆိုတာထက် သင့်လျှော်တယ်လု့ိပြောရတော့မယ် …. ။

    တစ်ရာဆိုတာထက်ပိုပြီးအရေးကြီးတာက …. ဝန်ဆောင်မှုပါ … သူတို့ယူလိုက်တဲ့ငွေကြေးနဲ့ ဝန်ဆောင်မှုတန်အောင် ပြန်ပေးနိုင်ရဲ့လားဆိုတာပါပဲ .. အချို့သော အများသုံးအိမ်သာများကတော့ ပိုက်ဆံသာယူတာ … အထဲမှာ အညစ်ကြေးတွေမသန့်စင်ထားဘူး … မဖြစ်မနေဝင်ရမယ့်လူကတော့ .. ဆေးပေတော့ပဲ … တစ်ချို့သော အများသုံးအိမ်သာတွေမှာကတော့… တစ်ယောက်ဝင်ပြီးတိုင်း သန့်ရှင်းရေး တစ်ခါ ဝင်လုပ်တာတွေ့ဖူးတယ် … ကောင်းတဲ့ အလေ့ထလို့ ဆိုရမှာပေ့ါနော် … ။

    အိမ်သာဆိုတာမျိုးကလည်း… မဖြစ်မနေမို့သွားရတာကြောင့်( အပျော်သွားတဲ့လူဆိုလို့ .. စပ်စပ်စုစုကျွန်မတစ်ယောက်တည်းရှိမယ်ထင်တယ် … 😛 ) … အဆင်ပြေပြေသန့်သန့်ပြန် ့ပြန့်နဲ့ ကိစ္စပြီးသွားတယ်ဆိုလျှင်ပဲ .. ပေးပျော်ပါတယ် … ဝန်ထမ်းတွေအတွက်တော့ ဆိုင်ပိုင်ရှင်မှသာ အိမ်သာစရိတ်ကျခံပေးသင့်ပါတယ် …

Leave a Reply