မန်းသင်္ကြန်နဲ့နှစ်ပေါင်းများစွာဝေးနေတဲ့သံချပ်နဲ့အတူ လူရွှင်တော်ပါပါလေးလာပြီနော်။
မန်းလေးသင်္ကြန်
သံချပ်သံနဲ့ဝေး နှစ်များစွာကြာပေါ့။
မန်းလေးသား ပါပါလေး
မန်းသူမန်းသားရင်ခွင်နဲ့ဝေတာလဲ ကြာခဲ့ပေါ့။
2012 မြန်မာပြည်ရဲ့ခေတ်သစ်
အားလုံးအသစ်ဖြစ်ဘို့အခွင့်ကြုံ
ပါပါလေးလဲ မန်းမြို့ရင်ငွေ့ကိုပြန်လှုံ။
ကဲအားလုံးဆုံလို့ သံချပ်တိုင်လိုက်မယ်
“ညီစေနော်……………..ညီစေ”
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး
(11-4-2012)
မနက်11း00နာရီ
14 comments
ကိုပေါက်(မန္တလေး)
April 11, 2012 at 11:25 am
အားလုံးနှစ်သက်မယ်ထင်ပါတယ်။
မန်းလေးနဲ့ဝေးနေတဲ့သံချပ်ရော ပါပါလေးပါ ပြန်တွေ့ရလို့။
Khaing Khaing
April 11, 2012 at 2:34 pm
လေးပေါက် ………. တစ်ကယ့်ကို ချီးကျူးတယ်လေးပေါက်ရယ် လေးပေါက်ရဲ့ ဂျီတော့မှာတင်သလိုပဲ ပိုက်ဆံမရ အချိန်ကုန်လူပန်း အိပ်ရေးပျက်တဲ့အလုပ်တွေကို မီးတို့ သတင်းဦးသတင်းထူးတွေဖတ်ရေအောင် အားကြိုးမာန်တက်လုပ်ပေးတာ ဂုဏ်ယူတယ်ရှင် … မနေ့ကတောင် ရို့စ်ကပြောတယ် မခိုင် ရန်ကုန်မဏ္ဍပ်တွေလိုက်ရိုက်ပြီး လေးပေါက်လိုတင်ပါလားတဲ့ ……… ပြောလိုက်ပါတယ်ရို့စ်ကို ငါလေးပေါက်လောက်တော့ မလုပ် နိုင်ဘူးဟာလို့ ရန်ကုန်မှာက သွားရလာရတာ မလွယ်ဘူးလေးပေါက်ရယ် ဆိုင်ကယ်နဲ့လဲမရ စက်ဘီးဆိုလည်း ကန့်သတ်နယ်မြေတွေရှိတယ် ……..နေပူမှာကိုလည်းကြောက်တယ်ချင့် … ကိုယ့်မလုပ်နိုင်တဲ့အလုပ်ကို သူများလုပ်နိုင်တာ ရင်ထဲကကို ချီးကျူးဂုဏ်ယူပါတယ် ….
လေးပေါက်ဖရဲမကို ပြောမနေနဲ့ အဲကောင်မက အလကားနေ အာဖို့ပဲသိတယ် လူကြီးဘာလုပ်နေလဲ နားလည်တာမဟုတ်ဘူး အရူးဖြဲမ …. ထိုင်ဝမ်ဖြဲမ ………. ဒီနေ့တောင် သူငတ်နေတယ်လေ ……….
ခင်မင်စွာဖြင့်
ခိုင်ခိုင်
water-melon
April 12, 2012 at 6:11 am
အမလေး နာများ အရူးမတဲ့တော်
သူသာယဉ်ယဉ်လေးနဲ့ဂေါက်နေတာ
သူကိုယ်သူ ရူးမှန်းမသိနေတာ
char too lan
April 11, 2012 at 11:54 am
ကျနော်လဲရန်ကုန်မှာမြင်ချင်တယ် ….. 🙁
ရန်ကုန်က တအားဘောင်ကျဉ်းတယ် လူတကာစုံတော့ အသံစုံထွက်တယ်
အသံမစဲပဌာန်းပွဲအတွက်တောင် ဘေးအိမ်တွေတောင်းတောင်းပန်ပန်နဲ့ လော်စပီကာဆင်ရတယ်
အခုပိတ်လိုက်ပီ စည်းကမ်းက လော်မသုံးရဘူးတဲ့ ဆောင်းဘောက်နဲ့ပဲဖွင့်ရမယ်တဲ့ ပဌာန်းကို ညဘက်လူခြေတိတ်မှ သဲ့သဲ့လေးကြားရတယ် အဲ့ဒါတာမွေမြို့နယ်နော် …
တာမွေမှာတရားသံရှားတယ် တကယ်ပြောတာ ဘာသံကြားလဲ သိလား ????
water-melon
April 11, 2012 at 12:36 pm
ဒီနေ့မအားတဲ့ အကြောင်းရင်းကိုသိပြီ လေးပေါက်
တယ်လက်သွယ်လှချိလား ဆရာလေးပေါက်
၈၄ လမ်းပေါ်ဆိုတော့ ကျွန်တော်လဲအသံမကြားမိဘူး
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 11, 2012 at 12:41 pm
အရင်ကတော့ DVB မှာဘဲမြင်ရတော့——-
ခုအပြင်မှာတွေ ့ရတယ်၊ဦီးပါပါလေးတို ့ဖျေဖြော်ခွင့်ရတာ
ဝမ်းသာစရာပါ
ဆူး
April 11, 2012 at 12:53 pm
သတင်းက တော်တော်မြန်တာပဲ..
ကိုပေါက်(မန္တလေး)
April 11, 2012 at 1:26 pm
ဖရဲမရေ စိတ်တော့မဆိုးနဲ့ မင်းလှမ်းခေါ်တဲ့အချိန် ဒီပိုစ်ကို အမြန်ဆုံးအက်ဒစ်လုပ်ပြီးတင်နေလို့ပါ။
မန်းလေးဂေဇက်က သတင်ဦးသတင်းဖျားတင်နိုင်အောင်လို့ပါ.
ဖေစ်ဘုတ်မှလဲလေးပေါက်အရင်ဆုံးစတင်နိုင်ပါတယ်။
ဒါမှ သူကြီး ကလေးပေါက်ကို CJပေးအောင်လို့။
mg mg
April 11, 2012 at 1:54 pm
ကိုပေါက်ရေ၊
ဆေးရိုးသည်ဖြစ်သွားလျင် တောင်းပန်ပါတယ်၊
“5 လာရောက်အားပေးတဲ့ ပရိတ်သတ် (84လမ်းပေါ် ဒီနေ့မနက်10နာရီ)”
အဲလိုနေရာလေးတွေမှာ မှတ်တမ်းမှတ်ရာသဘောလည်းဖြစ်အောင်
ရက်စွဲလေးတွေပါထည့်ပေးလျင် ပိုကောင်းမလားလို့ပါ။
သံချပ်အကြောင်းလေးတွေလည်း မျှပေးပါဦး၊
အားပေးလျက်။
Thel Nu Aye
April 11, 2012 at 4:10 pm
ဝမ်းသာစရာပါပဲ။ ဒီလိုသံချပ်ထိုးခွင့်ရတယ်ဆိုတာနဲတဲ့ဆုလာဘ်မဟုတ်ပါလား။ ရန်ကုန်မှာပါမစ်မရလို့ သံချပ်ထိုးမဲ့နေ့မှပါမစ်ပိတ်သွားလို့ ဗေလုဝတို့တွေရင်ထုမနာဖြစ်သွားကြရရှာတယ်
ကိုပေါက်(မန္တလေး)
April 11, 2012 at 5:13 pm
မန်းလေးကတော့ ဒီနေ့သံချပ်သံတွေနဲ့ဝေနေတာပဲ
ဗိုက်ကလေး
April 11, 2012 at 6:03 pm
အူးလေး..အူးလေး..
လူရွှင်တော ပါပါလေးက အူးပေနဲ ့တူတယ်နော်
😀
TTNU
April 11, 2012 at 9:57 pm
ကိုပေါက်ရေ…
ဒီဟာကိုတော့ မမန်းတတ်ဘူးတော့။
မင်းတော်တာသွက်တာကိုတော့ မချီးမွမ်းဘဲ မနေနှိုင်ပါတော်။
ကိုပေါက်(မန္တလေး)
April 11, 2012 at 10:37 pm
မာမီရေ ကျနော်ကလဲအလုပ်ကိစ္စနဲ့အသွား သူတို့ကလဲ84လမ်း 36လမ်းအရောက် ကင်မရာလဲပါလာတော့ အမြန်ဆော်ထဲ့လိုက်တာ ဖေစ်ဘုတ်မှာပါ ကျနော့်ပုံတွေအရင်တက်သွားတာ။
ကျေနပ်ပါ၏။
ကိုမောင်မောင်ပြောတာမှန်ပါတယ် နောက်နေ့ကော်နက်ရှင်ကောင်းရင်ပြင်ပေးပါမယ်။
ကျနော်ကလဲ တင်ချင်ဇောနဲ့မို့မသေမသပ်ဖြစ်သွားတာပါဗျာ။