Y Talk International Calling Center ဖွင့်ပွဲ..

Aung MyaeApril 11, 20121min894

Y Talk International Calling Center   ဖွင့်ပွဲ အခန်းအနားကို မတ်လ ၂၅ ရက်က ရွေမြယာ အိမ်ယာ၊ ဆိုင်အမှတ်(၀၀၅)၊ မြယာကုန်းလမ်း၊ မင်္ဂလာတောင်ညွန် ့ မြို့နယ် ရန်ကုန် မှာ  ဖွင့်လှစ်ကျင်းပခဲ့ပါတယ်၊

Ytalk Software ဆိုတာက အင်တာနက်စနစ်နဲ့ တစ်ကမာ္ဘလုံးမှာရှိတယ့် နိုင်ငံတွေကို တရားဝင်ဖုန်းခေါ်ဆိုတဲ့ စနစ်ဖြစ်ပါတယ်၊ ရတနာပုံ တယ်လီပို ့ (YTP) နဲ့ VMG Telecoms ရဲ့ ပှုးပေါင်းမှု တစ်ခုလည်းဖြစ်ပါတယ်..၊ လောလောဆယ် အနေနဲ့တော့ Ytalk ကို အင်တာနက်ဆိုင် များမှာသာ အသုံးပြုလို့ ရဦးမှာ သာဖြစ်ပါတယ်၊

Ytalk စတင်အသုံးပြုသူတွေ အနေနဲ့ Ytalk Account တစ်ခုကို တစ်သောင်းကျပ်နဲ့ ဝယ်ယူရမှာ ဖြစ်ပီး ကိုယ်ပိုင်အကောင့်ရှိပါက Topup Card ကိုဝယ်ယူရမှာဖြစ်ပါတယ်၊ Topup Card မှာပါတယ့် နံပါတ်တွေကို ဖြည့်ပီး နိုင်ငံတကာကို စတင် ခေါ်ဆိုလို့ရမှာ ဖြစ်ပါတယ်၊

Ytalk ကို ဆိုင်မှာ လာရောက်အသုံးပြုများအတွက်လည်း အထူးဝန်ဆောင်မှုတွေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်၊ ထိုအပြင် Facebook မှာ VMG Telecoms ဆိုတဲ့ Page ကို လာရောက် Like လုပ်တဲ့သူများအတွက် မည်သူမဆို တစ်လတိတိ တစ်ကမာ္ဘ လုံးမှာ ရှိတဲ့ နိုင်ငံတွေကို အခမဲ့ ခေါ်ဆိုခွင့်ရရှိမှာဖြစ်ပါတယ်၊

4 comments

  • Ytalk ကို ဆိုင်မှာ လာရောက်အသုံးပြုများအတွက်လည်း အထူးဝန်ဆောင်မှုတွေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်၊ ထိုအပြင် Facebook မှာ VMG Telecoms ဆိုတဲ့ Page ကို လာရောက် Like လုပ်တဲ့သူများအတွက် မည်သူမဆို တစ်လတိတိ တစ်ကမာ္ဘ လုံးမှာ ရှိတဲ့ နိုင်ငံတွေကို အခမဲ့ ခေါ်ဆိုခွင့်ရရှိမှာဖြစ်ပါတယ်၊
    ————
    ခုအတိုင်းဆို ကြိုက်နှစ်သက်စရာပါ။စမ်းသုံးကြည့်အုံးမယ်နော်

  • chityimhtoo

    April 12, 2012 at 10:28 am

    အင်းကျွန်တော်လည်း Y-talk ကိုသုံးဖူးတယ်။ခက်တာက Y-talk ကဒီစက်မှာ install လုပ်ပြီးရင် နောက်စက်ကိုလုပ်လို့မရဘူး အခွေကလည်း ၅ခွေပေးလို်ကတယ် စက်တိုင်းမှာသုံးလို့အဆင်မပြေဘူး။
    ဘာ error လည်းခင်ဗျ။နောက်ပြီးတော့ Skype တို့ pfingo တို့မှာအကောင့်လုပ်ရင် free ရတယ်Topup ထည့်ပြီးနိုင်ငံတစ်ကာကိုအလွယ်တစ်ကူခေါ်ဆိုလိုက်ယုံဘဲ။ ခုY-talkမှာ အကောင့်က ၁သောင်းပေးရတယ်။Skype
    Vs pfingo တို့ဆိုရင် စင်ကာပူဆိုမြန်မာငွေ ၂ဝကျပ် ၃ဝ ကျပ်လောက်နီးပါးဘဲကျတယ်ခု ytalk မှာ ဆိုမြန်မာငွေ120ကျပ်လောက်ကျတယ်စင်ကာပူကို။

  • etone

    April 12, 2012 at 5:37 pm

    ဟီးဟီး ရယ်ရတယ် 😀 ….. သူများနိုင်ငံက companyတွေ …. softwareတွေတောင် ဖရီး အသုံးပြုခွင့်ပေးနေတဲ့အချိန် … သူတို ့က တစ်သောင်းနဲ ့လုပ်စားဦးမတဲ့ …. ။ ပိုင်တော့လည်း ပိုင်သလိုပေ့ါလေ …

    pfingo, skype , mediaring တွေနဲ့ဖရီးခေါ်လို့ရနေတာတောင် … မနာလို မရှုစိမ့်ဖြစ်ပြီး … ဟိုပိတ်ဒီပိတ်လုပ်တာ ဘယ်သူတွေလဲ … ပြန်တွေးတိုင်း ဒေါကီးတယ် … 👿

  • paukpauk

    April 12, 2012 at 10:33 pm

    တယုတ်ကျင့်တယုတ်ကြံပါ။ အဲဒါသုံးမိရင် အချိန်တိုင်း hack လို့ရအောင် spyware တွေ ထည့်ထားချင်တာ ရည်ရွယ်ပုံရပါတယ်။ အဲဒါအသုံးများရင် QQ သုံးသလို authorized controller က ကြိုက်တဲ့အချိန် ဘယ် computer မဆိုဝင်ကြည့်နိုင်တယ်လေ။

Leave a Reply