ရေယဉ်ကြီးတစ်စီးမှစက်လှေလေးတစ်စီးကိုတိုက်သွားပြီး မောင်းပြေးကာ လွှတ်မြောက်နေခြင်း

shwe tallatrApril 17, 20121min613

ဧရာဝတီတိုင်း မော်ကျွန်းမြို.တွင် ပြီးခဲ.သည့်(၁၀)ရက်ကျော်လောက်က

မော်ကျွန်းမြို.အဝင် ထီလေးစိန်ချောင်းအဝမှာ နံနက်(၄)နာရီလောက်တွင်ရေယဉ်

တိုက်မှုဖြစ်ပွားခဲ.ပါသည် စက်လှေမောင်းသူမှာပွဲခြင်းပြီးသေဆုံးသွားသော်လည်း

ယခုအချိန်အထိ တိုက်သွားသောရေယဉ်ကြီး(ဖားကူး)သင်္ဘောအားရှာတွေ.ဖမ်း

မိခြင်းမရှိသေးကြောင်း သတင်းရရှိပါသည်။

ထိုဖြစ်ရပ်မှာ-နံနက်(၄)နာရီတွင် ရွာသို.ပြန်ရန်ထွက်လာသောစက်လှေကလေးအား

ရွဲကုန်တင်လာသည်ဟုယူဆရသောသင်္ဘောကြီး(ဖားကူး)မှဝင်တိုက်လိုက်ရာ

စက်လှေမောင်းသူ(……)သည်စက်လှေရဲ.စက်အထိုင်သံချောင်းနဲ.ထိုးမိပြီးတိမ်း

သွားကာ သင်္ဘောပန်ကာခုပ်မိပြီး ပွဲခြင်းပြီးသေသွားခဲ.ပါသည်။စက်လှေမှပါလာသော

သူများမှာရေကူးနိုင်ကြသော်လည်း (၁၀)နှစ်ခလေးကိုတော့၎င်းသင်္ဘောမှဆယ်ယူကာ

ကုန်းပေါ်တင်ပေးပြီးမောင်းပြေးသွားခဲ.ပါသည်။ထိုသင်္ဘောအားရဲစခန်းမှ ယခု

အချိန်အထိမရှာဖွေနိုင်သေးပါ။မြို.နေပြည်သူများပြောဆိုသည်မှာ၎င်းကိစ္စကို

သင်္ဘောပိုင်ရှင်ကဖုံးဖိထားသလိုလို  ပြည်တွင်းမှရဲအမှုထမ်းများ၏အရည်အသွေး

ကျဆင်းနေကြောင်းကိုမီးမောင်းထိုးပြသလိုဖြစ်နေပါတော့သည်။ငွေကြေးအကုန်

ကျခံမှ အမှု.လိုက်မည်ဆိုသောကိစ္စများမှာ ကာယကံရှင်များ အကြိမ်အခါများစွာ

နစ်နာလှကြောင်း တင်ပြအပ်ပါသည်ခင်ဗျား။

 

3 comments

  • Gipsy

    April 18, 2012 at 12:43 am

    အင်းနော်… စက်လှေလဲ ပျက်စီး..စက်လှေမောင်းသမားလဲ သေဆုံး…
    အမှုပေါ်ပေါက်ရေးအတွက် ထပ်တခါ ငွေကုန်ကြေးကျ ဖြစ်ဦးမှာဆိုတော့…
    တပူပေါ် သုံးပူ ဆင့် ဖြစ်ပြီ….
    အမှုမှန်ပေါ်ပေါက်ပါစေလို့ ဆုတောင်းယုံမှ တပါး တခြား ဘာလုပ်နိုင်မှာလဲဗျာ…။

  • etone

    April 18, 2012 at 1:04 am

    အဲ့ဒါပြောတာလေ …ငွေများ တရားနိုင်ဆိုတာ …. ဒီကိစ္စမှာ ဖူးတာ ယောင်တာလောက်ဖြစ်သွားခဲ့တာ မဟုတ်ဘူး… လူတောင် အသက်ပါသွားခဲ့ရတာ …. ။ ဒါကို သက်ဆိုင်သူတွေက တိတိကျကျ ဖော်ထုတ်အရေးယူပေးရမှာ ပိုက်ဆံမရလို့ အမှုမလိုက်ဘူးဆိုတာမျိုး မဖြစ်သင့်ဘူး … ။
    နိုင်ငံတော်ရဲ့ လစာကိုစားနေလျှင် တာဝန်ကျေအောင်လည်း ထမ်းဆောင်သင့်တယ် …။
    စားပြီး နားမလည်တဲ့ဟာတွေ … ထမင်းဆိပ်သင့်ပါစေလို့ပဲ ကြိမ်ဆိုလိုက်တော့မယ် ။ 👿

  • kai

    April 18, 2012 at 3:36 am

    မတော်တဆအမှုပါ..
    လူသေတော့ လူသေမှုပေါ့နော်…။ ကလေးကို ကယ်ပေးလိုက်တာကိုတော့.. အံ့ဩမိတယ်..။
    လူစိတ်နည်းနည်းတော့ ရှိသေးတာပေါ့…။

    ကမ္ဘာမှာကို.. Hit & Run တွေ.. တော်တော်များပါတယ်..။ တာဝန်မယူရဲတာပေါ့..။
    ဒါမျိုးအမှုက.. လိုက်ရင်ငွေအင်မတန်ကုန်ပါတယ်.
    ရဲတွေက..ဘက်ဂျက် ငွေဘယ်လောက်ရထားသလည်းတော့မသိ..

    ယူအက်စ်မှာတော့.. သေဆုံးသူရဲ့.. ကျန်ရစ်သူတွေက..ငွေဝိုင်းစု… ဆုကြေးငွေကြေငြာပြီး.. ရဲကို.. သတင်းကူလိုက်ပေးတယ်..။
    =
    Family of hit-and-run victim offers $10K reward for information
    http://www.news12.com/articleDetail.jsp?regionId=1…name...
    (04/15/12) NORTH BERGEN – The reward has doubled to $10000 for information leading to the driver in a fatal hit-and-run in North Bergen last month.

Leave a Reply