ယနေ့မြန်မာပြည်ဆုတ်ယုတ်ပျက်စီးရခြင်း၏လက်သည်တရားခံ…

winterkoeApril 18, 20123min34070
CPI 2011 Map
ကျောင်းနေရမည့်အရွယ်တွင်ဖွဲပြာကျုံးရောင်းပြီးဝမ်းစာရှာနေရသောမြန်မာကလေးငယ်တဦး

မလေးရှားက Lim Kok Wing University ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်အဆင့်အတန်းသတ်မှတ်ချက်က မျှော်လင့်ထားတာထက် နိမ့်ကျနေပြီး အဲဒီအချိန်မှာအိမ်နီးချင်း စင်္ကာပူကျောင်းသားတွေကအရမ်းမြင့်နေပါတယ်။ အဲဒီတော့ အဲဒီအဆင့်အတန်းသတ်မှတ်ချက်နိမ့်ကျနေမှုနဲ့ပတ်သက်ပြီး Lim Kok Wing University က Founder ဖြစ်တဲ့ Lim Kok Wing ကစကားတခွန်းပြောပါတယ်။ Digits (ကိန်းဂဏန်း) တွေက ဘယ်တော့မှမလိမ်ကြပါဘူး…ဆိုပြီး သူ့တက္ကသိုလ်မှာအားနည်းချက်တွေရှိနေပါတယ်လို့ ဝန်ခံပါတယ်။

အာဆီယံနိုင်ငံများအတွင်း GDP per capita အနည်းဆုံးဖြစ်နေသောမြန်မာနိုင်ငံ

မြန်မာနိုင်ငံကလဲ ကောင်းတဲ့စစ်တမ်းတွေအားလုံးမှာအောက်ဆုံးရောက်၊ မကောင်းတဲ့စစ်တမ်းတွေအားလုံးမှာ ထိပ်ပိုင်းမှာဂျောင်းဂျောင်းပြေးနေပါတယ်။ အဲဒါတွေရဲ့မမြင်ရတဲ့ ပင်မလက်သည်တရားခံတဦးက တော့ “မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာ” ဆိုတာဖြစ်ပါတယ်။

သက်ကြီးစောင့်ရှောက်မှုစနစ်မရှိ၍ အလူမီနီယမ်ဘူးခွံများကောက်၍ပင်ပန်းဆင်းရဲစွာအသက်မွေးနေရသောမြန်မာအဘွားအိုတဦး

အဲဒါနိုင်ငံရေးအတွက် အသုံးချသွားတော့ ကိန်းဂဏန်းတွေနဲ့မရင်းနှီးကြတဲ့ မြန်မာတွေအများစုက အဲဒီမကောင်းမှုကြီးကို Reform and Upgrade လုပ်ရမယ့်အစား Preserve လုပ်ဖို့ကြိုးစားနေကြရင်း မြန်မာနိုင်ငံကိုမွဲသထက်မွဲ၊ ဂုဏ်သိက္ခာမဲ့သထက်မဲ့အောင် လုပ်နေမိကြပါတယ်။

ဥပဒေမဲ့ကြီးနိုင်ငယ်ညှဉ်းစနစ်နှင့်အကျင့်ပျက်ခြစားမှုတွင်ကမာ္ဘတဝှမ်း၌ဒုတိယအဆိုးဆုံးနေရာအားပုံမှန်သိမ်းပိုက်ထားလေ့ရှိသောမြန်မာ့ယဉ်ကျေးမှု

နိုင်ငံပေါင်း (၁၈၇) နိုင်ငံကိုသုတေသနစစ်တမ်းပြုထားတဲ့ HDI Index 2011 မှာလဲထုံးစံအတိုင်း အာဆီယံ (၁၀) နိုင်ငံမှာ အောက်ဆုံးမှာပါပဲ။ လူသားဖွံ့ဖြိုးမှုအဆင့်အတန်း HDI Index မှာဆိုရင်လဲ အဆင့် (၁၄၉) နဲ့ အာဆီယံထဲက နိုင်ငံငယ်လေးတွေဖြစ်တဲ့လာအိုနဲ့ ပြည့်တန်ဆာပေါလှပါတယ်   မြန်မာတွေကအထင်သေးတဲ့ကမော္ဘဒီးယားတို့အောက်မှာရှိနေပြန်ပါတယ်။  ကောင်းတာတွေဆိုရင် အာဆီယံ (၁၀) နိုင်ငံမှာလည်း ဘိတ်ပါပဲ၊ မကောင်းတာတွေဆိုရင်တော့ ထိပ်ပေါ့။

 

အာဆီယံနိုင်ငံများ၏လူသားဖွံ့ဖြိုးမှုဆိုင်ရာအညွှန်းကိန်းတွင်အောက်ဆုံးနေရာအားဗိုလ်စွဲသည့်အစဉ်အလာအားထိန်းသိမ်းထားသောမြန်မာနိုင်ငံ

ကောင်းတဲ့နေရာတွေမှာဘိတ်ဖြစ်ပြီး မကောင်းတဲ့နေရာတွေမှာထိပ်ဖြစ်နေတယ်ဆိုတာ အတွေးမှား၊ အယူမှားနေလို့ပါ။ အဲဒီအခါကျတော့ နိုင်ငံတကာလူ့အဖွဲ့အစည်းမှာ ဟိုးအောက်ဆုံးကိုရောက်သွားပါတယ်။ အဲဒီမကောင်းမှုကြီးကိုဖက်တွယ်နေမိရင်တော့ လူတွေဒုက္ခပင်လယ်ဝေနေကြပြီး ထွက်ပြေးနေကြတဲ့ အစ္စလာမ်မစ်နိုင်ငံတွေရဲ့ မအောင်မြင်မှုတွေနဲ့အလားတူရလာဒ်တွေကို အရင်နဲ့လက်ရှိအတိုင်း အနာဂတ်မှာလဲ အလားတူခံစားနေကြရဦးမှာပါ။

နိုင်ငံခြားတိုင်းပြည်များတွင် စက်ဖြင့်လုပ်ကြသောအလုပ်များကို ပင်ပန်းဆင်းရဲစွာလုပ်ကိုင်ကြရသည့်မြန်မာအမျိုးသမီးများ

တရားဥပဒေကိုလျစ်လျူရှု၊ ကြီးနိုင်ငယ်ညှဉ်းနဲ့အကျင့်ပျက်ခြစား၊ ခိုင်မာတဲ့လူမှုဖူလုံရေးစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ သက်ကြီးစောင့်ရှောက်မှုစနစ်နဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက်အဆင့်အတန်းရှိတဲ့ပညာရေးစနစ်တွေမရှိပဲ (အဓိကကျတဲ့ကိစ္စတွေအစား ဘယ်သူကဘာဝတ်လို့၊ ဘယ်လိုနေလို့ ဘယ်သူကဘယ်လိုအရက်သောက်လို့၊ ဘယ်သူကဘယ်သူနဲ့တွဲလို့အပျိုမစစ်လို့၊ ကိုယ့်သားသမီး၊ ညီမအစ်မလိုသဘောမထားလို့ စတဲ့ သူတပါးကိုယ်ရေးကိုယ်တာကို ကျူးကျော်စော်ကားပြီး လူအချင်းချင်းလေးစားမှုကင်းမဲ့တဲ့) မရောင်ရာဆီလူးတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုကနေ  နိုင်ငံတကာအောက်ခြေအလုပ်သမားတွေ၊ ဒုက္ခသည်တွေ၊ မိန်းမ/ယောက်ျားဖာတွေ၊ ပေါ်တာတွေ၊ အဓမ္မလုပ်အားပေးတွေ၊ မုဆိုးမတွေ၊ ကလေးစစ်သား၊လုပ်သားတွေ၊ မိဘမဲ့ကလေးတွေ၊ မိဘကနိုင်ငံခြားမှာကျွန်၊ ဖာ၊ ဒုက္ခသည် သွားခံရလို့ မိဘနဲ့အတူမနေရတဲ့ကလေးတွေ…စသဖြင့်မြောက်မြားစွာသော မကောင်းတဲ့ရလာဒ်တွေကို တောက်လျှောက်မွေးထုတ်ပေးနေခဲ့ပါတယ်။

တရားဥပဒေကင်းမဲ့သည့်မြန်မာနိုင်ငံနှင့် ကြီးနိုင်ငယ်ညှဉ်းမြန်မာ့ရိုးရာယဉ်ကျေးမှုတို့၏သားကောင်ဖြစ်ရသော ကျောင်းနေရွယ် အသက် (၁၅) နှစ်ခန့်သာရှိသေးသည့် ကလေးအိမ်ဖေါ်လေးတဦး

မြန်မာပြည်ကအခြေအနေနဲ့ အာဖရိကက နာမည်ဆိုးနဲ့ကျော်ကြားတဲ့နိုင်ငံတချို့နဲ့ တထပ်တည်းကျတဲ့ကဏ္ဍတွေအများကြီးရှိနေပါတယ်။ မြန်မာပြည်ကိုဘက်စုံချွတ်ခြုံကျစေခဲ့တဲ့ စနစ်ကိုတည်ဆောက်ပေးခဲ့တဲ့လူတွေကို မြန်မာတွေထိန်းသိမ်းချင်ကြပါတယ်ဆိုတဲ့   မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာတွေက မွေးဖွားပေးခဲ့တာပါဆိုရင် ယုံရခက်ကြီးပေါ့…ဘာတွေလာပြောနေတာလဲလို့ ထင်စရာပါ။

ထိုင်းနိုင်ငံတွင်ထိုင်းနိုင်ငံသားများမလုပ်ချင်သောအလုပ်ကြမ်းများကိုလုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံတွင်းသို့ခိုးဝင်ရန်ကြိုးစားရာမှအဖမ်းခံရသောမြန်မာများ

ဒါပေမယ့် ဟုတ်နေပါတယ်။ လက်ခံနိုင်လက်မခံနိုင်ဆိုတာတွေကတော့ တဦးချင်းစီရဲ့ အတွေးအခေါ်၊ အသိညဏ်အဆင့်အတန်းတွေနဲ့ စိတ်ပိုင်းဆိုင်ရာတွေပေါ်မှာမူတည်ပါတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရအရ အားလုံးမှာလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်။

အိမ်နီးချင်းနိုင်ငံများတွင်အိုဗာစတေးမှုဖြင့်ယခုကဲ့သို့အဖမ်းဆီးခံနေကြရသော မြန်မာများအများအပြားရှိသော်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းရန်တွင်တွင်အော်သော မြန်မာအစိုးရ၏ မြန်မာသံရုံးများမှ မြန်မာနိုင်ငံသားများအား ဘယ်သောအခါကမှ စောင့်ရှောက်မှုမပေးခဲ့ပါ။

 

70 comments

  • ဗိုက်ကလေး

    April 18, 2012 at 7:07 pm

    မကောင်းရင် ထိပ်
    ကောင်းရင် ဘိတ် စာရင်းချိတ်တဲ့ မြန်မာ့ ကိန်းဂဏန်းများပါကလား
    စိတ်တောင်နာတယ်ဝေ့..
    အူးလေးပြောတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာ ကြောင့် ဆုတ်ယုတ်နေတယ်ဆိုတော့ ဘယ်လိုပြင်ရမလဲဟင်.

    ဘသူပြောမလဲ ဘသူပြောမလဲ စောင့်နေတာ ဘူမှလဲ လာပြောကြဘူး..
    အဲတာနဲ ့..ဇောင်းငန်းဇောင်းငန်းနဲ ့ တက်လာမိတာပါ..ဂယ်တော့ ဘာမှ ကောင်းကောင်း နားလည်ဘူးရယ်
    heehe 😀

  • Wow

    April 18, 2012 at 7:40 pm

    နင့် ဟိုတစ်ပို့စ်ကို ထောက်ခံမိလို့ နာ့ကို ဝိုင်းတုတ်ကြတယ်အေ့… ဒီပို့စ်ပါထောက်ခံရင် ပိုဆိုးမယ်အေ့…
    😀
    ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မြန်မာတွေ ဆင်းရဲဒုက္ခရောက်နေတာ ရင်ထဲအောင့်နေအောင် နာကျင်မိပါကြောင်း။

    • winterkoe

      April 18, 2012 at 9:01 pm

      ဖြစ်ရလေကွာ။ ကိုယ်ယုံကြည်တာလုပ်ပါလား။ တကယ်ယုံကြည်တဲ့ဟာကိုပေါ့။

  • kai

    April 19, 2012 at 4:47 am

    ပင်မလက်သည်တရားခံတဦးက တော့ “မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာ” ဆိုတာဖြစ်ပါတယ်။

    ဆက်လုပ်ပါဟေ့.. အာပေးးးးးးတယ်…။

    ငါးပါးသီလဖွင့်ဆိုချက်ကို.. သချင်္ာ… သိပ္ပံမတတ်တဲ့ခေတ်.. …ဂွမ်တီး..ဂွမ်တီး အယူအဆအတိုင်း လိုရာဆွဲပြီး.. ဆုပ်ကိုင်ထားတာက.. ပင်မလက်သည်တရားခံစာရင်းထဲ.. (က) တပ်ရမှာဖြစ်ပါတယ်.
    ကဲ.. (ခ) ဆက်ရေးကြည့်ရမလား..။ :mrgreen:

    • နေဝန်းနီ

      April 19, 2012 at 9:07 pm

      ပင်မလက်သည်တရားခံတဦးက တော့ “မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာ” ဆိုတာဖြစ်ပါတယ်။
      ဆိုတာထက် “မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာ” ဘယ်ကနေ မူတည်ပေါက်ပွားလာတာလည်း ဇစ်မြစ်ကိုတူးဆွသင့်သေးတယ်နော့……။ ညောင်ကိုင်းခုတ်ဖို့ထက် ညောင်မြစ်တူးဖို့ လိုတာကိုပြောတာ…..။ အတော်များများကတော့ လိုလားမှာမဟုတ်ပါဘူး….။ ဘာလို့လဲဆိုတော့ ပုတ်သင်ဥ တွေ ပေါ်လာမှာစိုးလို့လေ………။
      ဗမာ စကားရှိရဲ့ မဟုတ်လား ညောင်မြစ်တူးတော့ ပုတ်သင်ဥ ပေါ်ဆိုတာ ………။ 😛

  • kai

    April 19, 2012 at 5:29 am

    ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲ မြန်မာနိုင်ငံ ပါဝင်
    2012-04-17

    ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ HDI ၂၀၁၁ ခုနှစ် ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲမှာ ပါရှိနေပါသေးတယ်။

    http://hdrstats.undp.org/en/countries/profiles/MMR.html

    ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ HDI ၂၀၁၁ ခုနှစ် ညွှန်းကိန်းဖော်ပြချက်

    ကုလသမဂ္ဂက လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ ညွှန်းကိန်းပြုစုရာမှာ နိုင်ငံပေါင်း ၁၈ရ နိုင်ငံက ဖွံ့ဖြိုးမှုတွေကို လေ့လာရာမှာ မြန်မာနိုင်ငံက အဆင့် ၁၄၉ မှာရှိနေတဲ့အတွက် ဖွံ့ဖြိုးမှုနှုန်း နည်းလွန်းတဲ့နိုင်ငံတွေ စာရင်းထဲမှာ ရှိနေသေးကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။

    HDI ပျမ်းမျှခြင်း ညွှန်းကိန်းတစ်ခုရဖို့ အခြေခံတိုင်းထွာတဲ့ အချက် ၃ ချက်က-အသက်ရှည် ကျန်းမာစွာနေထိုင်နိုင်မှု၊ ပညာဗဟုသုတ ရှာဖွေဆည်းပူးနိုင်မှုနဲ့ လူနေမှုအဆင့်အတန်း စတဲ့ အချက်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထက် အနည်းငယ်သာနေတဲ့ နိုင်ငံတွေကတော့ အိမ်နီးချင်း လာအိုနဲ့ ကမော္ဘဒီးယားနိုင်ငံတွေ ဖြစ်ပါတယ်။

    ဒါပေမယ့် မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၉၈ဝ ခုနှစ်လောက်က လူတစ်ဦးခြင်းစီရဲ့ ပျမ်းမျှ အသက်ရှည် နေထိုင်နိုင်မှုဟာ ၅၅ နှစ်သာရှိခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှာတော့ ပျမ်းမျှ ၆၅ နှစ်အထိ ရှိပါတယ်။

    ဒါ့အပြင် ပညာသင်ကြားမှု နှစ်ကာလကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝ ကျော်ထက် တဖြည်းဖြည်း သာလာသလို လူနေမှုအဆင့်အတန်းကို တိုင်းထွာတဲ့ ပျမ်းမျှဝင်ငွေအပိုင်းမှာလည်း များလာတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုထားပါတယ်။

    Copyright © 1998-2011 Radio Free Asia. All rights reserved.

    http://www.rfa.org/burmese/news/burma-ldcs-04172012100227.html

  • water-melon

    April 19, 2012 at 7:45 am

    ဆိုင်မယ်မထင်
    ကိုယ်မကောင်းတိုင်း အစိုးရကို အပြစ်ဖို့နေရင်တော့
    ဘယ်တော့မှတိုးတက်မှာမဟုတ်
    နှစ်ဦးနှစ်ဖက်အပေးအယူမျှမှသာလျှင်
    တိုးတက်ဖို့ အချိန်တွေရှိနေပါသေးတယ်
    အဲလောက်ကြီး ……..

  • Green Rose

    April 19, 2012 at 2:16 pm

    Green Rose တွေးမိတာလေးတစ်ခုက ကိုယ်ထူကိုယ်ထ ဆိုတဲ့စကားလုံးလေးလေ… တချို့ကိစ္စတွေမှာ ဘေးကကူညီပေးလိုက်ယုံနဲ့ အဆင်ပြေသွားတတ်ပေမယ့် တချို့ကိစ္စတွေမှာကတော့ ကာယကံရှင် ကိုယ်တိုင်က ကြိုးစားမှရနိုင်မှာမျိုးပါ။ ပထမ ပုံတွေကို မြင်မြင်ချင်းတော့ ရင်ထဲမှာ စိတ်မကောင်း နာကျင်ရတာပါ။ ဒါပေမယ့် ပုံတွေအားလုံးမှာ တူညီတာတစ်ခုက အားလုံးဟာ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ကိုင်စားသောက်နေကြတာပါ။
    ဒါဆို အဲဒီ့လူတွေထက် အခြေအနေဆိုးတဲ့သူတွေ က အလုပ်မလုပ်ပဲ လိမ်ညာ/တောင်းရမ်း စားသောက်နေသူတွေပဲပေါ့။
    Green Rose တို့တိုင်းပြည်မှာလေ.. အလုပ်လုပ်သူတိုင်းသာ လူတန်းစေ့နေနိုင်မယ်ဆိုရင် အလုပ်မလုပ်ပဲ လမ်းဘေးမှာ တောင်းရမ်းစားသောက်နေတဲ့ အရွယ်စုံလူတွေများ
    ပျောက်ကွယ်သွားနိုင်မလားလို့တွေးမိတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတာမျိုးဖြစ်ဖို့ဆိုရင် အခုပုံထဲမှာ ဖေါ်ပြထားတဲ့အလုပ်တွေအားလုံးဟာ သင့်တင့်မျှတသော ဝင်ငွေကိုပေးနိုင်တာမျိုးဖြစ်ဖို့လိုပါတယ်။ အလုပ်လုပ်ရင်းတောင် ငတ်နေတာမျိုးဆိုရင်တော့ ဘယ်သူမှ လုပ်ချင်ကြမယ်မထင်ဘူး။
    အဲဒီ့တော့ တရားခံတော့ မရှာတော့ပါဘူး။ Green Rose ကိုယ်တိုင်လည်း အခုလိုပဲ ဝင်ဝင်ပြောပြီး လက်တွေ့ဘာမှမလုပ်ဖြစ်သေးလို့ ရှက်ပါတယ်။ ဟိုလူမကောင်းဘူး၊ ဒီလူညံ့လို့လို့ အပြစ်တွေမဖို့တော့ပါဘူး။ ဖြစ်နိုင်တာလေးတစ်ခုပြောရရင်တော့ တတ်နိုင်တဲ့သူတွေက တတ်နိုင်သရွေ့ ကိုယ်ပိုင်လုပ်ငန်းထူထောင်ကြပြီး ဝန်ထမ်းခန့်ထားခြင်းဖြင့် အလုပ်လက်မဲ့ဦးရေကို လျှော့ချရပါမယ်။ နောက်တစ်ဆင့်က မိမိဝန်ထမ်း/ လုပ်သားတွေကို သင့်တင့်မျှတသော လစာ/ခံစားခွင့်ပေးရပါမယ်။ (အဲလိုသာဆို ခုလိုအဖြစ်မျိုးတွေများ လျော့ကျသွားနိုင်မလား?)
    ကိန်းဂဏန်းတွေကိုတော့မသိဘူး။ ကိုယ့်တိုင်းပြည်ကို ဘာမှမကောင်းဘူးလို့ပြောတာမျိုးကျတော့လည်း မခံချင်ဘူး (Green Rose လည်းမျက်ကန်းမျိုးချစ်များလားမသိ)

    • ရွှေအိမ်စည်

      April 19, 2012 at 11:21 pm

      (((((((( ကြိုက်တယ်ဗျို ့.))))))))))))

      ..အဲ ့သလိုအရေးတွေ ကို….
      အမှန်တရားတွေ အတွက်…
      ကော်ပီယူပြီး..ဖြန် ့ချင်ပါတယ်…ခွင့်ပြုရင်တင်မဲ ့နေရာလင့်တွေ ပေးမယ်….။

      ကိုရင်ငဇေ ရေးတဲ ့ကဗျာလေးသတိယမိလို ့…မန် ့ရင်း…တဆက်တည်းတင်လိုက်တယ်။

      ***အမိမြေမှအပိုင်းအစလေးများ***

      ဘယ်နယ်ကလဲတဲ့ …..

      အလယ်ကလူ စကားမဝဲပါ

      ငါဟာ …..

      ခြေတပေါင်ကျိုးကနေတဲ့ ရွှေမင်းသမီး

      ဘီးလူးစီးခံထားတဲ့ တိုင်ပြည်လေးကပါ။

      ဘေးနားက အနိုင်ကျင့်ချင်တဲ့

      ဆွေမျိုးရင်းချာ အကိုကြီးတွေရဲ့

      မျက်နှာရိပ် မျက်နှာကဲကြည့်ပြီးနေရတဲ့

      မျက်နှာငယ် ရွှေမင်းသမီးလေးပါ။

      တိုင်းပြည်ကမငယ်ပေမယ့်

      မျက်နှာငယ်ရတဲ့ တိုင်းငယ်ပြည်ငယ်လေးကပါ။

      ငါတို့က ဒီလိုမြေ၊ဒီလိုပြည်က လာတာပါ။

      ကတ္တရာ လမ်းဆိုရင် ကိုယ်ထူကိုယ်ထ၊

      အခွင့်အလမ်းဆိုလည်း ကိုယ်ယူကိုယ်ရနဲ့

      ကိုသူရ တွေပေါတဲ့တိုင်းပြည်ပေါ့။

      ရေမလာ၊ မီးမလာလည်း

      ဘာဂရုစိုက်ရမလဲ

      ငွေသာရှိလို့ကတော့

      အဝီစိထိ လှိုဏ်ခေါင်းတူးပြီး

      အဲကွန်းဖွင့်နေလို့ရတယ်။

      ဆေးလိပ်အရက် လူကိုဖျက်ဖျက်

      ဝင်ငွေမပျက်

      စီးပွါးတက်ဖို့ဆိုတဲ့

      အတွေးအခေါ်တွေနဲ့

      ဘယ်သူသေသေ

      ငတေ မာဖို့သာ အဓိကပါ။

      နိုင်ငံရေး၊ပညာရေး

      လူမှုရေး

      ဘာရေးမှ မရေးကြနဲ့

      ဒို့မှာ ဒီ့ထက်အရေးကြီးတဲ့

      ရေးသုံးရေးရှိတယ်

      ခုထိတော့ ခပ်ရေးရေးပဲ။

      သားသမီး မကောင်းတော့

      မိဘခေါင်းတဲ့

      အမိ၊အဖက မကောင်းတော့

      သားသမီး ခမျာ

      ဟိုပြောင်းဒီပြောင်းနဲ့

      လူလောင်းလှည့် နေကြရပေါ့။

      မင်းလိပ်ပြာလုံဖို့ မလိုဘူး

      မင်းနေတဲ့ အိမ်ခေါင်မိုးလုံဖို့အရေးကြီးတယ်။

      မင်းစိတ်ထားဖြူဖို့ မလိုဘူး

      မင်းဝတ်ထားတဲ့ အင်္ကျီဖြူရင် လူရာဝင်ပြီ။

      မင်းကိုယ်ချင်းစာဖို့ မလိုဘူး

      ကိုယ်ပဲ သာဖို့လိုတာပါ။

      အများအကျိုးဆောင်စရာ မလိုဘူး

      အကျိုးဆောင်တွေ ပေါလွန်းလို့

      သူတောင်းစားတောင် ပွဲစားနဲ့တောင်းသတဲ့။

      ပညာတတ်မှ ထမင်းစားရမှာ မဟုတ်ဘူး

      ထမင်းဝမှ ပညာသင်လို့ရမှာ

      အဖေရယ်……”သားတို့ပညာတတ်ကြီးဖြစ်အောင်

      များများ စားပေးပါဦးတဲ့”

      နိုင်ငံခြားက သားနဲ့သမီးက မှာတယ်။

      ငါတို့မှာ ….

      မြစ်ချောင်းအင်းအိုင်တွေပေါတယ်

      ရေတော့ရှားတယ်။

      တစ်နှစ်သုံး အလုံးတွေတော့ ပေါတယ်

      အဝိုင်းတွေတော့ရှားတယ်။

      ဆန်ရေစပါး ပေါများတယ်

      ထမင်းတော့ နပ်မမှန်ကြဘူး။

      သစ်တောတွေတော့ ပေါတယ်

      ဒါပေမဲ့ တောသစ်တောင် ဝယ်ရခက်တယ်။

      တချို့နေရာတွေမှာ လူချမ်းသာတွေပေါတယ်

      စိတ်ချမ်းသာတွေတော့ နည်းတယ်။

      ပုတ်သင်ညိုတွေ ပေါတယ်

      ဒေါင်းတွေက မျိုးတုန်းနေပြီ။

      စွမ်းအားရှင်တွေတော့ပေါတယ်

      စွမ်းအင်ကိုတော့ ချွေတာရတယ်။

      စစ်သားတွေတော့ ပေါတယ်

      အမိမြေအတွက် သားအစစ်တွေတော့ရှားတယ်။

      လူကြီးသားသမီးတွေတော့ပေါတယ်

      လူကြီးလူကောင်းတွေတော့နည်းတယ်။

      လုပ်စရာတွေ တော့ပေါတယ်

      အလုပ်တွေတော့ ရှားနေတုန်းပဲ။

      နီယွန်မီးတွေနဲ့ မြို့တွေကို အလှချယ်စရာမလိုဘူး

      ငါတို့ဟာ ကွမ်းတံတွေးနဲ့ မြို့ကိုအလှရေးတတ်တယ်။

      လောင်စာဆီနဲ့ လျှပ်စစ်မီးမလိုဘူး

      ငါတို့မှာ ဖယောင်းတိုင်နဲ့ကြက်ဆူပင်ရှိတယ်။

      ပညာတတ်တွေ မလိုဘူး

      ငါတို့မှာ အခါတော်ပေးနဲ့ အကြားအမြင်ဆရာတွေရှိတယ်။

      အနောက်တိုင်း အတွေးအခေါ်တွေမလိုဘူး

      ငါတို့ဟာ အရာရာ သူများနောက်မှာပဲရှိတယ်။

      ဆေးရုံ၊ဆေးခန်းတွေ များများမလိုဘူး

      ငါတို့မှာ အချိန်မရွေးဝယ်လို့ရတဲ့ ကွမ်းယာဆိုင် ဆေးပေးခန်းတွေရှိတယ်။

      အနုပညာသမား စစ်စစ်တွေမလိုဘူး

      ငါတို့မှာ ကော်ပီသီချင်းနဲ့ ခိုးကူးခွေတွေရှိတယ်။

      ဘောင်းဘီတွေ ခေတ်မစားတော့လည်း ကိစ္စမရှိဘူး

      ငါတို့မှာ ပုဆိုးနဲ့ တိုက်ပုံရှိတယ်။

      ဒါပေမဲ့ ငါတို့ဟာ ….

      ဗင်းနစ်မြို့နဲ့ အင်းလေးကို မလဲနိုင်သလို

      နှစ်ထပ်ဘတ်(စ)ကားနီနီကြီးနဲ့ ဗိုက်ပူချက်ပလက်ကြီးကို မလဲနိုင်ခဲ့ဘူး။

      စပါဂတ်တီနဲ့ မုန့်ဟင်းခါးကို မလဲနိုင်သလို

      ကာနေဗယ်နဲ့ သင်္ကြန်ကိုမလဲနိုင်ခဲ့ဘူး။

      ဟာဝိုင်ယီနဲ့ ငပလီကိုမလဲနိုင်သလို

      ဝင်ဘလေကွင်းနဲ့ ငါတို့ကတ္တရာလမ်း ဘောလုံးကွင်းလေးကို မလဲနိုင်ခဲ့ဘူး။

      ဥရောပရဲ့ ဖြူဖွေးဖွေး နှင်းဖုံးလမ်းတွေနဲ့ အညာရဲ့ ဖုန်ထူထူ အလှကို မလဲနိုင်သလို

      နိုင်းမြစ်ကြီးရဲ့သမိုင်းနဲ့ မြစ်ဧရာဝတီပေါ်က ဘဝတွေကိုမလဲရက်ခဲ့ဘူး။

      ကုန်ကုန်ပြောရရင် ……

      ငါတို့မြေ၊ငါတို့ပြည်ရဲ့ အရိပ်အငွေ့လေးကိုတောင် ဘာတွေနဲ့မှ မလဲနိုင်ခဲ့ဘူး။

      ငါတို့တွေဟာ ဘယ်ကိုပဲရောက်ရောက်

      အချိန်တန်အိမ်ပြန်ကြတဲ့ ဆော်လမွန်ငါးတွေလို

      မရောက်ရောက်အောင် ပြန်လာကြမှာပါ …..။

      အနည်းဆုံးတော့ …..

      ဒီမြေမှာ သေဖို့ သက်သက်မွေးဖွားခဲ့သူလို

      ပြန်လာကြမှာပါ။

      (မောင်ရင်ငဇေ)

      • winterkoe

        April 20, 2012 at 5:57 am

        ကောင်းမယ်ထင်သလို Share နိုင်ပါတယ်ဗျာ။

      • winterkoe

        April 20, 2012 at 5:58 am

        ဒေါ်ရွှေအိမ်စည် Share ထားတဲ့ကဗျာလေးလည်းတော်တော်ကောင်းပါတယ်။

  • a soe lay

    April 19, 2012 at 6:51 pm

    ညည်း မထူး ညူ မပြီး
    အပြီးတကာ လုပ်နိုင်ပါမှ
    တော်ရာရောက်လိမ့် နောင်တော်တို့
    နိုးကြ ထကြလော့ အသင်တို့
    သားမြေးတို့တွက် ကြိုးစားစို့ —–
    အပြောသန်လျှင် လည်း အလုပ် ညံ့တတ်ပါတယ် ညီနောင်များ ——

    • winterkoe

      April 19, 2012 at 7:25 pm

      ယုံကြည်ချက် (သို့) အကြောင်းအရာတရပ်ကို ဦးတည်ဝေဖန်တာကအားလုံးအတွက်အကျိုးပြုပါတယ်။ အဲလိုမှမဟုတ်ရင်တော့ အကျိုးမဖြစ်လှပါဘူး။

  • shwebagan

    April 19, 2012 at 7:50 pm

    မင်းဘါပြောချင်တါလဲ။မြန်မာ့ယဉ်ကျေးမုှ ဆိုတာ ကြောင့် တိုင်းပြည် အေါက်တန်းကျသွားတာ လို့ဆိုချင်တာလား။

    • ghost

      April 19, 2012 at 8:02 pm

      မှန်လိုက်လေ ရောင်းရင်းရာ ဘာကောင်တကောင်မှန်းမသိတော့ ခက်နေတာ
      ယဉ်ကျေးမှုကိုများ စော်ကားလိုက်သေး
      မင်းအမိအဖ က ဒီလို စော်ကားဖို့ သင်ထားသလား ဟေ

  • shwebagan

    April 19, 2012 at 8:00 pm

    မြန်မာ့ယဉ်ကျေးမုှကြောင့်ဆုတ်ပျက်စီးတယ် လို့ မင်း တကယ် ယုံကြည်တယ်ဆိုရင် မင်းနှမတွေ တိုးတက်အောင် ထိုင်း ကိုပို့လိုက်ပါလါးကွာ။

  • ဖိုးဇီဝက

    April 19, 2012 at 8:11 pm

    လျှော့ပေါ့ပြောကြပါကွယ်တို့ ငတ ခင်မျာလေး ငိုနေပါ့မယ်
    သကောင့်သားကလဲအေ ဟုတ်တုတ်တုတ်နဲ့ မဟုတ်ရှာဘူး ။

  • Potter Herry

    April 19, 2012 at 8:25 pm

    ငါးမင်းဆွေ အရေးအသားမျိုးနဲ့ မိမစစ် ဖမစစ် မို့ ပြောထွက်ရက်သလား
    ငယ်ထိပ်ကို သက်စိ ဖနောင့်ပေါက်ထည့်လိုက်ရ ငါ ……..တယ်လေ ။

  • Mical David ko Jar Yit

    April 19, 2012 at 8:39 pm

    ***
    အမျိုးကိုလဲ မဖျက်နဲ့
    သာသနာကိုလဲ မဖျက်နဲ့
    ယဉ်ကျေးမှုအမွေ အနှစ်များကိုလဲ မဖျက်နဲ့
    ( ပျက်စီးစေရန် အမြင်မှားစေရန် မကြံစီသင့်)
    ***

  • pazflor

    April 20, 2012 at 12:10 am

    ကို winterkoe ခင်ဗျာ၊ အချိန်ပေးပြီး အကျိုးရှိမဲ့စာမျိုးရေးတာ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံဆင်းရဲခေတ်နောက်ကျရတာ အစ်ကိုပြောသလို မြန်မာရိုးရာယဉ်ကျေးမှူ ့အစဉ်အလာတွေကြောင့်လည်းပါ ပါလိမ့်မယ်။
    မြန်မာယဉ်ကျေးမှူ ့တွေထဲမှာ ကောင်းတဲ့အရာလေးတွေ၊ထိန်းသိမ်းစောင့်ရှောက်သင့်များ လည်း များစွာ ရှိပါလိမ့်ဦးမယ်လို ့ထင်ပါတယ်။ အဓိကလက်သည်က” မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာ” ဆိုပြီး သိမ်းကျုံးပြောဆိုတာမျိုးကတော့ပြောသင့်မပြောသင့် အစ်ကို ကိုယ်တိုင်ဘဲ သေချာစဉ်းပါခင်ဗျာ။
    အစ်ကိုမှာ အထောက်အထား သုတေသနပြုချက်များ ရှိရင်လည်းသေချာ ရှင်းလင်းတင်ပြပါ။ အကျိုးအကြောင်းသင့်ရင် လူတော်တော်များများလက်ခံကြပါလိမ့်မယ်လို ့ကျွန်တော်ထင်ပါတယ်။
    ဒီလိုမှ မဟုတ်ရင် ဟိုဘက်ဒီဘက် ငြင်းကျခုန်ကျ ဒေါသထွက်စရာမျိုးတွေဖြစ်ပြီး အကျိုးမရှိဖြစ်ကုန်ပါလိမ့်မယ်။ အမှန်တကယ်က ဒီ ဂဇတ်ထဲမှာ ဒီအကြောင်းအရာမျိုးနဲ ့ပက်သက်ပြီးတော်တော်များများဆွေးနွေးထားမျိုးလေးတွေရှိပါတယ်။

    သူကြီးခင်ဗျာ

    ဒီPost ထဲမှာ သူကြီး comment ရေးထားတဲ့
    ” ဆက်လုပ်ပါဟေ့.. အာပေးးးးးးတယ်…။

    ငါးပါးသီလဖွင့်ဆိုချက်ကို.. သချင်္ာ… သိပ္ပံမတတ်တဲ့ခေတ်.. …ဂွမ်တီး..ဂွမ်တီး အယူအဆအတိုင်း လိုရာဆွဲပြီး.. ဆုပ်ကိုင်ထားတာက.. ပင်မလက်သည်တရားခံစာရင်းထဲ.. (က) တပ်ရမှာဖြစ်ပါတယ်.
    ကဲ.. (ခ) ဆက်ရေးကြည့်ရမလား..။ :mrgreen:

    ဆိုတာလေးစိတ်ဝင်စားလို ့ပါ။
    အဲ့ငါးပါးသီလက ဘယ်လို ဖွင့်ဆိုချက်မှားသလဲလို ့ပေါ့။ နောက်ပြီး ပင်မလက်သည်တရားခံလို ့လည်း ပြောထားသေးတယ်နော်။ Post အဟောင်းတွေတော့ မညွန်းပါနဲ ့တော့ခင်ဗျာ၊ သူကြီးကတရားခံတပ်လိုက်ရတဲ့ အကြောင်းပြချက်လေးကိုဘဲ သိချင်မိတာပါ။

    • kai

      April 20, 2012 at 3:08 am

      “မှားတယ်”ဆိုတာထက်… “ငါးပါးသီလဖွင့်ဆိုချက်ကို.. သချင်္ာ… သိပ္ပံမတတ်တဲ့ခေတ်.. …ဂွမ်တီး..ဂွမ်တီး အယူအဆအတိုင်း လိုရာဆွဲချပြီး.. ဆုပ်ကိုင်ထားတာ” လို့ သုံးရင်ပိုသင့်လျှော်ပါလိမ့်မယ်..

      သီလ(စည်းကမ်း)ဆိုတာက.. လူသားတွေအတွက်.. လိုအပ်ပါတယ်..။
      ဘုရားဟောလည်းမဟုတ်ပါဘူး..
      ဂေါတမဘုရားမပွင့်ခင်ကတည်းကရှိတာ…

      ဆိုတော့..
      ပြန်မေးရမှာပဲ..
      “အခုမြန်မာပြည်က ကွန်ဆာဗေးတစ်တွေဖွင့်ဆိုထားတဲ့.. ငါးပါးသီလကို..အသင်ရော တနာရီ..တရက်..တပတ်..တလ.. မြဲဖူးလားဟင်င်င်…” :mrgreen:

      ကဲ..
      ဖွင့်ဆိုချက်တွေ.. ပေပေါင်းများစွာ…ဆွေးနွေးထားတာရှိတယ်..
      ဖတ်ကြည့်ပါနော…။ လိုတာလည်း ဖြည့်ဆွေးနွေးပြီး.. ခေတ်နဲ့လျှော်ညီအောင် ပြုပြင်ပါ..။

      သီလပုံစံဖြည့်ကြပါ ( ပါဏာတိပါတာ – – – ) http://myanmargazette.net/70687/
      သီလပုံစံဖြည့်ကြပါ အမှတ် (၂) (အဒိန္နဒါနာ – – -) http://myanmargazette.net/71238/
      သီလပုံစံဖြည့်ကြပါ အမှတ် (၃) (ကာမေသု – – -) http://myanmargazette.net/72708/
      သီလပုံစံဖြည့်ကြပါ အမှတ် (၄) (မုသာဝါဒ – – -) http://myanmargazette.net/73764/
      သီလပုံစံဖြည့်ကြပါ အမှတ် (၅) (သုရာမေရယ – – -) http://myanmargazette.net/78589/

    • winterkoe

      April 20, 2012 at 8:27 am

      မြန်မာ့ရိုးရာယဉ်ကျေးမှုရဲ့အခြေခံသဘောတရားအချက်က ကြီးနိုင်ငယ်ညှဉ်းစနစ်ပါ။ လက်ရှိမြန်မာတွေခံစားနေရတဲ့ဒုက္ခတွေဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတွေနဲ့အဓိကသက်ဆိုင်ပါတယ်။ အဲဒီနိုင်ငံရေးနဲ့သက်ဆိုင်တဲ့ကဏ္ဍတွေအားလုံးမှာ လွှမ်းမိုးချုပ်ကိုင်ထားပြီး မြန်မာတွေရဲ့ရပိုင်ခွင့်တွေကို Deprive လုပ်ထားတဲ့လူတစုဟာ ကြီးနိုင်ငယ်ညှဉ်းစနစ်ကိုကျင့်သုံးနေပြီး၊ အဲဒီစနစ်ကိုအားပေးကူညီတဲ့လူများစုနဲ့ အဲဒါကိုအထိုက်အလျောက်လက်ခံနေကြတဲ့၊ မမှန်ကန်တဲ့အမြင်တွေနဲ့ရိုသေလေးစားမှုကို အဓိပ္ပာယ်ဖွင့်ဆိုပြီး မှန်ကန်တဲ့စနစ်နဲ့လုပ်ထုံးလုပ်နည်းတွေအနောက်မလိုက်ပဲ အယူမှားကိုစွဲကိုင်ကျင့်သုံးပြီး မောဟစေစားရာဆန္ဒနောက်ကိုလိုက်ကြတဲ့ မြန်မာပြည်သူတွေကြောင့်ရှင်သန်နေတာဖြစ်ပါတယ်။ လူတွေရဲ့စိတ်ကိုလွှမ်းမိုးပြီးအဲဒီလိုဖြစ်စေရတဲ့ အကြောင်းရင်းကတော့ မြန်မာတွေကို ကြီးနိုင်ငယ်ညှဉ်းလုပ်တာမှန်တယ်လို့ထင်ရစေတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုရဲ့တိုက်တွန်းအားပေးစေ့ဆော်မှုကြောင့်ပါ။ ကြီးနိုင်ငယ်ညှဉ်းစနစ်ကို သွယ်ဝိုက်အားပေးတဲ့ ယဉ်ကျေးမှုသာမရှိခဲ့လျှင် မြန်မာလူ့အဖွဲ့အစည်းဟာ ယခုလို ဒုက္ခပင်လယ်ဝေနေတဲ့နိုင်ငံတနိုင်ငံမဟုတ်တော့ပဲ မှန်ကန်မှု၊ တရားမျှတမှုတွေနဲ့ပြည့်ဝနေပြီး အေးချမ်းသာယာဝပြောမှုနဲ့ ဂုဏ်သိက္ခာပြည့်ဝမှုတွေကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်။
      အခုဘာမဟုတ်တဲ့ အဝတ်အစားကိစ္စဆိုတာလေးမှာကိုပဲ သူတပါးရဲ့အခွင့်အရေးကိုအလေးမထားပဲ မိမိဖြစ်ချင်တဲ့ဆန္ဒတွေနဲ့ ဖိအားပေးပြီးနည်းမျိုးစုံနဲ့စော်ကားရှုံ့ချနေကြတယ်။ သေသေချာချာခွဲခြမ်းစိတ်ဖြာကြည့်လေ၊ အဲဒီကြီးနိုင်ငယ်ညှဉ်းစနစ်ကသိသိသာသာထင်ရှားလာလေလေပါပဲဗျာ။

  • kai

    April 20, 2012 at 4:24 am

    (ခ) ကိုအောက်က ဖွင့်ဆိုချက်အတိုင်း.. စိတ်နှလုံးထဲကယူဆထားသူများကြောင့်လို့.. ရေးချင်တယ်..
    သောတာပန်ဆိုတာကိုတောင် ဘယ်လို စိစစ်ရမှန်းမသိတဲ့..ဒီခေတ် လောကမှာ.. အလှူနေရာတွေဟာ..စိတ်မှန်းနဲ့မှန်းချရတာဖြစ်ကုန်လို့..
    .. ငွေကြေးတွေဟာ.. မှားယွင်းစွာ စီဆင်းသွားပြီး.. လိုအပ်နေတဲ့နေရာတွေကို.. မဖြည့်တတ်ပဲဖြစ်ကုန်တယ်လို့.. လက်တွေ့ကျကျ မြင်နေရလို့ပါ..။

    “The first sign of corruption in a society that is still alive is that the end justifies the means”
    Georges Bernanos

    ဆဲနိုင်ကြပါကြောင်း… 😆

    အလှူ၏ ကြီးကျယ်မြင့်မြတ်ပုံ

    မြတ်စွာဘုရား ဟောကြားတော်မူသော ဝေလာမပုဏ္ဏားကြီးအလှူနှင့် စပ်လျဉ်း၍ အလှူတစ်ခုထက် တစ်ခု ကြီးကျယ်မြင့်မြတ်ပုံကို အောက်ပါအတိုင်း နှိုင်းယှဉ်ခဲ့ပါသည်။

    -ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ စားဖွယ်ပစ္စည်း ၈၄၀၀ဝ စီ လှူသော အလှူထက် သောတာပန်တစ်ဦးကို လှူပါက ကြီးမြတ်ကြောင်း။

    -သောတာပန် ၁၀ဝ ကို လှူသည်ထက် သကဒါဂါမ်တစ်ဦးကို လှူပါက ပိုမြတ်ကြောင်း။

    -သကဒါဂါမ် ၁၀ဝ ကို လှူသည်ထက် အနာဂါမ်တစ်ဦးကို လှူပါက ပိုမြတ်ကြောင်း။

    -အနာဂါမ် ၁၀ဝ ကို လှူသည်ထက် ရဟနာ္တတစ်ပါးကို လှူသူက ပိုမြတ်ကြောင်း။

    -ရဟနာ္တ ၁၀ဝ ကို လှူသည်ထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို လှူသူက ပိုမြတ်ကြောင်း။

    -ပစ္စေကဗုဒ္ဓါ ၁၀ဝကို လှူသည်ထက် သမ္မာသံဗုဒ္ဓ ဘုရားရှင်ကို လှူသူက ပိုမြတ်ကြောင်း။

    -ဘုရားတစ်ဆူကို လှူသည်ထက် ဘုရားအမှူးထားသည့် သံဃာကို လှူသူက ပိုမြတ်ကြောင်း။

    -ဘုရားအမှူးပြုပြီး သံဃာကို လှူသူထက် ကျောင်းတစ်ဆောင်ကို လှူသူက ပိုမြတ်ကြောင်း။

    -ကျောင်းတစ်ဆောင် လှူသူထက် ဘုရား၊ တရား၊ သံဃာ (သရဏဂုံ ၃-ပါး) ကို ကိုးကွယ်ဆည်းကပ်သူက သာလွန်မြင့်မြတ်ကြောင်း။

    -ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်သူထက် ငါးပါးသီလကို စောင့်ထိန်းသူက ပိုမြတ်ကြောင်း။

    -ငါးပါးသီလကို စောင့်ထိန်းသူထက် ပန်းတစ်ရှုပ် နမ်းခို်က်မျှ မေတ္တာစိတ်ကို ပွားများပါက ပိုမြတ်ကြောင်း။

    -မေတ္တာပို့သ ပွားများသူထက် လက်ဖျစ်တတွတ်မျှ အနိစ္စသညာကို ပွားများသူက အမြတ်ဆုံး ဖြစ်ပါသည်။

    (ဓမ္မမိတ်ဆွေ ရေးသားသော လူ့ပြည်မှအပြန် စာအုပ်မှ ကောက်နှုတ်ချက်) သစ္စာတရားများစုဝေးရာမှ ကူးယူဖော်ပြပါသည်

    • winterkoe

      April 20, 2012 at 8:12 am

      ကောင်းလိုက်တဲ့ Comment ပါပဲ။ လူတွေသိပ်သတိမထားမိကြပါဘူး။

    • ကြောင်ကြီး

      April 20, 2012 at 10:14 am

      ဒကျီးကို ပမာမခန့် လုပ်တာတော့ ဟုတ်ဝူး.. သို့ပေသိ တတ်သိပညာ မနေသာလို့ ဝင်ပေါမယ်… လှူလို့မြတ်တာနဲ့ ကုသိုလ်ရဒါ တူဝူးနော်..။ မြတ်တယ်ဆိုတာ ပညာနဲ့ဆိုင်တယ်၊ စည်းစိမ်ချမ်းသာနောက်လိုက်ဝူး.. စင်ကြယ်မြင့်မြတ်သန့်ရှင်းမှုကို ရည်သန်တယ်… ကုသိုလ်ရဖို့ကြတော့ လူပြိန်းနည်း လူနတ်စည်းစိမ်ကို မျှော်မှန်းလုပ်တာ။ ဥမပါဗျာ မြတ်အောင်လှူခဲ့လို့ စိတ်ဓာတ်ခိုင်မှာ သန့်ရှင်းတည်ကြည်တဲ့ လူေတော်လူကောင်းဖြစ်မယ်၊ သို့ပေသည့် ချမ်းသာကြွယ်ဝ ဘုန်းတန်ခိုးကြီးချင်မှ ကြီးမယ်။ ကုသိုလ်ရအောင်လှူတာကြတော့ အကျိုးပေးတဲ့အခါ သူဌေးသူကြွယ် လူမင်းနတ်မင်း ဖြစ်မယ်။ ရှင်းအောင်ပြောပြဒါ… နို့မို့ရင် လူတွေက ငါ့စကားနွားရ ပေါဒတ်ကြလို့…။ ရှိတာ မရှိတာ ဖြစ်တာ မဖြစ်တာနဲ့ အမှန် အမှား သင့်မသင့်ဆိုတာ လိုင်းမတူဝူး…။ သိထားတော့ ငါနဲ့မတူတိုင်း မနှစ်သက်တိုင်း မရှိဘူးနဲ့ ဇွတ်မငြင်းဒေါ့ဝူးဘော့..။ ဤကား ဒကျီးအတွက် 101 မူလတန်း လက်ဆင်ပေတီး…။ 😎

  • ရွှေအိမ်စည်

    April 20, 2012 at 8:08 am

    သူကြီးရဲ ့..(.ဒီခေတ် လောကမှာ.. အလှူနေရာတွေဟာ..စိတ်မှန်းနဲ့မှန်းချရတာဖြစ်ကုန်လို့..
    .. ငွေကြေးတွေဟာ.. မှားယွင်းစွာ စီဆင်းသွားပြီး.. လိုအပ်နေတဲ့နေရာတွေကို.. မဖြည့်တတ်ပဲဖြစ်ကုန်တယ်လို့.. လက်တွေ့ကျကျ မြင်နေရလို့ပါ.)

    မန် ့တာလေးကို..ပက်ပက်စက်စက်ကြိုက်ပါကြောင်း…
    ထောက်ခံ ရေးချင်လာလို ့….

  • kyeemite

    April 20, 2012 at 9:29 am

    “အလှူနေရာတွေဟာ..စိတ်မှန်းနဲ့မှန်းချရတာဖြစ်ကုန်လို့..
    .. ငွေကြေးတွေဟာ.. မှားယွင်းစွာ စီဆင်းသွားပြီး.. လိုအပ်နေတဲ့နေရာတွေကို.. မဖြည့်တတ်ပဲဖြစ်ကုန်တယ်လို့.. လက်တွေ့ကျကျ မြင်နေရလို့ပါ..။”
    သဂျီးပြောတဲ့ အဲဒီ အချက်ကိုတော့ ကျုပ်ကြိုက်သဗျို့..
    နောက်မှသပ်သပ် ပို့စ်ရေးတင်အုံးမယ်..
    အဲကျမှ ကျုပ်ကိုဝိုင်းဆဲတာ ပြုံးပြုံးကြီးခံမယ်ဗျို့..

    • winterkoe

      April 20, 2012 at 1:33 pm

      မိမိရဲ့ယုံကြည်မှုကိုတန်ဖိုးထားမှုကို ကျနော်လေးလေးစားစားနဲ့ ဂုဏ်ယူမိပါတယ်ဗျာ။

  • ba gyi

    April 20, 2012 at 10:26 am

    လူတွေ၊ဆင်းရဲတာ၊ချမ်းသာတာဟာ- ဘာသာတရား၊ရိုးရာ၊ယာဉ်ကျေးမှုမရွေးပဲ၊ရှိကြနေကြပါတယ်
    အမေရိကန်မှာချမ်းသာတဲ့ပြည်သူတွေရှိသလို၊ဆင်းရဲပြီးလမ်းဘေးနေတာတွေ၊အလုပ်လက်မဲ့တွေရှိပါ တယ်၊
    သည်လိုပါပဲ၊ကွန်မြူနစ်နိုင်ငံတွေ၊အာဏာရှင်နိုင်ငံတွေမှာလည်း ဆင်းရဲသူတွေရှိသလို၊ ချမ်းသာ သူတွေ ရှိ ကြ ပါတယ်၊ဘာသာကြီးလေးခုစလုံးမှာလည်းဆင်းရဲသူ၊ချမ်းသာသူတွေရှိကြပါတယ်။
    အလှုအတန်းဆိုတာလည်းဘာသာတိုင်းမှာလုပ်ကြတာပါပဲ၊လှူ ပုံလှ ူနည်းတော့ ကွာကြပါတယ်၊ အကျိုး ရှိအောင်လှူတာ၊ကြွားဝါလှူတာ၊ကိုယ်ကျိုးအတွက်အလှူပြတာ၊ဒါတွေဟာကာယကံရှင်တွေရဲ့စေတနာ ပေါ်မူတည်ပါတယ်။
    သို့သော်ကွဲပြားတဲ့အချက်ကနိုင်ငံအလိုက်ဆင်းရဲ၊ချမ်းသာနှုန်းကွာဟမှုတွေရှိနေကြတယ်၊ဝင်ငွေပေါ်မူ တည်ကြတယ်၊ဒါတွေကြည့်မယ်ဆိုရင်၊ဝင်ငွေရအောင်ဆောင်ရွက်နိုင်မှု၊ထုတ်လုပ်နိုင်မှု၊တည်ထွင်နိုင်မှု ၊ဈေး ကွက်ရရှိမှုစတာတွေဟာအဓိကလို့ပဲမြင်ပါတယ်၊သည်တော့ ဒါတွေဖြစ်ပေါ်စေတဲ့ရလဒ်ဟာ၊ အလုပ် အကိုင် ဖန်တည်းပေးနိုင်မှု၊အရည်အသွေးနှင့်ဈေးနှုန်းထိုးဖေါက်နိုင်ပြီး၊ဈေးကွက်ရှိမှသာဖြစ်ပါမယ်။ သည်တော့ မိမိတို့အသိုင်းအဝိုင်းကောင်းဘို့၊ မိမိတို့ကိုလက်ခံဘို့ဆိုတဲ ့ဈေး ကွက်ကြီးရဘို့၊ စံချိန်မှီဈေး ကွက်ဆက်ဆံရေး အသိုင်းအဝိုင်းမှလက်ခံနိုင်မည့် ၊မိမိနိုင်ငံပေါ်လစီသည်သာအရေးပါ လာပါတယ်။
    လူတွေနိုင်ငံတစ်ကာထိုးဖေါက်ဘို့ နိုင်ငံတစ်ကာဆက်ဆံဘို့အတွေ့အကြုံတွေရှိရမယ်၊အမြင်ရှိရမယ်၊
    အတတ်ပညာရှိရမယ်၊တီထွင်ဖန်တီးနိုင်မှုရှိရမယ်၊ကောင်းသောသင်ယူလေ့လာမှုရှိရမယ်၊ဒါတွေဟာတိုင်း
    ပြည်ချစ်တဲ့၊ပြည်သူချစ်တဲ့ ပေါ်လစီမိတ်ကာတွေလုပ်ပိုင်ခွင့်ရှိပြီးပြောင်းလဲလာနိုင်မှဖြစ်ပါမယ်။
    လူတိုင်းအလုပ်လုပ်မှလူရာဝင်တယ်ဆိုတဲ့ အမျိုးသားရေးအမြင်တွေရှိရမှာဖြစ်သလို၊အလုပ်အကိုင်အခွင့်
    အလမ်းပေါများအောင်လုပ်မှလည်းသည်အမြင်ကအမြဲရှင်သန်နေနိုင်မှာပါပဲ။
    ခိုင်မာတဲ့ဈေးကွက်၊အမြတ်အစွန်းမသေချာပဲ၊ဆင်းရဲမှုပပြောက်အောင်အလုပ်လုပ်ဘို့ ငွေချေးပြီး၊အတိုးယူတဲ့ ချစ်တီး လုပ်ကွက် မျိုးတွေဟာ၊ဆင်းရဲတွင်းပိုနက်စေတယ်ဆိုတာ သမိုင်းတစ်လျှောက်ရှိနေတာပါ၊
    အိမ်မှာရှိတဲ့ ဘိုးဘွါးလက်ထက်ချန်ရစ်ခဲ့တဲ့ပစ္စည်းတွေထုတ်ရောင်းပြီး၊သုံးစွဲနေရုံနှင့်တော့ ပညာမတတ်၊ ကုဋေရှစ်ဆယ်သူဌေးသားလိုရှေ့ဆက်ဆင်းရဲသထက်ဆင်းရဲဘို့ပါပဲ။ချမ်းသာချင်ရင် အဲသည် ပညာမဲ့
    ရှေးရိုးစွဲ ဦးဆောင်မှုပုံစံလုံးဝပြောင်းဘို့ပါပဲ၊ အဲလိုဦးဆောင်မှုပုံစံပြောင်းမှ ဦးဆောင်ခံရတဲ့ပြည်သူတွေ လည်း နောက်လိုက်ခံယူချက်ပုံစံပြောင်းမှာပါပဲ။ အားလုံးပြောင်းလဲရမယ်ဆိုတာတော့အသေအချာပါဗျား။
    ဘာသာတရားတိုင်း၊ယဉ်ကျေးမှုတိုင်းဟာ လူတွေကို ကောင်းမွန်စေသောရည်ရွယ်ချက်တွေနှင့် အဆုံးအမ
    ပြုနေတဲ့အချက်တွေပါကြပါတယ်၊ လူတွေရဲ့ယူသုံးကြ၊လိုက်နာကြတဲ့ အပေါ်မှာကွဲပြားနေကြတာပါ။

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    April 20, 2012 at 12:05 pm

    လူတွေများလဲ ဇောက်ထိုးဖြစ်ကုန်ကြပြီ ၊ ကြည့်ရတာ မြတ်စွာဘုရားဟောချက်တွေကို
    သဂျီး ကိုပဲ ပြန်ပြင်ခိုင်းရတော့မလိုလို၊
    တချို့ များလဲ သဂျီးက ဝင်မြှေုာက်ပေး ကွေးအောင်က ၊
    အဟုတ်ကြီး ထင်နေကြရှာတယ်။ သနားစရာ၊
    အပါယ်ငရဲ ကိုသတိပြုကြပါ ၊

  • ဘုကန့်လန့်

    April 20, 2012 at 12:24 pm

    အို မန်းဂေဇက်တွင်ရှိကြကုန်သော ရွာသူ ရွာသား အပေါင်းတို့ ~~~~~~
    ဒီအတိုင်းကြည့်မနေကြပါနဲ့~~~~~~
    သိပ်ကြာလာရင် ကျနော်တို့နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု နဲ့
    ဘုရားဟော ချက်တွေကို ပြုပြင်ခံကြရတော့မည် ဖြစ်ပါသဖြင့်
    အချက်အလက် များကိုးကားပြီး ဝင်ရောက် ကူညီပေးကြပါကုန်~~~~

  • ဆူး

    April 20, 2012 at 12:49 pm

    ဒို့ ပြည် ဒို့ မြေ ဒို့ တိုင်းပြည် လူမချမ်းသာပေမဲ့ စိတ်ဓါတ်တော့ အများကြီး သာတယ်။
    အလှူဆိုရမှာ အလှူခံ ပုဂ္ဂိုလ် ထဲမှာ ခွေး ဝက် စတဲ့ တိရိစာ္ဆန်က စလို့ ဘုရား ရဟနာ္တ နဲ့ သံဃာ အထိ ပါပါတယ်။ ဘယ်ဟာကို လှူရင် ဘယ်လောက် အကျိုး ရှိမယ် ဆိုတာ ပြောပြသွားတာပဲ ရှိတယ်။
    အလှူ ဆိုတာ ကိုယ်စိတ်သန်တဲ့ နေရာ လှူနေကြတာပဲ။
    သေချာတာကတော့ ဒါန ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အရာပဲ။
    တိုင်းပြည် တပြည်နဲ့ တပြည် ကူညီ ထောက်ပံ့နေတယ် ဆိုတာလည်း ဒါနပြု လှူဒါန်းတာပါပဲ။
    ခွေးကလေး ကြောင်ကလေး ထမင်းကျွေး ဟင်းကျွေး တာကလည်း ဒါနပါပဲ။
    ဘုရားမှာ ရွှေတွေ အိနေတာလည်း ဒါနပဲ.. ဘုရားတွေမှာ ရွှေတွေ အိ လို့ မနာလို မဖြစ်ကြနဲ့.. အသင်တို့ လှူဒါန်းခဲ့ကြတာ မဟုတ်ဘူး။
    အမွေ အနှစ်ဆိုတာ ထိုက်တဲ့ သူမှ ဆက်ခံ ရယူရတာပါ။
    ဘိုးဘွားတွေ တည်ထားတဲ့ ဘုရားတွေကို ဒို့ တွေ ဆက်ခံတာ.. အမွေအနှစ်ပါပဲ။
    ဒီမိုကရေစီ ဆိုတာ တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် အခွင့်အရေးကို အလေးထားပြီး လိုက်နာ ကျင့်သုံးရတဲ့ သဘောပါပဲ။ အနည်း နဲ့ အများဆိုရင် အများသဘော ဆန္ဒ အတိုင်း ကျင့်ကြံ နေထိုင်ရမယ်။
    ကိုယ့် အိမ်မှာ ကိုယ်တော့ နေချင်သလို နေလို့ ရတယ် သူများ အနှောက်အယှက် မဖြစ်ရင် နေလို့ ရတယ် မဟုတ်လား။
    ဒို့တိုင်းပြည်မှာ ဒို့ တိုင်းပြည်သားတွေ နေတာ အသင်တို့ အဝေးက မနာလို မဖြစ်ကြနှင့်.. စေတနာ ကို အကြောင်းပြပြီး မှားယွင်းတဲ့ လမ်းကြောင်းတွေကို မတိုက်တွန်းနဲ့..

  • ဆူး

    April 20, 2012 at 12:57 pm

    ကလေးငယ် တယောက် မီးသွေးခဲတွေ ကြားထဲမှာ ရှိနေတဲ့ ပုံကလေးက အသက်မပြည့်သေးတဲ့ ကလေးငယ် လုပ်ငန်းခွင် ဝင်နေကြတဲ့ သဘောပါပဲ။

    ဆင်းရဲခြင်းက ပထမ အချက်ပဲ ဖြစ်လိမ့်မယ်။
    ဆင်းရဲ့ခြင်း အပြင် ပညာ ကောင်းစွာ သင်ကြားခွင့် မရှိခြင်းပါပဲ။
    ဒီအရွယ် ပညာသင်ပေးဖို့ မိဘက တိုက်တွန်းသင့်တယ်။ အခွင့်အရေးပေးသင့်တယ်။
    ကျောင်းစရိတ်မတတ်နိုင်လို့ မထားဘူး ဆိုရင်တောင် ဘက ကျောင်းတွေ ရှိပါတယ်။
    ဒီလို ကျောင်းတွေမှာတောင် မထားတော့ဘူး ဆိုရင်တော့
    ဒီကလေး ကိုယ်တိုင်က ပညာကို မလိုလားလို့သော်လည်းကောင်း ကလေးမိဘတွေက ပညာကို မလိုလားတော့တာ ဖြစ်လိမ့်မယ်။
    မိဘတွေ ပညာကို မလိုလားဘူး ဆိုရင်တော့ သူတို့ ကိုယ်တိုင် ပညာမတတ်လို့ ဖြစ်လိမ့်မယ်။
    ပညာနည်းတဲ့ မိဘက မွေးလာတဲ့ကလေး အများစုက ဒီလိုပဲ.. ပညာကို တန်ဖိုးထားတတ်အောင် ပညာတတ်တွေ နေရာ ပေးတတ်တဲ့ နိုင်ငံဆိုရင်တော့ ပညာကို သိပ်တန်ဖိုးထားလာမှာပေါ့။
    အဓိက ဘာသာရေး လူမျိုးရေး မဟုတ်ဘူး။ မူဝါဒ ကြောင့် ဖြစ်တာလို့ ယုံကြည်တယ်။
    သူများနိုင်ငံတွေမှာ ဘာလုပ်လုပ် လက်မှတ်လိုတယ်။ လက်မှတ် ရှိမှ သတ်မှတ်တဲ့ လစာ ရကြမယ် ဆိုတဲ့ အတိုင်းပါပဲ.. လက်မှတ် မရှိ သတ်မှတ်ချက် မရှိ တီးတိုး ဖြေရှင်းခြင်းတွေ များတဲ့ တိုင်းပြည်မှာ ပညာမလိုဘူး။ ပညာမလို လက်မှတ်မလိုမှတော့ ပညာကို အလေး မထားပဲ လတ်တလော ဖြေရှင်းနည်းကိုသာ အသုံးပြုကြတာ မမှားပါဘူး။
    သူတို့ကို ပညာ ပေးတဲ့ အလုပ် အရင် လာလုပ်ကြပါ။
    ဘာသာရေးကို မဖျက်စီးကြနဲ့။
    ဘာသာရေး ဆိုတာ လူစိတ်ကို အစွန်းမရောက်အောင် လမ်းညွန်ထိန်းကျောင်းတဲ့ အကွပ်ပါပဲ.. အကွပ်မရှိရင် ဒီထက်ပိုဆိုးလာပါလိမ့်မယ်။

  • yuiio

    April 20, 2012 at 12:57 pm

    ယဉ်ကျေးမှုဆိုတဲ့ အလွန်အမင်း ကျယ်ပြန့်တဲ့ ဝေါဟာရတစ်ခုကို အပြစ်ပုံချပြီး အပျက်သဘောမျိုးပြောပလိုက်တာတော့ သိပ်မကောင်းဘူးလို့ ကျွန်တော် ယူဆပါတယ်။ ရိုးရာယဉ်ကျေးမှုကို အလွဲသုံးစားလုပ်ပလိုက်တဲ့သူတွေကြောင့် ရိုးရာယဉ်ကျေးမှုက နာမည်ပျက်ရတာလို့ ပြောပါရစေ။ နိုင်ငံကိုခေါင်းဆောင်တဲ့သူတွေ တရားစောင့်ခဲ့ရဲ့လား ။ စေတနာမှန်ခဲ့လို့လား။ အားလုံးသိနေတဲ့ အဖြေပါ။ လာဘ်ပေး လာဘ်ယူမှုဆိုတာကလည်း မြန်မာ့ယဉ်ကျေးမှုကို အလွဲသုံးစားလုပ်ပြီး ကြီးထွားလာတာပါ။ ဒီပို့စ်က ကောင်းတယ်ဗျာ။ ဒါပေမဲ့ နောက်ကွယ်က ကြိုးဆွဲသူကို သတိမမူမိဘဲ အသုံးချခံရတဲ့ ယဉ်ကျေးမှုရုပ်သေးရုပ်ကို သွားပြီး လည်ပင်းညှစ်သလိုဖြစ်နေတယ်။ ယဉ်ကျေးမှုကို အပြစ်ပုံချလို့ ဘာအကျိုးထူးမှာတုန်းဆိုတာ ကျွန်တော်သိချင်တယ်။ အာဏာရှင်စနစ်ကလည်း ယဉ်ကျေးမှုအရ ဖြစ်လာတာမဟုတ်ဘူး။ အာဏာလိုချင်သူတွေကြောင့်ဖြစ်လာတာ။ ယဉ်ကျေးမှုကြောင့် တိုင်းပြည်ချိနဲ့နေတာမဟုတ်ပါဘူး ……..။ အာဏာရှင်ဆိုးတွေကြောင့် တိုင်းပြည် ချိနဲ့သွားတာ။ အာဏာရှင်စနစ်ကြောင့်လို့ မပြောတော့ဘူး …… ဘာလို့လဲဆိုတော့ …… စေတနာရှိတဲ့ …. အမြှော်အမြင်ရှိတဲ့ အာဏာရှင်အုပ်ချုပ်တဲ့ အာဏာရှင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေ တိုးတက်မှုရှိတာတွေ့ရလို့ပါ။

  • ဆူး

    April 20, 2012 at 1:04 pm

    ပုံထဲမှာ အိမ်ဖော်မလေး အနာတရ ဖြစ်နေတဲ့ ပုံလေး အကြောင်း ဆွေးနွေးမယ်။

    အိမ်ဖော် ဆိုတာ ပညာ နည်းတဲ့ လူတွေ လုပ်ကြတဲ့ အလုပ်ပါပဲ။
    ၁ဝတန်းလောက် အဆင့် ပညာ အရည်အချင်း ရှိတယ် ဆိုရင် အရောင်းစာရေး လုပ်ပြီး လှလှပပ နေ့စဉ် အလုပ်တက် ပါလိမ့်မယ်။

    အနာတရ ဖြစ်အောင် လုပ်တဲ့ လူတွေ အနေနဲ့ ကြည့်မယ် ဆိုရင်.. ဘာ အတွက်ကြောင့် အိမ်ဖော်မလေး ကို နာကျင်ရအောင် မညှာမတာ လုပ်ရသလဲ..
    ရှင်းရှင်းလေးပါ.. ဒေါသစိတ်မထိန်းနိုင်လို့ ကိုယ်ချင်းစာစိတ်မရှိလို့ပါပဲ။

    ကိုယ်ချင်းစာစိတ်ရှိဖို့ မြတ်စွာ ဗုဒ္ဓ ညွန်ကြားခဲ့ပါတယ်။ ဆုံးမခဲ့ပါတယ်။
    ဝဋ်မှာ အမြဲ ငရဲမှာ အပ ဆိုတဲ့ စကား အလကား ဖြစ်သွားမှာပေါ့.. လုပ်ချင်တာ လုပ်ကြရင်။
    ဒေါသစိတ်ဖြစ်ပြီး သေရင် အပါယ် ငရဲ ရောက်တတ်တယ်။ ဒေါသကြီးတာ မကောင်းဘူး ဒေါသစိတ် မဖြစ်အောင် နေကြလို့ မြတ်စွာ ဘုရား ဆုံးမခဲ့တယ်။
    အဲဒီ အသေးအမွား ၂ချက်နဲ့တင် မြတ်စွာ ဗုဒ္ဓရဲ့ အဆုံးအမ နဲ့ အရမ်းကို ဝေးကွာလွန်းလှနေပါပြီ။
    တရားရဲ့ အခြေခံ သဘောတရား ဖြစ်တဲ့ လောဘ ဒေါသ မောဟ မဖြစ်အောင် နေကြ ဆိုတဲ့ အဆုံးအမ ကိုတောင် သေချာ မသိ လိုက်မနာနိုင်ပဲ ဗုဒ္ဓဘာသာလို့ ခံယူနေတဲ့ မြန်မာပြည်က အရေခြုံ ဗုဒ္ဓဘာသာဝင်တွေကိုကြည့်ပြီး မြန်မာပြည် ဆုတ်ယုတ်တာ ဘာသာရေး ခံယူချက်တွေကြောင့်လို့ ဆိုလို နိုင်မလား။

  • ဆူး

    April 20, 2012 at 1:12 pm

    အသက် အရွယ်နဲ့ မလိုက်အောင် ဘီယာဘူးခွံတွေ ထုနေတဲ့ အဘွားအို ပုံ အကြောင်း ဆွေးနွေးရအောင်..

    အသက်အရွယ်နဲ့ မလိုက်အောင် အလုပ်လုပ်နေရတဲ့ သဘောဖြစ်နေတယ်။ ဒီအရွယ်မှာ ပုတီးစိပ် တရားထိုင် ဒါမှ မဟုတ် ဂေဟာ တခုခု မှာ အေးအေး ချမ်းချမ်း နေထိုင်ရမဲ့ အချိန် ဖြစ်နေပြီလို့ ထင်ပါတယ်။
    မြန်မာပြည်မှာ စေတနာ ရှေ့ထား အခမဲ့ ဂေဟာတွေ များစွာ ရှိပါတယ်။ အဘွားအို သွားမယ် ဆို သွားလို့ ရနိုင်ပါတယ်။

    အသက်ကြီးတဲ့ လူတွေမှာ အကျင့်တခု ရှိတယ်။ အလုပ်တခုခုရှာ လုပ်တတ်တယ်။ ဆူး အဖိုးဆို အသက် ၉ဝ လောက် အထိ ထင်းခွဲ တတ်တယ် လူငယ်တွေက လုပ်မှာစိုးလို့ ထင်းခွေ ဓါး ဖွက်ထားရင် သိပ်စိတ်ဆိုးတယ်။ ထားပါတော့.. လူကြီးတွေ ရဲ့ အကျင့်ဆိုးပါ..
    အကောင်ဘက်က စဉ်းစားရင် အဘွားအို အဲလို အလုပ်တခုခု ရှာကြံ လုပ်တယ်လို့ ယူဆမယ်။
    စားဝတ်နေရေး အတွက် မြေးတွေ ကို ကူညီတာလည်း ဖြစ်ချင် ဖြစ်မယ်။

    အဘွားအို ထု နေတာ ဘီယာ ဘူးခွံတွေဆိုတော့ သေချာတာကတော့ အဲဒီ ဗူးတွေထဲက အရေတွေက သောက်ရင်မူးတယ်။ မူးအောင် သောက်ချင်တဲ့ သူတွေ ကဲချင်တဲ့ သူတွေ သောက်ပြီး ထားခဲ့တာကို ပြန်လည် အသုံးချလို့ ရအောင် လုပ်နေတဲ့ သဘောပေါ့။
    ဘီယာ ဆိုတာ ၅ပါးသီလ မှာ နံပါတ် ၅ သီလ ဖြစ်တဲ့ သူရာမေရ အရက်နှင့် မူးယစ်စေသောက် အရာများကို စားသုံးခြင်းမှ ရှောင်ကျဉ်ပါ၏ ဆိုတဲ့ အချက်ပါပဲ။

    သီလ မစောင့်တဲ့ လူတွေ ပစ်သွားတဲ့ အမှိုက်တွေပါ။
    ဒါကို ကြည့်ခြင်းအားဖြင့် သီလ စောင့်ထိန်းသူ နည်းပါးနေပါတယ်။
    ဘာသာရေးကို အရေခြုံသာ ရှိပြီး အတွင်းမှာ ပျက်စီနေပါပြီ။

    မိမိ ကိုးကွယ်တဲ့ ဘာသာ သာသနာ အတွက် ကာကွယ် စောင့်ရှောက်ဖို့ အချိန်တန်ပါပြီ။
    ပျက်နေတာကို ပျက်နေတယ်လို့ မမြင်ပဲ ဒီဘာသာ အသုံးမကျလို့ မကောင်းလို့ ဆိုပြီး အပစ်တင်စိတ်တွေ ပြည့်ညှက်နေပြီး ဘာသာရေးကို နိပ်ကွပ်စော်ကားတာတွေကို မြင်အောင် ကြည့်သင့်တယ်။

  • ဖွတ်ငပျင်း

    April 20, 2012 at 1:22 pm

    ဒီပို့စ်ကြောင့် စိတ်ထဲ တနုပ်နုပ်ခံစားနေရတာ တစ်ဝက်လောက်သက်သာသွားခဲ့တာပါ
    မဆူး ကိုကျေးဇူးတင်ပါကြောင်း –
    မသိမသာ ဆိုးဝါး သိမ်ဖြင်းလှတဲ့ ပို့စ်တစ်ခုပါ –

  • yuiio

    April 20, 2012 at 1:30 pm

    နောက်ပြီး ရေဘူးပေါက်တာမသိချင်ဘူး ရေပါလာတာပဲမြင်ချင်တဲ့ အာဏာရှင်စနစ်ရဲ့ ဉာဏ်မရှိတဲ့ အတွေးအခေါ်တွေကြောင့် ဖြစ်ရတာပါ။ အသက်မပြည့်သေးသူတွေ အလုပ်မလုပ်ရလို့တော့ရှိတယ်။ အလုပ်မလုပ်လို့ မဖြစ်တဲ့အခြေအနေတွေကို ဘယ်လိုဖြေရှင်းပေးမယ်ဆိုတာမျိုးတော့မရှိဘူး။ ဒါက စနစ်မရှိလို့ဖြစ်ရတာပါ။ သူတောင်းစားပပျောက်ရေးတဲ့ ဖမ်းလိုက်ရင်ပျောက်သွားရောဆိုတာမျိုးတွေ လုပ်နေရင်တော့ ဘယ်တော့မှ ပျောက်မှာမဟုတ်ဘူးဆိုတာ အားလုံးသိပါတယ်။ စနစ်ကျအောင် လုပ်ပေးနိုင်တဲ့ အကြံဉာဏ်မရှိ ……… ပေးတဲ့အကြံလက်မခံဆိုတဲ့ အုပ်ချုပ်သူတွေနဲ့ ဖွဲ့စည်းခဲ့တဲ့ စစ်တပ်ဆန်ဆန် အစိုးရကြောင့် ဖြစ်နေတာပါ။ ကြီးနိုင်ငယ်ညှင်းဆိုတာကလည်း ယဉ်ကျေးမှုကြောင့် ဖြစ်တာမဟုတ်ပါဘူး။ စနစ်ကြောင့်ပဲဖြစ်တာပါ။ အာဏာရှင် အုပ်ချုပ်ရေးစနစ်မှာက ကြီးနိုင်ငယ်ညှင်း လုပ်ခဲ့ကြတာလေ။ ယဉ်ကျေးမှုကြောင့်လို့ တံဆိပ်ကပ်တာတော့မှားတယ်။ ဒါက မယဉ်ကျေးမှုကြောင့်ဖြစ်တာ။ တရားဥပဒေစိုးမိုးမှုမရှိလို့ဖြစ်ရတာ။ လူမျိုးတစ်မျိုးလို့ သေသေချာချာ ခွဲခြား သတ်မှတ်ပေးနိုင်တာက ယဉ်ကျေးမှုနဲ့ပဲ ခွဲခြားသတ်မှတ်ပေးနိုင်တာပါ။ ဘာသာစကားဘာပြောပြော မြန်မာနိုင်ငံကဆိုရင်တော့ မြန်မာပုံစံယဉ်ကျေးမှုတော့ ရှိနေတာပဲလေ။ ယဉ်ကျေးမှုပျောက်ရင် လူမျိုးပါပျောက်မှာပေါ့။ ယဉ်ကျေးမှုကို မကောင်းဘူးလို့ အပြစ်ရှာရင် လူမျိုးတစ်မျိုးလုံး အပြစ်ရှိသွားမှာပေါ့။ အလိုလိုနေရင်းတော့ မြန်မာလူမျိုးဖြစ်ရတာ အပြစ်လို့ ကိုယ့်ကိုယ်ကို ခံစားရမှာလား …… အဲ့လိုကြီးတော့ ကျွန်တော်မခံစားနိုင်ဘူး။ ယဉ်ကျေးမှုကို အပြစ်ပုံချတာတော့ လုံးဝ မှားပါတယ် ….. လက်ညှိုးထိုးမလွဲပါနဲ့လို့ ပြောပါရစေ ………

  • Foreign Resident

    April 20, 2012 at 1:56 pm

    ကောင်းတယ် ။ ဒီ Post အရမ်း အရမ်း ကောင်းတယ် ။
    ဒီ Post ပေါ်လာလို့ ၊ အရင် ၊ အဘ Post မှာ ဆဲနေတဲ့သူတွေ ၊
    စိတ်လည်သွားပြီး ၊ ဒီဖက်ရောက်လာကြပြီ ။
    ကောင်းတယ် ။ အရမ်း အရမ်း အရမ်းကို ကောင်းတယ် ။ ဟီဟိ ။

  • marblecommet

    April 20, 2012 at 3:24 pm

    မြန်မာပြည်ကြီး မတိုးတက်တာ အဓိက
    ပင်မ လက်သည် တရားခံတစ်ဦးကတော့
    မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ အစဉ်အလာဆိုပါလား …..
    ဘယ့်နှယ့်ကြီးတုန်း ……
    တော်ကြာ
    အဝီစီကို ဒပို့ဇစ် လုပ်ထားတဲ့ သမိုင်းသားကောင်တွေ
    နောက်ဖေးပေါက်က ပြုံးစိစိနဲ့
    ထွက်ပြေးလို့ကောင်းအောင် လမ်းဖွင့်ပေးလိုက်တာလား

  • kai

    April 20, 2012 at 3:54 pm

    မြန်မာပြည်က.. ဘယ်ကစပြီးကျဆင်းလာသလည်းဆိုတော့… ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၂၄) ကစပြီးပြောရမယ်..။
    တိုင်းပြည်…. လူမျိုး…ဘာသာ..သာသနာ ပြန်နာလံမထူနိုင်တော့တာဟာ.. အခုထိပဲ…
    ဒါကသမိုင်းကို..အထောက်အထားတွေလွှမ်းခြုံကြည့်ပြီး..ရင်နာနာနဲ့… ပြောတာ..
    ဦးနုခေတ်မှာ ရွေထီးဆောင်းရတယ်လည်း..မထင်ကြပါနဲ့..
    ဦးနုက.. အင်္ဂလိပ်ချန်ခဲ့တဲ့..ငွေတွေသုံးရင်း.. နိုင်ငံရေးနဲ့..ဘာသာရေးရောသမမွှေသွားသူတယောက်..
    သံဃာယနာတင်တယောက်ပဲ…
    တိတိကျကျပြောရရင်.. ရန်ကုန်အစိုးရပါ…။

    နောက်… ဦးနေဝင်းလက်ထက်မှာ.. ကမ္ဘာ့အဆင်းရဲဆုံးစာရင်းတင်ရလောက်အောင်.. ကျဆင်းတယ်..
    အဲဒီနောက်.. ၈၈ နောက်ပိုင်းလည်း.. မြင်ကြတဲ့အတိုင်းပဲ.. ကမ္ဘာမတည်ငြိမ်ဆုံးနိုင်ငံတခုပါ…။

    ဆိုတော့.. ဟိုး….အပေါ်မှာရေးထားတဲ့..”the end justifies the means” အတိုင်းကြည့်ရင်… အမှားတွေရှိနေတာများတယ်လို့တွေ့ရမယ်..
    မှားနေတာတွေကို..အမှန်မြင်နိုင်ဖို့.. အချိန်ကို ဘယ်လောက်ဖြတ်ကြည့်မှာလည်း..
    ၁ဝနှစ်လား.. နှစ်၅ဝလား.. နှစ်၁၀ဝလား.. နှစ်၂၀ဝလား… 😕

    မြန်မာပြည်က.. စနစ်မျိုးစုံကို..ဖြတ်ခဲ့ပြီးပြီ..ကမ္ဘာစစ်ကြီးလည်းတွေ့ပြီးပြီ.. ပြည်တွင်းစစ်ကြီးမျိုးစုံကို ..ကမ္ဘာ့အကြာဆုံးအတိုင်းအတာနဲ့..တွေခဲ့ပြီး..တွေ့နေဆဲပဲ..
    ဒီလိုတောက်လျှောက်ကြိးကျဆင်းလာတာတွေဟာ.. စနစ်ကြောင့်လား…
    စနစ်ကြောင့်မဟုတ်ရင်.. ဘာကြောင့်လည်း…။
    လက်ညိုးထိုးပြပါ… ထုတ်ပြီးဆွေးနွေးကြည့်ပါ…။
    အရင်းစစ်ပြမယ်လေ…။ :mrgreen:

    အောက်မှာ.. ၂၀၁၁က..တော်တော်ပွဲဆူသွားတဲ့ဆောင်းပါးတပုဒ်ပါ..။ မောက္ခပညာရေးမဂ္ဂဇင်းဝက်ဘ်ဆိုက်ကနေ..ကူးယူပါတယ်.။ လေ့လာဖို့ဖြစ်ပါကြောင်း….
    ======================
    ဒို့မြန်မာတွေ ဘယ်တုန်းက တော်ခဲ့သလဲ
    Category: သူ့အမြင်
    Published on Sunday, 27 November 2011 00:25
    Written by လှရွှေ

    ဒီကနေ မြန်မာစာပေ လောကမှာ ခေတ်လူငယ်တွေကို အားမရလို့ မကြာမကြာ ဖတ်ရတဲ့ ဆောင်းပါး တစ်ပုဒ်ရှိပါတယ်။ “ဒို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား” ဆိုတဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။

    ကျနော် ဒီခေါင်းစဉ်းလေးကို ဖတ်တိုင်း ဘဝမကျစရာတွေ အမြဲတမ်း တွေ့ပါတယ်။

    (၁) မြန်မာလူမျိုးတွေက ကြွားဝါချင်ကြတယ်

    (၂) ကျရှုံးတာကို လက်မခံချင်ဘူး

    မြန်မာလူမျိုးတွေ အောင်မြင်တဲ့လူမျိုး ဘယ်တုန်းက ဖြစ်ခဲ့သလဲ ဆိုတဲ့အချက်ကို အတိတ်သမိုင်း ကိုကြည့်ပြီး လေ့လာသင့်တယ်။

    ကုန်းဘောင်ခေတ် စတင်တည်ထောင်တဲ့ ၁၇၅၂ လောက်ကကြည့်မယ် ဆိုရင် ကုန်းဘောင်မင်းဆက်မှာ မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားတွေကိုပါ သိမ်းသွင်းပြီး မြန်မာအင်ပါယာကို တည်ထောင်ခဲ့သူကတော့ ဘိုးတော်ဘုရား ဖြစ်ပါတယ်။ ၁၇၈၄ မှာ ရခိုင်ကို သိမ်းပိုက်ပြီးတဲ့ အချိန်မှာ မြန်မာတနိုင်ငံလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

    ဒါပေမဲ့ ၁၈၁၉ မှာ ဘိုးတော်မောင်ဝိုင်း နတ်ရွာစံတော့ ဘကြီးတော်က ထီးနန်းကို ဆက်ခံတယ်။ ကုန်းဘောင်မင်းဆက် ပျက်သုန်းရမယ့် အကြောင်းတရားတွေထဲက အချက်တချက်က ဘကြီးတော် ရဲ့ အရည်အချင်းညံ့ဖျင်းမှုနှင့် စစ်သူကြီး မဟာဗန္ဓုလရဲ့ ရန်လိုတဲ့အပြုအမှုတွေကြောင့် ဖြစ်ပါတယ်။ စစ်သူကြီး မဟာဗန္ဓုလဟာ အိန္ဒိယနိုင်ငံထဲက မဟာရာဇာတွေ အုပ်ချုပ်တဲ့ မဏိပူရ၊ ကချာ၊ ဂျိန်းတိယ နယ်တွေကို သိမ်းပိုက်နိုင်ခဲ့တာကို သိပ်အဟုတ်ထင်ပြီး အင်္ဂလိပ်တွေနဲ့ ထိပ်တိုက်တွေ့ရေးကို ရွေးချယ်ခဲ့တယ်။ မှတ်တမ်း တခုမှာဆိုရင် ဘကြီးတော်အပါအဝင် နန်းတွင်းအကြံပေးနှင့် ပြည်သူတွေက စစ်သူကြီးရဲ့ အရည်အချင်းကို ယုံကြည်တဲ့အတွက် အင်္ဂလိပ်ကျူးကျော်မှာကို မမှုဘူးလို့ ရေးထားတယ်။

    ပထမ အင်္ဂလိပ် မြန်မာစစ် စစချင်းပဲ ဘကြီးတော်နဲ့ ပြည်သူတွေ အားကိုးခဲ့တဲ့ မဟာဗန္ဓုလ စစ်ရေးမဟာ ဗျူဟာမှာ အရေးနိမ့်ခဲ့တယ်။ စစ်သူကြီးထင်သလို အင်္ဂလိပ်တွေဟာ အနောက်ဖက် စစ်မျက်နှာက ဝင်ရောက်မယ်လို့ တွက်ချက်ခဲ့တာ တက်တက်စင်အောင် လွဲခဲ့တယ်။ မြန်မာတပ်တွေ အနောက်ဘက် စစ်မျက်နှာကို ရောက်နေတဲ့အချိန် အင်္ဂလိပ်တပ်တွေဟာ တောင်ဘက် စစ်မျက်နှာက ဝင်ရောက်ပြီး ပြည်မြို့အထိ သိမ်းပိုက်ခဲ့တယ်။ မဟာဗန္ဓုလ သတင်းကြားလို့ တောင်ဘက် စစ်မျက်နှာကို လိုက်လာတဲ့အချိန်က တနှစ်ကြာတယ်။

    ဓနုဖြူမှာ စစ်သူကြီး ကျသွားတဲ့ သတင်းကိုကြားတော့ နေပြည်တော်က ဘုရင်နဲ့ မူးမတ်၊ ပြည်သူတွေ တအံ့တဩ ဖြစ်ခဲ့ရတယ်။ ဧရာဝတီ မြစ်ကိုဖြတ်ဖူးတဲ့ စစ်သူကြီးက အတ္တလန္တိတ် သမုဒ္ဒရာနှင့် အိန္ဒိယ သမုဒ္ဒရာနှစ်ခုကို ဖြတ်ပြီး နယ်ချဲ့လာတဲ့ အင်္ဂလိပ်ကို အထင်သေးတာဟာ စဉ်းစား တွေးတောမှု ညံ့ဖျင်းတာကို ပြတာဖြစ်တယ်။ ဒါကို ဒီကနေ့ မြန်မာတွေကကော လက်ခံရဲ့လား။

    အိမ်နီးချင်း ထိုင်းနိုင်ငံ

    ကုန်းဘောင်ခေတ် တလျှောက်လုံး မြန်မာတွေ အနိုင်ကျင့်ခဲ့တဲ့ နိုင်ငံကတော့ ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်။ မြန်မာတွေရဲ့ ကျူးကျော်မှုကို ငါးနှစ်တကြိမ်လောက် ကျူးကျော်တာ အမြဲ ခံခဲ့ရတယ်။ မြန်မာတွေရဲ့ ကျူးကျော်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်နေတဲ့ နိုင်ငံကို တရုတ်အနွယ်ဝင် (P’ya Taksin) ပျာတက်ဆင် က စုစည်းပြီး နိုင်ငံကို ပြန်လည်တည်ထောင်ခဲ့တယ်။

    ဒါပေမဲ့ ထိုင်းမင်းမျိုးမင်းနွယ်တွေက မကျေနပ်တဲ့အတွက် ဗိုလ်ချုပ် ချက္ကရီဟာ ပျာတက်ဆင်ကို အပြတ်ရှင်းပြီး ထီးနန်းကို ရယူခဲ့တယ်။ ၁၇၈၂ မှာမြို့တော်ကို ဘန်ကောက်သို့ ပြောင်းရွေ့ခဲ့တယ်။ ဒီနေ့ ချက္ကရီ မင်းဆက်ဆိုတာ သူရဲ့အဆက်အနွယ်တွေ ဖြစ်ပါတယ်။

    ဘန်ကောက် မင်းဆက်တွေက သံတမန် ဆက်ဆံရေးမှာ ကျွမ်းကျင်တယ်။ မိမိရဲ့ အားနည်းချက်နှင့် တဘက်သူရဲ့ အင်အားကြီးမားမှုကို နားလည်တဲ့အတွက် အနောက်အင်အားကြီးနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးမှာ ပြေလည်အောင် ပေါင်းသင်းခဲ့တယ်။

    ပထမအင်္ဂလိပ် မြန်မာစစ်ပွဲအပြီး ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုတော့ အင်္ဂလိပ်တွေ တောင်းဆိုတဲ့ (၇) ချက်မှာ ယိုးဒယားကို ဝင်ရောက်ခြင်းမပြုရဆိုတဲ့ အချက်ပါတာဟာ စိတ်ဝင်စားစရာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။

    အင်္ဂလိပ်တွေဟာ ၁၈၂၄ မတိုင်မီကတည်းက ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေးတွေ ရှိခဲ့ပါတယ်။ အင်္ဂလိပ် ကုန်သည်တွေအပေါ် ထိုင်းဘုရင်ရဲ့ အလေးထား ဆက်ဆံမှုကြောင့် မြန်မာတွေနဲ့ စစ်ရပ်စဲရေး ငြိမ်းချမ်းရေး စာချုပ်ထဲမှာ ထိုင်းနိုင်ငံကို အကာအကွယ်ပေးတဲ့ အချက်တစ်ချက်ကို ထည့်သွင်းပေးခဲ့တယ်။ ဒါက ကုန်းဘောင်ခေတ်နဲ့ အပြိုင် တည်ရှိခဲ့တဲ့ ချက္ကရီ မင်းဆက်တွေရဲ့ သံတမန် ဆက်ဆံရေး ကျွမ်းကျင်တာကို နှိုင်းယှဉ်ပြတာ ဖြစ်ပါတယ်။

    လွတ်လပ်ရေး ခေတ်ကြိုကာလ

    လွတ်လပ်ရေး ခေတ်ကြိုကာလကို ပြန်ကြည့်ရင် ၁၉၂ဝ အမျိုးသားလှုပ်ရှားမှုက စတင်ရေတွက်မယ်ဆိုရင် မြန်မာတွေ အင်္ဂလိပ် လက်အောက်က လွတ်မြောက်ဖို့ ရုန်းကန်ရတာ နှစ် (၂၀) လောက်ပဲကြာတယ်။ အပြင်ပန်း သဏ္ဍာန် အရကြည့်ရင် တော်တော် အောင်မြင်တယ်လို့ ဆိုလို့ရပါတယ်။

    ဒါပေမဲ့ အဲဒီနှစ် (၂၀) အတွင်း ဥရောပတိုက်မှာ မဟာအပြောင်းအလဲကြီး ဖြစ်ခဲ့တယ်။ ၁၉၁၈ မှာ ပထမ ကမ္ဘာစစ်ကြောင့် နေမဝင်ပြည့်ရှင် အင်္ဂလိပ် တော်တော်လေး အထိနာခဲ့တယ်။ လေးနှစ်တာ စစ်ပွဲကြောင့် ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှု နည်းပါးခဲ့တယ်။ စစ်ကြီးပြီးလို့ နှစ် (၂၀) အကြာမှာ နောက်ထပ်စစ်ပွဲ တခုကြုံရပြန်တယ်။

    ဒုတိယ ကမ္ဘာစစ်ကတော့ ကိုလိုနီ လက်အောက်ခံ နိုင်ငံတွေကို လွတ်လပ်ရေး ပေးရေးဆီကို ဦးတည်စေခဲ့တယ်။ နိုင်ငံရဲ့ ဓနအင်အားနှင့် လူအင်အားက လက်အောက်ခံ နိုင်ငံတွေကို ထိမ်းသိမ်းနိုင်တဲ့ အနေအထား မရှိတော့ဘူး။ ပြည်သူတွေလည်း စီးပွားပျက်ကပ်ကြောင့် အစာရေစာကို ခွဲတမ်းစနစ်နဲ့ စားသုံးနေရတဲ့အချိန်မှာ ဒို့မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့ပါတယ်။ အဲဒါတွေက သမိုင်းထဲက သက်သေတွေပါ။

    လွပ်လပ်ရေး ရပြီးကာလ

    ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးတဲ့နောက် ၁၉၄၈ နောက်ပိုင်းမှာ တိုင်းပြည်လွတ်လပ်ရေးကို ဦးဆောင်ခဲ့ကြတဲ့ လူငယ်ခေါင်းတွေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် တိုင်းပြည်တိုးတက်ရေးကို ဆောင်ကြဉ်း ပေးနိုင်ခြင်းမရှိခဲ့ဘူး။ ပြည်တွင်းစစ်ကို ဦးတည်စေခဲ့တယ်။

    လွတ်လပ်ရေး ခေတ်ကြိုကာလ လူတွေတော်ရင် ကျနော်တို့နိုင်ငံ ပြည်တွင်းစစ်ကို ကျရောက်စရာအကြောင်း မရှိပါဘူး။ နုနယ်လှတဲ့ နိုင်ငံခေါင်းဆောင်တွေမှာ လက်ဝ၊ဲ လကျင်္ာ နိုင်ငံရေးအပြင် ဗမာလူမျိုးကြီးဝါဒကလည်း ရှိသေးတော့ မျိုးဆက်သစ်တွေအပေါ် ပြည်တွင်းစစ်ကို အမွေပေးခဲ့တယ်။

    မြန်မာ့သမိုင်းမှာ ဘကြီးတော်လက်ထက် ကတည်းက နိုင်ငံ့ ခေါင်းဆောင်တွေအပေါ် စစ်သူကြီးတွေရဲ့ ဩဇာလွှမ်းမိုးမှုကို ခံခဲ့ရတယ်။ တိုင်းပြည်တည်ဆောက်ရေးကာလ ၁၉၅၀-၆ဝ ခုနှစ်တွေ အတွင်းမှာလည်း နိုင်ငံ့ခေါင်းဆောင်တွေအကြား ညီညွတ်မှုကို မတည်ဆောက် နိုင်ခဲ့ဘူး။ ရဲဘော်သုံးကျိပ်ဝင်တွေ အကြားမှလည်း အယူဝါဒရေးရာ ကွဲပြားမှုကို တိုင်းပြည်တည်ဆောက်ရေးထက် ဇောင်းပေးခဲ့တဲ့အတွက် အကွဲအပြဲဇာတ်လမ်းက တိုင်းပြည်ကို နစ်နာစေခဲ့တယ်။ ကျနော်တို့နိုင်ငံရဲ့ ကျရှုံးတဲ့သမိုင်းဟာ လူမျိုးတွေရဲ့ စရိုက်လက္ခာနှင့်လည်း သက်ဆိုင်နေပါတယ်။ ၁၉၆၂ ကစပြီး နေဝင်းကို တော်လှန်နိုင်တဲ့ နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင် ဆိပ်သုဉ်းသွားခဲ့ပါတယ်။

    ၁၉၈၈ ခုနှစ်က စတင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုက ဦးနေဝင်းကို ဖြုတ်ချနိုင်ခဲ့ပေမဲ့ ကျောင်းသား ခေါင်းဆောင်တွေမှာ နိုင်ငံပြောင်းလဲရေး စီမံကိန်းတွေ စနစ်တကျ မရှိတာကြောင့် အင်စတီကျူးရှင်း အဖြစ် တခုတည်းတည်ရှိနေတဲ့ စစ်တပ်က နိုင်ငံရေးကို ဦးဆောင်လာပြန်တယ်။ နိုင်ငံပြောင်းလဲရေးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်း ဆောင်တချို့ တောထဲရောက်ပြီး၊ တချို့ထောင်ထဲရောက် ခဲ့ရတယ်။ ကျောင်းသားလှုပ်ရှားမှုနှင့် အတူပေါ်ပေါက်လာခဲ့တဲ့ ခေါင်းဆောင်သစ် ဒေါ်အောင်ဆန်း စုကြည်ကိုလည်း မလှုပ်ရှားနိုင်အောင် လုပ်ထားလိုက်ပါတယ်။

    ၁၉၈၈ ကနေ ၂၀၁၁ ခုနှစ်ကလက အတွင်းမှာလည်း စစ်တပ်နှင့် လူထုခေါင်းဆောင်တွေအကြား ညှိနှိုင်းဆွေးနွေမှုနှင့် နိုင်ငံကို ပြန်လည်မတည်ထောင်နိုင်တာဟာ ကျနော်တို့ မြန်မာတွေ အကုန်လုံးညံ့လို့ ဖြစ်ပါတယ်။

    ကမ္ဘာကျော်တဲ့ မြန်မာတွေကော ရှိသလား

    နို်င်ငံရေး ခေါင်းဆောင်တွေအပြင် ကမ္ဘာကျော်တဲ့ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ စာပေအနုပညာ ပညာရှင်တွေကော ရှိသလားလို့ မေးရင်မရှိဘူလို့ ပြန်ဖြေရပါမယ်။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဖြစ်ခဲ့သူ ဦးသန့်က လွဲရင် ဘယ်သူမှ မရှိတော့ပါဘူး။ ခေတ်သစ်ကာလမှာလည်း ကမ္ဘာ့အဖွဲ့အစည်းတွေမှာ မြန်မာလူမျိုးတွေ တယောက်တလေမှ မရှိပါဘူး။ လွတ်လပ်ရေး ရပြီးကာလ မျိုးဆက်တွေမှာ ကမ္ဘာကျော်တဲ့ မြန်မာဆိုတာလည်း မရှိဘူး။ အလှည့်ကျစနစ်နဲ့ ရတဲ့တာဝန်ကလွဲရင် မြန်မာလူမျိုး စီးပွားရေး လူမှုရေး ခေါင်းဆောင်ဆိုတာ မရှိတော့ပါဘူး။

    ၂၀၀၄ ခုနှစ်က ထိုင်းနိုင်ငံ ချူလာလောင်ကောင် တက္ကသိုလ်က ဥပဒေ ပါမောက္ခ Vitit Muntarbhorn ကို ကုသမဂ္ဂက မြောက်ကိုးရီးယား နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်အဖြစ် ခန့်အပ်တာ၊ ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ပါတီက ဆူပါချိုင်း Supachai Panitchpakdi ကို WTO ဒါရိုက်တာ အဖြစ်ခန့်အပ်တာတွေက သူတို့ရဲ့ ပညာတွေ အပေါ်ကို အခြေခံပြီး ခန့်အပ်တာဖြစ်ပါတယ်။ ဒီလို နိုင်ငံဂုဏ်ဆောင် ထို်င်းလူမျိုးတွေ နေရာအနှံ့ ရှိနေပါတယ်။

    ကျနော်တို့ မြန်မာလူမျိုးတွေ ဘယ်တုန်းကမှ မတော်ခဲ့ဘူးဆိုတာကို ဒီနေ့မြန်မာ လူ့အဖွဲ့အစည်းကို အခန်းကဏ္ဍပေါင်းစုံမှာ ဦးဆောင်နေတဲ့သူတွေ လက်ခံနိုင်မှာမဟုတ်ပါဘူး။ ကျနော်နဲ့အတူနေ မိတ်ဆွေတွေအပါအဝင် ပြည်တွင်း ပြည်ပ ခေါင်းဆောင်တွေ ပြောလေ့ရှိတဲ့စကားက ကျနော်တို့လူမျိုးဟာ သိပ်မညံ့ပါဘူး။ အခွင့်အရေး တန်းတူရရင် မညံ့ပါဘူးတဲ့။ အဲဒီအခွင့်အရေး တန်းတူရရှိရေးကို ရအောင်မတိုက်နိုင်တာကိုက ကျနော်တို့ညံ့လို့ ဖြစ်ရတာပါ။

    ကျနော်တို့ မြန်မာလူမျိုးတွေ “ဘယ်တုန်းက တော်ခဲ့တာလဲ”။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဦးစီးဦးဆောင်ပြုနေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဒီနေ့မြန်မာလူငယ်တွေကို ကြွားဝါနေတာ၊ မခံချင်စိတ်နဲ့ပြောတာ၊ ပုံကြီးချဲ့ပြောတာတွေကို ခဝါချပြီး အဖြစ်မှန်ကို သိရှိနားလည်အောင် ချပြပြီး၊ ရှေ့လျှောက်ရမယ့် ခရီးအတွက် ပြင်ဆင်ပေးသင့်ပါတယ်။

    လှရွှေ

    Sources;

    1. A History of South East Asia since 1500 by Gilbert Khoo.

    2. History of Burma by Huge Tinker
    http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/1366-2011-11-27-00-36-37

    • winterkoe

      April 20, 2012 at 4:10 pm

      တကယ့်ကိုမှန်ကန်တဲ့ရှင်းလင်းချက်ပါပဲဗျာ။ ကိုယ့်ကိုယ်ကိုသူများနိုင်ငံတွေထက်ယဉ်ကျေးတယ်လို့ အထင်ရောက်နေကြတဲ့ လက်ရှိမြန်မာတွေကဘာနဲ့တူနေလဲဆိုတော့ အရပ်သားတွေထက်သာတယ်လို့ ကိုယ့်ကိုယ်ကိုထင်မြင်နေကြတဲ့ ခပ်ညံ့ညံ့ မြန်မာဗိုလ်ချုပ်တွေနဲ့အလားတူဖြစ်နေပါတယ်။

      မြန်မာဗိုလ်ချုပ်များသည်လည်း သူတို့ရဲ့ညံ့ဖျင်းမှုတွေကိုထောက်ပြတာတွေကို လက်မခံနိုင်ကြသလို မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာတွေနဲ့ မြန်မာတွေယဉ်ကျေးလှသည်ဆိုတဲ့ ဝါဒဖြန့်မှုအောက်မှာကြီးပြင်းလာခဲ့ပြီး ကိုယ့်ကိုယ်ကိုယဉ်ကျေးလွန်းတယ်၊ မြန်မာ့ယဉ်ကျေးမှုကိုအလွန်မြင့်မားလှတယ် လို့အထင်ရောက်ကြတဲ့ မြန်မာအများစုကြီးသည်လည်း ၎င်းတို့ရဲ့အမြင်မှားတွေကို ရှင်းလင်းထောက်ပြလာရင် အဲဒီလူတွေကိုရန်သူလို့သတ်မှတ်လိုက်တော့တာပါပဲ။ အဲဒါကပဲသူတို့ကိုကျဆုံးစေပြီး ကိုလိုနီခေတ်လွန်ကာလမှာတောင် ခေတ်သစ်နိုင်ငံတကာကျွန်၊ နိုင်ငံတကာဖာ၊ နိုင်ငံတကာဒုက္ခသည်၊ နိုင်ငံတကာအိမ်ဖေါ်တွေဖြစ်လာစေပြီး မကြာမီကာလအတွင်းမှာ အင်ဒိုနီးရှားတို့၊ ကမော္ဘဒီးယားတို့တောင်အိမ်ဖေါ်မလွှတ်တော့တဲ့ မလေးရှားနိုင်ငံမှာ နိုင်ငံတကာအိမ်ဖေါ်တွေဖြစ်လာပါတော့မယ်။ ထိုင်းမှာအိမ်ဖေါ်လုပ်နေတာတော့ ကြာခဲ့ပါပြီ။

      • ဇော်ရီ

        April 20, 2012 at 4:41 pm

        အဲဒီ မလေးရှားနဲ့ အိမ်ဖေါ်သတင်း ဒုက္ခပေးတာ ကျတော့တောင် ရုံးက မန်နေဂျာ တစ်ယောက်က အိမ်ဖေါ် တစ်ယောက်လောက် လိုချင်လို့ဆိုပြီး သူ စမေးလိုက်တော ဘာပြန်ပြောရမှန်းတောင် မသိလောက်အောင် စကားရပ်သွားတယ်…

        ဘာလို့ ဒီလို မေးပါလိမ့် စဉ်းစားကြည့်တောမှ ဪ အဲဒီ မလေးရှား အစိုးရ မြန်မာဆီက အိမ်ခေါ်တောင်းတဲ့ ကိစ္စက စတာပဲ…

  • FattyCat

    April 20, 2012 at 4:20 pm

    မြန်မာပြည်ဆင်းရဲရခြင်းအဓိကတရားခံဆိုတဲ့နေရာမှာ မြန်မာရိုးရာယဉ်ကျေးမှုအစဉ်အလာဆိုတာကို ဆွဲထည့်တာ ကျုပ်လက်ခံတယ်လို့ ပြောရင်ဝိုင်းဆဲကြမှာ… ဒါပေမယ့်လဲ လက်ခံတယ်လို့ပဲ ပြောရမှာဗျို့…
    ဒါပေမယ့် ဗုဒ္ဓမြတ်စွာဘုရားဟောကြားထားတဲ့တရားတော်တွေနဲ့မဆိုင်သေးဘူးနော်…

    ကျုပ်တို့ မြန်မာလူမျိုးယဉ်ကျေးမှုမှာ ကြီးသူကိုရိုသေပြီး၊ ကြီးသူပြောစကားကို မှားမှား၊ မှန်မှန်ခေါင်းညှိတ်မှ လူကြီးသူမတွေချစ်တဲ့ လိမ္မာတဲ့မျိုးဆက်သစ်တွေဖြစ်မယ်ဆိုတဲ့ အခြေခံနာခံမှုကိုမျိုးစေ့ချပေးလိုက်တယ်… အဲဒီအတွက် လူကြီးကို မဟုတ်မခံပြန်ပြောတဲ့လူငယ် (သို့တည်းမဟုတ်) ကလေးက မလိမ္မာဘူးဆိုတဲ့ဘွဲ့ဆိုး ရသွားပါရော… အဲဒီဆိုက်ကော်လော်ဂျီက ဘယ်အထိပါသွားလဲဆိုရင် ဝန်ထမ်းကောင်းတွေ၊ တပည့်ကောင်း၊ အားလုံးဟာ ခေါင်းညှိတ်တတ်တဲ့၊ အမိန့်နာခံတတ်တဲ့အကျင့် ဘိန်းစွဲသလိုစွဲလာပါတယ်… ခေါင်းဆောင်မှား
    နေလဲ ပြန်မပြောရဲ၊ မိဘမှားနေလဲ မတွန်းလှန်ရဲနဲ့… မိသားစုအဆင့်ကနေ နိုင်ငံတော်အဆင့်အထိလဲ
    ရောက်သွားရော သောက်သုံးမကျတဲ့အစိုးရလက်အောက်မှာ နှစ်ပေါင်းများစွာ သည်းခံခြင်းဆိုသော မရေရာတဲ့အကြောင်းပြချက်နဲ့ တိုင်းပြည်ရဲ့အနာဂတ်ကို ထိုးအပ်လိုက်ရပါတယ်… ဒါကအုပ်ချုပ်ခံ
    ပြည်သူတွေဘက်က ခံစားချက်….

    အုပ်ချုပ်သူတွေကျတော့ အရည်အချင်းရှိလို့ အုပ်ချုပ်သူဖြစ်လာတာလား၊ စိုင်ကော်လို့ ရွှေနန်းတော်ပေါ်
    ရောက်သွားတာလားဆိုတာက ကွာခြားပြန်ရော… ကျုပ်တို့က မိဘဆိုတာရွေးချယ်လို့မရဘူး… အဲဒီလိုပဲ ကျုပ်တို့ နိုင်ငံမှာအရည်အချင်းဆိုတာထက် အခွင့်အရေးကို အမိအရဆုပ်ယူနိုင်တဲ့လူက အုပ်ချုပ်သူလဲဖြစ်
    ရော သူကဘာလိုချင်ပြန်တုန်း… နာခံမှုကို ပြန်လိုချင်တယ်… ငါပြောရင်ဖြစ်ရမယ်… ငါလူကြီး၊ ငါအုပ်ချုပ် သူ… အဲဒီအတွေးမျိုး၊ အဲဒီစိတ်မျိုး ရွာထဲမှာရှိသော အရာရှိပေါက်စ၊ ကြီးငယ်၊ စီးပွားရေးလုပ်ငန်းရှင်
    ပေါက်စကြီးငယ် မဖြစ်ပါဘူးလို့ ပြောပါနဲ့ ဖြစ်ကိုဖြစ်ပါတယ်… အဲဒီလိုပဲ နိုင်ငံအုပ်ချုပ်တဲ့ကုလားထိုင်မှာ ထိုင်မိတဲ့လူတစ်ယောက်ကလဲ အဲဒီမျိုးလိုချင်ပြန်ရော… အဲဒီမှာ အတင်းအဓမ္မအုပ်ချုပ်သော အစိုးရဆိုတာ
    ပေါ်လာတာပဲ… ကိုယ့်ပတ်ဝန်းကျင်ကိုပြန်ကြည့် ကိုယ့်ကိုကိုယ်ပြန်ကြည့် ငယ်ငယ်တုန်းကနေ အခုအချိန် အထိ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ချချင်သလိုချခဲ့ပြီးပြီလားဆိုတာပါ…
    ကျုပ်ငယ်ငယ်တုန်းက (၅)တန်းကျောင်းသားဘဝမှာ ပထမဆုံး စာမေးပွဲကျဖူးတယ်… သိပ္ပံမှာ ဓာတ်ငွေ့ထုတ်ဖော်ပုံကို ကိုယ့်မျက်စိထဲမြင်ပြီး ကိုယ့်အာဘော်အတိုင်းအပီအပြင်ရေးခဲ့လို့ ၁ဝမှတ် တစ်မှတ်မှမရဘဲ စာမေးပွဲကျခဲ့တယ်။ ဆရာမပေးတဲ့မှတ်စုထဲကအတိုင်းမဟုတ်လို့ ကျုပ်စာမေးပွဲကျတာ အဲဒါဆို နိုင်ငံတော်ရဲ့အနာဂတ် လူငယ်တွေဟာ ဘောင်တစ်ခုထဲမှာ အတင်းရိုက်ပြီးပုံစံသွင်းခံခဲ့ရလို့ မဖွံ့ဖြိုးတဲ့အသိညဏ်နဲ့ နိုင်ငံတော်ကိုတည်ဆောက်နေကြတာ ဒီနိုင်ငံတော်ကဖွံ့ဖြိုးမယ်တဲ့လား…
    ဘုရားနဲ့တစ်ဂိုဏ်းထဲထားတဲ့ အာစရိယဆရာတွေဆိုတဲ့နေရာကို မကြိုးစားပဲရောက်သွားတဲ့ ဆရာဆရာမ
    တွေကိုရော ကျုပ်တို့ ခင်ဗျားတို့ဒါလေးတောင်မသိပဲနဲ့များ ကျုပ်ကိုဆရာလာလုပ်နေရလားလို့ ဘယ်နှစ်ခါ
    ပြောခဲ့ဖူးလဲ… ပြောခဲ့ရဲရဲ့လား…
    အဲဒါဆို မြန်မာတွေရဲ့ ရိုးရာယဉ်ကျေးမှုတချို့တစ်ဝက်က တိုင်းပြည်ဖွံ့ဖြိုးမှုကို အနှောက်အယှက်ဖြစ်စေ တယ်ဆိုရင် ကျုပ်က အမှန်ပဲလို့ ရဲရဲဝံ့ဝံ့လက်ခံမှာပဲ…

    ကဲ-
    တရားတော်တွေအကြောင်းကို ပြောပါ့မယ်… အရက်သမားပါးစပ်က တရားစကားထွက်တယ်လို့ပြောလဲ
    ပြော… ပါးရိုက်ချင်တယ်ဆိုလဲ တစ်ထောင်ပေးစရာမလိုပဲလာရိုက်ဗျာ…
    ကျုပ်တို့ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာမှာ (၂)မျိုးရှိတယ်ဆိုတာ လူတိုင်းသိကြတယ်…
    ထေရဝါရလို့ပြောတဲ့ဗုဒ္ဓဘာသာဝင်တွေ ကျုပ်တို့သိနေတဲ့အကြောင်းအရာတွေ ဘယ်လောက်မှန်လဲ ဘယ်လောက်မှားလဲ… ဘယ်သူပြောခဲ့တာလဲဆိုပြီး စူးစမ်းဖူးသလား…
    ကျုပ်ကိုယ်တိုင်ကတော့ မိရိုးဖလာကနေမတက်ဘူး… ဒါပေမယ့် ဗုဒ္ဓဘုရားကို ကျုပ်သိတာရှင်းရှင်းလေ…
    ဗုဒ္ဓဘုရားသည် မိမိလုပ်သောအလုပ်အတွက် မိမိတာဝန်သာဖြစ်သည်ဆိုတဲ့ ဒီမိုကရေစီကျကျဘုရားဗျ…
    ဗုဒ္ဓဘာသာကို ကိုးကွယ်ပါလို့အတင်းမတိုက်တွန်းဘူး၊ သူ့ကိုလှူပါလို့မတိုက်တွန်းဘူး၊ သူ့လမ်းစဉ်ကို မလိုက်ရင် ငရဲရောက်မယ်လို့ မပြောဘူး…
    လောကရဲ့ အကျိုးအပြစ်ကို ပြောပါတယ်… မိမိကိုယ်ပိုင်ညဏ်ဖြင့်ချင့်ချိန်ယုံပါလို့ပြောပါတယ်…
    ဒါဟာ မြတ်စွာဘုရားရဲ့ဒီမိုကရေစီပါ…အဲဒီအတွက် လူတိုင်းသဘောထားကွဲနိုင်တယ်… ကျုပ်မီတဲ့ညဏ်နဲ့ ကြည်ညိုတဲ့ဘုရားပါ…
    ဒါဆို ဘုရားကို ဘယ်သူဖျက်သလဲ…
    ကျုပ်တို့သိရတဲ့ဗုဒ္ဓဘာသာဆိုတာ ရှင်အရဟံ သီဟိုဠ် (အခုသီရိလင်္ကာ)ကနေယူလာတဲ့ ဗုဒ္ဓဘာသာ တည်းဖြတ်မှုတွေ၊ ဖြည့်စွက်မှုတွေနဲ့ ဗုဒ္ဓဝင်ပါ…
    အခုကျုပ်တို့သိပ်မသုံးတော့တဲ့ မြန်မာပြက္ခဒိန်နဲ့အတိအကျရေးဆွဲထားတဲ့ ဗုဒ္ဓဝင်ဟာ ပိဠိကပ်သုံးပုံရဲ့ ဘယ်ထဲမှာပါလဲ…
    ဒါဆို မြတ်စွာဘုရားဘယ်နေ့မွေးလဲလို့ ကျုပ်တို့သိထားတာတွေက သီဟိုဠ်ကအဌကထာဆရာကြီးတွေ လက်ဆော့ထားတဲ့ ဘိုင်အိုဂရပ်ဖီတွေဆိုရင် ကိုယ်ကိုးကွယ်တဲ့ဘုရားရဲ့သမိုင်းကြောင်းတောင်သေချာ မသိပဲခေါင်းမဖော်တမ်းဦးချသလိုဖြစ်မနေဘူးလား…
    ကျုပ်အမြင်တော့ရှင်းတယ်ဗျာ… ဒီမိုကရေစီဆန်တဲ့ဘုရားကရှင်းတယ်ဗျ… လူရယ်လို့ဖြစ်လာရင် ဒီလိုနေသင့်တယ်… မနေတာ ကိုယ့်သဘောအတင်းအကြပ်လိုက်မလုပ်ဘူး…
    အဲဒီလို လိုက်လုပ်နေတာ…လူတွေ…ကျုပ်တို့လူတွေပဲ…

    ကနောင်မင်းသာက ရေမြှုပ်ဗုံးစမ်းတော့ သာသနာပိုင်က မင်းတုန်းမင်းကို သတ္တဝါတွေသနားလို့ဆိုပြီး တားခိုင်းတယ်တဲ့…
    မြန်မာနိုင်ငံကို အင်္ဂလိပ်လဲသိမ်းရော…သာသနာပိုင် ဘာလုပ်ပေးနိုင်လဲ… သတ္တဝါတွေသနားပါတယ်လို့ အင်္ဂလိပ်စစ်တပ်ကိုသွားပြောပေးနိုင်သေးလား…
    ရှင်းရှင်းလေးပဲဗျာ…
    နိုင်ငံရေးရယ်… ဘာသာရေးရယ်… မရောပါနဲ့
    စီးပွားရေးရယ်… ဘာသာရေးရယ်… မရောပါနဲ့
    အရက်သမားမို့ အရက်နဲ့ဥပမာပေးလိုက်ဦးမယ်…
    ဝီစကီကို နွားနို့နဲ့ရောသောက်မရသလိုပဲ…ရောလို့မရဘူး…

    အဲဒီတော့ နိုင်ငံရေးနဲ့ နိုင်ငံစီးပွားရေးကိုတိုးတက်အောင်လုပ်တဲ့နေရာမှာ ဘာသာရေးကိုထည့်မတွက်နဲ့
    လုပ်စရာရှိတာကို ပြတ်ပြတ်သားသားရဲရဲဝံ့လုပ်ပါလို့ပဲတိုက်တွန်းချင်တယ်ဗျာ…

    ခင်တဲ့-
    ကြောင်ဝတုတ်

    • ဇော်ရီ

      April 20, 2012 at 4:38 pm

      မှန်လိုက်တာ ကိုကြောင်ဝတုတ်ရာ… မှန်တာပြောရင်တော နားခါးတတ်ကြတယ်…

      ဆဲကြမလားတောမသိဘူး.. ဝင် မပေးအုံမယ်.. ခေါင်းစဉ်းနဲ့တော မဆိုင်ပါဘူး… ရခိုင်တွေက ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည် ကိုးကွယ်ကြတယ်… ဒါပေမယ့် ဘာသာ ဖျက်ဖို့ ကြိုးစားမူ့တွေ ရှိလာရင်တော ငါးပါးသီးလ ခံယူထားလဲ ဘာသာ ကာကွယ်ဖို့ အသက်သတ်ရင်လဲ သတ်ရမှာပါပဲ… ဒါကြောင့် ကျတော့ ပါးစပ်ထဲ စွဲနေတာလေး ရှိတယ်… ရခိုင်ဆိုတာ တရားလဲ ဖက် ဓါးလဲ ထက်တဲ့…

      • winterkoe

        April 21, 2012 at 8:31 am

        တရားလဲဖက်ဓါးလဲထက်တဲ့ရခိုင်တွေ (၁၇၈၄) မှာဘာတွေထက်ကြလဲဆိုတာရောသိပါရဲ့လား။

    • R Ga

      April 20, 2012 at 5:48 pm

      “အတ္တာဟိအတ္တနော နာထော မိမိကိုယ်သာကိုးကွယ်ရာ၏”

  • marblecommet

    April 20, 2012 at 4:33 pm

    ဟဲဟဲ ပါးတော့ရိုက်ချင်တယ်
    ဒါပေမဲ့ မရိုက်တော့ပါဘူး
    ငါးချက်လောက်ရိုက်ရရင်
    ငါးထောင်ကုန်မှာစိုးလို့
    ကိုကို ရေ့
    ဘီယာပဲလိုက်တိုက်လိုက်တော့နော်….
    အာဘွား…

  • ဆူး

    April 20, 2012 at 4:50 pm

    ဖတ်တီးကတ်ရေ.. နင်ပြောတဲ့ သာသနာ ရဲ့ ဇစ်မြစ် မှန်မမှန် ကိစ္စ နက်ဖန်မှ ဆူး သေချာ ရေးပေးမယ်။
    ဒီနေ့တော့ အချိန်မရတော့ဘူး။ သာသနာ အစစ်အမှန် ဖြစ်ကြောင်း ချိန်ခွင်လျှာလို ဟိုပြေး ဒီပြေး ပြေးစရာ မလိုပါဘူး တည်တည် ငြိမ်ငြိမ် ရှိကြောင်း ရေးပေးပါ့မည်။

    • ဂဂျီဂဂျောင် ပျိုတို့မောင်

      April 20, 2012 at 7:19 pm

      သတိ နည်းနည်းထားကြည့်ပါ ပို့စ်ရေးသားသူဟာ ဘာသာခြားဖြစ်နိုင်တယ်
      ဆက်ဆွေးနွေးနေလဲ ထူးမခြားနား ဖြစ်မှာသေချာတယ်
      အသိခေါက်ခက် အဝင်နက်သူတွေကို မြတ်ဘုရားရှင်
      ကိုယ်တော်တိုင် ဆိုဆုံးမလျှင်တောင်မှ ကျွတ်ပါ့မလား ။

  • တာတီး

    April 20, 2012 at 6:32 pm

    သာသနာပျက်များ နဲ့ ယဉ်ကျေးမှုအစဉ်အလာ ဖျက်မဲ့သူများဘေးရန်မှ
    ရွာတော်ရှင် ကယ်မ နို်င်ပါစေ . .
    မျှော်လင့်နေတုန်းလာခဲ့ပါ ရွာတော်ရှင် . .

  • နေဝန်းနီ

    April 20, 2012 at 7:49 pm

    winterkoe ရေ့….။ ဘာသာရေးတံဆိပ် ကပ်ထားတာ တာ သွားမထိနဲ့ကွ…။ အနာရှိတဲ့သူက စပ်သတဲ့…။ 😛 😀 😀

  • အာကြီး

    April 20, 2012 at 7:53 pm

    post ကြီးက ကိုဘုန်းကျော် post ပုံစံမျိုး ၊
    နံမည်ကြီးချင်လို့ မုချ ဖြစ်ရမယ်၊
    ဒီလို ဆက်ရေးလို့ကတော့ ကြီးမှာပဲဟေ့ ၊
    (ေ.ွးစိ)

  • အမေရိကန်ငတုံး

    April 20, 2012 at 9:31 pm

    ပညာရှင်တွေဆွေးနွေးနေကြတဲ့အထဲမှာဂလုံးပလုံးသူများဆဲရပီးရောဆိုတဲ့လူတွေ
    အများကြီး ကို Daniel ရေ ဆက်လျှောက်ပါ။အားပေးပါတယ်။ခင်ဗျားကိုတိုက်ခိုက်တဲ့သူတွေကို
    မေးကြည့်ချင်လိုက်တာသူတို.ယုံကြည်ချက်အတိုင်းလက်တွေ.ဘဝမှာဘယ်လောက်ခိုင်ခိုင်မာမာ
    လိုက်နာနေကြလဲသိချင်သားဗျ။ကျွန်တော်တို.လူမျိုးအကြောင်းသိချင်ရင်ဆရာကြီးရန်ကုန်ဘဆွေ
    ရေးတဲ့ရွှေဝါပြည်ဆိုတဲ့စာအုပ်လေးဖတ်ကြည့်ကြပါလို.လမ်းညွှန်ပရစေ။မရှိရင်ကျွန်တော်ကိုဆက်
    သွယ်ရင်ပြန် Share ပေးပါမယ်။အင်မတန်အနှစ်သာရရှိတဲ့စာအုပ်လေးမို.လို.ပါ။ကျွန်တော်အခန်းဆက်
    တင်ဖို.လည်းစဉ်းစားနေပါတယ်။

    • winterkoe

      April 20, 2012 at 10:10 pm

      ကောင်းတာပေါ့ဗျာ၊ အဆင်ပြေရင်ဖေ့စ်ဘွတ်မှာဖြစ်ဖြစ်၊ တခြားတနေရာရာမှာဖြစ်ဖြစ်ရှယ်ပေးပါဦး။ ဖတ်ရတာပေါ့ဗျာ။ ကျေးဇူးပါပဲ။

  • စေလိုရာစေ

    April 20, 2012 at 10:40 pm

    ဂဒွင်းပျက် နဲ့ ဒေါင်ဗန်ကျိုး တွေ့နေကြမှကိုး ၊
    အတိုင် အဖေါက်ညီစေ၊
    ဆက်လုပ် ဆက်လုပ် ။

  • အမေရိကန်ငတုံး

    April 20, 2012 at 10:49 pm

    အင်္ဂလိပ်ခေတ်ကတည်းက သခင်ဆိုပီးစနာမည်တပ်တဲ့လူတွေကို
    အဲရှေးရိုးစွဲလူကြီးတွေက ဗုဒ္ဒဂိုဏ်းသင့်မလေး ရာဇဂိိုဏ်းသင့်မလေး
    မတန်မရာဝမ်းကျပီးသေမယ့်ကောင်တွေလို.ပြောလိုပြော သခင်အမည်ခံ
    တဲ့သူတွေလဖက်ရည်ဆိုင်လာထိုင်ရင်တောင် ဘေးနားတောင်ကပ်မထိုင်ကြဝူး
    မိုးကြိုးပစ်သေရင်သူတို.ပါရောပါသာွးမှာစိုးလို.ဆိုပဲ။နောက်ဆုံးသူတို.တွေဝိုင်းရှုံချ
    ခဲ့တဲ့သခင်တွေကိုပဲတစ်တိုင်းတစ်ပြည်လုံးလက်ခံပီးတိုင်းပြည်လွတ်လပ်ရေးပါရသာွး
    တဲ့အထိစွမ်းဆောင်နိုင်ခဲ့တာပဲမဟုတ်လား။ကျွန်တော်တို.မြန်မာလူမျိုးတွေကရှေးရိုးစွဲ
    အယူအဆတွေကနေ နောက်အယူအဆတစ်ခုကိုပြောင်းလဲကြဖို.ကို.တော်တော်ကြောက်
    ကြတယ်ဗျ။ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလိုပဲကျွန်တော်တို.လူမျိုးဟာမစ္ဆိရိယစိတ်အလွန်များ
    ကြတယ်။ကိုယ့်အချင်းချင်းနှိမ့်ချတယ်။ဒီနေ.ဒီအချိန်မှ မဟုတ်ဖူး လွန်ခဲ့သောနှစ်ပေါင်းများစွာကပဲ
    သာမန်ပြည်သူအသည်သားဆိုရင် “င”တပ်ခေါ်ပဲကြည့်ပါလား။အခွင့်ထူးခံလူကြီးလူတန်းစား
    ဆိုတာဖြစ်အောင်ရှေးကတည်းကရိုက်သွင်းလာခဲ့ကြတာ ယဉ်ကျေးမှုဆိုပီး လူကြီး ဘုန်းကြီး
    ပြောရင်မှားမှားမှန်မှန်ငုံ.ခံ ပြန်မပြောရဝူးဆိုတဲ့အယူအဆ တိုင်းပြည်ကဒီနေ.ဒီအချိန်ဒီလိုုဖြစ်နေ
    တာမထူးဆန်းပါဝူး။

    • winterkoe

      April 21, 2012 at 7:46 am

      မှန်ပါတယ်ဗျာ။ အဲဒါ ကြီးနိုင်ငယ်ညှဉ်းစနစ်ရဲ့အခြေခံဖြစ်စဉ်ပါပဲ။

  • unclegyi1974

    April 20, 2012 at 11:03 pm

    မြန်မာပြည်ဆုတ်ယုတ်ပျက်စီးစေတဲ့တရာခံ
    မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ အစဉ်အလာ
    ရေးသူကလည်းသူ့ခံစားမှုနဲ့သူ
    ဆွေးနွေးသူတွေကလည်းသန်ရာသန်ရာကောင်းလေစွ
    ဘတဦးတည်းသဘောက
    မဆီရယ်တဲ့အိုမဆိုင်
    တကယ်ကလူအဓိကပါအုပ်ချုပ်သူတွေငါးပါးသီလလုံခြုံကြည့်ပါလား
    အခုတော့တယောက်တက်လည်းအိတ်ကြီးဖေါင်းဖို့
    နောက်တယောက်တက်လည်းအိတ်ကြီးဖေါင်းဖို့
    ဒီလိုစိတ်မျိုးတွေနဲ့လူတွေအုပ်ချုပ်နေသမျှမြန်မာပြည်ကြီးဘယ်တော့မှမတိုးတက်နိုင်
    ဒီလူတွေပြောင်းသွားရင်ရောနောက်လာတဲ့သူတွေအိတ်ကြီးဖေါင်းဖို့စဉ်းစားနေသမျှ…

    • winterkoe

      April 21, 2012 at 7:48 am

      လူ့အဖွဲ့အစည်းတိုင်းမှာ ဥပဒေနဲ့ပဲထိန်းချုပ်လို့ရပါတယ်။ ဘာသာရေးနဲ့ထိန်းချုပ်လို့မရပါဘူး။ အဲဒါကြောင့်စင်္ကာပူလိုနိုင်ငံနဲ့ယှဉ်ကြည့်ရင်မြင်သာပါတယ်။

      • ဆူး

        April 21, 2012 at 8:51 am

        ဘာသာရေးနဲ့ ချုပ်ကိုင်နေရင် နယ်စပ်မှာတိုင်းရင်းသားတွေကို ညှင်းပန်းပါ့မလား။
        စစ်သံပေးပြီး တိုက်ဖို့နေနေသာသာ အားလုံးကို မေတ္တာနဲ့ ခွင့်လွတ်ပေးလိုက်မှာပေါ့။
        ဘာသာရေး အဆုံးအမ လွတ်ကင်းနေလို့ ဒီလိုတွေ ဖြစ်နေကြတာ။

        • winterkoe

          April 22, 2012 at 1:49 pm

          U r the only one who can really make me amused!

  • အမေရိကန်ငတုံး

    April 21, 2012 at 8:25 am

    နေရာတကာဘာလုပ်လုပ် ဘာသာရေး ဘာသာရေးပြောပြောနေတဲ့အစ္စလာမ်နိုင်ငံတွေကိုပဲ
    ဥပမာထားပီးကြည့်ကြပါ။လက်ရှိအချိန်မှာဘာတွေဖြစ်နေသလဲလို. မြန်မာနိုင်ငံလို LDC
    နိုင်ငံနဲ.ပဲယှဉ်ကြည့်ဦး။သူတို.အယူအဆ အတွေးအခေါ်တွေကိုလက်ခံနိုင်လားလို.
    နိုင်ငံရေးနဲ. ဘာသာရေး စီးပွားရေးနဲ.ဘာသာရေး လူမှုရေးနဲ.ဘာသာရေး စစ်ရေး နဲ.
    ဘာသာရေး အမြင်ချင်းဘယ်သောအခါမှမတူပါ။ ဘယ်သောအခါမှလည်းညှိလို.ရမည်မထင်ပါ။
    ညှိဖို.လည်းဘယ်တော့မှမကြိုးကြပါနဲ. မဖြစ်နိုင်လို.ပါ။သမိုင်းတွေလေ့လာကြည့်ကြပါ။ညှိဖို.
    ကြိုးစားခဲ့တဲ့လူတိုင်းအလွှဲကြီးလွှဲခဲ့ကြတာပဲ။

Leave a Reply