အေးသာယာ ဝိုင်ခြံလေးဆီသို ့ပြန်မျှော်မိခြင်း

အေးသာယာဝိုင်ခြံ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဝိုင်ခြံထဲက ရေကန်လေး

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဂျာမနီနိုင်ငံ၏သံရုံး သံအမတ်ကြီးနှင့် လူ ့အခွင့်အရေးပါလီမန်အမတ်နှင့် အတူညစာစားပွဲ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဂျာမနီနိုင်ငံ၏သံရုံး သံအမတ်ကြီးနှင့် လူ ့အခွင့်အရေးပါလီမန်အမတ်နှင့်အတူ လက်ချင်းယှက်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

စုပေါင်း အမှတ်တရ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဘာသာပြန်ပေးနေတဲ့ ကိုအောင်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပါလီမန် အမတ်နဲ ့အတူ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဒီနေ ့ညစာစားပွဲကို တက်ရောက်ဖြစ်အောင် ဖိတ်ခေါ်ခဲ့တဲ့ မေတ္တာမွန်ပညာရေးဖောင်ဒေးရှင်းမှ ဆရာဦးနေမျိုး၊ကိုစိုင်းဘိုဘို(ရိုးမအလင်း/သရုပ်ဆောင်)

အပါအဝင် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်းပြောလိုပါတယ်။သူတို ့လဲရွာထဲဝင်ဖတ်နေမှာပါ။ဒီနေ ့ပွဲကို တက်ရောက်လာသူများ

ဖြစ်တဲ့ NGO မှပုဂ္ဂိုလ်များ၊အနုပညာရှင်၊ပန်းချီဆရာများ၊အင်းလေးကန်ထိန်းသိမ်းရေးစိတ်ပါဝင်စားသူများ၊လူမှ ုအခြေပြုလုပ်ငန်းဖွံ ့ဖြိုးတိုးတက်စေလိုသူများ၊

ပညာရေးဖောင်ဒေးရှင်းများမှဆရာများ၊စစ်တပ်ရဲ ့နိုင်ထက်စီးပြုမူနေဆဲများအပေါ် ဖွင့်ဟ၊အရေယူစေလိုသူများအားလုံး ပွင့်ပွင့်လင်းလင်းပြောခွင့်ရခဲ့တဲ့ နေ ့တနေ ့

ဖြစ်ခဲ့ပါပီ။ဒီနေ ့အစီအစဉ်ကို ဂျာမန်လိုင်းတစ်ခုဖြစ်တဲ့ DW-TVကနေ ရိုက်ကူးသွားခဲ့ပါတယ်။

ဒီနေ ့ပွဲကို ရခိုင်ကိုယ်စားလှယ်တစ်ယောက်အနေနဲ ့ဖိတ်ကြားခံရတဲ့အတွက် မတန်ရာ၊မနိုင်ရာဝန်ထုပ်ထမ်းပြီး လက်ရှိကျနော်တို ့ဒေသရဲ ့အားနည်းချက်တွေ၊

လူ ့အခွင့်ရေးဆိုင်ရာတွေ အများကြီးပြောခွင့် ဆွေးနွေးခွင့် တိုက်ရိုက်ရခဲ့ပါတယ်။မကြာမီလဲ ရခိုင်ဖက်ကို လာရောက်ပါမယ်ဆိုတဲ့အကြောင်းနဲ ့ နေပြည်တော်မှာ

သူဆက်လက် ဆွေးနွေးသွားမယ့်အကြောင်း ကတိပေးသွားပါတယ်။

ဆက်လက်ပြီး ညစာစားပွဲနှင့်အတူ အေးသာယာထွက် ဝိုင်မျိုးစုံမြည်းစားကြရင်း ရိုးရာအကပဒေသာများနှင့် တညတာ ပြီးဆုံးသွားပါကြောင်း။

အကနဲ ့ပေါ့

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဒီနေ ့လိုပါဘဲ နောက်တစ်ရက်မှာ ပြီးခဲ့တဲ့ pardom မှာထွက်လာတဲ့(ထောင်ဒဏ်(၇၉)နှစ်ကျခံနေရာမှလွတ်ငြိမ်းချမ်းသာဖြင့်လွတ်မြောက်လာသူ

ကိုစိုင်းညီညီမိုး၊ဦးထွန်းညို၊ကိုစိုင်းမျိုးဝင်းထွန်းတို ့နှင့်အတူ)၊ရ-လ-လ-ဖ မှ ဗိုလ်မှ ုးဟောင်းဦးအောင်ဇေ၊အညတရ သူရဲကောင်းဆုရ ဦးစိုင်းမြအောင်၊

တို ့နဲ ့လဲတွေ ့ဆုံ လက်ဆုံစား စကားပြောဖြစ်ခဲ့ပါတယ်။မြန်မာပြည် အနောက်ခြမ်းနဲ ့အရှေ ့ခြမ်းကို တံတားထိုးပြီး ဒုတိယပင်လုံအတွက်ခြေလှမ်းဖြစ်သွားမှာပါ။

ခုချိန်မှာ သူတို ့ဆရာဖြစ်တဲ့ ဆရာဦးမြင့်သန်းမရှိတော့ အားလုံးစိတ်မကောင်းဖြစ်နေကြတာပေါ့။

သံတွဲအကျဉ်းထောင်ထဲမှာ စစ်ခွေးတွေ(စစ်သားဆို ရင် ခွေးနဲ ့နှ ိုင်းမှတန်မယ်ထင်လို ့)နှိပ်စက်လို ့ကွယ်လွန်သွားခဲ့တာ (၆)နှစ်ပြည့်ပါတော့မယ်။ဆရာ့ အတွက်

အလှူကို မေလ(၂)ရက်နေ ့မှာ တောင်ကြီးမှာ ကျင်းပသွားမှာပါ။

အလှူအတွက်တိုင်ပင်နေတဲ့ ကိုစိုင်းညီညီမိုး၊ဦးထွန်းညို၊ကိုစိုင်းမျိုးဝင်းထွန်း၊ကိုစိုင်း၊ဆရာဦးမြင့်သန်းသားတို ့နှင့်အတူ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကိုစိုင်းညီညီမိုး၊ဦးထွန်းညို၊ကိုစိုင်းမျိုးဝင်းထွန်း၊ကိုစိုင်း၊ဆရာဦးမြင့်သန်းသားတို ့နှင့်အတူ မနက်စာစားကြစဉ်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

စကားဝိုင်းလေး

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ထိမ်ချန်ထားစရာမလို၊အားလုံးသိစေ၊မြင်စေလိုတာကြောင့် ဝေမျှလိုက်ပါတယ်။အားပေးသော ညီ၊အကို၊မောင်နှမ၊ဆရာသမားများကို ကျေးဇူး

အထူးတင်ပါကြောင်း ပြောပါရစေ၊

25 comments

  • ဗိုက်ကလေး

    April 19, 2012 at 2:56 pm

    “စစ်တပ်ရဲ ့နိုင်ထက်စီးပြုမူနေဆဲများအပေါ် ဖွင့်ဟ၊အရေယူစေလိုသူများအားလုံး ပွင့်ပွင့်လင်းလင်းပြောခွင့်ရခဲ့တဲ့ နေ ့တနေ ့”
    ဆိုတဲ့ ခေါင်းစဉ်လေးတပ်တဲ့ ဆွေးနွေးပွဲလေး အောင်မြင်ပါစေဗျား..
    လေးစားပါ၏…ဆက်လှုပ်ရှားကြပါ..

  • ဗိုက်ကလေး

    April 19, 2012 at 3:04 pm

    စဂါးမစပ်..
    အူးလေးက ကိုင်ဇာနဲ ့တူတယ်နော်..
    😀

  • manawphyulay

    April 19, 2012 at 3:09 pm

    အင်း ကိုင်ဇာနဲ့ အမျိုးတော်တယ်နဲ့တူတယ်… တစ်ပုံစံထဲပဲ ဆံပင်လေး ထိပ်က နည်းနည်းပိုပါးမယ်ဆိုရင်ပေါ့လေ… 😛

  • Khaing Khaing

    April 19, 2012 at 3:17 pm

    ကိုနာဂရေ အခုလို ဖိတ်ကြားခံရတာကို ဂုဏ်ယူပါတယ်ဗျာ ….. ခေါင်းစဉ်လေးကိုမြင်ကတည်းက တော်တော်လေးကို စိတ်ဝင်စားစရာပါ ………… အေးသာယာ နဲ့ ဝိုင်ဆိုတဲ့စကားလုံးလေးပေါင်းစပ်တာဟာ တော်တော်ပနံသင့်တဲ့စာသားလေးပါ ……… ရှေ့ဆက်အောင်မြင်ပါစေဗျာ ………. ဆုမွန်ကောင်းတောင်းလျှက် ………

    • ဒီနေရာမှာ. အနီတွေလာပေးနေတာ သတိထားမိတယ်။မှတ်ချက်တွေပေးထားတာကို
      တော်တော် မနာလိုဘူးနဲ ့တူတယ်ဗျာ။မမဆူး၊khaing khaing၊ကိုဇော်မင်းတို ့peacemaker
      တို ့ကိုအနီပေး၊ကျနော်ကို အစိမ်းပေးပြီး သက်သက်ရန်တိုက်ပေးနေတယ်။ဘာလို ့များ
      ခြုံပုတ်ထဲက လက်သီးထောင်ပြနေပါလိမ့်။
      အော် အဆင့်အတန်းနိမ့်တော့လဲ အောက်တန်းစားအလုပ်ဘဲလုပ်မယ်ဆိုတာ သိထားပါတယ်။
      အနီဘဲပေးပေး၊အစိမ်းဘဲပေးပေး ဂရုကိုမစိုက်ဘူး။

  • ဆူး

    April 19, 2012 at 3:26 pm

    ကိုနာဂ ရဲ့ ပုံလေးတွေကို ကြည့်ပြီး အားပေးသွားပါတယ်။
    အလုပ်တွေ ဒီထက် ပိုလုပ်နိုင်ပါစေ။

  • zaw min

    April 19, 2012 at 9:04 pm

    မီးမီးသော်ရေ…အားပေးသွားပါတယ်နော်…ဆက်လက်အားပေးနေအုံးမှာပါ…ဂုဏ်ယူပါတယ်ဗျိုု…

  • kai

    April 20, 2012 at 4:42 am

    ဂျာမဏီမှာဖြစ်ဖြစ်.. ပညာရေးဆက်လုပ်ဖို့ပြောချင်ပါတယ်… ကိုရင်ရေ..
    နောင်အနာဂတ်.. ခေါင်းဆောင်တွေဟာ.. ကမ္ဘာတန်းအဆင့်ပညာတတ်တွေဖြစ်ရလိမ့်မယ်..

    ၈၈တွေလည်း.. ပညာရေးဆက်လုပ်ကြလိမ့်မယ်လို့..ထင်ပါတယ်..။
    ဘယ်တော့မှ နောက်မကျပါ…။

    • @ကိုခိုင်———ဂျာမဏီမှာဖြစ်ဖြစ်.. ပညာရေးဆက်လုပ်ဖို့ပြောချင်ပါတယ်… ကိုရင်ရေ..
      နောင်အနာဂတ်.. ခေါင်းဆောင်တွေဟာ.. ကမ္ဘာတန်းအဆင့်ပညာတတ်တွေဖြစ်ရလိမ့်မယ်..
      လို ့ပြောပြတာ ကျေးဇူးပါဗျာ။သူတို ့တွေပြောပြသွားတဲ့ အထဲမှာ အရည်အချင်းရှိတဲ့ မြန်မာ
      ပြည်ထဲက ကျောင်းသားတွေကို ဂျာမနီအစိုးရက ခေါ်ယူသွားမယ်ဆိုတဲ့ အကြောင်း ကတိပေး
      သွားပါတယ်။
      @ကိုFRကြီးရေ—–အခု ဦးသိန်းစိန် အစိုးရ ကိုယ်နှိုက်ကိုက
      မြန်မာနိုင်ငံ ပြင်ပက နိုင်ငံရေးသမားတွေထဲကမှ
      ပညာတတ်တွေကိုပဲ ရွေးပြီး ကြိုဆိုနေတယ်လို့ သိရပါတယ်ကွယ် ။
      အဲဒီတော့ဗျာ. အဲလိုရွေးခေါ်တယ် ဆိုတာတော့ စိတ်ပျက်စရာပါလား။
      @PEACEMAKERရေ—–ကိုစိုင်းဘိုဘိုတို ့က ခုတော့ ရိုးမအလင်းဆိုတဲ့ အသင်းအဖွဲ ့နာမည်
      နဲ ့လူထုအခြေပြုလုပ်ငန်းတွေ လုပ်နေကြပါတယ်။အတိအကျတော့ မပြောပြတတ်ပါဘူး။

  • Foreign Resident

    April 20, 2012 at 6:49 am

    မောင်သန်းထွဋ်ဦး ရေ

    တစ်ခုတော့ တောင်းပန်ပါရစေကွယ် ။
    စစ်သားတွေကို ခွေး နှင့်တော့ မနှိုင်းပါနှင့်ကွယ် ။
    အဲလို နှိုင်းတဲ့ အခါတိုင်း အဘ စိတ်မကောင်းဖြစ်ရတယ် ။

    ဘာဖြစ်လို့လဲ ဆိုတော့
    အဘက ခွေးအရမ်းချစ်တတ်လို့ပါကွယ် ။
    ခွေးတွေဟာ ရိုးသားပြီး အပြစ်ကင်းရှာပါတယ်ကွယ် ။

  • Foreign Resident

    April 20, 2012 at 7:06 am

    မောင်သန်းထွဋ်ဦး ရေ
    ကြုံကြိုုက်လို့ သူကြီးက ပညာ ဆိုလို့ ဝင်ပြောရအုန်းမယ် ။
    ” ပညာ ” အရမ်း အရမ်း ကို အရေးကြီးပါတယ် ။

    အခု ဦးသိန်းစိန် အစိုးရ ကိုယ်နှိုက်ကိုက
    မြန်မာနိုင်ငံ ပြင်ပက နိုင်ငံရေးသမားတွေထဲကမှ
    ပညာတတ်တွေကိုပဲ ရွေးပြီး ကြိုဆိုနေတယ်လို့ သိရပါတယ်ကွယ် ။

    • သမိန်ဂီ့

      April 20, 2012 at 11:29 am

      ဟုတ်ဗျာ …
      ကျုပ်ကတော့… ပညာရေး အထုံ မပါတဲ့ ကောင် ဖြစ်နေလားမသိ…
      ဖြစ်နိုင်ရင်..ပညာ ပြန်သင်ချင်သေးရဲ့ ….

      ခုတော့ …အ ထစ် အ ထစ် ဖြစ်နေတဲ့
      တပိုင်းတစတွေ ပွေ့ပိုက်ရင်း ….
      အင်း..
      ကိုယ့်ကိုကိုယ် ….ရင်မောပါတယ်ဗျာ …

  • PEACEMAKER

    April 20, 2012 at 11:05 am

    ကိုစိုင်းဘိုဘိုအကြောင်းလေး စိတ်ဝင်စားလို့ သိသလောက်လေးပြောပြပေးပါလား။

    ရှမ်းပြည်ကထွက်တဲ့ဝိုင်၂မျိုးကိုတော့ နည်းနည်းပါးပါးသိတယ်။ မမှားဘူးဆိုရင် ဂျာမန်တွေဦးစီးတဲ့ တောင်ကြီးအေးသာယာကထွက်တဲ့ဝိုင်နဲ့ နောက်တစ်ခုက ပြင်သစ်လူမျိုးFrançois Raynalရဲ့ Red Mountain Estateကထွက်တဲ့ဝိုင်။

    အမှန်အတိုင်းပြောရရင် အေးသာယာဝိုင်က နိုင်ငံခြားသားတွေ အကြိုက်နည်းတယ်။ ဝိုင်ဖြူကော ဝိုင်နီကော။ အားနည်းချက်တွေရှိတယ်။ ဥပမာပြောရရင် ဖော့ဆို့အရည်အသွေး၊ အရသာ…။

    red mountainဝိုင်ကတော့ လူကြိုက်များတယ်။ ဖော့ဆို့အရည်အသွေးညံ့တာကလွဲလို့ အရသာကထူးခြားတယ်။ ဝိုင်နီကော ဝိုင်ဖြူကော။ မြန်မာကနေ တကူးတကယူလာတဲ့ ကိုရဲရဲ့မြန်မာဖြစ်ချိစ်ရယ်(အင်မတန်ကောင်း) အဲဒီRed Mountainဝိုင်ရယ် ဒီကနိုင်ငံခြားသားမိတ်ဆွေတွေကို ဧည့်ခံတာသိပ်ကြိုက်ကြတယ်။

    • kai

      April 20, 2012 at 11:50 am

      ဝိုင်က. မြန်မာတွေလည်း..အလေ့အကျင့်ရအောင်.. လုပ်သင့်သောက်သင့်တယ်..
      နှလုံးရောဂါကာကွယ်နိုင်တယ်.။ မိန်းမတွေအသားအရေလှတယ်.. စသဖြင့်ကောင်းတာတွေအများကြီးပဲ..
      ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့.. စံနှုန်းမှာ.. ဝိုင်သောက်သုံးတာလည်း..တခုအဖြစ်ပါတယ်..။

      ထုတ်လုပ်လို့.. ပိုလျှံရင်လည်း.. နို်င်ငံခြားငွေအများးးးးးးကြီးရှာပေးနိုင်တာပါ..
      အလုပ်အကိုင်အခွင့်အလန်း..သိန်းချီပြီး…ထွက်လာနိုင်တာပေါ့…
      အရက်တွေတချို့ဟာ.. သက်တမ်းနဲ့..ထားပြီးဈေးတက်လာတွေလည်းရှိသမို့.. အချိန်ဟာ..ရွေနဲ့စက်သလိုလည်းဖြစ်စေတာပါ..။
      သက်တမ်းရှိတဲ့ ဝိုင်..အရက်တွေဈေးနှုန်းဟာ.. ကမ္ဘာ့နိုင်ငံမှာ.. ဈေးကွက်ဝင်ပြီး.. တန်းလည်း.တော်တော်လေးညီလာတာပါ..
      သဘောက.. အဲဒီကရတဲ့..ရောင်းချငွေ.. ဝင်ငွေဟာ.. ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့..တန်းတူဝင်ငွေဖြစ်စေလို့ပါပဲ..
      မြန်မာလို.. ဖွံဖြိုးဆဲနိုင်ငံက.. ဖွံ ့ဖြိုးပြီးနိုင်ငံတွေနဲ့.. ဈေးတန်းညှိနိုင်တဲ့.. ရောင်းအားကောင်းပစ္စည်းလည်းဖြစ်… ကုန်ထုတ်လုပ်မှုလည်းဖြစ်ပါတယ်..

      ဒါပေမဲ့..

      ၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
      ((သေရည်အရက်လည်း မသောက်ဘဲ အမြဲရှောင်ကြဉ်မည်။))

      တဲ့..
      အင်ဒတ်စရီကြီးတခုလုံး.. ဆွဲချ ပစ်လိုက်ပါတယ်..။
      သောက်တဲ့သူတွေ..သောက်နေတာပါပဲ..။ မူးတဲ့သူတွေမူးကြတာပါပဲ..
      ဒါပေမဲ့..
      ဒီအလုပ်တွေကို ကောင်းရောင်းကောင်းဝယ်လို့.. မမြင်အောင်.. လူ့အမြင်..အတွေးတွေကို..အမှောင်ဖုံးသွားစေတာမို့.. မြန်မာပြည်ရဲ့.. ကွန်ဆာဗေးတစ်တွေက.. အဲဒီနယ်မှာ.. လုပ်ချင်..ငွေကြေးမြုတ်နှံလိုစိတ်. နည်းတော့တယ်လေ..

      … အနိစ္စ…. 😕

      • PEACEMAKER

        April 20, 2012 at 3:55 pm

        ဝိုင်မျိုးစုံးသောက်ဖူးပေမဲ့ ဝိုင်ကိုခုထိမက်မက်မောမော မကြိုက်လှပါဘူး။ ဝိုင်နီက မိန်းမတွေအတွက်ကောင်းကျိုးပေးတယ်ဆိုပေမဲ့ တစ်ခွက်တစ်လေလောက်ပဲသောက်တာ အကောင်းဆုံးပါ။ အရာရာတိုင်းမှာlimitဆိုတဲ့ဟာလေးက အနားသတ်ထားတော့ limitကိုမမှန်းတတ်တဲ့သူဆိုရင် တန်ဆေးလွန်ဘေးပါပဲ။

        အတိအကျကြီးresearchမလုပ်ဖူးပေမဲ့ သိသလောက်ပြောရရင် လူမျိုးတိုင်းမှာ သူတို့ရဲ့မွေးရာပါ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်အား ကွာခြားတယ်လို့ဆိုတယ်။ ဥပမာပြောရရင်ဖြင့် ပြင်သစ်လူမျိုးဟာ မူးတာချင်းတူတယ်ဆိုဦးတော့ သူတို့ရဲ့ဘရိန်းက သူများလိုမျိုး မူးလာရင်လွတ်ထွက်မသွားဘူး။ ဘယ်လောက်ပဲမူးနေပစေ well-behaved။ ကိုယ့်limitကိုယ်သိတော့ အမူးလွန်တာမျိုး…ပုဆိုးမနိုင်ပုဝါမနိုင်ဖြစ်တာမျိုး…ပေါက်ပန်းဈေးပြောမိတာမျိုး…အရက်မူးကျွဲခိုးပေါ်တာမျိုး…အင်မတန်နည်းတယ်။ သူတို့သောက်တယ်ဆိုတာ မူးဖို့သက်သက် စိတ်ညစ်လို့သက်သက် သောက်တာမျိုးမဟုတ်ဘူး။ တစ်ယောက်ထဲလည်း သောက်ခဲတယ်။ မိတ်ဆွေ မိသားစုနဲ့စားရင်းသောက်ရင်း ပျော်ရွှင်ဖွယ်အချိန်ကိုကုန်ဆုံးချင်လို့ pleasureအဖြစ်သောက်တာဖြစ်တယ်။ အရက်သောက်ပြီးမူးလို့ ရန်ဖြစ်တာ ရန်စတာ ဆဲဆိုကြမ်းတမ်းတာ လုံးဝကိုမတွေ့ဖူးဘူး။

        သူတို့တွေသောက်သလို ကျွန်မတို့မြန်မာတွေလိုက်သောက်လို့ သူတို့လိုlimitသိမယ် ကိုယ့်ကိုကိုယ်ထိန်းနိုင်မယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ခက်တာက ကျွန်မတို့မြန်မာလူမျိုးက…။ တစ်ခြားသူမပြောပါဘူး။ ကို်ယ့်ကိုကိုယ်ပဲပြောမယ်။ အရက်လေးများတစ်စက်တစ်ခွက်လောက်နဲ့ ကိုယ်ကသွေးဆိုးချင်နေတယ်။ ရန်စချင်နေတယ်။ မြင်မြင်သမျှဖျက်ဆီးချင်နေတယ်။ ဖြစ်ပုံကအဲလို…။ ကံကောင်းချင်တော့ အရက်လုံးဝမကြိုက်တဲ့သူဆိုတော့ သိပ်မသောက်တော့ သိပ်ရုပ်မပျက်ဘူးပေါ့။ ကိုယ့်ဘရန်းကလည်း မူးတဲ့အရသာကိုလက်မခံ တွန်းကန်တာမျိုးဆိုတော့ တော်သေးတယ်ဆိုရမယ်။

        ဆက်ရေးချင်သေးပေမဲ့ လုပ်စရာအလုပ်လေးတွေက ရှိနေသေးတော့…

  • aye.kk

    April 20, 2012 at 12:09 pm

    ဟိုးအရင်တုံးကပေါ့နော်
    တောင်ကြီးကထွက်တဲ့မက်မန်းဝိုင်(နှစ်ချို ့ဝိုင်)မြေကြီးထဲမှာစဉ့်အိုးတွေနဲ ့သိပ်ပြီးမြုပ်ထားတာ
    (၁၀)နှစ်သက်တမ်းကျော်ကိုသောက်ဘူးတယ်၊ခုထိအဲဒီအရသာကိုမမေ့နိုင်ဘူး။
    အခုလက်ရှိတောကျိုုင်းတုံလွယ်မွေတောင်ကထွက်တဲ့စပျစ်ဝိုင်ကိုအရမ်းနှစ်သက်တယ်။
    ချိုမြပြီးမွှေးလွန်းတယ်။အမြဲတန်းမှာသောက်တယ်။
    သောက်လိုက်ရင်ခပ်ရှိန်းရှိန်းနားရွက်ဖျားတွေထူပူပြီးပါးပါးလေးမူးသလိုပါဘဲ။
    သွေးဆုံးမီးယပ်ကိုင်သူတွေအနေနဲ ့က၊ကျန်းမာရေးအတွက်သောက်သုံးသင့်ပါတယ်။။

  • ကျနော်တော့ ဝိုင်မကြိုက်ပါဘူး။
    သူတို ့က(၃)မျိုး(၃)စားမြည်းသောက်
    ခိုင်းတော့—–မူးသွားလေ၏။
    (၁)စပျစ် သီးစမှာ ထုတ်တဲ့ဝိုင်
    (၂)ရင့်မှည့်ချိန်မှာ ထုတ်တဲ့ဝိုင်
    (၃)red mountain ရယ်ပါ။
    အဲနေ ့က သူတို ့ခြံအကြောင်း၊လုပ်ငန်းလည်ပတ်နေပုံတွေ၊
    ထုတ်ကုန်က ဒေါင်းတံဆိပ်အကြောင်း ပြောပြကြတယ်။

    • windtalker

      April 20, 2012 at 1:11 pm

      မေခလာ ကိုရော မကြိုက်ဘူးရားဟင်
      ဟီဟိ စတာနော… ကိုကိုသန်း
      အားပေးသွားပါတယ် ခင်ဂျ

  • moe minthar

    April 20, 2012 at 6:45 pm

    နာဂရချစ်သူရေ
    ဒီဝိုင်းလေးထဲမှာကိုစိုင်းဘိုဘိုပါတယ်မဟုတ်လား….။
    နာ၈ရကိုလဲတွေ ့လိုက်ရလို ့ကျေးကျေး…….ဒီဆိုင်လေးကိုလည်းလာချင်လိုက်တာပြောမနေပါနဲ ့တော ့။
    ကိုစိုင်းဘိုဘိုဟုတ်တယ်ဆိုရင်အကြောင်းပြန်ပေးပါနော်။

    ချစ်ခြင်းမေတ္တာဖြင် ့

    • ဟုတ်တယ်လေ ကိုစိုင်းဘိုဘိုတို ့က လူမှုအခြေပြုလုပ်ငန်းလေးတွေလုပ်ကြမယ့်
      ရိုးမအလင်း အဖွဲ ့ကပါ။ကျနော်နဲ ့ပါလီမန်အမတ်အတူတူတွဲရိုက်တဲ့ပုံက ကိုစိုင်းဘိုဘို
      အိမ်ရှေ ့မှာပါ။
      ကိုဂျစ်ပစီရေ——ဖော်ရွေသူလေးဆီအလည်သွားရင်းပေါ့ဗျ။ဟီးးး

  • Gipsy

    April 20, 2012 at 8:03 pm

    ♪♪.. တောင်ကြီးမြို့ကို ကိုယ်တခေါက် အလည်ရောက်တယ်..♪♪
    ♪♪.. ဆွေသစ် မိတ်သစ် စုံလို့ပါပဲကွယ် ..♪♪
    ဒါနဲ့ ဖေါ်ရွေသူလေးတစ်ယောက် လောက် မတွေ့ခဲ့ဘူးလား ကိုသားကြီး…..
    လျှို မထားကြေးနော်….။

Leave a Reply