နှစ်သစ်မင်္ဂလာ မေတ္တာစာ။

Kyi LwinApril 19, 20121min993

                                                             မြန်မာ သက္ကရာဇ် တန်ခူးလပြည့်ကျော် ၁၃ ရက် ၁၃၇၄

 

နှစ်သစ်မင်္ဂလာ မေတ္တာစာ

 

မန္တလေးဂေဇက်မှ ရွာသူကြီးနဲ့ တကွ ရွာသားများအားလုံး မင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ နှစ်သစ်မင်္ဂလာအချိန်အခါဖြစ်ပါစေသောဝ်။

 

တနှစ်တော့ အသစ်ကူးပြန်ပေါ့။ သင်္ကြန်ပိုး ထ သူတွေလည်း ငွေကုန်လူပန်းနဲ့ တော်တော်လေးမှ လန်းကျန်ခဲ့ကြပါ့မလား။

 

နှစ်ဟောင်းမှာ ဘာတွေလုပ်ခဲ့မိပါလိမ့်။ ဘယ်လောက် တိုးတက်ခဲ့။ ဘယ်လောက်တု်ယုတ်ခဲ့။ ဘယ်သူ့ကို ခြေထိုးခဲ့။ ဘယ်သူ့ကို ပါးပါးလှီးခဲ့။ ကိုယ့်အကျိုးအမြတ်အတွက် ဘယ်ကောင့်ကို နင်းခဲ့ အဲလေ တွေးကြည့်ကြရင်ဖြင့် ကိုယ်ကို်ယ်ကိုယ်ပြန်မြင်မိကြကာ အခုလာမယ့် နှစ်သစ်အခါက စလို့ အရင်လို အဆိုးတော့ပါဘူး။ မမိုက်တော့ပါဘူး။ အလိမ်အညာတွေနဲ့ မညစ်ပတ်တော့ပါဘူး လို့ ဆုံးဖြတ်မယ့်သူများရှိရင် တို့များကို လက်တို့လှည့်ပါ။မြင်ဖူးအောင် ကြည့်ချင်လှရဲ့။

ဘာကြောင့်လဲဆိုတော့ နှစ်သစ်ကိုသာ ပျော်ပျော်ကြီးကူးချင်တာ နှစ်ဟောင်းမှာ ဖြစ်ကြောင်းကုန်စင်ကို စုံလင်စွာနတ်သံနှော ကြမယ့် သူတွေက မရှိသလောက် ရှားလို့လေ။

ဒီညတော့ ပူပြင်းလှတဲ့ နွေတညကြောင့် အိပ်စက်ရာ မဝင်နိုင်သေးတဲ့အလျျှောက် တွေးမိတဲ့အတွေးတွေကလည်းမီးခိုးကြွက်လျှောက် ဆိုသလိုပ။ နှစ်ဟောင်းက အညစ်အကြေးတွေပါမှာစိုးလို့ ဒီလိုအချိန်အခါကျမှ အိမ်သန့်ရှင်းရေးတွေလုပ်ကြ အိပ်ယာ ခြင်ထောင် တွေ လျှော်ကြဖွတ်ကြ ဘုရားကျောင်းဆောင်တွေရေဆေးသန့်စင်ကြ ခေါင်းလျှော်ရည်လှူကြ နဲ့ သန့်မျိုးစုံလင် သန့်လိုက်ချင်သူများ ကိုယ့်စိတ်ကလေး ကိုယ့်အမူ အကျင့်လေးတွေရဲ့ မကောင်းတဲ့ အပြုအမူလေးများကို ပြင်ကြမယ်ဆိုရင်ဖြင့် ဆပ်ပြာမှုန့်နဲ့လျှော်တဲ့ ဆေးတဲ့ ရုပ်ဝတ္ထုတွေထက် ပိုသန့် ပိုမြတ် ပိုပြီး လှပ လာမှာပဲရယ်လို့ တွေးမိတယ်။

သင်္ကြန်မကျခင်ကတည်းက  တူးပို့ တူးပို့ နဲ့ မြူး ဖို့ တာစူနေကြသလို ခေတ်အကြိုက် ခေတ်အလိုက် ဂီတသံတွေ နဲ့ ကဲမယ့်သူတွေကလည်း အားခဲထားကြတာပေါ့။ ဪ မြန်မာ့ရီုးရာသင်္ကြန်ပွဲမို့သာ တော်တော့တယ်။ သင်္ကြန်ဟဲ့ ဆိုပြီး ထွက်လာသမျှတွေက ဆေးရောင်ချယ် ဆံကေသာတွေနဲ့ စတိုင်ရှိမှ စတားဖြစ်သတဲ့ ဆိုတာပဲ။ ကြည့် လ်ို့  လှ လှ မလှ လှ ဂရုစိုက်စရာမလို သူများမလုပ်တဲ့ စတိုင်နဲ့ အရူးထ အဆန်းထွင် ထူးနိုင်မှ လှတယ်ထင်သူတွေက တမှောင့်။ ဝတ်မှုစားမှု ဖက်ရှင်တွေရော ကြည့်လိုက်စမ်းပါ့။ ဪ ဒါဟာ မြန်မာတဲ့လားလို့ပြောရလောက်ောအင်ကို မြန်မာမှုတခုမှမပါ တဲ့ ဆင်ယင်မှုတွေ

ချည်း။ တော်သေးတာက မြန်မာလိုပြောပြီး မုန့်လုံးရေပေါ်စားတတ်တာလေး ကယ်ပေလို့သာ။

တို့များက အဆိုးမြင်ဝါဒ ပဲလို့ မှတ်ထင်တော်မူကြရော့မယ်။ ဒီလိုအချိန်အခါမှာ အေးချမ်းရာ ရိပ်သာသွားနေကြတဲ့ လူကြီးလူငယ် အမျိုးသား အမျိုးသမီးတွေလည်း ရှိကြပါရဲ့။ သာဓု ခေါ်ပါတယ်။ လူတိုင်းတော့ ရိပ်သာသွားရမယ်လို့ မဆိုလိုပါ။ ဒါပေမယ့် သင်္ကြန်မှာပျော်ချင် ပါးချင် ဆင်နွဲချင်သူတွေက များလှသပေါ့။

နေ့တိုင်း ည ၈ နာရီ သတင်းမှာ သင်္ကြန်ရေသဘင်ပွဲတော်အကြောင်း သတင်းတော့စောင့်ကြည့်ရသရှင်။ ဘ.ယ်သူတွေဘယ်လောက်

ကဲ လို့ဘယ်သူတွေ ဘယ်လောက် ပြဲ အဲ ဟုတ်ပေါင်။ ဘယ်သူတွေ ဘယ်ပုံဖြစ်နေလဲဆိုတာ သိချင်သပ။

စ စ ချင်းပဲ မဟာအရှက်မရှိ နေပူတော်ကြီးမှာ စ ကဲတဲ့ သူများကတော့ ပြည်သူ့အချဉ်တော်တွေပဲ။ ဒီအချိန် ဒီအခါတော့ က ကြပေသရှင် ့ပြည်တခွင်လို့ ဆိုရပေမယ်။ ၃ ဘဝပြောင်း ဘဘ များနဲ့ မမ များကလည်း တိုင်းပြည့်တာဝန်ထမ်းဆောင်သရှင့်။

မြန်မာ့ရိုူးရာသင်္ကြန်ပွဲကို ဖြေဖျော်ပေးနေတဲ့ အနုပညာရှင်များဆိုတာ ကြည့်လိုက် မြင်လိုက်တိုင်း စင်ပေါ်ကနေ ဝတ်ခင်ရာဝတ် ပြိး အောင်ချင်ရာအော်နေကြသလို စင်ပေါ်က ပက်ပေးနေတဲ့ရေ  တွေ အောက်မှာ လှုပ်လှုပ်ရွရွ နဲ့ ခုန် ပေါက် တွန်းလိမ်နေတဲ့ ရွှေပွဲလာ  သင်္ကြန်ချစ်သူများ ကလည်း မူးကြ ရူးကြ မြန်မာ့သင်္ကြန်ကွ။

တူးပို့ တူးပို့လောက်နဲ့ ကျက်သရေရှိရှိ လှပ က ပြ တာတော့ အရှားသားလား။  တို့များတော့ ခေတ်နောက် မို်င် ၂ဝ လောက် ပြတ်ကျန်ခဲ့ ထင်ရဲ့။ အမြင်မတော်တာတွေ ကို သရော်တဲ့ သင်္ကြန်သံချပ်များမကြားရတာကြာပေါ့။ ဘယ်မြို့တွေတော့လုပ်တယ်

မသိပေါင်။ သင်္ကြန်ဆို သံချပ်နဲ့မှ ပဏာရ တာမဟုတ်လား။  ရိုးရာပွဲမှာ ရိုးရာ ဓလေ့အနေနဲ့ အမြင်မတော်တောတွေကို ဟာသ ရသ နဲ့ သရော် ဝေဖန်ထောက်ပြ တဲ့ ဓလေ့ တခု ပျောက်ကွယ်တာတော့ ဆုံးရှုံးမှုတခုပေါ့ အခွင့်ပေးမှ လုပ်ကြရတာဆိုတော့ အခွင့်မပေးနိုင်ပုံ

ထောက်ရင် သင်္ကြန်ရဲ့သံချပ်ကို ရင်မဆိုင်ဝံ့လို့ပဲ ဖြစ်မယ်။ သံချပ် ဆိုတာ လောကကြီးမှာ အမြီး အမောက် မတည့်တာတွေကို ပြောကြ ဆိုကြတာ ဆိုတော အင်း အမြီးနဲ့ အမောက် မတည့်သူများက သံချပ်  ကို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ကြ သပေါ့။

ကဲ ဒီတနှစ်တော့ ရှိစေတော့ ရှိစေတော့ ။နောင်နှစ် နောင်နှစ်များတော့ ကြားချင်လှသရှင်။

သင်္ကြန်ပွဲတော် နွဲပျော်လို့ ပင်ပန်းရတဲ့အထဲ အပြစ်တင်တဲ့စာတော့ဖတ်ချင်တော်မူကြမယ်မထင်။ ဒါကြောင့် ဒီမျှနဲ့ပဲ ရပ်ပါတော့မယ်။

နှစ်သစ်မှာ   မြန်မာပြည်သူ ပြည်သားးအပါင်း ကို ချစ်ခင်စွာနဲ့ မေတ္တာရေလောင်းပါတယ်။ မန္တလေးဂေဇက်က သူကြီးနဲ့တကွ ရွာသားတွေမကျန် ကျန်းမာလို့ရွှင်လန်းကြပါစေ ။

( သတိ နေပူတော်မှ ၃ ဘဝ ပြောင်း စံနေတော်မူကြသော ဘဘကြီးများ မပါ။)

 

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်။

3 comments

  • ဗိုက်ကလေး

    April 19, 2012 at 5:41 pm

    ဆွဲမှာပဲ ပြဲမှာပဲ.ကွဲမှာပဲ..နာ့ကိုလာမတားနဲ ့ ဆိုတဲ့ခေတ်ရောက်ပြီမို ့ ..
    အူးလေးရေ..ဘူ ့ကိုမှမနိုင်တော့ပါဘူး..
    ကျုပ်တောင် အသက်က ဗထက်ချိုင့်ရောက်နေလင့်ကစား အကြောမပေးပဲ ကဲချင်ဆွဲချင်သေးတာဆိုတော့လဲ အပြစ်တင်ချင်သပဆိုလဲ ခံရမှာပါပဲလေ..
    ရွာထဲမှာ ဆော်ပလော်တီးခံရတဲ့ တပ်မတစ်အူးကလွဲလို ့အးာလုံးမာကြမယ်ထင်ပါတယ်ဗျာ..

    အူးလေးလဲ မာပါစေလို ့ ဆုတောင်းလျက်
    အူးဗိုက်ခလေး
    မြိုင်ရာဇာမြို ့

    လဂါးနောက်ဒါနော့..

  • Khaing Khaing

    April 19, 2012 at 9:14 pm

    ကိုကြည်လွင်ရေ နှစ်သစ်မှာမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေရှင် ………

    • Kyi Lwin

      April 20, 2012 at 9:32 am

      ခိုင်ခိုင်ရေ

      မင်္ဂလာဆိုတာ ကောင်းသောအမှုကိုပြုခြင်း ကို မင်္ဂလာလို့ ပြောကြပါတယ်။ဒီတော့ နေ့သစ်တိုင်း အချိန်တိုင်းမှာ ကောင်းသောအမှု ကောင်းသော အလုပ် ကောင်းသောအကြံ တွေနဲ့ မင်္ဂလာ့ မင်္ဂလာ ဖြစ်အောင် နေထိုင်ကြပါစို့ ကွယ်။

Leave a Reply