Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သံခြေကျင်းဝတ်ညမင်းသမီး

DEPARKO DEPARKOApril 20, 20121min43912

ရန်ကုန်မြို့ နေဝင်ရီတရော ညီအကိုမသိတသိ မှောင်ရီပျိုးစ အချိန်ရောက်လာပြီဆိုရင် အသက်ဝင်လှုပ်ရှားလာတဲ့ အရက်ဆိုင် ဘီယာဆိုင်တွေရဲ့ အနားမှာ သံဇကာတပ်ဆင်အလုံပိတ်ထားတဲ့ ကားငယ်အချို့ ရောက်လာပြီး နောက်ဘက် သံဇကာတံခါးဖွင့် နတ်သမီးလေးတွေလို လှတပတ ငယ်ငယ်နုနု အဝတ်အစားမလုံ့တစ်လုံ ပေါင်ရင်းအထိဖေါ်လှစ်ထားတဲ့ ဆယ့်လေးငါးနှစ်အရွယ်မိန်းကလေးတွေ ဆင်းလာပြီး လက်ထဲမှာတော့ ဆေးလိပ်ဘူး မီးချစ်လေးတွေကိုင်ရင်း ဘီယာဆိုင်ထဲ ရောင်းမစွံ ဆေးလိပ်ဘူးတွေ အစွံထုတ် ဘို့လား လူကိုအစွံထုတ်ဘို့လားဆိုတာကတော့ ကာယကံရှင်တွေဘဲသိကြမှာပါ။
ကျွန်တော်အဲဒီကားလေးတွေတွေ့တိုင်း ရောမခေတ်က ကျွန်တွေကို လိင်ကိစ္စအရောင်းအဝယ်လုပ်ဘို့ လေလံဈေးကွက်တင်တဲ့ လှောင်အိမ်တွေကိုပြေးမြင်မိတယ်။ မြင်ဘူးကြတဲ့သူတိုင်းသိကြမှာပါ ထောင်ကားပုံစံနဲ့ တစ်ပုံစံထဲ သံဇကာကိုသော့ခတ်ထားသေး ဒီကြားထဲ ကလေးမလေးတွေက အသက်မပြည့်သေးတဲ့ ဆပ်ကော့လပ်ကော့ အရွယ်တွေကို အရက်ဆိုင်ကြီးတွေ ဘီယာဆိုင်ကြီးတွေမှာ အမြီးအဖြစ်သုံးဆောင်နိုင်ဘို့ စီစဉ်ဆောင်ရွက်နေတဲ့ ဆေးလိပ်ဗန်းပြ (ဆေးလိပ်ကိုတစ်နိုင်ငံလုံးတိုက်ဖြတ်နေတဲ့အချိန်) အသွေးအသားရောင်းဝယ်ဘို့ ဈေးကစားနေတဲ့သူတွေကို အာဏာပိုင်အဖွဲ့အစည်းတွေ မျက်စေ့ရှမ်းနေလေရဲ့
ဒီပါကို

12 comments

  • အမေရိကန်ငတုံး

    April 20, 2012 at 8:46 pm

    မြင်ရတာရွံဖို.ကောင်းတယ် အဲဒါကိုမျိုးကိုမှတကယ်ဝိုင်းဆန်.ကျင်ရမှာပါ။

  • sugar sugar

    April 21, 2012 at 2:25 pm

    အင်း ကိုဒီပါရေ အရက် Company တစ်ချို့ရဲ့ Marketing လည်း အဲဒီလိုပဲဗျ၊
    ဆိုးပါတယ်ဗျာ၊သမီး မွေးထားလို့ ကြောက်တယ်ဗျို့၊ခေတ် ကြီးရှေ့ရောက်လေရင်မောလေပဲဗျို့

  • ဆူး

    April 21, 2012 at 2:35 pm

    ဓါတ်ပုံရိုက်ပြီး ဖွ ပါလား..
    ကုပ္ပဏီက မဟုတ်ဘူး ဆိုရင် ဝိုင်းဖွ တာနဲ့ နားသွားမှာပေါ့။

  • cobra

    April 21, 2012 at 2:55 pm

    သူတိ်ု့ကဘီယာဆိုင်ပဲရောင်းတာဗျ
    လ္ဘက်ရည်ဆိုင်တွေဆိုမရောင်းဘူး။
    ကောင်မလေးတွေကသနားဖို့ကောင်းပါတယ် မူးနေတဲ့လူတွေကိုရောင်းမှ
    သူတို့ကိုကျူပီးဝယ်ကြမှာလေ။
    ကောင်လေးတွေကလာရောင်းတဲ ့အချိန်ဆိုမျက်နှာကြီးတွေကတဏှာရုပ်တွေနဲ ့
    ကောင်မလေးတွေကိုထိကပါးရိကပါးပြော ရုပ်တွေကတကယ်ရွံ ့ဖို့ကောင်းတယ်ဗျာ။
    ကျွန်တော့်အထင်တော့ကုပ္ပဏီတွေကဒီလို Marketing တွေမလုပ်သင့်ပါဘူး။
    မိန်းကလေးတွေကလဲ သူတို့ကရောပီးပေါပီး မရောင်းရင်ဘယ်သူမှမဝယ်ဘူးဆိုတာသိတယ်လေ
    အဲ ့တော့သူတို့ကလည်းအဲ့အကွက်ကိုသုံးတယ်
    ဘီယာဆိုင်တွေမှာရောင်းတယ်၊လ္ဘက်ရည်ဆိုင်ဆိုမဝင်ဘူး။
    မဖြစ်သင့်တာတွေပါ…..မျက်လုံးထဲမှာမြင်လို့လဲမကောင်းပါဘူး။

  • ကိုဆိတ်ကြီး

    April 21, 2012 at 3:19 pm

    သနားဖို့ကောင်းတာထက် ဆယ့်လေးငါးနှစ်အောက် လေးတွေဆိုရင် ဥပဒေနဲ့ ငြိမယ်ထင်တယ်။
    ဂျပန်မှာလည်းဒါမျိုးတွေရှိတယ်ကြားတယ်။ ဒီလင့် ကတော့ တိုင်ဝမ်က ကွမ်းယာရောင်းမိန်းကလေးတွေအကြောင်းပါ။

  • pazflor

    April 21, 2012 at 7:37 pm

    ရွာထဲက marketing ဆရာကြီး ကိုဂီ ရဲ ့အမြင်ကိုလည်းသိချင်မိပါသည်

  • နေဝန်းနီ

    April 21, 2012 at 9:18 pm

    ရောင်းသူ ဝယ်သူ အသံတူ
    ကြည်ဖြူတဲ့ပွဲ….။
    ဘာအတွက်နဲ့ ပွဲဆူ
    ပူချင်နေသလေး……..။

  • DEPARKO DEPARKO

    April 26, 2012 at 6:26 pm

    ကျွန်တော်တွေ့လိုက်ရတာတော့ ရှစ်မိုင် Junction 8 နားကဘီယာဆိုင်တစ်ခုမှာပါ ဈေးကစားနေတာကို တွေ့ဘူးလိုက်လို့ပါ

  • windtalker

    April 26, 2012 at 9:01 pm

    နှစ်မယ်ရ ပြည်ရွှေတန် လေးတွေပေါ့ဗျား ။ သူရို ့လေးတွေ အတွက် စည်းစနစ်တကျ အဖွဲ ့အစည်းတစ်ရပ် အမြန်ဆုံး ဖော်ထုတ်ပေးစေလိုပါတယ် ။

  • amatmin

    April 27, 2012 at 12:05 am

    ကြားဖူးတာတော့ ဘန်ကောက်.ဟောင်ကောင် စတဲ့နေရာတွေမှာလည်း အဲ့ဂလို ရှိသဒဲ့ဆို..
    လိုအပ်ရင် အရက်တောင် အတူသောက်ပေး ဆိုပဲ..
    ဒီမှာကတော့ အဲ့ကလိုလုပ်ရတဲ့ အချိန်က ညနေ ၆ နာရီမှ ည ၉ နာရီခန့်လို့ထင်ပါတယ်..
    သူတို့ကို ဘယ်လိုမျက်နှာပေးတွေနဲ့ပဲ ကြည့်ပါစေ..
    သူတို့ကိုယ့်အလုပ်ကိုပဲ လုပ်နေသရွေ့ တော့ အေးဆေးလို့ထင်ပါကြောင်းနှင့်..
    ပိုက်ဆံ ပိုလိုချင်လို့ ကလူမြူ ခြင်းကတော့ သူတို့အပိုင်းသာဖြစ်ကြောင်းမို့..
    မိန်းကလေးတယောက် အနေနှင့် အလှတရားကိုအခြေပြုပြီး
    သူတို့ရောင်းသောပစ္စည်းကို လူဝယ်အောင်လုပ်ခြင်းမှာ
    ငွေရသော သာမန်အလုပ်လို့ ထင်ပါတယ်ဗျ….

Leave a Reply