မိန်းမကြောက်သောသူများနှင့် ခဏတာ

htet wayApril 21, 20121min24530

တခါသား၌ ကျွန်ပ်သည်ပျင်းပျင်းရှိသည်နှင့် ငယ်သူငယ်ချင်း တစ်ယောက်အိမ်သို့ သွားရောက်လည်ပတ်မိချေ၏။အိမ်ပေါ်သို့ လှမ်းအတက်၌ပင် သူငယ်ချင်းက ဖေါ်ဖေါ်ရွေရွေဆက်ဆံလေသည်။
နေရာထိုင်ခင်းပေး၏။ပြီးသော်ခဏနော်ဟုပြောကာ အိမ်နာက်သို့ဝင်သွားလေသည်။ကျွန်ပ်လည်း တွေ့ရာ စာစောင်တစ်ခုကို ဟိုလှန်ဒီလှန်ပြုမိ၏။
ဇနီး။ ။ဟဲ့အကောင် သူက ဘာလဲ
သူငယ်ချင်း။ အော်ငါ့ သူငယ်ချင်းပါ
ဇနီး။ ဘာအလုပ်လုပ်လဲ
သူငယ်ချင်း။ စာရေးဆရာ
ဇနီး။ အောင်မာ စာရေးဆရာဆိုတာငမွဲဟဲ့ တော်ကြာချေးငှားနေရင် ဒုက္ခ ရုပ်ရုပ်ယှက်ယှက်ဟယ်…..
သူငယ်ချင်း။ နင်ကလည်းဟယ်…သူက သမားတော်ဟဲ့ နာမည်ရ ဆရာတစ်ယောက် နင့်ဆီ ပိုက်ဆံချေးမလား
ထိုသို့ တိုးတိတ်တိတ်ပြောဆိုနေကြသည်ကို ကျျွန်ပ်ကလည်း သဲ့သဲ့ ကြားမိလေသည်။သူငယ်ချင်းကပြန်ထွက်လာတော့ မျက်နှာချိုသွေးရယ်ပြသည်။ျရောက်တတ်ရာရာစကားပြောရင်း အလှူတစ်ခုအကြောင်း
ပြောမိရာ အလှူငွေပေးရန်ဝိုင်းဝန်းထည့်ဝင်ရန်ပြောမိသည်။သူငယ်ချင်းက ပျာပျာသလဲနှင့် နောက်တော့ပြောတာပေါ့ ဟု ပါးစပ်ကို လက်ညိုးတစ်ချောင်း ပိတ်၍နောက်ကိုလည်းလက်ပြလေသည်။
အော်မယားကို လေးစားရိုကျိုးရသူပေတကား။
ညတွင် လက်ဖက်ရည်ဆိုင်ထိုင်၍ စကားဝိုင်းဖွဲ့ရန် ငယ်သူငယ်ချင်းကျောင်းဆရာတစ်ယောက်ကိုဖုန်းဖြင့်လှမ်းပြီးဆက်သွယ်ချိန်းဆိုလိုက်မိသည်။
ကျွန်ပ်။ ဟဲလို …ဆရာမျိုးတင့်နဲ့စကားပြောချင်လို့ပါ
အမျိုးသမီးတစ်ဦး။ ဘယ်သူလဲ
ကျွန်ပ်။ ဇော်မင်းထက်ပါ

အမျိုးသမီးတစ်ဦး။ဘာကိစ္စလို့ပြောရမလဲ

ကျွန်ပ်။ အော်မတွေ့တာကြာလို့ပါ
(တဖက်မှ အမျိုးသမီးက သူ့အမျိုးသားကိုလှမ်းခေါ်သံကြားရသည်။ဇော်မင်းထက်တဲ့ ဘာကောင်လဲ ရှင်နော်…
အော်ကွာ..ဒါ ဆရာပါ )
မျိုးတင့်။ ဟုတ် ဆရာ
ကျွန်ပ်။ လက်ဖက်ရည်သောက်ကြွခဲ့ပါလေ ပန်းခြံဆိုင်ကစောင့်နေမယ်။
မျိုးတင့်။ ဟုတ်ဆရာ ခုလာ….ဟဲ့ ငါ ကိုလက်ဖက်ရည်ကိုလာဖို့ခေါ်နေတာပါ ငယ်သူငယ်ချင်းတွေ ဘယ်လိုပြန်ပြောလိုက်ရမလဲ…. အော်ဆရာခုလာခဲ့ပါ့မယ် ဒါပဲနော်
အနှီကျောင်းဆရာကလည်း ဇနီးမယားကို ရိုသေလေးစားစိတ်အပြည့်ရှိသည်ဟုဆိုရပေမည် တမုံ့။
တခါသား၌သူငယ်ချင်းလင်မယားစကားများသည်ကိုကြုံတွေ့ရဖူးလေသည်။ဖြစ်ပုံမှာ ဆိုင်ကယ်စီးသော သူငယ်ချင်းအားလမ်းကြုံလိုက်ရန် ကလေးမလေးတစ်ဦးက ခွင့်တောင်းလိုက်လာခဲ့လေသည်။
ထိုကလေးမလေးသည် အနှီပုဂ္ဂိုလ်နှင့် အိမ်နီးနားချင်းလည်းဖြစ်လေ၏။သို့သော် အသားကို ထိနေတာတောင် စိတ်ထဲမှာ ဘဝင်မကျသူ၎င်းဇနီးမယားက ညည်းတွားရန်ပြုခဲ့လေသည်။ထိုအခါ ထိုလင်သားခမျာ
နောင်တွင် ဆင်ခြင်ပါမည်ဖြစ်ကြောင်း သဘောမကျက ပြောသမျှခံပါ့မည်ဖြစ်ကြောင်း မျက်နှာငယ်နှင့်လွန်တာရှိတာကို ဝန်ခံကတိပြုခဲ့တာကိုတွေ့ဖူးခဲ့လေသည်။အော် အင်မတန်ပင်စာနာစိတ်ရှိသူ
ယောက်ကျားကောင်းပေတကား။
တခါ၌လည်း သူငယ်ချင်းတစ်ယောက်အိမ်တွင် စကားကောင်းနေခိုက် ဘုံကထိန်အလှူခံက အိမ်သို့ ဝင်ရောက် အလှူခံရာ သူငယ်ချင်းက မိန်းမမရှိဘူးအပြင်သွားနေလို့ နောက်မှ လာခဲ့ပါရန်ပြောတာကြုံတွေ့ရပြန်သည်။အော်တိုင်တိုင်ပင်ပင် လုပ်ချင်သည့်သဘောပင်ဖြစ်ပါသည်တမုံ့။
အခါတပါး၌လည်း ညခင်းလက်ဖက်ရည်ဆိုင်ထိုင်စဉ် ကျွန်ပ်ထံဖုန်းဝင်လာသည်။ဟဲလို ဆရာထက်လား ကိုမြသာရှိလား ဟုတ်ကဲ့ ရှိပါသည်ဆိုသော် အခုပြန်လာရန်ပြောပေးပါတဲ့ အိမ်က မဟေသီဒေဝီက ဆက်သွယ်လာသည်ကို ကိုမြသာခမျာ ကုပ်ကုပ်ကလေးပြန်ခဲ့ရရှာလေသည်။ဤသို့ နားလည် နာခံတတ်သူများကိုတွေ့ဖူးခဲ့လေသည်။
တစ်ခါကလည်း မိတ်ဆွေတစ်ယောက်အိမ်နားဆေးကုသွားစဉ် လမ်းကြုံလို့ ဝင်မည်စိတ်ကူး၍ဝင်လေရာ မိတ်ဆွေခမျာ အိမ်ရှေ့ရေကန်နံဘေး ရှိသမျှ အဝတ်တွေလျှော်ဖွတ်နေသည်ကို တွေ့မြင်ရခဲ့၏
ဤသို့ အလုပ်မျှဝေလုပ်ကိုင်ပေးသော ယောက်ကျားလိမ်မာမျိုးရှားပေစွ။မိတ်ဆွေကတော့ ရယ်ကျဲကျဲဖြင့်သာ။
အားရက်နားရက် မိတ်ဆွေအပေါင်းအသင်းများ၏ ရိုကျိုးတတ်သော၊ စာနာတတ်သော စိတ်ကို တွေ့မြင်ပြီးသကာလ အော် အိမ်ထောင်ဘက်ကို ရိုသေ အသက်ရှည်၊ မိန်းမစကား နားထောင်ငြား
ရန်များကင်းဝေး အေးစေလိမ့်ဟုတွေးခေါ်မျှော်မြင်မိလေသည်။ မိမိမိတ်ဆွေတွေနှင့်လက်ဖက်ရည်ဆိုင်ထိုင်လို၍ ချိန်းဆိုတတ်သောကျျွန်ပ်အကျင့်ကိုပြင်ရပေလိမ့်မည်။သူတပါးအိမ်ကို လည်ချင်သော ကျွန်ပ်စိတ်ကို
ပိတ်ပင်ရလိမ့်မည်။ကျွန်ပိသည်လည်း ဤသို့ မကောင်းသောစိတ်ကိုပြင်ရသကဲ့သို့ နားလည်မူကင်းသောစိတ်၊ အမိန့်မနာခံတတ်သောစိတ်၊ လွတ်လပ်လိုသောစိတ်ကိုချိုးနှိမ်ရန်
အနှီ သူငယ်ချင်းတို့ထံသင်ယူရပေချိမ့်။တပည့်ခံ၍ ကျင့်ကြံရပေမည်တကား။
အော်မိန်းမရိုသေ အသက်ရှည် မိန်းမရှစ်ခိုးသွားမကျိုးသောသူများပေတကား။

30 comments

  • manawphyulay

    April 21, 2012 at 8:01 pm

    ဒါက နှစ်ဦးနှစ်ဖက် နားလည်မှုနဲ့ တိုင်ပင်နှီးနောတာလို့ခေါ်တယ် ဆရာထက်ရဲ့…

    အနှီ သူငယ်ချင်းတို့ထံသင်ယူရပေချိမ့်။တပည့်ခံ၍ ကျင့်ကြံရပေမည်တကား။
    အော်မိန်းမရိုသေ အသက်ရှည် မိန်းမရှစ်ခိုးသွားမကျိုးသောသူများပေတကား။
    သူများကို အဲလိုတွေ ကျောရဦးနော် ငရဲကြီးလိမ့်မယ် သိလား…

  • Thel Nu Aye

    April 21, 2012 at 8:29 pm

    အော်ဆရာထက်နှယ်။ ဒုတ်ခေါ ဒီပိုစ့်ဖတ်ပြီးမတော်လူပျိုကြီးတွေများကုန်မှခက်မယ်နော့်။

  • Gipsy

    April 21, 2012 at 8:37 pm

    မိန်းမ အရမ်းကြောက်ရတဲ့ သူငယ်ချင်းတယောက်ကို မေးကြည့်မိပါတယ်…
    “ သူငယ်ချင်း .. မင်း ဘာကြောင့် ဒီလောက် ကြောက်နေရသလဲ ” ….
    သူက ပြန်ဖြေပါတယ် “ ကြောက်တာ မဟုတ် .. ချစ်လွန်းလို့ အလိုလိုက်နေရင်းက
    အများအမြင် ကြောက်နေသလို ဖြစ်သွားရတာပါ ” တဲ့ ဗျား….။
    ကဲ… ကောင်းရော….။ :mrgreen:

  • ပေစိ

    April 21, 2012 at 11:03 pm

    အနော့ ကျ ကျောက်ချရာတိုချိဘူး အဟင့်

  • Foreign Resident

    April 22, 2012 at 6:44 am

    မှန်တာပြောရရင် ၊
    အဘ လည်း မိန်းမ ကြောက်တဲ့ သူတွေထဲမှာ ပါတယ်ကွယ့် ။
    တိတိကျကျ ပြောရရင် ၊
    မိန်းမရဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့် ထိန်းသိမ်းမှု အောက်မှာ နေရတယ်ကွယ် ။

    ခက်နေတာ တစ်ခုက ၊
    အဘက ” မိန်းမကို အရမ်းကြောက်ရပါတယ် ၊ အရမ်းကြောက်ရပါတယ် ” ဆိုတာကို ၊
    တွေ့တွေ့သမျှလူတွေကို အတင်းကော အဓမ္မကော ဝန်ခံနေပေမယ့် ၊
    အဘ မိန်းမ အပါအဝင် ဘယ်သူကမှ မယုံဘူးဖြစ်နေတယ် ။
    လူတွေ ( အထူးသဖြင့် အဘ မိန်းမ ) ယုံသွားအောင်
    ဘယ်လိုပြောင်းပြောရမလဲ မသိ ။ စိတ်ညစ်တယ် ။

    ( မိန်းမ ကြောက်ပါတယ်ဗျို့ ) x အခါတစ်သိန်း ။ ဟဲဟဲ ။

  • ဦးဦးပါလေရာ

    April 22, 2012 at 8:44 am

    မိန်းမကြောက်အစည်းအရုံး
    အဲလေ…. ဇနီးမယားများအားထောက်ထားညှာတာရေးအသင်း ဖွဲ့မယ်ဆိုရင်တော့
    ကျုပ်ကိုလဲ ချန်မထားခဲ့ကြပါနဲ့…။
    ကြောက်တာချင်းတူရင် ကျုပ်က ဝါပိုရင့်တယ်။ 😀 😀

  • htet way

    April 22, 2012 at 9:01 am

    အင်း…ခက်ကုန်ပြီ
    အဘရေ .. မိန်းမက ဂရုစိုက်တယ်ဆိုတာတော့ လက်ခံပါတယ်။
    ကြောက်ရတယ်ဆိုတာတော့ ဘဝင်မကျဘူး။
    တစ်ချို့ က လုံးဝ မလွန်ဆန်ရဲတာပါ။ မန်းဂေဇက်က ဆရာတွေ မိန်းမမကြောက်မှန်း
    ကျွန်တော်သိပါတယ်။အဘမကြောက်ရတာလည်း သိနေပါတယ်
    မနောဖြူလေး
    ကျုပ်ငရဲကြီးချင်လည်းကြီးပါစေ မိန်းမကြောက်ရင် တော့ ..ပြောမှာပဲ ပြောမှာပဲ။
    ဆရာမသဲနုအေး…လူပျိုကြီးတွေ မများနိုင်ပါ ကြောက်တယ်ပြောချင်ပြော .ယူမှာပဲဆိုသူတွေများ၏
    ဆရာGipsy ..ချစ်လွန်းလို့ ဆိုတာတဲ့လား
    ဆရာနာဂရ ..ဆရာပေစိ ဗဟုသုတရအောင် ကျင့်ကြံဖို့ လိုတယ်နော် ကြောက်ဖူးတယ်ရှိအောင်
    ကြိုးစားထားစေချင်ပါတယ်။

  • htet way

    April 22, 2012 at 9:04 am

    ဦးဦးပါလေရာ
    ဆရာရေ ..အကြောင်းသိတွေပဲဗျာ
    ခင်ဗျားရဲ့ စိတ်ကြိုက် ဘဝကို ခြယ်မှုန်းတာတွေ နားလည်မူ မျှတမှုတွေ
    လေးစားပါတယ်။
    ဆရာက အေးချမ်းတဲ့ ဘဝကိုပိုင်ဆိုင်ထားတာပါ။
    မကြောက်တာချင်းတူရင်လည်း ဆရာက ဝါပိုရင့်တယ်လို့ ဆိုမလား

  • blackchaw

    April 22, 2012 at 9:22 am

    ဆရာထက်ရေ။
    မိန်းမကြောက်တဲ့သူတွေကို စာရင်းလုပ်ရင်
    ကျွန်တော်လည်း ထိပ်ဆုံးနားကပါမယ်ဗျ။
    မိန်းမမကြောက်တဲ့ ဆရာထက်ကို
    လေးစားအားကျ မနာလိုစိတ်ဖြစ်မိပါတယ်။
    ဟော ပြောရင်းဆိုရင်း မိန်းမခေါ်နေပြီ.. လစ်ပြီဗျို့…။
    :mrgreen:

  • htet way

    April 22, 2012 at 9:34 am

    အင်း ..မကြောက်ရတဲ့ နည်းတော့ ပေးမှ ဖြစ်တော့မယ်
    ရန်ကုန်လာရင် တော့ ဒီနည်းကို ဖြန့်ဝေမယ်ဗျာ။
    ခင်ဗျားတို့ ဇနီးမောင်နှံကိုတော့ ကျုပ်ကလေးစားသဗျာ
    ယောက်ကျားစာရေးတာကို မိန်းမက အားပေးတယ်.နားလည်မူပေါ့
    ခင်ဗျားဖုန်းပြောတာကို တစ်နာရီလောက် စိတ်ရှည်ရှည် ထိုင်စောင့်တယ်
    နောက် ရှိအုံးမယ်………
    ခင်ဗျားတို့ တွေအေးချမ်းကြတဲ့ မောင်နှံတွေမှန်း ကျုပ်သိပါတယ်ဗျား။
    ခုကျုပ်ရေးတာက လက်ဖက်ရည်ဆိုင်ထိုင်ဖို့ခေါ်တာကို ခွင့်ပြုချက်ယူရတဲ့ သူတွေအကြောင်းပါ
    ခင်ဗျားနဲ့ ကျွန်တော်တို့က တမေ့တမောလက်ဖက်ရည်ဆိုင်ထိုင်ကြသူတွေပဲ။
    ကျုပ် ထင်တာတော့ မိန်းမကြောက်ရသူတွေ ဂေဇက်မှာမရှိဘူးလို့ထင်တယ်
    ဒီလို အချိန်ပေးရတဲ့ အလုပ်ကို မိန်းမကြောက်သူတွေလုပ်လို့မရဘူး။

    • Gipsy

      April 22, 2012 at 3:17 pm

      အချိန်ပေးရတဲ့ အလုပ်ကို မိန်းမကြောက်သူတွေ လုပ်လို့ မရဘူး ဆိုတာ
      တဝက်လောက်ပဲ မှန်မှာပါ…
      ဘာလို့လဲ ဆိုတော့ အပြင်လျှောက်လျှောက်သွားနေရင် ပြဿနာ ပါလာမယ်
      စိုးတာကြောင့်..ကွန်ပျုတာရှေ့ ထိုင်နေတော့လဲ အပူတစ်ပူ အေးတာပဲဆိုပြီး
      ခွင့်ပြုထားတာလဲ ဖြစ်နိုင်သဗျ….။

  • Kaung Myat Htut

    April 22, 2012 at 9:50 am

    ရွာထဲကလူတွေအားလုံးကိုပြောထားမယ်။
    မိန်းမဆိုတာကြောက်စရာလုံးဝမလိုဘူး။
    သူခိုင်းတာသာလုပ်ပေးလိုက်။
    ပြန်လှည့်မကြည့်ရင်တောင်ဖြစ်တယ်။ 😀

  • htet way

    April 22, 2012 at 9:55 am

    မှတ်သားစရာပါပဲ ဆရာလေးရယ်
    ဘာခိုင်းခိုင်းလားကွယ်….ဦးတို့က အသက်လည်းကြီးပြီဆိုတော့….။
    ခုလို ဖတ်ရှု့ပေးတာကျေးဇူးပါ

  • ရဲစည်

    April 22, 2012 at 11:00 am

    မိန်းမကို ရိုသေတာ ချစ်ကြောက်တယ်ဆိုတာ အလွန်ကြီးတဲ့ ပါရမီလို့ဘဲ မှတ်သားမိပါတယ်။အနှီပါရမီထူးအား မဟာယောင်္ကျားများ အားလုံး ဖြည့်ကျင့်သင့်ပါကြောင်း….. :))

  • Moe Z

    April 22, 2012 at 11:12 am

    ဪ .. မိန်းမကို ကြောက်စရာမလိုပါဘူး ဆရာထက်ရယ်
    အချင်းချင်း တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိမယ် နားလည်မှုရှိမယ်ဆိုရင်ရပါပြီ
    ဘဘ FR ပြောဖူးတယ် ဘာတဲ့ မိန်းမတွေက လိမ်ပြောမှကြိုက်တယ်ဆိုလား
    မိန်းမတိုင်းမဟုတ်ဘူးနော် လိမ်ပြောလိုက်လို့ အမှားကို အမှန်ထင်ပြီး တစ်ခဏစိတ်ချမ်းသာဖို့ထက် အမှန်တရားကိုပဲ လက်ခံရင်ဆိုင်ချင်တဲ့မိန်းမတွေအများကြီးပါ
    လိမ်ထားတာပေါ်သွားတဲ့တစ်ချိန်တော့ ပိုပြီးနာကျင်ခံစားရမယ်ထင်ပါတယ် …

    ဆရာထက်ပို့စ်ထဲက မိန်းမတွေကတော့ လေသံနဲ့ အသုံးအနှုန်းနည်းနည်းပြင်းတယ်နော
    တကယ်တော့ အဲလောက်ထိမလိုပါဘူး သူများကြားရင် အိမ်ထောင်ဦးစီးသိက္ခာကျပါတယ်
    နောက်ကြုံမှ မေမေ့ရဲ့နည်းလမ်းတွေမျှပေးပါဦးမယ် :mrgreen:

  • cobra

    April 22, 2012 at 12:14 pm

    အဲဒါတွေကြောင့်မိန်းမ မယူချင်တာ။
    သူတို့ကတော့ယူမယ်ဆိုတာချဉ်းပဲ
    ကျွန်တော့် ကိုလာလာတောင်းနေတာ၃ယောက်ရှိပီ
    ကျွန်တေ်ာ ကလက်မခံတာလေ
    အဲ့ဒုက္ခတွေကိုကြောက်လို့လေ……..(စိတ်ကူးထဲမှာလာတောင်းကြခြင်းဖြစ်သည်။)

  • amatmin

    April 22, 2012 at 12:22 pm

    အော် .ပို့စ်နဲ့ ကွန်မန့်တွေကို တွဲဖတ်ကြည့်ပြီးမှ..
    မိန်းမကြောက်နည်း.ချစ်နည်းအဖြာဖြာ အကြောင်းနားလည်သွားတော့တယ်.. 😛
    ဂလိုတွေသာ ကြိုသိဖတ်မိခဲ့ရင်..အိမ်ကဟာမကြီးကို ရွှေလက်မတွဲခဲ့ပါဘူး.. 🙁

  • အိမ်လွမ်းသူ

    April 22, 2012 at 2:15 pm

    စိတ်ပညာ နဲပတ်သက်တဲ့ သုတေသန တစ်ခုမှာ ဖတ်ဘူးတယ်။ အဲဒီလို မိန်းမရှေမှာ ပြာပြာသလဲနဲ ကြောက်ပြနေတဲ့ ယောင်္ကျားတွေဟာ နောက်ကွယ်မှာ ဖောက်ပြန်မှူ့တွေ နဲ့ မဟုတ်တာတွေကို လုပ်တတ်ကြတယ် လိုမှတ်တမ်းများအရသိရပါတယ်။ တည်တည်တံ့တံ့ နဲ့ ကိုယ်အိမ်ထောင်ဖက် အပေါ်မှာ သစာ္စ ရှိတဲ့ ယောင်္ကျားတွေဟာ အဲဒီအပြုအမူ မျိုးကိုမလုပ်တက်ကြပါ ဘူးတဲ့။

  • Inz@ghi

    April 22, 2012 at 2:19 pm

    Q: What’s da basic difference between arranged marriage and love marriage?
    A: Murder and Suicide !

    😛

  • FattyCat

    April 22, 2012 at 2:35 pm

    အဲဒီလိုဆိုရင်ဖြင့် နယ်စည်းမခြားမယားထိပ်ထားအရက်သမားများသမဂ္ဂလို့တောင် နာမည်ပြောင်းမရမလိုဖြစ်နေပြီ…
    အကုန်လုံးကလဲ ငါ့လိုလူတွေချည်းပဲကိုး….

  • မဟာရာဇာ အံစာတုံး

    April 22, 2012 at 3:10 pm

    ဆရာထက်ရေ …
    အရေးအသားကတော့ အလန်းဇယားပဲဗျာ …
    ကြိုက်တယ်ဗျို့ ….
    လက်မ တစ်ချောင်းထောင်ပြီး အားပေးသွားပါတယ် …
    ကျုပ်တော့ မိန်းမ မရဘူးသေးလို့ သိဘူးရယ် …
    ရတော့လည်း သူမှန်မှန်၊ ကိုယ်မှန်မှန်ပေါ့ …
    ဘာလို့ ကြောက်ရမှာလဲ .. နော့ …

    ထိုအခိုက် ……
    “မောင်ရေ .. ချစ်ကို နေကြာစိ သွားဝယ်ပေးပါဦး”
    ခဏနော် ဆရာထက် … နေကြာစိ သွားဝယ်ပေးလိုက်ဦးမယ် …. 😀 😀

  • ကြောင်ကြီး

    April 22, 2012 at 7:27 pm

    အကျွန်ုပ်ကြောင်ကြီးသည်ကား ဆြာထက်ဝေး၏ ဤစာစုကို ဖတ်ပြီးသကာလ အဖိနှိပ်ခံ ဖိုသတ္တဝါများကိုယ်စား မိန်းမရလျင် နာနာနှက်ရန် ဆုံးဖြတ်ချက်ချလိုက်လေတော့သတည်း..။ မှတ်ချက်။ သဘောတူလျင် မိန်းမရှာပေးဂျပါ… 😳

  • Gipsy

    April 22, 2012 at 8:37 pm

    နာနာနှက်ရင်တော်ပါသေး ..တော်ကြာ တကျွတ်ကျွတ် ဝါးစား နေမှဖြင့် …
    ဆြာ ထက်ဝေးရေ .. ရှာပေးလိုက်ပါဗျို့ …။

  • htet way

    April 22, 2012 at 8:58 pm

    အင်း ခက်ကပြီ ရှာပေးဖို့ဝေလာဝေးပါဗျာ။
    ကိုယ်ရှာပေးလိုက်မှ မယားကြောက်တဲ့ ဘဝတွေရောက်ကုန်ပါအုံးမယ်။
    မဟာရာဇာ အံစာတုံး….ဆရာရေ့ လုပ်ပေးလိုက် ဝယ်ဆိုဝယ်ပေးလိုက်တော်ကြာ…
    ပါမစ်ပိတ်လိုက်အုံးမယ်.လက်ဖက်ရည်ဆိုင် ထွက်ခွင့်။
    ကြောင်ကြီးဆရာခင်ဗျား ရှာပေးရန် မတတ်သာသေး၍ အသာနှက် ရန်ခေတ္တစောင့်ပါ

  • Mandalayer

    April 23, 2012 at 8:30 am

    မိန်းမကြောက်လို့ဆိုပြီး သုံးနေတာပါ။ တကယ်တော့ ကြောက်တာမဟုတ်လောက်ပါဘူး ချစ်လို့ ကြောက်သလိုဖြစ်သွားကြတာ ထင်ပါတယ် 😛

  • htet way

    April 23, 2012 at 9:42 am

    ချစ်လို့ ဆိုတာ ကြားကောင်းအောင်ပါ တကယ်ကြောက်ရသူတွေ ရှိပါတယ်
    ကြောက်တာက တော့ ပုံဏ္ဍန်အမျိုးမျိုးရှိကြပါတယ်။
    အဓိကတော့ မိန်းမစီးပွားရှာတာကို ထိုင်စားနေတဲ့ လူကများတာကိုတွေ့ရတယ်
    မလွန်ဆန်နိုင်တာတခုခုရှိသူတွေအတွက်ပါ။

  • etone

    April 23, 2012 at 11:52 am

    ဆရာထက်ရေ ..ပို့စ်လေးဖတ်ပြီး သဘောကျမိတယ် … ။
    ဆရာထက် ဘော်ဒါတွေက အများအမြင်မှာတော့ … မိန်းမကြောက်တယ် ထင်ရပေမယ့် …. လက်တွေ့ဘဝမှာတော့ … နားလည်မှုရှိတဲ့ လူမျိုး ၊ အတ္တမကြီးတဲ့လူမျိုး ၊ အလျော့ပေးတတ်တဲ့ လူမျိုးလို့ ကျွန်မတော့ မြင်မိပါတယ် … ။

    တကယ်တော့ ယောကျာ်းတွေက အလျော့ပေးတာပါ….. မိန်းမကြောက်တယ်ဆိုတာ မရှိပါဘူး .. ချွင်းချက်အနေနဲ့တော့ …. ကိုယ်ပိုင်ပိုက်ဆံမရှာနိုင်တဲ့ ယောကျာ်း၊ လက်ကြောမတင်းတဲ့ယောကျာ်း ၊ ကုတ်ကမြင်းယောကျာ်းမျိုးပေါ့ .. သူတို့တွေက မိန်းမကို …. ငယ်နိုင်လိုကြောက်ရတဲ့ လူအမျိုးစားများပါပဲ … ။ မိန်းမမရှိလျှင် …. ထမင်းတောင် ကိုယ်တိုင်ဘယ်လို စားရမလဲ မသိတဲ့ လူမျိုးကိုဆိုလိုပါတယ် ။

    အိမ်ထောင်တစ်ခု သာယာဖို့အဓိကက မိန်းမဖြစ်သူပေါ် မူတည်ပါနေပါတယ် .. ရာနှုန်းပြည့်မဟုတ်လျှင်တောင် ရာခိုင်နှုန်းတော်တော်များများ မိန်းမဖြစ်သူပေါ် မူတည်နေတယ်လို့ ကျွန်မလက်ခံယုံကြည်ထားပါတယ် … ။ ယောကျာ်းတွေက ..ကြောက်ဟန်ဆောင်တာကလည်း … မိန်းမကို ပဲ့ကိုင်သူအဖြစ် .. စိတ်ကြီးဝင်စေဖို့ သွယ်ဝိုက်သောနည်းနဲ့ တွန်းပို့တယ်လို့ ထင်ပါတယ် .. ဒါမှလည်း ..အိမ်ထောင်မှု ပိုမိုနိုင်နင်းလိုစိတ် ၊ လင်ယောကျာ်းအပေါ် ဝတ္တရားကျေပွန်လိုစိတ်တွေ မိမိဆန္ဒတွင်းဖြစ်လာမယ်လို့ ထင်တယ် … ။လင်ယောကျာ်းရဲ့ ချစ်ခင်မြတ်နိုးမှုကိုလည်း သိတတ်ပြီး … အိမ်တွင်းရေးအဆင်ပြေပါလိမ့်မယ် .. ။ ဒါကြောင့် ယောကျာ်းတွေက အပေါင်းသင်းများအကြား … သိက္ခာအကျခံပြီး မိန်းမကြောက်ပြရတာထင်ပါရဲ့ … ။ ခဏတဖြုတ်တွေ့တဲ့ ..အပေါင်းသင်းထက်စာလျှင် .. အိမ်မှာ အတူနေ ၊ အမြဲမြင်နေရတဲ့ မိန်းမနဲ့ အဆင်ပြေဖို့ .. ပိုအရေးကြီးတယ် တွေးထားကြပုံပါပဲ … ။ 😛

  • htet way

    April 23, 2012 at 8:19 pm

    “ တကယ်တော့ ယောကျာ်းတွေက အလျော့ပေးတာပါ….. မိန်းမကြောက်တယ်ဆိုတာ မရှိပါဘူး .. ချွင်းချက်အနေနဲ့တော့ …. ကိုယ်ပိုင်ပိုက်ဆံမရှာနိုင်တဲ့ ယောကျာ်း၊ လက်ကြောမတင်းတဲ့ယောကျာ်း ၊ ကုတ်ကမြင်းယောကျာ်းမျိုးပေါ့ .. သူတို့တွေက မိန်းမကို …. ငယ်နိုင်လိုကြောက်ရတဲ့ လူအမျိုးစားများပါပဲ … ။ မိန်းမမရှိလျှင် …. ထမင်းတောင် ကိုယ်တိုင်ဘယ်လို စားရမလဲ မသိတဲ့ လူမျိုးကိုဆိုလိုပါတယ် ။ ”
    သိပ်ကောင်းတဲ့ဒဿနတွေပါဆရာမ
    မိန်းမကို ချစ်ရုံမက နားလည်မူပေးနိုင်ရမယ် စာနာမူ အခွင့်ရေးပေးမူတွေကျွန်တော်တို့
    ယောက်ကျားတွေမှာရှိနေပါတယ်။ သို့သော် တစ်ဦးနဲ့ တစ်ဦး နားလည်မူအလှတရားရှိနိုင်ဖို့ ကျီးရိုသေ ဘုတ်ရိုသေ ဆိုသလို အပြန်အလှန်လေးစားမူ ရှိနေရမယ်လို့ ဆိုချင်ပါတယ်။အခွင့်အရေးလေးတွေပေး
    တတ်စေချင်ပါတယ်။ သရော်စာထဲမှာပါတဲ့ မိန်းမမျိုးတွေလို မဖြစ်အောင် ယောက်ကျားကလည်း
    နေတတ်ထိုင်တတ်ရပါမယ်။ဆရာမပြောသလို မိန်းမကြောက်သူတွေဟာလက်ကြောမတင်းသူတွေများ
    တယ်ဆိုတာ လက်ခံပါကြောင်းနဲ့ ယခုလို ဝေဖန်ပြတာကို လေးစားပါတယ်ဆရာမခင်ဗျား

Leave a Reply