Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်တော်ဖတ်ခဲ့ရသောသတင်းများ(၂၂-၄-၂၀၁၂)

moe moeApril 22, 20121min37512

အစ္စလာမ်ဝတ်ပြုဆောင်ငယ် ဖြိုချခံရမှုနှင့်ပတ်သက်၍ ညီညွတ်စွာ နေထိုင်ကြရန် အရှင်ဝီရသူမိန့်ကြား
ကချင်ပြည်နယ်၊ စိုင်းတောင် အစ္စလာမ်ဝတ်ပြုဆောင်ငယ် ဖြိုချခံရမှုနှင့်ပတ်သက်၍ ဘာသာအချင်းချင်း ညီညွတ်စွာ နေထိုင်ကြရန် မန္တလေး မစိုးရိမ်ကျောင်းတိုက်က အရှင်ဝီရသူက မိန်းကြားခဲ့သည်။
အဆိုပါဖြစ်ရပ်များနှင့်ပတ်သတ်၍ မြန်မာနိုင်ငံအစ္စလာမ့်သာသနာ့ရေးရာကောင်စီက သက်သေခံမှတ်တမ်းမှတ်ရာများကိုစတင်စုဆောင်းနေပြီဖြစ်ကာ နိုင်ငံတော်သမ္မတထံသို့ တင်ပြကာ အရေးဆိုတိုင်တန်းသွားမည် ဖြစ်ကြောင်း သိရသည်။လူနည်းစု အပေါ်မှာအင်အားနဲ့ပဲဖြစ်ဖြစ် ဘာနဲ့ပဲဖြစ်ဖြစ် အနိုင်မကျင့်ဖို့ လိုတယ်။ လူနည်းစုကလည်း လူများစုကို မစော်ကားဖို့လိုတယ် ၊ ဒါက ပထမပိုင်းပေါ့ ၊ အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ အထိကရုဏ်း
မီးကတော့ ငြိမ်းတယ်လို့ရှိမှာမဟုတ်ဘူး ´´ ဟု ရှင်ဝီရသူမှ မိန့်ကြားသည်။မစိုးရိမ်ကျောင်းတိုက်ကအရှင်ဝီရသူမှာ ကျောက်ဆည်လက်ပံဘာသာရေးအရေးအခင်းကြောင့် အကျဉ်းကျခံခဲ့ရသူတစ်ဦးဖြစ်သည်။
ကချင်ပြည်နယ် စိုင်းတောင်တွင် ဧပြီ-၁၂ရက်နေ့က အစ္စလာမ်ဘာသာဝင်များ၏ဝတ်ပြုဆောင်ငယ်အား ဒေသခံရဟန်းသံဃာများနှင့် အရပ်သားများက ဖြိုဖျက်ခဲ့ကြောင်း သိရှိရသည်။
၁၉၉၁ခုနှစ်ကတည်းက ဆောက်လုပ်ထားခဲ့သော ဝတ်ပြုဆောင်ငယ်သည် အချိန်ကာလကြာမြင့်မှုကြောင့် ပျက်စီးယိုယွင်းမှုများကို ပြန်လည်ပြုပြင်နိုင်ရန်အတွက် သက်ဆိုင်ရာသို့တင်ပြပြီးပြုပြင်နေချိန်တွင် ယခုလို လာရောက် ဖြိုဖျက်ခံခဲ့ရခြင်းဖြစ်သည်။“တိုင်တွေကချစားနေတယ်၊မကောင်းတော့ဘူး ပြင်မယ်ဆိုပြီးတော ့ပြင်တာ ၊ အဲဒီလို ပြင်တာကိုလက်မှတ်ထိုးပြီးတော့ တိုင်တယ် ၊ မြို့နယ်အုပ်ချုပ်ရေး ကနေပြီးတော့ ပြင်ဆင်မှု ခဏရပ်ထားပေးပါ ဆိုလို့ ရပ်ထားပေးတဲ့အချိန် ခုလိုဖြစ်တာ´´ဟု စိုင်းတောင်ရှိအစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။ဆိုင်းတောင် ဆိတ်မူရပ်ရှိ ဝတ်ပြုဆောင်ငယ်ဖြိုဖျက်မှုခံနေရချိန်တွင် စစ်တပ်မှ လာရောက်လုံခြုံရေး ပေးထားခဲ့ကြောင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက တာဝန်ရှိသူများမှာလည်း အခင်းဖြစ်ပွားရာနေရာတွင် ရှိနေကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။
“ အားလုံးရှိနေတယ် ၊ စစ်တပ်လဲရှိတယ် လဝက လည်းရှိတယ်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့လည်း ရှိနေတယ် ၊ အကုန်လုံးရှိနေတယ် ၊ သူတို့ရှေ့မှာတင် ဖျက်နေတာပါ ´´ ဟု စိုင်းတောင်ဒေသခံက ပြောသည်။
အစ္စလာမ်ဘာသာဝင်များ၏ ဝတ်ပြုဆောင်အား ယခုနှစ်အတွင်းတွင် ကြားဖြတ်ရွေးကောက်ပွဲမတိုင်တွင် ကျောက်ပန်းတောင်းမြို့မှစတင်ခဲ့ပြီး၊ ရွေးကောက်ပွဲအပြီးတွင် ယခုကဲ့သို့ ကချင်ပြည်နယ် စိုင်းတောင်နှင့် မကွေးတိုင်း၊ ကမ္မမြို့နယ်များတွင်ပါ တောက်လျှောက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
နမ့်ဆန်မှာလူငယ်တဦးကိုရဲတွေကဝိုင်းရိုက်ဖမ်းဆီး
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့မှာ ပလောင်လူငယ်တဦးကို ရဲတွေက ဝိုင်းရိုက်ဖမ်းဆီးမှုဖြစ်ပွားခဲ့ပြီး အဲဒီလူငယ်မှာဦးခေါင်းကွဲသွားပြီး ဦးခေါင်းတွင်ဒဏ်ရာပြင်းထန်မလားလို့စစ်ဆေးမှုတွေပြုလုပ်နေရ ပါတယ်။နမ့်ဆန်မြို့ နမ့်ဝေါလရပ်ကွက်က အသက် ၂ဝ ကျော်အရွယ် ပလောင်လူငယ် မိုင်နိုင်လင်းဟာ ပြီးခဲ့တဲ့နှစ်ဆန်းတရက်နေ့ ဧပြီလ ၁ရ ရက်နေ့မှာရဲတွေကသူထိုင်နေတဲ့စားသောက်ဆိုင်အတွင်းမှဆွဲထုတ်ပြီး ဝိုင်းရိုက် တာကို ခံရတာကြောင့် ခေါင်းကွဲသွားတဲ့အပြင် ဦးခေါင်းအတွင်းဒဏ်ရာရမှာကိုစိုးရိမ်ရတာကြောင့် နမ့်ဆန်ဆေးရုံမှ မန္တလေးဆေးရုံကိုအစစ်ဆေးခံဖို့ ပို့လိုက်ရပါတယ်။
အဲဒီ နှစ်ဆန်း တရက် နေ့ က မိုင်နိုင်လင်း နဲ့ လူငယ် သူငယ်ချင်း တစု ထိုင်နေစဉ် အဲဒီနား ကဖြတ်သွားတဲ့ ရေပက်ခံ ဆိုင်ကယ် က မိန်းကလေး တဦး ကို ဆိုင်ထဲက နေ ရေပက် လိုက်လို့လား တခုခု လုပ်လိုက်သလား အကြောင်းရင်း မသဲကွဲပဲ အဲဒီမိန်းကလေး ဆိုင်ကယ် ပေါ်က ပြုတ်ကျသွားခဲ့ရ ပါတယ်။အဲဒီနောက်ပိုင်း ရဲတွေရောက်လာပြီး မိုင်နိုင်လင်းက အဲသလိုမိန်းကလေးကို ဆိုင်ကယ်ပေါ်က ကျအောင်လုပ်တယ် ဆိုပြီးစွပ်စွဲရိုက်နှက်ခဲ့ကြတာပါ။ဆိုင်ကယ်ကကျသွားတဲ့ မိန်းကလေးအနေနဲ့ အသေးစားထိခိုက်မှု ကလွဲလို့ဒဏ်ရာကြီးကြီးမားမားမရခဲ့ဘူးလို့လည်း နောက်ပိုင်းမှာ သိရပါတယ်။အခုလို ရဲတွေရဲ့ ရိုက်နှက်မှုဟာ မတရား ရိုက်နှက်မှုဖြစ်တဲ့ အတွက်မိုင်နိုင်လင်းရဲ့ မိသားစုမှ အထက်အဆင့်ဆင့်ကိုတင်ပြပြီး ကာယကံရှင်က ရဲတွေကို တရားစွဲဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
မြန်မာ့အင်တာနက်ဖွံ့ဖြိုးရေး ဂျပန်မှ အကူအညီပေးမည်။
မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် တယ်လီဖုန်းဆက်သွယ်မှုကွန်ရက်တိုးတက်ရေးစီမံကိန်းများတွင် ဂျပန်နိုင်ငံက အကူအညီပေးရန်ရှိကြောင်းသိရသည်။
တိုကျိုမြိုကတွင် ဧပြီင်္၂၁ရက်က ကျင်းပသည့် မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးတွင် ဂျပန်က ညွှန်းဆိုပြသသည့် မဲခေါင်ဒေသတွင်းနိုင်ငံ(၅) နိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် အဆိုပါ စီမံကိန်းနှစ်ခုအားရေးဆွဲထည့်သွင်းထားခြင်းဖြစ်သည်။ထိုဖွံ့ဖြိုရေးစီမံကိန်းများတွင် မြန်မာနို်ငငံက (၁၂)ခု။ကမ္ဘောဒီးယားက (၈)ခု၊လာအိုက (၇)ခု၊ထိုင်းက (၄)ခု၊ဗီယက်နမ်က (၂၆)ခုတို့ဖြစ်ကြသည်။
ထိပ်သီးအစည်းအဝေးတွင် အခြေခံအဆောက်အုံစီမံကိန်း (၅၇)ခုကို မိမိတို့အဆိုပြုတင်ပြခဲ့ပါကြောင်း ဂျပန်ဝန်ကြီးချုပ် ရိုရှီဟီကိုနိုဒက ထုတ်ဖော်ပြောကြားခဲ့သည်။
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
မြန်မာအစိုးရတပ်နှင့် ကေအဲန်ယူပူးပေါင်းငွေတောင်းခံဟုဒေသခံပြော
တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်ခွဲ ဆင်ဖြူတိုင်ကျေးနယ်အုပ်စုအတွင်း လှုပ်ရှားနေသည့် မြန်မာစစ်တပ်နှင့် ကေအဲန်ယူ တပ်မဟာ(၄) အောက်ခြေ တပ်ဖွဲ့ဝင်တို့ ပူးပေါင်းကာ ဧပြီလ၁ရက်နေ့မှစ၍ ငွေကြေးများ နေ့စဉ် ကောက် ခံနေသည်ဟု ဒေသခံများက ပြောသည်။
မြန်မာအစိုးရတပ် ရှေ့တန်း စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်(၈) လက်အောက်ခံ နည်းဗျူဟာ(၁)မှူး ဗိုလ်မှူးကြီးကြည်စိုး ဦးဆောင်သည့် ခမရ(၄၁၀)သည် ထိုဒေသရှိ ဝါးတောရွာတွင် စစ်တပ်ဂိတ်ဖွင့်ကာ သွားလာနေသူများကို မေးမြန်းစစ်ဆေးခြင်းအပြင် တစ်ဦးလျှင် ထိုင်း ဘတ်ငွေ ၂၀ဝနှုန်းဖြင့် ကောက်ခံပြီး ရရှိသည့်ငွေများကို ကေအဲန်ယူတပ်ဖွဲ့ထံ မျှဝေပေးနေကြောင်း ဒေသတွင်း သွားလာနေသည့် ကုန် သည်တစ်ဦးက ပြောသည်။သူက “ဝါးတောရွာဂိတ်ကို ဖြတ်သွားတဲ့လူတွေ ဂိတ်ကြေး ပေးရတယ်။ အဲလို တောင်းတဲ့အခါကျတော့ သွားလာတဲ့သူတွေက အခက်အခဲ ရှိပေမယ့် မသွားလာလည်း မရတဲ့အခါကျတော့ သွားရတာပဲ။ ကောက်လို့ရတဲ့ငွေကို ကေအဲန်ယူကို မျှဝေပေးတယ်လို့ သိရတယ်။ ဘယ် လောက်လဲတော့ မသိဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။အဆိုပါဂိတ်ကို တစ်ရက်လျှင် ဖြတ်သန်းသွားလာသူ ဒေသခံ အပါအဝင် ခရီးသည် ၁၀ဝ ဝန်းကျင်ရှိသလို ဆင်ဖြူတိုင်ကျေးရွာအုပ်စုတွင် ကေအဲန်ယူ လက်အောက်ခံ ဗိုလ်မောင်ကြည် ဦးဆောင်သည့် အင်အား ၂ဝခန့်ရှိ တပ်ဖွဲ့တစ်ဖွဲ့ လှုပ်ရှားလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် အဆိုပါအစိုးရတပ်များသည် နယ်မြေခံ ကေအဲန်ယူအဖွဲ့နှင့် ပူးပေါင်းကာ သစ်တောထွက် ပစ္စည်းများကို ထိုင်းနိုင်ငံသို့ ခိုးထုတ် ရောင်းချနေပြီး ထိုသို့လုပ်ဆောင်မှုကို ကေအဲန်ယူအထက်ပိုင်းသို့ တင်ပြခြင်းမရှိကြောင်း ကေအဲန်ယူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။၎င်းဝါးတောရွာဂိတ် ငွေကြေးကောက်ခံမှုနှင့် ပတ်သက်၍ ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းအား ကေအိုင်စီ က ယနေ့ မေးမြန်းရာ တစုံတရာ မကြားသိရသေးကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။ဝါးတောရွာသည် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်၊ ဆာယို့မြို့နယ် ဘောတီကျေးရွာနှင့် ၂မိုင်ကျော် ကွာဝေးပြီး အမိုရွာနှင့် ဆင်ဖြူတိုင်ရွာအ ကြားတွင် တည်ရှိသည်။ ဆင်ဖြူတိုင်ကျေးနယ်အုပ်စုရှိ ဒေသခံများသည် အများအားဖြင့် တောင်ယာ၊ လယ်ယာနှင့် သစ်လုပ်ငန်းများကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လျှက်ရှိသည်။
မြန်မာအစိုးရနှင့် ကေအဲန်ယူတို့ အပစ်ခတ်ရပ်စဲရေး သဘောတူမှု ရရှိပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း အစိုးရတပ်နှင့် ကေအဲန်ယူ အောက်ခြေတပ်တို့ လူထုထံ ငွေကြေးကောက်ခံခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

12 comments

  • moe moe

    April 22, 2012 at 4:37 am

    လိုအပ်ချက်လေးများရှိရင် ပြောဆိုဝေဖန်ပေးကြပါခင်ဗျာ။

  • ချစ်ရင်ထူးနှစ်

    April 22, 2012 at 6:48 am

    သတင်းကတော့ အစုံပါပဲလား ..
    မနက်စောစောစီးစီး ကောင်းလိုက်တာဗျာ
    နောက်လည်း အဲလိုလေး တင်ပြ ပေးပါဦးနော်
    စောင့်နေပါ့မယ်
    ခင်တဲ့
    ခ ရ ထ. ၂

  • htoosan

    April 22, 2012 at 6:55 am

    4. အခြားမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ။

  • Swal Taw Ywet

    April 22, 2012 at 7:15 am

    Dear Moe Moe,
    Please let me advice as last.OK?
    I remember one of your comments. If I am not wrong you told once-
    you would like to be a Journalist, Right?
    Please try to put your remark and ideas on the news what you quoted.
    Don’t do just copy from other web sites, you will become a copier.
    Please keep the dignity of your pages and MG.
    thanks you.
    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • ဗိုက်ကလေး

    April 22, 2012 at 11:33 am

    ဖြစ်နိုင်ရင် ဒီလိုသတင်းပေါင်းစုံလေး တာဝန်ယူတင်ပေးချင်တယ်ဗျာ…
    သူတို ့သတင်း မကူးပါနဲ ့လို ့ ကြော်ငြာထားတဲ့ဆိုဒ်ကလွဲလို ့ပေါ့..
    အူးထူးဆန်းပြောသလို ကိုယ်ပိုင်အမြင်လေးနဲ ့ အရေးကြီးတာလေးတွေ ဟိုက်လိုက်လုပ်ပြီး စုစည်းတင်ပြရင် အကျိုးမယုတ်ပါဘူး

  • moe moe

    April 22, 2012 at 9:12 pm

    ကျွန်တော့် ပို့(စ်)ခေါင်းစဉ်ကိုက ကျွန်တော်ဖတ်ခဲ့ရသောသတင်းများ လေဗျာ။
    ကျွန်တော်ကိုယ်တိုင်စုံစမ်းသိရှိခဲ့သောသတင်းများလို့ တင်တာမှမဟုတ်ဘဲ။
    မူရင်းဆိုဒ်ကို မဖော်ပြတာက ကျွန်တော့်တို့မှာအချိန်ကငွေနဲ့လဲလှယ်နေရတဲ့ဘဝလေဗျာ။ အင်တာနက်အသုံးပြုခက(၁)နာရီ(၅၀၀)ဗျ။
    ကျွန်တော်သိခဲ့/ဖတ်ခဲ့ရတဲ့သတင်းတွေကို ရွာသူရွာသားတွေတစ်နေရာတည်းမှာတစ်စုတစ်စည်းထဲ ဖတ်ခွင့်ရစေချင်လို့။ သတင်းတစ်ပုဒ်ချင်းစီကိုဆိုက်တစ်ခုချင်းလိုက်ဖွင့်နေရင် အချိန်ကုန်မယ်/ကျွန်တော့်လို အပြင်ဆိုင်မှာနက်သုံးနေရသူတွေဆိုရင် အချိန်ပိုကုန်မယ်/ကော်နက်ရှင်မကောင်းရင်စောင့်နေရမယ်။ အဲဒီဒုက္ခတွေကို မခံစားချင်တဲ့စေတနာနဲ့ဒီလိုလုပ်ရတာပါ။ ဒီထက်ပိုကောင်းအောင်ကြိုးစားနေပါတယ်။
    မကြာခင်အချိန်မှာ ကျွန်တော်ကိုယ်တိုင်သတင်းတွေစုံစမ်းတင်ပေးနိုင်အောင်ကြိုးစားနေပါတယ်။
    သူကြီးအားအမှုးထား——–တစ်ရွာလုံးကိုလေးစားလျှက်
    မိုးမိုး

    • Mလုလင်

      April 22, 2012 at 10:48 pm

      ငွေနဲ့ လဲလှယ် ပေးနေတဲ့အတွက် . ကျေးဇူးတင်ပါတယ်ဗျာ … တကယ်လို့ ကူးမယ် ဆိုရင်လဲ credit လေး … ပေါ့ဗျာ .. ဘယ်ဂျာနယ်က ကူးပါတယ်။ ဘယ် link က ကူးပါတယ် ပေါ့။ ကိုယ့် ဆြာ … တစ်ယောက် ပင်ပင်ပန်းပန်း သတင်းလိုက်ပြီးမှ .. အဲ့ သတင်း ကို ဒီလို ကူး ခံရပြီ ဆိုမှ .. ကိုယ်ချင်းစာတတ် မယ် ဆိုလဲ နောက်မကျ ပါဘူး။ ခံရတဲ့သူက နဲနဲ စပ်ဖျင်းဖျင်း တော့ ဖြစ်သဗျ …
      ချစ်လို့ ပြောတာနော့ …
      Mလုလင်

    • Swal Taw Ywet

      April 23, 2012 at 12:20 am

      Dear Moe Moe,
      Thanks for your thoughts.
      BUT….. so sorry. It was wrong.
      For MG, we don’t need your type of copying.
      We have to respect the reporters / journalists and we do respect them.
      Some of our MG villagers are also trying to save their duty of a good citizen.
      It meant Citizen Journalists.
      Please stop your copying works.( It is a request behalf of other villagers. )
      You should know the meaning of DIGNITY.
      Thank you for your stopping.
      Dear..
      Now I am at Qatar, Middle east.
      Internet Connection is 100 M Bps ( Wifi ) and free for us ( Company provided ).
      So, to help 2000 Group, I copy and post honestly and showing the main writer.
      I just post the activities of 2000 Group under permission from Daw May Aye Oo and previous author Ma Ma Padonma.
      ( I showed their letters in posts —–2000 Group B-1 and B- 2.)
      Those posts only I copied from her FB and posted on MG to distribute / share the good deeds of 2000 Group.
      If I could not write down by my self ( Own story ), I don’t post on MG.
      It is better for Mandalay Gazette’s Dignity and Honesty.
      Please….
      Let’s try our best for our mother land, Just start from MG.
      With respect,
      Swal Taw Ywet.

  • htoosan

    April 22, 2012 at 9:31 pm

    မိုးမိုးရေ ..သူများဆိုဒ်က သတင်းသွားကူးပြီးတင်ရင် တစ်ချို့ဆိုဒ်တွေက သူခိုးပါဆိုပြီးပြောလို့ သူကြီးခင်ဗျာ တောင်းပန်ရရှာပါတယ် ။ ဒါကြောင့် သူကြီး စည်းကမ်းထုတ်ထားတာပါ ။

    ကျွန်တော် ကိုယ်နိုက်လည်း ခင်ဗျားလိုဘဲ စိတ်ရင်းစေတနာနဲ့ သူများဆိုဒ်က( eleven media) က သတင်းများကူးတင်ဘူးပါတယ် ။ သူတို့ ရဲ့ ဆိုဒ် ဘယ်စာမျက်နှာ က ကူးတာပါဆိုတာ အတိအကျ ညွှန်းဆိုပါတယ် ။ဒါတောင်မှ eleven media က သူတို့ ရဲ့ သတင်းများ ကို သူတို့ခွင့်ပြုချက်မရဘဲ ကူးမတင်ရဆိုပြီး အသိပေးကြေညာခြင်းပြုလုပ်ခဲ့ပါသည် ။

    သစ်ထူးလွင် ဆိုဒ်မှာလည်း ဒီသတင်းတွေ ဖတ်လို်က်ရပါတယ် ။ ကိုမိုးမိုးရဲ့ စေတနာကို အသိအမှတ်ပြုပေမဲ့ ဆိုဒ်တော်တော်များများက ခွင့်ပြုချက် မတောင်းခံဘဲ တင်ရင်မကြိုက်ပါဘူး။

    • Mလုလင်

      April 22, 2012 at 10:37 pm

      ဦး ထူးဆန်းကို လေးစားပါ၏။ စိမ်းပေးခဲ့တယ် ဗျို ့ ..။

  • Swal Taw Ywet

    April 23, 2012 at 1:06 am

    Dear brother, Moe Moe,
    Please let me copy from my own post-
    “ တစ်ယောက် တစ်လက် ဝိုင်းလို့ကူ၊ ဂေဇက်ရွာကြီး ကောင်းဖို့ ကောင်းဖို့ ”
    Posted by Swal Taw Ywet on Mar 5, 2012 in Creative Writing, Think Different | 24 comments
    ——
    ဒီပို့စ်အစပိုင်းမှာ ပါတဲ့ကဗျာလေးကို ပြန်ကောက်ပါ့မယ်။
    “သူကြီးအိမ်မြောက် ရွာသားဆောက်သည့်
    ကွန်းထောက်ခိုရာ ကွပ်ပျစ်သာဝယ်”တဲ့
    သူကြီး က နေရာပဲ ပေးခဲ့တာ ခင်ဗျ။ ကွပ်ပျစ်ကိုကျနော်တို့ ရွာသားတွေဘဲ ဆောက်ရမှာပါ။
    (ရွာသူတွေကတော့ ရေနွေးကြမ်းလေး၊ လက်ဖက်သုတ်လေး၊ ထန်းလျှက်ချိုလေး တာဝန်ယူပေးပေါ့နော်
    များလေကောင်းလေ …..ဟေဟေ. …)
    ကျနော်တို့ရွာ အတွက် ကျနော်တို့ ဆောက်မဲ့ကွပ်ပျစ်လေးကို သစ်ကောင်း ဝါးမွန်တွေနဲ့ဘဲ ဆောက်ကြရအောင်ပါဗျာ။ သစ်ဆွေး ဝါးယောင်း ပါနေခဲ့ရင် စောစောကတည်းက ဘေးဖယ်ပေးထားကြပါလား?
    လူကြီးတွေစကားပြောလို့မောရင် ကလေးတွေတစ်လှည့် ကွပ်ပျစ်ပေါ်တက် ဆော့ကြဦးမှာ ဟုတ်?
    သူတို့လေးတွေ စိတ်ချလက်ချ ဆိုနိုင် ကနိုင်ဘို့ ကွပ်ပျစ်လေး ခိုင်မာတောင့်တင်းနေဘို့လိုပါတယ်။
    ဆရာသစ် ခရီးမထွက်ခင်မှာထားခဲ့တဲ့ AWARENESS ပါ ဂေဇက်ကို မြတ်နိုး တန်ဘိုး ထားစေချင်ပါတယ်။
    ဂေဇက်နဲ့ပတ်သက်ပြီး ကျနော့်ကို ထိန်းချုပ်ထားတဲ့ Own MOTTO လေးနဲ့ ရပ်တည် ရေးသားနေတာပါ။ လုပ်ငန်းခွင်မှာလဲ အသုံးချနေပါတယ်ခင်ဗျ။
    အရင်ပို့စ်တစ်ခုမှာ ပြောပြထားတဲ့
    “ မန ္တလေးဂေဇက်က ရွာသားတစ်ယောက်ဖြစ်နေလို့ ညံ့လို့မရဘူး၊ ညံ့ခွင့်မရှိဘူး” ဆိုတဲ့စကားပါ။
    (SOFT POWER ကိုရည်ညွှန်း)
    အနီးကပ်ဆုံး ရောက်တဲ့နေရာက စ “ ပြောင်း ” ကြပါစို့။
    အမှန်ရောက်အောင် ချက်ချင်းမပြောင်းနိုင်သေးရင်တောင် အနည်းဆုံး အမှားတွေတော့ ထပ်မလုပ်ကြပါစို့ရဲ့
    ကြီးကြီးကျယ်ကျယ်တိုင်းပြည်နဲ့ချီပြီးမပြောတော့ပါဘူးနော…..
    သူကြီးတောင်းဆိုထားခဲ့သလို ကိုယ်ရေးတဲ့စာကိုကိုယ်ဘဲတာဝန်ယူပြီး
    ကောင်းသည်ထက်ကောင်းအောင် ကြိုးစားကြစို့လား………
    ကိုယ်သန်ရာသန်ရာပေါ့ –

    ရွှင်လန်းချမ်းမြေ့ကြပါစေ———

    Dear brother Moe Moe,
    I believed that you can understand / accept our point of views.
    Thanks you.

    With respect,
    Swal Taw Ywet.

  • moe moe

    April 23, 2012 at 1:59 am

    ကောင်ပါပြီဗျာ..နောင်တော်ကြီးများကဆုံးမလာတော့လည်း ကျွန်တော်အနေနဲ့ကမနာခံရင်
    လူလိမ္မာသားမပြီသရာကျမယ်။ကျွန်တော်ဖတ်ခဲ့ရသောသတင်းများ(၂၃.၄.၂၀၁၂) လေးတော့ တင်းပြီးဖြစ်နေလို့နားလည်ပေးကြပါနော်။ရွာသူ/ရွာသားအပေါင်းမှ မနှစ်သက်ဘူဆိုရင်လည်း နောင်များမှပဲ ကိုယ့်ပိုင်သတင်းများအား တင်ပါတော့မယ်ဗျာ။

Leave a Reply