ရောဂါဆိုးတာ ဆေးမတိုးတဲ့သဘောလား..

ဇောက် ထိုးApril 24, 20121min1309

ဒီနှစ် သင်္ကြန်…အပျံ့ဆုံးသတင်းက..လူငယ်တွေ သရုပ်ပျက်။ အမျိုးသမီးများ အဝတ်အစား..ဘီယာသောက်မှု။ ဘာကြောင့်ဒီလိုဖြစ်လာတာလဲ။ မြန်မာက ကမ္ဘာမှာလဲ အမွဲစာရင်းထဲဝင်နေတယ်။ မလှူလို့လို့ပြောရအောင်ကလဲ…ဝါဆိုသင်္ကန်းပွဲ။ ဝါတွင်းသီလပွဲ။ သီတင်းကျွတ်ကထိန်ပွဲ။ ရပ်ကွက်ဘုရားပွဲ။ ရပ်ကွက် တိုင်းက ဆွမ်းလောင်းအသင်း။ သားသျမီးများရှင်ပြုပွဲ။ အားလုံးပေါင်းရင် ပွဲအရေးအတွက်က 12=ထက်အများကြီး။ ဒါမျိုးအလှူတွေဘယ်နိုင်ငံမှာများ ဒီလောက် များသလဲ။ ဒီလိုဆို မလှူလို့လို့ပြောဦးမလား။ လူငယ်တွေယဉ်ကျေးမှု။ ယဉ်ကျေးမှုသင်တန်းတွေ။ သင်္ကြန်ဒုလ္လဘတွေဆို မနည်းမနော။ သင်္ကြန်တရားစခန်းတွေ တပုံတခေါင်း။ ညတရားပွဲတွေ ပရိသတ်ထောင်သောင်း..
ဓမ္မကထိကတွေ ရက်ရဖို့က လပေါင်းများစွာ။ အလှူငွေတွေ ဘုရားလက်ထက်က ဂါထာတစ်ပုဒ် တစ်ထောင်..ဒီနေ့ ဂါထာတပုဒ် သိန်းဂဏန်း အမြောက်အများ။ တမြို့နဲ့ တမြို့ တရားနာများသွားလိုက်ကြသေး။ ကားအကြီးကြီးတွေနဲ့ လူတွေအများအပြား။ စီဒီခွေနဲ့နားထောင်ရင် ငွေသိပ်မကုန် ပေမယ့် ငွေတွေအများကြီးကို အကုန်ခံပြီး အဝေးကြီးတွေကို တရားနာသွားကြတာ။ အဲဒီလို လှူတဲ့နိုင်ငံ။
အဲဒီလောက် တရားစခန်း။ တရားပွဲ။ ယဉ်ကျေးမှု သင်တန်း။ ဒုလ္လဘရဟန်း။ သီလဆောက်တည်မှုများတဲ့ နိုင်ငံ..ဘာကြောင့်….ဘာကြောင့်…များ။

ဆပ်ပြာကောင်းရင် ခေါင်းပေါင်းဖြူရမယ်။ ဆပ်ပြာနဲ့အကြိမ်ကြိမ်လျှော်ဖွပ်ပါလျှက်နဲ့ ခေါင်းပေါင်းဖြူမလာဘူးဆိုရင်…ဆပ်ပြာကို စဉ်းစားသင့်တယ်။မဖြူဖြူ.. =
ဖြူဖြူ ဆက်လျှော်နေကြဦးမှားလား။
သွားပါများ ခရီးရောက်ဆိုပေမယ့်..လမ်းမှားကိုသွားလို့ကတော့ ဘယ်တော့မှ လိုရာရောက်မှာမဟုတ်ဘူး။ ဒီလောက်ကြီးသွားနေပြီး လိုရာမရောက်တဲ့ ခရီးဆက်သွားနေကြဦးမှာလား။ မြေပုံအညွှန်းလေးကို ပြန်မစစ်ဆေးကြတော့ဘူးလား။
ဆေးကောင်းရင်…ရောဂါပျောက်ရမှာ…ဆေးတွေအကြိမ်ကြိမ်သောက်ပါရက်နဲ့ ရောဂါမပျောက်ရင်..အဲဒီဆေးက ဆိုးကျိုးဘက်ကိုရောက်သွား နိင်တယ်နော်။ ပြီးတော့ ရောဂါပါမွေးထားသလိုဖြစ်သွားမယ်။ ကိုယ့်သောက်တဲ့ဆေးတွေအကြောင်းမလေ့လာကြတော့ဘူးလား။ ဝဋ်နာ ကံနာလို့ လုပ်နေကြ တောမှာလား။ စဉ်းစားကြစေချင်ပါတယ်။ သားသမီးမကောင်း မိဘခေါင်းတဲ့။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ မိဘက ဘယ်သူလဲ။
ဘုရားလက်ထက်က တစ်ရက်။ နှစ်ရက်။ တစ်လ။ နှစ်လ။ သိပ်မကြာလှတဲ့အချိန်လေးမှာ လူတွေမှာ ကိလေသာကင်းသွားပြီး တရားရသွားကြ တယ်။
ဒီနေ့ ဘုရားမရှိကတည်းက နှစ်ပေါင်း နှစ်ထောင်ကျော်။ ထုတ်လိုက်ကြတဲ့ တရားစခန်းတွေ။ တစ်ဦးတစ်လေလေးတောင် သောတာပန်လေး ဘာလေး ဖြစ်သွားတယ်မကြားရဘူး။ သူတို့က ပါရမီမပါကြလို့လို့ပြောမလား။ ဘုရားက ပါရမီပါမှ တရားရမှာလို့ပြောခဲ့သလား။ ပါရမီဆိုတာ မြင့်မြတ်သူတို့ရဲ့ လုပ်ရပ်လို့ဆိုရင်…ဒီနေ့တရားမရတာ မြင့်မြတ်သူတို့ရဲ့လုပ်ငန်းစဉ်မဟုတ်လို့လား။ ပါရမီဆိုတာ ပါလာရမှာလား။ ပါရမီ ဆိုတာရှိရမှာလား။ ဘုရားက ငါဘုရားသာသနာမှာ မဂ္ဂင်အကျင့်တွေကျင့်သုံးနေကြသမျှ ရဟန္တာမရှားဘူးလို့မှာခဲ့တာမဟုတ်လား။ ပါရမီပါသူတွေရှိနေသမျှ ရဟန္တာ မရှားဘူးလို့မှာခဲ့တာရှိသလား။ ခုနှစ်ရက်နဲ့ အပြတ်။ တစ်လနဲ့ဘာဖြစ်မယ်။ ညာဖြစ်မယ်နဲ့…..ကောင်းလိုက်တဲ့ဆေးကြော်ငြာတွေ။ ဆေးဖော်သူတွေကိုယ်တိုင်ပင် နဖူးမှာအနာတွေနဲ့…..ဘာကြောင့် မစဉ်းစားမိကြသလဲ။ ဘာကြောင့်ညာကြောင့်မှ ရေးတာမဟုတ်ဘူး။ သင်္ကြန်ကိစ္စကနေ စဉ်းစားမိတယ်။ အဓိကစိတ်ထဲမှာ ခံစားမိတာတော့…ဒါဒို့မြန်မာနိုင်ငံကွလို့ ဟစ်ချလိုက်ချင်တာ စီးပွားရေး…ပညာရေး…လူမှုရေး…ကျန်းမာရေး…စိတ်ဓာတ်တွေ..သူများတွေကိုမမှီသေးပါလားလို့ခံစားလိုက်ရလို့ပါ။ အမှားပါရင် ခွတ်လွတ်ကြဖို့ ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။ မှားရင်ပြင်ပေးကြပါ။ ကျွန်တော်မှန်တယ်ထင်တာကိုလဲ..ပြန်ပြောခွင့်ပြုပါ။

9 comments

  • အမေရိကန်ငတုံး

    April 24, 2012 at 7:32 pm

    သိပ်မှန်တာပေ့ါကိုယ်လူရာ ဘာသာရေး ဘာသာရေးပြောနေကြတဲ့လူတွေ
    သူတို.ရင်ထဲမှာဘယ်လောက်ဖြူစင်နေကြလဲဆိုတာကိုယ့်ကိုကိုယ်ပဲသိကြမှာပေါ့။
    ကျုပ်တိုဗမာလူမျိုး သူတစ်ပါးဆိုရင်သိပ်လက်ညိုးထိုးတတ်ကြတာ။ကိုယ့်ကိုလာထိရင်
    နည်းနည်းလေးမှမခံနိုင်ဝူး။ဒီမိုကရေစီနိုင်ငံသားဆိုတာရင့်ကျက်တဲ့စိတ်ဓာတ်ရှိဖို.လိုတယ်
    ဆိုတာအရေးကြီးတယ်လို.တော့ထင်တယ်။စကားမစပ် ကျုပ်လည်းဗမာနိုင်ငံသားစိတ်ဓာတ်အပြည့်ဗျ
    :mrgreen:

    • mggwa

      April 28, 2012 at 4:46 pm

      “- – – – – “မျိုးဟေ့ ဒို့ ဗမာ။

      ကိုယ့်ဖာသာ ကိုယ်ဖြည့်ကြည့်ကြပါ။

  • နေဝန်းနီ

    April 24, 2012 at 9:22 pm

    အဲသဟာပြောနေတာပေါ့…။ ဒါကိုများ MRTV မှာ စောက်ရှက်မရှိ ……. မြန်မာ့ယဉ်ကျေးမှု မဟာ သင်္ကြန်တဲ့…။ မဟာ ဆိုတာကြီးက ပါလိုက်သေးရဲ့…။ ဘာတဲ့ နှစ်ဟောင်းက အညစ်အကြေးကို အတာရေနဲ့ ဆေးကြောတာတဲ့….။ ရယ်ချင်လိုက်တာ…..။ အဲဒိအယူအဆက ဘယ်ကလာတာလဲ…..။ (ခွင့်လွှတ်ပါ….။ ကိုယ်ဟာတွေ စောက်သုံးမကျလေတော့ သူများဘာသာက အလေ့အထယူ သုံးထားလေတော့ အဲဒိဘာသာ ကိုတော့ ပြောရပါလိမ့်မယ်…။ သာစေနာစေလိုလို့ပြောတာမဟုတ်ပါဘူး…။ ဒါက ဗုဒ္ဓ္ဓ ဘာသာရဲ့ အယူအဆ မဟုတ်ပါဘူး) အဲဒိဘာသာရဲ့ လွှမ်းမိုးချယ်လှယ်မှုကို ဟုတ်နိုးနိုးနဲ့ လိုက်ယောင်နေတာကြီးကို ….။ အဲသဟာကို ဆရာတော် မေတ္တာရှင် (ရွှေပြည်သာ) ကရှင်းထားပြီးသားပဲ…။ မြန်မာတွေ ဘာလို့ လှူရင်းမွဲနေရသလဲဆိုတာ…….။
    သောတာပန် ဖြစ်အောင် ကတော့ တရားထိုင်နေဖို့တင်မဟုတ်ဘူး…။ သူတော်ကောင်းတရားကိုလည်း အခါအားလျောစွာနာကြားရတယ်…။ ခုတော့ သူတော်ယုတ်နဲ့ပေါင်းပြီး အကြံအစည်ဆိုးတွေချည့်ကြစည်နေကြတာ …..။ ဖြစ်ပါ့မလား ….။ ဇောက်ထိုးရယ်…။ လောကကြီးကလည်း တစ်ကယ့်ဇောက်ထိုးကြီးပါပဲ…။ မင်းကလည်းဇောက်ထိုးဆိုတော့
    ဇောက်ထိုး+ဇောက်ထိုး = အတည့် ဖြစ်နေမလားမသိဘူးနော်………..။

  • Gipsy

    April 24, 2012 at 9:32 pm

    ဒါဒို့ပြည် ဒါဒို့မြေ ဒို့ မပိုင်တဲ့မြေ….
    အကျိုးကို ညီညာစွာ ဒို့ တစ်တွေ ထမ်းဆောင်ပါစို့လေ..
    ဒို့တာဝန်ပေ…..။

  • Gipsy

    April 24, 2012 at 9:36 pm

    ဇောက်ထိုး ခြောက်ကိုး..
    ကင်းမြီးကောက်ထောင်ရင်လဲ ဇောက်ထိုးပါပဲ… ဒီတော့ကာ…
    ဒါဒို့ပြည် ဒါဒို့မြေ.. ဒို့ မပိုင်တဲ့မြေ…
    အကျုးိကို ညီညာစွာ ဒို့ တတွေ ဗြောင်းဗြန်လှန်စို့လေ..
    ဒို့တာဝန်ပေ…..။

  • နေဝန်းနီ

    April 28, 2012 at 6:01 pm

    ရောဂါဆိုးတာနဲ့ ဆေးမတိုးလို့ခွုစိတ်ကုနေပြီထင်ပါ့
    တွေ ့လို့တင်လိုက်ပါတယ် ဖြစ်နိုင်မဖြစ်နိုင်တော့ မသိပါ

    ပြည်ထောင်စု ဝန်ကြီး ၅ ဦး အနားပေး လိုက်ပြီ

    Written by ဒီမိုဝေယံ

    မနှစ်က တရုတ်ပြည် ရှန်ဟိုင်းရောက် ဗိုလ်ကျော်ဆန်း
    Untitled-4

    ၁။ ဦးကျော်ဆန်း (ပြန်ကြားရေး ဝန်ကြီး)
    thin_san

    ၂။ ဦးတင့်ဆန်း (မြန်မာ့ဟော်တယ်နှင့်ခရီးသွားလာရေး နှင့် အားကစားဝန်ကြီး)

    ယခုနှစ် ၆လပိုင်းက တရုတ်ပြည်ရောက် ဧရာဝတီ လျှပ်စစ်ပရော်ဖက်ဆာ ဦးဇော်မင်း
    zawmin

    ၃။ ဦးဇော်မင်း (အမှတ် ၁လျှပ်စစ်ဝန်ကြီး)

    winyiae

    ၄။ ဦးဝင်းမြင့် (စီးပွားကူးသန်း ဝန်ကြီး)

    ၅။ ဦးကျော်စွာခိုင် .. (အမှတ် (၁) စက်မှုဝန်ကြီး)

    တို့အား ပြည်ထောင်စု ဝန်ကြီးများ ဘဝမှ အနားပေး လိုက်ပြီ ဖြစ်ပါကြောင်း သမ္မတရုံးမှ လာသည့် သတင်းများအရ သိရပါ သည်။

    သတင်း — ဒီမိုဝေယံ
    http://multiplygroups.multiply.com/reviews/item/494

    • ဗိုက်ကလေး

      April 28, 2012 at 6:16 pm

      ကောင်းတယ်

  • MaMa

    April 28, 2012 at 8:51 pm

    ဒီဆေးကောင်းနိုး၊ ဟိုနည်းကောင်းနိုးနဲ့ ..
    အင်းးးးးးးး လူမမာ ဖြူကာပြာကာဖြစ်လို့ …..
    တစ်ဘဝငြိမ်းသွားမှာတောင် စိုးရိမ်မိပါရဲ့… 🙁

    • နေဝန်းနီ

      April 28, 2012 at 9:13 pm

      အဲဒိတော့လည်း ကိုညီထွဋ်သီချင်းလိုပဲ…။ အားလုံးပဲဟောင်နွမ်းလွန်းလို့ အသစ်ကပြန်စ ကြစို့…….. ပေါ့ မမရယ်…။

Leave a Reply