ကူညီကြပါဦး

မင္း သာဂီApril 24, 20121min11712

ကျွန်တော်သားက အိမ်မှာရှိတဲ့ဘုရားစင်ပေါ်ကဘုရားရုပ်ပွားတော်ပေါ်မှာ ကပ်နေတဲ့ အိမ်မြောင်ကို သရေကွင်းနဲ့ပစ်နေပါတယ်။
ကျွန်တော်က မိဘဆိုတော့….ငါ့သား အဲလိုမလုပ်ရဘူး။ ဘုရားရုပ်တုကို မှန်သွားရင် ငရဲကြီးလိမ့်မယ်။ လို့ပြောဆိုပါတယ်။
အဲဒီတုန်းက ဘာမှပြန်မပြောပေမယ့်…လေးငါးရက်လောက်ရှိလာတဲ့ တစ်နေ့….
အဖေအဖေ…ဘုရားကြီးနားမှား ကျောက်ဆင်းတုဘုရားတွေကို တူနဲ့ထုပြီး ဆောက်တွေနဲ့ထွင်းနေတာ..နှာခေါင်းကိုချော်ထုမိရင် သူတို့ငရဲမကြီးဘူးလားလို့ လာမေးပါတယ်။ ကျွန်တော်က ပြန်ပြောလိုက်ပါတယ်။ အဲဒီဘုရားဆင်းတုတွေက အနေကဇာတွေမတင်ရသေးဘူး။ ဒါကြောင့်တန်ခိုးမရှိသေးဘူး။ အသက်မဝင် သေးဘူး။ အိမ်ကဘုရားက အနေကဇာတင်ပြီးပြီ။ အသက်ဝင်လို့ တန်ခိုးရှိနေပြီလို့ ပြောလိုက်ပါတယ်။ ကျွန်တော်က အဖေလေ။ဘယ်ရမလဲ။ အဲအဲဒီလိုပြောလိုက်တော့ သားကပြန်ပြောပါတယ်။ အဖေတဲ့…အိမ်ကဘုရားက အနေကဇာတင်ပြီးလို့ အသက်ဝင်ပြီးတန်ခိုးရှိနေပြီဆိုတော့.. အနေကဇာတင်တယ်ဆိုတာ..ဘုန်းကြီးတွေက ရွတ်ဖတ်ပေးရတာမဟုတ်လား။ အဲလိုဆိုရင် ဘုရားမှာ အသက်ဝင်ဖို့..တန်ခိုးရှိဖို့က ဘုန်းကြီးတွေပေးမှ ရမှာလားတဲ့။ ဘုန်းကြီးတွေမပေးရင် တန်ခိုးမရှိတော့ဘူးလားတဲ့။ ကိုကြီးကြောင်တို့ရေ..ကျွန်တော်ဘာပြန်ပြောလိုက်ရမလဲ…ရယ်စရာမဟုတ်ပါဘူးနော်။ စဉ်းစားစရာပါ ကိုကြီးကြောင်တို့..အဖွဲ့သားနောင်ရင်းများတို့ရေ….ပြသနာ တစ်။

12 comments

  • Khaing Khaing

    April 24, 2012 at 9:13 pm

    အော် ဒါများမင်းသာဂီရယ် ……… နင်ကငါ့သား ငါပြောတာနားထောင် ငါခိုင်းသလိုလုပ် ငါပြောသလိုမပြောနဲ့ `ဒေါက်´ ကနဲ့ဆိုပြီး ခေါင်းသာခေါက်လိုက် ငြိမ်သွားစေရမယ် …………. ရှင်းရှင်းလေးပဲ ကလေးကို အဲလိုအနိုင်ကျင့်ပြီးသာ စကားနဲ့အနိုင်ပိုင်းလိုက်ပါ …….

    • Inz@ghi

      April 24, 2012 at 11:48 pm

      မောင်ဂီ့ မဟုတ်ဝူးနော… မင်းသာဂီ ဆိုတာ …

      ဂျီးဒေါ်ခိုင် ကလေးဆုံးမနည်းကတော့ ဩချ ယူရမယ်…
      ဒီမိုသဂျီး ဘာဝင်ပြောဦးမယ်မသိ…

      ဒါမိုးကျ …မောင်လေးဇက်မှ ပိုင်တာ ….

      မောင်လေးဇက်ရေ ..သများတို့ကို ဖြေပါဦးချင့်..

      အာဟိ…
      ဒက်ဂလောက်

    • Khaing Khaing

      April 25, 2012 at 10:02 am

      အံမယ် ငါ့နီထားပါလား ……. ဘာသာရေးတွေ နိုင်ငံရေးတွေကိုမဆွေးနွေးချင်လို့ အပျော်သဘော ပြောထားတာပါအေ့ ………

  • မဟာရာဇာ အံစာတုံး

    April 24, 2012 at 9:36 pm

    အင်း ….
    ကျုပ် အနေနဲ့ကတော့ အနေကဇာ တင်ထားတဲ့ ဘုရား အသွင်သဏ္ဍာန် ရုပ်ပွားတော်ပဲဖြစ်ဖြစ်၊ အနကဇာ မတင်ရသေးတဲ့ ဘုရား ရုပ်ပွားတော်ပဲဖြစ်ဖြစ် …
    ကျုပ်ရင်ထဲမှာ ဘုရားရဲ့ ဂုဏ်တော်တစ်ခုခုကို ရည်မှန်းပြီး အဲဒီ ဘုရား ရုပ်ပွားတော်ကို ရှိခိုး ဦးချလိုက်တာပါပဲ …

    ဘုန်းကြီးတွေ အနေကဇာတင်ပေးမှ ဘုရား ရုပ်ပွားတော်က တန်ခိုးရှိတာလား၊ မရှိတာလားတော့ မသိပါဘူး ခင်ဗျာ။

  • Gipsy

    April 24, 2012 at 9:41 pm

    ကျနော် သိတာက ဘုန်းကြီးတွေ အနေကဇာတင်မှ ဘုရားရုပ်ပွါးတော် တန်ခိုးရှိလာတာ
    မဟုတ်ရပါဘူးဗျာ…
    ဒီကိစ္စကို သေချာ ပိုင်ပိုင်နိုင်နိုင် ရှင်းမပြတတ်တာမို့ .. သေချာရှင်းပြန်ိုင်မဲ့ ရွာသူားတွေကို
    စောင့်ကြရအောင်လားဗျာ…။

  • အမေရိကန်ငတုံး

    April 24, 2012 at 9:48 pm

    ကျုပ်တို.နိုင်ငံမှာ ကလေးအရွယ်ကတည်းက သိချင်တဲ့စိတ်ရှိလို.လူကြီးတွေ
    မေးရင် သူတိုမဖြေတတ်တိုင်းအနိုင်ကျင့်ပီးဖြေရှင်းတဲ့စနစ်ကတော်တော်များများ
    မှာဖြစ်နေလို.ဒီလိုပတ်ဝန်းကျင် အခြေအနေ လက်ရှိမှာဖြစ်နေကြတာ အဆင့်ဆင့်
    လက်ဆင့်ကမ်းပီးယူသာွးကြတာ(လွတ်လပ်စာွဆွေးနွေးခြင်းဖြစ်ပါတယ်)

  • kai

    April 25, 2012 at 12:18 am

    စေတီ.. ဆင်းတုကိုးကွယ်တယ်ဆိုတာ.. ဂေါတမဗုဒ္ဓလက်ထက်ကမရှိပါ..
    ဘုရားရှင်ကိုယ်တော်တိုင်ကတော့.. ရုပ်ထုမပြောနဲ့..သူ့ကိုယ်တော်တိုင်ကိုတောင်.. ကပ်ပြီးလာကိုးကွယ်ကြည်ညိုနေတဲ့..ရဟန်းတပါးကို ငေါက်လွတ်ဖူးပါတယ်..
    အဲဒီရဟန်း ထွက်သွားရပြီး ဝမ်းနည်းလွန်းလို့.. ကိုယ့်ကိုယ်ကိုယ်သတ်သေပါတယ်..

    အဲဒါနဲ့.. ရုပ်ထုထုလုပ်.. ကိုယ်စားပြုကိုးကွယ်တာက..
    ပရိနိဗ္ဗာန်ပြုပြီး နှစ်၃-၄ရာလောက်မှ စတာလို့တော့ ပြောကြပါတယ်..။
    ဆိုတော့..

    ကိုယ့်ယုံကြည်မှုပါပဲ..
    ဒီအထဲ.. ဘုန်းကြီးတွေအလုပ်အကိုင်အခွင့်အလန်းဖေါ်ပေးထားတာပါပါတာမို့..အနေကဇာတင်တာ ကောင်းတယ်.. လုပ်သင့်တယ်.. ဆိုရမှာပါ..
    ဒါက ကျုပ်အမြင်နော… 😆
    အောက်မှာက.. အင်တာနက်က နှိုက်ထားတာ..
    ဖတ်ကြည့်ပေါ့..
    ==========

    Seeing the Dhamma

    [The Buddha visits the Ven. Vakkali, who is sick]

    Now the Venerable Vakkali saw the Blessed One coming from a distance, and tried to get up. Then the Blessed One said to the Venerable Vakkali: “Enough, Vakkali, do not try to get up.[1] There are these seats made ready. I will sit down there.” And he sat down on a seat that was ready. Then he said:

    “Are you feeling better, Vakkali? Are you bearing up? Are your pains getting better and not worse? Are there signs that they are getting better and not worse?”[2]

    “No, Lord, I do not feel better, I am not bearing up. I have severe pains, and they are getting worse, not better. There is no sign of improvement, only of worsening.”

    “Have you any doubts, Vakkali? Have you any cause for regret?”

    “Indeed, Lord, I have many doubts. I have much cause for regret.”

    “Have you nothing to reproach yourself about as regards morals?”

    “No, Lord, I have nothing to reproach myself about as regards morals.”

    “Well then, Vakkali, if you have nothing to reproach yourself about as regards morals, you must have some worry or scruple that is troubling you.”

    “For a long time, Lord, I have wanted to come and set eyes on the Blessed One, but I had not the strength in this body to come and see the Blessed One.”

    “Enough, Vakkali! What is there to see in this vile body? He who sees Dhamma, Vakkali, sees me; he who sees me sees Dhamma. Truly seeing Dhamma, one sees me; seeing me one sees Dhamma.“[3]

    အနေကဇာ

    (၁) သစ်သားရုပ်တု (ဝါ)ကြေးဆင်းတုကို ဘာလို. အနေကဇာ တင်ရတာလဲ ။ အနေကဇာတင်ခြင်း၊မတင်ခြင်း ဘာကွာသလဲ ။ (၂) ဘုရားအနေကဇာတင် တဲ. အစဉ်အလာ ဘယ်ကစပါသလဲ ။ (၃) အနေကဇာတင် ပြီးတဲ. ဆင်းတုကို ကိုးကွယ်လို့ ကုသိုလ်ရ ၊ မရ ။ (၄) ဆင်းတုတော်ကို မိမိအိမ် (ဝါ) အခန်းတွင် ဘယ်လိုနေရာချ ကိုးကွယ်သင်.လဲ ။ (၅)ထုလုပ်ရမည်. ဆင်းတုတော်၏ ပုံသဏ္ဍာန် ။ (၆)ဘုရားဆင်းတုတော် ထုလုပ်ပူဇော်ကိုးကွယ်ခြင်း၏ အကျိုးကျေးဇူးများ ။

    အဖြေ (၁) -သစ်သားရုပ်တု (ဝါ)ကြေးဆင်းတုကို ဘာလို. အနေကဇာ တင်ရတာလဲ ။ အနေကဇာတင်ခြင်း၊မတင်ခြင်း ဘာကွာသလဲ ။ ဗုဒ္ဓမြတ်စွာ၏ ရုပ်တုတော်များကို အနေကဇာတင်ပြီးမှ ကိုးကွယ်ရမည်ဟု တရားသေ မမှတ်သင်.ပါ။(၃၂)ပါးသော မဟာပုရိသ လက္ခဏာတော်များနှင်. ကိုက်ညီသော ရုပ်ပွားတော်များကို ဖူးတွေ.ရသောအခါ သက်ရှိထင်ရှားဘုရားရှင် ကို ဖူးမြင်ရသကဲ.သို. ကြည်ညိုသဒ္ဓါ ဖြစ်စေရန်သာ ဖြစ်သည် ။ အနေကဇာမတင်ရသေးသော်လည်း ထက်သန်သော သဒ္ဓါစိတ်ဖြင်. သိဒ္ဓတ္ထမင်းသားဘဝ နန်းစည်းစိမ်ကိုပင် စွန်.ကာ သဗ္ဗညုတဉာဏ်တော်ရတော်မူပြီးသော ဘုရားရှင်၏ ဂုဏ်တော် (၉)ပါးကို ရည်စူးရှိခိုးလျှင် ဘုရားရှိခိုးပူဇော်ခြင်း ပြည့်စုံပါပြီ။ ဘုရားရှင်၏ ဂုဏ်တော် (၉)ပါးကို ရည်စူးရှိခိုးရခြင်းသာ လိုရင်းဖြစ်သောကြောင်.ရွှေ ၊ငွေ၊မြ ၊သစ်သား၊ကျောက် ဘုရား ကွဲပြားမှု မရှိပါ ။ ရုပ်ပွားတော်များကို အာရုံပြုပြီး သဒ္ဓါစိတ်ဖြင်. ရှိခိုးရခြင်းသာ ဖြစ်ပါသည်။

    အဖြေ – (၂) – အနေကဇာတင်ခြင်းအစဉ်အလာ ။ ။

    ” အနေကဇာတင် ” ဟူသော စကားသည် ဗုဒ္ဓမြတ်စွာ အရဟတ္တမဂ်ဉာဏ် ( သဗ္ဗညုတဉာဏ်တော်) ကို ရတော်မူပြီးနောက် ဘုရားအဖြစ်သို.ရောက်ရှိခြင်းအတွက် ဝမ်း မြောက် စွာဖြင်. ကျူးရင်.တော်မူခဲ.သော ” အနေကဇာတိ သံသာရံ ၊ သန္ဓာဝိဿံ အနိဗိ္ဗသံ…………. ” စသော ဂါထာတော်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤဂါထာကို ရွတ်ဆိုခြင်းဖြင်. ဆင်းတုတော်ကို ဘုရားရှင်အစစ်ကဲ.သို. သဘောထားမှတ်ယူကြသည်။ အိနိ္ဒယပြည်တွင် ဗုဒ္ဓဘာသာဝင်တို.သည် ဗုဒ္ဓပရိနိဗ္ဗာန်စံလွန်ပြီးနောက် ဘုရားရှင် ကိုယ်စားကိုးကွယ်ရန် စဉ်းစားရှာကြံခဲ.ကြသည်။ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်ကပင် ဗောဓိညောင်ပင်ကို ဘုရားရှင် ကိုယ်စား ကိုးကွယ်ခဲ.ကြသည်။”ထူပါ ဟုခေါ်သော စေတီများကိုလည်း တည်ဆောက်ကိုးကွယ်ခဲ.ကြသည်။ဗုဒ္ဓပရိနိဗ္ဗာန်စံလွန်ပြီး နှစ် (၂၅၀) ကျော်တွင် သီရိဓမ္မာသောကမင်းကြီးသည် ဓမ္မစကြာပုံတော်များ ဖြန်.ဝေစေလျက်ကိုးကွယ်စေခဲ.သည်။ မဟာသက္ကရာဇ် ( ၁၄၈) ပရိနိဗ္ဗာန်စံလွန်ပြီးနောက် နှစ်ပေါင်း (၄၀၀) အကြာ စတုတ္ထသံဃာယနာ မတိုင်ခင်တွင် အိနိ္ဒယပြည်၊အနောက်မြောက်ဘက် ဂန္ဓာရနှင့် ယောနက တိုင်းသား ယွန်းလူမျိုးတို.သည် ဘုရားပုံတူထုလုပ်ကိုးကွယ်ရန် ကြံစည်အားထုတ်ခဲ.ကြသည်။ ထိုအချိန်က အတုမရှိ ဗုဒ္ဓမြတ်စွာ ကိုပုံတူထုလုပ်ပြီး မတူပါက လွန်စွာ အပြစ်ကြီးသည်ဟု ယူဆခဲ.ကြသည် ဆို၏။ ဗုဒ္ဓမြတ်စွာ၏ (၃၂)ပါးသော လက္ခဏာ ၊ (၈၀) ပါးသောလက္ခဏာငယ်များ စသည့် ရုပ်ပိုင်းဆိုင်ရာ များတွင် အမှားမယွင်းဖြစ်မှာ စိုးရိမ်ခဲ.ကြသည်။ သို.ဖြစ်စေကာမူ ယွန်းလူမျိုးတို.သည် သုတ်ပါဌေယျပါဠိတော် လာ (၃၂)ပါးသော မဟာပုရိသ လက္ခဏာတော်များနှင်. ကိုက်ညီသော ရုပ်ပွားတော်များကို စတင်ထုလုပ်ကိုးကွယ်ခဲ.ကြပါသည်။၎င်းနောက် (၄) ရာစုမှ (၇) ရာစု အတွင်း အိနိ္ဒယ၌ဘုန်းတန်ခိုးကြီးမားခဲ.သော ” ဂုံပတာမင်းများ” လက်ထက်တွင် ဗုဒ္ဓမြတ်စွာ၏ ရုပ်တုတော်များ ၊ဆေးရေးပန်းချီများ ဖြင်. ပူဇော်ခဲ.ကြသည်။ အေဒီ ( ၅၇) မှာ ပထမဆုံးရုပ်ပွားတော်စရှိတယ်လို့ လဲ ကမ္ဘာ့မှတ်တမ်းများက ဆိုကြပါတယ်။ မြန်မာနိ်ုင်ငံတွင် (၁၁) ရာစု ၌ အနော်ရထာမင်းတရား လက်ထက်တွင် ရုပ်ပွားတော်များပူဇော်မှု စတင်ခဲ.သည်ဟု သိရသည်။ ဗုဒ္ဓရုပ်တုပုံပါသော ပုဂံခေတ် အုတ်ခွက်များတွင် “ယေ ဓမ္မာ ဟေတုပ္ပဟဝါ ” ဂါထာတော် နှင့် ” ဧဝံဝါဒီ မဟာအနုရုဒ္ဓဒေဝ ” (မြတ်သောအနော်ရထာမင်းကြီးသည် ဤသို.အယူရှိပေသည် ) ဟူသောစာသားအရ ပုဂံခေတ် တွင် ရုပ်ပွားတော်များပူဇော်မှု စတင်ခဲ.ကြောင်း ထင်ရှားသည် ဆို၏။ အနေကဇာတင် ဟူသောစကားနှင်. ဆင်းတုတော်ကိုးကွယ်မှု အဖြေ ဖြစ်ပါတယ်။

  • kaung kin pyar

    April 25, 2012 at 8:56 am

    အမှန်က ကလေးကို ဘုရားဆင်းတုတော်ကိုချော်ပစ်မိရင် ငရဲကြီးမယ်ဆိုတာထက် အိမ်မြှောင်လေးကို နှိပ်စက်ရင် သူတပါးကို အနာတရဖြစ်အောင်လုပ်ရင် ငရဲကြီးတတ်တယ်လို့ ပြောသင့်တယ်ထင်ပါတယ်….။ ကိုယ်ချင်းစာတတ်အောင်နဲ့ စိတ်ထားနူးညံ့အောင် သင်ပေးသင့်တယ်လို့ ကောင်းကင်ပြာထင်တယ်…။ အနေကဇာတင်တာကို ကလေးက ပြန်ပြောတာ သူလဲ သူတွေးတတ်သလိုတွေးပြီး မေးတာပါ…။ ငါပြောတာ အမှန်လို့ပြောပြီး ခေါင်းခေါက်ဖို့တော့ အားမပေးပါ။ ကောင်းကင်ကတော့ အနေကဇာတင်လို့ ဘုရားအသက်ဝင်လာတယ်လို့ တစ်ခါမှ မတွေးမိပါ…။ ဘုရားက ခုနိဗ္ဗာန်ကို ရောက်နေပါပြီ…။ ဘုရားကို အနေကဇာတင်ရုံတင်ပြီး ပစ်ထားလဲ အဲ့ဒီအိမ်က ကုသိုလ်မရနိုင်ပါ…။ အဓိကကတော့ ဘုရား၊ တရားကြည်ညိုပြီး စိတ်ကောင်းထားရင် နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်ပါလိမ့်မယ်…။

  • ကြောင်ကြီး

    April 25, 2012 at 9:12 am

    ဂရိလူမျိုးတွေရဲ့ ကျောက်ဆစ်ထုတဲ့ပညာ အိန္ဒိယဖက်ကို ပြန့်လာပြီး ဗုဒ္ဓရုပ်ပွားတော်ထုလုပ်ကိုးကွယ်တဲ့ ယဉ်ကျေးမှု ထွန်းကားတယ်လို့ မှတ်ထားဖူးတယ်။ သူ့အယင်ကတော့ ပဒုမ္မာကြာပန်းနဲ့ ရည်မှန်းတယ်။ ခေတ်တွေပြောင်းလာတော့ လူတွေရဲ့ စိတ်နေသဘောထားတွေ ပြောင်းလာတယ်။ ဘာသာရေးရှုဒေါင့်ကပြောရင် စိတ်တွေဝေဝါးလာတယ်..စိတ်ကူးနဲ့ အာရုံပြုလို့ မရတော့ဘူး.. မြင်သာထင်သာရှိတဲ့ အမှီအတွယ်တခု ဖန်တီးပေးရတယ်။
    ကိုယ့်ဆရာက ခလေးမေးတာကို အကြောင်းပြုမေးပေမဲ့ ဆက်နွယ်နေတဲ့ ဆက်နွယ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောချင်တယ်။ အနေကဇာတင်တယ်ဆိုတာ ပညတ်တခုပဲ..သို့သော် လိုက်နာရမည့် ပညတ်ဖြစ်တယ်။အရှင်းဆုံးပြောရရင် သမီးနဲ့ အခြားမိန်းမ တူကောင်းပါ့မလား။ ရှေးဘုရင်တွေလက်ထက်မှာ ခဏတဖြုတ် နန်းတော်တွင်းထားတဲ့ ကိုယ်လုပ်တော် မောင်းမမိဿံ အခြွေအရံတွေကနေ ဘုရင်နဲ့သွေးစပ်လို့ ခလေးမွေးရင် စာရင်းအတိအကျ ထားရဒယ်ပြောတယ်။ မဟုတ်ရင် ကိုယ့်သမီးကိုယ် ပြန်ကျူးလွန်မိမှာစိုးလို့..။ ၁၆နှစ်လောက် ကြာပြီးမှ မသိလို့ အဖေလုပ်သူဘုရင်က သူ့သမီးကို တော်ကောက်မိတော့ ဘာဖြစ်မှာလဲ..ဘာမှ ဖြစ်စရာမရှိဘူး… တဦးနဲ့တဦးတောင် မသိဂျလို့ မိဘ၊သားသမီး ခံစားမှု လုံးဝမရှိဘူး… သို့သော် မလုပ်ရ မလုပ်အပ်လို့ ဘာသာတိုင်း ယဉ်ကျေးမှုတိုင်းမှာ တားမြစ်တယ်။ ခြေဦးတည့်ရာ သွားလာနေတဲ့ ဂျစ်ပဆီယဉ်ကျေးမှုမှာတောင် လက်ခံမည်မထင်ပါ။ ပြောချင်တာ လိုက်နာရမည့် ပညတ်များရှိခြင်းဆိုတာပါ။ အနေကဇာတင်တဲ့ဘုရားနဲ့ မတင်တဲ့ဘုရား အတူတူပဲလို့သတ်မှတ်တာ မမှန်လို့ ပြောလို့မရ၊ သို့သော် လိုက်နာရမည့် လောကဓမ္မတာစည်းကမ်းဖြစ်တယ်။ ဘယ်အရာမဆို အကောင်း အဆိုး နှစ်ဖက်ရှိဒယ်။ စင်းလုံးချော မရှိပါ။ အဆိုးကို ကွက်ပြောပြီး အကောင်းကို မပစ်ပယ်မိဖို့လိုတယ်။ တခါတရံကြတော့လည်း ရေရှည်အကျိုးအတွက် ရေတိုအပြစ်ကို သီးခံရတယ်။ ပညတ်နောက်ကို သိပ်လိုက်လို့ဖြစ်တဲ့ ဆိုးကျိုးတွေ ဥပမာ- ဘုရားပုံတော် ဟောင်းနွမ်းသွားရင် မလွှင့်ပြစ်ရဲ (ကျုပ်လည်းပါဒယ်)၊ စေတီပုထိုး ပျက်စီးနေရင် ဖြိုချမပြုပြင်ရဲ (ဘုန်းကံရှိသူများအလုပ်လို့ ယူဆပါဒယ် :mrgreen: ) စတာတွေ အများကြီးရှိတယ်။ တချို့ကလည်း တန်ခိုးကြီးဘုရားမှ၊ လောကီအစီအရင် ရုပ်ပွားတော်မှဆိုတဲ့ အစွဲအားကြီးတယ်။ ဒါနဲ့ပဲ မသိနားမလည်သူများ ကိုယ့်ဒုက္ခကိုယ်ရှာ အားလုံးကို သိမ်းကြုံးပြစ်မှားကြရော..။ နောက်တခုဂ အခြေအနေ အချိန်အခါဆိုတာ လူ့စိတ်ကို သိပ်လွှမ်းမိုးဒယ်။ လူအများ ရိပ်သာမှာ တရားထိုင်ရင် အိမ်မှာတဦးထဲ ထိုင်တာထက် အများကြီး ပိုထိုင်နိုင်ဂျတယ်။ အိမ်မှာ ဘုရားအာရုံပြုတာထက် တန်ခိုးကြီး စေတီပုထိုးတွေမှာဆို ပိုအာရုံရ စိတ်ကြည်လင်တယ်။ ဘုရားကလည်း စိတ်ပဲဟောတယ်..။ အဲဒီစိတ်ဆိုတာ သိပ်နူးညံ့တဲ့ မူလကနဦးစိတ်ကို ပြောဒါ.. သူလွဲသွားရင် နောက်ပိုင်းတောက်လျောက် ငါအတ္တနဲ့ လမ်းကြောင်းပြောင်းသွားရော..။ သဟာကြောင့် အတ္တလူသားများ အနတ္တသစ္စာရှင် ဘုရားထားခဲ့တာတွေကို အတတ်နိုင်ဆုံး လိုက်နာဆည်းကပ်ကြရတာ။ ဒါလည်း ငါနဲ့လုပ်ကြတော့ အတ္တဖြစ်ကုန်တာပေါ့နော်.. သို့သော် မိစာ္ဆဒိဠိအတ္တထက် သမ္မာဒိဠိအတ္တ ဖြစ်ဖို့ပိုများဒါပေါ့..။

  • Moe Z

    April 25, 2012 at 9:35 am

    ဗုဒ္ဓဘာသာဝင်တွေက ရုပ်တုကိုးကွယ်တာမဟုတ်ဘူး
    ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတော်ကို ကိုးကွယ်တာပါ
    ဗုဒ္ဓဘာသာဝင်တိုင်းရဲ့အိမ်မှာ ဆင်းတုတော်ကိုးကွယ်တာ အစဉ်အလာဆိုပေမယ့်
    တကယ်တမ်းရှိခိုးဦးချတယ်ဆိုတာ အရိုအသေပေးတာ၊
    ပန်း၊ ဆီမီး စတာတွေနဲ့ပူဇော်တာက မြတ်စွာဘုရားရဲ့အနှိုင်းမဲ့တဲ့ဂရုဏာတော်နဲ့ ဉာဏ်တော်ကိုအောက်မေ့ပြီးပူဇော်တာပါ၊
    ဗုဒ္ဓဆင်းတုတော်ဆိုတာလည်း သက်တော်ထင်ရှားပွင့်ခဲ့ဖူးတဲ့ မြတ်ဗုဒ္ဓကိုအမှတ်ရလွယ်အောင် သင်္ကေတပြုထားတဲ့ပုံရိပ်တစ်ခုပါ၊ ဘုရားရှင်ရဲ့ဂုဏ်တော်တွေကိုအောက်မေ့ဆင်ခြင်ပြီး ရုပ်တုတော်တွေကို ဖူးမြင်ရတဲ့အခါမှာ စိတ်ကြည်လင်အေးချမ်းပါတယ်
    (တစ်ချို့တစ်ချို့သော ဂိုဏ်းဆရာများစီရင်ထားတဲ့ ပုံပန်းမကျရုပ်တုတော်များကိုမဆိုလိုပါ)
    ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်မှာ စစ်ဗိုလ်ချုပ်တစ်ဦးက ဝင်စတန်ချာချီကို ဗုဒ္ဓဆင်းတုတော်တစ်ဆူပေးပြီး “ခင်ဗျားစိတ်တွေရှုပ်ထွေးပူပန်နေတဲ့အခါ စိတ်သက်သာရာရအောင် ဒီရုပ်တုတော်ကို ကြည့်ပါ”တဲ့
    နိုင်ငံ့ခေါင်းဆောင်တွေ၊ ပညာရှင်တွေရဲ့ရုပ်တု ဓာတ်ပုံတွေကို အိမ်မှာအမြတ်တနိုးထားကြသလို
    ကိုယ့်မိဘ၊ ဆရာသမားတွေဆုံးပါးသွားရင် သတိတရ အလေးအမြတ်ပြုတဲ့အနေနဲ့
    ဓာတ်ပုံတွေချိတ်၊ ဂူတွေမှာလွမ်းသူ့ပန်းခွေချသေးတာပဲ
    ဗုဒ္ဓဘာသာဝင်တွေက ရုပ်တုကိုးကွယ်တဲ့သူတွေလို့ ဝေဖန်တဲ့သူတွေ စဉ်းစားစေချင်ပါတယ်
    အနေကဇာတင်တဲ့ကိစ္စက သဂျီးမန့်ပြီးပြီ 🙂
    တစ်ချို့က နတ်ကိုးကွယ်တာနဲ့ရောပြီး ကလေးတွေကို ဘုရားရိုက်မယ်လို့ပြောတာလည်း ကြားဖူးပါရဲ့ 🙁
    ပို့စ်ထဲကကလေးက သူသိချင်တာကိုမေးတာပဲ၊ ကလေးကပြဿနာ မဟုတ်ဘူးနော် ..

  • မိုးချမ်းမြေ့

    April 25, 2012 at 12:42 pm

    ရူးတဲ့သူတွေသာ..ဆီပူလောင်ခံရတယ်ဆိုတာ…
    မရောင်တဲ့နေရာကို…ဆီသွားလူးမိနေလို့ပဲ….
    အသိတစ်ခုဆိုတာ…ယုံကြည်ရတာလွယ်ပေမယ့်…
    လွတ်ချရတာ…ခက်သားကလား….။
    ကလေးတွေရဲ့အမေးမှာ..လူကြီးတွေပက်လက်မျောမယ့်ကိန်းက…
    (၂၀၂၀)ခုနှစ်ထက်မပိုနိုင်ပါဘူး..။
    အသိဉာဏ်ရင့်ကျက်မှုဆိုတာ…ခေတ်ကာလနဲ့…ဝေးကွာလို့မရတဲ့…အဖြစ်ပဲ..။
    သတိကြီးစွာသာထားပေတော့…ဖေဖေတို့..မေမေတို့ရေ…
    (IT) ခောတ်မှာ..အဲဒီလို..ဘာသာအလင်းပြမှုတွေက..ဘေးရောက်တော့မှာဗျ..။

  • uzin

    April 28, 2012 at 4:11 am

    အနေကဇာတိ သံသာရံ၊ သန္တာဝိဿံ အနိဗ္ဗိဿံ။
    ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခဇာတိ ပုနပ္ပုန္နံ။
    ဂဟကာရက ဒိဋ္ဌောသိ၊ ပုနဂေဟံ နကာဟသိ။
    သဗ္ဗာတေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ဝိသင်္ခတံ။
    ဝိသင်္ခါရ ကတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။
    အနေကဇာတင်တယ်ဆိုတာ အထက်ပါဂါထာကို ဆရာတော်တွေက ရွတ်ဆိုပြီး ဒီရုပ်ပွားတော်ဟာ ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်အဖြစ် သမုတ်(သတ်မှတ်)လိုက်တာပါ။ အထက်ပါဂါထာကလည်း အရိယသစ္စာလေးပါး တရားတော်ကို အသိထူးသိရှိကြောင်းကို နုတ်မှဖွင့်ဟ ကြေညာလိုက်ခြင်းပါပဲ။ ဗုဒ္ဓ(ဘုရား) ဆိုတာ ရုပ်ပိုင်းဆိုင်ရာကိုခေါ်ဆိုတဲ့နာမထက် အသိပိုင်းဆိုင်ရာကို ခေါ်ဆိုတဲ့နာမလို့ ပြောချင်ပါတယ်။

Leave a Reply