သိန်းတစ်ရာရှိရင် ၂၀၀ရမော်ဒယ်အထက်ကားတင်သွင်းလို့ရတော့မည်။
…http:www.myanmarupdates.com/link/frame?cat-id=1&url=feedproxy.google.com/~r/thithtoolwin/yIWv/~3/Lim96OwJQv8/7day-news-html…
မေလ(၁၀)ရက်နေစွဲပါ၊ 7Day News Journal မှာပါရှိလာတဲ့ သိန်း(၁၀၀)ရှိရင် ၂၀၀ရ အထက်မော်ဒယ်ရှိအိမ်စီး ၁၃၅ဝစီစီ ကားများကို ပါမစ်မလိုပဲ တင်သွင်းလို့ရပါပြီဟုဖေါ်ပြထားသည်ကို သစ်ထူးလွင်ဆိုဒ်မှဖတ်ရှုမိ၍ ပြန်လည်မျှဝေလိုက်ပါသည်။
အမှန်တစ်ကယ်သာ သာမာန်လူတန်းစားတွေ သိန်း(၁၀၀)နဲ့ ၂၀၀ရမော်ဒယ်အထက်ကားတွေစီးနိုင်ပီဆိုရင်တော့ ဝမ်းသာစရာပါပဲဗျို့…
လူတိုင်းကားစီးနိုင်မယ့်အခွင့်အရေးတွေရှိလာနိုင်ပီပေါ့…ဆိပ်ကမ်းအရောက် us$5000 တန်ကို က.ည.နအခွန်အပြီးအစီး သိန်း(၁၀၀)ဝန်းကျင်ပဲကျမယ်ဆိုတော့…တစ်ကယ်ပဲလားမောင်တို့ရယ်…တစ်ကယ်ပါပဲဆိုရင်တော့ တရုတ်ပြည်က ချယ်ရီဝါဂွန်တွေ၊ကုလားပြည်က တာတာ တွေ၊နားပြီးပေါ့နော်…
အဲ…အဲ..နောက်ပြီးတော့ ကားတွေများလာတော့ လမ်းတွေကျပ်ပြီပေါ့နော်…ကားထားစရာနေရာတွေ(Car Parking)စနစ်တစ်ကျရှိဖို့လိုပြီပေါ့နော်…မဟုတ်ရင်တော့ ယာဉ်ကျောပိတ်ဆို့မူတွေတိုးလာပြီး သွားရေးလာရေးတွေမှာ ဒုက္ခရောက်နိုင်ပါတယ်။မြို့နယ်တိုင်းမှာ Free Parking နဲ့ Pay Parking တွေကို စနစ်တစ်ကျစီမံဖို့အထူးလိုအပ်ပါလိမ့်မယ်။မြို့လည်ခေါင်က ကန်ထရိုက်တိုက်တွေမှာနေသူတွေရဲ့ ကားတွေကို Parking Zone ခွဲထားပြီး၊စီမံသင့်တယ်လို့မြင်ပါတယ်။
ယခုအခြေအနေအတိုင်း မှန်ကန်ပါတယ်ဆိုရင်တော့ လူလပ်တန်းစားများ ကားကောင်းစီးနိုင်တော့မယ့်အခွင့်အရေးပါပဲ။အိမ်ထောင်စုအလိုက် ကားအရေအတွက်ကိုလည်း ကန်ုသပ်ဖို့လိုအပ်ပါမည်။
ဂျီပွန်မှာတော့ ကားအဟောင်းလေလံတွေတက်သွားပြီတဲ့…ေဩာ်…အနိစ္စ၊အနိစ္စ၊အနိစ္စ
အေးချမ်းသာယာမည်…ဟေ့…နါဂါးနီတစ်ဂိုးနဲ့…လူတိုင်း ပါရာဒို စီးနိုင်မည်။
16 comments
Shan Gyi
May 11, 2012 at 8:02 am
ကိုဇော်မင်းရေ ၂၀၀ရ မော်ဒယ်ကို ဒေါ်လာ ၅၀၀ဝ ဝန်းကျင်နဲ့ ဘာကားအမျိုးအစားတွေ ရနိုင်မလည်း ပြောပြပေးပါလားခင်ဗျာ၊
ကညန အခွန်က ၁၆၅%ဆိုတော့၊ ကားကို ဒေါ်လာ ၅၀၀ဝ နဲ့သာ ရခဲ့ရင် ၅၀၀၀x၈၅၀=၄၂၅၀၀၀ဝိ/ ကိုအခွန် ၁၆၅% ပေါင်းပြီး ၇၀၁၂၅၀ဝကျပ် အပြင်
ဘာတွေ ထပ်ကုန်အုံးမလည်းဆိုတာ သိတဲ့လူများရှိရင် ပြောပြပေးကြပါခင်ဗျာ
Thel Nu Aye
May 11, 2012 at 10:14 am
၂၀၀ရ မော်ဒယ်ကို ဒေါ်လာ ၅၀၀ဝ ဝန်းကျင်နဲ့ ဗင်ကားအမျိုးအစားပဲရနိုင်ပါတယ်။ နာမည်ကြီး ဆလွန်း တွေ ဝက်ဂွန်တွေရနိုင်မှာမဟုတ်ပါဘူး။ ကညန အခွန်ကတော့ ၁၆၅% ဆိုတာ ၂၀၀ဝ စီစီနဲ့ ၅၀၀ဝ စီစီကြားကားတွေမှာကျမှာဖြစ်ပြီး ၁၃၅ဝ စီစီ အောက်ဆိုရင်တော့ ၁၁၅% သာကျမှာဖြစ်ပါတယ်။ ၁၃၅ဝ စီစီနဲ့ ၂၀၀ဝ စီစီကြားဆိုရင်တော့ ၁၄၅% ကျမှာဖြစ်ပါတယ်။ တခြားကုန်ကျစာရိတ်ကတော့ လေလံဆွဲခ၊ ပါမစ်နဲ့ LC ဖွင့်ခ နဲ့ ကားထုပ်ခ စုစုပေါင်း သိန်း ၂ဝ ခန့်မှန်းခြေထပ်ကုန်ပါ့မယ်။
Shan Gyi
May 11, 2012 at 10:24 am
ပြန်ဖြေပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ
windtalker
May 11, 2012 at 9:39 am
ဆင်းရဲခြင်းလွတ်ကင်းအောင် aution ဝင်ပါမည်တဲ့ဗျ ….
ဗိုက်ကလေး
May 11, 2012 at 9:52 am
ရွာ့ဘောစိများအတွက်တော့ သတင်းကောင်းပါဗျား..
ဒါပေသိ..
ဆိုက်ကားတောင် မဆွဲနိုင်တဲ့ဘဝမှာ ဒီအကြောင်းတွေဖတ်ရတာ လူကိုကြိုတုပ်ပြီး စက်စီဒန် ့စ် လာကပြနေသလိုပဲခံစားရတယ်
Shwe Tike Soe
May 11, 2012 at 11:10 am
ဟုတ်ပ ကိုဗိုက်ရေ ဒီမှာဖြင့် အရက်သောက်စရာကို တစ်ပတ်တစ်ခါပြည့်အောင ်မနဲသောက်နေရတာ… အေ
မဟာရာဇာ အံစာတုံး
May 12, 2012 at 9:27 pm
အင်း …
ဗိုက်ကလေးရေ ..
တို့လည်း မင်းလိုပါပဲ .. လို့ ပြောရတော့မှာပဲ …
ကား မပြောနဲ့ဦး၊ ဖုန်းတောင် ငါးထောင်တန် ဘယ်တော့ ပေါ်လာမလဲ စောင့်နေရဒါ ..
အဲဒါ .. အဲဒါ .. ကျုပ်တို့ ဘဝပါလို့ … 😀
အတိသဉ္ဖာ နာဂရချစ်သူ
May 11, 2012 at 10:16 am
မှန် ပ နဂါးနီ တစ်ဂိုးနဲ ့ဆတ်လဲ စီးနိုင်ပါတော့မယ်။
ဒန်. တန် တန်
ရွာစားကျော်
May 11, 2012 at 11:40 am
ဟဲ့ အိမ်ရှင်မရေ
ကျုပ် စာအုပ်ကြားညှပ်ပြီး သိမ်းထားတဲ့ တစ်ရာတန် အနွမ်းလေး ဘယ်ရောက်သွားလဲ..
ဈေးဖိုးထဲပါသွားပလား.. ရှာစမ်းပါအုံး..
ကားသွားဝယ်ရအောင်လို့ 😆
kyeemite
May 11, 2012 at 11:44 am
စောင့်ကြည့်ရသေးတာပေါ့..
komingalar
May 11, 2012 at 11:44 am
မဝယ်နိုင်သေးလို့လဲအားမငယ်ပါနဲ့လေ
ကားဝယ်ပြီးသားလူတော်တော်များများအံကြိတ်နေတဲ့အချိန်မှာကိုယ်မပါတာဝမ်းတောင်သာနေရအုံးမှာပါ
ကျွန်တော့်လည်းအမြင့်ဆုံးအချိန်မှာဝယ်ဖြစ်သွားတာပါ
စလစ်ဈေး 150 ပေးလိုက်ရတာပါ
ကားကဒီနေ့မှရောက်မှာပါ
ကားကိုထိတောင်မထိချင်တော့ပါဘူး
ကျွန်တော်စဉ်းစားကြည့်တယ် ကားကောင်းဝယ်စီးမိတဲ့သူတွေအကုန်လုံး
ခန့်ခန့်ကြီးနဲ့စန့်စန့်ကြီးတွေဖြစ်ကုန်ပြီလားမသိဘူးနော်
ရွာထဲကမိတ်ဆွေတို့ ကိုယ့်နားကဖြတ်သွားတဲ့ကားကောင်းကောင်းပေါ်ကလူတွေကိုသတိထားကြည့်ပါ
အားလုံးမဲ့ပြုံးလေးတွေနဲ့အံကျိပ်ပြီးစီးနေတာမြင်ရမှာပါ
Khaing Khaing
May 11, 2012 at 1:20 pm
ဖုန်းတွေလူတော်တော်များများကိုင်နိုင်သလို ကားတွေလည်းလူတော်တော်များများစီးနိုင်တော့မယ်ပေ့ါ …… လမ်းတွေထပ်ချဲ့ရတော့မယ် ဦးဦးရဲတွေလည်းထပ်ခန့်ရတော့မယ် …… နိုင်ငံတော် ဘဏ္ဍာတော့ထိခိုက် တော့မှာပဲနော် ……..
Ch@vez
May 11, 2012 at 1:29 pm
ရသေ့စိတ်ဖြေ တောမှာ လယ်တကွက်စီလောက် ဝယ်ပြီး ပတ်မောင်းနေကြတာပေါ့ဗျာ..
😀
တဖြည်းဖြည်းတော့ ကားလာတော့မှာပဲ ..နား..
zaw min
May 12, 2012 at 12:31 am
ကို ရှမ်းကြီးရေ…ကားဈေးနှုန်းလေးတွေသိနိုင်မယ့်နေရာလေးပြလိုက်မယ်…။
…http://www.prosperjp.com…မှာ သင့်တော်တဲ့ဈေးနှုန်းလေးတွေရှိပါတယ်။ဒါပေမယ့် အမှန်တစ်ကယ်တင်သွင်းမယ်ဆိုရင်တော့ မြန်မာပြည်မှာဖွင့်လစ်ထားသော ကားအေဂျင့်ဆီတွေမှ မှာယူတင်သွင်းတာပိုစိတ်ချရမယ်ထင်ပါတယ်။
လူစီးယာဉ်စက်စွမ်းအား၁၃၅ဝနှင့်အောက်၅ဝရာခိုင်နှုန်း၊၁၃၅ဝစီစီမှ၂၀၀ဝစီစီအထိ ၈ဝရာခိုင်နှုန်း၊၂၀၀၁စီစီမှ၅၀၀ဝစီစီအထိ ၁၀ဝရာခိုင်နှုန်း၊၅၀၀ဝစီစီနှင့်အထက် ၁၂ဝရာခိုင်းနှုန်း တို့ကို က.ည.နမှကောက်ခံသည့်နှုန်းထားများဖြစ်ပါတယ်။
ဘဏ္ဍရေးနှင့်အခွန်ဝန်ကြီးဌာနမှကောက်ခံသည့်နှုန်းထားတွေကတော့ ၂၀၀ဝစီစီအောက် Custom Duty ၃ဝရာခိုင်နှုန်း၊Commercial Tax ၂၅ရာခိုင်နှုန်း၊၂၀၀ဝစီစီနှင့်အထက် Custom Duty ၄ဝရာခိုင်နှုန်း၊Commercial Tax ၂၅ရာခိုင်နှုန်း(Custom Duty =CIF တန်ဖိုးx Exchange Rate)
အတိသဉ္ဖာ နာဂရချစ်သူ
May 12, 2012 at 7:23 pm
ကိုဇော်မင်းရေ. ဒါလေးအတွက်ကျေးဇူးပါဗျ။
လူစီးယာဉ်စက်စွမ်းအား၁၃၅ဝနှင့်အောက်၅ဝရာခိုင်နှုန်း၊၁၃၅ဝစီစီမှ၂၀၀ဝစီစီအထိ ၈ဝရာခိုင်နှုန်း
၊၂၀၀၁စီစီမှ၅၀၀ဝစီစီအထိ ၁၀ဝရာခိုင်နှုန်း၊၅၀၀ဝစီစီနှင့်အထက် ၁၂ဝရာခိုင်းနှုန်း တို့ကို က.ည.နမှ
ကောက်ခံသည့်နှုန်းထားများဖြစ်ပါတယ်။
ဘဏ္ဍရေးနှင့်အခွန်ဝန်ကြီးဌာနမှကောက်ခံသည့်နှုန်းထားတွေကတော့
၂၀၀ဝစီစီအောက် Custom Duty ၃ဝရာခိုင်နှုန်း၊Commercial Tax ၂၅ရာခိုင်နှုန်း၊
၂၀၀ဝစီစီနှင့်အထက် Custom Duty ၄ဝရာခိုင်နှုန်း၊Commercial Tax ၂၅ရာခိုင်နှုန်း
(Custom Duty =CIF တန်ဖိုးx Exchange Rate)
bigchef
May 12, 2012 at 9:08 pm
cif ဈေးတွေသိချင်ရင် ဒီလင့်မှာ သွားကြည့်လို့ ရပါတယ်။ ကျတော်ဆို စိ်ိတ်ကူးနဲ့တွက်ပြီး ဆယ်စီးလောက်တောင်သွင်းပြီးပြီ.း)http://www.commerce.gov.mm/index.php?option=com_content&view=category&layout=blog&id=6&Itemid=95&lang=my