အလွမ်းသင့် ပိတောက်တစ်ခက်

koyin sithuMay 17, 20121min29316

ကျွန်တော်သည် နွေဦး၏ သစ်ရွက်များကို ငေးကြည့်နေမိပါသည်။ ဥဩငှက်များ၏ အသံကိုတော့ မကြားရသေး။ ဧပြီလ၏ ပထမဆုံးအပတ်တွင် သင်္ကြန်အတွက်ပြင်ဆင်ထားသော သူငယ်ချင်းတစ်ယောက်၏ မဏ္ဍပ်သို့ ကျွန်တော်ရောက်လာခဲ့ခြင်းဖြစ်၏ ကျွန်တော်သည် သူငယ်ချင်း၏ ခြံဝင်းထဲမှာ လှည့်လည်ကြည့်ရှူ့ရင်း ခြံထောင့်အုတ်ခုံပေါ်တွင် အနွေးထည်ထူထူဝတ်ထားသော သူမကို အံ့ဩစွာ တွေ့လိုက်ရသည်။

ရာသီဥတုသည် အနွေးထည်ဝတ်ရလောက်အောင် ချမ်းစိမ့်နေတာမျိုးမဟုတ်။ ပြီးတော့ သူမဝတ်ထားသော အနွေးထည်က အတော်ထူပြီး ဆောင်းရာသီမှသာ ဝတ်သင့်သော အနွေးထည်မျိုးဖြစ်သည်။ ဒီကောင်မလေး မအိုက်ဘူးလား။ ကျွန်တော်သည် သူမကိုယ်စားတွေးကြည့်နေစဉ် သူမ၏မျက်လုံးတွေက ကျွန်တော့် အတွေးကို သိသွားသည့်အလား ဖျက်ခနဲ ကျွန်တော်ကို လှမ်းကြည့်လိုက်လေသည်။

သူမ၏ မျက်လုံးနက်နက်လေးများသည် ကျွန်တော့် ရင်ခွင်ထဲကို တစ်ကြိမ်တစ်ခါတည်း ရောက်ရှိသွားလေသည်။ ကောင်မလေးသည် ချက်ချင်းများလုံးကို လွှဲသွားလေသည်။ ကျွန်တော်သည် ဘာမှမဟုတ်သော သူမ၏ အပြုအမူလေးအပေါ်တွင် ပျော်ဝင်သေဆုံးသွား၏ ဒီလိုနှင့်ပင် အချစ်ဟု အမည်တပ်လျှင် အဆင်ပြေမည်ထင်သော ခံစားမှုတစ်မျိုးသည် အနွေးထည်ထူထူဝတ်ထားသော ကောင်မလေးတစ်ယောက်ကြောင့် နွေဦးရက်စွဲတစ်ခု ဖြစ်ပေါ်လာခဲ့ပါသည်။

သူမ၏အမည်ကို ငယ်ငယ်နွေးဟု သိရသည်။ သို့သော သူငယ်ချင်း ပေါက်ဖော်အပါအဝင် အားလုံးနီးပါးက သူမကို ငယ်ငယ်လို့ပဲခေါ်ကြသည်။ ပေါက်ဖော်၏ ညီမ မိုးလေးသည် သင်္ကြန်အကြိုနေ့တွင် ကျွန်တော့်ကို သူမနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ သူမသည် ဟိုတစ်နေ့က သူမနှင့်မျက်လုံးချင်းတစ်ခါဆုံခဲ့ဖူးသူမှန်း ချက်ချင်းမှတ်မိသွားလေ၏ သင်္ကြန်အကြိုနေ့အထိ ပိတောက်ပန်းတွေ မပွင့်သေးသော်လည်း ကျွန်တော်နှင့် ငယ်ငယ်နွေးတို့ သူငယ်ချင်းတွေဖြစ်ပြီးနောက် ပိတောက်ပန်းတွေ ပွင့်လာခဲ့ပါသည်။ ခြောက်သွေ့သော မြေမှုန်များသည် သင်္ကြန်လက်ဆေးမိုးကြောင့် စိုစွတ်အေးမြလာလေသည်။ အဝေးကြီးဆီမှ သံချပ်သံတို့ ကြားရလေသည်။

ငယ်ငယ်နွေးသည် ကျွန်တော်နှင့် ခင်မင်သိကျွမ်းခြင်းအထိမ်းအမှတ်အဖြစ် ပေါက်ဖော်တို့ အိမ်အနောက်ဖက်ရှိ အုတ်ကန်အကြီးကြီးဆီသို့ ခေါ်သွားပါသည်။

“နင်… အဲ့ဒီမှာထိုင်…” အုတ်ကန်နားကို ရောက်တော့ သူမက ထိုသို့ပြော၏ ကျွန်တော်သည် သူမညွှန်ပြသော အုတ်ရိုးပုပုလေးပေါ်တွင် သူမဆန္ဒအတိုင်း ထိုင်ပေးလိုက်ရ၏ အဲ့ဒီနောက်လုံးဝမစိုသေးသော ကျွန်တော့် ကိုယ်ပေါ် ပလက်စတစ်ခွက်ကြီးဖြင့် သုံးခွက်တိတိ ရေလောင်းပါသည်။ သူမစိတ်တိုင်းကျ ရေလောင်းပြီး သွားတော့ ကျွန်တော်က သူမကို တစ်လှည့်ပြန်လောင်းစေသည်။

“ဒီနှစ် သင်္ကြန်မှာတော့ ငါ့ကို ပထမဆုံး ရေလောင်းတာနင်ပဲ…”

“ငါလည်း နင့်လိုပါပဲဟ… ဟား… ဟား… ဟား” ကျွန်တော်တို့ ရယ်သံတွေနှင့် နွေဦးသည် ပိုမိုလှပခဲ့လေ၏ ပြီးတော့ ဒီနှစ်တွင် ပထမဆုံးပွင့်သော ပိတောက်ပန်းများကို သူမအတွက် ကျွန်တော်က လက်ဆောင်အဖြစ် ခူးပေးရသည်။ ပေါက်ဖော်တို့ အိမ်အပေါ် ဝရန်တာမှ ပိတောက်ပန်းတွေကို အလွယ်တကူခူးရခြင်းသည် သစ်ပင်မတက်တတ်သော ကျွန်တော်အတွက် တော်တော်အဆင်ပြေလေသည်။

ငယ်ငယ်သည် ကျွန်တော်ခူးပေးသော ပိတောက်ပန်းတစ်ခက်ကို ခေါင်းတွင် ပန်မိသဖြင့် သူငယ်ချင်းများ၏ ဝိုင်းနောက်ခြင်းကို ခံလိုက်ရသည်။ ကျွန်တော်တို့ နှစ်ယောက်စလုံးသည် တစ်ယောက်ကို တစ်ယောက် မသိမသာအကဲခတ်ကြည့်မိသည့် အခါမှလွဲ၍ ဘာမှမဖြစ်သလိုနေကြပါသည်။ သူမသည် တစ်ခါတုန်းကလို အနွေးထည်ထူထူကြီး မဝတ်ထားတော့ပေ။

ကျွန်တော့် ရင်ထဲတွင် အဝါရောင်တစ်မျိုးသည် ထုနှင့်ထည်နှင့် ပေကျံနေခဲ့ပြီ။ ဘယ်ကမှန်းမသိသော အလွမ်းများသည် နွေဦးသို့ရောက်လာခဲ့ပြီ။ ငယ်ငယ်နွေး၏ ပါးချိုင့်လေးသည် အခုတော့ ကျွန်တော့် ဖြစ်တည်မှုများ၏ တစ်စိတ်တစ်ပိုင်း  ဖြစ်နေခဲ့သည်။

ညရောက်တော့ ကျွန်တော်သည် သူမအကြောင်းစဉ်းစားရင်း မနက်ဖြန်ကို ကြိုတင်ရင်ခုန်နေမိတော့သည်။ အိပ်မက်ဆိုသည်မှာ တစ်ခါတစ်ရံ နေရင်းထိုင်ရင်း တန်ဖိုးကြီးနေတတ်ပါသည်။

သင်္ကြန်အကျနေ့တွင် ကျွန်တော်သည် အိပ်ရေးပျက်ထားသော်လည်း လန်းဆန်းသည့် မျက်နှာထားဖြင့် ပေါက်ဖော်တို့၏ ရေကစားမဏ္ဍပ်သို့ ရောက်ရှိလာသည်။ နံနက် ၈နာရီသာရှိသေး၍ ကိုယ့်ကိုယ်ကို အစောဆုံးဟုထင်ထားမိသည်။ သို့သော် အံ့ဩစရာအဖြစ် အနက်ရောင်ဝမ်းဆက်ဝတ်ဆင်ထားသော ငယ်ငယ့်ကို ဟိုတစ်ခါတွေ့ရသော ခြံထောင့်က အုတ်ခုံတွင် မြင်ရသဖြင့် ကျွန်တော် ဝမ်းသာသွားသည်။ သူမကလည်း ကျွန်တော်ကို လှမ်းမြင်သဖြင့် အဝေးမှ ပြုံးပြလေသည်။

“ဟဲ့… စည်သူ၊ စောလှချည်လား”

“အံမယ်… နင်ကျတော့ရော..”

“ငါက စောတာမဟုတ်ဘူး… ညကတည်းက ဒီမှာ မိုးလေးနဲ့ အိပ်တာ..”

“ဪ”

နောက်တော့ ကျွန်တော်တို့ နှစ်ယောက်အတွက် ပေါက်ဖော်တို့ မောင်နှမသည် စကားပြောစရာခေါင်းစဉ် ဖြစ်လာခဲ့သည်။ ညတုန်းက ကြည့်ဖြစ်သည် ဗီဒီယိုဇာတ်ကားအကြောင်း၊ ဒီနေ့မနက်စာအကြောင်း၊ သင်္ကြန်နှင့် ပိတောက်ပန်းတွေကို ရင်ခုန်ကြောင်း စသဖြင့် အများကြီးပဲ။ လူတွေစုံလာတော့ ရေပက်ဖို့ စတင်ကြတော့သည်။ ရေပက်စင်တွင်လည်း သူမသည် ကျွန်တော့်ဘေးတွင် ပိုက်တစ်ချောင်းကိုင်ပြီး ရေကစားနေ၏ ရောင်စုံ သင်္ကြန်သည် လူငယ်များ၏ ရင်ခုန်သံတွေကို ဖမ်းစားနိုင်လေသည်။

သူမသည် မြူးကြွသော တေးဂီတနောက်ခံနှင့်အတူ ခန္ဓာကိုယ်ကို လှုပ်ယမ်းနေ၏ ကျွန်တော်နှင့် အကြည့်ချင်း ဆုံသောအခါ သူမသည် ခပ်ဖွဖွ လှမ်းပြုံးပြတတ်သည်။

“ငယ်ငယ်နွေး”

သူမဆံပင်တွေသည် ရေစိုကပ်နေသည့်ကြားကပင် ဝှေ့ယမ်းသွားသေး၏ လှည့်ကြည့်လိုက်သောကြောင့် သူမလက်ထဲက ရေပိုက်သည် နံဘေးမှ လူတစ်ယောက်၏မျက်နှာကို ပက်လျက်မိသားဖြစ်သွားလေသည်။ ထိုလူသည်လည်း ကျွန်တော်သူငယ်ချင်းတစ်ယောက်ဖြစ်၏… “အို… ဆောရီး…” ထိုလူက ခွင့်လွှတ်သည့် သဘောဖြင့် လက်ကာပြလေသည်။ သူမက ကျွန်တော့် မျက်လုံးများကို တည့်တည့်စိုက်ကြည့်ပါသည်။ ကျွန်တော် ရင်တွေခုန်လာ၏

“ငယ်ငယ်… နင်သိပ်လှတာပဲ”

“ဟာ… ဘာမှန်းလည်းမသိဘူး”

ရေစိုနေသော သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းများတွင် အရှက်တရားသည် ဒီလောက် လွယ်ကူလိမ့်မည်ဟု ကျွန်တော်မထင်ခဲ့ပေ။ သင်္ကြန်ရေကြားထဲတွင် အရှက်ကြောင့် ခေါင်းငုံ့နေသော ငယ်ငယ်နွေးဆိုသည့် ထို မိန်းကလေးကို ထိုခဏမှာပင် ကျွန်တော်ချစ်မိသွားခဲ့ပါသည်။

နေ့လည်ပိုင်းရောက်တော့ ရေပက်တာ ခဏနားကြရသည်။ ငယ်ငယ်သည် မိုးလေးတို့နှင့် အပေါ်ထပ်သို့ရောက်သွား၏ ပေါက်ဖော်နှင့် ကိုပေတို့က ကျွန်တော့်ကို အရက်အတင်းတိုက်ကြသည်။ ကျွန်တော်သည် ဘာမှမဆိုင်ဘဲ အရက်သောက်တာကို ငယ်ငယ် ကြိုက်ပါ့မလားဟု တွေးပူနေမိ၏ တစ်မိုးအောက်တည်းရှိနေသည့်တိုင် ကျွန်တော်က သူမကို ထိုခဏလေးမှာပင် လွမ်းမိနေလေ၏

ကျွန်တော် အရက်နည်းနည်းမူးလာသောအခါ ခြံရှေ့ရှိ ဟိုတစ်ခါသူမထိုင်ခဲ့သော အုတ်ခုံလေးပေါ်မှာ ထိုင်နေခဲ့၏ သစ်ရွက်ခြောက်တစ်ချို့က မြေပေါ်သို့ကြွေကျလာလေသည်။ မကြွေကျသေးသော သစ်ရွက်များ၏ ဖြစ်တည်မှုအကြောင်းကို စဉ်းစားမိတော့ အချစ်ဆိုတာ ရယ်စရာကောင်းသွားခဲ့သည်။

ခေါင်းထဲတွင် ရီဝေဝေဖြစ်နေချိန်တွင် ကျွန်တော့် ဘေးနားသို့ မွှေးပျံ့သောရနံ့တစ်ခုရောက်လာ၏ ငယ်ငယ်နွေးဆိုတာ ကျွန်တော် အလိုအလျောက်သိလိုက်သည်။ သူမသည် ကျွန်တော့် ဘေးနားတွင် ဝင်ထိုင်ပါသည်။ စောစောတုန်းက ရေပက်ခဲ့သော အကျီမဟုတ်တော့…။ အစိမ်းရင့်ရောင် လက်ရှည် အင်္ကျီပေါ်တွင် ပန်းသီးပုံ ရင်ထိုးလှလှလေးတစ်ခုကိုလည်း တွေ့ရ၏

“နင်မူးနေလားဟင်”

“သိပ်မမူးပါဘူးဟာ… ဒီလိုပါပဲ”

“နင့်ပုံစံကြီးက တော်တော်မူးနေတဲ့ ပုံကြီး”

“နင်က စိုးရိမ်လို့လား”

ထိုအခါ သူမက မျက်စောင်းတစ်ချက်ကို လှလှပပထိုးပါသည်။ ကျွန်တော်တို့၏ အဖြစ်အပျက်ကို အိမ်ထဲမှာ သူငယ်ချင်းတစ်ချို့က မြင်သွားကြပြီး “နင်တို့က နားချိန်လေးတောင် မနားကြဘူးလား” ဟု နောက်ပါသည်။ သူမရော ကျွန်တော်ပါ သူတို့၏ နောက်ပြောင်မှုများကို ရယ်မောနေခဲ့ကြ၏ ငယ်ငယ်ရယ်လိုက်သောအခါ သူမ၏ ရင်ဘတ်ပေါ်က ပန်းသီးပုံရင်ထိုးလေးသည် လှုပ်ယမ်းသွားပါသည်။ သင်္ကြန်ရက်စွဲများပြီးလျှင် ကျွန်တော့် အစွဲအလမ်းများကို ဘယ်သူတာဝန်ယူမှာလဲဟု စဉ်းစားမိ၏ တစ်ချို့သော စဉ်းစားခြင်းများသည် အဖြေမရှိသော်လည်း ကျွန်တော်တို့က ဆက်လက်စဉ်းစားနေရဦးမည်။

ကျွန်တော်တို့သည် သင်္ကြန်အကျနေ့တွင် ရေပက်အပြီး သင်္ကြန်အကျတ်နေ့တွင် ပေါက်ဖော်တို့ အိမ်က ကားနှင့်ပင် ရေပက်ခံထွက်ကြလေ၏ ငယ်ငယ်သည် သူမကို စတွေ့သည့်နေ့က အနွေးထည် ထူထူကြီး ဝတ်ထားပြန်သည်။

“ငယ်ငယ်….”

“ဘာလဲ…”

“နင်အဲ့ဒီအကျီအထူကြီး ဝတ်ထားပြန်ပြီလား…”

ထိုအခါသူမသည် ကျွန်တော့်အား နှုတ်ခမ်းကိုက်ပြ၏ ပိတောက်ပန်းရနံ့တွေဟာ လေထဲတွင် ဝေ့ဝဲလာလေသည်။ အဲ့ဒီနေ့က သူမသည် ကျွန်တော်ရင်ခုန်သံနှင့် အနီးကပ်ဆုံးနေရာတွင် ရှိခဲ့သည်။ (ရေပက်ကြမ်းသော မဏ္ဍပ်များတွင် ထိုအချက်သည် ပိုမိုသေချာပါသည်)

ကျွန်တော့် ဘေးနားတွင် သူမရှိနေသည့်အတွက် တိတ်ဆိတ်သောနွေဦးထဲတွင် ကျွန်တော်ရောင့်ရဲ နိုင်လေသည်။ သင်္ကြန်သည်နောက်အဆုံးအချိန်များကို လျင်မြန်စွာဖြတ်သန်းနေ၏ ကျွန်တော် လက်ထဲတွင် ဘယ်သူမှ မသိသော အလွမ်းများ အသံမြည်နေပါသည်။

သင်္ကြန်သည် ရောင်စုံကောင်မလေးများဖြင့် အသက်ဝင်နေဆဲဖြစ်သည်။ ကျွန်တော့်ဘေးနားတွင်တော့ ထိုကောင်မလေးအားလုံးထက်အရောင်စုံသော ငယ်ငယ်နွေးဆိုသည့် ကောင်မလေးရှိနေသည်။ ကျွန်တော့် ရူးသွပ်မှုများသည် သူမ၏နှလုံးသားတွင် ဘယ်လိုနေရာယူနိုင်မည်နည်း။ အဝါရောင်များက ကျွန်တော့် မြင်ကွင်းကို စိုးမိုးထား၏ ငယ်ငယ်ဝတ်ထားသော အဝါရောင်လက်ပြတ်အကျီလေးကြောင့် ကျွန်တော်က ကိုယ့်ကိုယ်ကို ထိန်းချုပ်နေရသည်။ ရေပက်ခံနေရင်းမှ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်မိသောအခါ ခံစားမှုတွေက ပိုမိုအရှိန်မြင့်လာလေတော့၏

သင်္ကြန်အတက်နေ့တွင် ပေါက်ဖော်တို့က မုန့်လုံးရေပေါ်နှင့် ရွှေရင်အေး အလှူလုပ်သဖြင့် ဧည့်သည်များ ရှူပ်ထွေးနေသဖြင့် ကျွန်တော်က မုန့်လုံးရေပေါ်တစ်ပန်ကန်ယူလာပြီး ခြံထောင့်မှ အုတ်ခုံပေါ်တွင် သွားထိုင်ကြလေသည်။ သူမက ကျွန်တော့်ဘေးနားတွင် ငြိမ်သက်နေ၏ ထိုင်နေသော အုတ်ခုံအနီးရှိ သံပုရာပင်ပုပုလေး၏ အကိုင်းတစ်ကိုင်းကို သူမက စိုက်ကြည့်နေလေ၏

“နင့်ကို ငါချစ်တယ်… ငယ်ငယ်နွေး”

သူမသည် ထိုစကားကြောင့် ခေါင်းငုံ့သွား၏ ခေါင်းပြန်မော့လာသောအခါ သူမမျက်နှာသည် အနည်းငယ် နီရဲနေပါသည်။

“ငါဘာပြောရမလဲ…”

“ပြောချင်တာပြောပေါ့ဟ…”

“ဒါဆို … ဒီလိုလုပ်ဟာ… ငါဒီညစဉ်းစားလိုက်ဦးမယ်… မနက်ဖြန် မနက် ဒီနေရာကို ဆယ်နာရီ နင်လာခဲ့… ဖြစ်တယ်မဟုတ်လား”

“ဖြစ်ပါတယ်… ”

ကျွန်တော်သည် သူမပါးပြင်ပေါ်မှ သွေးကြောသေးသေးလေးတွေကို ခိုးကြည့်နေမိသည်။ ငယ်ငယ်က မနက်ဖြန် အဖြေပေးမည်ဆိုသော အသိကြောင့် ကျွန်တော်က အလိုလိုတက်ကြွနေ၏။

“ရော့… စည်သူ… ပါးစပ်ဟ”

သူမက မုန့်လုံးရေပေါ်ကို ခက်ရင်းသေးသေးလေးတစ်ခုဖြင့် ခွံ့ကျွေးပါသည်။ ထိုနေ့က သင်္ကြန်နောက်ဆုံးနေ့မို့ ညနေခြောက်နာရီခွဲအထိ ကျွန်တော်တို့ ရေကစားဖြစ်ကြပါသည်။ ရေတွေ စိုရွှဲလွန်းသော နေဝင်ချိန်သည် လှပလွန်း၏

နှစ်ဆန်းတစ်ရက်နေ့သည် သင်္ကြန်ကိုလွမ်းစရာအကောင်းဆုံးဖြစ်နေ၏ ရေကစားမဏ္ဍပ်များ ပြန်ဖျက်နေကြပုံများ၊ လမ်းပေါ်တွင် ပြန့်ကျဲနေသော ဘီယာဘူးခွံများ၊ အမှိုက်များ၊  ရေသန့်ဘူးခွံ၊ ကြွတ်ကြွတ်အိတ်များသည် ပြီးဆုံးသွားသော သင်္ကြန်၏ အမှတ်တရတွေဖြစ်သည်။

ကျွန်တော်သည် ငယ်ငယ်နှင့် ချိန်းထားသော ပေါက်ဖော်တို့ ခြံထဲသို့ ပုံမှန်ခြေလှမ်းများဖြင့် လှမ်းလျှောက်လာလေသည်။ ရင်ထဲတွင် အမည်ပြောပြရန် ခက်ခဲသော ခံစားမှုတစ်မျိုးသည်။ တောက်ပနေ၏ နွေဦးသည် သစ်ရွက်အဟောင်းများကို ခြေချနေခဲ့သည်။

ခြံထဲသို့ ပထမဆုံးကျွန်တော် ဝင်လိုက်သည်။ မိုးလေးသည် mp3 နားထောင်ရင်း ဒန်းစီးနေရာမှ ကျွန်တော့်ကို မြင်သွားသည်။ နောက် ကျွန်တော့်ဆီ လျှောက်လာသည်။

“အကို… သင်္ကြန်ကပြီးသွားပြီနော်… အခုဘယ်သူ့ဆီလာတာလဲ”

ကျွန်တော်သည် မိုးလေးအားလုံးသိထားပြီးဟု တွေးလိုက်ပါသည်။ မျက်လုံးကို ဝှေ့ယမ်း၍ ငယ်ငယ်နွေးကို ရှာလိုက်ပါသည်။

“ငယ်ငယ်နွေးရောက်နေပြီလား”

ကျွန်တော့်မေးခွန်းကြောင့် မိုးလေးအနည်းငယ်ကြောင်သွားပုံရပါသည်။ ပြီးမှ…

“ငယ်ငယ်က ညကတည်းက ဒီမှာ အိပ်တာလေ… လွန်ခဲ့တဲ့ နာရီဝက်လောက်က သူ့ကောင်လေးကားနဲ့ လာခေါ်သွားတယ်။ အကိုနဲ့ ချိန်းထားလို့လား”

ရုတ်တရက် ကျွန်တော့်သွေးများ ဆူပွက်သွားပြီး မိုးလေးကို အံ့ဩစွာကြည့်မိလေ၏

“ဘာ… မိုးလေး…. ဘာ”

“ဟုတ်တယ်… အစ်ကို… ငယ်ငယ်မှာ လက်ထပ်မယ့်သူ ရှိတယ်။ ရှေ့လထဲသူတို့ လက်ထပ်ကြတော့မှာ… အကို့ကို ငယ်ငယ်က မပြောဘူးလား”

ကျွန်တော်သည် ကြောင်အစွာမိုးလေးကို ခေါင်းယမ်းပြမိသည်။ စိတ်ထဲတွင် လိပ်ပြာလွင့်လောက်အောင် တစ်စုံတစ်ရာသည် သေဆုံးသွားခဲ့ပြီ။ မိုးလေးကိုလည်း ဘာစကားမှ ပြောလိုစိတ်မရှိတော့။ ကျွန်တော်သည် အသိမဲ့စွာ ထိုနေရာမှ ထွက်လာခဲ့ပါသည်။ ဒါသည် ကမာ္ဘလောကကြီးထဲမှာ ကျွန်တော့်အတွက် သေးကွေးသော ရှူံးနိမ့်မှုတစ်ခုဖြစ်ပါသည်။

သူမနှင့် ချိန်းထားသော ခြံထောင့်မှ အုတ်ခုံလေးဆီ ကျွန်တော် ရောက်လာ၏ အုတ်ခုံအနီးက သံပုရာပင် အကိုင်းလေးတွင် ကျွန်တော့် အကြည့်များရပ်တန့်သွားသည်။ နွမ်းရိနေသော ပိတောက်ပန်းတစ်ခက်နှင့် ဖဲကြိုးအဝါရောင်နှင့် ချည်နှောင်ထားသည်ကို မြင်ရ၏ ထိုပိတောက်ပန်းတစ်ခက်သည် ငယ်ငယ်နွေးအား ကျွန်တော်ခူးပေးခဲ့တာဖြစ်သည်။

ကျွန်တော့်အတွက်သူမပေးခဲ့သော အဖြေသည် ဒါပဲဖြစ်ပါသည်။ ညိုးနွမ်းနေသော ပိတောက်ပန်းတစ်ခက်၊ အဝါရောင်ဖဲကြိုးတစ်ချောင်း….

လူဘဝ၏ တစ်ချို့အခြေအနေများသည် အခုလိုပဲ ဘာမှမသိလိုက်ရဘဲ ပြီးဆုံးသွားတတ်ကြသည်။ ကျွန်တော်က အဝါရောင်ဖဲကြိုးလေးကို ဆွဲဖြေပစ်လိုက်သည်။ ပိတောက်ပန်း အနွမ်းလေသည် မြေပေါ်သို့ ကျသွားလေး၏ ကျွန်တော် နာကျင်စွာပြုံးရင်း ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။ ရင်ထဲမှာ ဘာမှမရှိတော့ခြင်းသည် အဓိပ္ပါယ်တစ်မျိုးဖြစ်နေလေသည်။

 

 

16 comments

  • Khaing Khaing

    May 17, 2012 at 2:41 pm

    ကိုစည် ……… ရယ် အဖြစ်အပျက်က သနားစရာကောင်းလိုက်တာ …….. ကောင်မလေးကလည်း ချစ်သူရှိ ရက်နဲ့ ချစ်သူနဲ့ရေမပက် လျှောက်မလည်ဘူး ………. အီးစီကလီကလုပ်သေးတယ် ကိုစည့်ကို ……ခုတော့ လူပျိုကြီးကိုစည် ညစ်ညစ်နဲ့သင်္ဘောပေါ်သာပြေးတက်ပေတော့ ………… လွမ်းခဲ့ကြောင်း …… ခံစားပေးသွားကြောင်း အတိအကျထောက်ခံရေးသားခဲ့ပါဂျောင်းးးးး………..

    • ကိုရင်စည်သူ

      May 17, 2012 at 7:54 pm

      မခိုင်ခိုင်ရေ… သင်္ကြန်မှာတွေ့ကြပြီး အခုမြင် ခုကြိုက်ကြတဲ့ အချစ်တွေဟာ တခဏတာ ပျော်ရွှင်မှုအတွက်သာ အဆင်ပြေနေတာပါဗျာ… (အသက်လေးရလာလို့လားမသိဘူး) 🙂 🙂 တကယ်တော့ သူမက သူနဲ့ လက်ထပ်မယ့်သူနဲ့
      အကြောင်းတစ်ခုကြောင့် အရွဲ့တိုက်ပြီး လာရှောင်နေတဲ့ သဘောမျိုးပါ။ ကျနော့်ကလည်း
      တကယ်ကြွေနေတာမှန်းသိတော့ သူ့ခမျာ ဖွင့်ပြောရခက်နေတယ်လို့ ဖြည့်တွေးပေးမိတယ်ဗျာ။
      ခုဆို ကလေးတောင် နှစ်ယောက်လောက်ရနေရောပေါ့…။ ထောက်ခံမယ့်သူရှိတော့
      ဒီလို ဒရမ်မာဇာတ်လမ်းလေးတွေ ရေးဖို့ တအားဖြစ်မိကြောင်းပါခင်ဗျာ…

  • Ch@vez

    May 17, 2012 at 2:48 pm

    ကရင်စီသွပ် ကတော့ လုပ်ချလိုက်ပြန်ဘီဗျို့ …
    😀
    စကီအလန်းလေးဒွေကြားမှာ အဖြူရောင်ဝမ်းဆက်နဲ့ ဂိုက်ပေးကြမ်းတော့မှာများ
    မြင်ယောင်သေးတော့ သဗျာ…

    ခင်တဲ့
    ဂီ

  • ဗိုက်ကလေး

    May 17, 2012 at 3:02 pm

    အူးဘဇင်းစည်တို ့ကတော့ ရေးလိုက်ရင် အဲဗားကွဲတဲ့ ဇာတ်လမ်းတွေချည်းပဲဗျာ
    ဒါနဲ ့
    ဧကန္တကတော့ ငယ်ငယ့်ကို ဂျာပန်ကြီး လာခေါ်သွားတာဖြစ်မယ်..

    • Ch@vez

      May 17, 2012 at 3:07 pm

      ယောက်ဖရီး..
      မင်ဂါ ပါဗျ …ဘာသောက်မဲ ..အပြင်းလား အပျော့လား ..
      😀

      • ဗိုက်ကလေး

        May 17, 2012 at 3:13 pm

        ဖလား..ဖလား..
        မိုးလေးဆိုတာ ဂယ်သာ တများနှမ ဖစ်လို ့ကတော့ မတွေးရဲစရာပါပဲလားဂျာ..

    • ကိုရင်စည်သူ

      May 17, 2012 at 7:44 pm

      အူးဗိုက်ကလေးဂလည်း အဲဗားမကွဲရင် ကိုရင်စည် ဘယ်ဟုတ်တော့မလဲ..
      တကယ်အဖြစ်အပျက်လေးပါဂျာ… ဒါပေမဲ့ အူးဗိုက်ရေးကို ယောက်ဖတောင်ချင်လို့
      နောက်တစ်ကွက်အတွက် နာမည်ထည့်ရေးထားဒလယ်… 😀 😀
      ငယ်ငယ့်ကို ကားနဲ့ခေါ်တင်သွားတဲ့ လက်ထပ်မယ့်သူနေရာမှာ ဆြာဂီ့ကို
      ထည့်ရေးမလို့ နောက်တော့ ဒန်းဖိုက်မျက်နှာနဲ့ အားနာသွားလို့… ဟိ..
      ယောက်ဖကြီး အူးဗိုက် သဘောမတူရင် ခိုးပြေးတဲ့အထိ ဇာတ်ကို တန်ပို Tempo
      ထပ်တင်ဖို့ ကြံနေတယ်… ကွိကွိ.. 😎 😎

  • ညလေး

    May 17, 2012 at 4:04 pm

    အားပေးရင်းလက်မနှစ်ချောင်းထောင်သွားပါ၏ ့ ့ ့ ့

  • FattyCat

    May 17, 2012 at 8:07 pm

    အော်
    ကိုရင်စည် ခင်ဗျားရဲ့ယဒယာတွေလဲ ဒီအချိန်မှာမစွမ်းနိုင်တော့ပါလား
    အချစ်ဆိုတာ ပြန်တောင်းလို့လဲ ရကောင်းတဲ့အရာမဟုတ်ပေဘူးကွယ့်

    ရွာသားငရှုပ်
    ကြောင်ဝတုတ်

  • windtalker

    May 17, 2012 at 8:27 pm

    ဒီမယ် ကိုရင်စည် ၊ ကျုပ်မှာ ညီနှစ်ယောက် ရှိတယ်ဗျို ့။
    ရှေ ့သွားလေးတွေကြည့်ပြီး ၊ ကြိုသတိပေးရတယ် ။ ဟီဟိ
    အားပေးသွားတယ်နော

  • htet way

    May 17, 2012 at 9:08 pm

    အစွဲလမ်းပိုကဲ
    အသည်း တစ်ခြမ်းကိုပဲ အချစ်ရေ ယူထားပါအုံး

  • Moe Z

    May 18, 2012 at 9:52 am

    ဩော .. ဪ .. ကိုရင်စည်သွပ်ကို ရေမျောသွားပြီမှတ်တာ
    ကမ်းတင်နေတုန်းပဲကိုး ..
    သက်ဆိုင်သူရေ ဒီမှာဝင်ကြည့်ပါဗျို့ :mrgreen:

  • ကြောင်ကြီး

    May 18, 2012 at 10:43 am

    (((ရေစိုနေသော သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းများတွင် အရှက်တရားသည် ဒီလောက် လွယ်ကူလိမ့်မည်ဟု ကျွန်တော်မထင်ခဲ့ပေ။))))
    နင့်ခံဇားဂျက်ကို ကြိုက်သလိုရေးဒါ မှန်ပေမဲ့…ဗမာစာအရေးအသား သဒ္ဒါဂိုဖျက်တာဒေ့ါ လက်ခံနိုင်ဘူးဟေ့….။

  • Rose Minn

    May 18, 2012 at 1:18 pm

    ကိုရင် ရယ်။ အိသဒ္ဒါမိုးနဲ့ လဲကွဲ ။ အခုလဲ ငယ်ငယ် နဲ့ ကွဲပြန်ပြီ။ နင့်ဟာက လည်း။ အလွမ်းဇာတ်ကြီး ပဲရိုက်နေတော့ အကယ်ဒမီ မှန်းသလားလို့ အေ။ ဒီနှစ် အကယ်ဒမီ ကျရင် ပေးဖို့ မဲ ပေးမယ်။ မဲပေးမယ်။
    ဇာတ်ကလည်း နာလိုက်တာအေ။ ငါ့မှာ ဖြင့်စိတ်မကောင်းလို့။
    ဘယ်တော့များမှ ဆုံဆည်း မလဲနော်။

  • min min san

    May 19, 2012 at 10:47 am

    ko yin!!

    read b4,,but still nice to read thanks!

Leave a Reply