Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မရှိမကောင်း ရှိမကောင်း

weiweiMay 24, 20121min111446

နှစ်တန်းကျောင်းသူ သမီးလေးကို အိမ်မှာဆရာမခေါ်ပြီး စာသင်ပါတယ်။ ဆရာမနဲ့ စာသင်နေချိန်တွေဟာ ကျွန်မအတွက် အိမ်အလုပ်တွေကောင်းကောင်းလုပ်ရချိန်ပါပဲ။ အလွန်အဆော့မက်ပြီး စကားများလွန်းတဲ့သမီးကို စာသင်ချိန်လေးခဏကသာ ငြိမ်သက်စေနိုင်ပါတော့တယ်။

တစ်ဖက်ခန်းမှာ သမီးလေးစာသင်နေတုန်း မီးခိုချောင်ထဲဟင်းချက်နေချိန်မှာ သမီးက မီးဖိုထဲရောက်လာတယ်။
အမေ။ ။ ဟယ် .. သမီး … စာမသင်ဘူးလား။ ဆရာမ ဘာလုပ်နေလဲ?
သမီး။ ။ ဆရာမ ဖုန်းပြောနေလို့ပါ မေမေ ….

တစ်ပတ်လောက်ရှိပြီ ဆရာမလေးမှာ ဖုန်းအသစ်လေးတစ်လုံးဝယ်ထားပါတယ်။ ဆရာမဆီမှာ ဖုန်းနဲ့ဆိုတော့ စာသင်ချိန်တွေကို အချိန်ပြောင်းတာပဲဖြစ်ဖြစ်၊ အချိန်ဖျက်တာပဲဖြစ်ဖြစ် အချိန်မရွေးဖုန်းဆက်အကြောင်းကြားနိုင်တာမို့လို့ ကောင်းလိုက်တာလို့ ကျွန်မတွေးမိခဲ့တာလဲ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် …

စာသင်ချိန်က စုစုပေါင်းနှစ်နာရီမှာ စသင်လို့မှ ၁ဝ မိနစ်လောက်ပဲရှိသေးတယ်။ ဖုန်းလာပါပြီ ..
ဆရာမ။ ။ ဟယ်လို အမေလား …
တစ်ဖက်လူ။ ။ ………………
ဆရာမ။ ။ သမီးဘီဒိုထဲမှာ သေချာထည့်ထားခဲ့တယ်လေ … သေချာရှာပါအုန်းအမေ …

ဖုန်းချလိုက်ပြီး စာဆက်သင်လို့မှ ၁ဝ မိနစ်မရှိသေးဘူး .. ဖုန်းထပ်လာပြန်ပါပြီ ..
ဆရာမ။ ။ ဟယ်လို အမေ … တွေ့ပြီလား …
တစ်ဖက်လူ။ ။ …………..
ဆရာမ။ ။ သမီးပြောသားပဲ … သေချာမရှာကြည့်ပဲနဲ့ အခုတွေ့ပြီမဟုတ်လား … ပြန်လာရင် ဈေးထဲက ဘာဝယ်ခဲ့ရမလဲ …
တစ်ဖက်လူ။ ။ …………
ဆရာမ ။ ။ ဟုတ်ကဲ့ အမေ … ဒါပဲနော် ….

ဆရာမစာဆက်သင်နေပါတယ် … မကြာပါဘူး .. ဖုန်းထပ်လာပြန်ပါတယ် …
ဆရာမ။ ။ ဟယ်လို ..
တစ်ဖက်လူ ။ ။ …………..
ဆရာမ။ ။ ဟယ် သူငယ်ချင်း … ငါ့ဖုန်းနံပါတ်ဘယ်လိုရသွားတာလဲ .. နင်ဘယ်မှာလဲ .. ဘာလုပ်နေတာလဲ .. မတွေ့တာတောင်ကြာပြီနော် …
တစ်ဖက်လူ။ ။ ………………….
ဆရာမ ။ ။ …………

ဖုန်းပြောနေလိုက်တာ ဘေးမှာကလေးစာသင်နေတာကိုမေ့လို့ ကလေးက မီးဖိုထဲရောက်နေတာတောင်မှ မသိနိုင်တော့တဲ့အခြေအနေအထိပါပဲ …
ကျွန်မဘယ်လိုလုပ်ရင်ကောင်းမလဲလို့ စဉ်းစားတယ်။ အခုမှ ဖုန်းအသစ်ကိုင်ခါစ ဆရာမငယ်ငယ်လေးကို စာသင်ချိန်မှာ ဖုန်းပိတ်ထားပါလို့ ကျွန်မပြောမထွက်ပါဘူး။ သူ့မှာလဲ အခုမှ မျောက်အုန်းသီးရဆိုသလိုဖြစ်နေရှာပါသေးတယ်မဟုတ်လား။

ဖုန်းတွေပေါများလာပြီး လူတိုင်းနီးပါးကိုင်နိုင်ကြချိန်မှာ ဖုန်းယဉ်ကျေးမှု ပညာပေးတွေ မီဒီယာတွေကနေတဆင့် လုပ်ကြရင် သိပ်ကောင်းမှာပဲလို့ စဉ်းစားမိရင်း …
ဪ .. ဖုန်းဆိုတာ … မရှိမကောင်း ရှိမကောင်း ပါလားလို့ …..

ကိုပေါက်ပို့ပေးတဲ့ ဖုန်းကျော် ..
အန်တီ ပဒုမ္မာပို့ပေးတဲ့ ပို့စ်နဲ့လိုက်ဖက်တဲ့ ဓါတ်ပုံ

46 comments

    • weiwei

      May 24, 2012 at 11:02 am

      အဲဒီအချက် ၁၅ ချက်ကို ပရင့်ထုတ်ပြီး ပြည်သူပိုင်နေရာတွေမှာ ကပ်ထားဖို့သင့်တယ်နော် … တီဗီကနေလဲ ကြော်ငြာထိုးသလိုမျိုး ပြပေးရင် ကောင်းမယ် …

  • htet way

    May 24, 2012 at 11:08 am

    မရှိလည်း မကောင်းရှိလည်း မကောင်း လို့ ပြောတာ သဘောကျပါတယ်။
    ဖုန်း ဝယ်ကာစ လူတွေ ဒီလိုပါပဲ
    နောက် ဖုန်းတောင်းဆက်တဲ့ လူတွေရှိသေးတယ်။လက်ဖက်ရည် ဆိုင်နေရင်းက
    ကောင်မလေး တစ်ယောက်က ဖုန်း ခဏလောက် ဆက်ပါရစေ..တဲ့ ပြောလိုက်တာ ချစ်သူနဲ့ ၁၅မီးနစ်လောက် နောက်တစ်ယောက်က လည်း ဖုန်း ခဏလေးပြောလို့ရမလားတဲ့
    အားနာလို့ပေးလိုက်မိတယ် နာရီဝက် ၊ ကြာလိုက်တာကွာ သွားစရာရှိလို့ လို့ပြောတော့
    စိတ်ဆိုးသေး နောက် တစ်ယောက် ကလည်း ဖုန်းပြပါအုံးဆိုပြီး ဆက်လိုက်တာ သူဖုန်း အတိုင်းပဲ
    ဒါတောင် ကျွန်တော်က မြင်သာအောင် တစ်ချို့လို ခါးချိတ်တာ မဟုတ်၊ အိတ်ထဲ ထည့်တာနော်။
    မရှိမကောင်း….ရှိမကောင်းကို ထောက်ခံတာပါ ဆရာမ။

  • PaLote Tote

    May 24, 2012 at 11:38 am

    အစ်ကို ဖုန်းလေး ခဏငှားပါ ၊ ချစ်ချစ်နဲ့ ၄၅ မိနစ်လောက် ပဲပြောမှာပါ ။

  • nozomi

    May 24, 2012 at 11:49 am

    အော် အန်တီဝေ့ သမီးက ဒီနှစ် ၂ တန်း တက်မှာလား ၊ ဘယ်ကျောင်းမှာလဲ 😀

    သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးက ရုံးကိုလာတာ မျက်မှန် နဲ့ ဦးထုပ်လေး ဆောင်းလို့ ဖုံးကြိုးလေးကို လက်ညှိုးလေးနဲ့ လှည့်ရင်း လမ်းလျှောက်သွားတယ် သူတို့ မျက်နှာမှာ ကျေနပ် ကြည်နှုးစိတ်အပြည့်နဲ့
    ကာလတစ်ခုထိတော့ ဒါမျိုးတွေ တွေ့နေရမယ်
    ဖုံး ဆိုတာ ဇိမ်ခံပစ္စည်း မဟုတ်ဘူး နေ့စဉ်ပုံမှန်သုံး ပစ္စည်း ဆိုတာ သဘောပေါက်သွားမယ် ( အဲ ဖုံးခတွေလဲတော်တော်ကုန်သွားပါရင်တော့ ) အားလုံးပုံမှန် ဖြစ်သွားကြမှာပါ

  • ဗိုက်ကလေး

    May 24, 2012 at 12:11 pm

    ကျုပ်လဲ အမြင်ကတ် ခံချင်လို ့ တစ်လုံးလောက် ဝယ်ပေးကြဘာဦး..
    ကျုပ်သာ ဖုတ်ရှိလို ့ကဒေါ့ ရွာထဲက လူတွေ အာကုန်လုံးလိုက်ဆက်ပစ်မယ်..
    ဟရို..ဒဂျီးလား..ဘာရုပ်နေရဲ..အီအီးပါနေဒါရား..
    ဟရို..အုကြောင်ဂျီးလား..ဘာရုပ်နေရဲ ကြွက်ချောင်းနေဒါရား..
    ဟရို..အုအောင်ဘုရား..ဘာရုပ်နေရဲ..ထန်းတောထဲမှာရား..
    ဟရို..——လား..ဘာရုပ်နေရဲ..
    ဟရို..——လား..ဘာရုပ်နေရဲ..
    ဟရို..——လား..ဘာရုပ်နေရဲ…..ဟရို..——လား..ဘာရုပ်နေရဲ…..

    • မဟာရာဇာ အံစာတုံး

      May 24, 2012 at 9:40 pm

      ဟဲ့လူ .. ဟတ်လူ ..
      ဟတ်လို … ဗိုက်ခေးရား ..
      ( လူကြီးမင်း ခေါ်ဆိုသော တဲ့လီဖုန်းမှာ
      ဆက်သွယ်ရေး ရုံးမှာ ချိပါဒေးဒယ်ချင် .. 😀 )

  • Ma Ei

    May 24, 2012 at 12:17 pm

    ဝေ့ သမီး ဆရာမက ဖုန်းကြောင့်…
    အိမ်က သမီး ဆရာမကတော့…
    ကလေးကို ဆက်တွက်ဆိုပြီး ဘုရားစာရွတ်လိုက် ပုတီးစိတ်လိုက်နဲ့
    စာသင်ချိန် နှစ်နာရီမှာ စာသင်ရတာ နာရီဝက်မရှိဘူး…
    ပြောရမှာလဲခက်နေတယ်…

    • weiwei

      May 24, 2012 at 1:16 pm

      ဇာတ်လမ်းလေးဖြစ်အောင် အမေနေရာကနေ ခံစားပြီး ရေးထားတာပါ ..
      တကယ်တော့ တူမသာဖြစ်ပါကြောင်း …. 😛 😛

      • Ma Ei

        May 24, 2012 at 1:36 pm

        ဆရာမ ဆိုတာနဲ့ ရေးမိသွားတာ…
        ဘွာတေးဘွာတေး…

      • ရွာစားကျော်

        May 24, 2012 at 2:06 pm

        ပို့စ်ကို ဖတ်ပြီး မျက်စိလည်သွားတယ်နော်..
        လူချိုး မဝေ
        ကွန်မင့်ထဲကျမှ တူမလို့ ဝန်ခံထားတယ်

  • ဆူး

    May 24, 2012 at 1:32 pm

    ခံစား ရေးဖွဲ့ ကောင်းလို့ အပျိုကြီး ဒေါ်ဝေဝေ ကလေးအမေ ထင်ကုန်ပြီ။ ဟိဟိ..
    အပျိုကြီးနော်.. အပျိုကြီး.. သံယောဇဉ်နည်းချင်လို့ အပျိုကြီး လုပ်နေတာ.. ဟွန့်..
    တူမတွေ တူတွေတော့ ချစ်တတ်တယ် ဒါပဲ.. အဟိ..

    မဝေ အစား ပြောကြည့်တာ.. ဆူး ကတော့ တူတွေ တူမတွေ နဲ့ အလှမ်းဝေးလို့ သံယောဇဉ်နည်းတယ်။

    • Ch@vez

      May 24, 2012 at 1:36 pm

      အပျိုဂျီး အချင်းချင်း သတင်းလွေ့လွေ့ ဖြစ်နပါကလား …
      ဟီဟိ…

      ဂယ်တော့ အပျိုဂျီးဆိုတာ …
      အပျိုဂျီး ဆိုတာ….
      ဘာပါလိမ့် ..ဘဖော ရေ ….????

      ဒက်ဂလောက်…ဒက်ဂလောက်

      • ဆူး

        May 24, 2012 at 1:49 pm

        အပျိုကြီးတွေ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့.. ပြောတဲ့ လူတွေက မနာလို လို့ ပြောတာ.. ဖြစ်လိမ့်မယ်။ 😀
        အိမ်ထောင်ပြုပြီးမှ အပျိုကြီး ပြန်လုပ်ချင်လို့ မရဘူး။ 😉

      • kai

        May 24, 2012 at 4:01 pm

        အပျိုကြီးပြည်သူပိုင်ဆိုတာ.. တကယ်လည်းမှန်ပါတယ်..
        အပျိုကို.. ရှိသမျှယောက်ျားတွေ.. ပိုင်ခွင့်ရှိနေတယ်မဟုတ်လား..
        ပြောမရဘူးလေ..
        အပျိုက.. ပြန်ကြိုက်ချင်ကြိုက်နိုင်တဲ့..% လေးတော့ရှိနိုင်..မျှော်လင့်နိုင်တာကိုး..

        ဆိုတော့..
        အပျိုကြီးပြည်သူပိုင်ဆိုတာ.. ဂုဏ်ပြုပြောတယ်ထင်ပါကြောင်း..

        ဒန်တန်တန်… 😆

        • Khin Latt

          May 24, 2012 at 9:16 pm

          ဟေ့ သူကြီး
          “ရှိသမျှယောက်ျားတွေ.” ဆိုတာကိုတော့ တစ်ပါတ်လောက် လျှော့လိုက်ပါဦးလေ။
          ကိုယ့်ဟာကိုယ် လဲ အဲဒီ အထဲ စာရင်း တို့ထားလား?
          ခိုင် ရေ ဒီမှာ နောက်တစ်မျိုး တော့ …… 😀

        • kai

          May 24, 2012 at 11:00 pm

          ကောင်းပြီလေ.. လေဒီခိုင်ကိုသနားလို့.. အနော်နှုတ်ထွက်လိုက်မယ်..။ ဟီး..။ 🙂

          ဒီခေတ်က.. ဂေးတွေအတူတူနေနိုင်တဲ့ခေတ်ဖြစ်လာပြီမို့.. မိန်းမတွေပါတိုးပလိုက်မယ်..
          ဆိုတော့..
          “ရှိသမျှ..ယောက်ျားမိန်းမတွေပိုင်တဲ့.. ပြည်သူပိုင်ပျိုဂျီးများ..”

          Newsweek puts rejected Obama ‘first gay president’ covers online …
          abcnews.go.com › Politics › OTUS News
          May 15, 2012 – Newsweek attempted to stir up some controversy this week with its cover, declaring Barack Obama America’s “first gay president” and giving ..

        • pooch

          May 25, 2012 at 12:26 am

          သူကြီးကို မုန်းလိုက်တာ တဆိတ်ရှိအပျိုကြီးတွေပဲ လာခလုတ်တိုက်နေတာ
          အိမ်ထောင်ပြုရင် အစိမ်းတသိန်း ထုတ်ပေးမှာလားပြော 😆

          in fact,
          single?
          no , i’m just in a relationship with freedom. 😉

        • kai

          May 25, 2012 at 4:10 am

          @pooch
          ရွာထဲက.. ရွာသူအပျိုတွေ လိုချင်ရင်.. တင်တောင်းမှရမယ့်ထုံးစံ.. လုပ်လိုက်မယ်လေ…
          တင်တောင်းခ အစိမ်းတသိန်း၂သောင်းယူမယ်..
          ၂သောင်းပွဲခ…
          ၁သိန်းကို.. အိမ်ထောင်အသစ်အတွက်လက်ဖွဲ့ပေးမယ်ပေါ့…. :mrgreen:

        • ဆူး

          May 25, 2012 at 10:44 am

          kai says: (Edit)

          ပြောရရင်… ကျုပ်က.. **$%#%^&%$#…

          ငရဲပြည်နဲ့..နတ်ပြည်ကြား.. ပွဲခယူ.. ပွဲညွှန့်စား.. ပွဲစားများကို.. မယုံကြည်ပါကြောင်း.. 😆

          ၂သောင်းပွဲခ…
          ၁သိန်းကို.. အိမ်ထောင်အသစ်အတွက်လက်ဖွဲ့ပေးမယ်ပေါ့….

          ပွဲစား မယုံကြည်ပဲ ပွဲစား လုပ်မနေပါနဲ့.. ကိုယ့်စကားနဲ့ကိုယ် အချိန်တန်မှ လာထား..
          နှာစေးမနေနဲ့.. ကြိုပြီး ဆေးသောက်ထား ဒါပဲ…

          အခုတော့ ၁ဝ ယူသွားတယ်။ ဒါပဲ..

        • kai

          May 25, 2012 at 11:10 am

          ဆူးမမနော…
          မန်းထားတာကို ဖြတ်တောက်ပြီး လိုရာဆွဲမတင်ပါနဲ့လို့..
          ကျုပ်က.. ပွဲစား.. လက်လဲခံတယ်..။ လိုအပ်တယ်လို့လည်းယူဆတယ်..။
          အဲ.. ကိုယ်တိုင်လည်း.. အခွင့်ပေးရင်လုပ်တယ်…။ :mrgreen:

          ကျုပ်မယုံကြည်တဲ့ ပွဲစားက… ဟိုဖက်ပို့စ်မှာ မန်းထားတဲ့အတိုင်း.. အောက်မှာပြန်တင်ပေးထားတယ်…
          ဘိုးတော်..ဘွားတော်..နတ်ကတော်နဲ့.. တချို့သောဘုန်းကြီးများကို ပြောနေတာ… 😕
          http://myanmargazette.net/123323/travel
          ==
          ေြ

          ပာရရင်… ကျုပ်က.. ငရဲရော..နတ်ပြည်ရော ရှိတယ်လို့ယုံကြည်တယ်..
          နေ(ကြယ်)နဲ့နီးတဲ့.. ဂြိုလ်ပေါ်က.. သတ္တဝါတွေကို.. လူနေရာကကြည့်ရင်.. ငရဲသားတွေဖြစ်ချင်ဖြစ်နေမှာပေါ့…
          ဒီအတိုင်းပဲ.. အာဗာတာထဲကလို..ပင်ဒိုရာ ဂြိုလ်မှာနေတဲ့နာဗီးတွေက.. လူနေရာကြည့်မယ်ဆိုရင်.. နတ်တွေလည်းဖြစ်နေနိုင်ပါတယ်..
          စင်္ကြာဝဌာအနန္တမှာ.. လူတွေနဲ့..လူဆင်တူသူတေါ.. မရေမတွက်နိုင်အောင်ရှိတယ်လို့ယုံကြည်ပါတယ်.။ သူတို့ကို.. လူ..နတ်..အသူရာ..ငရဲသား..တိရိစ္ဆာန် ကြိုက်တဲ့နာမယ်တတ်နိုင်ပါတယ်..။

          ကျုပ်မယုံတာက.. ဒီကမ္ဘာမြေက.. ပွဲစားတွေကို..
          ဘယ်လိုပွဲစားတွေလည်းဆိုတော့…

          ငရဲနဲ့နတ်ပြည်မရောက်ဖူးမသိဖူး..
          .. ခေတ်သိပ္ပံလည်းမလေ့လာဖူး..
          … အိုင်းစတိုင်းသီအိုရီ.. ပါမောက္ခဟောကင်းတွင်းနက်အကြောင်း..ကွမ်တမ်သီအိုရီ.. တလုံးတပါဒမှမသိ.. ရမ်းအုပ်မှန်းအုပ်နေတဲ့.. ပွဲစားတွေနဲ့..သူတို့ရဲ့စကားတွေကို.. မယုံကြည်ပါ..
          ယုံကြည်မှုအလွဲသုံးစားလုပ်သူများမို့.. ပိုလို့.. မယုံကြည်ပါ..
          သာသနာကို.. ငရဲနဲ့ခြောက်ဘုံနဲ့မြှောက်ပြီး.. စည်းရုံးနေသူများကို.. မယုံကြည်ပါ…

          ငရဲပြည်နဲ့..နတ်ပြည်ကြား.. ပွဲခယူ.. ပွဲညွှန့်စား.. ပွဲစားများကို.. မယုံကြည်ပါကြောင်း.. 😆

        • ဆူး

          May 25, 2012 at 12:15 pm

          မရတော့ဘူး.. နှာစေး ပျောက်ဆေးသာ ဆောင်ထားပေတော့..
          ကိုယ်မှတ်ချင်သလိုသာ မှတ်ထားလိုက်ပြီ။
          အဟေး… ဟေးး ဟေးး 😀
          ဒန်တန်တန်… 😆

  • တစ်ချို့တော့ အလုပ်ကိစ္စအတွက်လိုအပ်လို့ကိုင်တယ်
    တစ်ချို့ကတော့ ဒါလေးမရှိရင် လူအထင်သေးမှာစုးိလို့ကိုင်တယ်
    တစ်ချို့ကတော့ ဂိုက်ပေးဘို့သက်သက်ကိုင်တယ်။
    ဘာကြောင့်ဘဲကိုင်ကိုင် ကိုယ် ကိုင်တာ သူများကို အနှောင့်မယှက်မဖြစ်ဘို့တော့လဲလိုပါတယ်.
    ကျနာ်ကတော့ ဒီဖုန်းက ကျနော့်အတွက် ချလူလေးလို့ သတ်မှတ်ပါတယ်။
    ငယ်ငယ်က လမ်းလျောက်စကလေးလေး ဘယ်နားရောက်နေတယ်ဆိုတာ သိအောင်ချူလူလေးဆွဲပေးထားပါတယ်။
    အခုလဲ ကျနော်ဘယ်ရောက်နေတယ်ဆိုတာ သိအောင်
    ဖုန်းထဲ့ပေးလိုက်တာလို့ ခံစားရပါကြောင်း။.
    ရှိရင်ကောင်းပါတယ် ………………….
    အင်း…………မရှိရင်တော့လဲ ………….ပီစီအိုတွေပေါပါတယ်။

  • weiwei

    May 24, 2012 at 2:14 pm

    ဖုန်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာတွေများလာပါတယ် …
    အခုတလော မနက်ပိုင်းသင်တန်းတစ်ခုတက်နေရတယ် … သင်တန်းသားက ၁ဝ ယောက်လောက်နဲ့ ဆရာတစ်ယောက်မှာ စာသင်ရတယ်မရှိပါဘူး … တစ်ယောက်ပြီးတစ်ယောက် ဖုန်းထမြည်နေပြီး အခန်းထဲကထွက်လိုက်ပြောလိုက်နဲ့ … အချင်းချင်းအားနာရကောင်းမှန်းလဲမသိ .. ဆရာ့ကိုလဲ အားမနာဘူး … ကလေးတွေလဲမဟုတ် အရာရှိအဆင့်သင်တန်းသားတွေမို့လို့ ဆရာကလဲ ဘာမှမပြောပဲလွှတ်ထားတယ် … ကိုယ်ပိုင်အသိစိတ်လေးတွေရှိရင် ကောင်းမှာပဲလို့ စိတ်အနှောင့်အယှက်ဖြစ်စွာနဲ့ပဲ တွေးမိပါတော့တယ် …

  • etone

    May 24, 2012 at 3:06 pm

    မဝေရေ … ကွက်တိကို ထိတဲ့ ပို့စ်လေးပါပဲ … ။
    မျောက်လက်ထဲ အုန်းသီးရဆိုသလိုပေါ့လေ … တန်ဖိုးနည်းဖုန်းတွေပေါ်လာတာကောင်းပေမယ့် …. ကိုယ့်ရဲ့ တာဝန်ချိန်တွေကို ကသိကအောက်ဖြစ်လို့ဖြစ်မှန်း … သတိမထားမိကြဘူးပဲ … ။ ပြောရလျှင်လေ .. ရယ်စရာတော့ကောင်းပေမယ့် … စိတ်မကောင်းတော့ဖြစ်မိတယ် …သူများနိုင်ငံတွေမှာ လွယ်လွယ်နဲ့ပေါပေါဝယ်လို့ ရနေတာကို ဒီနိုင်ငံမှာ …. ဈေးကြီးကြီးမို့ ..ဝယ်သုံးနိုင်ခဲတယ် … ။ ဆက်သွယ်ရေးက … အကျင့်ပုပ်ပြီး တွန်းထုတ်လိုက်တဲ့ … ဈေးကြီးတဲ့ ဖုန်းတွေ ခေတ်စားချိန်တုန်းက … ဖုန်းခါးချိတ်ရဲတဲ့ လူမရှိသေးဘူး … ။ လူလည်ခေါင်မှာ ဖုန်းထုတ်ပြောလျှင် တအံ့တဩတွေဖြစ်လို ့ .. ငေးသူကငေး ။ အဲ့တုန်းက .. ဖုန်းပေါက်ဈေး .. ဘာညာပေါင်းပြီး .. ဈေးကွက်ထဲအလိုက်ပေးဝယ်ရတာ .. သိန်းလေးဆယ်နီးပါးလောက် ..။ ဌာနဆိုင်ရာကအကြီးကဲတွေ ၊ လူချမ်းသာတွေ နဲ့ သူတို့သားသမီးတွေ ၊ သဘောင်္သီးတွေ၊ အနုပညာရှင်တွေလောက်ပဲ အသုံးများခဲ့ကြတယ် … ။ အဲ့ဒီခေတ်က အပိုင်မဝယ်ပဲ ဖုန်းငှားကိုင်တာတွေ ခေတ်စားခဲ့တယ် … ။ငှားခကတော့ ခြောက်လ ၊ တစ်နှစ်စာချုပ်ချုပ်ရတယ် … ။ ပဲတွေတော့များနေတာပေါ့နော် … ငှားကိုင်လား ဝယ်ကိုင်လားဆိုတာတော့ … ဘယ်သူမှ မသိခဲ့ဘူးကိုး ။ 😛

    တဖြည်ဖြည်း ဂျီအက်စ်အမ်တွေ ထွက်လာတော့.. ဆယ့်ငါးသိန်းကို နှစ်ဆယ် အစိတ်လောက်ထိ အလိုက်ပေးပြီး ဝယ်လိုက်ကြသေးတယ် … ။ အဲ့ဒီအချိန်အရင်ကထက်တော့ လူတွေ ပိုသုံးလာနိုင်နေပြီ… အလယ်တန်းစား လူတန်းစား လက်လှမ်းမှီလာပြီ ၊ ပွဲစားလိုလူတွေလည်း ဝယ်လာကြပြီ ၊ တစ်အိမ်လုံးမှာ တစ်လုံးတော့ ရှိဖို့ ဖြစ်ညှစ်ဝယ်လာကြပြီ … ။ အဲ့အချိန် … ကြွားချင်တဲ့ လူတွေက ထပြီး ဘက်စ်ကားပေါ်မှာ ဟလို ဟလို ဖြစ်နေကြပြီ … ။ လူတွေကတော့ ပြုံးစိစိကြည့်တုန်းပေါ့ …. ။ တစ်ချို့ကျတော့လည်း … ပြုတ်ကျမှာ ပျောက်ကျမှာ စိုးတာထက် ၊ ကြွားချင်သလို ဘာလိုလိုနဲ့ ဖုန်းတွေခါးချိတ်ထားကြပြီ … ။ တစ်ချို့ကလည်း ခါးမှာချိတ်လျှင် ငြိကျမှာစိုးလို့ ရှက်လို့ ဆိုပြီ း… အကျီ င်္အိတ်ထဲ ထည့်လို့ … ဖုန်းဟမ်းဆက်မှာ ချိတ်တဲ့ ကြိုးလေးကိုတော့ အပြင်ထုတ် မသိမသာကြွားကြတဲ့ခေတ်ပေါ့ … ငှားကိုင်လူတစ်ချို့လည်း ရှိနေတုန်းပါပဲ … ဒါပေမယ့် ..ငှားခကို တလချင်းရှင်းလို့ရနေပြီ ။

    ငါးသိန်းဖုန်းတွေပေါ်လာပြန်ပါပြီ … သိန်းလေးဆယ်ပေးဝယ်ခဲ့ရသူတွေ ၊ ထုတ်ဈေး ဆယ့်ငါးသိန်းကို အမြတ်ပေးပြီး နှစ်ဆယ် ၊ အစိတ်ဝယ်ခဲ့ရသူတွေ … မျက်စောင်းတခဲခဲဖြစ်ပါပြီ … ငါးသိန်းဆိုတော့… သူများ အလုပ်သမားလုပ်သူတွေတောင်ကိုယ့်လစာနဲ့ကိုယ်ဝယ်လို့ ရနေပြီ … ။ တက္ကသိုလ်ကျောင်းသူလေးတွေတောင် ကိုင်နိုင်နေပြီ ၊ အိမ်ဆိုင်လေးတွေမှာလည်း ဖုန်းတွေ ရှေ့ချပြီး … ဖုန်းခေါ်စားနေကြပြီ … ။ busကားပေါ်မှာရော ၊ ဆိုက်ကားပေါ်မှာရော ရဲရဲဝံ့ဝံ့ပြောလာကြပြီ .. တစ်ချို ့မိန်းကလေးတွေဆို အိတ်ထဲ ထည့်ထားလဲ ကြားထဲ ဒီဖုန်းသံကို … မကြားရမှာစိုးလို့ ဆိုပြီး .. လက်က ထုတ်ကိုင် ပဲများလာကြပြီ … ။ ဘယ်လိုပြောရမလဲ … သိန်းလေးဆယ်လောက်ပေါက်ပြီး မိုဘိုင်းဖုန်း သုံးခဲ့သူတွေ ဟန်လုပ်ရှိုးထုတ်တုန်းက အားကျမိသမျှ … အတိုးချ လွှတ်ကြွားတော့တာပေါ့ ။

    ၂သိန်းတန်လည်းပေါ်လာရော … အံမယ် …လူတော်တော်ကိုင်နိုင်လာကြတယ် … ။ ကိုရီးယားကားထဲက အမှိုက်သမား အာဂျောရှိလည်းဖုန်းသုံး ၊ အိမ်အကူ … အာဂျီမားလည်း ဖုန်းသုံးတာကို မျက်စိကျနေတဲ့ … မြန်မာပြည်သူတွေ … ဝယ်ပြီး ရှိုးထုတ်လိုက်တာ … ပေါက်ဈေးထက် သောင်းဂဏန်းထိ ပိုတောင်ပေးဝယ်နေရတုန်း … ။ ဆိုက်ကားသမားလည်း ဖုန်းဝယ် ၊ ဒရိုင်ဘာလည်း ဝယ် ၊ ကုန်စိမ်းထမ်းတဲ့ လူလည်း ဝယ် ၊ ပဲ ပြုတ်သယ်လည်း ဝယ်နဲ့ ….. မြင်ရတာ .. ပြုံးစိစိတော့ဖြစ်မိတယ် …. ။ (ပြောမယ့်သာပြောတာ 2သိန်းတောင် မဝယ်နိုင်လို့ မကိုင်နိုင်တဲ့လူတွေလည်း ရှိပါသေးတယ် ) အခုမှ မျောက်လက်ထဲ အုံးသီးရသလို .. ring tone ကို အကျယ်ကြီးတင် … လူကြားထဲ .. ဟေ့ဟေ့ ငါပြန်လာပြီနော် … ဟဲ့ .. နင်နေကောင်းလား .. အေးအေး .. ငါဖုန်းစမ်းတာ .. စသဖြင့်တွေ စတိုင်လုပ်ပြောလိုပြောနဲ့ ..ကိုယ့်ရဲ့ သာရေး နာရေးတွေတောင် လစ်ဟင်းကုန်တာ … မသိလိုက်ကြရှာဘူး ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ … ၂သိန်းဖုန်းထွက်ပြီး ချက်ချင်းပဲ … သီရိမင်္ဂလာဈေးက ကားဖြတ်လို့ လှမ်းကြည့်လိုက်တာ .. အံမယ် .. အညာသူမတွေ .. အသီးလာဝယ်ရင်း ကားစောင့်တုန်း တစ်ယောက်တစ်လုံးနဲ့ .. ထုတ်နှိပ်နေကြတာ… စတိုင်ကိုကျလို့ … ဓါတ်ပုံရိုက်ချင်ပေမယ့် ညဘက်မို့ မရိုက်ဖြစ်ခဲ့ဘူး … ။ ဟိုးတလောကလည်း … ဖယ်ရီမမှီမှာစိုးလို့ …ဆိုက်ကားငှားစီးမလို့ ဆိုက်ကားသမား ဖုန်းပြောနေတာမစောင့်ချင်တာနဲ့ .. မငှားဖြစ်ခဲ့ဘူး ။ 🙄

    ပြည်သူတွေ ဈေးပေါပေါနဲ့ ဖုန်းကိုင်နိုင်တာ ကောင်းပါတယ် … ဖြစ်လည်း ဖြစ်သင့်ပါတယ် .. သူများနိုင်ငံတွေမှာ အခြေခံလူတန်းစားကအစ .. လွယ်လွယ်နဲ့ ဝယ်ကိုင်နိုင်တဲ့ ဖုန်းတွေကို .. ဈေးကြီးကြီးကနေ ..ဈေးပေါပေါထိ ချပေးတော့ … ပျော်ကြမှာပေါ့ … ။ ဒါပေမယ့် အခုမှ လက်ထဲရောက်စဖုန်းကို ကြွားချင်လို့ လူသိအောင် အသံအကျယ်ကြီးထားတာမျိုးတို့ … ၊ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ပြီး ဖုန်းပြောတာမျိုး .. လူအမြင်ကတ်စရာကောင်းလောက်အောင် … ပါ့ဘလစ်နေရာမျိုးမှာ ကိုးလို့ကန့်လန့် စကားရပ်ပြောတာမျိုး ၊ ဈေးဝယ်သူလာလျှင်တောင် ခေါ်မကြားအော်မကြားဖြစ်နေတာမျိုးနဲ့ …. ကားပေါ်မှာတောင် အလွတ်မပေး .. ကျိကျိ ကွိကွိတွေလုပ်ပြီး ဘေးကလူကို ခေါင်းကိုက်စေတာမျိုးကျတော့ ……. လူမှုရေး စိတ်ဓါတ်မရှိဘူးလို့ပြောရမလား ၊ လူလို နားမလည်ဘူးလို့ ပြောရမလားပဲ … ။
    ပြောချင်နေတာကတော့ ကြာပြီ … မဝေပို့စ်နဲ့ကွက်တိကို ကျသွားတာပဲ ..ဟီးဟီး … ။ မောဘီ :mrgreen:

    • Mလုလင်

      May 24, 2012 at 7:39 pm

      “အံမယ် .. အညာသူမတွေ .. အသီးလာဝယ်ရင်း ကားစောင့်တုန်း တစ်ယောက်တစ်လုံးနဲ့ .. ထုတ်နှိပ်နေကြတာ… စတိုင်ကိုကျလို့ ဓါတ်ပုံရိုက်ချင်ပေမယ့် ညဘက်မို့ မရိုက်ဖြစ်ခဲ့ဘူး” .. ကိုင်ပါစေ လေ … သူတို့လဲ ကိုင်ချင်မှာ ပေါ့။ ဒါနဲ့ စကားမစပ် .. အညာသူမ ဟန်းဖုန်း ကိုင်တာ ဓါတ်ပုံ ရိုက်ယူရလောက် အောင် ထူးဆန်း လို့လား ဗျ ..။
      အညာသား
      Mလုလင်

      • etone

        May 25, 2012 at 8:48 am

        နောက်ကြာရင်တော့ ရိုးသွားမလား မပြောတတ်ပေမယ့် . ပထမဆုံး မြင်လိုက်ရတဲ့ အချိန်မှာတော့ ထူးဆန်းတဲ့မြင်ကွင်းမျိုးပဲ … အညာသူမ(ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ) တွေအရမ်းကပ်စေးနည်းတယ် ကိုယ့်ကိုယ်ကိုတောင်မသဒါ္ဓဘူး ။တစ်ပြားကိုတောင်နှစ်ပြားခွာချင်နေတာ ။ ကားတက်စီးပြီးကားခ တစ်ရာမပေးချင်လို့လည်းမသိချင်ယောင်ဆောင် ခိုးစီးတယ်။ အိမ်ခန်းတစ်ခန်းကိုအယောက်နှစ်ဆယ်လောက်ကျောခင်းရုံ စုငှားတယ် ။ နောက်ဆုံးအဝတ်လျှှော်လျှင်တောင် ဆပ်ပြာကုန်မှာစိုးလို့နှစ်ရက်ဆီဝတ်တယ် ။
        နောက်ပြီးအဲ့ဒီလူအုပ်ကလည်း ကျွန်မတို့တအိမ်ကျော်မှာ လာငှားနေခဲ့ဖူးလို့ ကပ်စေးနည်းမှန်းသိတာ ။ အဲ့လိုကပ်စေးနည်းသူတွေက …. နှစ်သိန်းတန်ဝယ်ကိုင်တာတော့ … ကျွန်မအတွက်အထူးဆန်းပဲ ။ ဓါတ်ပုံရိုက်လောက်အောင်စိတ်ဝင်စားမိတာက … အရင်ကဆိုကားတစီးထိုးရပ်တိုင်း တစ်နေရာစာရဖို့ ပြေးတက်နေကြလူတွေ ခေါင်းချင်းဆိုင်ပြီး ဘာတွေနှိပ်နေမှန်းမသိ နှိပ်နေတဲ့မြင်ကွင်းမို့ပဲ …. ။

    • weiwei

      May 24, 2012 at 8:16 pm

      ရှည်လျားလှတဲ့ ကွန်မန့်အတွက် ကျေးဇူးပါ ….
      ဖုန်းကြောင့် အလုပ်ထိခိုက်တာနဲ့ သူတစ်ပါးကို အနှောင့်အယှက်ဖြစ်နိုင်တာကို သိစေချင်လို့ ဒီပို့စ်ကို ရေးဖြစ်တာပါ …
      တခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါကြောင်း ….

    • Thel Nu Aye

      May 24, 2012 at 9:07 pm

      အင်းနောက်တော့လဲ ဖုန်းဘေခ အီသွားတာနဲ့ပဲ ဖုန်းပြောတာနဲသွားမှာပါ။ အခုတော့ ရခါစမို့ တက်ကြွနေကြတော့ နားလည်ပေးရတော့မှာပေါ့။

  • Phaung Phaung

    May 24, 2012 at 3:19 pm

    အဲဒါဆို မမဝေက အပျိုဂျီးပေါ့……… ဟီး ဟီး

  • windtalker

    May 24, 2012 at 7:41 pm

    သား ဆရာမ လဲ ၊ သားဖုန်းဆက်ရင် အမြဲတမ်း ဖုန်းကို ချချပစ်တယ် ။
    သားဆရာမ ဆိုလို ့၊ သူ က သားတို ့အိမ်နားမှာ ကျူရှင်လာသင်တယ်လေ ။
    သားမှာတော့ ဆရာမ နဲ ့စကားပြောချင်လွန်းလို ့ရှိစုမဲ့စု ပိုက်ပိုက်လေးနဲ ့ဖုန်းဝယ်လိုက်ပါတယ် ။ သူက မကိုင်ဘူးကွာ လုပ်နေလို ့ဗျ……. ဟင့်

  • Thel Nu Aye

    May 24, 2012 at 9:04 pm

    ကျွန်မလဲကြုံဖူးပါတယ်။ သားဆရာမကရောက်တာနဲ့ဖုန်းပြောတော့တာပဲ။ ကျွန်မကတော့ သူ့ကိုအားနာစွာနဲ့ ပဲ နားလိုက်ပါတယ်။

  • Khin Latt

    May 24, 2012 at 9:18 pm

    ဝေဝေ
    အပြင်မှာ အဲလို သမီးလေး ရှိရင်လဲ ဝေဝေ လိုဘဲ ချစ်ဖို့ကောင်းမှာ သေချာတယ်။
    ဖုန်းပြောတာကတော့ ကားမောင်းရင်းလဲ ပြော (အမှန်က ဥပဒေ နဲ့မလွတ်)၊ လမ်းလျှောက်ရင်းလဲပြော၊ စားရင်းလဲပြော၊ သွား(အိမ်သာ) ရင်းလဲပြော၊ ပါဘဲ။
    လူတွေဘဲ စကားပိုများလာသလား တွေးမိတယ်။
    တစ်မျိုးတွေးရင် မျက်နှာချင်းဆိုင် စကားပြောတာထက် မျက်နှာမမြင်ရဘဲ ပြောနေရတာ ကို ပိုပြီး သဘောကျ ကျတယ် ထင်ရဲ့။
    ဒါပေမဲ့ အလုပ်ချိန်မှာ ဆိုတာကို တော့ လေးစားရမယ် လေ။
    ဆင်ခြင် စရာတွေ က တော့ အများကြီးပါဘဲ။ 🙄

    • weiwei

      May 24, 2012 at 10:14 pm

      တူ တူမလေးတွေကို ချစ်ရတာ အရမ်းကောင်းပါတယ် အရီးလတ်ရေ … ချစ်ချင်တဲ့အခါချစ်လိုက်ပြီး မချစ်ချင်တဲ့အခါ လှည့်မကြည့်လို့ရတယ်လေ … 🙂

      စကားပြောတာကတော့ မျက်နှာမမြင်ရပဲ ပြောရတာ ပိုကောင်းတာတော့ သေချာတယ် … ကျွန်မတရုတ်ပြည်မှာနေတုန်းက စကားပြောစရာလူသိပ်မရှိဘူး … ဗမာသူငယ်ချင်းတစ်ယောက်နဲ့ပဲ အမြဲတမ်း ဖုန်းပြောဖြစ်တယ် … (တစ်မိနစ်ကို ဗမာငွေ ၁၅ ကျပ်ပဲ ကျလို့) … ခဏခဏပြောဖြစ်တာများလာတော့ မျက်နှာချင်းဆိုင်ပြောဖို့ကြိုးစားကြည့်ကြတယ် .. ဒါပေမယ့် တကယ်လဲ မျက်နှာချင်းဆိုင်တွေ့ရော ပြောစရာစကား သိပ်မရှိတော့ပဲ စားဖို့သောက်ဖို့ကို ပိုပြီး အာရုံစိုက်ဖြစ်ကြတယ် … 😛

      လက်ရှိမြန်မာပြည်မှာ ဖုန်းပြောခက တစ်မိနစ်ကို ၅ဝ ကျပ်ဆိုတော့ တော်တော်ဈေးကြီးနေသေးတယ် … ဒါတောင် ဒီလောက်ပြောနိုင်ကြရင် ဈေးများလျော့ပေးလိုက်ရင်တော့ မတွေးရဲစရာပဲ … 😛

  • မဟာရာဇာ အံစာတုံး

    May 24, 2012 at 9:36 pm

    အေးဗျ ..
    အဲဒီ ဖုန်းရှိတာ ကောင်းလည်း ကောင်းသလို ..
    မကောင်းလည်း မကောင်းဘူူးဗျ ..
    အလုပ်ချိန်အတွင်းမှာဆို ဖုန်းက ပိတ်ထားတာ အကောင်းဆုံးပဲ …
    ကျနော်ကတော့ ဒါတွေသိလို့ ဖုန်းကို မကိုင်တာ …
    ( အမှန်က ဝယ်ကို မကိုင်နိုင်တာ … 😀 )

  • ခုလို အလုပ်ချိန်မှာ ဖုန်းပြောရတော့. စိတ်မချမ်းသာစရာပေမယ့်
    နောက်တော့ အသားကျသွားမှာပါ။ကျနော်တို ့ဖုန်းဝယ်စ ကလဲ
    ခုလိုဘဲ ဗျာ မျောက်လက်မီးစအပ်သလိုပေါ့

  • surmi

    May 25, 2012 at 12:14 am

    မနေ.ကတော. ဖုန်းပြောရင်းဖီလင်တတ်နေတဲ.ကောင်မလေး ကားတိုက်မလိုဖြစ်သွားသေးတယ် …။
    တကယ်တော. ရန်ကုန်မှာ ကားတွေဒီလောက်ရှုပ်တာ လမ်းကူးရင်း ဖုန်းမပြောသင်.ဘူးလေ ……………။

  • padonmar

    May 25, 2012 at 12:56 am

    အမှန်တော့ ဖုန်းက ရှိထဲ့ ရှိထဲ့ အော်နေတယ်။
    ခုခေတ်မှာ ငှားစားလို့လည်းမရတော့ ထွက်ပေါက်တွေချည်းပဲ။
    prepaid လုပ်ရင် ၄လ တစ်ခါ ၁၀၀၀ဝ top up လုပ်ရမယ်တဲ့။
    အရင်လို ဖုန်းရောင်းစား မြတ်တဲ့ခေတ် မဟုတ်တော့ဘူးနော်။

    ပညာတတ် ချမ်းသာပါတယ်ဆိုတဲ့လူတွေတောင် seminar တွေ အလှူပွဲ တရားပွဲ ဟောပြောပွဲတွေမှာ silent mode ထားပေးရမှာ မသိကြသေးဘူး။

    နောက်ပြီး ဖုန်းမှားနှိပ်မိရင် ချေချေငံငံတောင်းပန်ဖို့ မသိကြသေးဘူး။

  • Khin Latt

    May 25, 2012 at 4:00 am

    အားလုံးဖတ်ပြီးသား နေမှာပါ။ ဒီလို စိတ်မကြည်ချိန် ပြုံးနိုင်ကြဖို့ ပြန်တင်ပေးပါတယ်။
    Facebook ထဲကမို့ ဘယ်သူ့ကို ခရက်ဒစ် ရမယ် မသိလို့ မူရင်းပိုင်ရှင် ခွင့်လွှတ်ပါ။

    ——— ——– ——– —— ———
    အများသုံး အိမ်သာတစ်ခုထဲ ဝင်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။
    ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။
    “ဟေ့လူ. နေကောင်းလား…”
    ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။
    မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့.
    “ကောင်းပါတယ်. ကျေးဇူး”
    အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး.
    အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။
    “ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ.”
    ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို
    ဂွတီး ဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ….
    စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။
    “ခင်ဗျားလိုပဲပေါ့ဗျာ.”
    ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။
    ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။
    “ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား”
    ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ…
    ဘာပဲဖြစ်ဖြစ်. ကိုယ်ကျင်လည်ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။
    ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့်
    ပြန်ဖြေလိုက်သည်။
    “မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ..”
    ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။
    “နောက်မှပဲ ပြန်ဆက်တော့မယ်. ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို
    နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့….”

    😀

  • ကြောင်ကြီး

    May 25, 2012 at 10:06 am

    အန်တီဝေဂ သမီးရှိဂျောင်း ကြွားဒယ်ပေါ့လေ… ကြောင်ကြီးမှာလည်း သမီးရှိဘာဒယ်ဗျ…။ ပုရှ် နဲ့ မိုးဂျက် နှစ်ယောက်တောင်ရှိဒယ်။ သမီးလေးဒို့ယေ ဦးကြောင်ကြီး ပေါဇဂါး နားထောင်ဂျရမယ်နော်… လာ အနားဂိုတိုး…ပုံပေါပမယ်…။

  • weiwei

    May 25, 2012 at 10:30 am

    ကိုပေါက်ပို့ပေးတဲ့ပုံနဲ့ အန်တီပဒုမ္မာပုံလေးလိုက်တဲ့ဓါတ်ပုံ ထပ်ဖြည့်ပေးလိုက်ပါတယ် …
    ကွန်မန့်ပေးကြတဲ့ရွာသူားများကို ကျေးဇူးတင်ပါတယ် …

  • ဗိုက်ကလေး

    May 25, 2012 at 11:35 am

    ခုမှ သေချာကြည့်မိတယ်
    အပေါ်က ဥရောင်းနေတဲ့ ဖုန်းနဲ ့ပုဂ္ဂိုလ်က ကျုပ်ပဲဗျ

  • water-melon

    May 25, 2012 at 12:20 pm

    ဖုန်းပုံတွေကြည့်ရတာ
    ကိုမတ်ပါတယ် လေးပေါက်ပါတယ် ကိုဖတ်ကတ်ပါတယ် ကိုဂျာပုပါတယ် ကိုသူရပါတယ် ကိုကြီးမိုက်ပါတယ်
    ဟုတ်တယ် ဟုတ်
    Huawei က ကိုရွှေတိုက်
    Sony က ကိုသူရ
    I phone က ကိုဖတ်ကတ်
    Nokia က ကိုမတ် ကျန်တာတော့မသိတော့ဘူး
    ကိုဂီရောပါမယ်ထင်တယ် ရ ယောက်တောင်

  • အဲဒီဖုန်းကိုစိတ်နာလို့တဲ့။
    သူတို့ဝယ်တုန်းက ဆယ်ကြီးဂဏန်း။
    အခုလောလောဆယ် နှစ်ပုံး။
    နောက်ဆိုရင် ငါးပုလင်းဖြစ်မှာ။
    အဲတော့ မီးကင်အချဉ်နဲ့တို့ ပြီးအရက်နဲ့မျှောချမှာ။
    အဲဒါက 5-5-2012နေ့တုန်းက ရူးနှမ်းမှာရိုက်ထားတာလေ.
    ဘယ်သူတွေပါလဲသိချင်လား……………….
    အလကားတော့ ပြောပြဘူး ပွဲခရမှာ
    ဒါဗြဲ……………………………………………

  • Shwe Tike Soe

    May 25, 2012 at 1:17 pm

    အော် အိမ်လိုက်သင်တဲ့ ဆရာမလေးဖုန်းတော်ကီကောင်းတော့ အဟင့် အိမ်လိုက်သင်တဲ့ဆရာတွေပါ နာမယ်ပျက်တော့မယ်…
    ကျုပ်တို.တော ့စာသင်နေရင် ဖုန်း ဆိုင်းလင့် လုပ်ထားပြီးမှ သင်တာပါနော်…. စာသင်နေချိန်ဖုန်းမပြောပါဘူးခင်ဗျာ…………..

    ဓာတ်ပုံက ဖုန်းကျော်မဟုတ်ဘူး ဖုန်းကင်ဗျ… အဲဒါယူနန်အသားကင်ဆိုင်မှာ အထူစပယ်ရှယ် လေးပေါက်လာတုန်းက ရန်ကုန်က ရွာသားတွေ ဝယ်ကျွေးထားတာ… ဟိဟိဟိ ဖုန်းကင် နော် ဖုန်းကင်…… ဖရဲသီးကို အဲဒီအချိန်တုန်းက သိပ်သတိရတယ်.. သူဆို သိပ်ကြိုက်ရှာမှာ…. ဖုန်းကင်လေ………… ဟိဟိဟိ 😛

Leave a Reply