“နှလုံးသားလက်ဆောင်” အပိုင်း(၄) -မိုးရိပ်

aung nainglinMay 25, 20121min497

ဖြစ်ခဲ ့သမျှ  အရာရာအားလုံးဟာအကောင်းလို ့မှတ်ယူရမှာပေါ့။     မနေ ့က  ဖြစ်ခဲ ့ပြသာနာအားလုံးကို   သူငယ်ချင်းတွေကိုပြောပြမိသည်။      သူငယ်ချင်းနှစ်ယောက်စလုံးကလဲစိတ်ဝင်စားစွာ   နာထောင်နေကြပြီလေ။     သူပြောလို ့အဆုံးသက်လဲရောက်ရော    ဝင်းထွန်က     ပြောလေတော့သည်။

“ဟ……….မင်းဇော်     မင်းတို ့ဇာတ်လမ်းက   ဖိနပ်ကနေစခဲ ့တာပဲကွ……….”

“ဟုတ်တယ်ကွာ ………..သင်တန်းအပ်ဖို ့ဆုထားတဲ ့ပိုက်ဆံက     အဲ ့ဒီဖိနပ်တစ်ရံအတွက်နဲ ့    တစ်ဝက်ကုန်သွားတယ်လေ……..”

“ဟာ……ဒါဆိုဘယ်လိုလုပ်တော့မလဲ….မင်းသင်တန်းမအပ်ခဲ ့ရဘူးပေါ့…ဟုတ်လား…..”

“အေးပေါ့ကွာ..ဘယ်လိုလုပ်အပ်နိုင်တော့မှာလဲ  ……..      ပိုက်ဆံက တစ်ဝက်ပဲရှိတော့တာ…..ငါလဲစိတ်ညစ်ပြီးအိမ်ပြန်လာခဲ ့တယ်ကွာ……….”

သူတို ့သုံးယောက်မှာ   မင်ဇော်ထွန်းက      အဆင်းရဲဆုံးပေါ့။  ဖခင်ဆုံးသွာပြီးနောက်သားအမိနှစ်ယောက်တည်းပင်ပန်းစွာ    ရုံးကန်နေရတဲ ့   မင်းဇော်ထွန်းမှ     ဒီလိုဖြစ်ရယ်လို ့ကံကြမ္မာရယ်။   မင်းခန် ့က    ဂရုဏာဖြစ်ပြီးဝင်ပြောလေသည်။

“မင်းဇော်”

“ဘာလဲ   မင်းခန် ့  ပြောလေကွာ………..”

“   ဒီပြသာနာကို    မင်းအမေ  သိပြီးပြိလား……………..”

“ဘယ်သိပါ့မလဲကွာ….အမေ   မသိအောင်ငါနေရတာပေါ့ကွာ..အမေသိရင်  စိတ်မကောင်းဖြစ်မှာကွ….ငါလဲ  အမေစိတ်ဆင်ရဲမှာမမြင်ရက်ဘူးလေ…

အဲ ့ဒါကြောင် ့   မပြောပဲနေလိုက်တော့တယ်………..”

“ဒီလိုလုပ်ကွာ……မင်းသင်တန်းအတွက်    သင်တန်းကြေးကို    ငါတို ့နှစ်ယောက်ကူညီမယ်ကွာ.ဘယ်လိုလဲ……”

“ကျေးဇူးတင်ပါတယ်   သူငယ်ချင်းရယ်          ဒါပေမဲ ့…ငါမယူချင်ဘူးကွာ      ဒီသင်တန်းဟာလဲ   ငါနဲ ့မထိုက်တန်ဘူးလို ့ပဲသတ်မှတ်လိုက်တော့မယ်…..”

“  ဒီလိုလဲ   ဘယ်ဟုတ်ပါ့မလဲကွာ         မင်းနဲ ့ငါတို ့ဆိုတာ  ဟိုးငယ်ငယ်လေးကတည်းက   အတူတူကြီးလာခဲ ့တဲ ့သူငယ်ချင်းအရင်းကြီးတွေပဲကွာ…..

အဲ ့ဒီလိုတော့မပြောသင် ့ဘူးကွာ.”

“ငါတောင်းပန်ပါတယ်ကွာ…..ငါအကူအညီလိုတော့ပြောပါ့မယ်ကွာ….တစ်မျိုးမထင်ပါနဲ ့……………”

“အေးကွာ…………မင်းအကူအညီလိုတဲ ့အခါကြရင်   ငါတို ့အဆင်သင် ့ရှိနေမှာပါ……..”

“ငါ    ပြန်လိုက်အုံးမယ်ကွာ       အမေ       ငါ ့ကိုထမင်းအတူတူစားဖို ့စောင် ့နေလောက်ပြီ…………”

ပြောပြီး   ကော်ဖီဝိုင်းထဲက  ထွက်သွားတဲ ့  သူငယ်ချင်းဖြစ်သူ  မင်းဇော်ထွန်းရဲ ့    ကျောပြင်ကိုငေးကြည် ့ပြီး     ဂရုဏာသက်မိတာ    ဝင်းထွန်းနဲ ့မင်းခန် ့ရယ်ပါ။   စိတ်ထားကောင်းတဲ ့မင်းဇော်ထွန်း    သူတပါးရဲ ့အကူအညီကိုမယူတက်ပဲ     သူတပါးကိုသာကူညီချင်တဲ ့စိတ်ဓါတ်ရှိတဲ ့သူ       သူငယ်ချင်း မင်းရဲ ့ကံကြမ္မာက   ဘယ်တော့များမှ  လှပနိုင်မလဲကွာ။…………………….

 

“ဟဲလို……..”

“လင်းငယ်   လား……..”

“ဟုတ်တယ်ပြော…..ရွှေရည်”

“နင်ကလဲဟယ်………နေနိုင်လိုက်တာ     ငါတို ့ဆီကိုတောင်ဖုန်းလေးဘာလေးဆက်ဖော်မရဘူး……..ငါတို ့အခု  နင် ့အိမ်ကိုလာနေပြီ      နင်စောင် ့နေနော်..”

“အေး  ……အေး”

စိတ်ကူးထဲမှာ  တရိပ်ရိပ်ပေါ်လာတဲ ့     သူ ့ရဲ   ့ပုံရိ်ပ်။           နောက်တခါများ      ရှင်နဲ ့တွေ ့ခဲ ့ရင်………….

“ဟဲ ့   ……မိန်းမ    တစ်ယောက်တည်း    ဘာတွေတွေးနေတာလဲ….မှန်မှန်ဖြေနော်…….ဟဲဟဲ…..”

“ဘာမှမဟုတ်ပါဘူးဟယ်………ကဲပြော  နင်တို ့ငါ ့ဆိကိုလာတာဘာကိစ္စလဲ………”

“တခြားတော့မဟုတ်ပါဘူး……..3D   သွားကြည် ့မလို ့လာခေါ်တာ……”

“အင်း……သွာတာပေါ့       ဘာကားပြမှာလဲ…”

“ဂျက်လီကားလို ့တော့ပြောတာပဲ…..”

စိတ်ကူးပေါက်ပေါက်နဲ ့ ရုပ်ရှင်ကြည် ့မယ်ဆိုပြီး      သူငယ်ချင်နှစ်ယောက်သား     ထွက်လာခဲ ့လိုက်သည်။      သူ ့စိတ်တွေညစ်နွမ်းနေသည်မဟုတ်ပါလား။     ဘာ ့ကြောင် ့ရယ်တော့မသိ      ရှင် ့ကို နောက်တစ်ခါလောက်တော့တွေ ့ခွင် ့   ကြ  ုံဆုံချင်သေးပါတယ်   အမည်မသိသူရယ်။

 

 

 

“ဟေ့ကောင်       ခဏနေအုံး   ငါလက်မှတ်သွားဝယ်လိုက်အုံးမယ်…..”

“ဟာကွာ     ဒီမှာတော့မစောင် ့ချင်ဘူးကွာ  ……….ဟိုမှာတွေ ့လား    ကော်ဖီဆိုင်  အဲ ့ဒီ ့ကိုလာခဲ ့လိုက်      ငါ စောင် ့နေမယ်..”

“အေးကွာ…..”

ပြောပြီးသူငယ်ချင်းကလက်မှတ်ရောင်းတဲ ့ကောင်တာဘက်သို ့ရှောက်သွားတော့   သူလဲ    ညာဘက်မှာရှိတဲ ့  ကော်ဖီဆိုင်ထဲသို ့  ရှောက်လာခဲ ့လိုက်သည်။      ကော်ဖီအေးတစ်ခွက်ကိုသောက်ရင်း     ဖွင် ့ထားတဲ ့သီချင်းအပေး  သူ ့ရဲ ့စိတ်တွေက  အလိုက်သင် ့စီးမျောသွားလေသည်။     သိပ်မကြာလိုက်ပါ      သူ ့ရဲ ့ဘေးချင်းကပ်ရက်ခုံသို ့      ကောင်မလေး  နှစ်ယောက်ဝင်လာတာကိုတွေ ့လိုက်သည်။    ခဏလောက်ကြာတော့…………..

 

“အစ်ကို   …….ကျမကိုမှတ်မိလား…..”

အရင်ဆုံးမိတ်ဆက်လာတဲ ့ကောင်မလေးကိုကြည် ့မိလိုက်တော့       ဟိုတစ်နေ ့က   သူကိုယ်တိုင်ဖိနပ်ဝယ်ပေးလိုက်ရတဲ ့    ကောင်းမလေးပဲဖြစ်နေလေသည်။   ကံကြမ္မာက   တိုက်ဆိုင်လွန်းတော့       အံ့ဩောမိပြန်ပြီကောင်မလေးရယ်။

“အင်း  ….မှတ်မိပါတယ်ကွာ….ဒါနဲ ့ဘာကိစ္စရှိလို ့လဲ…..”

“ဟိုတစ်နေ ့က    ကိစ္စကိုတောင်းပန်ချင်လို ့ပါ…….”

“ရပါတယ်ကွာ….တောင်းပန်စရာမလိုပါဘူး….ပြီးသွားပြီပဲ….”

“အင်း…ကောင်းပြီလေ…..အစ်ကိုတို ့နဲ ့   တစ်ဝိုင်တည်း   ထိုင်လို ့ရမလားဟင်…….”

“ရတော့ရပါတယ်…..ဒါပေမဲ ့..”

“ဒါပေမဲ ့   ဘာဖြစ်လဲဟင်     သက်ဆိုင်သူပါလာလို ့လား……..”

“မဟုတ်ပါဘူးကွာ       ကို ့မှာ   ပိုက်ဆံသိပ်မပါလာလို ့ပါ…..”

“ဪ      ညီမတို ့ရှင်းမှာပါ….သူငယ်ချင်းအဖြစ်ပေါ့…..မဟုတ်ဘူးလား….”

“နေပါစေဗျာ       ကို ယ့်အတွက်ပဲကိုယ်ရှင်းပါနော်    ”

ဒီလို နဲ ့တစ်ဝိုင်းတည်း    ထိုင်ဖြစ်သွားလေသည်။    ခဏနေတော့    လက်မှတ်သွားဝယ်တဲ ့    သူငယ်ချင်း   မင်းခန် ့ပြန်ရောက်လာလေသည်။    မင်းခန် ့က     သူ ့ကိုအံ့ဩောတဲ ့မျက်လုံးတွေနဲ ့      ကြည် ့လေသည်။     ပြီးတော့မှ       စကားစပြောလေည်။……………..။…………….

ရှေ ့သို ့ဆက်ပါအုံးမည်။

 

 

 

 

7 comments

  • ဗိုက်ကလေး

    May 26, 2012 at 11:26 am

    ထပ်ဆက်ပြန်ပြီလား
    ကန်မလေးနဲ ့ပြောဒါဘာ.. 😆
    ဒါနဲ ့..

    ကန်မလေးက ဘယ်မှာနေတာလဲဗျ..
    3D က ဘယ်မှာ ကြည့်တာလဲဗျ
    ဂျက်လီဆိုတော့ ဒဂုံစင်တာမှာ ကြည့်ကြတာလား..

  • shwe kyi

    May 26, 2012 at 11:42 am

    ဟုတ်လောက်တယ်။ ဒဂုံစင်တာ 2 ဖြစ်မယ်ထင်တယ်။ ဇာတ်လမ်းက update ဖြစ်တယ်
    ဟဲ ဟဲ

  • aung nainglin

    May 26, 2012 at 3:06 pm

    အစ်ကို ဗိုက်ကလေးရေ
    ဒဂုံစင်တာမှာ မဟုတ်ပါဘူး
    junctionsquireမှာပါ
    အစ်ကိုရေ အားပေးတဲ ့အတွက် ကျေးဇူးတင်ပါတယ်နော်
    နောက်ကိုလဲ အားပေးပါအုံးနော်
    ကျွန်တော်ရေးတာ လိုအပ်တာလေးတွေရှိရင်ပြောပါနော်
    ကျန်းမာပါစေနော်

  • aung nainglin

    May 26, 2012 at 3:10 pm

    သူငယ်ချင်း နာဂရချစ်သူရေ……..
    အခုလို သတိပေးတဲ ့အတွက်ကျေးဇူးပါနော်
    လိုက်နာပါ့မယ်လို ့ ကတိပေးပါတယ်
    အားပေးတဲ ့အတွက်ကျေးဇူးတင်းပါတယ်နော်
    နောက်လဲအားပေးပါအုံးနော်
    ပျှော်ရွှင်ပါစေနော်

  • windtalker

    May 26, 2012 at 8:46 pm

    စင်ဒရဲလားကတော့ ဖိနပ်ကျန်ခဲ့တာနဲ ့မင်းသားလေးနဲ ့ညားသွားသတဲ့ ။
    ကျုပ်တို ့မိုးရိပ်လဲ ခေတ်သစ် စင်ဒရဲလား နဲ ့ဆုံခဲ့ရတာပ ။

    • ဗိုက်ကလေး

      May 27, 2012 at 11:13 am

      အူးပေ ဖိနပ်ကျန်ခဲ့တော့ အရုပ်သည်ကြီးနဲ ့ ညားသွားတယ်မလားဗျ

Leave a Reply